Exit print mode Print Data A+ A- Undo all

Yatra(2019)

He wanted to leave a footprint in history. Instead, he left one in the hearts of people.
Yatra(2019)Yatra(2019)

Synopsis:

Yatra(2019)

IMDb….9.0

တစ်နေ့ကားတစ်စီးနဲ့သားအဖ(၂)ယောက် စာသင်ကျောင်းထဲရောက်လာတယ်….အဖေဖြစ်သူက

ကျောင်းဆရာအား သူ့သားကိုအပ်ရင်း တောင်းဆိုမှုတွေပြုလုပ်တယ်…

” ဆရာ ကျွန်တော့်သားကို စာတွေသင်ပေးတာအပြင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်သင်ပေးပါ”

” အံအားသင့်စရာပဲဗျ ကျွန်တော့်ဘ၀မှာအဖေတွေက သူ့တို့သားသမီးတွေကို ဆရာဝန်၊

အင်ဂျင်နီယာတွေပဲဖြစ်အောင်လုပ်ပေးပါလို့ပြောတာပဲတွေ့ဖူးတာ..ခင်ဗျားလို သူ့သားကို

နိုင်ငံရေးးခေါင်းဆောင်ဖြစ်အောင်လုပ်ပေးပါဆိုတဲ့အဖေကိုတော့ ပထမဆုံး

တွေ့ဖူးတာပဲဗျ….”

“အင်ဂျင်နီယာ ဒါမှမဟုတ် ဆရာဝန်က လူတစ်ထောင်သို့မဟုတ် တစ်သိန်းလောက်ကိုပဲကူညီနိုင်တယ်…ဒါပေမယ့်

နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကတော့ လူမီလီယံပေါင်းများစွာကိုတစ်ချက်ထဲနဲ့ကူညီနိုင်တယ်…

ပြီးတော့ ကျွန်တော့သားကိုပြောပြီးပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပေးတဲ့ခေါင်းဆောင်ဖြစ်အောင်

သင်ပေးပါဆရာ၊အသက်မရှည်ရင်မရှည်ပါစေနဲ့၊အာဏာမရှိရင်မရှိပါစေနဲ့၊လူတွေရဲ့နှလုံးသားထဲမှာ

အမြဲတမ်းကျန်ရှိနေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပေးပါဆရာ”

ဒါကတော့  တစ်ချိန်မှာ အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာမယ့် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ အဖေဖြစ်သူက

သူ့သားကိုကျောင်းအပ်စဉ်က ပြောခဲ့တဲ့စကားဖြစ်ပါတယ်…

ဒီဇာတ်ကားကတော့ ၂၀၀၄ ကနေ ၂၀၀၉ အထိ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့
YSR လို့ခေါ်ကြတဲ့ ၀န်ကြီးချုပ် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ ရွေးကောက်ပွဲအတွက် လမ်းလျှောက်မဲဆွယ်တဲ့

ယာထရာအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်…

နိုင်ငံရေးလောက ထဲကိုသူ လျှောက်လမ်းစဉ်မှာ အခက်အခဲပေါင်းစုံ၊အတိုက်အခံပါတီပေါင်းစုံနဲ့

သူဖြတ်သန်းခဲ့တဲ့ ခယောင်းလမ်းကို တွေ့ရမှာဖြစ်ပါတယ်…

သူဟာ ငယ်စဉ်က သူ့အဖေပြောခဲ့သလို ပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲကျန်ရှိနေတဲ့ ခေါင်းဆောင်

ကောင်းတစ်ယောက်ဖြစ်မလား၊ သူဘယ်လိုတွေပေးဆပ်ခဲ့ရလဲ…

ဘယ်လိုတွေကြိုးစားခဲ့လဲ…

ပြည်သူတွေအပေါ်ဘယ်လိုသဘောထားခဲ့လဲ…

ပါတီဝင်အချင်းချင်းနဲ့ အတိုက်အခံတွေကြားမှာ ဘယ်လို လှုပ်ရှားခဲ့လဲ….

စတာတွေကို ကြည့်ရမှာဖြစ်မှာပါတယ်….

ငယ်ဘ၀ကိုအနည်းအကျဉ်းပဲပြထားပြီး နိုင်ငံရေးလောကထဲစ၀င်တဲ့အချိန်ကစပြီးရိုက်ပြထားတာမို့

ဇာတ်လမ်းက တကယ့်ကိုခပ်သွက်သွက်နဲ့ ဝေ့ပိုက်နေတာမျိုးတွေအီနေတာတွေမရှိလို့

တကယ့်ကိုဆွဲဆောင်မှုရှိတဲ့ကားကောင်းတစ်ကားဖြစ်သလို

အတုယူဖွယ် အမူအကျင့်ပေါင်းများစွာလည်းပါရှိတဲ့ကားဖြစ်လို့ ကုလားကားကောင်းကြိုက်သူတို့အတွက်

ကြည့်ကြပါလို့ သတင်းကောင်းပေးပါရစေ…

ဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ Yoon Wah Wah Theint ပဲ ဖြစ်ပါတယ်…

File Size : (950 MB) and (386 MB)
Quality : WEB-DL 720p,
Format…mp4
Duration…02:07:00
Genre :  BiographyDrama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yoon Wah Wah Theint
Encoded by Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Yatra
Director
Mahi V. Raghav
Stars
Anasuya Bharadwaj, Ashrita Vemuganti, Jagapati Babu, Mahesh Achanta, Mammootty, Nagineedu Vellanki, Posani Krishna Murali, Rajsekhar Aningi, Rao Ramesh, Sachin Khedekar
Release Date
08 Feb 2019
Rated
Not Rated
Runtime
127 min
Awards
N/A
Country
India
Popularity
4.962
Status
Released
ID IMDb.com
tt8426840
IMDB Rating
9.0
IMDB votes
2,545
ID Themoviedb.org
521714