Channel Myanmar

Content at random


Movies

SEE ALL
The Talented Mr. Ripley (1999) 7.4
The Talented Mr. Ripley (1999) နာမည်ကျော် ဆယ်လဘရီတီအမှုတစ်ခုဖြစ်တဲ့ ဂျွန်နီဒပ် နဲ့ အမ်ဘာဟက် တို့ တရားခွင်မှာ အမ်ဘာဟက်ဟာ ဒီရုပ်ရှင်ထဲက စကားလုံးတွေကို ခိုးယူပြောကြားခဲ့တဲ့အတွက် လူရယ်စရာဖြစ်သွားခဲ့ပါတယ်။ ဒေါ်လာသန်း ၁၀၀ တန် တရားခွင်ကြီးမှာတောင် အတုယူပြောရလောက်တဲ့ စကားလုံးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။Ripleyဟာပါတီတစ်ခုမှာ ပီယာနိုတီးနေတုန်း သူငှားထားတဲ့ဂျာကင်ကြောင့် လူကုံထံသူဌေးကြီးဖြစ်သူ Herbert Greenleaf ကသူ့ကိုပရင့်စတန်ကျောင်းထွက်လို့ထင်ပြီး သူ့သားသူငယ်ချင်းဖြစ်မယ်လို့ထင်နေပါတယ်Herbert ကTom ကိုအီတလီမှာလေလွင့်နေတဲ့ သူ့သားဖြစ်သူ Dicky ကိုသွားခေါ်ဖို့စည်းရုံးပါတယ်။ငွေလိုနေတဲ့ Tom ကလည်းလက်ခံလိုက်ပြီး အီတလီကိုသွားကာ Dicky ကို သူဟာDicky မမှတ်မိတဲ့ကျောင်းနေဘက်သူငယ်ချင်းဖြစ်ကြောင်းအယုံသွင်းပြီး မိတ်ဖွဲ့နိုင်ခဲ့ပါတယ်။တွမ်ဟာ အီတလီက Dicky ရဲ့ဇိမ်ကျတဲ့ ဘ၀ကိုအားကျပြီး အခွင်သင့်တိုင်း Dicky လိုဟန်ဆောင်တတ်တယ်။Dicky ကိုယ်တိုင်တွမ်ကိုငြီးငွေ့လာချိန်မှာတော့ အထက်တန်းစားဘ၀ကိုစွဲလမ်းနေပြီဖြစ်တဲ့ တွမ်ဟာသူ့အလိမ်အညာကိုဖုံးဖိနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ဟန်ဆောင်ဘ၀တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ ဘယ်အထိသွားနိုင်မလဲ1999 ကထွက်ရှိထားတဲ့ Thriller လေးပါ။ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ Matt Damon,Jude Law, Gwyneth Paltrow,Cate Blanchett, ...
movie

The Talented Mr. Ripley (1999)

Operation Crouching Wolf (2023) 5.7
Operation Crouching Wolf (2023) သူလျိုအဖြစ်နှစ်ပေါင်းများစွာလုပ်ရတယ်ဆိုတာက တကယ်ကိုခက်ခဲပြီး အဆုံးမှာကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါဆိုတာပါမေ့သွားတတ်ပါတယ်တဲ့ ။ ဒီဇာတ်လမ်းလေးကတော့ မူးယစ်ဆေးကုန်သွယ်မှုတွေကို ဖမ်းဆီးဖို့အတွက်ရဲတွေနဲ့သူလျိုပူး‌ပေါင်းပြီး အမှုလိုက်ကြတဲ့ မှုခင်းကားမျိုးပဲဖြစ်ပါတယ် ။မူးယစ်ရာဇာဂိုဏ်းကြီးတစ်ဂိုဏ်းက နိုင်ငံခြားကမူးယစ်ဆေးတွေကို တရုတ်ပြည်တွင်းကိုတင်သွင်းဖို့အတွက် တရုတ်ပြည်တွင်းက သူတွေနဲ့ပူးပေါင်းပြီး နယ်စပ်မှာ ကုန်ရောင်းကုန်ဝယ်လုပ်လေ့ရှိပါတယ် ။ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သူတို့ကုန်သယ်မဲ့သတင်းပေါက်ကြားပြီးတော့ လမ်းမှာပဲ လျို့လောင်စန်းလို့ခေါ်တဲ့သူဆီမှာ အလုခံလိုက်ရပါတယ် ။ နယ်စပ်မှာဖြစ်တဲ့ကိစ္စမလို့ ရဲတွေကလည်းသိသွားပါတော့တယ် ။အဲဒီလိုနဲ့ရဲမှူးကောင်းလဲချီက လျို့လောင်စန်းရဲ့ငယ်သူငယ်ချင်းဖြစ်သူတဖြစ်လဲ ထောင်ကျ‌နေ (၈) နှစ်ကြာပြီဖြစ်တဲ့ သာ့ဖေးကို ထောင်ကနေထွက်ချင်ရင် လျို့လောင်စန်းလုသွားတဲ့ကုန်တွေကိုပြန်ရှာလာခဲ့ဆိုတဲ့ မစ်ရှင်နဲ့အတူ လျို့လောင်စန်းဆီပြန်လွှတ်လိုက်ပါတော့တယ် ။ဒီလိုနဲ့ ဇာတ်လမ်းလေးထဲမှာ သူဘယ်လိုမျိုးမစ်ရှင်ကိုပြီးအောင်လုပ်မလဲ ? လျို့လောင်စန်းကိုရော ရဲတပ်ဖွဲ့ကဖမ်းမိနိုင်မလား ? မူးယစ်ဆေးရောင်းတဲ့ဂိုဏ်းတွေကိုရောဖမ်းမိမလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by ...
movie

Operation Crouching Wolf (2023)

Moonlight Mile(2002) 6.9
Moonlight Mile(2002) Moonlight Mile(2002)********************Roadhouse နဲ့ Southpaw မှာ ပွဲကြမ်းခဲ့တဲ့ မင်းသား Jake Gyllenhaal   ရဲ့  ဒွမ်မာကားကောင်းလေးပါ...လူတိုင်းရဲ့ ဘဝနဲ့အချစ်ဇာတ်လမ်းမှာ ကိုယ်ဖြစ်ချင်တာတွေ၊ မျှော်လင့်ထားရတာတွေ ကိုယ်စီကိုယ်စီရှိတတ်ကြပါတယ်....။ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူးဆိုရင်ရော ဘယ်လိုဆက်ရင်ဆိုင်မလဲ...။ လက်တွေ့ဘဝကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း အဖြေရှာနိုင်ပါတယ်...။ဂျိုး နဲ့ မကြာခင်လက်ထပ်ရတော့မယ့် ဇနီးလောင်းဖြစ်သူဟာ သေနတ်ပစ်ခတ်မှုမတော်တဆဖြစ်မှုတစ်ခုမှာ သေဆုံးသွားရပါတယ်... ဒါကြောင့်ဂျိုးဟာ ဇနီးလောင်းဖြစ်သူရဲ့မိဘတွေ ပူဆွေးနေတာတွေသက်သာစေဖို့ယောက္ခမအိမ်မှာ သွားနေပေးဖြစ်ပါတယ်...။ ယောက္ခမတွေကလည်း သမီးဖြစ်သူသေဆုံးသွားတော့သမက်ဖြစ်သူကိုသာအားကိုးရင်း နေ့စဥ်ပူဆွေးစရာတွေကျော်ဖြတ်ရင်းပေါ့....။ ဒီလိုနေထိုင်နေရတာကြာလာတော့...ဂျိုးဟာ သူ့ဘဝရဲ့အနှစ်သာရကိုမေ့လျော့လာခဲ့ရပါတယ်... ဘာလို့ဆို ချစ်သူကလည်းသေဆုံးသွား...ဘဝကလည်း သူများတွေအတွက်သာ နှစ်မြုပ်ရင်းအချိန်ကုန်လွန်လာခဲ့လေတော့ အဓိပ္ပာယ်မရှိဖြစ်လာတယ်ပေါ့.... ဒီတော့ ဂျိုးဟာ အဓိပ္ပာယ်မဲ့နေတဲ့ သူ့ဘဝကို ဘယ်လိုမှန်မှန်ကန်ကန်ဖြစ်အောင်ပြန်ရွေးချယ်မလဲ....။ လူတိုင်းမှာ ကိုယ့်နားခိုရာအိမ်ရှိပြီးသားပါ...။ ဂျိုးကရော သူ့ဘဝရဲ့နားခိုးရာအိမ်ကို ဘယ်လိုတွေ့အောင်ရှာမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုရင်း... ဘဝနဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ရှာဖွေကြည့်လို့ရပါပြီဗျာ...။၊ File size…1.7GB / 544MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1hr 57min Genre ….. Drama,  Romance Subtitle….Myanmar Subtitle (Hard Sub) Encoder…. ...
movie

Moonlight Mile(2002)

Aquaman (2018) 6.8
Aquaman (2018) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Aquaman (2018)

2018
4K HEVC
The Killing Performance ( 2024 ) 6.3
The Killing Performance ( 2024 ) ဒီတစ်ခေါက်မှာတော့ လူသတ်မှုတရားခံကို ဖော်တိုင်း သေဆုံးသူ ဝိညာဉ်ကို ခေါ်မေးတတ်တဲ့ မန်စစ်ဆေးရေးမှူးကြီးတစ်ယောက်ဟာ ပြဇာတ်ရုံက မော့လင်ယိဆိုတဲ့ မြို့မျက်နှာဖုံး သဘင်သည်မလေး သေနတ်ပစ်ခံရတဲ့အမှုမှန်ပေါ်ဖို့ လိုက်ခဲ့ပုံကို နောက်ခံထား ရိုက်ကူးထားတဲ့ killing performance ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းလေးမှာ မြို့မျက်နှာဖုံး သဘင်သည်မလေး မော့လင်ယိဟာ ပုရိသယောက်ျားသားတို့ နှလုံးသားကို ပိုင်ဆိုင်ထားပေမယ့် အားလုံးကို ငြင်းနေသူတစ်ဦးပေါ့... ဒီလိုနဲ့ ဒီကောင်မလေးနားဝဲနေတဲ့ ပျားပိတုန်းတွေကြားထဲမှာမှ ဘယ်သူက နှလုံးသားကို အပိုင်ရမလဲ ကြိုးစားနေကြရာကနေ ကောင်မလေးဟာ ပြဇာတ်ရုံက အနောက်ပန်းခြံထဲမှာတင် သေနတ်ပစ်ခံရပြီး အသက်ဆုံးရှုံးသွားခဲ့ရတယ်... ဒီအပြင် ဘယ်သူက တရားခံဆိုတာကို ရဲနဲ့ အမှုစစ်တွေလိုက်တာတောင် မသိခဲ့ဘူးတဲ့....ဒီလိုနဲ့ ဇာတ်လိုက်ကျော်ကြီး မန်စစ်ဆေးရေးမှူးကို ခေါ်ခဲ့ရာကနေ သံသယရှိသူ ၇ ယောက်ထွက်လာပြီး ဘယ်သူက တကယ့်တရားခံဆိုတာကို စစ်ဆေးရင်း စစ်ဆေးရင်း မေးခွန်းထဲက မေးခွန်းပေါ်ဆိုသလို တစ်ခုချင်း အလိမ်အညာတွေကနေ ဖုံးကွယ်ထားတဲ့အမှန်တရားကို သိရပေမယ့် အဆုံးသတ်မှာ တကယ် မော့လင်ယိကိုသတ်တဲ့ တရားခံရှာတွေ့မတွေ့ဆိုတာတော့ ဇာတ်ကားလေးက အဖြေတစ်ခုပေးမှာပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , ...
movie

The Killing Performance ( 2024 )

The Antisocial Network: Memes to Mayhem (2024) 6.3
The Antisocial Network: Memes to Mayhem (2024) The Antisocial Network - Memes To Mayhem ဆိုတဲ့ ဇာတ်ကားကတော့ Documentary လို့ ခေါ်တဲ့ မှတ်တမ်းရုပ်ရှင်ကားဖြစ်ပါတယ်။ ဘာအကြောင်း မှတ်တမ်းရုပ်ရှင်လဲဆိုတော့ လူသားတွေရဲ့ သမိုင်းမှာ အကြီးမားဆုံးအောင်မြင်မှုလို့ လက်ခံထားတဲ့ အင်တာနက်အကြောင်းလို့ ပြောရမှာပါ။ Rating တွေကတော့ IMDb - 6.3/10နဲ့ Rotten Tomato မှာ Tomatometer 92 တောင် ရထားတာပါ။ တကယ်ကြည့်လိုက်ပြီးရင်တော့ Rating တွေက နည်းတောင်နေသေးပါ့လားလို့ ခံစားမိစေမယ့် ဇာတ်ကားလို့ပြောလို့ရပါတယ်။ဘာတွေများစိတ်ဝင်စားဖို့ကောင်းနေတာလဲဆိုရင်တော့ Hacker Group ဖြစ်တဲ့ Anonymousလို့ ဖြစ်လာမယ့် လူငယ်လေးတွေ အင်တာနက်ပေါ်မှာ စ’လုပ်မိတဲ့ အပျော်ကိစ္စလေးတွေကနေ တကယ့်သမိုင်းဝင်အဖြစ်အပျက်တွေ ကမ္ဘာနဲ့ချီတဲ့ အချိုးအကွေ့တွေပါ ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်ကို ရိုက်ပြထားလို့ပါ။ တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကြီးငယ်တွေအကုန်လုံးကို တကယ်ဖြစ်အောင်လုပ်သွားတဲ့လူတွေက ပြန်ပြောပြထားတာပါ။ဘယ်ကနေစပြီး ပါသလဲဆို အင်တာနက်ခေတ်ဦးက ဂျပန် အက်နီမေးတွေကနေတဆင့် ဆက်ပြီးဖြစ်လာတဲ့ လူငယ်တွေကြား အရမ်းရေပန်းစားခဲ့တဲ့ ဝက်ဘ်ဆိုဒ်တွေကနေ အခုနောက်ဆုံး ၂၀၂၀ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအထိ အင်တာနက်ယဉ်ကျေးမှုရဲ့အရွေ့နဲ့ ...
movie

The Antisocial Network: Memes to Mayhem (2024)

2024
Zack Snyder’s Justice League (2021) 8.9
Zack Snyder’s Justice League (2021) (function(f,b,n,j,x,e){})();DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Zack Snyder’s Justice League (2021)

4K HEVC
Doll Bride ( 2024 ) 5.9
Doll Bride ( 2024 ) ယွင်ဝူမြို့က ယွင်ဝူတံတားမှာ လှေကားထစ် 99ထစ်ရှိပြီး လှေကားထစ်99ထစ်လုံးလျှောက်လှမ်းပြီးရင်တော့ ကြင်စဦးဇနီးမောင်နှံတွေ အိုအောင်မင်းအောင်ပေါင်းရမယ်ဆိုတဲ့ ဒဏ္ဍာရီရှိပါတယ်တဲ့ ။ဒါပေမဲ့ ထျန်အိမ်တော်ရဲ့သခင်လေးမင်္ဂလာဆောင်တဲ့နေ့မှာ မြူခိုးတွေလည်းထူထပ်နေပြီးတော့ တံတားကိုဖြတ်တဲ့အခါမှာ လှေကားထစ်က 99ထပ်အပြင် နောက်တစ်ထပ်ပါပိုနေခဲ့ပါတယ် ။ဒီလိုနဲ့နတ်ဆရာမရဲ့အပြောအရ အဲဒီတံတားက အမွှာလှေကားထစ်တစ်စုံပေါ်လာတတ်တာက တစ္ဆေမင်္ဂလာဆောင်မှဆိုတော့ ဒီမင်္ဂလာပွဲကဂြိုလ်ဆိုးဝင်ပြီမလို့ မင်္ဂလာပွဲဖျက်ဖို့အကြံပေးခဲ့ပါတယ် ။ဒါပေမဲ့ မင်္ဂလာပွဲကိုဆက်ကျင်းပကြတဲ့ ထျန်အိမ်ကမင်္ဂလာပွဲက တကယ်ကြီးကပ်ဆိုက်လာခဲ့ပါတော့တယ် ။ သတို့သမီးကရုပ်တရက်ပြီးစက္ကူရုပ်ဖြစ်သွားပြီး မင်္ဂလာပွဲမှာပါဝင်တဲ့သူတွေပါ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတဲ့အချိန်မှာတော့...တကယ်ပဲသရဲသတ်တာဖြစ်မလား ? ဒီလိုထူးဆန်းတဲ့သေဆုံးမှုတွေရဲ့ နောက်ကွယ်မှာတစ်ခုခုရှိလို့နေမလား ? အမှုတွေကရော ဘယ်လိုတွေတစ်ခုပြီးတစ်ခုထပ်ပေါ်လာအုံးမလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အဆုံးထိခံစားကြည့်ရှု့ပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK
movie

Doll Bride ( 2024 )

Dangerous Evidence ( 2024 ) 5.8
Dangerous Evidence ( 2024 ) ဘဝမှာအဆင်ပြေဖို့အတွက် အလွယ်နည်းလိုက်ပြီးပိုက်ဆံရှာချင်တဲ့ မိန်းကလေးတစ်ယောက်ဟာ မပတ်သက်သင့်တဲ့သူနဲ့ပတ်သက်မိပြီး မယူသင့်တဲ့ပစ္စည်းကိုယူခဲ့မိတဲ့အတွက်ကြောင့် လိုက်သတ်ခံနေရတယ်။ရဲအရာရှိတစ်ယောက်ဟာ မိန်းကလေးကိုကယ်တင်ခဲ့တဲ့အတွက် သူ့သမီးလေးကိုပါ ပြန်ပေးဆွဲခံလိုက်ရတယ်။ အရေးကြီးသက်သေဖြစ်နေတဲ့မိန်းကလေးကို ခေါ်လာပြီး သမီးလေးနဲ့လဲယူလို့ရမယ်လို့ပြန်ပေးသမားတွေကပြောလာတဲ့အခါ...... ပြစ်မှုကျူးလွန်တဲ့ နောက်ကွယ်ကအဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ဟာဘာတွေဖြစ်နေမလဲ...... ဘာကြောင့်များ မိန်းကလေးလက်ထဲကသက်သေပစ္စည်းကို လိုချင်နေကြတာဖြစ်မလဲ..... အမှန်တရားနဲ့သမီးလေးကြားမှာ ဘာကိုရွေးရပါ့မလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dangerous Evidence ( 2024 )

Cursed (2005)
Cursed (2005)  Now You See me , Social Nwtwork တို့နဲ့နာမည်ကြီးခဲ့တဲ့ Jesse Eisenberg ရဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ သမန်းဝံပုလွေဇာတ်ကားလေးဖြစ်ပါတယ်အယ်လီနဲ့ ဂျင်မီတို့ မောင်နှစ်မ ၂ ယောက်ဟာ အိမ်ပြန်လမ်းမှာ အမျိုးသမီးတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိလို့ ထွက်ကြည့်ရာကနေ သတ္တဝါကြီးတစ်ကောင် ကိုက်တာခံလိုက်ရပါတယ် နောက်တော့ သူတို့ကိုကိုက်လိုက်တာ သမန်းဝံပုလွေတစ်ကောင်မှန်းသိလာပါတယ် သူတို့ မောင်နှစ်မ ၂ ယောက်လည်း လပြည့်နေ့ သန်းခေါင်ယံညမှာ...ဝံပုလွေအဖြစ် ပြောင်းလဲသွားမဲ့ ကျိန်စာကို ဖြေဖျက်ဖို့ ကြိုးစားရင်း သူတို့ကို တိုက်ခိုက်ခဲ့တဲ့ မူရင်းဝံပုလွေကောင်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်...Cursed ဆိုတဲ့အတိုင်း ဒီဝံပုလွေကျိန်စာကို ဘယ်လိုကြိုးစား ပယ်ဖျက်သွားမလဲဆိုတာ ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.7 GB)/(899 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, ...
movie

Cursed (2005)

Trafficked (2017) 5.8
Trafficked (2017) Trafficked (2017) Genre – Drama, Thrillerတကယ့်ဖြစ်ရပ်အပေါ် မှီငြမ်းစိတ်ကူးကွန့်မြူးထားတဲ့လူကုန်ကူးပညာပေး ဇာတ်ကားလေး ဖြစ်ပါတယ်။အမေရိကန် ကယ်လီဖိုနီးယားက ဆယ်ရာဆိုတဲ့ကောင်မလေးကမိဘမဲ့ဂေဟာကနေ ၁၆ နှစ်ပြည့်လို့ ထွက်လာတဲ့အခါကမ်းခြေမှာ စားပွဲထိုးလုပ်ရမယ်ဆိုပြီး လိမ်ခေါ်သွားရာကနေလူကုန်ကူးခံလိုက်ရပါတယ်။ အိန္ဒိယက အမ်ဘာဆိုတဲ့ကောင်မလေးကျ ကောင်လေးတစ်ယောက်ကိုမချစ်နိုင်လို့ ငြင်းလိုက်တာကို ဟိုကောင်က မကျေနပ်ပဲ အက်ဆစ်နဲ့ပက်ပြီးဆောင်ကြာမြိုင်ကို ရောင်းစားရာကနေ လူကုန်ကူးခံရပါတယ်။ နိုင်ဂျီးရီးယားက မာလီဆိုတာကျ ယောက်ျားဖြစ်သူကဆောက်လုပ်ရေးဝင်လုပ်ရင်း ခြေထောက်ထိသွားတော့မိန်းမကိုယ်တိုင် အလုပ်ထွက်လုပ်မယ်ဆိုပြီး လူကုန်ကူးခံရတယ်။ဒီလိုနဲ့ ဒီ ၃ ယောက်သားဟာ အမေရိကန် တက်ဆက်မှာရှိတဲ့ဆောင်ကြာမြိုင်တစ်ခုမှာ အတူတူ သွားတွေ့ကြပြီးအခက်အခဲ ဒုက္ခတွေကြားက ဘယ်လိုတွေထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကိုကြည့်ရမှာ ဖြစ်ပါတယ်။ File size…    3 GB /  1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

Trafficked (2017)

The Coast Guard (2002)
The Coast Guard (2002) The Coast Guard (2002)ဒီတစ်ခါပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ ၂၀၀၂ ခုနှစ်က ထွက်ထားတဲ့ ကိုရီးယားစစ်အက်ရှင်ကားလေးပဲ‌ဖြစ်ပါတယ်။ IMDb 6.5/10 ရထားပြီး ဆု ၃ ဆုရရှိထားသလို စံကာတင်စာရင်း တစ်ကြိမ်ဝင်ထားတဲ့ ကားလေးမို့ မခေဘူးလို့ပြောလို့ရတဲ့ကားလေးလည်းဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီးဒါရိုက်တာရင် မင်းသားပါ ပါဝင်ထားတာမို့ သရုပ်ဆောင်ပိုင်းကလည်း ပြောစရာမလိုပါဘူး။ အမြင်မသင့်တော်တဲ့ဇာတ်ကွက်နဲ့ အသုံးအနှုန်း‌တွေပါတာမို့ အသက်မပြည့်သေးတဲ့သူနဲ့ နှလုံးရောဂါရှိသူတွေ မကြည့်ဖို့တော့ ကြိုအကြံပေးပါရစေ။ ဒါဆို Plot ပိုင်းကိုသွားပါမယ်။ Plot ကတော့ တောင်ကိုရီးယားရဲ့ ကမ်းရိုးတန်းက ကမ်းခြေစောင့်တပ်ဖွဲ့မှာသူလျှိုဖမ်းဖို့ အရူးအမူးဖြစ်နေတဲ့ တပ်သားတစ်ယောက်ရှိပါတယ်။နေ့နေ့ညည သူလျှိုချင်းထပ် ထိုင်အော်နေရာက တစ်ညမှာတော့တားမြစ်နယ်မြေထဲကိုမှ အမူးလွန်ပြီး အာဝါဟာကျတဲ့အတွဲရောက်လာပါရော။ဖြစ်ချင်တော့ ဒီကမဲမဲမြင်ရာပစ်ချင်နေတဲ့ကောင်နဲ့လည်းတိုးရောယောက်ျားလေးဖြစ်သူမှာ အာဝါဟပြီးစတင် သေနတ်စာမိပါလေရော။ဒါကို စိမ်းစိမ်းကြီးမြင်ထားရတဲ့ သူ့ကောင်မလေးမှာလည်း ဟက်ကော့ကြီးရူး။ပစ်လိုက်တဲ့ကိုယ်တွေကောင်ကြီးဆိုတာလည်းသေနတ်အရသာမိပြီး ထရာမာရ။ ဒါ့အပြင်မိန်းမကလည်းပစ် ဂေါက်သွားတော့ တပ်ကလည်းထုတ်နဲ့ပဋာကိုမြေလူးပါလေရော။ ဒါပေမယ့် ဇာတ်လမ်းကခုမှစမှာ ရူးသာရူးတယ်တပ်ရင်းတစ်ခုလုံးကို နာမည်လေးတစ်လုံးနဲ့သုံးပြီးပတ်အာဝါဟဝိဝါဟပြီး အစ်ကိုနဲ့ရန်တိုက်ပေးတဲ့အရူးမနဲ့ တပ်ကိုပြန်ဝင်ဖို့လုပ်ရင်း လက်မခံလို့ သေနတ်ခိုးပြီးကိုယ့်တပ်စုကလူ ကိုယိပြန်သတ်တဲ့အရူး၊ အရူးနှစ်ကောင်ရွှေဉာဏ်တော်စူးရောက်ချက်တွေကိုသေနတ်သံမဆဲကြည့်ရမှာပဲဖြစ်ပါတယ်။ File size…    3.2 GB /  1.2 GB Quality… ...
movie

The Coast Guard (2002)

Mantra Warrior: The Legend of The Eight Moons (2023) 5.9
Mantra Warrior: The Legend of The Eight Moons (2023) ရှေးဟောင်းဒဏ္ဍာရီတွေအရ နှစ်ပေါင်း ၅၀၀ ကြာတိုင်းမှာ နတ်ဆိုးဝိဥာဉ်တွေကို ဆက်သွယ်ထိန်းချုပ်နိုင်တဲ့ “စတိ”နတ်စွမ်းအားဟာ မိန်းမပျိုတစ်ဦးရဲ့အသွင်နဲ့ နိုးထလာလိမ့်မယ်လို့ အဆိုရှိခဲ့တယ်အဲဒီစွမ်းအားဟာ အရာအားလုံးကို ဖန်တီးနိုင်သလို ဖျက်လည်းဖျက်ဆီးလိုက်နိုင်တာမို့ စကြဝဠာတစ်ခုလုံးရဲ့ ကပ်ဆိုးကြီး တစ်ခုလည်း ဖြစ်လာနိုင်ခဲ့တယ်ဝမ်နရာဂြိုဟ်ရဲ့ လမင်းရှစ်စင်း တစ်တန်းတည်းကျပြီး သေဆုံးခြင်းပင်လယ်နဲ့ အပြိုင်ဖြစ်သွားချိန်မှာ “စတိ”စွမ်းအား အမှားဘက်မရောက်အောင် ထိန်းသိမ်းပေးမယ့် မှော်ဝင် စစ်သည်တော်တွေ မွေးဖွားလာလိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီလည်း ရှိနေခဲ့တယ်ဒီဒဏ္ဍာရီတွေကို ယုံကြည်ခဲ့တဲ့ စစ်သူကြီးဆူခရစ်ပ်က မှော်ဝင်စစ်သည်တော်တွေ ဖြစ်လာနိုင်တဲ့ ဝါယု၊ဝေလာ၊ဘူစဘာဆိုတဲ့ တပည့်သုံးယောက်ကို စောင့်ရှောက်သင်ကြားပေးခဲ့ပြီး ဝမ်နရာဂြိုဟ်ရဲ့ဘုရင်ဖာလီလက်အောက်ကို ဝေလာနဲ့ ဘူစဘာကို သူလျှိုအဖြစ် စေလွှတ်ခဲ့တယ်ဝမ်နရာကို အုပ်ချုပ်သူ အယိုဒယားပြည့်ရှင်ရဲ့ သားတော်ရမ်ရဲ့ မိဖုရားဆီတာဟာ နတ်ဆိုးဝိဥာဉ်တွေနဲ့ ဆက်သွယ်နိုင်လာခဲ့တာမို့ “စတိ” စွမ်းအား နိုးထလာတော့မယ်ဆိုတဲ့ ဒဏ္ဍာရီ စတင်လာပါတော့တယ်အယိုဒယားရဲ့ ရန်သူ လုန်ကာဂြိုဟ်ဘုရင်ထွတ်စကန်က မင်းသမီးဆီတာကို ပြန်ပေးဆွဲသွားပြီး ဝမ်နရာဂြိုဟ်ကိုပါ ပုန်ကန်စေခိုင်းချိန်မှာတော့မင်းသမီးဆီတာကို ပြန်ကယ်တင်နိုင်ပါ့မလားဒဏ္ဍာရီလာ မှော်ဝင်စစ်သည်တော်တွေကရော တကယ်မွေးဖွားလာနိုင်မှာလားဂြိုဟ်တွေ ...
movie

Mantra Warrior: The Legend of The Eight Moons (2023)

Missions of Love (2018) 5.5
Missions of Love (2018) Mission of love (2018)IMDb - 5.5 My Drama List - 6.92009 ခုနှစ်‌ကနေ 2015 အထိ Nakayoshi manga magazine မှာလစဉ်ရေးသားတင်ဆက်ခဲ့တဲ့ Manga Series ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ ဟိမုရိုယူကီနာကအွန်လိုင်းပေါ်မှာ နာမည်ကျော်တဲ့ စာရေးဆရာမတစ်ယောက်ပဲဖြစ်ပါတယ်။သူက နာမည်ကျော်စာရေးဆရာမဆိုပေမယ့်အချစ်ဝတ္ထုကို တစ်ခါမှမရေးဖူးပါဘူ။တစ်နေ့မှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရအချစ်ဝတ္ထုရေးဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အချစ်အကြောင်း ဘာတစ်ခုမှမသိတဲ့ယူကီနာတစ်ယောက်ဝတ္ထုရေးဖို့ ကုန်ကြမ်းအဖြစ် အချစ်ဇာတ်လမ်းတစ်ခု ဖန်တီးဖို့လိုအပ်လာပါတယ်။တစ်ချိန်တည်းမှာပဲ ကျောင်းရဲ့ နာမည်ကြီးကျောင်းသားတစ်ယောက်ဖြစ်တဲ့ခီတမိရှီဂုရဲရဲ့ လျှို့ဝှက်ချက်တစ်ခုကို အမှတ်မထင် သိရှိသွားပါတော့တယ်။အဲဒီလျှို့ဝှက်ချက်ကိုသုံးပြီး ရှီဂုရဲကို သူနဲ့တွဲပေးဖို့ အကြပ်ကိုင်ခဲ့ပါတယ်။ယူကီနာတစ်ယောက် ဝတ္ထုအတွက် မစ်ရှင်တွေတစ်ခုပြီးတစ်ခု စမ်းသပ်ရင်းနဲ့ဘာမှမပြောင်းလဲဘဲ ဝတ္ထုကိုအဆုံးထိရေးနိုင်မလားယူကီနာရဲ့အချစ်ရေးအပြောင်းအလဲ အခက်အခဲတွေကိုစိတ်ဝင်စားစွာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ် File size…    1.9 GB /  844 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ..... ...
movie

Missions of Love (2018)

Earwig and the Witch (2020)
Earwig and the Witch (2020) ဒီတခေါက်တင်ဆက်ပေးမှာကတော့ ၂၀၂၀ ခုနှစ်ထွက်Studio Ghibli ကထုတ်တဲ့ ပထမဆုံး 3D CG animation ကားလေးပါပဲAnime လို့ဆိုလိုက်တာနဲ့ ပြယုဂ်တခုအဖြစ် ပြေးမြင်ကြတဲ့Studio Ghibli ထုတ်ကားတွေရဲ့ ဖန်တီးရှင် ဆရာကြီးHayao Miyazaki ရဲ့သားဖြစ်သူ Goro Miyazaki ရဲ့လက်ရာပါHowl's Moving Castle ရဲ့ မူရင်းရေးသားသူ စာရေးဆရာမDiana Wynne Jones ရဲ့စာအုပ် Earwig and The Witch ဆိုတာကိုရိုက်ကူးထားတဲ့ Fantasy/Adventure ဇာတ်လမ်းလေးပါOriginal Soundtrack တွေနဲ့ Musical အမျိုးအစားလည်းဖြစ်ပါတယ်2D animation ကိုပဲ နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရမှာတမျိုးဖြစ်နေမှာပေမဲ့ ဇာတ်လမ်းလေးကကောင်းတာမို့ စမ်းကြည့်သင့်ပါတယ်အရင်ကားတွေကိုတော့ nostalgic မဖြစ်စေပေမဲ့သူ့ပုံစံနဲ့သူ တမျိုးဆွဲဆောင်မှုရှိပါတယ်ဇာတ်လမ်းလေးကတော့1990 ကာလတွေက အင်္ဂလန်မှာ စုန်းမတယောက်ဟာအခြေအနေတခုကြောင့် သူ့ကလေးကို မိဘမဲ့ဂေဟာမှာထားခဲ့ပြီးထွက်ပြေးသွားရပါတယ် သမီးလေးကို earwig ဆိုတဲ့နာမည်ပေးထားခဲ့ပြီး စာလေးတစောင်နဲ့ ထားခဲ့တယ်‌ဒီကလေး ...
movie

Earwig and the Witch (2020)

Everyone’s Hero (2006) 5.8
Everyone’s Hero (2006) ၂ဝဝ၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Animation ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ရန်းကီအာဗင်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် သူဟာ ဘေ့ ဘောရိုက်ဝါသနာပါပေမယ့် ကျွမ်းကျင်မှုမရှိတာကြောင့် သူ့သူငယ်ချင်းတွေကသူ့ကိုဆိုမပါစေချင်ပါဘူး။အမြဲအဖယ်ကျဉ်ခံရပါတယ်။ ရန်းကီ ရဲ့ဖခင်ဟာ အားကစားရုံမှာလုံခြုံရေးတစ်ယောက်ပါ။ တစ်ရက်သူ့အဖေအလုပ်ဆီသူသွားရင်း အဲဒီအားကစားရုံမှာထားတဲ့နိုင်ငံကျော် ဘေ့ ဘောသမား ဘေးရဲ့ဘေ့ဘောရိုက်တံဟာပျောက်ဆုံးသွားခဲ့ပြီး သူ့အဖေအလုပ်ပြုတ်သွားခဲ့ပါတယ်။ ရန်းကီဟာ သူလုံခြုံရေးတစ်ယောက်ကိုမြင်ခဲ့တာကြောင့် သူ့နောက်လိုက်ကာထိုရိုက်တံကို ပြန်လည်ခိုးယူပြီးပိုင်ရှင်အစစ်အမှန်ဆီပြန်လည်ပို့ဆောင်ပေးခဲ့ပုံတို့ကိုရင်သပ်ရှုမောဖွယ် ခံစားရမှာပဲဖြစ်ပါတယ်... File size…    1.4 GB /  696 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar
movie

Everyone’s Hero (2006)

2006
Monsters vs Aliens (2009) 6.4
Monsters vs Aliens (2009) IMDB Rating 6.5 ရရှိထားတဲ့ Animation ကားဖြစ်ပါတယ်.....ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီးတစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အမေရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့်ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့်သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီးသူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများကသူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်....  File size…   1.8 GB  /   867 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar
movie

Monsters vs Aliens (2009)

2009
I Wish (2011) 7.3
I Wish (2011) I Wish ( 2011 )ဂျပန်တွေက သူတို့ယဉ်ကျေးမှုနဲ့ အနုပညာက သဘာဝကပဲလာတယ်လို့ပြောကြတယ်။ ဂျပန်ရုပ်ရှင်ကောင်းတွေကလည်း သဘာဝကပဲလာတယ်ပြောရမှာပဲ။ သူတို့ယဉ်ကျေးမှု သူတို့လူနေမှုစတဲ့ သူတို့ရဲ့ လူ့သဘာဝကနေပဲလာတာများတယ်။ မျက်မှောက်ခေတ် ဂျပန်ဒါရိုက်တာတွေထဲ ဒီလူ့အသိုင်းအဝိုင်းက လူတွေရဲ့အချင်းအရာတွေ သက်သက်ကို သူ့သဘာဝအတိုင်း လှလှပပ အရိုက်ပြနိုင်ဆုံးကတော့ Hirokazu Koreedaပဲ ဖြစ်ပါလိမ့်မယ်။ အကုန်လုံး‌တော့ မဟုတ်ပေမဲ့ Koreedaရုပ်ရှင်တွေရဲ့ ၉၀ရာခိုင်နှုန်းလောက်က ဒီလိုရုပ်ရှင်တွေချည်းပါပဲ။ ဒီလိုဟန်တွေချည်း ရိုက်ပြခဲ့တာက သူ့ရှေ့မှာ အိုဇုရှိခဲ့သလို Korredaကိုယ်တိုင်လည်း တင်ဆက်ပုံဟန်မှာ အိုဇုအငွေ့အသက်မကင်းတာတွေ တွေ့ရတော့ သူ့ကို အိုဇုနဲ့‌ တော်တော်နှိုင်းကြတယ်။ တစ်ချို့ကလည်း အိုဇုနဲ့ Koreedaက မိသားစုဒရာမာတွေရိုက်ပြတာချင်းတူပေမဲ့ ဟန်ချင်းမတူဘူးဆိုကြတယ်။ ဒါပေမဲ့ Still Walkingမှာတော့ Koreedaဟာ တင်ဆက်ပုံဟန်မှာပါ အိုဇုနဲ့ တော်တော်လေးတူခဲ့တော့ နှိုင်းသင့်တယ်လို့လည်း ထင်ရတာပါပဲ။ သေချာတာတော့ သူတို့ ၂ယောက်စလုံးဟာ သူတို့ရုပ်ရှင်တွေမှာ ဂျပန်လူ့အသိုင်းအဝိုင်းနဲ့ ဂျပန်ယဉ်ကျေးမှုကို ဖော်ပြနိုင်ခဲ့တယ်။ ဒါလည်းအရေးပါပါတယ်။ ကြည့်တဲ့လူကို သူတို့ယဉ်ကျေးမှုကို နားလည်စေသလို သူတို့ရုပ်ရှင်တွေကိုလည်း ပိုစီးဝင်စေတယ်။ ပိုအရေးပါတယ်ထင်ရတာကတော့ ရုပ်ရှင်တွေဟာ ယဉ်ကျေးမှုကို ...
movie

I Wish (2011)

2011
Axegrinder 666 (2023)
Axegrinder 666 (2023) Axe Grinder 666 (2023)ပုဆိန်နဲ့ ခုတ်သတ်တာတို့ လွှစက်နဲ့ ဖြတ်တာတို့ လိုမျိုး ပက်ပက်စက်စက်သတ်ပြမှာဆိုပေမဲ့ ရွံ့စရာကောင်းလောက်အောင်အကုန်တော့မပြပါဘူး ကြောက်တတ် ရွံတတ်သူများ မကြည့်သင့်တဲ့ကားပါ တူတူအော်မဲ့ သူငယ်ချင်းတွေ စုကြည့်မယ်ဆိုရင်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပါ ဇာတ်လမ်းလေးကတော့ လူတွေကို ပက်ပက်စက်စက်သတ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဖရက်ဒီပါးမာဆိုတဲ့ ဆိုက်ကိုလူသတ်သမားကို ပြန်လည်နိုးထလာအောင် မိန်းမတစ်ယောက်က ပြန်ခေါ်လိုက်တာကနေစတာပါ သူငယ်ချင်းတွေ ထုံးစံအတိုင်းပျော်ပွဲစား ထွက်ရာကနေ ဘဲပူမိနေတဲ့ ကောင်မလေးနဲ့ သူ့သူငယ်ချင်းကိုတွဲသွားတဲ့ သူ့ရည်းစားဟောင်းတို့ ကမ်းခြေမှာ ဆုံကြတော့ စကားများရန်ဖြစ်ကြပါလေရော ဒါကိုဘေးကသူငယ်ချင်းတွေက ဝိုင်းဆွဲပြီးတော့ ကိုယ့်ကိစ္စနဲ့ကို ထွက်သွားကြပါလေရော အဲ့မှာ ဖရက်ဒီပါမားကြီးက တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်တာကို ရင်သတ်ရှမော ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဘယ်သူတွေ သေမလဲ ဘယ်သူတွေ အသက်ရှင်ကျန်ခဲ့မလဲဆိုတာကတော့.... စကားလုံး ကြမ်းကြမ်းတွေနဲ့ 18+ ခန်းတွေပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး ဒါမျိုးမှ ကြိုက်တာဆိုတဲ့သူတွေအတွက်ကတော့ ရှယ်ပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.6GB | 939MB Format… ...
movie

Axegrinder 666 (2023)

2023
172 Days (2023) 6.5
172 Days (2023) 172 Days (2023)Netflix ကနေ ၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ အင်ဒိုနီးရှား Drama Romantic ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအပေါ် အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Rating မှာလဲ IMDb 6.5 ထိရရှိထားတဲ့ အချစ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ဇီရာဟာ ပေတေလေလွင့်နေပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘဝဖြတ်သန်းနေတဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမဲ့တစ်နေ့မှာတော့ အသက်သေမလိုဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ဆေးရုံပေါ်ရောက်သွားပြီးမှာ ဘာသာရေးဘက်ကိုလိုက်စားပြီး စိတ်အေးချမ်းမှုကိုစတင်ရှာဖွေခဲ့ပါတယ်။ နောက်တော့ဇီရာက အစ်မဖြစ်သူနဲ့ ဗလီကျောင်းကိုလိုက်သွားခဲ့ရာမှ မထင်မှတ်ထားဘဲ ငယ်သူငယ်ချင်းတွေနဲ့တွေ့ဆုံခဲ့ရာမှ အာမာဆိုတဲ့ ဗလီဆရာလူငယ်လေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးတွေ တိုးလာပြီး သံယောဇဉ်တွေတွယ်လာတဲ့နောက် လက်ထပ်ဖို့အထိဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဇီရာရဲ့အတိတ်ကအရိပ်ဆိုးတွေလိုက်လာတဲ့အခါမှာတော့ ...အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Romance Quality…. 1080p | 720p File size… 1.4GB | 730MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ...
movie

172 Days (2023)

2023
Best Choice Ever
Best Choice Ever ဒီကားလေးကတော့ တရုတ်ဇတ်လမ်းတွဲတွေကြည့်နေကျ ပရိသတ်တွေမစိမ်းမဲ့ နာမည်ကြီးတွေဖြစ်ကြတဲ့ မင်းသမီးမမ YangZi နဲ့ မင်းသားကိုကို Xu Kai တိုလိုက်ဖက်ညီညီပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစု drama ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ရှင် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့တော့ : ရှန်ဟိုင် "Mai" မိသားစုကနေ မွေးဖွားလာတဲ့ 90ခုနှစ်ဖွား Mai Cheng Huanလိုခေါ်တဲ့ကောင်မလေးက မိဘစကားအရမ်းနားထောင်ရပါတယ် ။ အဲဒီလိုနဲ့သူ့မာမီရဲ့တိုက်တွန်းမှုကြောင့်ပဲ ချစ်သူဖြစ်သူ Xin Jia Liang ကိုလက်ထပ်ခွင့်အရင်တောင်းလိုက်ရပါတော့တယ် ။ဒါပေမဲ့ Xin မိသားစုရဲ့စီးပွားရေးကကောင်းမွန်နေချိန်ဆိုတော့ Mai Cheng Huan နဲ့ Xin Jia Liang ကြားက ဆက်ဆံရေး‌ဟာကလည်း မိခင်ဖြစ်သူရဲ့အလွန်အမင်းဝင်ရောက်စွပ်ဖက်မှုကြောင့် ကတောက်ကဆလေးတွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ Mai Cheng Huan ဟာ သူ့မအပေါ်သူမသစ္စာရှိမှုနဲ့အမေဖြစ်သူရဲ့ဆန္ဒကိုလိုက်ရောပေးမှုကြားမှာ လွန်ဆွဲရင်းနည်းလမ်းရှာဖွေရပါတယ် ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူမအမေရဲ့အလွန်အမင်းကြီးကြပ်မှုအောက်ကနေရုန်းထွက်ပြီး အလုပ်မှာအာရုံစိုက်ပြီးလုပ်နိုင်လာခဲ့ပါတယ် ။Mai Cheng Huan ရဲ့ပြောင်းလဲလာပုံကို အဘွားဖြစ်သူကအသိအမှတ်ပြုခဲ့ပြီး အရမ်းဖိအားများတဲ့ hotel management ...

Best Choice Ever

2024
Sword and Fairy 1
Sword and Fairy 1 ဒီဇာတ်ကားလေးကတော့ 2005 ခုနှစ်က Hu Ge နဲ့ Liu Yi Fei တို့ရိုက်ကူးခဲ့ပြီးတော့ အရမ်းကိုလျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရခဲ့တဲ့sword and fairy 1 ကို ၂၀၂၄ ဗားရှင်းအဖြစ်ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းက အရမ်းကောင်းတာမို့သရုပ်ဆောင်တွေလည်းတာဝန်ကြီးပါတယ် 2005 ခုနှစ်ဗားရှင်းနဲ့ 2024ဗားရှင်းကြားဘယ်လိုတွေကွာခြားမှုရှိနေမလဲဆိုတာကို ပရိသတ်ကြီးက စောင့်ကြည့်ပေးကြပါအုံးရှင် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့တော့ လီရှောင်းယောင်လို့ခေါ်တဲ့ကောင်လေးကသူ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက်နဲ့အိပ်မက်ကျွန်းဆီခရီးထွက်လာခဲ့ပါတယ်။ အဲဒီကျွန်းမှာပဲ သူချစ်ရတဲ့ မိန်းမလှလေးလင်အာနဲ့တွေ့ဆုံပြီးချစ်ခင်ဆုံမက်ကာ လက်ထပ်ဖြစ်ခဲ့ကြပါတယ် ။ဒီလိုနဲ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက် ဆေးလည်းရပြီဖြစ်လို့ အိပ်မက်ကျွန်းကနေအိမ်အပြန်ခရီးလမ်းမှာ ပိုင်ယွဲ့ဂိုဏ်းရဲ့လုပ်ကြံမှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။အဲဒီအခါကျမှ လီရှောင်းယောင်လည်း သူအိပ်မက်ကျွန်းကိုသွားဖြစ်အောင်လုပ်ခဲ့တာကလည်းပိုင်ယွဲ့ဂိုဏ်းရဲ့ထောင်ချောက်ဖြစ်ပြီးတော့ ချစ်ရတဲ့သူ လင်အာကိုပြန်ပေးဆွဲဖို့ဆိုတာကိုသိရှိသွားပါတော့တယ် ။ ဒါပေမဲ့ကံဆိုးစွာနဲ့သူလည်း ပိုင်ယွဲ့ဂိုဏ်းရဲ့တိုက်ခိုက်မှုတွေကိုခံလိုက်ရပြီးတော့ ဒဏ်ရာအပြင်းအထန်ရကာအတိတ်မေ့သွားပါတော့တယ် ။ ဆိုတော့ ဇာတ်လမ်းလေးထဲမှာ ပိုင်ယွဲ့ဂိုဏ်းက လင်အာကိုဘာလို့လိုက်ဖမ်းနေတာလဲ ရှောင်းယောင်ကရော ပြန်ပြီးတော့ အတိတ်တွေအားလုံးကို သတိရလာနိုင်မလား အိမ်ပြန်တဲ့လမ်းမှာရော ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ကြုံတွေရပြီးတော့မိတ်ဆွေလားရန်သူလား ဘယ်လိုတွေခွဲခြားသိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။====================================Quality : ...

Sword and Fairy 1

2024
Blossoms in Adversity
Blossoms in Adversity ချင်မင်းဆက်ခေတ်မှာ ဟွားအိမ်တော်အပေါ် ဧကရာဇ်မင်းကအမျက်တော်ရှတဲ့အခါ ကလေးအရွယ်သာရှိသေးတဲ့ ယောက်ျားလေးတွေကလွဲပြီးသခင်ကြီးဖြစ်သူ ဟွားလူကြီးမင်း ဟွားယိကျန့် အပါအဝင် တစ်မိသားစုလုံးမှာရှိတဲ့အရွယ်ရောက်ပြီးသား ယောက်ျားသားများအားလုံး နယ်နှင်ဒဏ်ပေးခံရပါတော့တယ်အဲဒီအခါမှာတော့ မိသားစုရဲ့ အကြီးဆုံးသခင်မလေးဖြစ်သူ ဟွားကျစ် (Zhang Jing Yi) ဟာ၁၅ နှစ်ကြာ ဖုံးကွယ်ထားခဲ့တဲ့ သူ့အရည်အချင်းတွေကို ဖော်ထုတ်ပြီး လဲပြိုတော့မယ့် မိသားစုကိုအငတ်ဘေးနဲ့ အကျပ်အတည်းကနေ လွတ်မြောက်အောင် ဦးဆောင်ပြီး ကြိုးပမ်းရပါတော့တယ်လဲပြိုနေတဲ့မိသားစုကို ဆွဲထူဖို့ ဦးဆောင်ကြိုးစားနေတဲ့ ဟွားကျစ်တစ်ယောက် သူ့အတွက်အားကိုးဖို့ လက်ကမ်းပေးလာတဲ့ လင်မင်းသားရဲ့ သားတော် ကုယန့်ရှီး (Hu Yi Tian)နဲ့ဆုံတွေ့ခဲ့ပြီးတဲ့နောက်မှာ အခြေအနေမတူတဲ့ သူတို့ ၂‌ ယောက်ရဲ့ ချစ်ခရီးလမ်းက‌ရောဖြောင့်ဖြူးပါ့မလား မြင့်မြတ်တဲ့မိသားစုက သခင်မလေးဘဝကနေသုညဘဝပြန်ရောက်သွားတဲ့မိသားစုကို ဟွားကျစ်တစ်ယောက် ဘယ်လိုဦးဆောင်ပြီး ဆွဲထူမလဲဟွားအိမ်တော်အပေါ်ကို ဧကရာဇ်မင်း အမျက်တော်ရှရတဲ့ အကြောင်းအရင်းကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ရှူစားကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes ...

Blossoms in Adversity

2024
The Trades (2024) 6.0
The Trades (2024) The Trades (2024) =============== IMDb Rating - 6.2/10CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb rating 6.2/10 ရရှိထားတဲ့ 2024ခုနှစ်ထွက် Comedy စီးရီးလေးပဲဖြစ်ပါတယ်။ ဂဟေဆော်လုပ်ငန်းခွင်က အလုပ်သ မားတွေအကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Single- Cam Sitcom အမျိုးအစားလေးပါ။ဇာတ်လမ်းအညွှန်းကတော့ တော့ဒ်ဟာ ဂျာမန်ထုတ်ဂဟေဆော် စက်ရုပ်တစ်ရုပ်ကို လုပ်ငန်းခွင်ထဲ သွင်းခဲ့မိတာကြောင့် လုပ်ဖော် ကိုင်ဖက်တွေက "ငါတို့နေရာမှာ စက်ရုပ်အစားထိုးမလို့လား၊ မင်း ဘာကောင်လဲ ငါဘာကောင်လဲ"တွေဖြစ်ကုန်ပါတော့တယ်။ သူ့ အထက်လူကြီး ဆိုဒ်မန်နေဂျာက အဲလိုဖြစ်အောင်ဂွင်ဆင်လိုက် တာပါ။ အဲ့မှာတင် ဆိုဒ်‌မန်နေဂျာကို သွားဖြဲရာကနေ ဟိုက ဝိအပြဲ လွန်ပြီး ဆေးရုံတင်လိုက်ရပါလေရော။ အစကတည်းက ဆိုဒ်မန် နေဂျာတစ်ပိုင်းနီးနီးဖြစ်နေတဲ့ တော့ဒ်ဟာ ဗြုန်းစားကြီး ဆိုဒ်မန်နေ ဂျာဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ တော့ဒ်တစ်ယောက် လုပ်ငန်းခွင်မှာ သူ့အလုပ်သမားတွေနဲ့ ဘယ်လိုဆက်နှစ်ပါးသွားရ မလဲ၊ ဒုက္ခသုက္ခတွေကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ ကြည့် ရှုခံစားလိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team မှ ဖြစ်ပါတယ်။)File Size.............(600 ...
6.0
TMDb: 6.0/10 1510 votes
tv

The Trades (2024)

2024
The Last Ship (2014) 7.4
The Last Ship (2014)  ပရိသတ်ကြီးတွေ သင်္ကြန်မှာ ဇာတ်ကားကောင်းကောင်းလေးကြည့်ရှုနိုင်အောင် ကျွန်တော်တို့ Channel Myanmar မှ The Last Ship ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီ......၁ရက်ကို ၁စီစန်နှုန်းနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ကြိုးစားတင်ဆက်ပေးမှာဖြစ်ပါတယ်......ဇာတ်လမ်းကတော့ အာတိတ်ကို လျှို့ဝှက်စစ်ဆင်ရေးနဲ့ အဆက်အသွယ်အကုန်ဖြတ်ပြီးပို့ခံလိုက်ရတဲ့ အမေရိကန်စစ်သင်္ဘောအကြောင်းပါ အစကတော့ သူတို့က ဘာကြောင့် စစ်ဆင်ရေးကို လွှတ်လိုက်လဲမသိပေမဲ့ နောက်ပိုင်းမှာတော့ ကူးစက်ရောဂါ တမျိုးပျံ့နှံ့နေတာကြောင့် ပိုးကူးမှုကင်းစင်တဲ့နယ်မြေမှာ ကုထုံးစမ်းသပ်ဖော်စပ်နိုင်ဖို့အတွက် သုတေသနပညာရှင်တစ်ယောက်နဲ့ လွှတ်လိုက်တာပါ အဲဒီအကြောင်းကို သုတေသနပညာရှင်ကလွဲပြီး ကျန်တဲ့သူဘယ်သူမှမသိခဲ့ပါဘူး......ဒါပေမဲ့ အဲဒါကို သိနေတဲ့ ရုရှားစစ်သင်္ဘောတစ်စင်းကလည်းရှိနေပါသေးတယ်......သူတို့ကလည်း အမေရိကန်သင်္ဘောပေါ်က သုတေသနပညာရှင်နဲ့ စမ်းသပ်ထားတဲ့ ကုထုံးတွေကို အသေအလဲလိုချင်နေကြတာပါ.....အဲဒီလိုနဲ့ အမေရိကန် စစ်သင်္ဘောရဲ့ ရေယာဉ်မှူးရယ် သုတေသနပညာရှင်ရယ် သင်္ဘောပေါ်က အရာရှိ ရဲဘော် ဝန်ထမ်းတွေရယ်ရဲ့ ဘယ်လိုမျိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားကြမလဲ......ကုထုံးကို ထွင်နိုင်မှာလား.....ကမ္ဘာပျက်သွားတဲ့အချိန် လူတွေရဲ့ သေးသိမ်တဲ့သဘောထားတွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...... File size…(1.3 ...
7.4
TMDb: 7.4/10 884 votes
tv

The Last Ship (2014)

2014
Psychopath Diary (2019) 7.1
Psychopath Diary (2019) Psychopath Diary (2019)************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါမှာတော့ သရုပ်ဆောင် Yoon Shi Yoon, Jung In Sunနဲ့Park Sung Hoonတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Psychopath Diary ဆိုတဲ့ ဟာသမှုခင်းစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း..Yook Dong Sik ဆိုတဲ့လူဟာ အာမခံကုမ္ပဏီက ဝန်ထမ်းတစ်ဦးဖြစ်ပြီးရိုးအလွန်းတဲ့စရိုက်ကြောင့် ကုမ္ပဏီတစ်ခုလုံးက သူတွေအပြင်အခင်ဆုံးသူငယ်ချင်းဆီကနေပါ အမြတ်ထုတ်ခံရတဲ့သူပါ။အဲဒီလို အလုပ်မှာအဆင်မပြေဖြစ်နေတဲ့ Dong Shik တစ်ယောက်တစ်ရက်မှာ စိတ်ညစ်ညစ်နဲ့ အိမ်အပြန်အလာ လူသတ်မှုတစ်ခုစီကိုမှတ်တမ်းတင်ထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ဒိုင်ယာရီကိုကောက်ရခဲ့ပါတယ်။ဒါ့အပြင် အဲဒီလူသတ်သမား လူသတ်နေတာကို မျက်မြင်တွေ့ပြီးထိတ်လန့်တကြားထွက်ပြေးရာက ရဲအရာရှိ Shim Bo Kyungမောင်းလာတဲ့ကားနဲ့ ဝင်တိုက်သွားမိပါတယ်။အဲဒီနောက်မှာ မှတ်ဉာဏ်ပျောက်ဆုံးသွားပြီး သူကောက်ရခဲ့တဲ့ဒိုင်ယာရီထဲကလူသတ်မှုတွေကို သူလုပ်ခဲ့တာပါလို့ ထင်မှတ်မှားပါတော့တယ်။အဲဒီနောက်မှာ သူ့ကိုယ်သူ လူသတ်သမားလို့ထင်နေတဲ့Dong Shik တစ်ယောက် ဘယ်လိုတလွဲတွေလုပ်မလဲ...။Bo Kyung ကရော လူသတ်သမားကို ဘယ်လိုကူဖမ်းပေးမလဲ...။လူသတ်သမားကရော ဘယ်သူလဲ...ဆိုတာတွေကို ...
7.1
TMDb: 7.1/10 18 votes
tv

Psychopath Diary (2019)

2019
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်းသစ် (၆၂) အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ အရမ်းကြွေခဲ့ရတဲ့ မယ်မယ် Lee ...

In Cold Blood (2024)

2024
The Third Marriage (2023)
The Third Marriage (2023) The Third Marriage (2023)**************************အပိုင်းသစ် (၁၂၀) လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လေးလာပါပြီ ။ဇာတ်ကားအညွှန်း...Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ လက်စားချေဖို့အတွက်ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီးမြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီးအပိုင်း ၁၃၂ အထိတောင် ပြသသွားမှာဆိုတော့ ...

The Third Marriage (2023)

2023
Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် ( ၁၇ )  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 ...

Su ji And U ri (2024)

2024
X-Men ’97 (2024) 9
X-Men ’97 (2024) 1992 ကနေ စပြီး နာမည်ကြီးခဲ့တဲ့ X-Men: The Animated Series ရဲ့အဆက်အဖြစ် ထွက်ရှိလာတဲ့ ကာတွန်းစီးရီးအသစ်ပါ။အရင်ဇာတ်လမ်းနဲ့ ဆက်စပ်တာလေးတွေပါပေမဲ့ ဇာတ်လမ်းထဲကဒိုင်ယာလော့တွေနဲ့ ရှင်းပြသွားတာမို့ အဟောင်းတွေကိုမကြည့်ဘဲ ကြည့်လို့ရပါတယ်။ဇာတ်လမ်းကောင်းကောင်း ရုပ်ထွက်ကောင်းကောင်းမို့စူပါဟီးရိုးဖန်တွေ အကြိုက်တွေ့မှာပါ ဇာတ်လမ်းအကျဉ်းရုပ်ရှင်တွေထဲကအတိုင်းပါပဲ လူတွေထဲမှာ သန္ဓေပြောင်းလူသားတွေကိုကြောက်လန့်ပြီး ရှင်းပစ်ချင်နေကြတာတွေရှိကြတယ်။သန္ဓေပြောင်းတွေထဲမှာလို မဂ္ဂနီတိုတို့လို လူတွေကိုအနိုင်ယူချင်တာတွေရှိတယ်။ ဒါပေမဲ့ ချားစ် ဇေးဗီးရားရဲ့ X-Men အဖွဲ့တွေဟာလူတွေနဲ့ သန္ဓေပြောင်းလူသားတွေကြား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ တိုက်ခိုက်ကြိုးစားပေးနေကြဆဲပါပဲ။ဒီ စီးရီးကတော့ ချားစ် ဇေးဗီးယားကို လုပ်ကြံခံရပြီးနောက်ပိုင်းဆိုက်ကလော့ က X-Men တွေကို ဦးဆောင်ပြီးစစ်ဆင်ရေးတွေ ဆက်လုပ်နေချိန်မှာ ချားစ်ဟာမသေခင် X-Menတွေကို ဦးဆောင်ဖို့ ဘယ်သူမှမထင်ထားတဲ့ မဂ္ဂနီတိုကို တာဝန်ပေးခဲ့တာကို သိခဲ့ရပါတယ်။လူ့ဂွစာ ရန်သူ/မိတ်ဆွေဟောင်း မဂ္ဂနီတိုနဲ့ X-Men တွေဘာ အန္တရာယ် အသစ်တွေကို ရင်ဆိုင်ကြမလဲ ဒီစီးရီးမှာတွေ့ရမှာပါ။အပိုင်းဆယ်ပိုင်းရှိမှာဖြစ်ပြီး အပတ်စဉ် တင်ဆက်သွားမှာပါ။ File size…    800 MB ...
9
TMDb: 9/10 32 votes
tv

X-Men ’97 (2024)

2024
The Completely Made-Up Adventures of Dick Turpin (2024) 5.8
The Completely Made-Up Adventures of Dick Turpin (2024) Apple TV+ ရဲ့ comedy စီးရီးအသစ် လာပါပြီ။တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ လမ်းဓားပြ၊ လူဆိုးသူခိုးကြီး ဒစ်ခ်တာပင်ရဲ့ အကြောင်းကို ဟာသမြောက်စွာရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။ ငယ်ရွယ်စဉ် သားခုတ်သမား အဖေဆီကနေ မွေးဖွားလာခဲ့ပေမဲ့အကောင်သတ်ရတာလည်း ဝါသနာမပါ၊ စိတ်ကူးဉာဏ်ကလည်းကောင်းတဲ့ ဒစ်ခ်တာပင်ဟာ သားခုတ်တဲ့အလုပ်ကို စွန့်လွှတ်လိုက်ပြီးလေလွင့်နေရင်းကနေ နာမည်ကြီးလမ်းဓားပြတစ်ဦးကိုမတော်တဆ သတ်မိလိုက်တာကနေ သူ့ရဲ့ ဓားပြခရီးလမ်းကြီး စတင်လာပါတော့တယ်။အဝတ်အစား ခပ်မိုက်မိုက်၊ ဓားပြတိုက်တာလည်း ညင်ညင်သာသာနဲ့သူကို သူရသတ္တိနဲ့ ပြည့်စုံတဲ့ ဂန္ထဝင်ကြီးလို့ နောက်ပိုင်းခေတ်တွေမှာတင်စားပြီး ပြဇာတ်တွေ၊ ဝတ္ထုတွေ အများကြီး ထွက်ရှိလာခဲ့ပါတယ်။ဒါရိုက်တာ Ben Palmer နဲ့ George Kane တို့က ရိုက်ကူးထားပြီး IMDb 7 နဲ့ RT 85% ထိ ရရှိထားပါတယ်။ File size…    500 MB Quality… BluRay 1080p Format… mp4 Duration….  32 ...
5.8
TMDb: 5.8/10 13 votes
tv

The Completely Made-Up Adventures of Dick Turpin (2024)

2024
Dancing Flames (2024)
Dancing Flames (2024) ကကြိုးဆင် မီးတောက်များ (၂၀၂၄)ဖရဖိုင်နဲ့ဒင်က ကျောင်းတက်ကတည်းက ချစ်ခဲ့ကြတဲ့ သူတွေပေါ့ ဒင်က လျှပ်စစ်အင်ဂျင်နီယာ ဖြစ်ပြီး ဖရဖိုင်ကတော့ ဒေါက်တာတစ်ယောက်ပါ သူတို့နှစ်ယောက် လက်ထပ်လိုက်ပြီး သမီးလေး တစ်ယောက်ရခဲ့ပါတယ် ဒီလိုနဲ့နေတာ ကြာလာတော့ ဖရဖိုင်က ဒင်ကို ဂရုစိုက်မှုတွေ ပေါ့လျှော့လာပါတယ် ဖရဖိုင်က အလုပ်ကိုပဲ ဦးစားပေးဖြစ်နေတယ်လို့ ဆိုရပါမယ် ဒင်ကလည်း ယောကျာ်းတို့ရဲ့ သဘာ၀အရ ကာမစိတ်မကင်းကွာတဲ့ သူပါ ဇနီးဖြစ်သူက မအားလပ်နေတာကြောင့် သူ့စိတ်ထဲ တစ်ခုခုလိုအပ်နေခဲ့ပါတယ် ဖလိမ်းက နာမည်ကြီး အ၀တ်ဘရန်းပိုင်ရှင် တစ်ယောက်ပါ အမြဲတမ်း လှသွေးကြွယ်နေတဲ့ သူလို့လည်း ပြောလို့ရပါတယ် သို့ပေမဲ့ ဖလိမ်းမှာ စနိုက်ကျော်တတ်တဲ့ အကျင့်ရှိပါတယ် သူ ကြိုက်ပြီဆိုရင် အိမ်ထောင်ရှိလည်း ဂရုစိုက်တတ်တဲ့သူပါ တစ်နေ့ ဒင်နဲ့ဆုံပြီး ဒင်ကို ပိုင်ဆိုင်ချင်ခဲ့ပါတယ် ဒီကိစ္စကို ဖရဖိုင်သိသွားပြီး သူ့အိမ်ထောင်ရေးကို ကြားလူ ၀င်မဆွတ်ဖက်နိုင်အောင် ဘယ်လိုကာကွယ်သွားမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါအညျွန်းကိုတော့ Fake Love က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Fake Love, Nang Mwe Kham, Lei Wutyi Tun ...

Dancing Flames (2024)

1000 Years Old (2024)
1000 Years Old (2024) ဗန်ပိုင်းယား ရင်ခုန်သံ (၂၀၂၄) အညွှန်းဒီဇာတ်လမ်းတွဲလေးကတော့ လူသားနဲ့ Vampire ကြားက BL အချစ်ဇာတ်လမ်းတွဲလေးပါ သဘာဝလွန်ဖြစ်ရပ်တွေကို စိတ်ဝင်စားတဲ့ တက္ကသိုလ် ကျောင်းသားလေး ယို့ ဟာ တစ်နေ့မှာ ဝက်သွေးစွပ်ပြုတ်ဆိုင်မှာထိုင်နေတုန်း ပန်းကန်အကြီးကြီးနဲ့ ဝက်သွေးစွပ်ပြုတ်ကို တစ်ပန်းကန်ပြီး တစ်ပန်းကန်စားနေတဲ့ နေရောင်ကြောက်တဲ့ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသတဲ့ထူးထူးဆန်းဆန်းမို့ စိတ်ထဲကိုရောက်သွားတဲ့ အဲဒီလူကို "ဆန်းကြယ်တဲ့လူ" ဆိုပြီး စိတ်ထဲမှာ နာမည်ပေးမိရင်း သူနဲ့ဝါသနာတူ သူငယ်ချင်းတွေနဲ့အတူ သူ့အကြောင်း စုံစမ်းရှာပုံတော်ဖွင့်ကြပါတော့တယ်Vampire လူသားလေး ပန်ကလည်း ပထမဆုံးအနေနဲ့ ယို့ဆိုတဲ့ လူသားကောင်လေးကို ယုံကြည်စွာနဲ့ သူ့ဘဝထဲကို ဝင်ဖို့ တံခါးဖွင့်ပေးဖြစ်တဲ့အခါ ..လူသားကောင်လေး နဲ့ နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ Vampire ကောင်လေးတို့ရဲ့ ခပ်ချိုချို အချစ်ဇာတ်လမ်းလေးကိုရှုစားရမှာဖြစ်တာမို့ ဆက်ဆက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေနော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Mary, Char Ou တို့ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p ...

1000 Years Old (2024)

2024
Legend of the Hidden Land (2024)
Legend of the Hidden Land (2024) လျှို့ဝှက်ကျွန်း ရဲ့ ဒဏ္ဍာရီ (၂၀၂၄)ဘန်ဘွန်တိုင်းပြည်ခေါ်တဲ့ မှော်၀င်တိုင်းပြည်ကြီးမှာ နယ်နိမိတ် လေးခုနဲ့ ဖွဲ့စည်းထားပါတယ် မြွေဘုရင် ဆင်ဘုရင် သိမ်းငှက်ဘုရင်နဲ့ ကျွဲရိုင်းဘုရင်တို့က အသီးသီးအုပ်ချုပ်ကြပါတယ် ဘုရင် လေးယောက်မှာ မြွေဘုရင်က ရတနာကိုးပါးစီမံထားတဲ့ နုတ်ဖရတ်တုတ်တံကို ပိုင်ဆိုင်ခွင့်ရထားပါတယ် ဒါကြောင့် ဘန်ဘွန်တိုင်းပြည်မှာ မြွေဘုရင်က အင်အားအကြီးဆုံးဖြစ်ပါတယ် ကျန်သော ဘုရင်သုံးပါကလည်း နုတ်ဖရတ်တုတ်တံကို ပိုင်ဆိုင်လိုစိတ် ရှိကြပါတယ် ထိုထဲမှာမှ သိမ်းငှက်ဘုရင်က အဆိုးဆုံးပါ ‌နုတ်ဖရတ်တုတ်တံကို လုယူဖို့ နှစ်ပေါင်းများစွာ ကြံစည်ခဲ့ပါတယ် တစ်နေ့မှာ သိမ်းငှက်ဘုရင်က သူ့သားဖ့စ်တဲ့ ခမ်းဖာကို မြွေဘုရင်ရဲ့ သမီးနာရင်နဲ့ ချစ်ကြိုက်စေဖို့ မြွေအသွင်ဖန်ဆင်းပြီး စေလွှတ်ခဲ့ပါတယ် နာရင်နဲ့ ချစ်ကြိုက်သွားပြီးနောက် နာရင်မှာကိုယ်၀န်ရှိခဲ့ပါတယ် ခမ်းဖာတစ်ယောက် သူ့အဖေ လုယူခိုင်းတဲ့ နုတ်ဖရတ်တုတ်တံကို လုယူဖို့ ဆုံးဖြတ်ချက်တွေ မပြတ်သားခဲ့ပါဘူး ဒီအကြောင်းကို သိမ်းငှက်ဘုရင်တို့ အုပ်စု သိသွားတော့ မြွေဘုရင်နယ်မြေကို လာတိုက်ခိုက်ပါတော့တယ် မြွေဘုရင်က နုတ်ဖရတ်တုတ်တံကို သိမ်းငှက်ဘုရင်ကို မပိုင်ဆ်ုင်စေလိုသောကြောင့် နေရောင်ခြည်ရဲ့ အလင်းတန်းနှင့် တုတ်တံကို ဖျက်စီးပစ်ခဲ့ပါတယ် တုတ်တံထဲက ရတနာကိုးပါးလည်း ပေါက်ကွဲထွက်သွားပြီး နေရာအနှံ့ကိုရောက်သွားပါတယ် နုတ်ဖရတ်တုတ်တံကို အရင်လည်း ရတနာကိုးပါနဲ့စုစည်းနိုင်မယ့်သူက နာရင်မွေးလာမယ့် ...

Legend of the Hidden Land (2024)

2024
We Are (2024)
We Are (2024) သူငယ်ချင်းထက် ပိုသော (၂၀၂၄)BL CP နာမည်ကြီးတွေထဲကတစ်တွဲဖြစ်တဲ့ Pond-Phuwinရဲ့ကားသစ်ဖြစ်တဲ့ ကျောင်းသားကားblသစ်လေးထွက်ရှိလို့လာပြန်ပါပြီ။ Fish upon the sky ကနေစလို့ Never let me go အထိ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့သူတို့ ဒီကားလေးမှာရော ဘယ်လိုတွေရိုကြချိုကြဦးမလဲ ဆိုတာကို CMနဲ့အတူ ရှုစားပေးကြပါဦး။ကျွန်တော်တို့ဘဝမှာ အပူအပင်ကင်းကင်းနဲ့ အပျော်ရဆုံးအချိန်တွေလို့ပြောရင် အရင်ဆုံးတွေးမိတာ အထက်တန်းကျောင်းသားဘဝဖြစ်ပြီး ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုနဲ့ စိတ်ကစားခဲ့ဆုံးအချိန်ကာလကတော့ တက္ကသိုလ်ကျောင်းသားဘဝပါပဲ။အခုဒီကားလေးထဲမှာမြင်ရမှာကလည်း ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ဆယ်ကျော်သက်ဘဝကျွတ်ခါစ မြီးကောင်ပေါက်တစ်သိုက်အကြောင်းပေါ့။ ကျောင်းသားဘဝရဲ့ အခက်ခဲဆုံးလို့ထင်ခဲ့တဲ့ ပညာသင်ကြားချိန်တွေ၊ ပင်ပန်းလှပါပြီဆိုတဲ့ စာမေးပွဲ‌တွေ၊ အချိန်ဘယ်လောက်ပဲမပေးနိုင်ဘူးပြောပြော သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာတွေ၊ နောက်ဆုံးအနေနဲ့ ချန်လှပ်ထားခဲ့လို့မရတာကတော့ အဖြူရောင်သံယောဇဉ်ကနေ အရောင်ပြောင်းစပြုလာတဲ့ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုရမှာပါ။တခြားBLတွေနဲ့မတူတာကတော့ Side CPအတွဲတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အဆင်လေးတွေချည်းသက်သက်စုထားတဲ့စီးရီးလေးဆိုတော့ အောက်မေ့လွမ်းဆွတ်ဖွယ် တက္ကသိုလ်ကျောင်းသားဘဝလေးကို အဆင်ငမ်းရင်း ပြန်တမ်းတလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

We Are (2024)

2024
Parish (2024) 8.2
Parish (2024) လူတိုင်းအမြင်ကတ်ပြီး ကြောက်ဖို့ကောင်းတဲ့ Breaking Bad ထဲက ကြက်ကြော်ဆိုင်ပိုင်ရှင်ကြီး Gus Fring အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Giancarlo Esposito ခေါင်းဆောင်ပြီး ပါဝင်ထားပြီး အသစ်စက်စက်ထွက်ရှိထားတဲ့ Drama, Crime Fiction အမျိုးအစား TV Series လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။IMDb မှာလဲ 6.9 အထိရရှိထားပြီးတော့ Giancarlo Esposito ရဲ့မှင်သေသေ အမှားမလုပ်တတ်တဲ့ပုံစံမျိုးနဲ့ ဇာတ်ကောင်က တော်တော်လေးကို လိုက်ဖက်တဲ့ စီးရီးလေးပါ။ ဇာတ်လမ်းတင်ဆက်ပုံလေးကလဲ သွေးအေးအေးနဲ့ ဟာကွက်တွေမရှိအောင် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေပုံစံမျိုးနဲ့တင်ဆက်ထားတာဆိုတော့ ဒီလို Drama Crime Theme နဲ့ ဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့သူတွေအတွက် တကယ်ကောင်းတဲ့စီးရီးလေးပါ။အရင်က Transpoter ဇာတ်ကားပုံစံမျိုးလေးကိုမှ ဇာတ်လမ်းလှည့်ကွက်လေးတွေနဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းလေးကတော့ အရင်တုန်းက ဒုစရိုက်လောကမှာ နာမည်ကျော် ကားမောင်းသမားအဖြစ် နာမည်ကြီးနေတဲ့ ဂရေးတစ်ယောက် သူ့ရဲ့သားဖြစ်သူတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရချိန်မှာတော့ ဒီအရိပ်မည်းကြီးက သူ့ကိုအမြဲခြောက်လှန့်နေခဲ့တယ်။သူ့ရဲ့သားဖြစ်သူရဲ့ ဖြစ်ရပ်ကြောင့်ပဲ ဒီလောကကနေ အနားယူလိုက်ပြီး ကားဝပ်ရှော့လေးဖွင့်ပြီး အေးအေးချမ်းချမ်း မိသားစုဘဝလေးတည်ထောင်နေခဲ့သူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့အရင်တပည့်ဖြစ်သူက ပေါက်ကရအရှုပ်တွေလုပ်လာခဲ့ပြီး ဒီကိစ္စတွေထဲ ဂရေးတစ်ယောက် ပါဝင်သွားခဲ့ရာမှ ...
8.2
TMDb: 8.2/10 5 votes
tv

Parish (2024)

2024
The Fable (2024) 8
The Fable (2024) The Fable IMDb - 9.1/10၂၀၁၉ခုနှစ်မှာ Live action အနေနဲ့ထွက်ခဲ့တဲ့ The Fableဆိုတဲ့ မန်ဂါဟာ အခုဆိုရင် Anime seriesအနေနဲ့ ထွက်ရှိလို့လာပါပြီ။မြေအောက်လောကမှာ ကျွမ်းကျင်သူဖြစ်ပြီး အကုန်လုံးက နာမည်ကြားတာနဲ့ ကြောက်ရသူ။ အားလုံးက သူ့ကို ဖာဘယ်လို့နာမည်ပေးထားပါတယ်။ သူဟာဆိုရင် လေ့ကျင့်မှုပေါင်းများစွာနဲ့အတူ ကြေးစားလူသတ်သမားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ အကုန်လုံးကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ဒီလိုနဲ့ အလုပ်တွေ အရမ်းလုပ်ရလွန်းတဲ့အတွက် ဘော့စ်ဖြစ်သူဟာ ဖာဘယ့်ကို တစ်နှစ်လောက် သာမာန်ဘဝနဲ့ ဇာတ်မြှုပ်နေဖို့ခိုင်းပါတော့တယ်။ ဒီလို ဇာတ်မြှုပ်တဲ့နေရာမှာ သူတို့နဲ့အရင်က အလုပ်လုပ်ခဲ့တဲ့ပါတနာဖြစ်တဲ့ ယာကူဇာဂိုဏ်းရဲ့ အရိပ်အောက်မှာသွားနေရတဲ့အခါမှာတော့ .....၆စက္ကန့်နဲ့တင် ရန်သူကိုအပြတ်မှောက်အောင်လုပ်နိုင်တဲ့ ဖာဘယ်တစ်ယောက် သာမာန်ဘဝမှာ ဘယ်သူ့ကိုမှ မသတ်မိအောင် ဘယ်လိုနေမလဲ ... သူတို့သွားနေတဲ့ ဂိုဏ်းက ပြဿနာတွေကြားထဲရော ဘယ်လိုတွေရောက်သွားဦးမလဲ ... ဆိုတာတွေကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ပဲ ဖြစ်ပါတယ်)File Size – 300MB(Appx;)@EpisodeQuality – 1080p WEB DLDuration ...
8
TMDb: 8/10 1 votes
tv

The Fable (2024)

2024
Raisinghani vs Raisinghani (2024)
Raisinghani vs Raisinghani (2024) Raisinghani vs Raisinghani (2024) IMDb - 6.3/10အိန္ဒိယရဲ့ ရုပ်သံဇာတ်လမ်းတွဲအနုပညာကြေး အမြင့်ဆုံးထဲက မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချော ဂျနီဖာဝင်ဂတ် အထူးသရုပ်ဆောင်ထားပြီး Sony Livကနေ တင်ဆက်ပေးသွားတဲ့ အရမ်းမိုက်တဲ့ ရှေ့နေဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ရိုင်ဆင်ဂ်ဟာနီဆိုတဲ့မိသားစုက အရမ်းကို နာမည်ကျော်ကြားပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ရှေ့နေမိသားစုကြီးပေါ့။ အဘိုးကအစ မြေးအဆုံး ရှေ့နေတွေဖြစ်ပြီး မြေးမလေး အနွတ်ရှ်ကာကတော့ ရဲရင့်ဖျက်လတ်ပြီး နူးညံ့တဲ့နှလုံးသားပိုင်ရှင်လေး တစ်ဦးပေါ့။ဗီရတ်ကတော့ အနွတ်ရှ်ကာတို့ ရှေ့နေကုမ္ပဏီမှာပဲ နာမည်ကြီးတဲ့ ရှေ့နေတစ်ဦးပါ။ သူတို့နှစ်ဦးရဲ့ အတိတ်ကဇာတ်လမ်းတွေကို ပြည်ဖုံးကားချလို့ ကုမ္ပဏီမှာ အမှုတွေကို သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်ရင်း တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေခဲ့ပါတယ်။ဗီရတ်ရဲ့ငယ်သူငယ်ချင်း နာမည်ကျော်ခရစ်ကတ်သမားရဲ့ အမှုကို နှစ်ဦးသား အတူတူလိုက်ပေးဖို့ အကြောင်းဖန်လာရာကစ အန်ကီတာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် လျှို့ဝှက်ချက်တွေနဲ့ အနွတ်ရှ်ကာဆီမှာ လက်ထောက်ရှေ့နေအဖြစ် ဝင်ရောက်လုပ်ကိုင်ချိန်မှာတော့...။သမိုင်းကြောင်းကောင်းလှတဲ့ ရှေ့နေမိသားစုကြီးရဲ့ကြားက သံယောဇဉ်အရှုပ်အရှင်းတွေ၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့အတူ တရားတဘောင်ရင်ဆိုင်ကြပုံတွေကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းကို V မှ ရေးထားပြီး V ~ Yunni ~ Alex ~ ...

Raisinghani vs Raisinghani (2024)

2024
Come and Hug Me(2018) 6.9
Come and Hug Me(2018) Come and Hug Me(2018)**********************အပိုင်း ( ၁ မှ ၁၆) အထိ စ/ဆုံး Jang Ki Yong(Chae Do Jin)နဲ့ Jin Ki Koo(Han JaeYi)တို့ဟာ ငယ်စဉ်ကတည်းကကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်ခဲ့ကြသလို အဲဒီကတည်းကတစ်ဦးပေါ်တစ်ဦးမေတ္တာရှိခဲ့ကြတဲ့ အချစ်ဦးတွေဖြစ်ကြပါတယ် Chae Do Jin ရဲ့ဖခင်ဖြစ်သူဟာ psychopath တစ်‌ယောက်ဖြစ်ပြီး တစ်နေ့မှာHan Jae Yi ရဲ့မိဘတွေကိုရက်ရက်စက်စက်သတ်ခဲ့ပါတယ်...အဲဒီနောက်ပိုင်းမှာ အချစ်ဦးနှစ်ယောက်ဟာကွဲကွာခဲ့ပါတယ်... နှစ်များစွာကြာပြီးတဲ့နောက် Chae Do Jin ဟာစုံထောက်ဖြစ်လာပြီးHan Jae Yi ဟာလည်း အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်...Chae Do Jin တစ်ယောက်စုံထောက်ဖြစ်လာပြီး သူ့အဖေအရင်းကိုဘယ်လိုဖမ်းမလဲ ....သူ့ရဲ့အချစ်ဦးကောင်မလေးနဲ့ရော ဘယ်လိုပြန်ဆုံတွေ့ပြီး ဘယ်လိုတွေကာကွယ်ပေးမလဲဆိုတာကြည့်ရမှာပါ.... ChaeDoJin ဖခင် psychopath အဖြစ်ပါဝင်ထားတဲ့ Heo Jun Ho ဟာလည်းvillain ခန်းတွေမှာအပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့မင်းသားကြီးဖြစ်တာမို့သူ့အခန်းတွေမှာဒေါသထွက်ရမှာဖြစ်သလို မင်းသားမင်းသမီးကြားကChemistry ကလည်းမိမိုက်တာကြောင့် ဒေါသထွက်လိုက် အချိုလေး‌တွေစားရလိုက်နဲ့ကြည့်ရမှာမို့ ကြည့်လိုက်ကြပါဦး....Episodes: 16 Aired: ...
6.9
TMDb: 6.9/10 26 votes
tv

Come and Hug Me(2018)

2018
RIPLEY (2024) 8.1
RIPLEY (2024)  ရှားလော့ဟုမ်းထဲက ဗီလိန်ကြီး မိုရီရာတီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Andrew Scott ရဲ့ ဇာတ်လမ်းတွဲအသစ်ပါ ဒီကားမှာလည်း သူ့ကို အဓိကဇာတ်လိုက်တစ်ဖြစ်လဲ ဗီလိန်တစ်ယောက်အဖြစ် တွေ့ရမှာဖြစ်ပြီး rating လည်း 8.1 ထိရထားလို့ အတော်လေးကောင်းတဲ့ ရှားရှားပါးပါး Neo-Noir ဇာတ်လမ်းတွဲဖြစ်ပါတယ်...အမေရိကန်နယူးယောက်ကနေ စွန့်ခွာပြီး အီတလီမှာ ဇာတ်မြှုပ်နေထိုင် ပန်းချီဆွဲနေတဲ့ ဒစ်ကီဂရင်းလိစ်ကို သူ့မိဘတွေက လွမ်းလာတဲ့အတွက် အိမ်ပြန်လာဖို့ လူတစ်ယောက် စေလွှတ်ပြီး စည်းရုံးခိုင်းလိုက်ပါတယ်သူကတော့ တစ်ခြားမဟုတ်ဘဲဗီလိန် တွန်ရစ်ပလီဆိုသူပါ...ရစ်ပလီက နယူးယောက်မှာ သာမန်စာရင်းကိုင်ဆိုပေမယ့် သမာအာဇီဝနဲ့လုပ်စားနေသူတော့ မဟုတ်ပါဘူး..သူ့ကိုမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့ မစ္စတာဂရင်းလိစ်ဟာ သားဖြစ်သူကို ခေါ်ဖို့ အီတလီကို လွှတ်လိုက်ပါတယ်....ဒါပေမယ့် ရစ်ပလီဟာ အစကတော့ ခိုင်းတဲ့အတိုင်းအခကြွေးငွေယူပြီး ဒစ်ကီကို နယူးယောက်ပြန်ခေါ်ဖို့လုပ်ပေမယ့်...ဂရင်းလိစ်တို့ မိသားစုရဲ့ စည်းစိမ်ကို မြင်သွားတာကြောင့် ဒစ်ကီ ဂရင်းလိစ်ကို သွေးအေးအေးနဲ့ နှိပ်စက်ပါတော့တယ်..... ကာရိုက်တာ ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်ရှိန်ကို အမြင့်ကြီး ...
8.1
TMDb: 8.1/10 55 votes
tv

RIPLEY (2024)

2024

Genres

Archives