Exit print mode Print Data A+ A- Undo all

Unplugging (2022)

Unplugging (2022)Unplugging (2022)

Synopsis:

Unplugging (2022)

ဒီနေ့ခေတ်မှာ electronic devices တွေကတော့ ဘယ်သူနဲ့မှမကင်းတဲ့အရာပါပဲ။
အားလုံးထဲမှာမှ phone နဲ့ laptop ကတော့ အဆိုးဆုံးပေါ့။
ကျောင်းသားအရွယ်လူငယ်တွေကလည်း ဒီ phone တွေ laptop တွေကနေပညာရှာရတယ်။
အလုပ်လုပ်နေတဲ့ လူရွယ်တွေ လူကြီးတွေလည်း အလားတူ ဖုန်းနဲ့လူ ကွာတယ်ရယ်မရှိကြပါဘူး။
တစ်နေ့တစ်နေ့ ဒီပစ္စည်းတွေ social media ပေါ်က အကြောင်းအရာတွေနဲ့ပဲအချိန်ကုန်နေပြီး
ကိုယ့်မိသားစု၊ ကိုယ့်အနီးနားက အရင်းနှီးဆုံးသူတွေကို အချိန်ပေးဖို့မေ့နေမိတယ်လို့ရော ထင်မိကြဖူးလား ..
နေ့စဉ်ဘဝနဲ့ဝေးရာကို ကိုယ်ချစ်တဲ့သူတွေနဲ့အတူသွားပြီး သူတို့ကိုအချိန်ပေးမယ်လို့ရော တွေးမိကြဖူးလား ..?

အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းတစ်ခုမှာ ဒါရိုက်တာတာဝန်ထမ်းဆောင်နေတဲ့ Jeanine က
အလုပ်လောဘကြီးပြီး နေ့နေ့ညညအလုပ်မှအလုပ်ဖြစ်နေတဲ့သူပါ။
ကိစ္စတချို့ကြောင့် သူ့အရင်အလုပ်ကိုနားထားရတဲ့ ခင်ပွန်းဖြစ်သူ Dan က
ဝါသနာပါရာ ဆော့စ်အစပ်လည်းလုပ်ရောင်းရင်း အိမ်မှုကိစ္စလည်းလုပ်ရင်း
သမီးဖြစ်သူ Lizzy ကိုလည်းထိန်းကျောင်းရပါတယ်။
ဒီလိုနဲ့တစ်နေ့မှာ Dan ရဲ့ဆော့စ်အစပ်တွေကို လိုက်ပို့ပေးနေကျ Juan ဆုံးသွားရာကနေ
Dan တစ်ယောက် တစ်ခုခုကိုတွေးမိသွားပါတော့တယ်။
အဲဒါကတော့ မိုးလင်းကမိုးချုပ် ဖုန်းနဲ့လူမခွာဘဲ အလုပ်ထဲမှာပဲနစ်မြောနေတဲ့သူ့မိန်းမကို
ဖုန်း၊ အင်တာနက် တစ်ခုမှသုံးမရတဲ့နေရာကိုခေါ်သွားပြီး နှစ်ယောက်တည်း အနားယူချင်တာပါ။
အကြောင်းတိုက်ဆိုင်စွာနဲ့ပဲ Jeanine ကို သူ့အလုပ်က ခွင့် ၂ပတ်မယူမနေရယူရမယ်ဆိုပြီး ခွင့်ပေးလိုက်ရာကနေ
လင်မယားနှစ်ယောက် မြို့ပြနဲ့ဝေးတဲ့နေရာတစ်ခုကို ခရီးထွက်ဖြစ်ခဲ့ကြပါတော့တယ်။

အချစ်ငှက်လေးနှစ်ကောင်ပျော်ရမယ်အထင်နဲ့ ခရီးထွက်လာပြီးမှ ဘယ်လိုအလွဲတွေနဲ့ကြုံရမှာလဲ ..
ဘာမဆို ဆိုးဆိုးဆတ်ဆတ်လုပ်တတ်တဲ့ Jeanine နဲ့
တွေဝေတတ်တဲ့ Dan ခရီးမှာရော အတွဲညီညီနဲ့အဆင်ပြေပါ့မလား .. စတာတွေကို ဝါးလုံးကွဲရယ်ရမှာမျိုးမဟုတ်ဘဲ
လင်မယားနှစ်ယောက်တည်းတိုင်ပတ်ပြီးလွဲမယ့်အလွဲတွေကို ခွီနေရမယ့် comedy ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။

Genre…..Comedy, Romance
Quality….1080p | 720p | 480p
File size…1.3GB | 653MB | 285MB
Format…mp4
Duration….1h 34min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Lai Laii
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Date
22 April 2022
Runtime
1h 34min
Popularity
6.332
Status
Released
ID IMDb.com
tt10314040
IMDB Rating
4.1
IMDB votes
265
ID Themoviedb.org
606237
TMDb Rating
4.2
TMDb votes
7