Exit print mode Print Data A+ A- Undo all

Yojimbo (1961)

Seven Samurai if it Was Just One Samurai!
Yojimbo (1961)Yojimbo (1961)

Synopsis:

 

IMDb rating – 8.2

ဒီ​ရုပ်ရှင်​ကတော့ ဂျပန်​ဂန္တဝင်​ဒါရိုက်တာ​ Kurosawa Akira ရဲ့ နာမည်​ကျော်လက်ရာဖြစ်တဲ့ Yojimbo​ ဖြစ်ပါတယ်။ Rashomon (1950) Ikiru (1952) Seven Samurai (1954) နဲ့ Ran (1985) တို့လို​ရုပ်​ရှင်​တွေကို ရိုက်ကူး​ခဲ့​တဲ့​Kurosawa ရဲ့ ၂၁ ကားမြောက်​ဇာတ်ကား​ဖြစ်​ပါတယ်။

ဟောလီးဝုဒ်ဂန္တဝင်ရုပ်ရှင်များ ဖြစ်တဲ့ Dollars Trilogy ရဲ့ ပထမဆုံး​ရုပ်ရှင် A Fistful of Dollars က ဒီဇာတ်ကားကို Remake ပြုလုပ်ထားတာဖြစ်ပါတယ်။ အဖြူ​အမည်းရုပ်ရှင်ဖြစ်တဲ့ Yojimbo​ ဟာ ၁၉၆၁ ကထွက်ရှိခဲ့ပြီး အနောက်​တိုင်း​ရုပ်ရှင်​တွေအပေါ်မှာ လွှမ်း​မိုးမှုကြီးခဲ့ပါတယ်။ Clint Eastwood ရဲ့ နာမည်​ကျော်​ကောင်းဘွိုင်ဇာတ်ကောင် The​ Man with No Name ကနေ Star Wars နဲ့ Last Man Standing ရုပ်ရှင်​တွေအထိ ဒီဇာတ်ကားရဲ့သြဇာမကင်းတာ တွေ့နိုင်ပါတယ်။

ဇာတ်လမ်း​အကျဥ်း​ကတော့ Edo ခေတ်နှောင်းပိုင်းလောက်မှာ အမည်​မသိရတဲ့ လေလွင့်​ Ronin တစ်ဦး မြို့​လေးတစ်မြို့ကိုရောက်လာရာကနေ အစပြုပါတယ်။ ရိုနင်ဆိုတာ ခစားတဲ့သခင်မရှိဘဲ ခြေဦးတည့်ရာကိုလေလွင့်သွားလာနေတဲ့ ဆာမူရိုင်း​ကိုဆိုလိုပါတယ်။ မြို့​ရောက်​ပြီးမကြာခင် ဒီမြို့​လေးမှာ ရာကူဇာဂိုဏ်းနှစ်ဂိုဏ်း အပြိုင်ကြီးစိုးပြီး သောင်းကျန်းနေတာကြောင့် မြို့​လည်းကပ်ဆိုက်လုမတတ် ပျက်စီး​ယိုယွင်း​နေတာကိုသိလိုက်ရပါတယ်။ လောင်း​ကစားလုပ်ငန်းအတွက် နယ်​မြေလုရင်း တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း အပြတ်ချေမှုန်းဖို့ ရန်​စောင်နေကြတာကို ဆာမူရိုင်းသိလိုက်ချိန်မှာတော့ နှစ်ဂိုဏ်းလုံးကိုအပြတ်ရှင်းဖို့ ဆုံးဖြတ်​လိုက်​ပါတော့တယ်။

Edo ခေတ်​အဆုံး​ Meiji ခေတ်မတိုင်ခင်မှာ ဇာတ်​အိမ်​တည်ထား​တဲ့ ဒီရုပ်ရှင်​ဟာ မြေရှင်​ပဒေသရာဇ်​ခေတ် ဂျပန်​နိုင်ငံ​ကိုအခြေပြုထားပေမဲ့ Cinematography​ ကိုတော့​ ဟောလီးဝုဒ် Western ရုပ်ရှင်​ဆန်​ဆန် မြင်​ကွင်း​ကျယ်​များနဲ့​ရိုက်​ကူး​ထားပြီး​ မူလဇာတ်​လမ်း​ကလည်း အနောက်​တိုင်း​ဝတ္ထု​တစ်ပုဒ်ကို မှီတည်ထားတာဖြစ်ပါတယ်။ ဒါကြောင့်​လည်း ဆာမူရိုင်း​နေရာမှာ မြင်းစီးကောင်း​ဘွိုင်၊ Katana ဓား​နေရာ​မှာ သေနတ်​ပြောင်းပြီး ဟောလီးဝုဒ်​က Remake​ရိုက်ကူး​အောင်မြင်​သွားခဲ့တာဖြစ်နိုင်ပါတယ်။ ဂန္တဝင်​ဇာတ်ကား​ဖြစ်တာမလို့ အကျယ်ပြောနေစရာမလိုဘဲ Kurosawa ရဲ့​ရုပ်ရှင်​တွေကို မြည်း​စမ်း​ချင်သူတွေအတွက် ပထမဆုံး​ကြည့်ရှုသင့်တဲ့ ဇာတ်ကား​တွေထဲက တစ်ကားဖြစ်ပါတယ်။

 

File size…(1.8 GB)/(870 Mb)
Quality….Blu-Ray 1080p / 720p
Format…mp4
Duration….01:50:00
Genre…Action, Drama, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Wolfenhein



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
27.735
Status
Released
ID IMDb.com
tt0055630
IMDB Rating
8.2
ID Themoviedb.org
11878
TMDb Rating
8.099
TMDb votes
1338