Channel Myanmar

We Bought a Zoo ( 2011 )

We Bought a Zoo    

PG 124 min ComedyDrama

7.1
IMDB: 7.1/10 127,480 votes

, , , , , , , , ,

1 win & 8 nominations.

USA

304073

Report error

Zawgyi

*******

IMDb 7.1 ရရွိထားတဲ႔ဇာတ္ကားေကာင္းေလးနဲ႕မိတ္ဆက္ေပးပါရေစ

စြန္​႔စားရမယ္​့ကိစၥမ်ိဳး​ေတြကိုမွ ခံုမင္​နွစ္​သက္​သူ စာ​ေရးဆရာ

Benjamin Mee ရဲ႕ ကိုယ္​​ေတြ႕မွတ္​တမ္​းစာအုပ္​ကို မွီျငမ္​းၿပီးရိုက္​ကူးထားတဲ့

“We bought a zoo” ဆိုတဲ့ ကား​ေလးနဲ႔ မိတ္​ဆက္​​ေပးပါရ​ေစ။

ဇာတ္​လမ္​းအက်ဥ္​းအ​ေနနဲ႔က​ေတာ့ စြန္​႔စားခန္​း​ေတြကိုမွ

ႀကိဳက္​နွစ္​သက္​တဲ့ ဖခင္​ျဖစ္​သူတစ္​​ေယာက္​၊ သူမ​ေမွ်ာ္​လင္​့ထားဘဲ

ဇနီးျဖစ္​သူရုတ္​တရက္​ ကြယ္​လြန္​သြားတဲ့အခါ က​ေလး ၂ ​ေယာက္​နဲ႔

ဗ်ာမ်ားၿပီး က်န္​ခဲ့ရတဲ့ အ​ေၾကာင္​းပဲျဖစ္​ပါတယ္​။

ဇနီးျဖစ္​သူရွိစဥ္​က အိမ္​ကိစၥအဝဝကို လွည္​့ၾကည္​့စရာမလို​ေလာက္​​ေအာင္​

​ေနခဲ့ရတဲ့ Benjamin တစ္​​ေယာက္​ ဇနီးျဖစ္​သူဆံုးပါးသြားတဲ့အခါမွာ​ေတာ့

အဆင္​မ​ေျပမႈ​ေပါင္​းမ်ားစြာနဲ႔ ႀကံဳလာရပါ​ေတာ့တယ္​။

အဆိုးဆံုးကိစၥက​ေတာ့ သားႀကီးျဖစ္​သူ Dylan က

​ေက်ာင္​းစည္​းကမ္​းခ်ိဳး​ေဖာက္​မႈအပါအဝင္​ စိတၲဇပံု​ေတြ ​ေရးဆြဲ​ေနလိ့ု

​ေက်ာင္​းက​ေန အထုတ္​ခံလိုက္​ရတာပဲ ျဖစ္​ပါတယ္​။

သားအဖနွစ္​​ေယာက္​ၾကားမွာ ခါတိုင္​းလို ​ေစ့စပ္​ညႇိုနႈိင္​း​ေပး​ေနၾက

မိခင္​ျဖစ္​သူ မရွိ​ေတာ့တာ​ေၾကာင္​့လည္​း Dylan တို႔နွစ္​​ေယာက္​က

မၾကာခဏဆိုသလို က​ေတာက္​ကဆျဖစ္​​ေနၾကပါတယ္​။

သမီးအငယ္​​ေလး Rosie က​ေတာ့ ဒီလိုတက်က္​က်က္​ျဖစ္​​ေနတဲ့

သားအဖနွစ္​​ေယာက္​ၾကားမွာ​ေန ​ေနရတဲ့သူ​ေလး ျဖစ္​ပါတယ္​။

သားျဖစ္​သူ​ေက်ာင္​းကထုတ္​ခဲ့လိုက္​ရတဲ့ကိစၥအျပင္​ ဘယ္​​ေနရာကိုပဲ

​ေရာက္​​ေရာက္​ ဘဝတစ္​ပါးကို ကူး​ေျပာင္​းသြားတဲ့ ဇနီးသည္​ကိုပဲ

တသသျဖစ္​​​ေနတာ​ေၾကာင္​့ စိတ္​အ​ေျပာင္​းအလဲျဖစ္​သြား​ေအာင္​

အိမ္​​ေျပာင္​းဖို႔ စီစဥ္​ၾကပါ​ေတာ့တယ္​။ ဒီလိုစီစဥ္​ၾကရင္​း သမီးျဖစ္​သူ

Rosie ရဲ႕ ​ေ႐ြးခ်ယ္​မႈ​နဲ႔ တိရစၦာန္​ရံုပါ အဆစ္​ပါလာတဲ့ အိမ္​ကို

ဝယ္​မိလိုက္​တဲ့အခါမွာ​ေတာ့ စြန္​႔စားရတာႀကိဳက္​တဲ့

Benjamin တစ္​​ေယာက္​ စြန္​႔စားခန္​း​ေပါင္​းမ်ားစြာနဲ႔ ႀကံဳလာရပါ​ေတာ့တယ္​။

 

Translated & Review By Megumi

Encoded By LK

 

Unicode

*******

IMDb 7.1 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ

စွန့်စားရမယ့်ကိစ္စမျိုးတွေကိုမှ ခုံမင်နှစ်သက်သူ စာရေးဆရာ

Benjamin Mee ရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့

“We bought a zoo” ဆိုတဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ စွန့်စားခန်းတွေကိုမှ

ကြိုက်နှစ်သက်တဲ့ ဖခင်ဖြစ်သူတစ်ယောက်၊ သူမမျှော်လင့်ထားဘဲ

ဇနီးဖြစ်သူရုတ်တရက် ကွယ်လွန်သွားတဲ့အခါ ကလေး ၂ ယောက်နဲ့

ဗျာများပြီး ကျန်ခဲ့ရတဲ့ အကြောင်းပဲဖြစ်ပါတယ်။

ဇနီးဖြစ်သူရှိစဉ်က အိမ်ကိစ္စအဝဝကို လှည့်ကြည့်စရာမလိုလောက်အောင်

နေခဲ့ရတဲ့ Benjamin တစ်ယောက် ဇနီးဖြစ်သူဆုံးပါးသွားတဲ့အခါမှာတော့

အဆင်မပြေမှုပေါင်းများစွာနဲ့ ကြုံလာရပါတော့တယ်။

အဆိုးဆုံးကိစ္စကတော့ သားကြီးဖြစ်သူ Dylan က

ကျောင်းစည်းကမ်းချိုးဖောက်မှုအပါအဝင် စိတ္တဇပုံတွေ ရေးဆွဲနေလိ့ု

ကျောင်းကနေ အထုတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

သားအဖနှစ်ယောက်ကြားမှာ ခါတိုင်းလို စေ့စပ်ညှိုနှိုင်းပေးနေကြ

မိခင်ဖြစ်သူ မရှိတော့တာကြောင့်လည်း Dylan တို့နှစ်ယောက်က

မကြာခဏဆိုသလို ကတောက်ကဆဖြစ်နေကြပါတယ်။

သမီးအငယ်လေး Rosie ကတော့ ဒီလိုတကျက်ကျက်ဖြစ်နေတဲ့

သားအဖနှစ်ယောက်ကြားမှာနေ နေရတဲ့သူလေး ဖြစ်ပါတယ်။

သားဖြစ်သူကျောင်းကထုတ်ခဲ့လိုက်ရတဲ့ကိစ္စအပြင် ဘယ်နေရာကိုပဲ

ရောက်ရောက် ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့ ဇနီးသည်ကိုပဲ

တသသဖြစ်နေတာကြောင့် စိတ်အပြောင်းအလဲဖြစ်သွားအောင်

အိမ်ပြောင်းဖို့ စီစဉ်ကြပါတော့တယ်။ ဒီလိုစီစဉ်ကြရင်း သမီးဖြစ်သူ

Rosie ရဲ့ ရွေးချယ်မှုနဲ့ တိရစ္ဆာန်ရုံပါ အဆစ်ပါလာတဲ့ အိမ်ကို

ဝယ်မိလိုက်တဲ့အခါမှာတော့ စွန့်စားရတာကြိုက်တဲ့

Benjamin တစ်ယောက် စွန့်စားခန်းပေါင်းများစွာနဲ့ ကြုံလာရပါတော့တယ်။

Translated & Review By Megumi

Encoded By LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

We Bought a Zoo ( 2011 )
We Bought a Zoo ( 2011 )
We Bought a Zoo ( 2011 )
We Bought a Zoo ( 2011 )
We Bought a Zoo ( 2011 )
We Bought a Zoo ( 2011 )
We Bought a Zoo ( 2011 )
We Bought a Zoo ( 2011 )


No downloads available

Genres



Related movies