Exit print mode Print Data A+ A- Undo all

White Sun (2016)

White Sun (2016)White Sun (2016)

Synopsis:

White Sun (2016)

~ IMDb – 7.1/10, Rotten Tomatoes – 100% ~

ဒီကားရဲ့ နာမည် Seto Surya (နေဖြူ) ဆိုတာက နီပေါနိုင်ငံရဲ့ အမျိုးသားအလံမှာပါတဲ့ အစိတ်ပိုင်းတစ်ခုကို ရည်ညွှန်းထားတာပါ။ အတွင်းသားအနီရောင်နဲ့ အပြာအနားကွပ်၊ လခြမ်းကွေးလေးရယ် တောက်လောင်နေတဲ့နေရယ် ပါတဲ့ နီပေါအလံကို မြင်ဖူးရင် သိကြမှာပါ။ ဒီကားရဲ့ နေဖြူဆိုတာကတော့ အဲဒီ အဖြူရောင်နေကို ဆိုလိုတာဖြစ်ပါတယ်။

၁၉၉၆ ကနေ ၂၀၀၆ အထိ ဖြစ်ပွားခဲ့တဲ့ နီပေါ ပြည်တွင်းစစ်ပြီးစ အခြေအနေကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ တစ်ချိန်က နီပေါဟာ ဘုရင့်နိုင်ငံဖြစ်ခဲ့ပြီး ဘုရင့်တော်ဝင်တပ်တွေနဲ့ နီပေါကွန်မြူနစ်ပါတီ (မော်စီတုန်းဝါဒီသမားတွေလို့လည်း ခေါ်ပါတယ်) ကြား နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့ပြီး တော်လှန်သူ ကွန်မြူနစ်တွေ အနိုင်ရခဲ့တဲ့ စစ်ပွဲပါ။ နီပေါနိုင်ငံသားတွေဟာ ထုံးတမ်းစဉ်လာတွေ ဓလေ့တွေလိုက်နာသက်ဝင်ပြီး လူမှုအဆင့်အတန်း ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှု ပြင်းထန်တဲ့အလျောက် လူတန်းစားအလွှာကွာဟမှုကို ဆန့်ကျင်တဲ့ မော်စီတုန်းဝါဒီသမားတွေ အာဏာရသွားတေ့ာ အတော်လေးလည်း ခွကျခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းဘက်ကို လှည့်ရမယ်ဆိုရင်ဖြင့် ရှုထောင့် ၂မျိုးက ပြောဖို့ စဉ်းစားထားပါတယ်။
ပထမတစ်မျိုးကတော့ ပူးဂျာလို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ ရှုထောင့်ပါ။ ပူးဂျာလေးဟာ အမေဖြစ်သူနဲ့အတူ ဝေးလံခေါင်သီတဲ့ တောင်တွေပေါ်မှာရှိတဲ့ ရွာဇနပုဒ်မှာ နေထိုင်ပါတယ်။ သူ့ရဲ့ အဖိုးလို့ ခံယူထားတဲ့ ရွာအကြီးအကဲကြီး ဆုံးသွားတဲ့အခါမှာတော့ ရွာမှာ ကြားဖူးနားဝ ကောလဟာလနဲ့ သူ့အဖေဖြစ်လိမ့်မယ်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရွာပြန်အလာကို မျှော်လင့်တကြီး စောင့်စားပါတော့တယ်။

ဒုတိယ ရှုထောင့်အနေနဲ့ကတော့ ချန်ဒျာလို့ခေါ်တဲ့ စစ်သားဟောင်းတစ်ဦးရဲ့ နေရာကနေပါ။ သူဟာ စစ်သားဆိုပေမယ့် ယခုလက်ရှိအာဏာရ ကွန်မြူနစ်ပါတီရဲ့ တစ်ချိန်က ပြောက်ကျားစစ်သား (သူပုန်)ပါ။ တော်လှန်စဉ်က ပါဝင်ခဲ့ပြီး စစ်ပွဲအပြီး ဘေးထွက်နေတဲ့လူမျိုးပေါ့။ သူ့အဖေဖြစ်သူ ဆုံးသွားပြီဆိုတဲ့ သတင်းကြောင့် ရွာကို ပြန်လာခဲ့ပေမယ့် အပေါ်မှာပြောသလို အယူအစွဲကြီးတဲ့ ရွာကလူတွေနဲ့ သူနဲ့ကြားက ပဋိပက္ခတွေကြောင့် သူ့အဖေဖြစ်သူ ရွာအကြီးအကဲကို အဆင်ပြေပြေသင်္ဂြိုလ်နိုင်ဖို့ လုံးပမ်းရပါတော့တယ်။

Venice ရုပ်ရှင်ပွဲတော်မှာ ဆုရထားပြီး Toronto တို့ Rotterdam တို့အပါအဝင် ဟုတ်ပေ့ဆိုတဲ့ ရုပ်ရှင်ပွဲတော်ကြီးတွေမှာ ပြသခွင့်ရထားတဲ့ ရုပ်ရှင်မို့ လက်မလွတ်စေလိုပါ။ ဒီ နီပေါဒါရိုက်တာဟာဖြင့် သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ကား Highway တုန်းကလည်း ဘာလင်တို့ လိုကာနိုတို့လို ပွဲတော်ကြီးတွေနဲ့ စခဲ့တာပါ။ အခု White Sun ကတော့ သူ့ရဲ့ ဒုတိယကားပေါ့။ နီပေါလို ဒေသတွင်း အနုပညာဖန်တီးသူတွေ သူတို့လက်ရာတွေနဲ့ ကမ္ဘာပတ်နေတာကို ကြွေနေရသလိုမျိုး ကိုယ့်နိုင်ငံတွင်းက ရုပ်ရှင်သမားတွေရဲ့ လက်ရာတွေ (ယခု လူနည်းစု ပတ်နေကြပြီမှန်း သိပါတယ်) လည်း များများစားစား မြင်ရဖို့ မျှော်လင့်မိပါကြောင်း…။

(ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.5GB, 690MB
Quality – 720p, 480p
IMDb Rating – 7.1/10
Format – mp4
Duration – 1H 29Min
Genre – Adventure, Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by Z
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Seto Surya
Director
Deepak Rauniyar
Stars
Amrit Pariyar, Asha Maya Magrati, Dayahang Rai, Deepak Chhetri, Deshbhakta Khanal, Ganesh Munal, Maotse Gurung, Pramila Tulachan, Pramod Agrahari, Rabindra Singh Baniya, Sarada Adhikari, Sumi Malla
Release Date
2016
Rated
Unrated
Runtime
1h 29m
Awards
9 wins & 7 nominations
Country
Nepal, Netherlands, Qatar, United States, United Kingdom
Popularity
2.211
Status
Released
ID IMDb.com
tt3638644
IMDB Rating
7.1
IMDB votes
591
ID Themoviedb.org
412212
TMDb Rating
7.1
TMDb votes
15