Channel Myanmar

Report error

[Unicode]

2015 တုန်းက ထွက်ရှိထားတဲ့ Wolf Totem ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားမှာတော့ ၁၉၆၀ ဝန်းကျင်က လွင်ပြင်ဒေသတွေမှာ နေထိုင်တဲ့ မွန်ဂိုလူမျိုးစုတွေရဲ့ နေထိုင်မှု ပုံစံတွေ ရိုးရာယဉ္ကေျးမှုတွေ ကိုးကွယ်မှုတွေကို မြင်တွေနိုင်မှာဖြစ်ပါတယ် ၊
ဒါ့အပြင် ဇာတ်လမ်းမှာ နောက်ထပ်ပြသထားတာက မွန်ဂိုလွင်ပြင်မှာ နေထိုင်ကြတဲ့ ဝံပုလွေတွေ အကြောင်းပဲ ဖြစ်ပါတယ်…
ဒီဇာတ်လမ်းမှာ မင်းသားကြီး Feng Shao Feng က ချန်ကျန့်အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး
လူသားနဲ့ ဝံပုလွေရဲ့ကြားက သံယောဇဉ် မေတ္တာကို ပေါ်လွင်အောင် ဖော်ကျူးထားပါတယ် ။

ဇာတ်လမ်းအကျဉ်းကတော့
၁၉၆၇ ခုနှစ်မှာ ချန်ကျန့်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ မွန်ဂိုဒေသမှာ ၂ နှစ်ကြာ စာပေသင်ကြားပေးဖို့ စေလွှတ်ခံခဲ့ရပါတယ်…
ချန်ကျန့်ဟာ မွန်ဂိုလွင်ပြင်ဒေသမှာနေထိုင်းရင်း ဝံပုလွေတွေရဲ့ သဘာဝကိုလည်း လေ့လာခဲ့ပါတယ် ၊
တစ်နေ့မှာတော့ လောဘကြီးတဲ့ လူတစ်စုကြောင့် ဝံပုလွေအုပ်စုတွေ ဒုက္ခတွေ့ခဲ့ရပါတယ်…
ဝံပုလွေသားပေါက်လေးတွေကို သတ်ပစ်ဖို့ အစိုးရက အမိန့်ပေးလိုက်တဲ့အခါမှာ မွန်ဂိုတွေဟာ ဝံပုလွေ သားပေါက်လေးတွေကို သတ်ပစ်ခဲ့ပါတယ် ၊
ဒါပေမယ့် သားပေါက်တွေထဲက တစ်ကောင်ကို ချန်ကျန့်က တိတ်တဆိတ်မွေးမြူထားခဲ့ပါတယ်…

ဒါကို အထက်လူကြီးတွေ သိသွားတဲ့အခါမှာ ဘာဆက်ဖြစ်မှာလဲ…
ချန်ကျန့်ကရော ဝံပုလွေသားပေါက်လေးကို လွင်ပြင်ဆီပြန်လွှတ်မှာလား…
ဝံပုလွေအုပ်စု မျိုးတုံးသတ်ဖြတ်ခံရမှုကို တားဆီးပေးနိုင်မှာလား…
ဝံပုလွေအုပ်စုတွေ ဘယ်လို အခက်ခဲတွေနဲ့ ကြုံရမှာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်….။

( အညွှန်းရေးပြီး ဘာသာပြန်ပေးထားသူကတော့ Han Thu Aye ဖြစ်ပါတယ် )

[Zawgyi]

ဒီဇာတ်ကားမှာတော့ ၁၉၆၀ ဝန်းကျင်က လွင်ပြင်ဒေသ​တွေမှာ နေထိုင်တဲ့ မွန်ဂိုလူမျိုးစုတွေရဲ့ နေထိုင်မှု ပုံစံတွေ ရိုးရာယဉ္ကျေးမှုတွေ ကိုးကွယ်မှုတွေကို မြင်တွေနိုင်မှာဖြစ်ပါတယ် ၊

ဇာတ်လမ်းအကျဉ်းကတော့



 

File size__( 1.1 GB ) and ( 400 MB)
Quality__Bluray-720p
IMDb Rating__6.7/10
Format__mp4
Duration__02:01:16
Type__Adventure, Drama
Subtitle__Myanmar Subtitle (Hardsub)
Translated by Han Thu Aye
Encoded by Naing Aung Latt


Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Wolf Totem (2015)


No downloads available

Genres



Related movies