Exit print mode Print Data A+ A- Undo all

Wolves of War (2022)

Stop the war. At any cost.
Wolves of War (2022)Wolves of War (2022)

Synopsis:

Wolves of War (2022)

မနှစ်က ထွက်ရှိထားတဲ့ Low Budget စစ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကိုအခြေတည်ထားတာပါ။ ဟစ်တလာဟာ သူစစ်ရှုံးတော့မယ်လို့မြင်တဲ့အခါ တိုင်းပြည်ထဲက လူငယ်တွေကို ပြည်သူ့စစ်အဖွဲ့တွေဖွဲ့ခိုင်းပြီး ကျူးကျော်လာသူတွေကို တစ်နိုင်တပိုင်တိုက်ထုတ်ဖို့အမိန့်ထုတ်လိုက်ပါတယ်။ ဇာတ်လမ်းကတော့ သိပ်အဆန်းတကြယ်မဟုတ်ပါဘူး။

ဟစ်တလာဟာ သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးတစ်မျှင်အနေနဲ့ နျူကလိယားဗုံးတီထွင်ဖို့ သိပ္ပံပညာရှင်တစ်ယောက်ကို ဖမ်းဆီးထားပါတယ်။ စနိုက်ပါတစ်ယောက်၊ စစ်သူရဲကောင်းတစ်ယောက်၊ သိပ္ပံကျောင်းသားတစ်ယောက်နဲ့ ဗိုလ်ကြီးတစ်ယောက်က သူ့ကို အသေခံမစ်ရှင်အနေနဲ့ သွားကယ်တင်ကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။

စစ်သူရဲကောင်းကြီးက အိမ်လွမ်းဝေဒနာကိုခံစားနေရပြီး လူသေတွေအားလုံးကို သူ့သမီးလို့ပဲမြင်ယောင်နေတာပါ။ ဒီအချက်နဲ့တင်တည်ပြီး ဒီထက်ပိုကောင်းအောင် Psychology ဆန်ဆန်ရိုက်ကူးလို့ရပေမယ့် ဘတ်ဂျက်အခြေအနေကြောင့် ဇာတ်လမ်းကို ပေါ့ပစ်လိုက်ရဟန်တူပါတယ်။ အသံပိုင်းဆိုင်ရာကလည်း သိပ်အားရစရာမရှိပါဘူး။ သေချာ အချိန်သီးသန့်ယူပြီး ကြည့်ရလောက်အောင်ကောင်းတဲ့ စစ်ကားမျိုးမဟုတ်ဘဲ အပျင်းပြေကြည့်ပျော်တဲ့ စစ်ကားမျိုးဘက်ကိုသွားပါတယ်။

စစ်ကားတွေကိုအသည်းစွဲကြိုက်ပြီး စစ်ကားမှကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်တော့ အပျင်းပြေစေမယ့်အနေအထားရှိပေမဲ့ Low Budget ရုပ်ရှင်ဖြစ်တာကြောင့် အများကြီးမျှော်လင့်မထားဖို့တော့ ကြိုပြောချင်ပါတယ်။

(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.85GB, 805MB
Quality – 1080p, 720p
Format – mp4
Duration – 1H 25Min
Genre – Action, Thriller, War
Subtitle – Myanmar Subtitle (Hardsub)
Translated by Min Thant Bo
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Giles Alderson
Stars
Anastasia Martin, Ed Westwick, Éva Magyar, Matt Willis, Rupert Graves, Sam Gittins, Scott Rose-Marsh
Release Date
2022
Rated
Unrated
Runtime
1h 27m
Country
United Kingdom
Popularity
8.51
Status
Released
ID IMDb.com
tt14618028
IMDB votes
388
ID Themoviedb.org
843399
TMDb Rating
4.9
TMDb votes
11