Exit print mode Print Data A+ A- Undo all

Venom (2018)

The world has enough Superheroes.
Venom (2018)Venom (2018)

Synopsis:

Venom (2018)

DatShin Review: Venom (2018)

Plot

Eddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့

ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိ

တစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးက

သူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာ

သူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။

Review
.
Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။

Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။

ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။

Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။

ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။

အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။

မင်းသား Tom Hardy က Eddie အနေနဲ့ တော်တော်လေး

မိုက်ပေမဲ့ အစပိုင်းမှာတော့ Tom Hardy ပိုဆန်နေတယ်လို့ထင်တယ်။

သူ့ ပုံမှန် acting စတိုင်နဲ့ တွေ့ရတာ များတယ်။

ဒါပေမဲ့ နောက်ပိုင်း Venom နဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ တော်တော်မိုက်တယ်။

နောက် ဇာတ်လမ်းနဲ့ဇာတ်ညွှန်းမှာ တစ်ခါတစ်လေ သိပ်အားမရဖြစ်ပါဘူး။

တချို့ဇာတ်ဝင်ခန်းတွေက နည်းနည်းလေး ရှည်နေသလို သိပ်ပြီး မလိုအပ်သလို ခံစားရတယ်။

နောက်ဆုံးတစ်ခုကတော့ Visual ပိုင်း။

Venom နဲ့ Riot တို့ ဗြင်းကြတဲ့အခန်းတွေမှာ တော်တော်လေး ကြည့်ရအဆင်မပြေဘူး။

ညဘက်ကြီး မည်းမည်းအကောင် ၂ ကောင် ချတာကို 3D နဲ့

အနီးကပ်မြင်ရတော့ ကြုံးတော့ ကြုံးနေတာပဲ ဒါပေမဲ့

ဘာမှန်းညာမှန်း သိပ်မသဲကွဲဘူး။

Venom Character ကြီးက ပုံဖော်ထားတာ မိုက်တော့ မိုက်ပေမဲ့

စိတ်ထဲမှာ တစ်ခုခုလိုနေသလိုမျိုးပဲ။ (Spidey logo, maybe??)

သဘောကျမိတာတွေဆိုရင်တော့ Venom ဟာ MCU ကားတွေလိုမဟုတ်ဘူး။

Dark, brutal ဖြစ်တယ်။ PG-13 နဲ့ သွားတယ်ဆိုတော့ နောက်ပိုင်း Tom Holland ရဲ့

Spider-Man နဲ့ တွဲမတွဲ မပြောတတ်ပေမဲ့ ကျွန်တော့ စိတ်ထဲကတော့

သွားမတွဲဘဲ သက်သက် ခွဲထွက်တာမျိုး ပိုလိုချင်မိတယ်။

Venom နဲ့ Eddie တို့နှစ်ယောက်ကြားက ချိတ်ဆက်မှု နဲ့ တစ်ယောက်ကို တစ်ယောက်

မှီတီနေမှုကို ပြသွားတာလည်း တော်တော်လေးကောင်းတယ်။

တစ်ချက်တစ်ချက် ရယ်နေရတာများတော့ သိပ်ကြီးအဆင်မပြေပေမဲ့ still awesome ပဲ။ Visual တွေဆိုလည်း

အများစု ကောင်းတယ်။

ရဲတွေနဲ့ ဗြင်းတဲ့အခန်းဆို တော်တော်လေး အားရဖို့ကောင်းတယ်။

Venom ရဲ့ strength ကို တော်တော်လေးမြင်ရတယ်။

Venom နဲ့ Eddie နေရာက Tom Hardy ကလည်း အစပိုင်းလေး နည်းနည်း

အဆင်မပြေသလိုဖြစ်သလောက် နောက်ပိုင်းတွေမှာ တကယ့် perfect cast ပဲ။

Venom ဟာ တကယ့် perfect ဖြစ်တဲ့ ကားတစ်ကားတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ဆိုးဝါးနေတဲ့အထဲ ပါတဲ့ကားတစ်ကားလည်း မဟုတ်ဘူး။

ကျွန်တော်တို့ကိုယ်တိုင်ကတော့ တစ်ကားလုံးနီးပါး enjoy ဖြစ်ခဲ့တဲ့ ကားတစ်ကားပါ။

– KPK

DatShin: 3/5

IMDB: 7.1/10

Rotten Tomatoes: 31%

(ရုပ်ရှင်အညွှန်းကို DatShin Fb Page မှ ကူးယူဖော်ပြပါသည်။)

File size…(3 GB) / (2 GB) / (1.5 GB)
Quality….BluRay 4K HEVC / HEVC 1080p / 720p
Format…mkv/mp4
Duration….01:52:08
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Min Thet Oo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Venom
Director
Ruben Fleischer
Stars
Chris O'Hara, Christian Convery, Jenny Slate, Melora Walters, Michelle Williams, Reid Scott, Riz Ahmed, Scott Haze, Sope Aluko, Tom Hardy
Release Date
05 Oct 2018
Rated
N/A
Runtime
112 min
Awards
N/A
Country
USA, China
Budget
USD $116 000 000,00
Revenue
USD $855 013 954,00
Popularity
2162.92
Status
Released
ID IMDb.com
tt1270797
IMDB Rating
7.0
IMDB votes
114,862
ID Themoviedb.org
335983
TMDb Rating
6.8
TMDb votes
11929