Channel Myanmar

Wet Season (2019)

N/A    

N/A 1h 43min Drama

6.8
IMDB: 6.8/10 votes

, ,

8 wins & 26 nominations

Singapore

200354

Report error

Wet Season (2019)
==================

 

သာယာမှု ၊ နွေးထွေးမှု ၊ နားလည်မှု ၊ စာနာမှု အဲ့ဒါတွေအကုန်ခံစားရစေမယ့် ကားကောင်းလေးတစ်ကားပါ ။ ၁၈ နှစ်ကျော်တာလည်း တစ်ခန်းလောက်ပဲပါပြီး

စုံတွဲတွေအဓိကကြည့်သင့်တဲ့ကားလေးလို့ မြင်မိပါတယ်။ ဒါပေမဲ့လည်း ဖိုမသဘာ၀သာပါတဲ့ တခြားသောကားတွေထက် ပိုသာလွန်ပြီး

နိုင်ငံရဲ့ စာပေယဉ်ကျေးမှုကိုပါ ခပ်ပါးပါးလေး ထည့်ရိုက်ပေးထားတာမို့လို့ ကြည့်လို့အဆင်ပြေမယ့်ကားကောင်းလေးတစ်ကားပါ ။

လင်း ဆိုတဲ့ ဆရာမတစ်ယောက်အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားပါတယ် ။ တရုတ်စာကို သင်တဲ့ဆရာမပီပီ အင်္ဂလိပ်မှ အင်္ဂလိပ်ဖြစ်နေတဲ့

ကျောင်းသားတွေ ကျောင်းသားမိဘတွေ တခြားဆရာတွေကို မိခင်ဘာသာတရုတ်စာကအရေးကြီးကြောင်း ရှင်းပြချင်နေတဲ့သူတစ်ယောက်ပါ ။

တစ်ဖက်မှာလည်း သားသမီးမရနိုင်တဲ့ကံကြောင့် အိမ်ထောင်ရေးမှာ သွေးအေးတာကိုခံစားနေရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ပေါ့ ။

ဆရာမကြောင့် တရုတ်စာကို ပိုကြိုးစားလာချင်တဲ့ ကျောင်းသားလေး ကောင်းဝေလွင် ကတော့ အကောင်းဆုံးဇာတ်ကိုပံ့ပိုးသူပေါ့ ။

ဆရာမရဲ့ ဂရုစိုက်မှု ၊ နွေးထွေးမှု ကြောင့် သူ့ရဲ့ချစ်တဲ့စိတ်တွေ နိုးထလာခဲ့ပြီး ဆရာမနဲ့ကျောင်းသားအကြား ဆက်ဆံရေးကို

ရှုပ်ထွေးလာစေခဲ့ပါတယ်။ ဆရာမလင်း နေရာမှာနေကြည့်ရင်း သက်ပြင်းအကြိမ်ကြိမ်ချမိရင်း ဘာသာပြန်ဖို့တောင်မေ့ခဲ့ရတဲ့အထိ

ဇာတ်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ် ။သာယာမှု ၊ နွေးထွေးမှု ၊ နားလည်မှု ၊ စာနာမှု ဒါတွေအားလုံးကို

နယ်မကျွံအောင် စည်း လေးတစ်ခုနဲ့သာ

ထိန်းသိမ်းထားမိခဲ့ရင် …. ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် …. စသဖြင့် အတွေးပေါင်းများစွာကို

ပေးတဲ့ကားလေးမို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်နော် ။ ။

 

Translated and Review by : JoJo Va
Encoded by : YK
Quality : 1080p blu-ray and 720p
File Size : 1.4GB and 686MB



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Wet Season (2019)
Wet Season (2019)
Wet Season (2019)
Wet Season (2019)


No downloads available

Genres



Related movies