Young President And His Contract Wife ( 2018 )
Synopsis:
Romance ကားတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်ပါ
ချန်ယွီဟန်က ချန်လုပ်ငန်းစုကသမီးဖြစ်ပြီး ချန်လုပ်ငန်းစုအဆင်မပြေဖြစ်ချိန်မှာ
အဖေ့မိတ်ဆွေအိမ်ဖြစ်တဲ့ယဲ့အိမ်မှာသွားနေခဲ့ရပါတယ်…
ချန်ယွီဟန်အဖေရဲ့မိတ်ဆွေသားလည်းဖြစ်
ယဲ့လုပ်ငန်းစုဥက္ကဌလည်းဖြစ်တဲ့ယဲ့ချန်ရှီးနဲ့ချန်ယွီဟန်က
အမူးလွန်ပြီးတစ်ညတာမှားခဲ့ကြလို့ ချန်ယွီဟန်မှာကိုယ်ဝန်ရသွားခဲ့ပြီး
ယဲ့အိမ်ကလူကြီးတွေကနှစ်ယောက်ကိုအတင်းလက်ထပ်ခိုင်းလိုက်ကြပါတော့တယ်…
ချန်ယွီဟန်ကိုလက်မထပ်ချင်တဲ့ယဲ့ချန်ရှီးက ကလေးကြောင့်
မတတ်သာလို့သာလက်ထပ်ရပေမဲ့လည်း
ဟန်ပြလင်မယားအဖြစ်သာနေသွားမှာဖြစ်လို့ ချန်ယွီဟန်နဲ့စာချုပ်တစ်ခုချုပ်ဆိုခဲ့ပါတယ်…
ယဲ့ချန်ရှီးကိုငယ်ငယ်ကတည်းကတစ်ဖက်သတ်ကြိုက်လာခဲ့တဲ့
ရီလုပ်ငန်းစုသူဌေးသမီးရီရွမ်းရွမ်းက ယဲ့ချန်ရှီးကိုအပါမခံနိုင်သောအခါ…
တစ်ဖက်မှာလည်း ချန်ယွီဟန်ရဲ့ရည်းစားဟောင်းဖြစ်သလို
ယဲ့လုပ်ငန်းစုနဲ့စီးပွားပြိုင်ဘက်ဖြစ်တဲ့လင်လုပ်ငန်းစု
ဥက္ကဌလင်ကျင်ယွိကလည်းချန်ယွီဟန်ဆီကိုပြန်သွားချင်နေသောအခါ
ရီရွမ်းရွမ်းနဲ့လင်ကျင်ယွိတို့ပူးပေါင်းပြီး ယဲ့ချန်ရှီးနဲ့ချန်ယွီဟန်တို့ရဲ့
အိမ်ထောင်ရေးကိုဘယ်လိုနှောင့်ယှက်ကြမလဲ….
အစကတော့စာချုပ်နဲ့ချုပ်ထားကြတဲ့ဟန်ပြလင်မယားတွေပဲ
ဆိုပေမဲ့နောက်ပိုင်းတကယ်ချစ်မိသွားကြသောအခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့
ဒီဇာတ်ကားလေးထဲမှာဆက်လက်စောင့်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ….
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။