Exit print mode Print Data A+ A- Undo all

White Noise (2005)

The line separating the living from the dead has been crossed.
White Noise (2005)White Noise (2005)

Synopsis:

 

ဗိသုကာတစ်ယောက်ဖြစ်တဲ့ဂျိုနာသန်ရေးဗားဟာဇနီးသည်စာရေးဆရာဖြစ်တဲ့အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာကသူကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းဖွင့်ပြောခဲ့တဲ့အတွက်ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။

အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့

အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲသူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်ကခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်မကြာခင်မှာအန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ဒါ့အပြင်သူကိုယ်တိုင်ဆီကိုပါသေဆုံးသူဇနီးသည်အန်နာဆီကဖုန်းတွေဝင်လာအသံတွေကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့ အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။

ဒါပေမယ့်တစ်ဖက်လောကမှာကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။မကြာသေးခင်ကမှ The FlashမှာBruceWayneအဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့Batmanမင်းသားဟောင်းကြီးMichaelKeatonခေါင်းဆောင်ပါဝင်တဲ့ဒီဇာတ်ကားဟာတစ်ချိန်ကနာမည်ကျော်ခဲ့တဲ့Horrorတစ်ကားဖြစ်ပြီးgenreaudienceတွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။

File size…(1.9 GB)/(1 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:41:00
Genre…Drama, Horror, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Alias



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $10 000 000,00
Revenue
USD $91 196 419,00
Popularity
14.451
Status
Released
ID IMDb.com
11804
IMDB Rating
5.5
ID Themoviedb.org
11804
TMDb Rating
5.5
TMDb votes
734