Channel Myanmar

Content at random


Movies

SEE ALL
Wonder Woman (2017) 7.4
Wonder Woman (2017) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Wonder Woman (2017)

2017
4K HEVC
Across the Universe (2007) 7.3
Across the Universe (2007) ဒီတခေါက်တင်ဆက်ပေးမှာကတော့The Beatles အဖွဲ့ရဲ့ သီချင်းတွေကို အခြေပြုပြီးရိုက်ကူးထားတဲ့Across the Universe ဆိုတဲ့ Musical/Romance အမျိုးအစား ကားလေးပါဇာတ်ကားနာမည်ကိုကပဲ The Beatles အဖွဲ့ရဲ့သီချင်းJohn Lennon နဲ့ Paul McCartney တို့ရေးထားတာကို ယူထားတာပါတကားလုံးရဲ့ ဇာတ်လမ်းအပြ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကိုThe Beatles သီချင်းတွေနဲ့ ဖော်ကြူးသွားမဲ့ Musical film ငြိမ့်ငြိမ့်လေးပါThe Beatles အဖွဲ့ကျော်ကြားခဲ့စဉ်အခါက ခေတ်ကာလ၁၉၆၀ ကျော် ခုနှစ်တွေကို တည်ထားပါတယ်၁၉၆၀ ကျော်ဝန်းကျင်ဆိုတော့ အမေရိကန်ကဗီယက်နမ်စစ်ပွဲတိုက်နေတဲ့အချိန်ကာလ၊ အဲ့ကာလရဲ့ ပြည်သူလူထုတွေရဲ့သဘောထား အခြေအနေကိုလည်း ထင်ဟပ်ထားပါတယ်The Beatles ရဲ့ဖန်တွေဆိုရင် ဇာတ်ကားနဲ့ relate နိုင်ပြီးသီချင်းတွေကို ခံစားစီးမျောနိုင်မှာပါIMDB rating ကလည်း 7.3 တောင် ရထားတာမို့ကြည့်ရှုကြည့်စေချင်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ...လီဗာပူးမြို့က ဆင်းရဲသားကောင်လေးတယောက်ဟာသူ့နေ့စဉ်လုပ်နေကျ သင်္ဘောဝင်းထဲ ကျောက်မီးသွေးကော်ရတဲ့အလုပ်ကိုစိတ်ကုန်လာပြီး စိတ်အနားပေးချင်တဲ့အတွက်သူ့အဖေကို ရှာဖို့ဆိုပြီး အမေရိကန်ကို သင်္ဘောနဲ့တရားမဝင်ခိုးလိုက်လာခဲ့ပါတယ်ဟိုရောက်တော့ ...
movie

Across the Universe (2007)

4K HEVC
Bounty Hunters (2016) 5.4
Bounty Hunters (2016)  2016 ဟာသ အက်ရှင် ကားလေးပါ။ခေါင်းဆောင်မင်းသားအဖြစ် လီမင်ဟို ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက်အဖွဲ့တစ်ခုရဲ့ဗုံးဖောက်ခွဲမှုတွေကို လိုက်စုံစမ်းရင်း ကြေးစားလုံခြုံရေးညီအစ်ကို ၂ ယောက် အထင်လွဲခံရပြီ ဝရမ်းပြေးဖြစ်လာခဲ့ပါတယ်။သူတို့လိုပဲ အထင်လွဲခံနေရတဲ့ နောက်ကြေးစားတစ်ဖွဲ့နဲ့ပေါင်းပြီးတရားခံအစစ်ကို လိုက်ဖော်ထုတ်တဲ့အကြောင်းကိုဟာသဆန်ဆန် အတိုက်အခိုက်တွေနဲ့ လှလှပပလေး ရိုက်ကူးထားတာပါ။ပေါ့ပေါ့ပါးပါးလေးနဲ့ ကောင်းကောင်းကြည့်နိုင်မှာပါ။ File size…    2.4 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Comedy/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Little Neo 
movie

Bounty Hunters (2016)

Joker (2019) 8.5
Joker (2019) Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie

Joker (2019)

2019
4K HEVC
Evil Does Not Exist (2023) 7.2
Evil Does Not Exist (2023) Evil Does Not Exist ( 2023 )Drive My Carနဲ့ အော်စကာရပြီးတဲ့နောက် ရူဆုခဲဟမဂုချိဟာ Evil Does Not Exist နဲ့ Gift နှစ်ကားဆက်ရိုက်ဖို့ရှိတယ်လို့ ကြေညာခဲ့ပြီး အခုတော့ Evil Does Not Exist တော့ ထွက်လာပါပြီ။ Gift ကတော့ ပိုစတာတောင်မတွေ့ရသေးသလို ဘယ်လိုကားမှန်းလည်းမသိရသေးဘူး။ အော်စကာမှာတော့ အစကတည်းက စာရင်းမတင်ထားပေမဲ့ ဗင်းနစ်ရုပ်ရှင်ဆုပေးပွဲအပါအဝင် တခြားပွဲပေါင်းများစွာမှာတော့ ဆုတွေ တန်းစီရထားတယ်။ စစချင်းမှာတော့ Evil Does Not Existကို ဒိုင်ယာလော့မပါတဲ့ နာရီဝက်စာ ရုပ်ရှင်တိုအဖြစ် ရိုက်ဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ ရိုက်ရင်းရှည်ရှည်သွားတတ်တဲ့ ဟမဂုချိရဲ့ထုံးစံအတိုင်း ဒိုင်ယာလော့နည်းနည်းပါးပါးဖြည့်ပြီး ၂နာရီစာကားအနေနဲ့ ပြောင်းထွက်လာခဲ့တယ်။ ဂျပန်မှာတောင် ဧပြီ၂၆မှ ရုံတင်မှာဖြစ်လို့ ဦးဦးဖျားဖျားကြည့်ရမယ့် သဘောပါပဲ။Evil Does Not Exist ရဲ့ Concept ဟာ သဘာဝနဲ့လူသားကြားက ...
movie

Evil Does Not Exist (2023)

2023
Dune: Part Two (2024) 8.8
Dune: Part Two (2024)  Dune: Part Two (2024) ထွက်ရှိလာပါပြီ...အညွှန်းကိုတော့ part 1က ဟာကိုပဲစပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်... သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac,တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendarysoundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာDUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ခေတ်လွန် Dune Universeထဲမှာ Known Universeကိုအုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက်မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲအုပ်ချုပ်​စေခြင်းကစပါတယ်။ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့Spiceဆိုတဲ့အရာ​ကြောင့် ...
movie

Dune: Part Two (2024)

4K HEVC
Kultus Iblis (2023) 5.9
Kultus Iblis (2023) Kultus Iblis (2023)2023 တုန်းကထွက်ရှိထားခဲ့တဲ့ အင်ဒိုနီးရှား Horror ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ Horror ကားတွေ ထွက်ခဲ့သမျှ ဇာတ်လမ်းဇာတ်ကွက်တွေ ထပ်လာပြီး Jump Scare အခန်းတွေကိုတောင် လူတွေက မကြောက်ကြတော့ပါဘူး။ နောက်ပိုင်းထွက်လာတဲ့ Horror ကားတွေမှာတော့ ကြောက်အောင်ခြောက်တာထက် တွေးရင်းကြောက်လာအောင် လုပ်တဲ့ Horror ကားပုံစံတွေ ပိုပြီးအရိုက်များလာကြပါတယ်။ ဒီလိုမျိုး Thriller/Horror ကားမျိုးတွေကို ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီကားလေးကို ကြည့်လိုက်ကြဖို့ ညွှန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ရာကာ နဲ့နေယာဆိုတဲ့ အမွှာမောင်နှမ နှစ်ယောက်ရှိပါတယ်။ တစ်နေ့ သူတို့အိမ်ကိုပြန်လာတော့ သူတို့ရဲ့ ဖခင်ဖြစ်သူက ရုပ်ပျက်ဆင်းပျက် သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ တိုက်တစ်ခုလုံးလဲ သွေးတွေနဲ့ပေပွနေပါတယ်။ ဒါနဲ့ပဲ သူတို့အဖေရဲ့ အသုဘကို လုပ်တဲ့အချိန်မှာ သူတို့ဗလီဆရာက ဒါကအောက်လမ်းပညာကြောင့် သေတာလို့ ပြောပါတယ်။ ဒါပေမဲ့ ခေတ်ပညာတတ်တွေဆိုတော့ ဒါမျိုးကိုအယုံကြည်မရှိကြပါဘူး။ ဒါပေမဲ့ အဲ့ညမှာပဲ သူတို့အဖေရဲ့ အလောင်းပျောက်ခြင်းမလှ ပျောက်သွားပါတယ်။ ဒါနဲ့ပဲ သူတို့လဲ ကြံရာမရပဲ သူတို့အဖေအခန်းထဲ ဝင်ရှာကြည့်ကြရာကနေ အရင်က သူတို့အဖေရဲ့ နောက်ဆုံးချန်ထားခဲ့တဲ့ အမှာစကားကိုတွေ့သွားပြီး သူတို့အဖေက ဘာလို့သူ့ငယ်ဘဝကို ဖုံးကွယ်ထားတာလဲ သူကအောက်လမ်းပညာကို ...
movie

Kultus Iblis (2023)

2023
What Happened to Monday (2017) 6.8
What Happened to Monday (2017) What Happened to Monday (2017) ========================= IMDb Rating - 6.8/10၂၀၁၇ ကထွက်ရှိထားပြီး IMDb rating 6.8 ရထားတဲ့ Science fiction / Thriller ဇာတ်လမ်းကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သိပ် မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့လူဦးရေ အဆမတန်များပြားလာပါတယ်။ ရာသီဥတုတွေဖောက်ပြန်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မဖြစ်ထွန်းတော့တဲ့ အတွက် စားနပ်ရိက္ခာတွေလည်း ရှားပါးလှပါတယ်။ဒါကြောင့် သိပ္ပံပညာရှင် တွေက ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းတိုးစေမယ့် အသီးအနှံများကို မျိုး ရိုးဗီဇပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ထုတ်လုပ်ခဲ့တယ်။ ဒီအတွက် စားနပ်ရိက္ခာ ပြဿနာတွေလည်း ပြေလည်သွားခဲ့ပါတယ်။ဒါပေမယ့် အထွက်နှုန်းတိုးစေတဲ့ အသီးအနှံများကြောင့် လူတွေမှာလည်း မျိုးရိုးဗီဇပြောင်းလဲပြီး ၅မြွှာ ၆ မြွှာ စသဖြင့် ကလေးအမြွှာတွေမွေးဖွားနှုန်း အရမ်းမြင့်တက်လာပါတယ်။ လူဦးရေ တိုးပွားလာချိန်မှာ ဒီလို အမြွှာတွေမွေးလာတဲ့အတွက်ကျွေးမွေးဖို့ကလည်း ပြ ဿနာဖြစ်လာပြန်ပါတယ်။ဒါကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးပြီး ကျန်တဲ့ကလေးမွေးချင်းတွေကို Cryosleep လို့ခေါ်တဲ့ အေးခဲအိပ်စက်စေခြင်း နည်းဖြင့် အေးခဲပြီးသိုလှောင်ထားပါတယ်။ ဒါကိုထိန်းချုပ်ဖို့အတွက် ကလေးခွဲ ဝေရေးဗျူရိုဆိုပြီးတစ်ခုတည်ထောင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ တစ်ပုံစံတည်း တူတဲ့ မိန်းကလေးအမွှာ(၇)ယောက်မွေးဖွားခဲ့လာတယ်။ သူတို့အမေလည်း သေ ဆုံးသွားတဲ့အတွက် ...
movie

What Happened to Monday (2017)

2017
Ghost Book: Obake Zukan (2022) 5.7
Ghost Book: Obake Zukan (2022) Ghost Book (Yokaipedia) 2022 အညွှန်းဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဂျပန်ကားလေးကတော့ Space Baltteship Yamato, Parasyte Part 1-2 , Godzilla Minus One တို့ရဲ့ဒါရိုက်တာ Takashi Yamazaki က ရိုက်ကူးပေးထားပြီး ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ visual effects ကောင်းကောင်းလေးတစ်ကားဖြစ်တဲ့ Ghost Book ခေါ် Yokaipedia ကို မိတ်ဆက်ပေးချင်ပါတယ်။ ဂျပန် anime လောကနဲ့ မစိမ်းတဲ့သူတိုင်း Yokai ဆိုတာကို သိကြမှာပါ။ မမြင်အပ်သော နတ်ဆိုး၊ တစ္ဆေ၊သရဲတွေကို တမျိုးခေါ်ခြင်းဖြစ်ပြီး ဂျပန်မှာတော့ ကိုးကွယ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီကားလေးထဲမှာတော့ ကောင်လေးသုံးယောက်က နတ်နန်းတစ်ခုမှာ လိုချင်တဲ့ဆန္ဒကို အသီးသီးတောင်းဆိုခဲ့ပါတယ်။ အဲဒါကို ကြားသွားခဲ့တဲ့ နတ်မင်းက အဲကလေးတွေဆီကို သူ့တပည့်ကိုလွှတ်လိုက်ပြီး Yokaipedia လို့ခေါ်တဲ့ သရဲစာအုပ်ကို ရှာခိုင်းပြီး အဲစာအုပ်ထဲကစိန်ခေါ်မှုကို အောင်မြင်မှ ဆုတောင်းကို ဖြည့်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အသက်အန္တရာယ်များတာကို မမှုပဲ ကောင်လေးသုံးယောက် ...
movie

Ghost Book: Obake Zukan (2022)

2022
Suicide Squad (2016) 6.0
Suicide Squad (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Suicide Squad (2016)

2016
4K HEVC
Piano no mori [The Piano Forest] (2007) 7.1
Piano no mori [The Piano Forest] (2007) Piano no mori [The Piano Forest] (2007) ============================== IMDb Rating - 7.1/10CM ပရိတ်သတ်ကြီးတို့ကို (2007)ခုနှစ်ကထွက်ရှိခဲ့တဲ့ IMDb rating 7.1 /10 Anime လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ စန္ဒရားသံကိုသဘောကျတဲ့ သူတွေ၊ တီးရတာဝါသနာသူတွေ သဘောကျနှစ်သက်လောက်မဲ့ကားလေးပါ။ ဒီAnime ထဲမှာ တူညီတဲ့နယ်ပယ်တစ်ခုတည်းက ပုံစံမတူတဲ့ ကောင်လေးနှစ် ယောက်ကို ယှဉ်ပြီးပြထားပါတယ်။ "အကောင်းဆုံးပြိုင်ဘက်"တွေဟာ "အကောင်း ဆုံးမိတ်ဆွေ"တွေဆိုတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။အိချိနိုဆဲခိုင်နဲ့ အာမမိယရှုဟေတို့ဟာ စရိုက်ချင်းရော၊ ကြီးပြင်းတဲ့ပတ်ဝန်းကျင် ရော၊ အနေအထားချင်းရော မတူညီတဲ့သူတွေပါ။ ရှုဟေက အဘွားကျန်းမာရေး ကြောင့် တိုကျိုမြို့ကြီးကနေ နယ်မြို့လေးကို ခဏကျောင်းပြောင်းလာတဲ့ ဆွေကြီး မျိုးကြီးစန္ဒရားပညာရှင်မျိုးရိုးမိသားစုက ဗိုင်းကောင်းကျောက်ဖိ သားယောက်ျား လေးဖြစ်ပြီး၊ ခိုင်ကတော့ ကျောင်းမှာလည်းဂျစ်ကန်ကန်၊ ပြောစကားနားမထောင် ဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ နယ်ခံလေးပါ။ သူတို့နှစ်ယောက်လုံးမှာ တူညီ တာတစ်ခုက "စန္ဒရားတီး"တော်ကြတာပါပဲ။ဒါပေမဲ့ ရှုဟေက မိဘတွေရဲ့ခိုင်းစေမှုကြောင့် အိမ်မှာ ငယ်ငယ်ကတည်းက ဆရာနဲ့ သေချာလေ့ကျင့်ခဲ့တာဖြစ်ပြီး ခိုင်ကတော့ ဘယ်သူမှအသံထွက်အောင်မတီးနိုင်တဲ့ တောထဲက စွန့်ပစ်စန္ဒရားကြီးကို ၃နှစ်သားကတည်းက ...
movie

Piano no mori [The Piano Forest] (2007)

2007
Jaws (1975) 8.1
Jaws (1975) စတီဗင်စပီးဘာ့ဂ်ဟာ ရုပ်ရှင်ရိုက်ဖို့ မွေးလာတဲ့သူပါပဲ။ သူ့ပထမဆုံးရုပ်ရှင် The Sugarland Express (1974)တို့ ခု ဒုတိယရုပ်ရှင်ဂျောတို့လိုစစဦးချင်းကားတွေကနေစလို့ နောက်ဆုံး အခု The Fabelmansအထိ ကားတိုင်း မှတ်ကျောက်ထင်ကျန်အောင် လုပ်နိုင်တဲ့ ဒါရိုက်တာဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့သမျှကားတွေကလည်း တစ်ကားနဲ့တစ်ကား ပုံစံ Genre တော်တော်ကွဲထွက်ပေမဲ့ ဘာပဲရိုက်ရိုက် မှော်ဝင်အောင်ရိုက်နိုင်တာက စပီးဘာ့ဂ်ရဲ့ ထူးခြားချက်လို့ ပြောရမယ်။ Jawsတို့ The Lost World: Jurassic Parkတို့လို အကောင်ကားတွေ အင်ဒီယာနာဂျုန်းကားတွေလို စွန့်စားခန်းကားတွေ လင်ကွန်းတို့ ကာလာပါပယ်တို့လို The Postတို့ Schindler's Listတို့ လို ဘိုင်အိုဂရပ်ဖီကားတွေ The Terminalလို ရိုမန့်သိပ်ဆန်တဲ့ကားတွေ A.I. Artificial Intelligence , E.T. the Extra-Terrestrial , war of the worlds, Close Encounters of the Third Kindတို့လို သိပ္ပံကားတွေ Catch Me If You Canတို့ Saving ...
movie

Jaws (1975)

Jaws 2 (1978) 5.8
Jaws 2 (1978) တစ်မှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Jawsကို ၂မှာတော့ စတီဗင်စပီးဘာ့ခ်က ဆက်မကိုင်တော့ပါဘူး။ ကိုင်စရာလည်း မလိုတော့ဘူးကိုး။ ဆက်ရိုက်ပြစရာတော့ ရှိမနေတော့ဘူးလို့ ဆိုရမှာပဲ။ ပသို့ပဲဆိုဆို ရိုက်ပြချင်တဲ့ ရေရှာချင်တဲ့သူတွေကတော့ ရိုက်ပြဦးမှာပါပဲ။ ဆက်လည်း ရိုက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Jaws ဟာ လေးကားပါရှိတဲ့ Frachiseဖြစ်လာခဲ့တယ်။ ကျန်တဲ့ကားတွေလည်း ရှိတော့ရှိပေမဲ့ ဒီစာရင်းထဲတော့မ ဝင်ခဲ့ပါဘူး။ Jaws 2 ဟာ Jaws 1 လောက်တော့ ရင်ဖိုစရာမကောင်းလှပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ မဆိုးတဲ့ကားဖြစ်နေပါသေးတယ်။ ပထမကားက သရုပ်ဆောင်တော်တော်များများကိုလည်း ပြန်သုံးထားသေးသလို ပထမကားက အဓိကမင်းသားကပဲ သရုပ်ဆောင်ထားပါတယ်။ သူလည်း ၃ရိုက်ဖို့ ထပ်ခေါ်တဲ့အချိန် ထပ်ရိုက်ဖို့မလိုတော့ဘူးထင်လို့ မရိုက်ခဲ့ပြန်ပါဘူး။ဘာပြောပြော Jaws 2 ဟာ jawsရဲ့ အငွေ့အသက်တွေ ကျန်နေသေးတာမို့ အင်တာတိန်းဖြစ်တဲ့ ရုပ်ရှင်တစ်ကားအဖြစ် ရှိနေပါသေးတယ်။ ပရိုဂျူဆာတွေကတော့ jawsက ပရိုဂျူဆာတွေဖြစ်တဲ့ Richard ...
movie

Jaws 2 (1978)

Jaws 3-D (1983)
Jaws 3-D (1983) Jaws 3 ခေါ် 3-Dကတော့ မူလ ပရိုဂျူဆာတွေဆက်မထုတ်တော့ပါဘူး။ ဒီရုပ်ရှင်ကိုတော့ မူလ Jawsရဲ့ ပရိုဒတ်ရှင်း ဒီဇိုင်နာ , ဒုတိယ Jawsရဲ့ လက်ထောက်ဒါရိုက်တာလုပ်ခဲ့တဲ့ Joe Alvesက ရိုက်ထားတာပါ။ ဝေဖန်ရေးသမားတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာခံခဲ့ရတဲ့ Jawsကားဆိုလည်း ဟုတ်ပါတယ်။ ငါးမန်းကို ကလေးကစားသလိုလုပ်သွားတာကြောင့်လည်း ပါကောင်းပါပါမယ်။ ဒီထဲက ငါးမန်းဟာ ပထမငါးမန်းတွေလို ရင်ဖိုထိတ်လန့်စရာအရသာမျိုး မပေးနိုင်တော့ပါဘူး။ ဆန်းသွားတာတွေလည်း ရှိတော့ရှိပါတယ်။ ဇာတ်ကတော့ ဘရိုဒီ့သားတွေရဲ့ ဇာတ်ဖြစ်သွားပါပြီ။ သူ့သား မိုက်နဲ့ ဆမ်ရဲ့ဇာတ်ပေါ့။ အဓိကကတော့ မိုက်ပါပဲ။ မိုက်က အဏ္ဏဝါအပန်းဖြေစခန်းတစ်ခုမှာ တည်ဆောက်ရေး အင်ဂျင်နီယာလုပ်နေတယ်။ သူ့ရည်းစားကတော့ အဲဒီမှာပဲ ဇီဝပညာရှင်လုပ်နေတယ်။ သူတို့အဏ္ဏဝါဥယျာဉ်ကို ပင်လယ်ထဲက ငါးမန်းတစ်ကောင်ရောက်လာတာကြောင့် နာမည်ကျော်စွန့်စားရေးသမား ဖီးလစ်နဲ့အတူတူ သူတို့ အဲဒီငါးမန်းကိုပါ ရှင်လျက်ဖမ်းပြီး ပြစားဖို့လုပ်ကြတယ်။ ဒါပေမဲ့ ဒီငါးမန်းနဲ့တင်ပြီးမသွားဘဲ နောက်ထပ်ပြဿနာတွေပေါ်လာတဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ဒီမှာတော့ ...
movie

Jaws 3-D (1983)

Jaws: The Revenge (1987)
Jaws: The Revenge (1987) Jaws Franchiseက အကျတော်တော်မှန်တဲ့ Franchiseလို့ပြောရပါမယ်။ ပထမကားမှာ ချီးကျူးခံရပေမဲ့ တစ်ကားထက်တစ်ကား ပိုပိုလို့ အဆဲခံရလာတဲ့ရုပ်ရှင်ပါပဲ။ ၄မှာတော့ ၃ကို မဆက်တော့ဘဲ ၃ကဟာတွေအကုန်ပယ်ချပစ်လိုက်ပါတယ်။ ဒီထဲမှာလည်း မိုက်က အဓိကဇာတ်ကောင်နီးနီးနေရာရထားပါတယ်။ ဒါပေမဲ့ ဒီမှာတော့ သူ့အလုပ်အကိုင်ပြောင်းသွားပါတယ်။ အင်ဂျင်နီယာမဟုတ်တော့ဘဲ အဏ္ဏဝါဇီဝဗေဒပညာရှင်ဖြစ်သွားပါတယ်။ အဓိကဇာတ်ကောင်ကတော့ ဘရိုဒီ့မိန်းမ အယ်လန်ပါ။ သူ့ယောက်ျားလည်း ငါးမန်းလာပြန်သတ်မှာကို လန့်ရင်းနဲ့ သေသွားသလို သူ့သားအငယ်ဆီလည်း ငါးမန်းက တမင်လက်စားလာချေတာလို့ သူယုံနေခဲ့ပါတယ်။ ဒီတော့ သူဟာ သူ့ရဲ့ကျန်ခဲ့တဲ့သားဖြစ်တဲ့ မိုက်ကို ရေနဲ့ဝေးဝေးနေစေချင်နေတယ်။ ဒါပေမဲ့ မိုက်အလုပ်ကိုက ရေထဲဆင်းရတဲ့အလုပ်ဖြစ်နေတဲ့နောက် လက်စားချေချင်နေတဲ့ ငါးမန်းကိုရှောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ အယ်လန်ဟာ သူ့သားကိုကယ်ဖို့ ပင်လယ်ထဲထွက်ပြီး ငါးမန်းကိုရှာတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ပထမ၂ကားက ဘရိုဒီ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကပဲ ပြန်သရုပ်ဆောင်ပေးထားသလို မိုက်ကယ်ကိန်းကလည်း ဝင်အားဖြည့်ပေးထားပေမဲ့ Jaws 4ဟာလည်း တော်တော်ဝေဖန်ခံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတယ်။ ...
movie

Jaws: The Revenge (1987)

Side By Side (2023) 5.8
Side By Side (2023) Side by side (2023) =================Chihiro Ito ရဲ့ လက်ရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် မိယာမာ ဟာ ထူးခြားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ သူ့စွမ်းရည်ကတော့ တခြားသူတွေရဲ့ စိတ်ကိုမြင်နိုင်တယ် သူ့ရဲ့စွမ်းရည်ကို အသုံးချပြီး လူတွေရဲ့ ပူပန်မှုတွေ စိတ်ဒဏ်ရာတွေကို ကူညီကုစားပေးတယ် လက်ရှိမှာ သူဟာ ရှိအိုရိဆိုတဲ့ အမျိုးသမီးနဲ့အတူ တောရွာလေးတစ်ခုမှာ အေးချမ်းစွာနေထိုင်တယ် သူမဟာ သူနာပြုတစ်ယောက်ဖြစ်ပြီး မိမိ ဆိုတဲ့ သမီးလေးရှိတယ် မိယာမာဟာ ထူးခြားတဲ့ အရာတစ်ခု သူ့နောက် အမြဲလိုက်နေသလို ခံစားနေရတယ်အဲဒါကတော့ ကူဆာကာဆိုတဲ့ ဂျူနီယာတစ်ယောက်ကြောင့်ပါပဲ ကူဆာကာဟာ မြို့ပေါ်က နာမည်ကြီးအဖွဲ့ရဲ့ ဂီတာတီးသမားတစ်ယောက်ဖြစ်တယ် မိယာမာဟာ အကြောင်းရင်းကို သိချင်တာမို့ ကူဆာကာနဲ့ တွေ့ဆုံနိုင်ဖို့ကြိုးစားခဲ့တယ် သူတို့ နှစ်ဦးတွေ့ချိန်မှာ မိယာမာ ကြိုးစားဖွက်ထားခဲ့တဲ့ အတိတ်တစ်ခု ပြန်လည် အစပေါ်လာချိန်မှာတော့....( အညွှန်းရေးသားထားသူကတော့ Thu Thu ပါ ) File size_(1.7GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:04:00 Genre_Drama Subtitle_Myanmar Subtitle ...
movie

Side By Side (2023)

Snack Shack (2024) 7
Snack Shack (2024) Snack Shack (2024) IMDb - 7.0/10ဒါရိုက်တာ Adam Rehmeierရဲ့လက်ရာ အမေရိကန်လူငယ်ဟာသဇာတ်မြူးလေးပေါ့။၁၉၉၁ ခုနှစ် နီဘရာစကာက ဆယ်ကျော်သက်နှစ်ယောက်ရဲ့ စီးပွားရှာကြပုံနဲ့ ဖွန်ကြောင်ကြတာကို ရှုစားကြရမှာပါ။မုစ်နဲ့ အေဂျေဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ပိုက်ဆံအတော်ရှာချင်တဲ့ကောင်တွေ။ ခွေးအပြေးပြိုင်ပွဲလည်း ဝင်လောင်း၊ ဘီယာလည်း ကိုယ့်ဘာသာချက်ရောင်းနဲ့ အတော်ဟုတ်နေတာ။ ဒါပေမဲ့ မိဘဖြစ်သူတွေက သူတို့လုပ်ငန်းတွေကို ကဖျက်ကယက်လုပ်တဲ့အတွက် ဘော်ဒါနှစ်ကောင်ဘူရပါရော။ ဒီမှာပဲ ဘော်ဒါနှစ်ကောင် နွေရာသီအတွင်း ရေကူးကန်တစ်ခုမှာ မုန့်ရောင်းပြီး စီးပွားရှာဖို့ကြံကြပါတော့တယ်။ အေဂျေ့အိမ်နားကို ပြောင်းလာတဲ့ စော်လေးတစ်ဗွေပြောင်းလာပြီး ဘော်ဒါနှစ်ကောင် ဝိုင်းကြောင်ရာက စော်လေးက သူတို့လုပ်ငန်းကိုခြိမ်းခြောက်လာတဲ့အတွက်a သူတို့ဘယ်လိုကြံကြမယ်ဆိုတာ ကြည့်ရှုကြပါဦး။( aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Comedy Quality…. 1080p | 720p File size… 1.9GB | 935MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Snack Shack (2024)

2024
Junction (2024) 5.2
Junction (2024)  ဒီရုပ်ရှင်ကတော့ လက်ရှိ ၂၁ ရာစုနှစ် အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အိုပီရိုက် (အကိုက်အခဲပျောက်ဆေး) ကပ်ဘေး ကို ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်၊ ဆရာဝန်တစ်ယောက်နဲ့ လူနာတစ်ယောက်တို့ရဲ့ ရှုထောင့်ကနေပြီး ရိုက်ကူးထားတာပါ။အိုပီရိုက်လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို နာတာရှည်နာကျင်မှုဝေဒနာ ခံစားနေရတဲ့ လူနာတွေအတွက် သုံးစွဲခဲ့ကြတာပါ။ ဒီထဲမှာ ကန်မက်ကုမ္ပဏီကထုတ်တဲ့ အောက်ဆီကိုဒုန်းဆေးလဲအပါအဝင်ပါပဲ။ သူတို့ထုတ်ကုန်ဆေးကို ရောင်းချရဖို့အတွက် ဆရာဝန်တွေကိုသုံးပြီး ကြော်ငြာခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း အိုပီရိုက်ဆေးတွေဟာ အလွန်အမင်းစွဲလန်းသွားစေနိုင်ပြီး ကပ်ဘေးတစ်ခုအသွင်ပြောင်းသွားချိန်မှာတော့ အိုဟိုင်းယိုးပြည်နယ်အမတ်ကဦးဆောင်ပြီး ကန်မက်ကုမ္ပဏီကို တရားစွဲခဲ့ပါတော့တယ်။ ဒီတရားစွဲမှုကို ကန်မက်ဘက်က ဘယ်လိုချေပသွားမလဲ၊ အိုပီရိုက်ကပ်ဘေးရဲ့နောက်ကွယ်က အမြတ်ထုတ်မှုတွေနဲ့ မူးယစ်ဆေးဝါးစွဲလန်းမှုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.6 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Junction (2024)

Lion of the Desert (1981) 8.3
Lion of the Desert (1981)  IMDb 8.2, RT - 75%Old but gold ဖြစ်နေဆဲ ဂန္တဝင်မြောက် စစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကလည်း The messageကို ကိုင်တွယ်ခဲ့တဲ့ လက်ရာမြောက်ရုပ်ရှင်တွေကို ဖန်တီးလေ့ရှိတဲ့Moustapha Akkad ဖြစ်ပါတယ်။ ဒီရှင်ရှင်ရဲ့ဇာတ်လိုက်ကလည်း 90s bornတွေ အကုန်သိကြတဲ့ Oscars ဆု ၂ဆုပိုင်ရှင် မင်းသားကြီး Anthony Quinnက ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ အီတလီနိုင်ငံမှာ ဖက်ဆစ် တန်ခိုးကြီးထွားစင်ကာလပိုင်းခြားက ဖက်ဆစ်အီတလီတွေရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ဖြစ်ရပ်မှန်ပေါ်ကို အခြေပြုရိုက်ထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်တောင် မှန်သလဲဆိုရင် ၁၉၈၂ခုနှစ်မှာ "အီတလီရဲ့စစ်တပ်သိက္ခာကို စော်ကားတဲ့ရုပ်ရှင်"လို့သတ်မှတ်ပြီးတော့ကို ပိတ်ပင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။၂၀ရာစုမှာ ဥရောပနိုင်ငံကြီးတွေက စတင်နယ်ချဲ့ဖို့ကြိုးစားလာကြပါတော့တယ်။ အီတလီတွေကလည်း အမေကျော်ဒွေးတော်လွမ်းပြီး ရိုမန်အင်ပါရာကြီးကို ပြန်လည်ထူထောင်မယ်ဆိုပြီး နယ်ချဲ့မှုမှာ စတင်ပါဝင်လာတော့ပါတယ်။ နယ်ချဲ့တာက တန်ခိုးအာဏာ ဘုန်းတန်ခိုး ကြီးထွားချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နယ်ချဲ့ကြပေမယ့် ...
movie

Lion of the Desert (1981)

[21+]My Secret Famulus [FSDSS-573]
[21+]My Secret Famulus [FSDSS-573] DS ပရိသတ်ကြီးရဲ့ အချစ်တော် မမ Yuko Ono ကို ပြန်တင်ဆက်ပေးရမဲ့အချိန်တစ်ဖန်ပြန်ရောက်လာပြီပဲ ဖြစ်ပါတယ်..မမဆိုပေမဲ့ မသိသေးတဲ့သူတွေကို အလင်းပြရရင်တော့ လှသွေးအကြွယ်ဆုံး ၂၉ နှစ်အရွယ် မမပေါက်စလေးပဲဖြစ်ပါတယ်မမနဲ့ရင်းနှီးပြီးသားသူတွေကတော့ မမရဲ့ပစ္စည်းတွေဘာတွေ ဘယ်လိုဘယ်အနေအထားရှိလဲ သိကြမှာပါပဲ မသိသေးတဲ့သူတွေလည်း ကိုယ်တိုင်စမ်းသပ်အားပေးပြီးမှ ဆိုရင်ဆိုသလောက် ရှိသင့်တာရှိအပ်တဲ့နေရာမှာရှိတဲ့ ပန်းပုရုပ်အချိုးအစားလေးဆိုတာ လက်တွေ့သိသွားကြမှာပါအသက်လေးက သိပ်မကြီးသေးပေမယ့် ဘာလို့မမအထာဖြစ်နေလဲဆိုတော့ မျက်နှာပေးကိုက မမတွေလို အကြောတင်းတင်းနဲ့ကောင်မလေးဖြစ်နေလို့ပါ...ဒီထဲမှာတော့ ရုပ်ချောသလောက် အကြောတင်းပြီး အလုပ်ကြိုးစားတဲ့ အိုနိုလေးကို ဂျာကြီးကသူ့နေရာလုမှာစိုးလို့ အနုအကြမ်း နည်းပေါင်းစုံနဲ့ ဆုံးမပေးတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်Jav ဇာတ်ကားများဟာ ဖျော်ဖြေရေးအနေနဲ့စိတ်ကူးယဉ်တင်ဆက်ထားပေးတာမို့ ဇာတ်ကားလိုပဲ ကြည့်ရှုခံစားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်.... File size…2.3GB / 817MB Quality…HD RIP 1080p / 720p Format…mp4 Duration….2h 5mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Zeo
movie

[21+]My Secret Famulus [FSDSS-573]

Lovely Runner (2024)
Lovely Runner (2024) Lovely Runner (2024)**********************အပိုင်းသစ် (၃) ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ အခုနွေရာသီမှာ စိတ်အပန်းပြေစေမယ့်Youth Drama လေးဖြစ်တဲ့ "Lovely Runner" ဇာတ်လမ်းတွဲကိုဘာသာပြန်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လတ်တလော ပရိသတ်အချစ်ကိုရထားတဲ့မင်းသားချော Byeon Woo-seok က ပွဲဦးထွက်ကတည်းကတဟုန်ထိုးအောင်မြင်လာခဲ့တဲ့ ထိပ်တန်းအနုပညာရှင်ရူဆွန်းဂျယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးExtraordinary You ဇာတ်ကားနဲ့ လူသိများလာခဲ့တဲ့မင်းသမီးချော Kim Hye-yoon ကတော့ ရူဆွန်းဂျယ်ရဲ့အမာခံပရိသတ် အင်ဆိုးလ်အဖြစ် ပါဝင်ထားပါတယ်။အမြဲဖန်သားပြင်ပေါ်မှာ ပြုံးရွှင်နေပြီး အပူပင်ကင်းပုံပေါ်တဲ့ရူဆွန်းဂျယ်ရဲ့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတဲ့သတင်းကြောင့်အမာခံပရိသတ်ဖြစ်တဲ့ အင်ဆိုးလ်တစ်ယောက် ဝမ်းနည်းပူဆွေးသွားရပါတော့တယ်။ဒီလိုနဲ့တစ်နေ့ အံ့ဩဖွယ်ကောင်းစွာ အင်ဆိုးလ်တစ်ယောက်လွန်ခဲ့တဲ့၁၅နှစ်ကိုပြန်ရောက်သွားခဲ့ပြီး အသက်၁၉နှစ်အရွယ်သာမန်လူရူဆွန်းဂျယ်နဲ့ ပြန်ဆုံတွေ့ခဲ့တဲ့အခါမှာတော့....ချစ်ရတဲ့သူရဲ့ကံကြမ္မာဆိုးကို ကူညီဖယ်ရှားပေးရင်းနဲ့အခက်ခဲတွေကြားကနေဖြစ်ပေါ်လာမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့အိုင်ဒေါနဲ့ဖန်ကြားက အချစ်ဇာတ်လမ်းလေးကို တနင်္လာနဲ့အင်္ဂါနေ့တွေမှာချန်နယ်မြန်မာမှာ ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကိုတော့ DoubleM မှ ရေးသားထားပါတယ်။) Aired: Apr 8, 2024 - May 28, 2024 Aired On: Monday, Tuesday Genres: Music, Comedy, Romance, Fantasy Duration: 70 mins Episodes: 16 Original ...

Lovely Runner (2024)

2024
Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် ( ၁၅ )  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 ...

Su ji And U ri (2024)

2024
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်းသစ် (၆၀) အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ အရမ်းကြွေခဲ့ရတဲ့ မယ်မယ် Lee ...

In Cold Blood (2024)

2024
The Third Marriage (2023)
The Third Marriage (2023) The Third Marriage (2023)**************************အပိုင်းသစ် (၁၁၈) လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လေးလာပါပြီ ။ဇာတ်ကားအညွှန်း...Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ လက်စားချေဖို့အတွက်ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီးမြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီးအပိုင်း ၁၃၂ အထိတောင် ပြသသွားမှာဆိုတော့ ...

The Third Marriage (2023)

2023
Love at First Night (2024)
Love at First Night (2024) ကိုယ်တို့ ချစ်နိုင်ကြချိန်ထိ (၂၀၂၄)မင်(န်) အဖြစ် Mark prin အားဘို / ဝီးယူ အဖြစ် Yaya Urassayaဇာတ်လမ်းအကျဉ်းမင်(န်) ကတော့ ဖခင်ဖြစ်သူ သူဌေးဖူဒင်နဲ့ အမြဲ နားလည်မှု အယူအဆတွေ ကွဲလွဲနေတတ်တဲ့ တစ်ဦးတည်းသော သူဌေးသား ဘူမိဗေဒပညာရှင်လေးတစ်ယောက်ပါ တစ်နေ့ ဖခင်ဖြစ်သူနဲ့ စကားများလို ကမ်းခြေဘက်ကို စိတ်အပန်းပြေထွက်လာရင်း ရေနစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်မိရာက “ဝီးယူ” ဆိုတဲ့ ကောင်မလေးနဲ့ သိကျွမ်းလာခဲ့တယ် မင်(န်) နဲ့ ဝီးယူတိုက ကိုယ်ရေးကိုယ်တာတွေ မမေးကြေး ကတိစကားနဲ့ နှစ်ယောက်တူတူ လည်ခဲ့ရင်း မင်(န်) တစ်ယောက် ရူးရူးမူးမူး ချစ်မိသွားခဲ့ပြီး ချိုမြိန်တဲ့တစ်ညတာကို တူတူဖြတ်သန်းခဲ့ပါတော့တယ်ဒီလိုနဲ့ ဝီးယူတစ်ယောက် အိပ်မက်တစ်ခုလို ပျောက်သွားခဲ့ပြီး မင်(န်) ဟာ ကိုယ့်အိမ်ကို ပြန်ရောက်လာချိန်မှာတော့ မထင်ထားလောက်အောင် အံ့ဩစရာတစ်ခုက ဖြစ်လာခဲ့ပါတော့တယ် အဲ့ဒါကတော့ သူအရမ်းချစ်ရပြီး အိပ်ခဲ့တဲ့ ကောင်မလေး ဝီးယူက ဖခင်ဖြစ်သူရဲ့ ဇနီးလောင်း အားဘိုအဖြစ် အိမ်ကို ရောက်လာခဲ့တာပါပဲ မင်(န်) တစ်ယောက် ...

Love at First Night (2024)

2024
Lieutenant Opas (2011)
Lieutenant Opas (2011) အရာရှိ အိုပက်နှင့် သူ၏အမှုတွဲများ အတွဲ  ၁ (2011)ကဲ အားလုံးပဲတောင်းဆိုနေကြတဲ့ ATMဇာတ်ကား နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Chantavit Dhanasevi ရဲ့ ၂၀၁၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ စုံထောက်အိုပက်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါပြီနော်။ဒီစီးရီးလေးမှာတော့ အပိုင်း၂၄ပိုင်းပါဝင်ပြီး ဘယ်လို အခွီတွေပါမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ အိုပက်ဆိုတဲ့ ဗိုလ်တစ်ယောက်ဟာ လောင်းကစားဝိုင်းတစ်ခုကို သူ့တပည့်တွေနဲ့အတူ ဝင်ရောက်ဖမ်းစီးရင်းနဲ့ မတော်တဆဖြစ်ပြီး ၂နှစ်လောက် ကိုမာဝင်မေ့မြောသွားရာကနေ ပြန်လည်နိုးထလာခဲ့ပါတယ်။ နိုးထလာတဲ့ နောက်မှာတော့ အိုပက်ဟာ အရင်လို ပုံမှန်မဟုတ်တော့ဘဲ ဝိညာဉ်တွေကို မြင်နေရပါတော့တယ်။ နေပြန်ကောင်းလာတဲ့နောက်မှာတော့ သူ့အလုပ်ကို ပြန်ဝင်ရင်း ဝိညာဉ်တွေကို မြင်ရတဲ့အစွမ်းနဲ့ အမှုတွေကို ဘယ်လိုတွေစခွီထစရာကောင်းအောင် ဖော်ထုတ်မလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary Christ နဲ့ Hazel တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Mystery Quality…. 1080p | 720p File size… ...

Lieutenant Opas (2011)

Ploy’s Yearbook (2024)
Ploy’s Yearbook (2024) ကြယ် ၅ ပွင့်ရဲ့ ချစ်ဝင်္ကပါ (၂၀၂၄)Gmmtvကနေ အသစ်ထွက်ရှိလာတဲ့ နာမည်တူကောင်မလေး၅ယောက်နဲ့ သူတို့ရည်းစားတွေကြား ပြဿနာတွေနဲ့ ပတ်လည်ရိုက်နေမဲ့ ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကျောင်းတစ်ကျောင်းရဲ့ အတန်းတစ်တန်းထဲမှာပဲ ပလွိုင်းလို့ခေါ်တဲ့ နာမည်တူ ကျောင်းသူ၅ယောက်တောင် ရှိနေပါတယ်။ နာမည်သာတူပေမဲ့ စရိုက်ချင်းဘာမှမတူဘဲ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားလို့နေတဲ့အတွက် နာမည်ပြောင်လေးတွေနဲ့ ခေါ်ကြပါတယ်။ ကျောင်းပြီးခါနီးအချိန်မှာတော့ ထုံးစံအတိုင်း နှစ်ချုပ်စာအုပ်လုပ်ဖို့ ပြင်တဲ့အချိန်မှာ ပလွိုင်းငါးယောက်နဲ့ တိုင်ပတ်ပြီး ဖုန်းနံပါတ်တွေမှားထည့်လိုက်မိပါတော့တယ်။ ဒါပေမဲ့လည်း အရေးမကြီးဘူးဆိုပြီး မပြင်ဘဲ ထားခဲ့ရာကနေ ပြဿနာတွေ စတော့တာပါပဲ....... ဒီလို ဖုန်းနံပါတ်မှားရေးတဲ့ကိစ္စကနေ ပလွိုင်း၅ယောက် ဘယ်လိုပြဿနာတွေကြုံတွေ့ရမလဲဆိုတာကို ခံစားရင်ခုန်ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Char Ou, Mary, Hmwe, ...

Ploy’s Yearbook (2024)

2024
The Midnight Studio (2024)
The Midnight Studio (2024) The Midnight Studio (2024)***************************အပိုင်းသစ် (၁၀)Hotel Deluna လိုမျိုး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းလေး စောင့်မျှော်နေကြတဲ့သူတွေအတွက် ဇာတ်လမ်းတွဲအသစ်လေး ထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်းSeo KiJoo က သေးငယ်တဲ့ ဓာတ်ပုံစတူဒီယိုလေးတစ်ခု ဖွင့်လှစ်ထားတဲ့ ဓာတ်ပုံဆရာလေးဖြစ်ပြီးတော့ စတူဒီယိုရဲ့ ၇ယောက်မြောက် ပိုင်ရှင်ဖြစ်ပါတယ်။ထူးခြားချက်ကတော့ အဲဒီဓာတ်ပုံစတူဒီယိုလေးက လူသားတွေအတွက် မဟုတ်ဘဲ တစ္ဆေသရဲတွေအတွက် ဖွင့်လှစ်ထားတယ်ဆိုတာပါပဲ။KiJoo က သေဆုံးပြီးနောက် သူ့ဆိုင်ကို ရောက်ရှိလာတဲ့ ဝိဉာဥ်တွေကို ဘဝခရီးရဲ့နောက်ဆုံးပုံလေး ရိုက်ကူးပေးလေ့ရှိပါတယ်။Ki Joo တို့ရဲ့ Midnight Photo Studio လေးမှာ လက်ထောက်မန်နေဂျာဂိုနဲ့ Baek NamGu လို့ခေါ်တဲ့ ဝန်ထမ်းလေးနှစ်ယောက်ရှိပါတယ်။လက်ထောက်မန်နေဂျာဂိုကတော့ စတူဒီယိုအတွက် ဖောက်သည်အဖြစ် တစ္ဆေသရဲတွေကိုခေါ်ဆောင်လာဖို့ တာဝန်ယူထားပြီးNam Gu ကတော့ စတူဒီယိုနဲ့ပတ်သတ်သမျှ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးတဲ့သူဖြစ်ပါတယ်။Han Bom ဆိုတဲ့ ရှေ့နေမလေးကတော့ အလုပ်ကြိုးစားသူဖြစ်ပြီး မတရားမှုကို သည်းမခံတတ်တဲ့သူလေးဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ...

The Midnight Studio (2024)

2024
The Last Ship (2014) 7.4
The Last Ship (2014)  ပရိသတ်ကြီးတွေ သင်္ကြန်မှာ ဇာတ်ကားကောင်းကောင်းလေးကြည့်ရှုနိုင်အောင် ကျွန်တော်တို့ Channel Myanmar မှ The Last Ship ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီ......၁ရက်ကို ၁စီစန်နှုန်းနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ကြိုးစားတင်ဆက်ပေးမှာဖြစ်ပါတယ်......ဇာတ်လမ်းကတော့ အာတိတ်ကို လျှို့ဝှက်စစ်ဆင်ရေးနဲ့ အဆက်အသွယ်အကုန်ဖြတ်ပြီးပို့ခံလိုက်ရတဲ့ အမေရိကန်စစ်သင်္ဘောအကြောင်းပါ အစကတော့ သူတို့က ဘာကြောင့် စစ်ဆင်ရေးကို လွှတ်လိုက်လဲမသိပေမဲ့ နောက်ပိုင်းမှာတော့ ကူးစက်ရောဂါ တမျိုးပျံ့နှံ့နေတာကြောင့် ပိုးကူးမှုကင်းစင်တဲ့နယ်မြေမှာ ကုထုံးစမ်းသပ်ဖော်စပ်နိုင်ဖို့အတွက် သုတေသနပညာရှင်တစ်ယောက်နဲ့ လွှတ်လိုက်တာပါ အဲဒီအကြောင်းကို သုတေသနပညာရှင်ကလွဲပြီး ကျန်တဲ့သူဘယ်သူမှမသိခဲ့ပါဘူး......ဒါပေမဲ့ အဲဒါကို သိနေတဲ့ ရုရှားစစ်သင်္ဘောတစ်စင်းကလည်းရှိနေပါသေးတယ်......သူတို့ကလည်း အမေရိကန်သင်္ဘောပေါ်က သုတေသနပညာရှင်နဲ့ စမ်းသပ်ထားတဲ့ ကုထုံးတွေကို အသေအလဲလိုချင်နေကြတာပါ.....အဲဒီလိုနဲ့ အမေရိကန် စစ်သင်္ဘောရဲ့ ရေယာဉ်မှူးရယ် သုတေသနပညာရှင်ရယ် သင်္ဘောပေါ်က အရာရှိ ရဲဘော် ဝန်ထမ်းတွေရယ်ရဲ့ ဘယ်လိုမျိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားကြမလဲ......ကုထုံးကို ထွင်နိုင်မှာလား.....ကမ္ဘာပျက်သွားတဲ့အချိန် လူတွေရဲ့ သေးသိမ်တဲ့သဘောထားတွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...... File size…(1.3 ...
7.4
TMDb: 7.4/10 884 votes
tv

The Last Ship (2014)

2014
All Creatures Great & Small (2020) 8.152
All Creatures Great & Small (2020) (function(f,b,n,j,x,e){})(); တိရိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီးရေးထားတဲ့နာမည်ကြီးစာအုပ်ကို ပြန်ရိုက်ထားတဲ့ Drama စီးရီးမို့ ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး Rotten Tomatoes 99% ရထားသလို စိတ်ရွှင်လန်းစရာ ပီတိဖြစ်စရာကောင်းတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်ပြီး မိသားစုနဲ့ပါကြည့်လို့ရပါတယ် တိရစ္ဆာန်ချစ်တဲ့သူတွေဆိုရင်တော့ ပိုတောင်အကြိုက်တွေ့ဦးမှာပါ အင်္ဂလန်က ကျေးလက်ဒေသမှာအခြေတည်ထားတာမို့ ရှူခင်းကောင်းကောင်းတွေနဲ့လည်းကြည့်ရပါမယ်တိရစ္ဆာန်ဆရာဝန်ဘွဲ့ရပြီးကာစ အလုပ်ရှာနေပေမယ့် မြို့ပေါ်မှာ မြင်းလှည်းစီးတဲ့ခေတ်ကုန်ပြီး မော်တော်ယာဥ်တွေပဲသုံးကြတော့တဲ့အချိန်မှာ အလုပ်မရနိုင်ဖြစ်နေတဲ့ James Herriot က ကျေးလက်ဒေသတစ်ခုကနေ အလုပ်အင်တာဗျူးလက်ခံစာရပြီး တိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့လက်ထောက်အနေနဲ့ အစမ်းဝင်လုပ်ဖို့ဖြစ်လာပါတယ် ဒါပေမယ့် တိရစ္ဆာန်ဆရာဝန်က ဆက်ဆံရခက်ခဲပြီး သူ့လက်ထောက်လုပ်နိုင်တဲ့သူ မရှိသေးတာကိုသိရတဲ့အခါမှာ Herriot အနေနဲ့ အလုပ်ရဖို့ ခက်ခက်ခဲခဲကြိုးစားရပါတော့တယ် File size…(1.2 GB)/(548 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:51:00 Genre...Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  Season 1Episode 1 720p  -  Yoteshin / ...
8.152
TMDb: 8.152/10 92 votes
tv

All Creatures Great & Small (2020)

2020
Will Trent (2023) 7.7
Will Trent (2023) Will Trent (2023) =============IMDb Rating - 7.6/10Pieces of Her ရဲ့ဖန်တီးရှင်စာရေးဆရာမ Karin Slaughter ရဲ့အခြားသောနာမည်ကျော်စီးရီးစ်တစ်ခုဖြစ်တဲ့ Will Trent ကိုပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ စုံထောက် Will Trent ဟာငယ်စဉ်ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့် ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံခဲ့ရတဲ့ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက် ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည် ဆောက်နေပါတယ်။သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ် ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့ နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာ တစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်း သွားနိုင်တဲ့အသေးစိတ်အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်း မြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံး စုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန် တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလို အဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD) ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ...
7.7
TMDb: 7.7/10 5400 votes
tv

Will Trent (2023)

2023
Fear the Walking Dead (2015) 7.683
Fear the Walking Dead (2015) Fear the Walking Dead [Season 1] ကဲ အစားတွေမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အစားတလိုင်း စီးရီးလာပါပြီ။ Fear the Walking Dead ရှေ့ စီစန် ၃ ခုက The Walking Dead ရဲ့ Spin-off ဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့ ထွေထွေထူးထူး ပြောနေဖို့ လိုမယ်မထင်ပါဘူး။ ဒီစီစန်ရဲ့ Zombie Apocalypse မြစ်ဖျားခံရာကတော့ Los Angeles မြို့ပဲ ဖြစ်ပါတယ်။ FTWD မှာ Los Angeles မြို့သားတွေကတော့ သာမန်အခြေအနေနဲ့ သွားလာလှုပ်ရှားနေဆဲပါ။ တချို့သော နေရာတွေမှာတော့ ဗိုင်းရပ်စ်လား ဘာလားမသိသေးတဲ့ အရာတစ်ခုက ဒုက္ခပေးနေတဲ့ သတင်းကို သိကြသူတချို့လည်း ရှိတော့နေပါပြီ။တစ်ရက်မှာတော့ ဘယ်လောက်ပစ်ပစ် မသေတဲ့ လူတစ်ယောက်ရဲ့ ဗီဒီယိုမှတ်တမ်းနဲ့အတူ ဒီသတင်းကြီးက LA ကို ...
7.683
TMDb: 7.683/10 4715 votes
tv

Fear the Walking Dead (2015)

2015
Best Choice Ever
Best Choice Ever ဒီကားလေးကတော့ တရုတ်ဇတ်လမ်းတွဲတွေကြည့်နေကျ ပရိသတ်တွေမစိမ်းမဲ့ နာမည်ကြီးတွေဖြစ်ကြတဲ့ မင်းသမီးမမ YangZi နဲ့ မင်းသားကိုကို Xu Kai တိုလိုက်ဖက်ညီညီပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစု drama ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ရှင် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့တော့ : ရှန်ဟိုင် "Mai" မိသားစုကနေ မွေးဖွားလာတဲ့ 90ခုနှစ်ဖွား Mai Cheng Huanလိုခေါ်တဲ့ကောင်မလေးက မိဘစကားအရမ်းနားထောင်ရပါတယ် ။ အဲဒီလိုနဲ့သူ့မာမီရဲ့တိုက်တွန်းမှုကြောင့်ပဲ ချစ်သူဖြစ်သူ Xin Jia Liang ကိုလက်ထပ်ခွင့်အရင်တောင်းလိုက်ရပါတော့တယ် ။ဒါပေမဲ့ Xin မိသားစုရဲ့စီးပွားရေးကကောင်းမွန်နေချိန်ဆိုတော့ Mai Cheng Huan နဲ့ Xin Jia Liang ကြားက ဆက်ဆံရေး‌ဟာကလည်း မိခင်ဖြစ်သူရဲ့အလွန်အမင်းဝင်ရောက်စွပ်ဖက်မှုကြောင့် ကတောက်ကဆလေးတွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ Mai Cheng Huan ဟာ သူ့မအပေါ်သူမသစ္စာရှိမှုနဲ့အမေဖြစ်သူရဲ့ဆန္ဒကိုလိုက်ရောပေးမှုကြားမှာ လွန်ဆွဲရင်းနည်းလမ်းရှာဖွေရပါတယ် ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူမအမေရဲ့အလွန်အမင်းကြီးကြပ်မှုအောက်ကနေရုန်းထွက်ပြီး အလုပ်မှာအာရုံစိုက်ပြီးလုပ်နိုင်လာခဲ့ပါတယ် ။Mai Cheng Huan ရဲ့ပြောင်းလဲလာပုံကို အဘွားဖြစ်သူကအသိအမှတ်ပြုခဲ့ပြီး အရမ်းဖိအားများတဲ့ hotel management ...

Best Choice Ever

2024
Sword and Fairy 1
Sword and Fairy 1 ဒီဇာတ်ကားလေးကတော့ 2005 ခုနှစ်က Hu Ge နဲ့ Liu Yi Fei တို့ရိုက်ကူးခဲ့ပြီးတော့ အရမ်းကိုလျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရခဲ့တဲ့sword and fairy 1 ကို ၂၀၂၄ ဗားရှင်းအဖြစ်ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းက အရမ်းကောင်းတာမို့သရုပ်ဆောင်တွေလည်းတာဝန်ကြီးပါတယ် 2005 ခုနှစ်ဗားရှင်းနဲ့ 2024ဗားရှင်းကြားဘယ်လိုတွေကွာခြားမှုရှိနေမလဲဆိုတာကို ပရိသတ်ကြီးက စောင့်ကြည့်ပေးကြပါအုံးရှင် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့တော့ လီရှောင်းယောင်လို့ခေါ်တဲ့ကောင်လေးကသူ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက်နဲ့အိပ်မက်ကျွန်းဆီခရီးထွက်လာခဲ့ပါတယ်။ အဲဒီကျွန်းမှာပဲ သူချစ်ရတဲ့ မိန်းမလှလေးလင်အာနဲ့တွေ့ဆုံပြီးချစ်ခင်ဆုံမက်ကာ လက်ထပ်ဖြစ်ခဲ့ကြပါတယ် ။ဒီလိုနဲ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက် ဆေးလည်းရပြီဖြစ်လို့ အိပ်မက်ကျွန်းကနေအိမ်အပြန်ခရီးလမ်းမှာ ပိုင်ယွဲ့ဂိုဏ်းရဲ့လုပ်ကြံမှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။အဲဒီအခါကျမှ လီရှောင်းယောင်လည်း သူအိပ်မက်ကျွန်းကိုသွားဖြစ်အောင်လုပ်ခဲ့တာကလည်းပိုင်ယွဲ့ဂိုဏ်းရဲ့ထောင်ချောက်ဖြစ်ပြီးတော့ ချစ်ရတဲ့သူ လင်အာကိုပြန်ပေးဆွဲဖို့ဆိုတာကိုသိရှိသွားပါတော့တယ် ။ ဒါပေမဲ့ကံဆိုးစွာနဲ့သူလည်း ပိုင်ယွဲ့ဂိုဏ်းရဲ့တိုက်ခိုက်မှုတွေကိုခံလိုက်ရပြီးတော့ ဒဏ်ရာအပြင်းအထန်ရကာအတိတ်မေ့သွားပါတော့တယ် ။ ဆိုတော့ ဇာတ်လမ်းလေးထဲမှာ ပိုင်ယွဲ့ဂိုဏ်းက လင်အာကိုဘာလို့လိုက်ဖမ်းနေတာလဲ ရှောင်းယောင်ကရော ပြန်ပြီးတော့ အတိတ်တွေအားလုံးကို သတိရလာနိုင်မလား အိမ်ပြန်တဲ့လမ်းမှာရော ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ကြုံတွေရပြီးတော့မိတ်ဆွေလားရန်သူလား ဘယ်လိုတွေခွဲခြားသိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။====================================Quality : ...

Sword and Fairy 1

2024
Blossoms in Adversity
Blossoms in Adversity ချင်မင်းဆက်ခေတ်မှာ ဟွားအိမ်တော်အပေါ် ဧကရာဇ်မင်းကအမျက်တော်ရှတဲ့အခါ ကလေးအရွယ်သာရှိသေးတဲ့ ယောက်ျားလေးတွေကလွဲပြီးသခင်ကြီးဖြစ်သူ ဟွားလူကြီးမင်း ဟွားယိကျန့် အပါအဝင် တစ်မိသားစုလုံးမှာရှိတဲ့အရွယ်ရောက်ပြီးသား ယောက်ျားသားများအားလုံး နယ်နှင်ဒဏ်ပေးခံရပါတော့တယ်အဲဒီအခါမှာတော့ မိသားစုရဲ့ အကြီးဆုံးသခင်မလေးဖြစ်သူ ဟွားကျစ် (Zhang Jing Yi) ဟာ၁၅ နှစ်ကြာ ဖုံးကွယ်ထားခဲ့တဲ့ သူ့အရည်အချင်းတွေကို ဖော်ထုတ်ပြီး လဲပြိုတော့မယ့် မိသားစုကိုအငတ်ဘေးနဲ့ အကျပ်အတည်းကနေ လွတ်မြောက်အောင် ဦးဆောင်ပြီး ကြိုးပမ်းရပါတော့တယ်လဲပြိုနေတဲ့မိသားစုကို ဆွဲထူဖို့ ဦးဆောင်ကြိုးစားနေတဲ့ ဟွားကျစ်တစ်ယောက် သူ့အတွက်အားကိုးဖို့ လက်ကမ်းပေးလာတဲ့ လင်မင်းသားရဲ့ သားတော် ကုယန့်ရှီး (Hu Yi Tian)နဲ့ဆုံတွေ့ခဲ့ပြီးတဲ့နောက်မှာ အခြေအနေမတူတဲ့ သူတို့ ၂‌ ယောက်ရဲ့ ချစ်ခရီးလမ်းက‌ရောဖြောင့်ဖြူးပါ့မလား မြင့်မြတ်တဲ့မိသားစုက သခင်မလေးဘဝကနေသုညဘဝပြန်ရောက်သွားတဲ့မိသားစုကို ဟွားကျစ်တစ်ယောက် ဘယ်လိုဦးဆောင်ပြီး ဆွဲထူမလဲဟွားအိမ်တော်အပေါ်ကို ဧကရာဇ်မင်း အမျက်တော်ရှရတဲ့ အကြောင်းအရင်းကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ရှူစားကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes ...

Blossoms in Adversity

2024
Sunflower (2021) 5.6
Sunflower (2021) Sunflower (2021) "နေကြာပန်း" IMDb - 7.5/10ZEE5ကထုတ်လွှင့်ခဲ့ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အိန္ဒိယရုပ်သံဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။လက်ပွားမင်းသား သရုပ်ဆောင်ထားတဲ့ Super 30(2019)ကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီးVikas Bahl ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်တာမို့ အရည်အသွေးပိုင်းက စိတ်ချထားလို့ရမှာပါ။ အပိုင်း၁၆ပိုင်းထွက်ရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ဆိုလည်း ဘောလိ၀ုဒ်ပရိသတ်နဲ့ မစိမ်းတဲ့ သရုပ်ဆောင်ထူးချွန်သူတွေမို့ အားလုံး နှစ်သက်သဘောကျဖို့အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဆန်းဖလားဝါး(နေကြာပန်း)ဆိုတဲ့ အဆောက်အဦးတစ်ခုမှာ လူလတ်တန်းစားမိသားစုတွေ နေထိုင်ကြတယ်။အဲဒီအဆောက်အဦးမှာပဲ လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်။ သေဆုံးသူနဲ့ကလည်း အဆောက်အဦးတစ်ခုလုံးက လူတွေနဲ့ ဇာတ်လမ်းလေးတွေရှိ။ သူ့ကိုယ်ပိုင်မိသားစုနဲ့ကလည်း အရှုပ်အရှင်းတွေကများနေတော့ ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ ကြိုးစားတဲ့နောက်ကွယ်က အကြောင်းအရာတွေကို စိတ်ဝင်စားဖို့ကောင်းအောင် တစ်ပိုင်းချင်း ဆွဲခေါ်သွားမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Zwe Yan ~ Yunni ~ Hsuri ~ Alexiaတို့ပဲဖြစ်ပါတယ်)File Size – 600MB (Appx;) @EpisodeQuality – 1080p WEB DLDuration – 44mins (@Episode)Total Episodes: 8Eps (@ ...
5.6
TMDb: 5.6/10 9 votes
tv

Sunflower (2021)

2021
The Sympathizer (2024) 8.4
The Sympathizer (2024)  Oppenheimer နဲ့ လတ်လတ်ဆတ်ဆတ် အကယ်ဒမီရထားတဲ့ မင်းသားကြီး ရောဘတ်ဒေါင်နီဂျူနီယာပါဝင်ထားပြီး Old Boy ရဲ့ ဒါရိုက်တာ ပက်ချန်ဝု ရဲ့လက်ရာ စီးရီးအသစ် လာပါပြီ။ အဓိက သရုပ်တောင်ကတော့ Cowboy Bepop စီးရီးထဲက Hoa Xuande ပါပဲ။ဇာတ်လမ်းကတော့ အမေရိကန်-ဗီယက်နမ် ပါမောက္ခ Viet Thanh Nguyen ရဲ့ ၂၀၁၅ ထုတ် ပူလစ်ဇာ ဆုရ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပါပဲ။ အရောင်းရဆုံးစာရင်းဝင်စာအုပ်ဖြစ်ပြီး အမျိုးအစားကတော့ mystery, political, metafiction,dark comedic, historical, spy, war အမျိုးအစားပါပဲ။1955 နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲကို အခြေခံထားပါတယ်။ ဒီစစ်ပွဲကတော့ ကွန်မြူနစ်မြောက်ဗီယက်နမ်တွေနဲ့ အမေရိကန်က ထောက်ခံတဲ့ တောင်ဗီယက်နမ်တွေ ကြားမှာ ဖြစ်တဲ့စစ်ပွဲပါ။ စီးရီးပထမဆုံးအပိုင်းကိုတော့ ၁၉၇၅ ဆိုင်ဂွန်မြို့ကို မြောက်ဗီယက်နမ်တွေသိမ်းပိုက်ပြီး စစ်နိုင်သွားတဲ့အကြောင်းကနေ ...
8.4
TMDb: 8.4/10 1 votes
tv

The Sympathizer (2024)

2024
Running Man 8.2
Running Man Running Man အပိုင်းသစ် (700)   Running Man ဆိုတာကတော့ ...... တောင်ကိုရီးယားနိုင်ငံမှာသာမက ဥရောပနိုင်ငံများပါမကျန် လူသိများတဲ့ ရသစုံလင် Reality Show အစီအစဥ်တစ်ခုဖြစ်ပါတယ်… အောင်မြင်ကျော်ကြားတဲ့ Hollywood အနုပညာရှင်တွေ၊ ကိုရီယားနာမည်ကြီး အဆိုတော်၊သရုပ်ဆောင်များစွာနှင့်အတူ နာမည်ကြီးအထင်ကရနေရာတွေမှာ မစ်ရှင်တွေပြီးမြောက်အောင် ယှဥ်ပြိုင်ကြရမှာပါ… ယူဂျယ်ဆော့၊ဂျီဆော့ဂျင်၊ကင်ဂျုံးဂု၊ဂန်ဂယ်ရီ၊ဆောင်းဂျီဟို၊ ဟားဟား၊လီဂွမ်ဆူ၊ဆောင်းဂျွန်ကီ၊လစ်ဇီ တို့နှင့် ပွဲထွက်ရိုက်ကူးခဲ့ပါတယ်.. ထို့နောက် ရိုက်ကူးရေးအပိုင်း (၄၀) ကျော်လောက်မှာ ဆောင်းဂျွန်ကီ နှင့် လစ်ဇီတို့မပါဝင်တော့ပဲ ကျန်အဖွဲ့ဝင် (၇)ဦးဖြင့်ဆက်လက် ရိုက်ကူးရာ (Running Forever) “7012” ဆိူပြီးကျော်ကြားခဲ့ပါတယ်… အပိုင်း(၃၂၄) ပြီးနောက် ဂယ်ရီထွက်သွားပြီးနောက်အပိုင်း(၃၄၆) တွင် ဂျင်ဆိုမင်းနှင့် ယောင်းဆယ်ဂျန်းတိူ့နှင့် ယနေ့ချိန်ထိဆက်လက်ရိုက်ကူးလျက်ရှိပါတယ်… Channel Myanmar အနေနဲ့ကတော့ လက်ရှိ အပိုင်း ၅၃၃ ကနေ စပြီး တင်ပေးသွားပါမယ်။ အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ Running Man ပရိတ်သတ်များ စောင့်မျှော်ကြပါဦးဗျာ File Size - 1GB Quality - 1080P Subtitle - Myanmar (Hardsub) Translator - August, Jerrica, MTA, ...
8.2
TMDb: 8.2/10 57 votes
tv

Running Man

2010
Young Sheldon (2017) 8.1
Young Sheldon (2017) The Big Bang Theory ထဲက လူ့ဂွစာ၊ လူမှုရေးမသိတတ်၊ ဟာသကိုနားမလည်၊ လူတောသိပ်မတိုးတဲ့ ပါရမီရှင် ရူပဗေဒပညာရှင် ရှယ်ဒန် လီ ကုပါး ကို မှတ်မိကြမှာပေါ့ဗျာ။ အခုကတော့ သူ့ရဲ့ spinoff series ဖြစ်တဲ့ Young Sheldon ကိုတင်ဆက်ပေးမှာပါ။ ဒီတော့ The Big Bang Theory ကြည့်ဖူးသူတွေအနေနဲ့တော့ ဘာမှပြောစရာသိပ်မလိုတော့ပါဘူး။ အခုမှ စကြည့်မယ်ဆိုရင်လည်း ဒီ series ကို အရင်ကြည့်ပြီးမှ The Big Bang Theory ကိုဆက်ကြည့်ရင် ပိုကောင်းပါတယ်။ ဒီ series မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဲလ်ဘတ် အိုင်းစတိုင်း နဲ့ IQ အတူတူဖြစ်နေတဲ့ ကိုးနှစ်သားကောင်လေးတစ်ယောက်ကို မြင်ရပါမယ်။သိပ်ဉာဏ်ကောင်းလွန်းနေတော့ အမွှာညီမ မူလတန်းကျောင်းမှာ လက်ချောင်းပန်းချီလေးတွေဆွဲ၊ တီဗီကလာတဲ့ "ဘဲပုံပြင်" ကြည့်နေချိန်မှာ ...
8.1
TMDb: 8.1/10 2091 votes
tv

Young Sheldon (2017)

2017

Genres

Archives