Channel Myanmar

Typhoon ( 2022 )

1h 13 min ActionDrama

6.3
IMDB: 6.3/10 263 votes

,

China

454740

Report error

ဒီတစ်ခါမှာတော့ CMပရိသတ်ကြီးကိုသိုင်းလောကကနေခဏနားပြီး
မတူညီတဲ့ရသတစ်မျိုးခံစားကြည့်နိုင်အောင်
သဘာဝဘေးအန္တရာယ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းလေးကတော့ Zhang Yi Fan ဆိုတဲ့
ကယ်ဆယ်ရေးသမားကြီးဟာ ၂၀၁၁ခုနှစ်လောက်တုန်းမှာ
ပြင်းထန်တဲ့မုန်တိုင်းကြားမှာ သူတစ်ပါးကိုကယ်ဖို့ကြိုးစားရင်း
သူ့သားအရင်းကိုဆုံးရှုံးလိုက်ရပါတယ်။
သားကိုဆုံးရှုံးရပြီးနောက်ပိုင်းမှာ ၁၀နှစ်ကြာတဲ့အထိ
သူ့ဘဝဟာအဲဒီအရိပ်မဲထဲကနေမထွက်နိုင်ခဲ့ပါဘူး။
အဲဒါကြောင့်ပဲ သူ့ဇနီးနဲ့သမီးဟာ သူနဲ့ကင်းကင်းရှင်းရှင်းနေဖို့တောင်းဆိုလာကြပါတယ်။

သူ့သမီးလေးYao Yao ရဲ့မွေးနေ့မှာ
မုန်တိုင်းကြီးထပ်ကျရောက်လာပါတော့တယ်။
ဒီမုန်တိုင်းဟာသာမန်မုန်တိုင်းဖြစ်ပေမယ့်
ကမ္ဘာကြီးရဲ့ဝင်ရိုးစွန်းလည်ပတ်နှုန်းဟာမြင့်တက်လာတဲ့အတွက်
အီကွေတာအနီးတစ်ဝိုက်ကလှိုင်းတွေဟာမြင့်တက်လာပြီး
ကမ်းရိုးတန်းတွေဆီရောက်တဲ့အခါဆူနာမီလိုလှိုင်းကြီးတွေဖြစ်သွားပြီး
အလွန်အားပြင်းတဲ့မုန်တိုင်းအသွင်ပြောင်းသွားပါတော့တယ်။

အဲဒီအချိန်မှာမွေးနေ့ပွဲကျင်းပနေတဲ့ Yao Yao ဟာ
သူ့ရဲ့သူငယ်ချင်းနဲ့ မြေအောက်ခန်းထဲမှာပိတ်မိသွားပါတယ်။
အလွန်အားပြင်းတဲ့မုန်တိုင်းကြားမှာ
ကယ်ဆယ်ရေးသမားကြီးတစ်ယောက်ဇနီးနဲ့သမီးကိုဘယ်လိုကယ်တင်ရပါ့မလဲ။
သားကိုဆုံးရှုံးလိုက်ရသလိုမျိုးထပ်မဖြစ်ရလေအောင်
ကယ်ဆယ်ရေးသမားကြီး အစွမ်းကုန်ကြိုးစားပုံကို
သဲထိတ်ရင်ဖိုအားပေးလိုက်ကြပါဦးရှင်

Quality : WEB-DL 1080p , 480p
Format : mp4
Genres : Action , Drama
Runtime : 1h 13 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Typhoon ( 2022 )


No downloads available

Genres



Related movies