Channel Myanmar

Content at random


Movies

SEE ALL
Damsel (2024) 7.8
Damsel (2024) Stranger Things နဲ့ ကမ္ဘာကျော်လာတဲ့ Eleven မင်းသမီးလေးMillie Bobby Brown ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ စိတ်ကူးယဉ်မှော်ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ Damel ဆိုတာမိန်းမပျိုလေးတစ်ယောက်ကို ပြောတာပါ။ ပုံပြင်မျိုးစုံမှာပါတဲ့မင်းသားလေးတွေက ကယ်တာခံရဖို့ ဒုက္ခရောက်နေတဲ့မိန်းကလေးတွေကို damsel in distress လို့ခေါ်ပါတယ်။ဒီပုံပြင်မှာကတော့ ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကိုဘယ်သူမှမကယ်ဘဲ ကိုယ်တိုင်လွတ်မြောက်အောင်ကြိုးစားရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း**************မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီးအငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။ အော်ရီရာတိုင်းပြည်နဲ့မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေအလျှံပယ်ရနိုင်မှာဖြစ်တာကြောင့် မင်းသမီးအယ်လိုဒီကလည်းသဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အော်ရီရာ တိုင်းပြည်ကဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ထင်သလောက်မရိုးရှင်းဘဲအန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ... File size…  6.6GB / 1.79GB /845MB Quality…WEB-DL 4K HEVC/ 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Action , Adventure , Fantasy Subtitle….Myanmar ...
movie

Damsel (2024)

4K HEVC
Monkey Man (မွန်ဘိုင်း John Wick) (2024)
Monkey Man (မွန်ဘိုင်း John Wick) (2024) အိန္ဒိယ အက်ရှင်ဇာတ်ကြမ်းတစ်ခု ထွက်လာပါပြီ။ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆာင်အဖြစ် Slumdog Millionaire ထဲက ဂျာမဲအကြီးကောင်လေးအဖြစ် သိကြတဲ့ Dev Patel ပါဝင်ထားပါတယ်။ Dev Patel ဟာ ၁၀နှစ်သားကတည်းက တိုက်ကွမ်ဒိုသမားဖြစ်ခဲ့ပြီး ၁၆ နှစ်သားမှာ ခါးပတ်နက်ဖြစ်နေပါပြီ။ ဒီရုပ်ရှင်ဟာ အစက နက်ဖလစ်မှာ တင်ဖို့ ရိုက်ထားတာ ဖြစ်ပေမဲ့ Jordan Peele ကြည့်မိသွားပြီး ဒါမျိုးကားက ရုံပါတင်သင့်တယ်လို့ ယူဆလို့ နက်ဖလစ်ဆီကနေ ရုံတင်နိုင်အောင် စီစဉ်ပေးခဲ့တာပါ။ ဒါရိုက်တာမင်းသားရဲ့အပြောအရတော့ အက်ရှင်အများစုမှာ ဖြစ်တတ်တဲ့ ဇာတ်အိမ်မခိုင်မာတာကို ပြင်ထားပြီး ဇာတ်အိမ်ခိုင်ခိုင်၊ နောက်ကြောင်းခိုင်ခိုင်နဲ့ အိန္ဒိယဓလေ့တွေ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ အပြောအဆိုနဲ့ အတိုက်အခိုက်ခန်းတွေကြမ်းလို့ ကလေးငယ်တွေအတွက်တော့ မသင့်တော်ပါဘူး။ ဇာတ်လမ်းအကျဉ်း မြေအောက်လက်ဝှေ့ဝိုင်းတွေမှာ လုပ်ပွဲတွေ အထိုးခံပြီး ငွေရှာလေ့ရှိတဲ့ မျောက်မျက်နှာနဲ့လူငယ်လေးတစ်ယောက်။ ရင်ထဲမှာ အမုန်းတွေကလဲ့စားတွေနဲ့ပြည့်နေပြီး အထိုးခံစရာ နာစရာကိုရှာရင်းအသက်ရှင်နေတဲ့လူတစ်ယောက်၊ ...
movie

Monkey Man (မွန်ဘိုင်း John Wick) (2024)

[21+] A Beautiful Wife And Father-In-Law – Yuko Ono (Decensored – FSDSS-435)
[21+] A Beautiful Wife And Father-In-Law – Yuko Ono (Decensored – FSDSS-435)  လှပပြေပြစ်ပြီး အပြစ်အနာအဆာ မရှိတဲ့ခန္ဓာကိုယ်ကောက်ကြောင်းလေးနဲ့ ယဉ်လှတဲ့ မျက်နှာထားလေးကြောင့် ပုရိသတွေအသည်းစွဲဖြစ်နေစေတဲ့ မင်းသမီးလေး Yuko Ono ရဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်......FSDSS-435 ဆိုတဲ့ ဒီ ဇာတ်ကားလေးထဲမှာတော့ အိမ်ထောင်ကျပြီး ယောက်ျားအိမ်လိုက်နေရာက ယောက်ခထီးရဲ့ အကြမ်းအရမ်း ဆက်ဆံပုံတွေကို ထုတ်မပြောသာ ရင်ဆိုင်ကျော်လွှားရမဲ့ ချွေးမလေးနေရာကနေ Yuko Ono က သရုပ်ဆောင်တင်ဆက်ပေးထားတာဖြစ်ပါတယ်......နဂိုကတည်းက လှပြီးသား မင်းသမီးလေးကို စွဲမက်စရာ သရုပ်ဆောင်ဟန်ပန်အမူအရာတွေနဲ့ပါ တွဲဖက်မြင်လိုက်ရတော့ ပုရိသတွေရင်ထဲ ရထားအစင်း၁၀၀ခုတ်မောင်းသွားတာထက်တောင် တုန်လှုပ်သွားစေမယ်ဆိုတာ ပြောရင်း ရှုစားလိုက်ကြပါဦးလို့......(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…(2.6 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Eren
movie

[21+] A Beautiful Wife And Father-In-Law – Yuko Ono (Decensored – FSDSS-435)

Scanners (1981)
Scanners (1981)  လက်နက်ရောင်းဝယ်ရေးကုမ္ပဏီဖြစ်တဲ့ကွန်းဆက်ကုမ္ပဏီက သဘာဝလွန်စွမ်းအားတွေရှိတဲ့လူသားတွေကိုစုဆောင်းပြီး သူတို့ရဲ့အစွမ်းတွေကိုစမ်းသပ်လေ့လာနေတာပါ။ အဲဒီသဘာဝလွန်အစွမ်းနဲ့လူတွေကိုတော့ စကန်နာတွေလို့ခေါ်ပြီး စိတ်နဲ့တစ်ဖက်လူကိုထိန်းချုပ်လို့ရတာ သတ်ပစ်တာမျိုးတွေလုပ်နိုင်ပါတယ်။ဒါပေမဲ့ စွမ်းအားကြီးတဲ့စကန်နာဒါရယ်ရေဗေါ့က စကန်နာအစွမ်းသုံးပြီးကမ္ဘာကိုအုပ်စိုးချင်လာတော့ ကွန်းဆက်အဖွဲ့ရဲ့ရန်သူဖြစ်လာတယ်။ အဲဒါကြောင့် ကွန်းဆက်အဖွဲ့ဝင်ဒေါက်တာရုသ်က ရေဗေါ့နဲ့ယှဥ်ပြိုင်ဖို့ တခြားစွမ်းအားကြီးစကန်နာကမ်မရွန်ကို လက်သပ်မွေးပြီး ရေဗေါ့ကိုရှာခိုင်းပါတော့တယ်။ File size…(1.9 GB)/(870 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:43:00 Genre... Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

Scanners (1981)

Clouds of Sils Maria (2014) 6.8
Clouds of Sils Maria (2014)  မာရီယာ အန်းဒရက်ဟာ နိုင်ငံတကာကျော်ကြားတဲ့ ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်ပါ သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀က စစ်ဂရစ်ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရင်း အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်သူနာမည်ကြီးဖြစ်လာရတဲ့ ဇာတ်လမ်းမှာပဲ တခြားနေရာကနေ ပြန်ပြီးသရုပ်ဆောင်ဖို့ဖြစ်လာတဲ့အခါ အတိတ်က မှတ်ဉာဏ်တွေကြားမှာ မာရီယာတစ်ယောက် ရှေ့မဆက်နိုင်ဖြစ်ရင်း အခြားဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့ ခက်ခဲနေခဲ့ပါတော့တယ်ဒီဇာတ်ကားမှာကတော့ နိုင်ငံခြား အနုပညာရှင်တွေဟာ သူတို့ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို အလေးအနက်ထားပုံ ဇာတ်ကောင်အဖြစ်ခံယူပုံတွေအပြင် အနုပညာရှင်တွေရဲ့ ဘဝကိုပါ ရိုက်ကူးတင်ဆက်ထားတဲ့ Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Twilight ထဲက နာမည်ကျော်မင်းသမီး Kristen Stewart လည်း ပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှူလိုက်ကြပါဦးခင်‌ဗျာ File size…(2 GB)/(910 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Clouds of Sils Maria (2014)

A Serious Man (2009) 7.0
A Serious Man (2009)   IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်‌ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ...
movie

A Serious Man (2009)

GomBurZa (2023) 7.9
GomBurZa (2023)  GonBurZa ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ဖိလစ်ပိုင်နိုင်ငံက ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်ဒီဇာတ်ကားဟာ သာမန်ကားတွေနဲ့ မတူတဲ့ အချက်ကသမိုင်းကို အခြေခံရိုက်ကူးထားတဲ့ historical movieတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ကိုလိုနီခေတ် စပိန်လက်အောက်ရောက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်အောင်ရိုက်ကူးပြထားပါတယ်။ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ဖိလစ်ပိုင်နိုင်ငံဖွားစပိန်လူမျိုးဘုန်းတော်ကြီးတွေကို ရိုက်ပြထားတာဖြစ်ပါတယ်။ စပိန်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြားမှာဒီဖိလစ်ပိုင်နိုင်ငံဖွား ဘုန်းတော်ကြီးတွေကိုပါ ခွဲခြားဆက်ဆံနေရတဲ့အခါ နိုင်ငံကလူငယ်တွေမှာ မျိုးချစ်စိတ်တွေပြင်းထန်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။IMDb rating 8 ကျော်ရထားလို့ ကြည့်ရတာအရသာအပြည့်ပေးမဲ့ ဇာတ်ကားတစ်ကားဆိုတာငြင်းစရာမရှိပါဘူး..... File size…1.31GB / 580MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

GomBurZa (2023)

Buddha Mountain ( 2010 ) 6.8
Buddha Mountain ( 2010 ) Fan Bing Bing ရဲ့ (၂၃)ကြိမ်မြောက် Tokyo International Film Festival မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုရထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့......နယ်မြို့လေးတစ်မြို့မှာ ကြိုးစားရုန်းကန်နေတဲ့လူငယ်လေး(၃)ယောက်နဲ့ အိမ်ရှင်မိန်းမကြီးတစ်ယောက်အကြောင်းဒရာမာလေးဖြစ်ပါတယ်။ ပီကင်းအော်ပရာဇာတ်အဖွဲ့ဝင်ဟောင်း ဆရာမချန်ဟာ ခင်ပွန်းဆုံးသွားပြီးနောက်ပိုင်း တစ်ယောက်ထဲအထီးကျန်တဲ့ ဘဝကိုဖြတ်သန်းရင်း တစ်နေ့မှာ သူ့ရဲ့အိမ်ခန်းကိုငှားဖို့ဆုံးဖြတ်လိုက်တယ်။မရေရာတဲ့အနာဂတ်တွေနဲ့ လူငယ်လေး(၃)ယောက်ကသူ့ရဲ့အိမ်မှာလာငှားနေကြတယ်။ ရှေးရိုးဆန်ပြီး အထီးကျန်နေတဲ့ ဂွကျတဲ့မိန်းမကြီးတစ်ယောက်နဲ့ ဘဝကိုဖြစ်သလိုကျော်ဖြတ်ရင်း ဝေဝေဝါးဝါးဖြတ်သန်းနေတဲ့ လူငယ်လေးတွေဟာ ကမောက်ကမနဲ့သံယောဇဉ်တွေဖြစ်ပြီး အတူနေထိုင်ရင်း လောကဒဏ်ကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုခံပြီး ဖြတ်သန်းကြတဲ့ ဒရာမာလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance  Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Reviewed By Nu Mon Encoded by LK
movie

Buddha Mountain ( 2010 )

I Miss You ( 2024 ) 5.9
I Miss You ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် လူငယ်အချစ်ဇာတ်လမ်းလေးတပုဒ်ဖြစ်တဲ့ I Miss you ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ဘဝကိုရိုးရှင်းစွာနဲ့ အပူအပင်ကင်းမဲ့ဖြတ်သန်းနေတဲ့ ပိုင်ရှောင်ယွီဆိုတဲ့ ကောင်လေးတစ်ယောက်။ ငယ်စဉ်တည်းကမိဘတွေစကားများမှုကြောင့် စိတ်ဒဏ်ရာရထားတဲ့ ဝမ်ကျင်းကျင်းဆိုတဲ့မိန်းကလေး။ငယ်စဉ်တည်းက Edgar Allan Poe ဆိုတဲ့ သရဲပုံပြင်ကိုရေးတဲ့စာရေးဆရာကို အရူးအမူးကြိုက်နှစ်သက်ကြတယ်။ တနေ့အထက်တန်းစာမေးပွဲဖြေတဲ့နေ့မှာ ကံကြမ္မာဖန်တီးပေးမှုကြောင့်နှစ်ဦးသားတွေ့ဆုံခဲ့တယ်။နှစ်ဦးသားရဲ့ တွေ့ဆုံမှုအစက အလွဲလွဲအချော်ချော် ဖြစ်သွားခဲ့ပေမဲ့ပိုင်ရှောင်ယွီကတော့ ဝမ်ကျင်းကျင်းကို မြင်မြင်ချင်းချစ်မိသွားတာပေါ့။ တက္ကသိုလ်လေးနှစ်လုံးသူတစ်ယောက်တည်း အတွက် နှလုံးသားတံခါးကိုသော့ခတ်ထားပြီး နေလာခဲ့ရင်းတနေ့မှာ သူမနဲ့ပြန်လည်တွေ့ဆုံခဲ့ကြတယ်။ဒီလိုနဲ့ ပြန်တွေ့ဆုံကြတဲ့အခါနှစ်ယောက်သား အကြိုက်တူနေတာတွေဝေမျှပြီး ပိုပိုနီးစပ်လာတဲ့အခါမှာ သူငယ်ချင်းကနေ ရည်စားအဖြစ်တက်လှမ်းကြတဲ့အချိန် ဘယ်လိုမျိုးလေးတွေတွေ့ကြုံလာရမလဲ။ပိုင်ရှောင်ယွီကောင်လေးက ပုံဆွဲဝါသနာပါပေမဲ့ ငယ်စဉ်တည်းကမျက်လုံးရောဂါဖြစ်နေတာကြောင့် ပုံဆက်မဆွဲနိုင်တဲ့ ကောင်လေး။ဝမ်ကျင်းကျင်းက စာရေးရတာဝါသနာပါတာကြောင့် စာရေးဆရာမဖြစ်ချင်တဲ့အိပ်မက်ကို ပိုင်ဆိုင်ထားတဲ့ကောင်မလေး။ဒီလူနှစ်ဦးကြားမှာ ကံကြမ္မာက ဘယ်လိုတွေဖန်တီးပေးဦးမလဲ။ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေကြုံတွေ့မလဲစတာတွေကိုတော့ ဒီဇာတ်လမ်းလေးကို ကြည့်ရူလိုက်ကြရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

I Miss You ( 2024 )

Memory Journey ( 2024 ) 5.7
Memory Journey ( 2024 ) ဒီဇာတ်ကားလေးကတော့ duration တိုတိုလေးနဲ့ လူတွေရဲ့ မှတ်ဉာဏ်တွေနဲ့ပတ်သတ်ပြီး ဘယ်လိုသဘောတရားထားသင့်တယ်ဆိုတဲ့ အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။မန်မိုရီ ( မှတ်ဉာဏ် ) ဟော်တယ်မှာ လူကြီးမင်းယန်က ဧည့်လမ်းညွှန်အဖြစ်လုပ်ကိုင်ပါတယ် ။ သူကဟော်တယ်ကို ရောက်လာတဲ့သူတွေကို သူတို့စိတ်ထဲကအရောက်ချင်ဆုံးနေရာတွေကို ဖော်ပြပေးတဲ့ မှတ်ဉာဏ်အခန်းတွေဆီ ခေါ်သွားပြီးတော့ ဟော်တယ်ဝန်ဆောင်မှုပေးတဲ့သူပါ ။အဲဒီလိုနဲ့ ဟော်တယ်ကိုရောက်လာတဲ့ တည်းခိုသူတွေကို သူတို့မှတ်ဉာဏ်တွေဆီခေါ်သွားပေးတဲ့အချိန်မှာတော့...မှတ်ဉာဏ်နဲ့ပတ်သတ်ပြီး ထားသင့်တဲ့စိတ်နေသဘောထားတွေ လူတွေရဲ့နောင်တဲ့ဝမ်းနည်မှုအကျိုးဆက်တွေကို လိုတိုရှင်းလေး အဓိပ္ပာယ်ဖွင့်ဟထားလို့ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းလေးပဲဖြစ်လို့ လိုက်ပါကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။ Quality : WEB-DL 1080p  Format : mp4 Genres : Sci-Fi , Science Fiction Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Memory Journey ( 2024 )

Hotel (2004) 5.6
Hotel (2004) Hotel (2004) ============ဒီဇာတ်လမ်းမှာ Irene ဆိုတဲ့ မိန်းကလေးတစ်ယောက် ဩစတေးလျ တောအုပ်က လူသူအရောက်နည်းတဲ့ တစ်နေရာမှာဖွင့်လှစ်ထားတဲ့ ဟိုတယ်မှာ ဧည့်ကြိုစာရေးအနေနဲ့ အလုပ်စဝင်လာခဲ့တယ်။ နောက် တော့ သူ့ရာထူးမှာလုပ်ခဲ့တဲ့ အရင်ကောင်မလေးက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတာမို့ သူ့ကိုအစားထိုးလိုက်တာဖြစ်ကြောင်း သိလာ ရတယ်။Irene လည်း ဟိုတယ်ရဲ့ တဖြည်းဖြည်း ကျောချမ်းစရာအငွေ့အသက် တွေကို ကြုံတွေ့လာရရင်း အရင်ကောင်မလေးရဲ့ အဆန်းတကြယ် ပျောက်ကွယ်သွားမှုက လူသတ်မှုလား သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဆက် စပ်နေသလားဆိုတာကို ဘယ်လိုအဖြေပေါ်မလဲဆိုတာတော့ ဒီဇာတ်လမ်း ထဲမှာ စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.35 GB) / (450 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 16Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Thwal Htoo Zin Encoder..........SWM
movie

Hotel (2004)

2004
Triple Tap (2010) 6.2
Triple Tap (2010) ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Triple Tap လို့ခေါ်ပြီးတော့One Night in Mongkok နဲ့ Double Tap အစရှိတဲ့ဇာတ်ကားတွေရဲ့ sequel ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Louis Koo နဲ့ Daniel Wu တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့သေနတ်ပြိုင်ပွဲချန်ပီယံရဲ့ မစ္စတာကန်ကွမ် (Louis Koo) ကIPSC ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးတော့ အိမ်ကိုပြန်လာခဲ့တယ်။အိမ်ပြန်လမ်းမှာ ဓားပြတိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ဓားပြတိုက်သူတွေဟာ ကျည်ကာကားပေါ်မှာပါတဲ့သန်းရာချီတန်တဲ့ ပိုင်ဆိုင်မှုစာချုပ်ကို လိုချင်ကြတာပါ။ဓားပြတိုက်သူတွေက ကားပေါ်မှာ လိုက်ပါလာသူတွေနဲ့ရုန်းရင်းဆန်ခတ်ဖြစ်ရင်း သေနတ်ပစ်ဖောက်ခဲ့ကြတယ်။ဒါတွေကို ကန်ကွမ်က အစအဆုံးမြင်လိုက်ရပါတယ်။ခဏကြာပြီးနောက်မှာ ယာဉ်ထိန်းရဲ ရောက်လာခဲ့တယ်။ယာဉ်ထိန်းရဲကိုလည်း သေနတ်နဲ့ ပစ်တော့မှာကို မြင်သွားတဲ့အခါကန်ကွမ်ဟာ ဓားပြတွေကို သူ့မှာပါလာတဲ့သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ကန်ကွမ် လူသတ်လိုက်တာ မှန်တယ်မမှန်ဘူးဆိုပြီး တရားရုံးရောက်တဲ့အထိ အငြင်းပွားကြပါတော့တယ်။စာချုပ်ဓားပြတိုက်တဲ့ အမှုကို ...
movie

Triple Tap (2010)

Model House (2024) 4.8
Model House (2024) Model House (2024) ================Social Media မှာ ဖော်လိုဝါတွေများအောင် ကြိုးစားနေကြတဲ့ ခေတ်ကြီးထဲ အဲဒါဖော်လိုဝါတွေကြောင့်ပဲ ဘယ်လိုဒုက္ခအန္တရာယ် တွေ ကျလာလဲဆိုတာကို ဒီဇာတ်လမ်းက ရုပ်လုံးဖော်ပြသထား ပါတယ်။ဖော်လိုဝါအများကြီးရှိတဲ့ နာမည်ကြီးမော်ဒယ်လ်တွေ အလုပ်ကိစ္စနဲ့ အိမ်တစ်အိမ်မှာ တစ်ညနားပြီးတည်းကြတယ်။ မော်ဒယ်ကောင်မ လေးတွေ အပန်းဖြေအိမ်မှာ ပျော်ပါးနေကြတုန်းမှာပဲ အိမ်ဖောက်ပြီး ဓားပြတိုက်တဲ့သူတွေ ရောက်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုးတွေ ဓားပြ တိုက်တာက မော်ဒယ်လ်တွေဆီကမဟုတ်ဘဲ မော်ဒယ်လ်​တွေကိုအ သုံးချပြီး သူတို့ရဲ့ဖော်လိုဝါတွေကို ငွေပို့ခိုင်းတာပဲဖြစ်ပါတယ်။ စစချင်း မှာတော့ ထိခိုက်မှုမရှိတဲ့ ငွေလိမ်လည်မှုသက်သက်ဆိုပေမဲ့ နောက်ပိုင်း မှာ ဘယ်လိုသွေးသံရဲရဲနဲ့ ကပ်ဆိုက်ပြီး မော်ဒယ်လ်တွေရော လွတ်မြောက် နိုင်ပါ့မလားဆိုတာကို သဲထိတ်ရင်ဖို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.17 GB) / (500 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

Model House (2024)

2024
A Beautiful Life (2023) 6.4
A Beautiful Life (2023)  ဒီရုပ်ရှင်လေးကတော့ musical romanceကားလေးဖြစ်တာမို့ သီချင်းသံငြိမ့်ငြိမ့်လေးတွေကြားမှာစီးမျှောချင်သူတွေအကြိုက်တွေ့ဦးမယ့်ကားလေးပါပဲ...။ဇာတ်လမ်းထဲမှာပါဝင်တဲ့ သီချင်းတိုင်းကလည်းဇာတ်ဆောင်မင်းသားအဆိုတော်Christopherကိုယ်တိုင်‌ရေးသားဖန်တီးထားတဲ့သီချင်းတွေချည်းပါတဲ့ဗျာ....။ဂစ်တာသံစဥ်ငြိမ့်ငြိမ့်လေးနဲ့ သီချင်းအေးအေးလေးနဲ့ခံစားကြည့်ချင်သူတွေအတွက်တော့ ကွက်တိကျမယ့်ဇာတ်ကားလေးတစ်ပုဒ်ပါပဲ...။ဇာတ်အိမ်လေးကို အကျဥ်းပြောပြရမယ်ဆိုရင်ဒိန်းမတ်ဆိပ်ကမ်းလေးတစ်ခု ငါးဖမ်းသမားလေးတစ်ယောက်ဘဝကနေ သီချင်းအဆိုရှင်ဖြစ်လာတဲ့လူငယ်လေးတစ်ယောက်အကြောင်းပါ..။အီလီရော့ဟာ ဘဝအခြေအနေကြောင့် ငါးဖမ်းသမားဘဝနဲ့ရုန်းကန်နေရပေမယ့် ပင်ကိုယ်အသံကလည်းသီချင်းဆိုဖို့ ပါရမီပါသလို သီချင်းရေးရာမှာလည်း ထူးချွန်သူပါ...။တစ်နေ့ မွေးနေ့ပွဲတစ်ခုမှာ ဂစ်တာအငှားလိုက်တီးရင်းနာမည်ကျော်ထုတ်လုပ်သူတစ်ယောက်က မျက်စိကျသွားတဲ့နောက်....ငါးဖမ်းသမားလေးဘဝကနေ အဆိုတော်ဘဝကိုဘယ်လိုတွေရောက်ရှိလာလဲဆိုတာကို သံစဥ်လေးတွေနဲ့နားဆင်ကြည့်ရှုရမှာဖြစ်ပါတယ်...။ File size…1.36GB / 635MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama , Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

A Beautiful Life (2023)

A Good Year (2006) 7.0
A Good Year (2006) A Good Year (2006)IMDb Rating (6.9)ဒါရိုက်တာကြီး Ridley Scott ရဲ့  ထူးထူးဆန်းဆန်း Comedy,Romance,Drama ရုပ်ရှင်ဇာတ်ကားလေးပါ။မင်းသားကြီး Russell Crowe နဲ့ Taxi မင်းသမီးအဖြစ်မှတ်မှတ်ထင်ထင်ရှိရတဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့....ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိအလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာ‌ပြင်သစ်တောင်ပိုင်းက မြို့ငယ်က‌လေးကို သွားရောက်ရင်းငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့.....။အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။ File size…(2.3 GB) / (1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:31 Subtitle….Myanmar Subtitle ...
movie

A Good Year (2006)

Nodadha Putagalu (2023) 6.8
Nodadha Putagalu (2023) Padikkadha Puththagangal (Nodadha Putagalu) (2024)မောင်ကံကောင်းရဲ့ တလွဲကြမ္မာတစ်ခါတလေတော့လည်း လောကကြီးကဆန်းကြယ်သား ။ အရေးကြီးတဲ့အရာတွေ ဘဝကိုအဆုံးအဖြတ်ပေးတဲ့အချိန်တွေမှာ ကံကောင်းတတ်ပြီး ကျန်တဲ့အချိန်တိုင်း ဘယ်လောက်ကြိုးစားကြိုးစား အမြဲလွဲချော်နေတတ်တယ် နေ့စဉ်ဘဝကြီးက အမြဲကသိကအောက်နဲ့ ကံဆိုးတယ်ပြောရအောင်လည်း တကယ့်အရေးဆို အားလုံးအဆင်ချောနေပြန်ရော။ဒီကားထဲက အာဒီကလည်း မွေးကင်းစမှာ အစာဝင်အဆုတ်ရောင်ရောဂါဖြစ်ပြီး သေလုဆဲဆဲမှာ ကံကောင်းပြီးအသက်ဆက်ခွင့်ရခဲ့တယ် ။ကံကောင်းလေးပါလို့ ပြောရအောင်လည်း အဲဒီအချိန်တည်းက သူ့ငယ်ဘဝ လူငယ်ဘဝ နဲ့ အချစ်ရေးကိစ္စတွေမှာ အလွဲလွဲအချော်ချော်တွေဖြစ်တာပဲ ဒါပေမဲ့ လူ့လောကထဲကိုအရောက်ပို့ပေးနိုင်ခဲ့တဲ့ သူရဲ့ကံကြမ္မာက သူ့ဘဝမှာရော ဘယ်လို‌အပြောင်းအလဲကြီးကြီးမားတွေ လုပ်ပေးဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nodadha Putagalu (2023)

2023
The Djinn’s Curse (2023)
The Djinn’s Curse (2023) The Djinn's Curse (2023)ယခုတစ်ခါမှာတော့ Horror movie ပရိသတ်တွေအတွက် ဂျင်အောက်လမ်းနဲ့ဆိုင်တဲ့ Horror ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ ဝင်းတို့မိသားစုဟာ ဘန်ကောက်ကနေ နာရာသီဝပ်ကို အကြောင်းကိစ္စတစ်ခုကြောင့် ပြောင်းရွှေ့လာခဲ့ရပါတယ်။ သူတို့ နာရာသီဝပ်မှာ နေဖို့အတွက် အိမ်ကိုရောက်တဲ့အချိန်မှာ အဲဒီအိမ်ကြီးကို ပစ္စည်းတွေရှင်းရင်း ဂျင်နဲ့ပတ်သတ်တဲ့ စာအုပ်တွေအများကြီးရှိနေတာကို တွေ့ရပါတယ်။ ပြီးတော့ အဲဒီဒေသမှာ မကောင်းဆိုးဝါးပူးကပ်မှုတွေကိုလည်း မကြာခဏမြင်တွေ့နေရပါတယ်။ ဒီလိုနဲ့ အဲဒီအိမ်ကြီးမှာ နေလာရင်း မီနာနဲ့လင်းညီအစ်မနှစ်ယောက် ဘယ်လိုကြောက်စရာကိစ္စတွေနဲ့ ကြုံတွေ့ရမလဲ ..... သူတို့မိသားစုကရော ဘယ်လိုပြဿနာတွေကြောင့် ဒီကိုပြောင်းရွှေ့လာခဲ့ရတာလဲ ..... သူတို့မိသားစုအပေါ်မှာရော ဂျင်အောက်လမ်းတွေက ဘယ်လိုတွေသက်ရောက်လာမလဲ... ဆိုတာတွေကို နောက်ခံအသံကောင်းကောင်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ & Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 857MB | 435MB Format… mp4 Duration…. 1h 38min Subtitle…. ...
movie

The Djinn’s Curse (2023)

2023
Hungry Hearts (2014) 6..4
Hungry Hearts (2014) Hungry Hearts (2014) ====================ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် ဒါရိုက်တာ Saverio Costanzo မှရိုက်ကူးတင်ဆက်ထားပြီး 71 ကြိမ်မြောက် Venice နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအဖြစ်ဇကာတင်စာရင်းကိုဝင်ခဲ့တဲ့ ရုပ်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့Jude နဲ့ Mine တို့ရဲ့ သန့်စင်ခန်းထဲက မတော်တဆတွေ့ဆုံမှုလေးကနေ ချစ်ခြင်းတရားပေါက်ဖွားလာပြီး အဲဒါကြောင့်ပဲ မတော်တဆနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရပါတော့တယ်။သူတို့ဘဝရဲ့ ဂယက်တွေက ကိုယ်ဝန်ဆောင်ကာလမှာပဲ ပေါက်ဖွားလာခဲ့တယ်လို့ဆိုရမှာပါ။ကိုယ်ဝန်ဆောင်ကာလအစကနေ Mine တစ်ယောက် စာအုပ်တွေအဖတ်လွန်ပြီး အရာရာကိုအစွဲအလမ်းကြီးလာခဲ့ပါတယ်။အစားလည်းပုံမှန်မစားတော့သလို ခန္ဓာကိုယ်ကိုအဆိတ်အတောက်ဖယ်တယ်ဆိုပြီး ယုံမှာမှုတွေကြီးစိုးလာခဲ့ပါတယ်။သူတို့မိသားစုဘဝလေးဘယ်လိုဖြစ်လာမှာလဲ ရှေ့ဆက်ပြီးဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ )File size_(2.6GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June
movie

Hungry Hearts (2014)

Four Souls of Coyote (2023) 7.3
Four Souls of Coyote (2023)  ဒီပုံပြင်လေးမှာ Animation အသံသရုပ်ဆောင်ရာမှာ ဂုရုတွေဖြစ်ကြတဲ့ Fred Tatasciore, Bill Farmer, Clé Bennett, John Eric Bentley, Gerda Pikali, Péter Bozsó, Lorne Cardinal တို့လို လူတွေအားလုံး တက်ညီလက်ညီ ပါဝင်ထားကြတဲ့ animation ကောင်းကောင်းလေး တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ထိုပုဂ္ဂိုလ်တွေရဲ့animation လက်ရာတွေကနေ ကျွန်တော်တို့မျိုးဆက်တွေထဲမှာ ဘယ်သူမှ ပြေးလွတ်မှာ မဟုတ်ပါဘူး။အရမ်းနားထောင်လို့ ကောင်းမယ့် ပုံပြင်လေး တစ်ပုဒ်ကို ပြောပြပါမယ်။ ဇာတ်လမ်းလေးကတော့ အမေရိကန်အရင်းရှင်သူဌေးကြီးတွေက native americanတွေ ရှိတဲ့တောအုပ်ကို ဖျက်၊သစ်ပင်တွေကို ခုတ်လှဲပြီး ရေနံပိုက်လိုင်းသွယ်ဖို့လုပ်နေပါတယ်။ ဒီလိုနဲ့ ထိုပရောဂျက်ကို ဆန္ဒပြဖို့ native americanတွေပေါင်းပြီး စုဝေးကြပါတယ်။ Native americanတွေထဲမှ အသက်အကြီးဆုံးဖြစ်တဲ့ အဖိုးကြီးကနေ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်အကြောင်းကနေ အစချီလို့ ပတ်ဝန်းကျင်ကို ...
movie

Four Souls of Coyote (2023)

Blossoms in Adversity
Blossoms in Adversity ချင်မင်းဆက်ခေတ်မှာ ဟွားအိမ်တော်အပေါ် ဧကရာဇ်မင်းကအမျက်တော်ရှတဲ့အခါ ကလေးအရွယ်သာရှိသေးတဲ့ ယောက်ျားလေးတွေကလွဲပြီးသခင်ကြီးဖြစ်သူ ဟွားလူကြီးမင်း ဟွားယိကျန့် အပါအဝင် တစ်မိသားစုလုံးမှာရှိတဲ့အရွယ်ရောက်ပြီးသား ယောက်ျားသားများအားလုံး နယ်နှင်ဒဏ်ပေးခံရပါတော့တယ်အဲဒီအခါမှာတော့ မိသားစုရဲ့ အကြီးဆုံးသခင်မလေးဖြစ်သူ ဟွားကျစ် (Zhang Jing Yi) ဟာ၁၅ နှစ်ကြာ ဖုံးကွယ်ထားခဲ့တဲ့ သူ့အရည်အချင်းတွေကို ဖော်ထုတ်ပြီး လဲပြိုတော့မယ့် မိသားစုကိုအငတ်ဘေးနဲ့ အကျပ်အတည်းကနေ လွတ်မြောက်အောင် ဦးဆောင်ပြီး ကြိုးပမ်းရပါတော့တယ်လဲပြိုနေတဲ့မိသားစုကို ဆွဲထူဖို့ ဦးဆောင်ကြိုးစားနေတဲ့ ဟွားကျစ်တစ်ယောက် သူ့အတွက်အားကိုးဖို့ လက်ကမ်းပေးလာတဲ့ လင်မင်းသားရဲ့ သားတော် ကုယန့်ရှီး (Hu Yi Tian)နဲ့ဆုံတွေ့ခဲ့ပြီးတဲ့နောက်မှာ အခြေအနေမတူတဲ့ သူတို့ ၂‌ ယောက်ရဲ့ ချစ်ခရီးလမ်းက‌ရောဖြောင့်ဖြူးပါ့မလား မြင့်မြတ်တဲ့မိသားစုက သခင်မလေးဘဝကနေသုညဘဝပြန်ရောက်သွားတဲ့မိသားစုကို ဟွားကျစ်တစ်ယောက် ဘယ်လိုဦးဆောင်ပြီး ဆွဲထူမလဲဟွားအိမ်တော်အပေါ်ကို ဧကရာဇ်မင်း အမျက်တော်ရှရတဲ့ အကြောင်းအရင်းကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ရှူစားကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes ...

Blossoms in Adversity

2024
Naka De Salon (2024)
Naka De Salon (2024) နဂါးဆလွန်း (၂၀၂၄)၂၅နှစ်အရွယ်ယုတ်ဂ်ဟာ ငယ်စဉ်က ထူးဆန်းတဲ့ဖြစ်စဉ်တခုကြောင့် အစွမ်းရှိသူတစ်ဦးပါ သူမကိုမွေးမွေးချင်း မိခင်ကဆုံးပါးသွားပြီး နောက်၁၅နှစ်မှာ ဖခင်ဖြစ်သူကို ထပ်ဆုံးရှုံးခဲ့ရပါတယ် သူမက တခြားသူကို ထိမိတာနဲ့ ကံကြမ္မာနဲ့ဖြစ်စဉ်အကုန် မြင်ရသူပေါ့ ဒီအစွမ်းတွေကြောင့်နဲ့ပဲ နာမည်ကြီးဆလွန်းတခုမှာ အလုပ်ရခဲ့ပါတယ် ဗေဒင်တွက်မှန်တဲ့ယုတ်ဂ်ကတော့ ဆလွန်းမှာ ဖောက်သည်အများဆုံးရတဲ့အလုပ်သင်လေးပေါ့“နဂါးဆလွန်း”ဆိုတဲ့ဇာတ်ကားထဲမှာ ယုတ်ဂ်ရဲ့အစွမ်းတွေအကြောင်းကို ကြည့်ရှုကြရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Fantasy Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake Love Encoder ..... Aaron720pEpisdoe 01 - ...

Naka De Salon (2024)

2024
Shōgun (2024) 10
Shōgun (2024) Game of Thrones လိုမျိုး နယ်မြေလုတာ အာဏာလုတာတွေနဲ့ရက်ရက်စက်စက်တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြိုက်ရင်အမေရိကန်-ဂျပန် ဗားရှင်း GoT လို့ပြောရမဲ့Shogun ဇာတ်လမ်းတွဲကိုကြည့်လိုက်ပါ။နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Hiroyuki Sanada၊ Anna Sawai တို့ပါဝင်ထားပြီး ၁၉၇၅ တုန်းက ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန်တွေကို စိတ်ကူးယဉ်နဲ့ ရောစပ်ဖန်တီးထားတာပါ။ဒီရုပ်ရှင်ထဲက လမ်းပြ ဘလက်သွန်းဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ဂျပန်ကိုပထမဆုံးရောက်တဲ့ အင်္ဂလိပ်လမ်းပြWilliam Adams ကို အခြေခံထားသလို ယိုရှီ တာရာနာဂါ ဇာတ်ကောင်ဟာတိုကူဂါဝါ စစ်ဘုရင်အုပ်ချုပ်ရေးကို တည်ထောင်ခဲ့တဲ့တိုကူဂါဝါ အီအဲယဆု ကို အခြေခံထားတာပါ။ ဇာတ်လမ်းအကျဉ်း၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လမ်းပြ ပရိုတက်စတင့်ဘာသာဝင်တစ်ယောက်ဟာဂျပန်ကို လှေနဲ့ ပထမဆုံး ရောက်လာပါတယ်။အဲဒီကာလမှာ ပေါ်တူဂီကသလစ်တွေဟာ ဂျပန်နဲ့ ကုန်သွယ်ပြီးအရမ်းမြတ်စွန်းနေကြတဲ့ကာလဖြစ်ပါတယ်။အခြား ဥရောပနိုင်ငံတွေကိုလည်း ဂျပန်ရဲ့ တည်နေရာကိုမသိအောင် ဖုံးထားပါတယ်။ပေါ်တူဂီတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပရိုတက်စတင့်ဘာသာဝင်ဟော်လန်လှေတွေ ဂျပန်ကိုရောက်လာချိန်မှာပဲ၊ ဂျပန်မှာလည်းဘုရင်ခံချုပ်(တိုင်ကိုး) ကွယ်လွန်သွားပြီး အမွေခံ သားငယ်လေးပဲကျန်ခဲ့တာကြောင့် ...
10
TMDb: 10/10 2 votes
tv

Shōgun (2024)

2024
Marital Justice (2024)
Marital Justice (2024) အိမ်ထောင်ရေး စီရင်ခန်း (၂၀၂၄)ဘိုက ပါရမိတ်နဲ့လက်ထပ်လာတာ ၁၅နှစ်ရှိခဲ့ပြီး သားလေးနွတ်လည်း ရှိတာကြောင့် သူတို့အိမ်ထောင်ရေးက မပြောင်းလဲဘဲ ချစ်မြဲအတိုင်းချစ်ကြတယ်လို့ ထင်နေခဲ့တာပါကမ္ဘာနှစ်ခုနဲ့မိတ်ကတော့ ဇနီးဖြစ်သူဘိုဆီ ပိတ်ရက်တိုင်းပြန်လာပြီး ကျန်ရက်မှာ သူ့အထက်လူကြီးရဲ့သမီး လင်နဲ့တွဲနေခဲ့ပါတယ်မိတ်က ဘိုကိုကွာရှင်းဖို့ပြောချင်ပေမယ့် ပြောမထွက်ဘဲနေခဲ့ရာ လင်နဲ့လက်ထပ်ရက်ရောက်လာခဲ့တော့တယ် မိတ်နဲ့လင် မင်္ဂလာပွဲနေ့မှာပဲ ဘိုက သူငယ်ချင်းဆီက သတင်းရပြီး လိုက်သွားကြည့်ရာမှာတော့ သွေးပျက်မတတ်ဖြစ်ခဲ့ရတဲ့ မြင်ကွင်းနဲ့အတူ မိတ် မယားငယ်ရှိတယ်ဆိုတာကြောင့် ဘိုတစ်ယောက် ဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်ဒါကြောင့် သူမက လက်ထပ်စာချုပ်နဲ့အတူ တရားမျှတမှုယူဖို့ ရုံးတက် တိုင်ချက်ဖွင့်ခဲ့ရာမှာ ဘိုက တရားနိုင်သွားမလား လင်နဲ့မိတ်က ဆက်လက်ပေါင်းမှာလား ကွာရှင်းလိုက်မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Fake Love, Nang Mwe Kham တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 1h ...

Marital Justice (2024)

2024
Cubicles  (2019) 8.1
Cubicles (2019) Cubicles (2019) ကြုံရဆုံရ လူ့ဘဝIMDb - 8.2/10 Sony LIVကနေ ထုတ်လွှင့်ခဲ့တဲ့ အမိုက်စားဝက်ဘ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရုပ်သံဇာတ်လမ်းတွဲကောင်းကောင်းကို စီစဉ်ရိုက်ကူးပြီး သူတို့အက်ပ်နဲ့ ယူကျုတွေပေါ်မှာ လွှင့်တဲ့ TVFက ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ပီယုရှ်ဆိုတဲ့ဘဲက အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ လူလတ်တန်းစားမိသားစုကဆင်းသက်လာတဲ့သူ။လုပ်ချင် ပြောချင်မိပြီဆို ရှေ့နောက်မကြည့်ဘဲ သူထင်ရာဇွတ်လုပ်တတ်တဲ့ ငနဲ။ အတွက်အချက်တော်ပြီး စည်းကမ်းကြီးတဲ့ဖခင်နဲ့ တစ်နေ့ဖုန်းမဆက်ရင် ပွစိပွစိလုပ်တတ်တဲ့မိခင်ဖြစ်သူတို့ရဲ့ သားတော်မောင်။ပထမဆုံး အလုပ်စဝင်တော့ လစာကို လကုန်တဲ့ည ၁၂နာရီမှာရောက်မလားထိုင်စောင့်ပြီး မရောက်လာလို့ ကုမ္ပဏီလူကြီးဆီဖုန်းဆက်ပြီး ကွန်ပလိန်းတက်တဲ့ ငနှောက်။ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ အခန်းအတူငှားနေရင်း အလုပ်လုပ်နေတဲ့သူ။ ဒီလိုအသိုင်းအဝိုင်းကြားမှာ သူနေထိုင်သွားလာ လုပ်ကိုင်နေပုံကို မပျင်းရအောင် ကြည့်ရမှာပါပဲ။အိန္ဒိယရုပ်ရှင် နှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းမို့ ရှာဖွေတင်ဆက်ပေးခြင်းဖြစ်လို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 600MB(Appx;)@EpisodeQuality – 1080p WEB DLDuration – minute (@Episode)Total Episodes: ...
8.1
TMDb: 8.1/10 9 votes
tv

Cubicles (2019)

2019
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်းသစ် (၆၅) အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ အရမ်းကြွေခဲ့ရတဲ့ မယ်မယ် Lee ...

In Cold Blood (2024)

2024
Kaiju No. 8 (2024) 8.357
Kaiju No. 8 (2024) aiju No. 8 (2024) Genre – Anime, Action, Adventure, Comedy IMDB – 8.4/10 MyAnimeList – 8.2/10Japan Anime တွေတို့ Pacific Rim တို့ ကြည့်ဖူးတဲ့လူဆိုKaiju ဆိုတာ ဘာလဲ သိကြမှာပါ။ မသိတဲ့လူတွေအတွက်လည်း Kaiju တွေဆိုတာက အရှင်းဆုံး ပြောရရင် ခုလက်ရှိ အားလုံးရဲ့ အချစ်တော်ကြီး Godzilla တို့လို ထူးဆန်းပြီး ပါဝါတွေ ရှိကြတဲ့ အကောင်အကြီးကြီးတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီ Anime လေးကလည်း ခုလက်ရှိ အသစ်ထွက်ရှိထားတာ ဖြစ်ပြီး Rating မြင့် ရထားပါတယ်။ Kaiju တွေ ပါဝင်ပေမဲ့လည်း Mecha စက်ရုပ်တွေတော့ မပါဝင်ပဲ သာမန်လူတွေကို အဆင့်မြင့်လက်နက်တွေနဲ့ တိုက်ခိုက်တာမျိုးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဂျပန်မှာက Kaiju တွေ ခဏခဏ ဝင်ရောက်ကျူးကျော် ဖျက်ဆီးနေလို့ တစ်တိုင်းပြည်လုံးမှာ ကာကွယ်ရေးတပ်ဆိုတာ ဖွဲ့စည်းထားပြီး အကောင်ပေါ်လာတာနဲ့ သုတ်သင်နေရပါတယ်။ ဇ ာတ်ကောင် Kafka နဲ့ ...
8.357
TMDb: 8.357/10 14 votes
tv

Kaiju No. 8 (2024)

2024
Wind Breaker (2024) 9.2
Wind Breaker (2024) Wind Breaker (2024) Genre – Anime, Action, Adventure IMDB – 7.5/10 MyAnimeList – 7.9/10လတ်တလောကမှ ထွက်ရှိထားပြီး Tokyo Revengers ထက်ကောင်းတယ်ဆိုပြီး သတင်းထွက်နေတဲ့ နောက်ထပ်ကျောင်းသားငဖိုက် Anime အသစ်လေးကို တင်ဆက်ပေးပါ့မယ်ဗျ။ အစပဲရှိသေးတာရော ဇာတ်လမ်းတည်ဆောက်ပုံ မတူတဲ့အတွက်TR ကောင်းမကောင်းဆိုတာတော့ ဖန်တွေကြားအငြင်းပွားစရာ ဖြစ်နေကြမှာပါ။ သိချင်ရင်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်တာတော့ အကောင်းဆုံးပေါ့လေ။ကျွန်တော့်အတွက်တော့ ဒီထဲက MC ဖြစ်တဲ့ Sakura ကအစပိုင်းကတည်းက ကြမ်းနေပြီး TR က MC ဖြစ်တဲ့Takemichi ထက်တော့ သာတယ်လို့ မြင်မိတယ်ဒါကလည်း TR မှာက Side character တွေက အဓိကကြမ်းတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒီ ...
9.2
TMDb: 9.2/10 4 votes
tv

Wind Breaker (2024)

2024
Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် ( ၂၀ )  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 ...

Su ji And U ri (2024)

2024
One Piece(1999) 8.712
One Piece(1999)  IMDb 8.9/10 Crunchyroll 4.9/5 MyAnineList 8.7/10 ဂျပန်ကာတွန်း​တွေရဲ့ကြီးသုံးကြီးမှာပါတဲ့ one pieceဟာစထွက်ရာက​နေအခုထိ ပရိသတ်​တွေတိုးပွား​နေဆဲပါ။ဂျပန်ကာတွန်း​တွေထဲမှာ​ berserkတို့၊ AoTတို့ဆိုရင် ဇာတ်လမ်းပိုင်းအ​ကောင်းဆုံး​တွေလို့သတ်မှတ်ကြသလိုပဲ one pieceကိုလည်းအ​ကောင်းဆုံး adventureစီးရီး၊ mangaကို animeအဖြစ်အသက်သွင်းတဲ့​နေရာမှာလည်း one pieceက အ​ကောင်းဆုံးလို့​ပြောရင်မှားမယ်မထင်ပါဘူး။ ပြီး​တော့ ဒီစီးရီးဘယ်​လောက်​တောင်​ကောင်းလဲညွှန်းရမယ်ဆိုရင် အပိုင်း၁​ထောင်​ကျော်​နေပြီဆို​ပေမဲ့ one piece fan​တွေဟာ ဇာတ်လမ်းပြီးမှာ​တောင် စိုးရိမ်မိကြတဲ့အထိ လွှမ်းမိုးနိုင်​နေတာပါ။ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ချမ်းသာမှု၊ ​ကျော်ကြားမှု၊ သြဇာရှိမှု​တွေကို ပိုင်ဆိုင်တဲ့ ​ပင်လယ်ဓါးပြ​ဘုရင်ကြီးကို ​ရေတပ်ကဖမ်းဆီးပြီး ကွပ်မျက်ဖို့လုပ်ခဲ့ပါတယ်။မကွပ်မျက်ခင်မှာ ကွပ်မျက်ပွဲကိုလာကြည့်တဲ့ လူ​တွေထဲက​နေ ​ကျော်ကြီးဟာ ပင်လယ်ဓါးပြဘုရင်ကြီးကို​မေးခွန်းတစ်ခုလှမ်း​မေးခဲ့ပါတယ်။"ဘဲကြီးခင်ဗျားပိုင်တဲ့ရတနာ​တွေဘယ်မှာထားခဲ့လဲ။ one pieceဆိုတာ​​ရောတကယ်ရှိလား""သိပ်ရှိတာ​ပေါ့။ ညိုကီ​ရာငါပိုင်ဆိုင်တဲ့ရတနာ​တွေကိုအဲ့ဒီ​နေရာမှာထားခဲ့ခဲ့....ဗျစ်"ဆိုပြီး​ပြော​နေတုန်းမှာ ​ရေတပ်ကကွပ်မျက်ခဲ့တာ​ကြောင့် စကား​တောင်မဆုံးခဲ့ရှာပါဘူး။ဒါ​ပေမဲ့ one pieceရှိတယ်ဆိုတာကိုအတည်ပြုခဲ့တာ​ကြောင့်ပင်လယ်ထဲကိုလူ​တွေအသီးသီးထွက်ကုန်တာ​ကြောင့် ပင်လယ်ဓါးပြ​ခေတ်ကြီးတ​ခေတ်ထလာခဲ့ပါ​တော့တယ်။ အဲ့ဒီလူ​တွေထဲမှာငဖီဆို​တော့ အ​ရှေ့ပင်လယ်ပြာက ​တောသား​လေးလည်းပါပြီးပင်လယ်ထဲရွက်လွှင့်ကာ ပင်လယ်ဓါးပြအဖွဲ့ဖွဲ့ဖို့ အဖွဲ့သားသစ်​တွေစု​ဆောင်းရာက​နေ one pieceဆိုတဲ့မဟာဇာတ်ထုပ်ကြီးဖြစ်​​ပေါ်လာပါ​တော့တယ်..... File Size –  336MB/173MB  @EpisodeQuality – 720p / 1080pDuration ...
8.712
TMDb: 8.712/10 3524 votes
tv

One Piece(1999)

1999
Ninja Kamui (2024) 10
Ninja Kamui (2024) အပိုင်း ၁ ရဲ့ ပထမဆုံး Fight Scene နဲ့တင် ကြွေဆင်းပြီး အသည်းခိုက်သွားမယ့်အမိုက်စား Anime စီးရီးအသစ် လာပြီဗျာ…။ချတဲ့အခန်းတွေဆို သောက်ရမ်းတွေမိုက်ပြီး ရုပ်လုံးတွေကြွလို့Animation တွေလန်းလို့ ဒါရိုက်တာ ဘယ်သူများလဲ အောက်မေ့တယ်Jujutsu Kaisen 0 ရုပ်ရှင်ကို ရိုက်ထားတဲ့ Sunghoo Park ဖြစ်နေတယ်။လောလောလတ်လတ် အသစ်ထွက်ထားတာဖြစ်ပြီးတစ်ပတ် ၁ ပိုင်းအနေနဲ့ ၁၂ ပိုင်း ထွက်မယ်တဲ့ဗျာ..။ဇာတ်လမ်းကတော့ အကျဉ်းချုံးပြောရမယ်ဆို အမေရိကန်မှာအဖေရယ် အမေရယ် သားလေးတစ်ယောက်ရယ်အေးဆေးနေနေတဲ့ မိသားစုလေး ရှိတယ်။အဲဒီအချိန်မှာ ပက်ပက်စက်စက် အသတ်ခံထားရတဲ့လူသတ်မှုတွေကလည်း နိုင်ငံတလွှား ဖြစ်ပျက်နေတာပေါ့။ဒီလိုနဲ့ တစ်ညကျတော့ အေးချမ်းစွာ နေနေတဲ့ မိသားစုလေးဆီကိုလုပ်ကြံရေးသမား နင်ဂျာကောင်တွေလာပြီးတစ်မိသားစုလုံးကို သတ်သွားခဲ့တယ်။ဒါပေမဲ့ ဘဲကြီးက သေပြီဆိုပြီးမှ ထူးထူးခြားခြား ပြန်ပြီးအသက်ရှင်လာတဲ့အခါမှာတော့ သူ့ မိသားစုကို ရက်ရက်စက်စက်သတ်သွားတဲ့နင်ဂျာကောင်တွေကို ကမ္ဘာမြေအဆုံးလိုက်ဖြုတ်တာကို ရှယ်အလန်း ကြည့်ရမှာပါ။လက်ရှိအပိုင်း ၁ မှာတော့ ဇာတ်လမ်း ...
10
TMDb: 10/10 3 votes
tv

Ninja Kamui (2024)

2024
The Third Marriage (2023)
The Third Marriage (2023) The Third Marriage (2023)**************************အပိုင်းသစ် (၁၂၃) လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လေးလာပါပြီ ။ဇာတ်ကားအညွှန်း...Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ လက်စားချေဖို့အတွက်ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီးမြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီးအပိုင်း ၁၃၂ အထိတောင် ပြသသွားမှာဆိုတော့ ...

The Third Marriage (2023)

2023
Running Man 8.2
Running Man Running Man အပိုင်းသစ် (701)   Running Man ဆိုတာကတော့ ...... တောင်ကိုရီးယားနိုင်ငံမှာသာမက ဥရောပနိုင်ငံများပါမကျန် လူသိများတဲ့ ရသစုံလင် Reality Show အစီအစဥ်တစ်ခုဖြစ်ပါတယ်… အောင်မြင်ကျော်ကြားတဲ့ Hollywood အနုပညာရှင်တွေ၊ ကိုရီယားနာမည်ကြီး အဆိုတော်၊သရုပ်ဆောင်များစွာနှင့်အတူ နာမည်ကြီးအထင်ကရနေရာတွေမှာ မစ်ရှင်တွေပြီးမြောက်အောင် ယှဥ်ပြိုင်ကြရမှာပါ… ယူဂျယ်ဆော့၊ဂျီဆော့ဂျင်၊ကင်ဂျုံးဂု၊ဂန်ဂယ်ရီ၊ဆောင်းဂျီဟို၊ ဟားဟား၊လီဂွမ်ဆူ၊ဆောင်းဂျွန်ကီ၊လစ်ဇီ တို့နှင့် ပွဲထွက်ရိုက်ကူးခဲ့ပါတယ်.. ထို့နောက် ရိုက်ကူးရေးအပိုင်း (၄၀) ကျော်လောက်မှာ ဆောင်းဂျွန်ကီ နှင့် လစ်ဇီတို့မပါဝင်တော့ပဲ ကျန်အဖွဲ့ဝင် (၇)ဦးဖြင့်ဆက်လက် ရိုက်ကူးရာ (Running Forever) “7012” ဆိူပြီးကျော်ကြားခဲ့ပါတယ်… အပိုင်း(၃၂၄) ပြီးနောက် ဂယ်ရီထွက်သွားပြီးနောက်အပိုင်း(၃၄၆) တွင် ဂျင်ဆိုမင်းနှင့် ယောင်းဆယ်ဂျန်းတိူ့နှင့် ယနေ့ချိန်ထိဆက်လက်ရိုက်ကူးလျက်ရှိပါတယ်… Channel Myanmar အနေနဲ့ကတော့ လက်ရှိ အပိုင်း ၅၃၃ ကနေ စပြီး တင်ပေးသွားပါမယ်။ အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ Running Man ပရိတ်သတ်များ စောင့်မျှော်ကြပါဦးဗျာ File Size - 1GB Quality - 1080P Subtitle - Myanmar (Hardsub) Translator - August, Jerrica, MTA, ...
8.2
TMDb: 8.2/10 57 votes
tv

Running Man

2010
Love at First Night (2024)
Love at First Night (2024) ကိုယ်တို့ ချစ်နိုင်ကြချိန်ထိ (၂၀၂၄)မင်(န်) အဖြစ် Mark prin အားဘို / ဝီးယူ အဖြစ် Yaya Urassayaဇာတ်လမ်းအကျဉ်းမင်(န်) ကတော့ ဖခင်ဖြစ်သူ သူဌေးဖူဒင်နဲ့ အမြဲ နားလည်မှု အယူအဆတွေ ကွဲလွဲနေတတ်တဲ့ တစ်ဦးတည်းသော သူဌေးသား ဘူမိဗေဒပညာရှင်လေးတစ်ယောက်ပါ တစ်နေ့ ဖခင်ဖြစ်သူနဲ့ စကားများလို ကမ်းခြေဘက်ကို စိတ်အပန်းပြေထွက်လာရင်း ရေနစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်မိရာက “ဝီးယူ” ဆိုတဲ့ ကောင်မလေးနဲ့ သိကျွမ်းလာခဲ့တယ် မင်(န်) နဲ့ ဝီးယူတိုက ကိုယ်ရေးကိုယ်တာတွေ မမေးကြေး ကတိစကားနဲ့ နှစ်ယောက်တူတူ လည်ခဲ့ရင်း မင်(န်) တစ်ယောက် ရူးရူးမူးမူး ချစ်မိသွားခဲ့ပြီး ချိုမြိန်တဲ့တစ်ညတာကို တူတူဖြတ်သန်းခဲ့ပါတော့တယ်ဒီလိုနဲ့ ဝီးယူတစ်ယောက် အိပ်မက်တစ်ခုလို ပျောက်သွားခဲ့ပြီး မင်(န်) ဟာ ကိုယ့်အိမ်ကို ပြန်ရောက်လာချိန်မှာတော့ မထင်ထားလောက်အောင် အံ့ဩစရာတစ်ခုက ဖြစ်လာခဲ့ပါတော့တယ် အဲ့ဒါကတော့ သူအရမ်းချစ်ရပြီး အိပ်ခဲ့တဲ့ ကောင်မလေး ဝီးယူက ဖခင်ဖြစ်သူရဲ့ ဇနီးလောင်း အားဘိုအဖြစ် အိမ်ကို ရောက်လာခဲ့တာပါပဲ မင်(န်) တစ်ယောက် ...

Love at First Night (2024)

2024
Ploy’s Yearbook (2024)
Ploy’s Yearbook (2024) ကြယ် ၅ ပွင့်ရဲ့ ချစ်ဝင်္ကပါ (၂၀၂၄)Gmmtvကနေ အသစ်ထွက်ရှိလာတဲ့ နာမည်တူကောင်မလေး၅ယောက်နဲ့ သူတို့ရည်းစားတွေကြား ပြဿနာတွေနဲ့ ပတ်လည်ရိုက်နေမဲ့ ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကျောင်းတစ်ကျောင်းရဲ့ အတန်းတစ်တန်းထဲမှာပဲ ပလွိုင်းလို့ခေါ်တဲ့ နာမည်တူ ကျောင်းသူ၅ယောက်တောင် ရှိနေပါတယ်။ နာမည်သာတူပေမဲ့ စရိုက်ချင်းဘာမှမတူဘဲ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားလို့နေတဲ့အတွက် နာမည်ပြောင်လေးတွေနဲ့ ခေါ်ကြပါတယ်။ ကျောင်းပြီးခါနီးအချိန်မှာတော့ ထုံးစံအတိုင်း နှစ်ချုပ်စာအုပ်လုပ်ဖို့ ပြင်တဲ့အချိန်မှာ ပလွိုင်းငါးယောက်နဲ့ တိုင်ပတ်ပြီး ဖုန်းနံပါတ်တွေမှားထည့်လိုက်မိပါတော့တယ်။ ဒါပေမဲ့လည်း အရေးမကြီးဘူးဆိုပြီး မပြင်ဘဲ ထားခဲ့ရာကနေ ပြဿနာတွေ စတော့တာပါပဲ....... ဒီလို ဖုန်းနံပါတ်မှားရေးတဲ့ကိစ္စကနေ ပလွိုင်း၅ယောက် ဘယ်လိုပြဿနာတွေကြုံတွေ့ရမလဲဆိုတာကို ခံစားရင်ခုန်ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Char Ou, Mary, Hmwe, ...

Ploy’s Yearbook (2024)

2024
The Midnight Studio (2024)
The Midnight Studio (2024) The Midnight Studio (2024)***************************အပိုင်းသစ် (၁၂)Hotel Deluna လိုမျိုး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းလေး စောင့်မျှော်နေကြတဲ့သူတွေအတွက် ဇာတ်လမ်းတွဲအသစ်လေး ထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်းSeo KiJoo က သေးငယ်တဲ့ ဓာတ်ပုံစတူဒီယိုလေးတစ်ခု ဖွင့်လှစ်ထားတဲ့ ဓာတ်ပုံဆရာလေးဖြစ်ပြီးတော့ စတူဒီယိုရဲ့ ၇ယောက်မြောက် ပိုင်ရှင်ဖြစ်ပါတယ်။ထူးခြားချက်ကတော့ အဲဒီဓာတ်ပုံစတူဒီယိုလေးက လူသားတွေအတွက် မဟုတ်ဘဲ တစ္ဆေသရဲတွေအတွက် ဖွင့်လှစ်ထားတယ်ဆိုတာပါပဲ။KiJoo က သေဆုံးပြီးနောက် သူ့ဆိုင်ကို ရောက်ရှိလာတဲ့ ဝိဉာဥ်တွေကို ဘဝခရီးရဲ့နောက်ဆုံးပုံလေး ရိုက်ကူးပေးလေ့ရှိပါတယ်။Ki Joo တို့ရဲ့ Midnight Photo Studio လေးမှာ လက်ထောက်မန်နေဂျာဂိုနဲ့ Baek NamGu လို့ခေါ်တဲ့ ဝန်ထမ်းလေးနှစ်ယောက်ရှိပါတယ်။လက်ထောက်မန်နေဂျာဂိုကတော့ စတူဒီယိုအတွက် ဖောက်သည်အဖြစ် တစ္ဆေသရဲတွေကိုခေါ်ဆောင်လာဖို့ တာဝန်ယူထားပြီးNam Gu ကတော့ စတူဒီယိုနဲ့ပတ်သတ်သမျှ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးတဲ့သူဖြစ်ပါတယ်။Han Bom ဆိုတဲ့ ရှေ့နေမလေးကတော့ အလုပ်ကြိုးစားသူဖြစ်ပြီး မတရားမှုကို သည်းမခံတတ်တဲ့သူလေးဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ...

The Midnight Studio (2024)

2024
Will Love In Spring
Will Love In Spring မြိုပြလူနေမှုကြားမှာ နွေးထွေးတဲ့ဇာတ်ရုပ်တွေနဲ့ အချစ်ကိုအဓိကထားတဲ့ နွေးထွေးတဲ့ Healing Drama လေးတင်ဆက်ပေးနေပါပြီ။ ဒီဇာတ်ကားမှာ Li Xian နဲ့ Zhou Yu Tong တိုအဓိက သရုပ်ဆောင်ထားတဲ့အတွက်စောင့်ကြည့်ဖိုထိုက်တန်တဲ့ကားလေးပဲဖြစ်ပါတယ်နော်။ လူငယ်ဘဝတုန်းက ပုန်ကန်ပြီးခေါင်းမာတတ်တဲ့ ချန်မိုင့်သုန်းဟာ ဘဝရဲအချိုးအကွေ့တွေကြုံတွေ့ပြီးနောက် အလောင်းပြင်ဆရာဖြစ်လာခဲ့တယ်။ ကျွမ်းကျယ်ဟာ ကားအက်စီးဒင့်ကြောင့် ဒုက္ခိတဖြစ်ခဲ့ရတယ်ဒါပေမယ့် ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ဖိုအတွက် ကြိုးစားရင်း မြိုပြရဲ့လုပ်ငန်းခွင်မှာထိပ်တန်းဖြစ်လာခဲ့တယ်။ ပုန်ကန်တတ်တဲ့စရိုက်ရှိပေမယ့် အထီးကျန်တဲ့အလောင်းပြင်ဆရာတစ်ယောက်နဲ့ ခန္ဓာကိုယ်မှာချိုယွင်းချက်ရှိပေမယ့် သတ္တိရှိပြီးတောက်ပနေတဲ့ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်တိုကြားက ရုန်းကန်ရင်း နားလည်မှုတွေတိုးပြီး အပြန်အလှန်လေးစားမှုတွေနဲ့ချစ်ကြည်နူးကြမယ့် Healing ဖြစ်စေမယ့် ဇာတ်လမ်းလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။=================================================Quality : WEB-DL 1080p , 720p Total Episodes : 21 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK=====================================Ep 1 ...

Will Love In Spring

2024
Lovely Runner (2024)
Lovely Runner (2024) Lovely Runner (2024)**********************အပိုင်းသစ် (၅) ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ အခုနွေရာသီမှာ စိတ်အပန်းပြေစေမယ့်Youth Drama လေးဖြစ်တဲ့ "Lovely Runner" ဇာတ်လမ်းတွဲကိုဘာသာပြန်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လတ်တလော ပရိသတ်အချစ်ကိုရထားတဲ့မင်းသားချော Byeon Woo-seok က ပွဲဦးထွက်ကတည်းကတဟုန်ထိုးအောင်မြင်လာခဲ့တဲ့ ထိပ်တန်းအနုပညာရှင်ရူဆွန်းဂျယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးExtraordinary You ဇာတ်ကားနဲ့ လူသိများလာခဲ့တဲ့မင်းသမီးချော Kim Hye-yoon ကတော့ ရူဆွန်းဂျယ်ရဲ့အမာခံပရိသတ် အင်ဆိုးလ်အဖြစ် ပါဝင်ထားပါတယ်။အမြဲဖန်သားပြင်ပေါ်မှာ ပြုံးရွှင်နေပြီး အပူပင်ကင်းပုံပေါ်တဲ့ရူဆွန်းဂျယ်ရဲ့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတဲ့သတင်းကြောင့်အမာခံပရိသတ်ဖြစ်တဲ့ အင်ဆိုးလ်တစ်ယောက် ဝမ်းနည်းပူဆွေးသွားရပါတော့တယ်။ဒီလိုနဲ့တစ်နေ့ အံ့ဩဖွယ်ကောင်းစွာ အင်ဆိုးလ်တစ်ယောက်လွန်ခဲ့တဲ့၁၅နှစ်ကိုပြန်ရောက်သွားခဲ့ပြီး အသက်၁၉နှစ်အရွယ်သာမန်လူရူဆွန်းဂျယ်နဲ့ ပြန်ဆုံတွေ့ခဲ့တဲ့အခါမှာတော့....ချစ်ရတဲ့သူရဲ့ကံကြမ္မာဆိုးကို ကူညီဖယ်ရှားပေးရင်းနဲ့အခက်ခဲတွေကြားကနေဖြစ်ပေါ်လာမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့အိုင်ဒေါနဲ့ဖန်ကြားက အချစ်ဇာတ်လမ်းလေးကို တနင်္လာနဲ့အင်္ဂါနေ့တွေမှာချန်နယ်မြန်မာမှာ ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကိုတော့ DoubleM မှ ရေးသားထားပါတယ်။) Aired: Apr 8, 2024 - May 28, 2024 Aired On: Monday, Tuesday Genres: Music, Comedy, Romance, Fantasy Duration: 70 mins Episodes: 16 Original ...

Lovely Runner (2024)

2024
In the Name of the Brother
In the Name of the Brother ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့တရုတ်ဇာတ်လမ်း‌တွဲတွေရဲ့ ဘုရင်မတစ်ပါးလည်းဖြစ် 80's flower တွေထဲကနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ မမ Yang Mi ဗီလိန်လုပ်မဲ့ ‌၁၉၄၀ လောက်ကဇာတ်ကားကောင်းလေးကိုကြည့်ရမှာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်း‌လေးအနေနဲ့ -၁၉၄၀ ခုနှစ်ဝန်းကျင်က ဟာ့ပင်းမြို့ မန်ချူးတွေရဲ့‌လက်အောက်ရောက်နေတဲ့အချိန်ဖြစ်ပါတယ် ။အဲဒီအချိန် မြေအောက်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စုန့်ကျော်ဝမ်ကမန်ချူးအဖွဲ့ထဲကိုဝင်ဖို့နည်းလမ်းရှာနေတဲ့အချိန်လည်းဖြစ်ပါတယ် ။ဒါပေမဲ့ မန်ချူးတွေရဲ့လက်အောက်ခံဟာ့ပင်းရဲဌာနရဲ့ ဌာနမှူးဖြစ်တဲ့ကွမ်းရွှယ်ရဲ့အကူအညီနဲ့အတူ ဟာ့ပင်းရဲဌာနကိုဝင်ခွင့်ရသွားခဲ့ပါတယ် ။ဌာနမှူးကွမ်းရွှယ်က စုန့်ကျော်ဝမ်ကိုဌာနကိုဝင်ခွင့်ပေးလိုက်တာကလည်း အကြောင်းအရင်းရှိပါတယ် ။ဒီလိုနဲ့ မန်ချူးတွေကိုဆန့်ကျင်ဖို့အတွက် ရဲတပ်ဖွဲ့ထဲဝင်လာတဲ့ စုန့်ကျော်ဝမ်နဲ့မန်ချူးလက်အောက်ခံရဲဌာနက ရဲမေမမတို့နှစ်ယောက် ရှေ့ဆက်ပြီးအပြန်အလှန်ဘယ်လိုထိုးစစ်ဆင်ကြမလဲ ? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။=================================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...

In the Name of the Brother

2024

Genres

Archives