Channel Myanmar

Tora-san, Wish You Were Here (2019)

Otoko wa tsurai yo 50: Okaeri Tora-san    

1h 55min ComedyDrama

6.7
IMDB: 6.7/10 votes

, ,

(Japan)

130988

Report error

[Unicode]

Tora San 50: Welcome Back (2019)

IMDb rating- 6.7/10
Genre – Comedy , Drama

ဂျပန်နိုင်ငံရဲ့ရှီဘမတဘူတာရုံအပြင်ဘက်မှာဆိုရင် ဘောင်းဘီအိပ်ကပ်ထဲကိုလက်တစ်ဖက်ထည့်ထားပြီး တစ်ဖက်ကလက်ဆွဲအိတ်ကိုကိုင်ထားတဲ့ရုပ်တုတစ်ခုရှိပါတယ်။

သူကအပေါ်ထပ်ဂျာကင်နဲ့ဝတ်စုံပြည့်ဝတ်ထားပေမဲ့ ဆောင်းထားတဲ့ဦးထုပ်နဲ့စီးထားတဲ့ခြေညှပ်ဖိနပ်ကြောင့် တိုကျိုမြို့သားတစ်ယောက်မဟုတ်တာသိသာပါတယ်။

အနီးကပ်ကြည့်လိုက်ရင်တော့ လူတွေက ခဏခဏထိကိုင်ပြီးကံကောင်းစေဖို့ဆုတောင်းတဲ့အတွက်ကြောင့် ပြောင်လက်နေတဲ့ သူ့ရဲ့ဘယ်ဘက်ခြေမကိုတွေ့ရမှာပါ။ ဒီရုပ်ထုဟာ Tora-San ဖြစ်ပါတယ်။

Tora sanဆိုတာ ၁၉၆၉ကနေ ၁၉၉၉ထိဆက်တိုက်ထုတ်လွှင့်ခဲ့တဲ့ It’s tough being a man ဆိုတဲ့ seriesထဲက ဇာတ်လိုက်ကာရိုက်တာပါ။

ဒီ seriesကိုဂျပန်နိုင်ငံမှာ ၁၉၉၉ရောက်တဲ့အထိနှစ်စဉ်ထုတ်လွှင့်ခဲ့ပြီး Toraအဖြစ်သရုပ်ဆောင်တဲ့ Atsushi Kiyomi ဆုံးပါးသွားမှရပ်တန့်ခဲ့တာဖြစ်ပါတယ်။

ဒီဇာတ်ကားကတော့ seriesရဲ့ နံပါတ်စဉ်၅၀မြောက်ဇာတ်ကားဖြစ်သလို series စတင်ထုတ်လွှင့်တဲ့နှစ်၅၀ပြည့်တဲ့အထိမ်းအမှတ်နဲ့လည်းတိုက်ဆိုင်နေပါတယ်။

ဒီဇာတ်ကားထဲမှာတော့ Tora-sanရဲ့တူလေးဖြစ်သူ မစ်ဆုအိုက မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သမီးနဲ့အတူနေထိုင်ရင်း စာရေးဆရာတစ်ယောက်ဖြစ်ဖို့ကြိုးစားနေပါတယ်။

သူ့ရဲ့ပွဲဦးထွက်စာအုပ်ဖြစ်တဲ့”အရိပ်ပမာမိန်းမပျိုငယ်”စာအုပ်ကလူကြိုက်များနေပြီး နာမည်ရတဲ့ဝတ္တရေးသူတစ်ယောက်ဖြစ်လာတဲ့အချိန်ပါ။

ဒီအချိန်မှာသူ့နဲ့လွဲခဲ့တဲ့ငယ်ချစ်ဦးက ဂျပန်ကိုပြန်ရောက်လာခဲ့ပါတယ်။

သူတို့တွေပြန်ဆုံဖြစ်တဲ့အချိန်မှာ လွမ်းစရာအမှတ်တရဟောင်းတွေနဲ့အတူ သူတို့ချစ်ရတဲ့Tora-sanနဲ့တိုက်ဆိုင်တဲ့အရင်ပုံရိပ်တွေကလည်း အမှတ်ရစရာပေါ်ထွက်လာပါတယ်။

ချစ်ရတဲ့အချစ်ဦးနဲ့ပြန်တွေ့ချိန်မှာ ရှေ့တိုးရခက်နောက်ဆုတ်ရခက်အနေအထားဖြစ်နေတာကြောင့် ဘာပဲဖြစ်လာဖြစ်လာတိုင်ပင်လို့ရတဲ့ဦးလေးကို သတိရလာပါတယ်။

မစ်ဆုအိုလိုအပ်ချိန်တိုင်းမှာရှိနေပေးတဲ့ မျက်နှာလေးထောင့်နဲ့ချစ်စရာကောင်းတဲ့ဦးလေးတိုရာရဲ့ ရယ်စရာအပြုအမူတွေ

ဦးလေးကိုသဘောကျပြီးလက်ထပ်ချင်ပေမဲ့ လက်မထပ်ဖြစ်တဲ့အမျိုးသမီးတွေနဲ့အတူ ရှီဘမတမိသားစုရဲ့အမှတ်တရတွေကို

နောက်ကြောင်းပြန်ပြကွက်တွေနဲ့အတူကြည့်ရှုရမဲ့ Comedy,Drama အမျိုးအစားmovieကောင်းတစ်ခုပါ။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ဖြစ်ပါတယ် )

 

[Zawgyi]

Tora San 50: Welcome Back (2019)

IMDb rating- 6.7/10
Genre – Comedy , Drama

ဂ်ပန္ႏိုင္ငံရဲ႕ရွီဘမတဘူတာ႐ုံအျပင္ဘက္မွာဆိုရင္ ေဘာင္းဘီအိပ္ကပ္ထဲကိုလက္တစ္ဖက္ထည့္ထားၿပီး တစ္ဖက္ကလက္ဆြဲအိတ္ကိုကိုင္ထားတဲ့႐ုပ္တုတစ္ခုရွိပါတယ္။

သူကအေပၚထပ္ဂ်ာကင္နဲ႔ဝတ္စုံျပည့္ဝတ္ထားေပမဲ့ ေဆာင္းထားတဲ့ဦးထုပ္နဲ႔စီးထားတဲ့ေျခညႇပ္ဖိနပ္ေၾကာင့္ တိုက်ိဳၿမိဳ႕သားတစ္ေယာက္မဟုတ္တာသိသာပါတယ္။

အနီးကပ္ၾကည့္လိုက္ရင္ေတာ့ လူေတြက ခဏခဏထိကိုင္ၿပီးကံေကာင္းေစဖို႔ဆုေတာင္းတဲ့အတြက္ေၾကာင့္ ေျပာင္လက္ေနတဲ့ သူ႔ရဲ႕ဘယ္ဘက္ေျခမကိုေတြ႕ရမွာပါ။ ဒီ႐ုပ္ထုဟာ Tora-San ျဖစ္ပါတယ္။

Tora sanဆိုတာ ၁၉၆၉ကေန ၁၉၉၉ထိဆက္တိုက္ထုတ္လႊင့္ခဲ့တဲ့ It’s tough being a man ဆိုတဲ့ seriesထဲက ဇာတ္လိုက္ကာ႐ိုက္တာပါ။

ဒီ seriesကိုဂ်ပန္ႏိုင္ငံမွာ ၁၉၉၉ေရာက္တဲ့အထိႏွစ္စဥ္ထုတ္လႊင့္ခဲ့ၿပီး Toraအျဖစ္သ႐ုပ္ေဆာင္တဲ့ Atsushi Kiyomi ဆုံးပါးသြားမွရပ္တန္႔ခဲ့တာျဖစ္ပါတယ္။

ဒီဇာတ္ကားကေတာ့ seriesရဲ႕ နံပါတ္စဥ္၅၀ေျမာက္ဇာတ္ကားျဖစ္သလို series စတင္ထုတ္လႊင့္တဲ့ႏွစ္၅၀ျပည့္တဲ့အထိမ္းအမွတ္နဲ႔လည္းတိုက္ဆိုင္ေနပါတယ္။

ဒီဇာတ္ကားထဲမွာေတာ့ Tora-sanရဲ႕တူေလးျဖစ္သူ မစ္ဆုအိုက မုဆိုးဖိုတစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ႕သမီးနဲ႕အတူေနထိုင္ရင္း စာေရးဆရာတစ္ေယာက္ျဖစ္ဖို႔ႀကိဳးစားေနပါတယ္။

သူ႔ရဲ႕ပြဲဦးထြက္စာအုပ္ျဖစ္တဲ့”အရိပ္ပမာမိန္းမပ်ိဳငယ္”စာအုပ္ကလူႀကိဳက္မ်ားေနၿပီး နာမည္ရတဲ့ဝတၱေရးသူတစ္ေယာက္ျဖစ္လာတဲ့အခ်ိန္ပါ။

ဒီအခ်ိန္မွာသူ႔နဲ႔လြဲခဲ့တဲ့ငယ္ခ်စ္ဦးက ဂ်ပန္ကိုျပန္ေရာက္လာခဲ့ပါတယ္။

သူတို႔ေတြျပန္ဆုံျဖစ္တဲ့အခ်ိန္မွာ လြမ္းစရာအမွတ္တရေဟာင္းေတြနဲ႔အတူ သူတို႔ခ်စ္ရတဲ့Tora-sanနဲ႔တိုက္ဆိုင္တဲ့အရင္ပုံရိပ္ေတြကလည္း အမွတ္ရစရာေပၚထြက္လာပါတယ္။

ခ်စ္ရတဲ့အခ်စ္ဦးနဲ႔ျပန္ေတြ႕ခ်ိန္မွာ ေရွ႕တိုးရခက္ေနာက္ဆုတ္ရခက္အေနအထားျဖစ္ေနတာေၾကာင့္ ဘာပဲျဖစ္လာျဖစ္လာတိုင္ပင္လို႔ရတဲ့ဦးေလးကို သတိရလာပါတယ္။

မစ္ဆုအိုလိုအပ္ခ်ိန္တိုင္းမွာရွိေနေပးတဲ့ မ်က္ႏွာေလးေထာင့္နဲ႔ခ်စ္စရာေကာင္းတဲ့ဦးေလးတိုရာရဲ႕ ရယ္စရာအျပဳအမူေတြ

ဦးေလးကိုသေဘာက်ၿပီးလက္ထပ္ခ်င္ေပမဲ့ လက္မထပ္ျဖစ္တဲ့အမ်ိဳးသမီးေတြနဲ႔အတူ ရွီဘမတမိသားစုရဲ႕အမွတ္တရေတြကို

ေနာက္ေၾကာင္းျပန္ျပကြက္ေတြနဲ႔အတူၾကည့္ရႈရမဲ့ Comedy,Drama အမ်ိဳးအစားmovieေကာင္းတစ္ခုပါ။

( ဘာသာျပန္ျပီး အညႊန္းေရးသားထားသူကေတာ့ Ingyin San ျဖစ္ပါတယ္ )

 

Quality__720p
IMDb Rating__6.7/10
Format__mp4
Duration__01:50:00
Type__Comedy , Drama
Subtitle__Myanmar Subtitle (Hardsub)
Translated by Ingyin San
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies