Exit print mode Print Data A+ A- Undo all

Wuthering Heights (2011)

Love is a force of nature
Wuthering Heights (2011)Wuthering Heights (2011)

Synopsis:

Wuthering Heights (2011)
IMDb – 6.0/10_____Rotten – 68%

 

 

Wuthering Heights ဆိုကထဲက ၉တန်း(အရင်သင်ရိုး ၁၀တန်း)ကျောင်းသား အရွယ်က သင်ကြားခဲ့ရတဲ့ သင်ခန်းစာလေးဆိုတာကို နည်းနည်းတော့မှတ်မိကြဦးမယ်ထင်ပါတယ် Liverpool မြို့လေးမှာ
“Cathy or Catherine, Hindley, Heathcliff Earnshawမိသားစု”ပါဝင်ခဲ့တဲ ဒီဇာတ်လမ်းလေးဟာ ကစားဖို့ မုန့်စားဖို့ ရုပ်ရှင်ကြည့်ဖို့လာသိတဲ့ ကလေးအရွယ် ကျွန်တော်တို့နှလုံးသားကိုတောင် ခပ်စပ်စပ် ရိုက်ခတ်နိုင်စွမ်းရှိခဲ့တယ် အရွက်ရောက်လာတော့လည်း အနည်ထိုင်စပြုနေတဲ့ ကျွန်တော့တို့နှလုံးသားကို ဒုတိယံပိ ပြန်လည်လှုပ်နှိုးခံလိုက်ရတယ် အဲ့ဒါကတော့စာရေးဆရာ ကျော်လှိုင်ဦးဘာသာပြန်ထားတဲ့ လေထန်ကုန်းဆိုတဲ့စာအုပ်လေးကြောင့်ပါ…. ဟော အခု ရုပ်ရှင်အသွင်နဲ့ပြန်ကြည့်ရတော့ ဘယ်ပြောကောင်းမလဲဗျာ…. နောက်တော့မှသိလာရတာက Wuthering Heights ကို Emily Btonyရေးသားပြီး ဒီစာအုပ်ဟာ ခေတ်အဆက်ဆက် အကြီးကျယ်ဆုံးသော ဂန္တဝင်ဝတ္ထုစာရင်းဝင်ခဲ့ပါတယ်…. လူရဲ့ကိုယ်ကျင့်တရား…မျိုးဆက်သစ်ပြုစုပျိုးထောင်မှုရဲ့အရေးပါပုံ…စာပေသင်ကြားခွင့်ဆုံရှုံးခြင်းဟာ လူ့ဘဝရဲ့အကြီးမားဆုံးသော ဆုံးရှုံးမှု ဆိုတာတွေကို ဒီကားမှာတွေ့နိုင်ပါတယ် ……***********
မေ့နေတဲ့သူတွေအတွက် နည်းနည်းနွှေးရင်းဇာတ်လမ်းလေးအကြောင်းပြောပြပါ့မယ်

 

 

 

Mr.Earnshaw ကြီးက Heathcliff ဆိုတဲ့ လမ်းပေါ်ကမိဘမဲ့ကောင်လေးတစ်ယောက်ကိုအိမ်ခေါ်လာပြီးမွေးစားခဲ့ပါတယ် အဲ့ဒီကောင်လေးဟာ မိမရှိဖမရှိ စကားတောင်ယဉ်ယဉ်ကျေးကျေးမပြောတတ်တဲ့ကောင်လေးဆိုတော့လည်း အိမ်သားတွေကမကြည်ဖြူဘူးပေါ့ Mr Earnshaw ကြီးမှာ Hindley နဲ့ Cathy ဆိုပြီးသားသမီးနှစ်ယောက်ကလည်းရှိပါတယ် သားဖြစ်တဲ့ Hindley ကတော့ လမ်းပေါ်ကကောင်လေး Heathcliff ကိုအမြင်ကတ်တဲ့ပုဒ်မနဲ့ အမြဲလိုလို ရန်ရှာခိုင်းစေတတ်ပါတယ် နှိမ်တယ် Cathyကတော့နူးညံ့တဲ့နှလုံးသားပိုင်ရှင်မိန်းကလေးပီပီ Heathcliffကိုသူငယ်ချင်းတစ်ယောက်လိုပဲမခွဲမခြားဆက်ဆံပါတယ်ဒါပေမယ့်လည်း ဂုဏ်ပကာသန ဆိုတာလူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ အဆင်တန်ဆာတစ်ခုဖြစ်နေလေတော့ ချမ်းသာတဲ့Linton မိသားစုဝင်တစ်ဦးဖြစ်တဲ့ Aggar နဲ့ Catherine ကလက်ထပ်ဖို့အထိဖြစ်လာခဲ့ပါတယ် အဲ့ဒီအချိန်မှာ Heathcliff အတွက် ခိုကိုးရာမဲ့သူသလိုဖြစ်သွားတယ်… ရှားရှားပါးပါးသူ့ကိုကြင်နာဂရုစိုက်ဆက်ဆံတတ်တဲ့သူကဂုဏ်သိက္ခာအဆင့်အတန်းတွေကြောင့်သူ့ဘေးနားကထွက်ခွာသွားရမယ်ဆိုတဲ့နာကျည်းမှုတွေက သူ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေဖို့အတွက် အဝေးတစ်နေရာကိုထွက်ပြေးသွားစေတဲ့အထိဖြစ်ခဲ့ပြီးသူ့ဘဝလည်းပြောင်းလဲလာခဲ့ပါတယ် ချမ်းသာမှု မိမိကိုယ်ကိုယုံကြည်မှုတွေနဲ့ ကျားရဲတစ်ကောင်လိုပြန်လာခဲ့တယ်.. ဒါပေမယ့်သူပြန်လာတဲ့အချိန်မှာအခါနှောင်းသွားခဲ့ပါပြီ …… ရှေ့ဆက်ဖြစ်မဲ့ဟာတွေတော့ အပြည့်အဝကြည့်ရှုရင်းခံစားလိုက်ပါဦး… ကိုင်းပြိတ်သတ်ကြီးရေ….အနည်ဆိုတာမျိုးကတစ်ခုခုနဲ့ထိခိုက်မိရင် ပြန်လှုပ်ခပ်ရိုးမဟုတ်လား …ခင်ဗျားတို့ရင်ထဲမှာအနည်ထိုင်ခဲ့တာကို အပြင်းစားရိုက်ချက်ကြီးနဲ့ ပြန်လည် လှုပ်ခတ်ခံရမှာကြောက်နေတယ်ဆိုရင်တော့ …… သဘောရှိပါဗျား…..

 

 

ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Pyae Xeinn Sett ပါ

 

 

File Size…(930 MB)
Quality… 720p
Format…mp4
Duration…02:09:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…Phyo Pyae
Translated by Pyae Xeinn Sett



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Wuthering Heights
Director
Andrea Arnold
Stars
Amy Wren, James Howson, James Northcote, Kaya Scodelario, Nichola Burley, Oliver Milburn, Paul Hilton, Shannon Beer, Steve Evets
Release Date
11 November 2011 (UK)
Runtime
2h 9min
Awards
6 wins 9 nominations
Country
UK
Budget
USD $5 692 172,00
Revenue
USD $1 742 215,00
Popularity
12.396
Status
Released
ID IMDb.com
tt1181614
IMDB Rating
6.0
IMDB votes
9,362
ID Themoviedb.org
9364
TMDb Rating
5.9
TMDb votes
151