Wonderful Nightmare (2015) – Channel Myanmar
Channel Myanmar

Wonderful Nightmare (2015)

Wonderful Nightmare    

N/A 125 min ComedyDramaFancy

6.9
IMDB: 6.9/10 183 votes

, , ,

1 nomination.

South Korea

21609

Report error

mmbusticket

ဒီဇာတ်ကားလေးကတော့ သဘာလွန်ဖြစ်ရပ်လေးတွေ ပါဝင်နေတဲ့ ဇာတ်ကားလေးပါ။

တစ်ကားထဲနှင့် အချစ် အလွမ်း မိသားစုသံယောဇဉ် ဟာသ စိတ်ဓါတ်ခွန်အားစတာတွေ

အားလုံးခံစားရရှိနိုင်တယ်လို့ အာမခံပါတယ်။

အဓိက သရုပ်ဆောင်တွေကတော့Romanace of the Witch ဇာတ်လမ်းတွဲမှ မင်းသမီးကြီးနဲ့

ကျွန်တော်တို့မြန်မာပရိသတ်ကြီးအချစ်တော် ဂျွန်စော မင်းသားကြီးပါပဲ…

ဇာတ်လမ်းလေးကတော့…
ရှေ့နေ လီယွန်ဝူးဆိုတဲ့ အပျိုကြီးမမတစ်ယောက်ကနေ စတာပါပဲ။

အပျိုကြီးမမက ငယ်ငယ်ထဲက အဖေဆုံးသွားခဲ့ပြီး အဖေကို ချစ်လွန်းလို့

လွမ်းဖျားလွမ်းနာကျနေတဲ့အမေနှင့် နေခဲ့ရပြီး အမေကလည်း နောက်ထပ်နှစ်အနည်းငယ်မှာ

ကွယ်လွန်သွားတော့ ငယ်ငယ် ကတည်းက ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချခဲ့တယ်။

မိသားစုဘ၀ကို ဘယ်တော့မှ မထူထောင်ဘူး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရမယ်

တစ်ကိုယ်တည်း အပျိုကြီးဘ၀ပေမယ့် အောင်မြင်နေရမယ်ဆိုပြီးတော့ပေါ့။

တကယ်လည်းအောင်မြင်တဲ့ဘ၀ ထူထောင်နိုင်ခဲ့ပါတယ်…

ဒါပေမယ့် အောင်မြင်မှုနဲ့ငွေကြေးနောက်ကို လိုက်လွန်းတော့လည်း

မုဒိမ်းမှုမှာတောင် တရားခံဘက်ကနေ ရှေ့နေလိုက်ပေးတဲ့ အပျိုကြီးမမရှေ့နေမကြီးပေါ့..

တစ်ရက်မှာတော့ မထင်မှတ်ပဲ မတော်တဆကားတိုက်မှုဖြစ်ပြီးသေဆုံးသွားပြီ

ဘ၀မကူးခင် နေရတဲ့ကြားဘုံကို ရောက်သွားပါတော့တယ်။တကယ်တော့ သူမဟာသေဆုံးချိန်မတိုင်ပဲ ကြားဘုံမှာ

အလုပ်လုပ်နေတဲ့နတ်သားတွေရဲ့ မှားယွင်းချက်ကြောင့် ရောက်နေရတာပါ။

တစ်ချိန်တည်းမှာ နတ်သားတွေက အမှားတစ်ခုထပ်ကျူးလွန်ထားပါတယ်…

အဲဒါကတော့ သေဖို့တစ်လလောက် လိုသေးတဲ့ အမျိုးသမီးတစ်ယောက်ကိုလည်း မှားခေါ်မိတာပါ။

အဲဒီအမျိုးသမီးကတော့ ကြားဘုံကိုလွန်လို့ နတ်ပြည်တောင်ရောက်သွားလို့ ပြန်ပြင်ဖို့ ခက်နေပါတယ်။
ဒါကြောင့် နတ်သားတွေအနေနဲ့ အဲဒီအမျိုးသမီးနေရာကို တစ်လလောက်ပို့ထားလို့ လူလိုနေပါတယ်။

ဒါကြောင့် ရှေ့နေလီယွန်ဝူးကို အချိန်မှားပြီးရောက်လာကြောင်းမပြောပြဘဲ
ထိုအမျိုးသမီးနေရာ တစ်လ၀င်ပေးလျှင် ဘ၀ကူးရန်မလိုဘဲ

လူ့ပြည်ပြန်ပို့နိုင်ကြောင်း ပြောပြီး ထို အမျိုးသမီးဘ၀ဖြင့် တစ်လနေပေးရန် ညှိုနိုင်းကာ သဘောတူလိုက်ကြလေသည်
ရှေ့နေ လီယွန်ဝူး ရောက်ရှိသွားသော အမျိုးသမီးဘ၀သည်

အိမ်ထောင်သည် ကလေးနှစ်ယောက်အမေ မိသားစုအတွက် အစစအရာရာအနစ်နာခံပေးသည့် ဖြစ်နေသောအခါ………
ဖက်ရှင်ကျကျ အပျိုကြီးမမ ဘယ်လိုများ စခန်းသွားရမလဲ တစိမ်းယောက်ျားတစ်ယောက်ရဲ့မိန်းမဘဝ
ဆယ်ကျော်သက်ရွယ်သမီးပျိုတစ်ယောက်နှင့် မူကြိုအရွယ်သားတစ်ယောက်တို့ရဲ့အမေဘဝ
မကြာခင်တစ်လအတွင်းမှာ ကွယ်လွန်တော့မယ်တဲ့သူတစ်ယောက်ကို

ဘယ်လိုများ ဖြတ်ကျော်သွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပါ
အပျိုကြီးမမများအနေနဲ့ ဒီဇာတ်ကားလေး ကြည့်ရှုပြီး ရွေးချယ်ခွင့်ရမယ်ဆိုရင်

အပျိုကြီးဘ၀ကိုပဲ ရွေးချယ်သင့်သလား

အိမ်ထောင်သည်ဘ၀ကိုပဲရွေးချယ်သင့်လားဆိုတာကိုဒီဇာတ်ကားလေး ကြည့်ရှုပြီး ဆုံးဖြတ်နိုင်ကြပါစေဗျာ..

Quality…..720p HDrip
Duration…..01:56:00

Format…Mp4

File Size…(889 MB , 529 MB)

Encoder…..Moe Myint Lwin

Translator…..Little Twinlay

Download with VIP Link

 

Download with Pcloud

 

Download with Pcloud (Small Size)

 

 



No links available
No downloads available

Related movies