Exit print mode Print Data A+ A- Undo all

U Turn (1997)

Expect the Unexpected.
U Turn (1997)U Turn (1997)

Synopsis:

[Unicode]

U Turn (1997)
=========

ဘဝမှာမှားခဲ့တဲ့ လူတိုင်းကို ဘုရားသခင်က
ဂငယ်ကွေ့ခွင့်ပြုပါတယ်တဲ့။ ကိုယ် ဒီလမ်းကလေးကို
ဂငယ်ကွေ့ခဲ့မိတဲ့ဘက်က ငရဲလမ်းတုရှုပါပဲ။
ကုန်းကမူ ကန္တာရလွင်ပြင်နဲ့ ဖုန်ထူတဲ့ ဒီလမ်း‌ဘေးမှာ
လဒတွေ ယုန်သေကောင်ပုပ်အပေါ်နားလို့။
ငရဲဖြစ်စေ သင်္ချိုင်းဖြစ်စေ
သေဘေးလွတ်ဖို့ လူဟာ ဘာမဆို လုပ်မှာပဲမဟုတ်လား။
လက်ချောင်းနှစ်ချောင်းနှုတ်ယူခံထားရတဲ့ ကိုယ့်ဆီက
သူတို့က အသက်ကိုယူဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။
ဒီလိုနဲ့ပဲ တိမ်းရှောင်သူကိုယ်က မင်းနဲ့တွေ့ခဲ့တယ်
အင်းဒီယန်းတစ်ဝက်မ‌လေးရေ။

မင်းတို့နေတဲ့ မြို့ကလေးကို ကိုကွေ့လာတဲ့အချိန်မှာ
ကတောက်ကဆတ် ၁ က စတာပါပဲ။မင်းသိမှာပါ
ပြဿနာဟာ မြို့အဝင်ဝပ်ရှော့က ဗိုက်ပူပူ
ချေးအထပ်ထပ်နဲ့ အေးတဲ့အချိန်နဲ့ ပူတဲ့အချိန်
အလုပ်မလုပ်ချင်တဲ့ စက်ပြင်ဆရာငတိနဲ့ စတာပေါ့။
ကိုယ်ပိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့
၁၉၆၄မော်ဒယ် မတ်စတန်းအမိုးဖွင့်ကားလေးကို
ဒီငတိနဲ့ ထားခဲ့ရတာ သိပ်စိတ်မချလှပါဘူး
ရွေးစရာမှမရှိပဲ။ ဒီညစ်ပတ်ဖုန်ထူတဲ့ မြို့ဟာ
မင်းကို မတွေ့ခင်အထိတော့ တကယ်ငရဲပါပဲ။
ကတောက်ကဆတ် ၂ ကတော့ ခရီးသွားဟန်လွဲ
စားသောက်ဆိုင်အသွားတိုးတဲ့ မျက်မမြင်
အင်းဒီးယန်းအဘိုးကြီးပါပဲ။ ဒီအဘိုးကြီးက
အတော်ခက်ပါတယ်။ မျက်မမြင်တစ်ယောက်နဲ့
မလိုက်အောင်ကို ကင်းမြှီးကောက်သတ်သေတာအစ
အတွဲတွေပလီတာအဆုံး အကုန်မြင်နေတော့တာပါပဲ။
စကားတွေကလည်း ဖောင်ဖွဲ့လို့ မကုန်အောင်ပါပဲ။

ဒီအချိန်မှာပဲ လမ်းတစ်ဘက်က မင်းကို ကိုယ်
မြင်လိုက်ပါတယ်။ ဒါအချစ်မဟုတ်ပါဘူး။
အလှကိုတပ်မက်မှုပါ။ အချစ်ဟာ
လှတာကိုလိုချင်တာဆိုတဲ့ ဆော့ခရိတ္တိအဆို
မှန်ခဲ့ရင်တော့ ဒါအချစ်ပေါ့
အင်းဒီးယန်းတစ်ဝက်မကလေးရယ်။
လှမ်းခါယိမ်းနွဲ့သွားတဲ့ မင်းရဲ့ ကျောဘက်
ကျက်သရေတို့ကလည်း အာရုံမှာ
ဖယ်ရှားလို့မရနိုင်အောင်ပါပဲ။
ယစ်မူးနေတုန်းကတော့ ပန်းသီးရဲ့အဆိပ်ကို
ဘယ်သူမြင်ခဲ့ပါမလဲ။ ကိုယ်စခဲ့တဲ့ ဇာတ်နဲ့
မင်းရဲ့လိုက်လျောမှု ပေါင်းစပ်လို့ ရလဒ်က
ကိုယ်တို့ရဲ့ အပြာရောင်အခန်းကလေးမစခင်မှာ
မင်းမပြောထားတဲ့လင်တော်မောင် လက်သီး
နှာနုရိုးတည့်တည့်မှာ ကိုယ်မြည်းလိုက်ရတာပါပဲ။
မင်းက ဒီလိုအဆိပ်ပြင်းတဲ့ ကောင်မလေးပေါ့
ဒါက ကိုယ်မထင်ခဲ့တဲ့ ကတောက်ကဆတ် ၃ပါပဲ။

ကျန်တဲ့ကတောက်ဆတ်များစွာထက်
မင်းအကြောင်း ကတောက်ကဆတ်များဟာ
အဆိုးရွာဆုံးပါပဲလို့ ဆိုရမယ်။
ဒီအဖြစ်အပျက်မှာ ကိုယ်တို့ရဲ့ ရည်ရွယ်ချက်တွေ
ရှင်းပါတယ်။ သေရွာက လွတ်ချင်တဲ့ကိုယ်ရယ်
မင်းကို သေစေချင်တဲ့ မင်းယောကျာ်းကြီးရယ်
ရေလား မီးလား ငရဲလား နိဗ္ဗာန်လား မသိရတဲ့
မင်းရယ် ဒီငရဲကို အတူတူတည်ခဲ့ကြပြီပဲ။
မင်းသိမလား မင်းအကြောင်း ပိုပိုသိလာချိန်မှာ
မင်းယောကျာ်ကြီး မင်းကို သတ်ခိုင်းဖို့ ကိုယ့်ကို
ကမ်းလှမ်းလာတာကို သိပ်မအံ့ဩတော့ပါဘူး။
ကိုယ်တို့ အားလုံးဟာ မင်းကစားပွဲထဲက
နယ်ရုပ်ကလေးဖြစ်ခဲ့ကြတဲ့ သူတွေပါပဲ။
မိန်းမတစ်ယောက်ရဲ့စိတ်ကိုနားလည်ဖို့ထက်
တိုက်ကြီးခုနှစ်စင်းကို တံတားထိုးပေးရတာ
ပိုလွယ်တယ်ဆိုတဲ့ ဟာသကလေး မင်းကြားဖူးမလား။
တကယ်ပါပဲ ဒီအဖြစ်အပျက်အစအဆုံး
မင်း ဘာလိုချင်ခဲ့လဲ ဘာကိုရွယ်လုပ်ခဲ့သလဲ
ကိုယ်တကယ်မသိခဲ့ပါဘူး။

ဝေးလံသော တောင်စွန်းဆီတွင် နေဝင်ချိန်အသစ်တစ်ခု
မွေးဖွားသန့်စင်ပြီ။ ဒဏ်ရာအတိပြီးသော
လက်ချောင်းနှစ်ချောင်းပြတ် ခြေကျိုး ခန္ဓာအဟောင်းနဲ့
လူတစ်ယောက်၊ ‌သေနတ်တစ်လက် ၊ငွေတစ်သိန်းခွဲနဲ့
လူတစ်ယောက် ဘဝကို ဂငယ်ကွေ့တော့မည်လား။
စီးကရက်၏ အရသာသည် သူ့အတွက် ပိုပိုကာ
ပေါ့လာသည်။ ဆာလောင်နေသော မကောင်းဆိုးဝါး
လေးကောင် ယမန့်နေ့ညက စစ်တလင်းခင်းခဲ့ကြ၏။
ယနေ့ည တောင်အောက်တွင် လူသေသုံးလောင်းကို
တောင်ခြင်္သေ့တို့က ပွဲတော်တည်နေကြပြီ။
မနက်ဖြန်ကို ကျွန်တော်မယုံပါ။
လိ‌‌‌မ္မော်နီရောင်ဂါဝန်တစ်စုံကို
ကျွန်တော် ဖျတ်ခနဲမြင်နေရသည်။
သူမသည် ငှက်ကလေးဖြစ်သွားလေပြီ။
ကျွန်တော် အမှောင်ထဲသို့ ရှေးရှုနေသည်။
မနက်ဖြန်ကို ကျွန်တော်မယုံပါ။

စာကြွင်း။
တစ်ချို့ရုပ်ရှင်တွေက အဆိုးဆုံးအဖြစ်အပျက်တွေထဲက
အကောင်းဘက်ရောက်တဲ့ လူသားဆန်မှုကလေးကို
မီးမောင်းထိုးပြတတ်ပါတယ်။ Jo Jo Rabbitတို့
Life is beautifulတို့လို ရုပ်ရှင်မျိူးတွေပေါ့။
ဒီရုပ်ရှင်ကတော့ ဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုထဲကနေ
အတ္တတွေ တစ်ကိုယ်ကောင်းဆန်မှုတွေ ရက်စက်မှုတွေကိုပဲ
ထပ်ကာထပ်ကာပြ‌နေပါလိမ့်မယ်။
ရိုက်ချက်တွေက တစ်ခါတလေ နိမိတ်ပုံဆန်ဆန်
ဖျတ်ခနဲပါလာတတ်ပါတယ်။ ဒီရုပ်ရှင်က
ခင်ဗျားကိုဆုံးဖြတ်ခွင့်ပေးထားတဲရုပ်ရှင်မျိုးပါပဲ ။

( အညွှန်နဲ့ ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် )

[Zawgyi]

U Turn (1997)
=========

ဘ၀မွာမွားခဲ့တဲ့ လူတိုင္းကို ဘုရားသခင္က
ဂငယ္ေကြ႕ခြင့္ျပဳပါတယ္တဲ့။ ကိုယ္ ဒီလမ္းကေလးကို
ဂငယ္ေကြ႕ခဲ့မိတဲ့ဘက္က ငရဲလမ္းတုရႈပါပဲ။
ကုန္းကမူ ကႏၲာရလြင္ျပင္နဲ႔ ဖုန္ထူတဲ့ ဒီလမ္း‌ေဘးမွာ
လဒေတြ ယုန္ေသေကာင္ပုပ္အေပၚနားလို႔။
ငရဲျဖစ္ေစ သခ်ႋဳင္းျဖစ္ေစ
ေသေဘးလြတ္ဖို႔ လူဟာ ဘာမဆို လုပ္မွာပဲမဟုတ္လား။
လက္ေခ်ာင္းႏွစ္ေခ်ာင္းႏႈတ္ယူခံထားရတဲ့ ကိုယ့္ဆီက
သူတို႔က အသက္ကိုယူဖို႔လည္း ၀န္ေလးမွာမဟုတ္ပါဘူး။
ဒီလိုနဲ႔ပဲ တိမ္းေရွာင္သူကိုယ္က မင္းနဲ႔ေတြ႕ခဲ့တယ္
အင္းဒီယန္းတစ္၀က္မ‌ေလးေရ။

မင္းတို႔ေနတဲ့ ၿမိဳ႕ကေလးကို ကိုေကြ႕လာတဲ့အခ်ိန္မွာ
ကေတာက္ကဆတ္ ၁ က စတာပါပဲ။မင္းသိမွာပါ
ျပႆနာဟာ ၿမိဳ႕အ၀င္၀ပ္ေရွာ့က ဗိုက္ပူပူ
ေခ်းအထပ္ထပ္နဲ႔ ေအးတဲ့အခ်ိန္နဲ႔ ပူတဲ့အခ်ိန္
အလုပ္မလုပ္ခ်င္တဲ့ စက္ျပင္ဆရာငတိနဲ႔ စတာေပါ့။
ကိုယ္ပိုင္တဲ့ တစ္ခုတည္းေသာအရာျဖစ္တဲ့
၁၉၆၄ေမာ္ဒယ္ မတ္စတန္းအမိုးဖြင့္ကားေလးကို
ဒီငတိနဲ႔ ထားခဲ့ရတာ သိပ္စိတ္မခ်လွပါဘူး
ေ႐ြးစရာမွမရွိပဲ။ ဒီညစ္ပတ္ဖုန္ထူတဲ့ ၿမိဳ႕ဟာ
မင္းကို မေတြ႕ခင္အထိေတာ့ တကယ္ငရဲပါပဲ။
ကေတာက္ကဆတ္ ၂ ကေတာ့ ခရီးသြားဟန္လြဲ
စားေသာက္ဆိုင္အသြားတိုးတဲ့ မ်က္မျမင္
အင္းဒီးယန္းအဘိုးႀကီးပါပဲ။ ဒီအဘိုးႀကီးက
အေတာ္ခက္ပါတယ္။ မ်က္မျမင္တစ္ေယာက္နဲ႔
မလိုက္ေအာင္ကို ကင္းျမႇီးေကာက္သတ္ေသတာအစ
အတြဲေတြပလီတာအဆုံး အကုန္ျမင္ေနေတာ့တာပါပဲ။
စကားေတြကလည္း ေဖာင္ဖြဲ႕လို႔ မကုန္ေအာင္ပါပဲ။

ဒီအခ်ိန္မွာပဲ လမ္းတစ္ဘက္က မင္းကို ကိုယ္
ျမင္လိုက္ပါတယ္။ ဒါအခ်စ္မဟုတ္ပါဘူး။
အလွကိုတပ္မက္မႈပါ။ အခ်စ္ဟာ
လွတာကိုလိုခ်င္တာဆိုတဲ့ ေဆာ့ခရိတၱိအဆို
မွန္ခဲ့ရင္ေတာ့ ဒါအခ်စ္ေပါ့
အင္းဒီးယန္းတစ္၀က္မကေလးရယ္။
လွမ္းခါယိမ္းႏြဲ႕သြားတဲ့ မင္းရဲ႕ ေက်ာဘက္
က်က္သေရတို႔ကလည္း အာ႐ုံမွာ
ဖယ္ရွားလို႔မရႏိုင္ေအာင္ပါပဲ။
ယစ္မူးေနတုန္းကေတာ့ ပန္းသီးရဲ႕အဆိပ္ကို
ဘယ္သူျမင္ခဲ့ပါမလဲ။ ကိုယ္စခဲ့တဲ့ ဇာတ္နဲ႔
မင္းရဲ႕လိုက္ေလ်ာမႈ ေပါင္းစပ္လို႔ ရလဒ္က
ကိုယ္တို႔ရဲ႕ အျပာေရာင္အခန္းကေလးမစခင္မွာ
မင္းမေျပာထားတဲ့လင္ေတာ္ေမာင္ လက္သီး
ႏွာႏု႐ိုးတည့္တည့္မွာ ကိုယ္ျမည္းလိုက္ရတာပါပဲ။
မင္းက ဒီလိုအဆိပ္ျပင္းတဲ့ ေကာင္မေလးေပါ့
ဒါက ကိုယ္မထင္ခဲ့တဲ့ ကေတာက္ကဆတ္ ၃ပါပဲ။

က်န္တဲ့ကေတာက္ဆတ္မ်ားစြာထက္
မင္းအေၾကာင္း ကေတာက္ကဆတ္မ်ားဟာ
အဆိုး႐ြာဆုံးပါပဲလို႔ ဆိုရမယ္။
ဒီအျဖစ္အပ်က္မွာ ကိုယ္တို႔ရဲ႕ ရည္႐ြယ္ခ်က္ေတြ
ရွင္းပါတယ္။ ေသ႐ြာက လြတ္ခ်င္တဲ့ကိုယ္ရယ္
မင္းကို ေသေစခ်င္တဲ့ မင္းေယာက်ာ္းႀကီးရယ္
ေရလား မီးလား ငရဲလား နိဗၺာန္လား မသိရတဲ့
မင္းရယ္ ဒီငရဲကို အတူတူတည္ခဲ့ၾကၿပီပဲ။
မင္းသိမလား မင္းအေၾကာင္း ပိုပိုသိလာခ်ိန္မွာ
မင္းေယာက်ာ္ႀကီး မင္းကို သတ္ခိုင္းဖို႔ ကိုယ့္ကို
ကမ္းလွမ္းလာတာကို သိပ္မအံ့ဩေတာ့ပါဘူး။
ကိုယ္တို႔ အားလုံးဟာ မင္းကစားပြဲထဲက
နယ္႐ုပ္ကေလးျဖစ္ခဲ့ၾကတဲ့ သူေတြပါပဲ။
မိန္းမတစ္ေယာက္ရဲ႕စိတ္ကိုနားလည္ဖို႔ထက္
တိုက္ႀကီးခုႏွစ္စင္းကို တံတားထိုးေပးရတာ
ပိုလြယ္တယ္ဆိုတဲ့ ဟာသကေလး မင္းၾကားဖူးမလား။
တကယ္ပါပဲ ဒီအျဖစ္အပ်က္အစအဆုံး
မင္း ဘာလိုခ်င္ခဲ့လဲ ဘာကို႐ြယ္လုပ္ခဲ့သလဲ
ကိုယ္တကယ္မသိခဲ့ပါဘူး။

ေဝးလံေသာ ေတာင္စြန္းဆီတြင္ ေန၀င္ခ်ိန္အသစ္တစ္ခု
ေမြးဖြားသန္႔စင္ၿပီ။ ဒဏ္ရာအတိၿပီးေသာ
လက္ေခ်ာင္းႏွစ္ေခ်ာင္းျပတ္ ေျခက်ိဳး ခႏၶာအေဟာင္းနဲ႔
လူတစ္ေယာက္၊ ‌ေသနတ္တစ္လက္ ၊ေငြတစ္သိန္းခြဲနဲ႔
လူတစ္ေယာက္ ဘ၀ကို ဂငယ္ေကြ႕ေတာ့မည္လား။
စီးကရက္၏ အရသာသည္ သူ႔အတြက္ ပိုပိုကာ
ေပါ့လာသည္။ ဆာေလာင္ေနေသာ မေကာင္းဆိုးဝါး
ေလးေကာင္ ယမန႔္ေန႔ညက စစ္တလင္းခင္းခဲ့ၾက၏။
ယေန႔ည ေတာင္ေအာက္တြင္ လူေသသုံးေလာင္းကို
ေတာင္ျခေသၤ့တို႔က ပြဲေတာ္တည္ေနၾကၿပီ။
မနက္ျဖန္ကို ကြၽန္ေတာ္မယုံပါ။
လိ‌‌‌ေမၼာ္နီေရာင္ဂါ၀န္တစ္စုံကို
ကြၽန္ေတာ္ ဖ်တ္ခနဲျမင္ေနရသည္။
သူမသည္ ငွက္ကေလးျဖစ္သြားေလၿပီ။
ကြၽန္ေတာ္ အေမွာင္ထဲသို႔ ေရွးရႈေနသည္။
မနက္ျဖန္ကို ကြၽန္ေတာ္မယုံပါ။

စာႂကြင္း။
တစ္ခ်ိဳ႕႐ုပ္ရွင္ေတြက အဆိုးဆုံးအျဖစ္အပ်က္ေတြထဲက
အေကာင္းဘက္ေရာက္တဲ့ လူသားဆန္မႈကေလးကို
မီးေမာင္းထိုးျပတတ္ပါတယ္။ Jo Jo Rabbitတို႔
Life is beautifulတို႔လို ႐ုပ္ရွင္မ်ိဴးေတြေပါ့။
ဒီ႐ုပ္ရွင္ကေတာ့ ဆိုး႐ြားတဲ့အျဖစ္အပ်က္တစ္ခုထဲကေန
အတၱေတြ တစ္ကိုယ္ေကာင္းဆန္မႈေတြ ရက္စက္မႈေတြကိုပဲ
ထပ္ကာထပ္ကာျပ‌ေနပါလိမ့္မယ္။
႐ိုက္ခ်က္ေတြက တစ္ခါတေလ နိမိတ္ပုံဆန္ဆန္
ဖ်တ္ခနဲပါလာတတ္ပါတယ္။ ဒီ႐ုပ္ရွင္က
ခင္ဗ်ားကိုဆုံးျဖတ္ခြင့္ေပးထားတဲ႐ုပ္ရွင္မ်ိဳးပါပဲ ။

( အညႊန္နဲ႔ ဘာသာျပန္သူကေတာ့ WiRa Aung ျဖစ္ပါတယ္ )


File size__( 1.1 GB ) and ( 450 MB)
Quality__Blu-720p
IMDb Rating__6.8/10
Format__mp4
Duration__02:4:25
Type__Crime, Drama, Thriller
Subtitle__Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Oliver Stone, Seth Cirker
Stars
Abraham Benrubi, Billy Bob Thornton, Claire Danes, Jennifer Lopez, Joaquin Phoenix, Jon Voight, Nick Nolte, Powers Boothe, Richard Rutowski, Sean Penn
Budget
USD $19 000 000,00
Revenue
USD $6 682 098,00
Popularity
13.043
Status
Released
ID IMDb.com
tt0120399
IMDB Rating
6.8
IMDB votes
47921
ID Themoviedb.org
10155
TMDb Rating
6.6
TMDb votes
357