Channel Myanmar

Uncontrolled Love (2016)

Uncontrolled Love    

min Drama

7.5
IMDB: 7.5/10 80 votes

China

173778

Report error

 

ဒီကားလေးကတော့နာမည်အရမ်းကြီးလူကြိုက်များပြီးအပိုင်း ၂ ပိုင်းထွက်ရှိထားပါတယ်
ရှန်ဟိုင်းမြို့ Roman Catholic Church မိဘမဲ့ကျောင်းကကောင်လေး Shu nian ကိုအလွန်ချမ်းသာသော
Xie မိသားစုမှတစ်ဦးတည်းသောသားလေး Xie yan ကသူ့အစ်ကိုအဖြစ်မွေးစားဖို့ခေါ်ဆောင်သွားခဲ့ပါတယ်
Shu nian က Xie yan ထက်အသက် ၅ နှစ်ပိုကြီးပြီး Xie yan အလိုကျအလိုက်ဆောင်ပေးရပါတယ်
Xie yan ဟာ Shu nian ကိုငယ်စဉ်ကတည်းကသူ့ကိုယ်ပိုင်ပစ္စည်းသကဲ့သို့၊
သူဝယ်ယူထားသောအရုပ်တစ်ရုပ်ကဲ့သို့ သူခိုင်းတာကိုလုပ်၊သူနေခိုင်းသလိုနေခိုင်းပေမယ့်
shu nian အား အရမ်းကိုချစ်တဲ့သူတစ်ယောက်ပါ Xie yan နိုင်ငံခြားသို့
၆ နှစ်လောက်ပညာတော်သင်ထွက်သွားပြီးပြန်လာချိန်တွင်
Xie yan အသက်က 25 နှစ်ဖြစ်ပြီး Shu nian ကတော့ အသက် 30 အရွယ်ဖြစ်နေပါပြီ
Xie yan ပြန်ရောက်လာချိန်မှာတော့သူဟာလိင်တူနှစ်သက်သူတစ်ယောက်အဖြစ်သို့ယိမ်းယိုင်စပြုနေပါတယ်၊
ဒါပေမယ့်သူ့ကိုသူလုံးဝလက်မခံနိုင်ပါဘူး…အိမ်ကိုလဲသူ့ရည်းစားကိုခေါ်လာ၊မူးနေတော့ shu nian
နာမည်ယောင်ယောင်မှားမှားခေါ်တတ်ပါတယ် တဖက်မှာ Shu nian ကလဲ Xie yan
အားသူ့ညီတစ်ယောက်ထက်ပိုတဲ့ခံစားချက်တွေကငယ်စဉ်ကတည်းကဖြစ်တည်နေခဲ့ပါတယ်
ငယ်စဉ်ကတည်းကအိပ်ယာအတူတူပေါ်မှာ xie yan ရဲ့ထွေးပွေ့မှုတွေကိုခံခဲ့ရတဲ့
shu nian တစ်ယောက် ၆ နှစ်ကြာမှပြန်လာခဲ့သော xie yan ပြန်ရောက်လာချိန်မှာတော့
ထိုအထိအတွေ့မျိုး၊ထိုခံစားချက်မျိုးကိုတစ်ကျော့ပြန်ပြန်လည်ခံစားရမည်ကိုကြောက်ရွံ့နေမိသလို…..
သူ့ကိုလိင်တူနှစ်သက်သူလို့ xie yan သိသွားမှာကိုလည်းကောင်း၊သူ xie yan
အပေါ်ထားတဲ့ခံစားချက်ကိုသိသွားမှာကိုလည်းကောင်းကြောက်ရွံ့နေရသူပါ
နောက်ဆုံးတော့သူ့ကိုခြောက်လှန့်နေတဲ့..သူကြောက်နေမိတဲ့အရာတွေကို xie yan
ရဲ့ရည်းစားကသတိထားမိသွားပါတော့တယ်..သူသာမက xie yan
တစ်ယောက်လဲသိသွားပါတော့တယ် Shu nian ကိုအိမ်ပေါ်ကနေထွက်သွားခိုင်းလိုက်ပါတော့တယ်
အမြဲတမ်းသူစေရာသူခိုင်းရာကိုလုပ်ရတဲ့ shu nian အတွက်ဒါကတော့အဆန်းမဟုတ်တော့ပါဘူး
ဒါပေမယ့် xie yan ကတော့သူ့စိတ်သူ၊သူ့ခံစားချက်သူမထိန်းချုပ်နိုင်ခဲ့ပါဘူး….သူ shu nian
အပေါ်ခံစားချက်တွေရှိနေတာကိုတော့သူလက်ခံပါတယ်…
အိမ်ပေါ်ကနှင်ချခဲ့ပေမယ့်နောက်ကွယ်ကတော့လိုက်ကြည့်နေတတ်ပါတယ်
အိမ်ပေါ်ကနှင်ချခံခဲ့ရတဲ့ shu nian သူ့ထက်အသက်ငယ်တဲ့ကောင်လေးတစ်ယောက်နဲ့
ခင်မင်ရင်းနှီးခဲ့ကြပါတယ် ဒါကို xie yan ကတော့သဘောမတွေ့တမျိုးထင်နေခဲ့ပါတယ်
Xie yan တစ်ယောက်သူ့ကိုသူ homo ဆိုတာကိုလက်ခံလိုက်တော့မှာလား…..
ဒါမှမဟုတ်သူချစ်ရတဲ့ shu nian ကိုပဲတခြားသူလက်ထဲထည့်လိုက်တော့မှာလား……
 ဒီကားကိုတော့ LGBT ကားအနေနဲ့ မကြည့်ပဲ Drama ကားတစ်ကားအနေနဲ့သာကြည့်ရှူ ကြဖို့
တိုက်တွန်းချင်ပါတယ် ဗျ 

Qty – Web dl 720p

 Duration – 1hr 14min

 Subtitle – Myanmar Hardsub

 Gern – Drama/ LGBT Inspiration

 Format – MP4 (H.264)

 Translator – Phyu Phyu Thant

 Review – Princess Khun

 Encoder – Kyaw Ye Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies