Exit print mode Print Data A+ A- Undo all

Ugly Beauty ( 2019 )

Ugly Beauty ( 2019 )

Synopsis:

ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ulgy beauty ဆိုတဲ့အတိုင်းမင်းသမီးက အကျည်းတန်ရာကနေချောမောလှပလာတဲ့ ဇာတ်အိမ်မျိုးလေးပါ

ဒါပေမဲ့ မင်းသမီးက လုံးဝကြီးလှပသွားတာမဟုတ်ဘဲ မှောအစွမ်းနဲ့ တစ်နေ့မှာ ၁၂နာရီပဲ လှတာပါ ဇာတ်လမ်းအကျဉ်းလေးကတော့….ပိုင်ယုထုန်ဟာ အရမ်းရုပ်ဆိုးအကျည်းတန်ပြီး

သူ့ကို ဘယ်သူကမှ အပေါင်းအသင်းမလုပ်ချင်ကြတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ် သူက စင်ဒရဲလားပုံပြင်ကို အရမ်းနှစ်ခြိုက်ပြီး ပုံပြင်ထဲကလို မင်းသားလေးကို

စောင့်မျော်နေရှာတာပါ ဒါပေမဲ့ ပိုင်ယုထုန်ရဲ့ရုပ်ရည်က စင်ဒရဲလားလေးလို မလှပတော့ သူရဲ့တစ်ခုတည်းသောဆန္ဒက မိန်းမလှလေးတစ်ယောက်ဖြစ်လာပြီး

လူတိုင်းက သူ့ကို ချစ်ခင်နှစ်သက်ဖို့မျှော်လင့်တာပါ ကံကောင်းချင်တော့ သူရဲ့ဆန္ဒက မှော်အစွမ်းနဲ့ တကယ်ပြည့်ဝလာပြီး မိန်းမလှလေးဖြစ်သွားပါတယ်

ဒါပေမဲ့ စင်ဒရဲလားပုံပြင်ထဲက မင်းသမီးလေး ည၁၂နာရီထိုးရင် မှောအစွမ်းပြယ်သွားပြီး မူလပုံစံပြန်ဖြစ်သွားသလိုမျိုး ပိုင်ယုထုန်ကလည်း တစ်နေ့ကို ၁၂နာရီကြာပဲ လှပပြီး

ကျန်တဲ့အချိန်တွေမှာတော့ ရုပ်ဆိုးမလေးပြန်ဖြစ်သွားတာပါ ပိုင်ယုထုန်အနေနဲ့ မိန်းမလှလေးဘဝနဲ့ သူစောင့်မျော်နေတဲ့မင်းသားလေးကို

ဘယ်လိုပုံစံမျိုးတွေ့မှာလဲ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ မင်းသားလေးကရော သူရုပ်ဆိုးသွားရင်တောင် ဆက်ချစ်နေနိုင်ဦးမှာလားဆိုတာ ဆက်လက် ကြည့်လိုက်ကြပါဦးနော်

Translated & Review By Yamin Ei

Encoded By LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
猫腻少女
Director
Niu Jun
Stars
Du Wuxuan, Tang Weiwen, Yu Yishu, Zheng Xiaofu
Release Date
Dec 16, 2019
Runtime
1hr 13 min
Country
China
IMDB Rating
6.1
IMDB votes
23