Channel Myanmar

New releases (2024)

Content at random


Movies

SEE ALL
End of the World ( 2018 ) 5.7
End of the World ( 2018 ) ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီးတော့ Auroras ဥတ္တရအလင်းတန်းတွေကို ဝင်ရိုးစွန်းဒေသတွေတင်မှာမကဘူး ဥရောပအလယ်ပိုင်း အမေရိကန်နိုင်ငံအလယ်ပိုင်းဒေသနဲ့ ဩစတေးလျတိုက်နဲ့ နယူးဇီလန်တို့မှာပါမြင်ရလာတဲ့ Trendလေးအမီ (၂၀၁၈)ကထွက်ထားတဲ့ဒီကားလေးကိုတင်ပေးလိုက်ပါတယ်။ဒီ Auroras တွေဟာ နေပေါ်မှာဖြစ်ပေါ်တဲ့ အလွန်ပြင်းထန်တဲ့မုန်တိုင်းကြောင့်ဖြစ်လာတာဖြစ်တယ်။ ယခု (၂၀၂၄)ခုနှစ်ဟာ နှစ်(၂၀)အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်း ကမ္ဘာကိုရိုက်ခတ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေမုန်တိုင်းပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ Corona Mass Ejection (CME)ရဲ့အားဟာအရမ်းပြင်းတဲ့အခါ ကမ္ဘာလေထုကိုပါသက်ရောက်သွားပြီး ရာသီဥတုတွေဖောက်ပြန်ကာ သဘာဝကပ်ဘေးတွေကျရောက်လာတဲ့အကြောင်းကိုရိုက်ထားတာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်အမေနဲ့ စစ်တပ်ထွက်အဖေတို့ဟာ သားနဲ့သမီးကို သဘာဝကပ်ဘေးကနေအစွမ်းကုန်ကြိုးစားပြီး သူရဲကောင်းဆန်ဆန်ကာကွယ်သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Low Budget ကားဖြစ်လို့Effectတွေသိပ်မကောင်းလှပေမယ့် solar flares တွေ solar storms တွေအကြောင်း ဗဟုသုတတွေရပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Science Fiction Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by ...
movie

End of the World ( 2018 )

The Theory of Everything (2014) 7.7
The Theory of Everything (2014) The Theory of Everything (2014) Imdb - 7.7 / Rotten Tomatoes 80%ဒီဘက်​ခေတ်​ရဲ့ အကြီး​ကျယ်​အခမ်းနားဆုံး သိပ္ပံပညာ​ရှင်တွေထဲကတစ်ဦးအဖြစ် လူသိများကြတဲ့ သီအိုရီရူပဗေဒပညာရှင် Stephen​ Hawking ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ Hawking ရဲ့ တက္ကသိုလ်​ကျောင်းသားဘဝကစလို့ နာမည်​ကျော်​သိပ္ပံပညာ​ရှင်ဖြစ်​လာတဲ့အထိ သူ့ရဲ့​ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Hawking​ အဖြစ်​သရုပ်ဆောင်​ထားတဲ့ Eddie Redmayne က ဒီ​ဇာတ်​ကားနဲ့ပဲ အော်​စကာဆုကိုရရှိခဲ့ပါတယ်။Stephen Hawking​ ရဲ့ Biopic ရုပ်ရှင်​ဖြစ်ပေမဲ့ နားလည်​ဖို့ခက်ခဲလွန်းတဲ့ Black Hole သီအိုရီတွေ Quantum​ တွေကိုအသားပေးထားတာမဟုတ်ဘဲ Hawking နဲ့ ဇနီး​ဖြစ်သူ​ Jane တို့အကြားက ချစ်​ခြင်း​မေတ္တာ​တရားတွေ၊ သံယောဇဉ်​အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ Hawking​ ခံစား​နေရတဲ့ Motor Neuron ရောဂါ​ကို နှစ်​ဦး​သား​အတူရင်ဆိုင်ပြီး ဘဝကို​ရှင်သန်​ရှာဖွေခဲ့ကြပုံကို တင်ဆက်​ထားတဲ့ ကြည်​နူး​ဆွတ်ပျံ့​ဖွယ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင် ...
movie

The Theory of Everything (2014)

2014
Foil (2023) 5.0
Foil (2023)  ကျောင်းသားဟောင်းတွေ့ဆုံပွဲကို မသွားဖို ဆုံးဖြတ်ပြီးကန္တာရထဲက ထူးဆန်းထွေလာအမည်တွင်တဲ့နေရာတစ်ခုဆီကို သွားကြည့်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဖို စွန့်စားခန်းထွက်လာကြတဲ့ရက်စ်နဲ့ ဒက်စ်တာဟာ လမ်းတစ်ဝက်မှာပဲမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ဒီလိုနဲ့ သူတိုဟာ ဂြိုဟ်သားပန်းကန်ပြားပျံက ကျလာတဲ့အရာတစ်ခုလို မှတ်ယူနိုင်တဲ့ ခဲပတ်စက္ကူစကို တွေ့လိုက်တဲ့အခါမှာ သူတိုရဲ့ကြားမှာ ဘယ်လို သဘောထားကွဲလွဲမှုတွေရှိလာမလဲ..စွန့်စားခန်းဟာလည်း ဘယ်လို အလှည့်အပြောင်းရှိလာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…3.35GB/ 866MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Foil (2023)

Irena’s Vow (2023) 6.2
Irena’s Vow (2023)  စစ်ကားကြီးတွေက ပျင်းစရာကောင်းလွန်းလို့မကြည့်ချင်ပါဘူးဆိုတဲ့ သူတွေအတွက် စိတ်ဝင်စားသွားစေရမယ်လို့ အာမခံတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်စဉ်တုန်းက ဂျာမန်ဒရာမာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်စစ်ကားတွေလိုမျိုး စစ်တိုက်နေတာပဲ မဟုတ်ဘဲနဲ့တကယ့် ဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကိုပြန်လည် ရိုက်ကူးထားတဲ့အတွက် ကွဲထွက်နေပြီးကြည့်လို့ကောင်းမှာတော့ အသေအချာပါပဲ။ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေကအပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျူးတွေရဲ့ အမျိုးသမီးသူရဲကောင်းအီရယ်နာဂွတ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ အီရန်နာရဲ့ဇာတ်ကြောင်းဆိုတဲ့အတိုင်း Irena's Vow ဖြစ်ပြီး IMDb Rating 6.2အထိရရှိထားပါတယ်။အီရန်နာရဲ့ ဇာတ်ကြောင်းကိုစပြောရရင်တော့ ၁၉၃၉ ခုနှစ်စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန်နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံးလွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာအတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာကစိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်းအဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်ကသူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီးနိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင်ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကိုအီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကိုသူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ...
movie

Irena’s Vow (2023)

Battle Over Britain (2023)
Battle Over Britain (2023)  ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၀ဂျူလိုင်ကနေအောက်တိုဘာအတွင်းမှာဖြစ်ခဲ့တဲ့ဗြိတိသျှတော်ဝင်လေတပ်တော် (RAF- BritishRoyal Airforce) နဲ့ နာဇီဂျာမနီတို့ရဲ့အင်အားကြီးလေတပ်ကြီး Luftwaffe တို့ကြားက လေကြောင်းတိုက်ပွဲတွေကိုအခြေပြုထားတဲ့စစ်ကားကောင်းတစ်ကောင်းပဲ ဖြစ်ပါတယ်..အဲဒီခေတ်အခါက နာဇီတို့အင်အားကြီးတယ်ဆိုတာကျွန်တော်တို့လို ဒုတိယကမ္ဘာစစ်ပြီးမှမွေးလာတဲ့သူတွေတင်မဟုတ်ပါဘူး အဲဒီတုန်းကရင်ဆိုင်ခဲ့ကြရတဲ့ မဟာမိတ်များကလည်း ဒီနာဇီတွေဟာ သူတို့ထက် လက်နက်အင်အားအဆမတန်သာလွန်တယ် ဥရောပတိုက်တစ်ခုလုံးကိုအမှုန့်ချေနိုင်တဲ့အထိ စစ်အင်အားကြီးမားတာကိုသိကြပါတယ်..လေတပ်မှာလည်းဒီလိုပါပဲ လေးဆတစ်ဆလောက်အင်အားနည်းပါးလှတဲ့ ဗြိတိသျှတော်ဝင်လေတပ်တွေဟာ ဂျာမန်တွေကိုအပြင်းအထန်ခုခံခဲ့ရပါတယ်ဒီနေရာမှာ ဇာတ်လမ်းမကြည့်ခင်သမိုင်းအကျဉ်းပြောပြရရင်ဒီနာဇီတွေရဲ့စစ်ဆင်ရေးဟာ သူတို့ရဲ့ဗြိတိသျှကျွန်းဆွယ်ကိုကျူးကျော်မဲ့ operation Sealion မစခင် အရေးပါတဲ့ဆိပ်ကမ်းတွေ စစ်ရေးပစ်မှတ်တွေ ကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ်နောက်ပိုင်းမှာ နိုင်ငံရေးအဆောက်အအုံတွေ အရပ်သားဧရိယာတွေကိုပါပစ်မှတ်ထားခံလာရပြီး ဗြိတိသျှတော်ဝင်လေတပ်ကိုလည်း လေကြောင်းမှာအသာစီးရဖို့ ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ် ဒီအတွက်ဗြိတိသျှတွေဖက်ကနေSpitfire and Hurricane တို့လိုလေယာဉ်တွေနဲ့အပြင်းအထန်ခုခံခဲ့ပါတယ် (ဒီဇာတ်ကားထဲမှာတော့ Spitfire တွေပဲပါ)ကျန်တဲ့သမိုင်းကိုတော့ spoilဖြစ်မှာစိုးလို့မပြောတော့ပါဘူးထိုစဉ်အချိန်အခါက ပြင်းထန်တဲ့လေကြောင်းတိုက်ပွဲတွေလေသူရဲကောင်းတွေရဲ့ ရင်ဆိုင်ရတဲ့အဖြစ်အပျက်တွေကိုဒီဇာတ်ကားမှာ တဝကြီးကြည့်ရှူခံစားရမှာပါ.... File size…991MB / 464MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. War Subtitle….Myanmar Subtitle (Hard ...
movie

Battle Over Britain (2023)

Frontiers (2023) 5.6
Frontiers (2023)  ကိုယ်ချစ်ရတဲ့လူတွေ လောကကြီးထဲကထွက်ခွာသွားရရင်သူတို့မရှိတော့တာကိုစိတ်ထဲကသိနေပေမဲ့ မသိစိတ်ထဲမှာသူတို့ကိုဆက်ရှိနေစေချင်သေးတဲ့ အခါမှာတော့ ထင်ယောင်ထင်မှားတွေဆိုတာဖြစ်လာတတ်ပါတယ်။အခုတင်ဆက်ပေးမဲ့ IMDb Rating 5.6 ရရှိထားတဲ့Frontiers ဆိုတဲ့ဇာတ်ကားလေးမှာလည်းအဲ့လိုအစွဲအလမ်းကြီးမှုတွေကို ဒရာမာ သည်းထိပ်ရင်ဖိုလေးတွေနဲ့ပေါင်းစပ်ပြီးရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီရန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က စိုက်ပျိုးမွေးမြူရေးခြံကြီးတစ်ခုမှာ သမီးလေးနဲ့အတူ နေထိုင်နေသူဖြစ်ပါတယ်။ဒါပေမယ့် သိပ်မကြာခင်ကပဲ သူမရဲ့အဖေဆုံးပါးသွားတာကြောင့်စိတ်ဒဏ်ရာတွေကို ခံစားနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။အိမ်မှာ တစ်ခါတစ်လေ တကယ်မရှိတဲ့အရာတွေကိုမြင်နေတွေ့နေကြားနေရပြီး အဖေဖြစ်သူပြန်လာတယ်လို့ထင်နေတဲ့အတွက် သူ့ညီမတွေက သူ့ကိုအကူအညီပေးဖို့အတွက် သူတို့ကိုပစ်ပြီးဖလော်ရီဒါကို ထွက်သွားတဲ့အမေဖြစ်သူကို လှမ်းခေါ်လိုက်ကြပါတော့တယ်။ဒီလိုနဲ့ အမေဖြစ်သူရောက်လာပြီး သေတမ်းစာကိစ္စတွေဘာတွေစီစဉ်ပြီးသူတို့နဲ့ ရက်ပိုင်းလောက် အတူတူနေပေးခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီကြားထဲမှာ အမေရိကန်ထောင်ကနေလွတ်မြောက်လာတဲ့ ထောင်သားနှစ်ယောက်ကသူတို့နေထိုင်ရာ ကနေဒါနယ်စပ်ကို ဝင်ရောက်လာတယ်ဆိုတဲ့သတင်းတွေလဲကြားနေရတဲ့အခါမှာ ဒီရန်းတစ်ယောက်ကြုံတွေ့နေရတာတွေက သူ့စိတ်ကူးတွေလား တကယ့်အဖြစ်အပျက်တွေလားဆိုတာကို ကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… 1.19GB / 532MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Frontiers (2023)

(18+) Vampires (1998) 6.1
(18+) Vampires (1998)  ဒါရိုက်တာ John Carpenter ရိုက်ကူးထားတဲ့ 1998 ခုနှစ်ထွက် သွေးစုပ်ဖုတ်ကောင် ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်ဆိုရင် သွေးစုပ်ဖုတ်ကောင်တွေကို ကြက်သွန်ဖြူကြောက်ပြီး လင်းနို့အဖြစ်လည်းပြောင်းနိုင်တဲ့အပြင် လက်ဝါးကပ်တိုင်ကိုကြောက်တဲ့ မကောင်းဆိုးဝါးတွေအဖြစ် ဖန်တီးပုံဖော်ကြပေမဲ့ ဒီရုပ်ရှင်ရဲ့ သွေးစုပ်ဖုတ်ကောင်တွေကတော့ နေရောင်ခြည်နဲ့ သစ်သားချောင်း နှလုံးထဲထိုးစိုက်ခံရမှာကိုပဲ ကြောက်ကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ - ဂျက်ခ် ခရိုး ဦးဆောင်တဲ့ သွေးစုပ်ဖုတ်ကောင်အမဲလိုက်အဖွဲ့ဟာ သွေးစုပ်ဖုတ်ကောင်အသိုက်တစ်ခုကိုဝင်ရှင်းရင်း ကျေးကျွန်တွေအကုန် ရှင်းလိုက်နိုင်ပေမဲ့ သခင်ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ အဲဒီနေ့ ည သူတို့တည်းနေတဲ့ မိုတယ်မှာ အောင်ပွဲခံနေတုန်းမှာပဲ သူတို့ရှာမတွေ့ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် သခင်တိုက်ခိုက်တာခံလိုက်ရလို့ တစ်ဖွဲ့လုံးအသတ်ခံလိုက်ရပြီး ဂျက်ခ်နဲ့ သူ့ရဲ့တွဲဖက် မွန်တိုယာပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဂျက်ခ်လည်း သူနဲ့တွေ့ဖို့ ဗာတီကန်ကနေ လွှတ်လိုက်တဲ့ ကာဒီနယ် အယ်ဘာနဲ့တွေ့ပြီး သူ့အဖွဲ့တစ်ဖွဲ့လုံးကို သတ်သွားတဲ့ သွေးစုပ်ဖုတ်ကောင်က ယန် ဗဲလက်ခ်လို့ခေါ်တဲ့အပြင် ပထမဆုံးသွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကိုပါ သိလိုက်ရတဲ့အခါမှာတော့ ဒီ‌ဗဲလက်ခ်ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်သခင်က ဘာလို့ဒီလောက် စွမ်းအားကြီးနေရတာလဲ၊ သူ့ရဲ့ရည်ရွယ်ချက်အစစ်ကတော့ ...
movie

(18+) Vampires (1998)

The Ruins (2008) 5.9
The Ruins (2008)  ၂၀၀၈ ခုနှစ်ကထွက်ရှိထားတဲ့ Thriller ရုပ်ရှင်ကားတစ်ကားပါ။ အမေရိကန် Thriller တွေရဲ့ Logic အတိုင်းပဲ မသွားသင့်တဲ့နေရာကိုသွားမိလို့၊ မစပ်စုသင့်တဲ့အရာတွေကိုစပ်စုမိလို့ ဒုက္ခနဲ့ လှလှတွေ့ကြတဲ့ အမေရိကန် ခရီးသွား သူငယ်ချင်း အုပ်စုတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပျောက်ဆုံးပျောက်ကွယ်သွားတဲ့ မာယာလူမျိုးတွေရဲ့ ကျောင်းဆောင်ဟောင်းကြီးတွေကို ကျောထောက်နောက်ခံထားပြီးရိုက်ကူးထားတာဖြစ်လို့ ရှေးဟောင်း မာမီဆန်ဆန် ရုပ်ရှင်မျိုးကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာ အပျင်းပြေမှာစေမှာပါ။အေမီတို့ သူငယ်ချင်းအုပ်စုဟာ မက္ကဆီကိုကို အပန်းဖြေလာရင်း မက်သီးယပ်စ်ဆိုတဲ့ ဂျာမနီလူမျိုးတစ်ယောက်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ မက်သီးယပ်စ်က သူ့ရဲ့အစ်ကိုဖြစ်သူကိုရှာဖို့ မာယာလူမျိုးတွေရဲ့​ ရှေးဟောင်းကျောင်းဆောင်ကိုသွားရှာဖို့ပြောရင်း တောကြီးမျက်မဲထဲက ကျောင်းဆောင်ပျက်ကြီးဆီကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ ရိုးရာမပျက် မသွားသင့်တဲ့ နေရာဆို သွားရမှကျေနပ်တဲ့ လူငယ်တစ်အုပ်စု ဘယ်လိုမျိုးဒုက္ခတွေ၊ ကြောက်မက်ဖွယ်ရာကိစ္စတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲ? ကျောင်းဆောင်ထဲမှာ ဘယ်လိုအရာတွေက သူ့တို့ကို စောင့်ကြိုနေမလဲ? ဒီလိုဒုက္ခတွေကနေ ဘယ်လိုကြံစည်လွတ်မြောက်လာကြမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦးခင်ဗျာသွေးထွက်သံယိုမြင်ကွင်းတွေပါတဲ့အတွက် ကြောက်တတ်သူများနဲ့ ရောဂါအခံရှိသူများ မကြည့်ကြဖို့ သတိပေးပန်ကြားအပ်ပါတယ်ခင်ဗျာ File ...
movie

The Ruins (2008)

[21+] Innocent New Female Employee-Kokoro Asano (SSIS-992-Decensored)
[21+] Innocent New Female Employee-Kokoro Asano (SSIS-992-Decensored) Kokoro Asano ဆိုတဲ့ JAV မင်းသမီးလေးကတော့ ဒီလောကနဲ့မလိုက်ဖက်အောင် လှပပျိုမြစ်သူဖြစ်ပါတယ်။ဝိုင်းစက်တဲ့မျက်ဝန်းနဲ့မျက်နှာကျလေးတွေက မြင်သူရင်အေးစရာလေးပါ။SSIS-992-Decensored  ဒီဇာတ်လမ်းကတော့ JAV တွေမှာမြင်နေကျ ဘောစ့်နဲ့ဝန်ထမ်းကောင်မလေး ဇာတ်လမ်းမျိုးဖြစ်ပြီးDecensored Version နဲ့မလို့ Kokoro Asano ပရိတ်သတ်တွေကျေနပ်ကြမှာပါ။JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။File Size : (2.5 GB) & (1.1 GB) Quality : HD-Rip Decensored 1080p & 720p Running Time : 02:00:18 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Eren Encoded ...
movie

[21+] Innocent New Female Employee-Kokoro Asano (SSIS-992-Decensored)

The Professional Bridesmaid (2023) 6.2
The Professional Bridesmaid (2023)  2023 မှာထွက်ရှိခဲ့တဲ့ The Professional Bridesmaid ဆိုတဲ့Romance/Comedyဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။မက်ဂီဟာ ပရော်ဖက်ရှင်နယ် သတို့သမီးအရံဆိုတဲ့ လက်ထပ်မင်္ဂလာပွဲတွေမှာ သတို့သမီးဖြစ်သူစိတ်ဖိစီးမှုမရှိအောင် သူငယ်ချင်းအနေနဲ့ရော သတို့သမီးအရံတစ်ယောက်အနေနဲ့ပါ အစစအရာရာလိုက်ဖြည့်စည်းပေးရတဲ့အလုပ်လုပ်ကိုင်သူပါ။ တစ်နေ့တော့ မီဒီယာအာရုံစိုက်မှုများတဲ့ မြို့တော်ဝန်သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကို ကိုင်တွယ်ရပါတော့တယ်။မြို့တော်ဝန်ဖြစ်သူကလည်း ဘာအလွဲအချော်မှမဖြစ်ဖို့အတန်တန်မှာထားပြီး ပွဲမှာ ရင်းနှီးသွားတဲ့ သတင်းထောက်လူချောလေးဟင်နရီပေါ် ခံစားချက်တွေရှိလာတဲ့အခါ လက်ထပ်ပွဲကအလွဲတွေတစ်ဖက် သူ့ရဲ့အကြောင်းစုံကိုဟင်နရီသိမှာစိုးရတာတစ်ကြောင်းနဲ့ မက်ဂီတစ်ယောက်ဘယ်လိုရုန်းကန်ရမလဲဆိုတာ ရယ်စရာအလွဲလေးတွေနဲ့ ရှုစားလိုက်ကြပါဦး File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

The Professional Bridesmaid (2023)

A Picture of Her (2023) 6.7
A Picture of Her (2023)  ဝါရှင်တန်က အဖေ့ရဲ့ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်တဲ့ ဘတ်သ် ဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာတော့ အယ်လ်အေမြို့က သူ့ရဲ့အဒေါ် ခြေထောက်ကျိုးသွားတာကြောင့် အဒေါ်ကို ပြုစုပေးဖို့အတွက် မြို့ပေါ်ကိုတက်လာခဲ့ပါတယ်။အယ်လ်အေမြို့က လယ်သမားဈေး တစ်ခုမှာ လျှောက်ကြည့်နေတုန်း ဘတ်သ်ကို ဂျိတ်ဆိုတဲ့ ဓါတ်ပုံဆရာတစ်ယောက်က တွေ့သွားပြီး ဓါတ်ပုံလှမ်းရိုက်ခဲ့ပါတယ်။ အဲ့ဒီရိုက်လိုက်တဲ့ ဓါတ်ပုံဟာ မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါဖို့ရွေးချယ် ခံလိုက်ရပြီးမှာတော့ ဘတ်သ်ဟာ လူအများကြားမှာ နာမည်ကြီးလာခဲ့ပါတယ်။ဒီနောက်မှာတော့ ဘတ်သ်ဟာ သူ့ရဲ့ဓါတ်ပုံကို အခွင့်မရပဲ ရိုက်လိုက်တဲ့ ဓာတ်ပုံဆရာရဲ့ သရုပ်မှန်ကို လိုက်လံရှာဖွေပါတော့တယ်။ ဒီလိုရှာဖွေနေချိန်အတွင်းမှာ ဘတ်သ်နဲ့ ဂျိတ် တို့ရဲ့ အချစ်ဇာတ်လမ်းလေး ပေါက်ဖွား လာတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(855 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

A Picture of Her (2023)

Vidya Vasula Aham (2024)
Vidya Vasula Aham (2024) Vidhya Vasula Aham 2024 (အိမ်ထောင်ရေးဇာတ်လမ်းလေးတစ်ပုဒ်)ဘဝဆိုတာရှိလာခဲ့ရင် အိမ်ထောင်ပြုတယ်ဆိုတာကလည်း ပါဝင်နေတယ်မလား။ အိမ်ထောင်ပြုရာမှာလည်း ချစ်လို့ကြိုက်လို့ အိမ်ထောင်ပြုလိုက်တာနဲ့ မိဘကပေးစားလို့ အိမ်ထောင်ပြုလိုက်ရတာဆိုပြီး ကွဲပြားပါသေးတယ်။ဒီဇာတ်လမ်းမှာတော့ အိမ်ထောင်မပြုချင်တဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မိဘတွေက အိမ်ထောင်ပြုဖို့ နားပူနားဆာလုပ်လွန်းလို့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ရာကနေ ချစ်မိသွားကြတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။အိမ်ထောင်ရေးကို စိတ်မဝင်စားလို့ အေးရာအေးကြောင်းနေနေတဲ့ ဗာဆူဆိုတဲ့ကောင်လေးနဲ့ ဗီဒယာဆိုတဲ့ ကောင်မလေးတို့ဟာ မိဘတွေရဲ့ ဇွတ်အတင်းတိုက်တွန်းမှုကြောင့် အိမ်ထောင်ပြုဖို့အတွက် ဖြစ်လာပါတော့တယ်။ မယ်သီတာဟာ အိမ်ထောင်ဖက်ရှာဖို့အတွက် လေးတင်ရွေးချယ်သလိုမျိုးပဲ ဗီဒယာဆိုတဲ့ကောင်မလေးဟာလည်း အိမ်ထောင်ဖက်ကို သေချာရွေးချယ်ဖို့ ဖောင်ဖြည့်ခိုင်းပြီး ရွေးချယ်ပါတော့တယ်။ဒီလိုနဲ့ သူလိုချင်တဲ့အချက်နဲ့ကိုက်ညီတဲ့ ဗာဆူ့ကို ရွေးချယ်လိုက်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ စတင်လို့လာခဲ့ပါတယ်။ သို့ပေမယ့်လည်း အတ္တတွေကို ရှေ့တန်းတင်နေကြတဲ့ သူတို့နှစ်ယောက်ဟာ ရှေ့ဆက်ပြီးတော့ ဖြစ်နိုင်ပါ့မလား ..... သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘယ်လို တည်မြဲအောင် ညှိနှိုင်းကြမလဲ ......သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုတွေရိုဆန်ပြီးတော့ ဘယ်လိုတွေ ချစ်စရာကောင်းနေမလဲ ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~KKKZ တို့ပဲဖြစ်ပါတယ်) File size… 1.73GB  / ...
movie

Vidya Vasula Aham (2024)

Thelma the Unicorn (2024) 6.2
Thelma the Unicorn (2024)  Thelma The Unicorn ဇာတ်ကားဟာ Netflix ရဲ့2024 နောက်ဆုံးထွက် musical animationဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်အဓိက character ဖြစ်တဲ့ မြင်းမလေး Thelma ကိုအသံသရုပ်ဆောင်ပေးထားတာကတော့ ဂရမ်မီဆုတွေရထားတဲ့ Brittany Howard ဖြစ်လို့ သီချင်းတွေမကောင်းမှာကို လုံးဝစိတ်ပူစရာ မလိုပါဘူး။ ဇာတ်လမ်းလေးကတော့နာမည်ကျော်အဆိုတော် ဖြစ်ချင်တဲ့ မြင်းပုမလေးThelma ဟု သူ့ရဲ့အပေါ်ယံရုပ်ရည်ကြောင့် အိပ်မက်တွေလက်တွေ့ဖြစ်ဖို့ အလှမ်းဝေးနေပါတယ်။ အဲဒီချိန်မှာမတော်တဆမှုတစ်ခုကြောင့် မြင်းပုလေးကနေunicorn အဖြစ် ပြောင်းသွားချိန်မှာ အောင်မြင်မှုတွေကပိုနီးလာမလား ပိုဝေးသွားမလား သူ့ရဲ့မိတ်ဆွေစစ်မိတ်ဆွေတုတွေကရော သူ့ကို ဘယ်လိုဆက်ဆံကြမှာလဲစတဲ့ ဇာတ်လမ်းလေးကို အကောင်းဆုံး သီချင်းတွေနဲ့ထိုင်ရာမှ မကြွ အစအဆုံးကြည့်နိုင်အောင် ဆွဲဆောင်နိုင်မဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်.... File size… 2.47GB / 1.16GB Quality…NF WEB-DL1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle ...
movie

Thelma the Unicorn (2024)

Bastar: The Naxal Story (2024) 6
Bastar: The Naxal Story (2024) Bastar: The Naxal Story 2024 "ရဲရင့်စစ်သည်တော်" IMDb - 6.4/10မင်းသမီးချော အက်ဒါးရှာမာ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆတ္တိံသဂြဟပြည်နယ် ဘက်စတာဒေသမှာရှိတဲ့ မော်ဝါဒီနာဇယ်သူပုန်တွေရဲ့ သောင်းကြမ်းမှုတွေကို အခြေခံပြီးရိုက်ကူးထားခြင်းပဲ ဖြစ်ပါတယ်။နီးရ်ဂျာဆိုတာ ဘက်စတာမှာရှိတဲ့ နာဇယ်အမည်ခံသောင်းကြမ်းသူတွေကို ရှင်းလင်းဖို့တာဝန်ကျနေတဲ့ စစ်သည်တစ်ဦး။ သူ့လုပ်ရပ်နဲ့ ရပ်တည်ချက်တွေကြောင် ဘက်စတာကပြည်သူတွေ သဲသဲလှုပ်ချစ်တာခံရပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအလှည့်အပြောင်းတွေကြောင့် ဘက်စတာမှာရှိတဲ့ပြည်သူတွေကို ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်နေတဲ့ နာဇယ်တွေကိုခြေမှုန်းနေတဲ့ နီးရ်ဂျာတစ်ယောက် တရားစွဲခံရပါတယ်။တိုက်ပွဲမှာဒဏ်ရာရခဲ့တဲ့ နီးရ်ဂျာ သူ့တပ်ဖွဲ့တွေကိုဘယ်လိုစီမံပြီး မခံချင်စိတ်နဲ့ နာဇယ်တွေကိုပြန်တွန်းလှန်နေတဲ့ လူတွေ ဘယ်လိုအောင်နိုင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.4GB/ 1.26GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bastar: The Naxal Story (2024)

2024
Hot Spot (2024) 7
Hot Spot (2024) Hot spot 2024 ကြုံရဆုံရလူ့ဘဝဒီနေ့မှာတော့ ထူးထူးခြားခြား underrated ဖြစ်နေတဲ့ လူကြီးတွေကြည့်သင့်တဲ့ Adult comedy dramaလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီဗျ။adult ဆိုလို့ ညစ်ညစ်ညမ်းညမ်းပြောတာတွေ အိပ်ရာခန်းတွေများနေတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့ လူမှုဘဝမှာ ‌ဖြစ်နေကြအစဉ်အလာလိုဖြစ်နေပေမဲ့ normalizeမဖြစ်သင့်တဲ့အရာတွေကို မတူညီတဲ့ ဇာတ်လမ်း 4 ပုဒ်နဲ့ တင်ဆက်သွားမှာဆိုတော့ ပညာပေးတစ်ဖြစ်လည်း အမှန်အမှားကို ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။Anthology movie လေးဖြစ်တာမလို့ ဇာတ်လမ်းတစ်ခုကို မိနစ် 30 ဝန်းကျင်နဲ့ ဆက်စပ်မှုမရှိတဲ့ ဇာတ်လမ်းလေးခု၊ ဇာတ်လမ်းတစ်ခုစီမှာ လူ့ဘောင်အဖွဲ့အစည်းရဲ့ မတူညီတဲ့ပြဿနာတစ်ခုစီ မြင်ရမှာပါ။ ဆိုတော့ ဇာတ်လမ်းလေးကိုဆက်ကြပါစို့။ပထမဆုံးဇာတ်လမ်းမှာတော့ အိမ်ထောင်ရေးတိုင်းမှာ မပါမဖြစ် ယောက္ခမ ချွေးမပြဿနာပေါ့။ ဗီဂျေးကတော့ ချစ်ရသူဒန်ယာနဲ့လက်ထပ်ရင် ချွေးမကို ယောက္ခမကနှိမ်တာ ဖိနှိပ်တာတွေကို တွန်းလှန်မယ်လို့ ကြွေးကြော်ထားလေရဲ့။ အချစ်က ရက် 60 တဏှာက ရက် 30 အိမ်မှုကိစ္စကတော့ တစ်သက်လုံးဆိုတာကို အိမ်ထောင်ရှင်ထီးလေး ဗီဂျေး ဘယ်လိုရင်ဆိုင်မလဲ။ဒုတိယဇာတ်လမ်းမှာတော့ အချစ်ဟာမျက်စိမပါဘူးဆိုပေမဲ့ သွေးသားတော်စပ်နေတဲ့မောင်နှမမှန်းမသိ ...
movie

Hot Spot (2024)

2024
Kade Dade Diyan Kade Pote Diyan (2024) 6
Kade Dade Diyan Kade Pote Diyan (2024) ဒီဇာတ်ကားကတော့ IMDbမှာ rating 6.1 အထိ ရရှိထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊ ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကို သဘောမတူချင်ဘူးတဲ့။အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာ အဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။ အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကို ပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းက ဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။ ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။ ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ ...
movie

Kade Dade Diyan Kade Pote Diyan (2024)

2024
Threads (1984) 8.0
Threads (1984)  ဒီတစ်ခေါက်ကတော့ IMDb 8/10 ရရှိထားပြီး Rotten tomatoes မှာ 100%ထိရရှိထားတဲ့ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက စစ်ပွဲကာလအတွင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ နျူကလိယစစ်ပွဲအကြောင်းနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအပြင် စစ်အတွင်း စီမံအုပ်ချုပ်ပုံတွေ လူ့သဘာဝတွေကိုပါ ရိုက်ကူး တင်ဆက်ပေးထားတာပါရုသ်နဲ့ ဂျင်မီတို့ဟာ သမီးရည်းစားတွေဖြစ်ပြီး ခြေလွန်လက်လွန်ဖြစ်ကာ ရုသ်တစ်ယောက် ကိုယ်ဝန်ရသွားပါတော့တယ်။ ဒီလိုနဲ့ ဂျင်မီနဲ့ ရုသ်တို့ လက်ထပ်ဖို့ အကြောင်းဖန်လာပေမဲ့ အချိန်ကာလအားဖြင့် စီးပွားရေးကျဆင်းမှုဖြစ်ပေါ်နေပြီး အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်ရေးဟာလည်း တင်းမာနေချိန်ဖြစ်ပါတယ်။ ရုသ်နဲ့ ဂျင်မီတို့ အတူတူနေထိုင်နိုင်ရန် ကြိုးစားနေကြချိန် သူတို့မြို့လေးရဲ့ မိုင် ၂၀အကွာ နေတိုး အခြေစိုက်စခန်းဟာ နျူကလိယနဲ့ တိုက်ခိုက်ခြင်းခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားချိန် သူတို့စုံတွဲလည်းကွဲကွာသွားကြပါတော့တယ်။စစ်ပွဲအတွင်း ပြည်သူတွေရဲ့ အခက်အခဲတွေ ရှင်သန်နိုင်အောင်ရုန်းကန်ကြပုံတွေ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲပုံတွေအပြင် နျူကလိယရဲ့ ကြောက်မက်ဖွယ် အဖျက်စွမ်းအား ...
movie

Threads (1984)

Time Addicts (2023) 5.3
Time Addicts (2023)  ဒီဇာတ်လမ်းလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါဒနိစ့်ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ကောင်လေးတို့က သူငယ်ချင်းတွေဖြစ်ပြီး ခိုးဆိုးလုနှိုက်နဲ့ မူယစ်ဆေးကိစ္စပါမကင်းတဲ့ လူငယ်တွေပါ တနေ့မှာသုံးစရာဆေးမရှိတော့လို့ ကိန်းဆိုတဲ့လူဆီဆေးသွားဝယ်ရာကနေ ပေးစရာပိုက်ဆံမရှိလို့အပေးအယူအ‌နေနဲ့ ခိုးမှုတစ်ခုလုပ်ခဲ့ကြပါတယ်အဲဒီလိုနဲ့သူတို့သွားခိုးခဲ့တာက ဘယ်သူမှနားမလည်နိုင်မဲ့ဆေးတွေဖြစ်နေပြီး သုံးလိုက်တာနဲ့ အတိတ်နဲ့အနာဂတ်ကို ကျော်လွှားလို့ရနေတာမျိုးဆိုတော့ သူတို့တွေဘာတွေဆက်လုပ်ကြမလဲ အတိတ်နဲ့အနာဂတ်ကိုရောက်သွားကြရင်ဘယ်လိုအရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်ရမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M Minhtike
movie

Time Addicts (2023)

Hanky Panky (2023)
Hanky Panky (2023)  Hanky Panky ဆိုတဲ့ဇာတ်ကားဟာ 2023 ခုနှစ်မှာထွက်ရှိခဲ့တဲ့ American comedy horror ရုပ်ရှင်ဖြစ်ပါတယ်။ဆမ်ဆိုတဲ့သူဟာ နှင်းတောင်ကြားမှာရှိတဲ့ သစ်လုံးအိမ်လေးဆီကိုအားလပ်ရက်မှာအပန်းဖြေခရီးလာဖို့ စာပို့အဖိတ်ခံရလို့သွားဖြစ်ခဲ့ပါတယ်။မသိတဲ့လူတွေနဲ့အားလပ်ရက်မှာအတူနေရင်း ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့မကောင်းဆိုးဝါးနဲ့ကြုံလာရတော့ ဆမ်နဲ့သူ့ရဲ့စကားပြောတဲ့လက်ကိုင်ပဝါလေးအပါအဝင် တခြားသူတွေဟာသစ်လုံးအိမ်ကနေအသတ်မခံရဖို့ထွက်ပြေးရင်း မကောင်းဆိုးဝါးကောင်ကိုဘယ်လိုနှိမ်နင်းကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။ File size…(1.8 GB)/(950 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

Hanky Panky (2023)

Migrant Harvester ( 2024 ) 5.8
Migrant Harvester ( 2024 ) စစ်ပြီးခေတ် အုပ်ချုပ်ရေးမတည်ငြိမ်တဲ့အချိန်မှာ မသမာသူတွေကအင်အားကြီးပြီး ပြည်သူတွေကို ဂုတ်သွေးစုပ် ကြီးစိုးနေကြတယ်။ ပြည်သူတွေစည်းလုံးပြီး ဒီလူဆိုးတွေကိုပြန်တော်လှန်ဖို့လိုအပ်နေတဲ့အချိန်မှာ ရာသီကောက်ရိတ်သမားတစ်ယောက်ရောက်လာခဲ့တယ်။မတရားအနိုင်ကျင့်ခံနေရတဲ့ စားသောက်ဆိုင်ပိုင်ရှင်တို့သားအဖကို ကယ်တင်လိုက်ရာကနေပြီးတော့ ချန်ကျိုးကပြည်သူတွေအတွက် ဒီလူဆိုးအင်အားစုကိုတော်လှန်ဖို့ မျှော်လင့်ချက်တစ်ခုဖြစ်လာခဲ့တယ်။ ပြည်သူတွေကကောက်ရိတ်သမားနဲ့အတူ ဘယ်လိုတော်လှန်ကြမလဲဆိုတာ ဟာသလေးနှောပြီးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 2h 3 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Migrant Harvester ( 2024 )

Men In love
Men In love Hu Yi Tian နဲ့ Liang Jie ရဲ့ လူငယ်အချစ်ဇာတ်လမ်းလေးလာပါပြီ။ စည်းကမ်းကြီးပြီး ဝီရိယရှိပြီးကြိုးစားတဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်တဲ့ ယဲ့ဟန်ဟာ ချစ်စရာကောင်းပြီးကပျက်ကချော်နိုင်တဲ့အားကစားဆရာမလေးလီရှောင်းရှောင်းကို တိုက်တိုက်ဆိုင်ဆိုင် အခက်အခဲတွေကနေကူညီပေးမိတယ်။ အတိတ်ကအဖြစ်အပျက်တွေကြောင့် အချစ်ဆိုတဲ့အဆင့်ထိသွားဖိုခက်ခဲနေကြတယ်။ စိတ်အားထက်သန်ပြီးတော့တည့်တိုးဆန်တဲ့ မဂ္ဂဇင်းထုတ်ဝေသူ ရွှကျားချန်ဟာ အရင်တုန်းကလက်တွဲလုပ်ဖူးတဲ့ မော်ဒယ်ထုံယီဝမ်နဲ့ပြန်ဆုံခဲ့တယ်။သူတိုနှစ်ယောက်ဟာ အချစ်ရေးနဲ့အလုပ်အကိုင်ကို မျှတနိုင်ဖိုကြိုးစားနေကြတယ်။ သူတို(၄)ယောက်ရဲ့ပတ်သက်မှုက ရှောင်းရှောင်းကကျားချန်ကိုတိတ်တခိုးချစ်နေမိတဲ့အတွက် ရှုပ်ထွေးလာပြီးစစ်သပ်မှုတွေနဲ့ပြည့်လာခဲ့တယ်။ ယဲ့ဟန်ဟာရှောင်းရှောင်းအားငယ်နေချိန်မှာ အမြဲစောင့်ရှောက်ပေးခဲ့တော့နောက်ဆုံးမှာ ရှောင်းရှောင်းကယဲ့ဟန်ရဲ့အချစ်ဒဏ်ရာတွေပျောက်သွားအောင်လုပ်ပေးနိုင်သွားပါတယ်။ အဲဒီအချိန်မှာပဲ ကျားချန်နဲ့ယီဝမ်ကစမ်းစစ်မှုတွေကိုကျော်ဖြတ်နိုင်သွားခဲ့တယ်။ လူငယ်စုံတွေလေးတွေကြုံတွေ့တတ်တဲ့အခက်အခဲတွေနဲ့ အချစ်အကြောင်းကိုဖော်ကျူးထားတဲ့ ဒရာမာလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ ...

Men In love

2024
The Cleaning Lady (2021)
The Cleaning Lady (2021) "ဒီသွေးတွေကို ဘလိချ် နဲ့ ရေနွေးနဲ့ဆေးလိုက်ရင်ပြီးတာပဲ" "မဟုတ်ဘူး ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ရေအေးနဲ့ ဆေးရတယ်၊ အပူကြောင့် သွေးက ပိုစွန်းသွားတတ်တယ်" လူသတ်မှုမှာ မျက်မြင်သက်သေဖြစ်နေလို့ အသတ်ခံရတော့မယ့်အချိန်မှာ ဒီစကားတစ်ခွန်းနဲ့ သိုနီရဲ့ ဘဝ ပြောင်းလဲသွားပါတော့တယ်။John Wick တို့ဘာတို့လို ရုပ်ရှင်ထဲမှာ လူတွေ သတ်ချင်တိုင်းသတ်ပြီးရင် လာရှင်းလင်းတဲ့အဖွဲ့တွေ ရှိကြတာကို မြင်ဖူးမှာပေါ့။ အဲဒီလို သန့်ရှင်းရေးသမားအကြောင်း စီးရီးရိုက်ထားတယ်ဆိုရင်ရော ဘယ်လိုနေမလဲ။ ၁၀ ပိုင်းအထိ အပတ်စဉ် ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကလည်း စီးရီး နာမည်အတိုင်း သန့်ရှင်းရေးအမျိုးသမီးပါပဲ။ သရုပ်ဆောင်ထားတာကတော့ Daredevil စီးရီးတွေထဲမှာ ကြမ်းပြခဲ့တဲ့ အလက်ထရာ မင်းသမီး အယ်လိုဒီယန်းပါပဲ။ ဒီဇာတ်လမ်းမှာတော့ သူဟာ အမေရိကန်မှာ တရားမဝင် နေထိုင်ပြီး သန့်ရှင်းရေးသမ လုပ်နေတာပေါ့။ တကယ်တော့သူက မနီလာ၊ ဖိလစ်ပိုင်က ဆရာဝန်တစ်ယောက်ပါ။ သူ့ရဲ့သားလေးမှာ ရှားပါးတဲ့ ကိုယ်ခံအားကျဆင်းရောဂါဖြစ်နေလို့ ...

The Cleaning Lady (2021)

2022
Miss Scarlet and the Duke (2020)
Miss Scarlet and the Duke (2020) ဒီ တစ်ခါတော့ ပရိသတ်ကြီးကို ဟိုးအရင်ခေတ်က အင်္ဂလန်လိုနိုင်ငံမှာ‌တောင် အမျိုးသားနဲ့ အမျိုးသမီးကို တန်းတူအခွင့်အရေးမပေးတဲ့ အကြောင်းလေးရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ် စုံထောက်ဇာတ်လမ်းရယ် သူများနဲ့မတူဘဲ ဖောက်ထွက်တတ်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းရယ်ကို ရိုက်ပြထားလို့ ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်း စကားလက်ဆိုတာကတော့ ပင်စင်စားရဲအရာရှိကြီးတစ်ယောက်ရဲ့ သမီးလေးပါပဲ သူ့အဖေကတော့ ပင်စင်ယူပြီးတဲ့ အချိန်မှာ အလွတ်စုံထောက်တစ်ယောက်လုပ်နေခဲ့တာပေါ့လေ ဒါပေမဲ့လည်း သူ့မိန်းမကသေသွားတာရယ် သမီးလေးကိုတစ်ယောက်တည်းထိန်းကျောင်းနေရတာရယ်ကြောင့် အရက်တွေအလွန်အကျွံသောက်ပြီး အကြွေးပါတင်နေတာပေါ့ အဲဒီခေတ်က အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးမပေးခဲ့တော့ သူ့သမီး စကားလက် ရဲ့ စုံထောက်အရမ်းဖြစ်ချင်နေတဲ့ ဆန္ဒကိုခွင့်မပြုခဲ့ဘူးပေါ့လေ ဒါပေမဲ့လည်း စကားလက် က သူ့နည်းသူ့ဟန်နဲ့ သူ စုံထောက်ဖြစ်နိုင်တယ်ဆိုတာ သူ့အဖေကို သက်သေပြဖို့ကြိုးစားနေတာပါ အဲဒီလိုနဲ့ မထင်မှတ်ဘဲ သူ့အဖေက ဆုံးသွားတဲ့အချိန်မှာတော့ အကြွေးတွေနဲ့ ကျန်ခဲ့တဲ့ စကားလက် က ဘယ်လိုဖြေရှင်းမလဲ အမျိုးသမီးတွေကို အထင်အမြင်သေးနေတဲ့ ခေတ်ကြီးမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်မလဲ သူ့အဖေဆီကနေရော ...

Miss Scarlet and the Duke (2020)

Elsbeth (2024) 9.2
Elsbeth (2024) Elsbeth (2024)အရင်လကုန်ပိုင်းကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ စီးရီးလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်လိုက်ပါပြီ။ တစ်ပတ်တစ်ပိုင်းထွက်မှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦး။ဇာတ်လမ်းအညွှန်းချီကာဂိုမြို့မှာ နှစ်၃၀ကြာ ရှေ့နေလုပ်ခဲ့တဲ့ Elsbeth တစ်ယောက် နယူးရော့ခ်မြို့ဆီ တာဝန်ကျလာပါတယ်။ အခုအလုပ်ကတော့ အမှုတစ်ခုကို ရဲတွေစစ်ဆေးတဲ့အချိန်မှာ သူက ဘေးကစောင့်ကြည့်ဖို့ပါတဲ့။ သူကတော့ လူတစ်မျိုးပါ၊ သူ့ရဲ့ဘော့စ်ကတောင် Elsbeth က ပျော်ပျော်နေတတ်တဲ့သူပါလို့ မှာပေးရတဲ့သူပါ။ထိုးထွင်းဉာဏ်ကောင်းလွန်းပြီး အမှုတစ်ခုကို သူများနဲ့မတူညီတဲ့အမြင်နဲ့ကြည့်တတ်ပြီး သူများထက် တစ်လှမ်းကြိုမြင်တတ်တဲ့သူ၊ ဒါပေမဲ့ ရဲ‌တွေရဲ့ စစ်ဆေးမှုတွေမှာ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ စပ်စုလွန်းနေတော့ အမြင်ကတ်စရာကောင်းနေရော ဖြစ်နေတယ်။ အဲဒါကြောင့် ပထမအမှုမှာတည်းက ရဲအရာရှိဝက်ဂ်နာက အမြင်မကြည်ဖြစ်တော့တာပဲ။ရဲဌာနဘက်က အမြင်မကြည်တော့ သူ့ကို တခြားရှေ့နေနဲ့ပြောင်းပေးဖို့တောင် တောင်းဆိုလာကြတယ်။ Elsbeth ဘက်ကကျတော့ ဒီအလုပ်ကို သူဆက်လုပ်ချင်နေတယ်၊ နယူးရော့ခ်မြို့ကြီးမှာ လျှောက်လည်ပြီး သူပျော်ပျော်ကြီး နေချင်သေးတယ်။ ဒီတော့လည်း NYPD တပ်ဖွဲ့မှာ ထက်မြက်ပေမယ့်လည်းအမြင်ကတ်စရာကောင်းတဲ့ မမ Elsbeth တစ်ယောက် ဘယ်လိုဆက်မွှေဦးမလဲပေါ့။Elsbeth ဇာတ်လမ်းကို "The Good Wife"နဲ့ "The Good ...
9.2
TMDb: 9.2/10 3 votes
tv

Elsbeth (2024)

2024
Baby Reindeer (2024) 7.786
Baby Reindeer (2024)  အခုတလော Interမှာရော မြန်မာနိုင်ငံမှာရော ရေပန်းစားနေတဲ့ Netflix ကနေ ထွက်ရှိထားတဲ့ Baby Reindeer လို့ခေါ်တဲ့ ဖြစ်ရပ်မှန်စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးရဲ့ထူးခြားချက်တစ်ခုက Donny နေရာကို အပြင်က တကယ့်နစ်နာသူ victim ဖြစ်တဲ့ Richard Gadd ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Victim ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ စီးရီးဖြစ်နေတာကြောင့် ဇာတ်လမ်းမှာပါဝင်တဲ့ နောက်ယောင်လိုက်ခံရတာတွေ၊ စိတ်ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေကို တခြားစီးရီးတွေထက် နက်နက်ရှိုင်းရှိုင်း ပိုပြီးခံစားရစေမှာပါ။ဇာတ်လမ်းလေးကတော့ ဒွန်နီဒန်းက မိမိအိပ်မက်ဖြစ်တဲ့ လူရွှင်တော် အလုပ်ကို အကောင်ထည်ဖော်ဖို့ လန်ဒန်ကို လာခဲ့သူလေးပါ။ ဒွန်နီက လူရွှင်တော်ဖြစ်ဖို့ကြိုးစားရင်း ငွေလေးဝင်အောင် ဘားတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဒွန်နီ ဘားမှာ အလုပ်လုပ်နေတုန်း မာသာလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ဆိုင်ထဲဝင်လာပါတယ်။ ဒွန်နီကလည်း သူ့ရဲ့ဝမ်းနည်းပင်ပန်းနေတဲ့ပုံသဏ္ဍာန်ကို သနားသွားပြီး အလကားတိုက်လိုက်ပါတယ်။ ဒီလို အလကားတိုက်လိုက်ရာကနေ မာသာ တစ်ယောက် ဒွန်နီ့ကို ...
7.786
TMDb: 7.786/10 365 votes
tv

Baby Reindeer (2024)

2024
Heart Beat (2024) 5
Heart Beat (2024) Heart Beat (2024) "ကာရန်ညီသော အချစ်" IMDb - 6.8/10Disney+ Hotstarကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယဒေါက်တာစီးရီးလေးကို တင်ဆက်ပေးပါရစေ။သိပ်ကိုစည်းကမ်းတင်းကြပ်တဲ့ ဆရာဝန်မကြီးတစ်ယောက်ရှိတယ်။အလုပ်မှာတင်မကဘဲ မိသားစုကအစ အပေါင်းအသင်းနဲ့အဆုံး အရာရာကို စည်းနဲ့ကမ်းနဲ့ လုပ်ကိုင်ဆက်ဆံတတ်တဲ့သူ။ ရှပ်တီးရှပ်ပြာနဲ့ ဆင်းရဲချို့တဲ့ရှာတဲ့ ဆရာဝန်မ ပေါက်စလေးလည်းရှိတယ်။မရည်ရွယ်ပါဘဲ လုပ်သမျှက အလွဲလွဲအချော်ချော်တွေနဲ့ ဘ၀တစ်ခုကိုပိုင်ဆိုင်ထားတဲ့သူ။ သူတို့တွေ တွေ့ဆုံကြတာက အာကေဆိုတဲ့ ဆေးရုံကြီးတစ်ခုမှာ။သူတို့တွေ့ဆုံမှုကနေစတဲ့ဇာတ်လမ်း၊ ရောဂါအမျိုးမျိုး ဇာတ်လမ်းအမျိုးမျိုးနဲ့လူနာတွေကို သူတို့ ရင်ဆိုင်ဖြေရှင်းရပုံတွေ၊ နောက် ထင်မှတ်မထားတဲ့အလှည့်အပြောင်းတွေနဲ့ အချစ်တွေထုံသင်းလာမဲ့ စီးရီးကောင်းလေးမို့ ခံစားကြည့်ရှုကြပါဦး၊(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team) File Size – 500MB(Appx;) @Episode Quality – 1080p WEB DL Duration – 22mins(@Episode) Total Episodes: 24Eps (@ Season) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama ~ Mystery Translator – CM Bollywood ...
5
TMDb: 5/10 1 votes
tv

Heart Beat (2024)

2024
The Veil (2024) 6.2
The Veil (2024)  ဒီတစ်ခါမှာတော့ 2024ခုနှစ်မှထွက်ရှိထားတဲ့စီးရီးစပိုင်အသစ်စက်စက်လေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် Elizabeth Moss ကလည်း အဓိကနေရာကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်း အာဒီလာဟာ ဒုက္ခသည်စခန်းတစ်ခုမှာလုပ်အားပေးနေတုန်း ဒုက္ခသည်ထဲကအမျိုးသမီးတစ်ဦးက အာဒီလာဟာ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့"ISIS" အဖွဲ့ဝင်တစ်ဦးဖြစ်တယ်ဆိုပြီး စွပ်စွဲပြောဆိုတာကြောင့် သူမကိုဖမ်းထားပြီး သူမရဲ့နိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ဆီကိုသတင်းပို့အစီရင်ခံထားစဥ်မှာ အီမိုဂျင်ဆိုတဲ့အမျိုးသမီးကရောက်လာပြီး အာဒီလာကိုကယ်ထုတ်သွားပါတယ် ကယ်ထုတ်လာတဲ့လမ်းတစ်လျှောက်မှာ အာဒီလာဟာတကယ်ပဲ"ISIS"အဖွဲ့ဝင်ဟုတ်လားမဟုတ်လားဆိုတာကို အီမိုဂျင်ကအစ်အောက်မေးမြန်းနေခဲ့ပါတယ် တကယ်တော့ အီမိုဂျင်ကလည်း အာဒီလာရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့မစ်ရှင်ထမ်းဆောင်နေရတာပါအမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်ကလျှို့ဝှက်ချက်တစ်ခုကိုဖုံးကွယ်ထားတယ် နောက်တစ်ယောက်ကအဲ့ဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့တာဝန်ပေးခံရတဲ့အခါ.....အာဒီလာကရောတကယ်ပဲ"ISIS"အဖွဲ့ဝင်တစ်ယောက်လား အီမိုဂျင်ကရောစုံစမ်းသိရှိသွားမလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ File size…(747 MB)/(377 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane   Season 1Episode 1 720p  -  Yoteshin / Megaup /Telegram / Usersdrive Episode 1 1080p  -  Yoteshin / Megaup / Usersdrive   Episode 2 720p  - ...
6.2
TMDb: 6.2/10 19 votes
tv

The Veil (2024)

2024
Kaiju No. 8 (2024) 8.357
Kaiju No. 8 (2024) Kaiju No. 8 (2024) Genre – Anime, Action, Adventure, Comedy IMDB – 8.4/10 MyAnimeList – 8.2/10Japan Anime တွေတို့ Pacific Rim တို့ ကြည့်ဖူးတဲ့လူဆိုKaiju ဆိုတာ ဘာလဲ သိကြမှာပါ။ မသိတဲ့လူတွေအတွက်လည်း Kaiju တွေဆိုတာက အရှင်းဆုံး ပြောရရင် ခုလက်ရှိ အားလုံးရဲ့ အချစ်တော်ကြီး Godzilla တို့လို ထူးဆန်းပြီး ပါဝါတွေ ရှိကြတဲ့ အကောင်အကြီးကြီးတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီ Anime လေးကလည်း ခုလက်ရှိ အသစ်ထွက်ရှိထားတာ ဖြစ်ပြီး Rating မြင့် ရထားပါတယ်။ Kaiju တွေ ပါဝင်ပေမဲ့လည်း Mecha စက်ရုပ်တွေတော့ မပါဝင်ပဲ သာမန်လူတွေကို အဆင့်မြင့်လက်နက်တွေနဲ့ တိုက်ခိုက်တာမျိုးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဂျပန်မှာက Kaiju တွေ ခဏခဏ ဝင်ရောက်ကျူးကျော် ဖျက်ဆီးနေလို့ တစ်တိုင်းပြည်လုံးမှာ ကာကွယ်ရေးတပ်ဆိုတာ ဖွဲ့စည်းထားပြီး အကောင်ပေါ်လာတာနဲ့ သုတ်သင်နေရပါတယ်။ ဇ ာတ်ကောင် Kafka နဲ့ ...
8.357
TMDb: 8.357/10 14 votes
tv

Kaiju No. 8 (2024)

2024
Golden Boy(2022) 8.8
Golden Boy(2022) Golden Boy(2022)****************အပိုင်းသစ် (၁၃၇+၁၃၈)Tele Episode (138) / Official Episode (69) ထိCM ပရိသတ်ကြီးကို IMDB 6.5 ရရှိထားတဲ့ romance drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးဟာ လတ်တလောမှာ နိုင်ငံတကာဇာတ်လမ်းကြည့်ရှုသူများအကြား ရေပန်းစားလျှက်ရှိပြီး နာမည်ကြီးနေရတဲ့ အကြောင်းအရင်းကတော့ မင်းသားမင်းသမီး အချောအလှများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်ကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်လေးစွဲဆောင်မှုရှိနေလို့ပါ။  ဇာတ်လမ်းကတော့ .....Korhan လို့ အမည်ရတဲ့ မြို့မျက်နှာဖုံးလူချမ်းသာမိသားစုတစ်စုကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Korhan တွေဟာ ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုရင် တူရကီနိုင်ငံရဲ့ အကြီးမားဆုံးမြို့တော်ဖြစ်တဲ့ အစ္စတန်ဘူလ်မှာတောင် သူတို့ရဲ့ အာဏာစက်က တော်တော်လေးပြင်းထန်တာပါ။ သူတို့မှာရှိတဲ့ ပြဿနာဆိုလို့ မိသားစုရဲ့ မြေးအငယ်အဆုံးဖြစ်တဲ့ Ferit Korhan ပါပဲ။ ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့ သူဌေးသားဖြစ်တာနဲ့အညီ ကောင်မလေးတွေ တရုန်းရုန်းနဲ့ ပြဿနာပတ်ရှာတတ်တဲ့‌ကောင်လေးပေါ့။ ဒီလိုနဲ့ သတင်းမီဒီယာတွေမှာ အရှက်ကွဲပေါင်းများလာတဲ့အခါ Korhan မိသားစုရဲ့ ဥသျှောင်ဖြစ်သူ Halis Korhan က သူ့မြေးကို ခြေငြိမ်စေဖို့အတွက် မိန်းမပေးစားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါ့အပြင် Halis Korhan ...
8.8
TMDb: 8.8/10 22 votes
tv

Golden Boy(2022)

2022
Beauty and Mr. Romantic (2024)
Beauty and Mr. Romantic (2024) Beauty and Mr.Romantic (2024) *******************************အပိုင်းသစ် (၁၇)ဒီဇာတ်လမ်းကတော့ Family Drama/Romance အမျိုးအစားဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ My ID is Gangnam Beauty ထဲက အလှလေး Lim SooHyang နဲ့ Young Lady and Gentleman ထဲက ဦးလေးကြီး Ji HyunWoo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်း -------------------Park Dora (Lim SooHyang)က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး ကိစ္စတစ်ခုကြောင့် သူ့ရဲ့အောင်မြင်မှုတွေရပ်တန့်သွားဖို့ အကြောင်းဖန်လာပါတော့တယ်Go PilSeung (Ji HyunWoo) ကတော့ ဒရမ်မာစီးရီးလေးတွေကို ဖန်တီးပေးနေတဲ့ တက်သစ်စ ဒါရိုက်တာလေးတစ်ယောက်ပါဒီလိုနဲ့ နှစ်ယောက်သားအလုပ်အတူတွဲလုပ်ဖို့ ဖြစ်လာကြပြီးနောက် ဒါရိုက်တာလေး Go PilSeung က မင်းသမီးလေး Park Dora ကို သဘောကျမိသွားရင်းကနေ ထိပ်တန်း A-list မင်းသမီးတစ်ယောက်အဖြစ် ဘယ်လိုပြန်ဆွဲတင်ပေးသွားမလဲဆိုတာကို ဟာသနှောပြီး ရင်ခုန်စွာနဲ့ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းတွဲအညွှန်းကိုတော့ Hsu Pyae Pyae Aung ...

Beauty and Mr. Romantic (2024)

2024
Will Trent (2023) 7.7
Will Trent (2023) Will Trent (2023) =============IMDb Rating - 7.6/10Pieces of Her ရဲ့ဖန်တီးရှင်စာရေးဆရာမ Karin Slaughter ရဲ့အခြားသောနာမည်ကျော်စီးရီးစ်တစ်ခုဖြစ်တဲ့ Will Trent ကိုပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ စုံထောက် Will Trent ဟာငယ်စဉ်ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့် ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံခဲ့ရတဲ့ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက် ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည် ဆောက်နေပါတယ်။သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ် ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့ နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာ တစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်း သွားနိုင်တဲ့အသေးစိတ်အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်း မြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံး စုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန် တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလို အဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD) ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ...
7.7
TMDb: 7.7/10 5400 votes
tv

Will Trent (2023)

2023
Star Trek: Discovery (2017) 7.15
Star Trek: Discovery (2017)  ကျွန်တော်တို့တွေ Strange New World ဇာတ်လမ်းတွဲထဲမှာ ကလင်းဂွန်နဲ့ ဖယ်ဒရေးရှင်းတို့ ဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်းကို ခဏခဏ ကြားခဲ့ရပါတယ်။ ဒီ Discovery ထဲမှာတော့ အဆိုပါစစ်ပွဲကြီး ဘယ်လိုကနေ စဖြစ်လာတာလဲဆိုတာကို ရှုစားရမှာပါ။ အမှန်တော့ SNW ဆိုတာက Discovery ရဲ့ Spinoff ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ အများသိတဲ့ မင်းသမီးကြီး Michelle Yeoh နဲ့ ဟယ်ရီပေါ်တာကားထဲက လူးရှပ်မာဖွိုင်သရုပ်ဆောင် Jason Isaacs တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး SNW cast တွေကိုလည်း ရံဖန်ရံခါ တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Star Trek The Original Series မစခင်က အချိန်နဲ့ Prime Timeline ကိုပဲ အခြေခံထားပါတယ်။ ဒါ့အပြင် Star Trek ရဲ့ ဇာတ်လိုက်ကျော်ကြီး ...
7.15
TMDb: 7.15/10 1539 votes
tv

Star Trek: Discovery (2017)

2017
Bridgerton Season 1+2+3 (2020) (17+) 8.2
Bridgerton Season 1+2+3 (2020) (17+)  ၁၈၀၀ ခုနှစ်များဆီက အင်္ဂလန်ပြည်ရဲ့ ကြေးရတတ် အထက်တန်းလွှာများကြားမှာ မယ်မယ်ရရ အပျင်းဖြေစရာ လုပ်စရာရယ်ဆိုလို့ အတင်းအဖျင်း ပြောကြတာ သမီးတွေ လင်ကောင်းသားကောင်းရဖို့ စပ်ကြ ဟပ်ကြတာတွေပဲ ရှိပါတယ်ဒီထဲမှာမှ အထူးသဖြင့် မုဆိုးမ လေဒီဘရစ်ဂျာတန် နဲ့ မျက်နှာချင်းဆိုင် ဖယ်သရင်တန်တော် အိမ်တော်က မျက်နှာပေါက်ဆိုးဆိုး သမီးတွေပိုင်ဆိုင်တဲ့ လေဒီဖယ်သရင်တန်တို့ကတော့ လန်ဒန်မြို့ရဲ့ အသုံးတော်ခံပါဒီထဲမှာ အပျော်အပါး အလွန်နှစ်ခြိုက်တော်မူတဲ့ အပျင်းဖြေရအောင် အမြဲ ပါတီပေး ပွဲခံနေတတ်တဲ့ ဘုရင်မကြီး ချားလော့ကတော့ ဒီဇာတ်လမ်းရဲ့ မပါမဖြစ် ဇာတ်ကောင်ပါအတင်းအဖျင်းသတင်းတွေ လှိုင်လှိုင်လွှမ်းခြုံထားတဲ့ လန်ဒန်မြို့တော်ကြီးမှာ နောက်ထပ် မပါမဖြစ်ကတော့ လန်ဒန်တစ်မြို့လုံး အပ်ကျတာကအစ သိတဲ့ လျှို့ဝှက်ချက်ပေါင်းစုံတို့ရဲ့ ကဝေ စာရေးဆရာမကြီး လေဒီဝှစ်ဆယ်ဒေါင်းပါပဲဒီဇာတ်လမ်းမှာ အရေးကြီးဆုံး အလှည့်အပြောင်းမျိုးစုံနဲ့ ရိုးမန့်စ်ခင်းကြမယ့် စုံတွဲကတော့ မကြာသေးခင်ကမှ အမွေဆက်ခံလာတဲ့ ပူပူနွေးနွေး နယ်စားလေး ဆိုင်မွန်နဲ့ ဘရစ်ဂျာတန် အိမ်တော်က ...
8.2
TMDb: 8.2/10 1328 votes
tv

Bridgerton Season 1+2+3 (2020) (17+)

2020
Chief Detective 1958(2024)
Chief Detective 1958(2024) Chief Detective 1958(2024)*************************အပိုင်း( ၁ မှ ၁၀) ထိ စ/ဆုံး ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့Drama လေးကတော့Chief Detective 1958 ပဲဖြစ်ပါတယ်။ ဒီ Drama ဟာ 1971ကနေ 1989အထိကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequelဇာတ်လမ်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Taxi Driver မင်းသားလို့ပြောလိုက်ရင်မသိသူမရှိတဲ့ မင်းသား Lee Je Hoonနဲ့ Reply 1988 ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေရင်းနှီးပြီးသားအတည်ပေါက်နဲ့နောက်တဲ့မင်းသား Lee Dong Hwi တို့အပြင် အခြားသောနာမည်ရသရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာတော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအခါမှာ သူ့ရဲ့ ...

Chief Detective 1958(2024)

2024
The Atypical Family (2024)
The Atypical Family (2024) The Atypical Family (2024)*****************************အပိုင်းသစ် (၅) အားလုံးစောင့်မျှော်နေကြတဲ့ မင်းသား Jang Ki-Yong ရဲ့comeback drama လေးလာပါပြီ။ဒီ fantasy-romamce ကားလေးမှာတော့ Jang Ki-Yong,Unlockedထဲက Chun Woo-Hee, Gyeongseong Creature ထဲကClaudia Kim တို့အပြင် ဝါရင့်သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းBok Gwi-Joo (Jang Ki-Yong) တို့ မိသားစုဝင်တွေကသဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားကြသူတွေပါ။Bok Gwi-Joo ကတော့ မိသားစုဝင်ထဲမှာအချိန်ခရီးသွားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ သူ့စွမ်းအားက အတိတ်က ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပဲသွားလို့ရပြီး အတိတ်ကိုတော့ ပြန်ပြင်ဆင်လို့မရနိုင်ပါဘူး။အတိတ်ကို ပြန်သွားနိုင်ပေမဲ့ ဘာကိုမှ ထိတွေ့လို့မရသလိုအတိတ်ကသူတွေကလည်း သူ့ရဲ့ ဖြစ်တည်မှုကို မမြင်ရတာကြောင့်တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါ ခံစားလာရပြီး သူ့ရဲ့စွမ်းအားတွေပျောက်ဆုံးသွားပါတော့တယ်။ပျံနိုင်စွမ်း၊ နိမိတ်ပြအိပ်မက်မြင်နိုင်စွမ်းစတဲ့ သဘာဝလွန်စွမ်းအားတွေရှိတဲ့Gwi-Joo ရဲ့ မိသားစုဝင်တွေလည်းပဲ ယနေ့ခေတ်ရောဂါတွေဖြစ်တဲ့အိပ်မပျော်တဲ့ရောဂါ၊ အကြောက်လွန်ရောဂါနဲ့ စမတ်ဖုန်းစွဲလန်းနေမှုတွေကြောင့်စွမ်းအားတွေ ပျောက်ဆုံးသွားကြပါတော့တယ်။အဲဒီလိုနဲ့ တစ်နေ့ Do Da-Hae (Chun ...

The Atypical Family (2024)

2024
Missing Crown Prince (2024)
Missing Crown Prince (2024) Missing Crown Prince (2024)******************************* အပိုင်းသစ် (၁၁) အားလုံးစောင့်မျှော်နေကြတဲ့ EXO အဖွဲခေါင်းဆောင် Suho ပါဝင်သရုပ်ဆောင်ထားသော နန်းတွင်းနောက်ခံ အချစ်ဟာသ ဇာတ်လမ်းလေး ထွက်ရှိလာပြီ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျိုဆွန်းပြည်ရဲ့ အိမ်ရှေ့မင်းသားဖြစ်သူ Yi Gun ဟာ တစ်နေ့မှာတော့ Choi Myung Yoon ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုတ်တရက် ပြန်ပေးဆွဲခြင်းခံလိုက်ရပါတယ်။ အိမ်ရှေ့မင်းသား ပျောက်ဆုံးသွားတာကြောင့် ဂျိုဆွန်းတစ်ပြည်လုံး အုတ်အော်သောင်းတင်းဖြစ်ကြရပါတယ်။လျှိဝှက်ချက်တွေ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂျိုဆွန်းပြည်ကြီးထဲမှာ Yi Gun နဲ့ Myung Yoon တိုနှစ်ယောက် အသက်ရှင်ဖို ရုန်းကန်ကြရင်း တဖြည်းဖြည်း သံယောဇဉ်တွယ်ကာ မမျှော်လင့်ထားတဲ့ အချစ်ပန်းလေး ဖူးပွင့်လာခဲ့တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်ခဲ့ပါတော့တယ်။မင်းသား Suho, မင်းသမီး Hong Ye Ji တိုက အဓိက ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားပြီး ဒုတိယမင်းသားအဖြစ် Seasons of Blossom ထဲက ...

Missing Crown Prince (2024)

2024
Wandee Goodday (2024)
Wandee Goodday (2024) မေ့မရတဲ့ တစ်ညတာ (၂၀၂၄)Ch7ကနေ GMMTV ကို ပြောင်းလာအပြီးမှာ ပထမဆုံး BL ခြေလှမ်းသစ်ကို စတင်မယ့် Beauty Newbie, Start upထဲက မင်းသား‌ချော P'Greatရဲ့ Wandee Good DayProtectiveဖြစ်တဲ့ဖိုက်တာကိုကိုနဲ့ clingy ဒေါက်တာလေးတို့ရဲ့အချစ်ဇာတ်လမ်းကို တောင့်တောင့်ဖြောင့်ဖြောင့်CPနှစ်ယောက်ရဲ့ အတွဲညီညီ ဘယ်လိုသရုပ်ဆောင်မလဲဆိုတာ ရှုစားကြပါဦး။Open relationship တွေကို လူတွေကျင့်သုံးလာတာနဲ့အမျှ friend with benefits တို့ one night stand တို့ဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ တဏှာရမ္မက်သက်သက်နဲ့ စတင်ခဲ့တဲ့ တစ်ညတာဆက်ဆံရေးကနေ အချစ်စစ်တစ်ခု မွေးဖွားလာဖို့ဆိုတာ ဖြစ်နိုင်မှာလား။၈ နှစ်တာလုံးကြိတ်ချစ်ခဲ့ရ ကြိတ်ကြွေခဲ့ရတဲ့ခရက်ရှ်ရဲ့ သစ်စိမ်းချိုးချိုးတာခံလိုက်ရတဲ့ ဒေါက်တာဝမ်ဒီးတစ်ယောက် နှလုံးသားဒဏ်ရာကို အရက်နဲ့ကုစားရင်း ရိုရက်ဆိုတဲ့ လက်ဝှေ့သမားနဲ့တွေ့ပါတော့တယ်။ မူးနေတဲ့ဝမ်ဒီးကို ရိုရက်ကအိမ်ပြန်ပို့ပေးရင်းနဲ့ပဲ အိပ်ရာထဲအထိရောက်သွားရင်း တစ်ညတာကို အတူဖြတ်သန်းတဲ့အဆင့်ဖြစ်သွားတော့တာပေါ့။ဒီလိုနဲ့ friend with benefits လုပ်ဖို့ အကြံပြုချက်နဲ့အတူ ဟန်ဆောင်ချစ်သူဘဝအထိ အဆင့်တက်လာတဲ့ ဒီနှစ်ယောက်ကြားမှာ ရင်းနှီးမှုနဲ့အတူ ...

Wandee Goodday (2024)

2024
The Midnight Romance in Hagwon(2024)
The Midnight Romance in Hagwon(2024) The Midnight Romance in Hagwon(2024)***************************************အပိုင်းသစ် (၃) Queen of tears ကားပြီးသွား​​တော့ ဒီတစ်ခါမှာလည်း Romance နဲ့.melodrama ​လေးတစ်ကားဖြစ်တဲ့ The Midnight Romance in Hangwon ဆိုတဲ့ကား​လေးကို တင်ဆက်​​ပေးသွားပါမယ်မင်းသားကတော့The Worst of Evil မှာ ဗီလိန်အ​နေနဲ့ပါဝင်တဲ့ Wi Ha Joon နဲ့Work of love ကားထဲက မင်းသမီး Jung Ryeo Wonတို့ ပါဝင်သရုပ်​ဆောင်ထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း ------ Seo Hye Ji က Daechi Academyရဲ့ လုပ်သက် ၁၄နှစ်ရှိပြီဖြစ်တဲ့နာမည်ကြီး ကိုရီးယားဘာသာစကားနည်းပြဆရာမတစ်​ယောက်ပါ ...သူမက ယှဥ်ပြိုင်လိုစိတ်များပြီး ဘယ်​တော့မှ အနိုင်မခံ အရှုံးမ​ပေးတတ်တဲ့သူပါ...Lee Joon Ho က​တော့ ကုမ္ပဏီကြီးတစ်ခုက​နေ နှုတ်ထွက်ပြီးသူပညာသင်ခဲ့တဲ့​ကျောင်းဖြစ်တဲ့ Daechi Academyဆီကို နည်းပြဆရာအဖြစ် ၁၀နှစ်အကြာမှာ ...

The Midnight Romance in Hagwon(2024)

2024
The Escape of the Seven: Resurrection (2024) [Complete] 6.8
The Escape of the Seven: Resurrection (2024) [Complete] The Escape of the Seven: Resurrection (2024)********************************************အပိုင်းသစ် (၁၆) ဇာတ်သိမ်း အားလုံးစောင့်မျှော်နေတဲ့ The escape of seven ရဲ့Season-2 ပြန်လည်ရောက်ရှိလို့လာပါပြီ။Cast တွေကတော့ S1 ကအတိုင်း Uhm Ki Joon၊ Hwang Jung Eum၊ Lee Joon၊Lee Yoobiစတဲ့ မင်းသားမင်းသမီးတွေက အဓိကပြန်လည်ပါဝင်ထားပါတယ်။ဘိုဘယ် မတော်တဆမှုကနေတစ်ဆင့် လက်စားချေမှုစတင်ခဲ့ကာသွေးကြွေးနဲ့အဆုံးသတ်ခဲ့ပြီးတော့ Do Hyuk က တရားခံဖြစ်လာပြီးသူ့ဘဝကိုဆုံးရှုံးခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။Do Hyuk က Matthew ရဲ့ ပုံစံအစစ်အမှန်ကို လူတိုင်းကိုချပြပြီးလက်စားချေဖို့ဒေါသတကြီးနဲ့ပြန်ရောက်လာခဲ့ကာ Kang Ki Tak နဲ့Medusa လို့အမည်ရတဲ့လူထူးဆန်းတစ်ယောက်က Do Hyuk ကိုကူညီဖို့ပေါ်လာခဲ့တယ်။Matthew က သူရဲ့ကိုယ်ရေးရာဇဝင်အတုနဲ့ တစ်လောကလုံးကိုလှည့်စားနေတာကို ရပ်မဲ့ပုံမပေါ်သလို သူရဲ့လက်စားချေမှု ပြီးမြောက်ဖို့အတွက်Do Hyuk ရဲ့အဖေဖြစ်သူ သူ့ဘဝနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့ ...
6.8
TMDb: 6.8/10 18 votes
tv

The Escape of the Seven: Resurrection (2024) [Complete]

2024
The Seasons S5: Zico’s Artist (2024) 5.5
The Seasons S5: Zico’s Artist (2024) The Seasons S5: Zico's Artist (2024)*************************************အပိုင်းသစ် (၄) တစ်နေ့တာရဲ့ စိတ်ညစ်မှု၊စိုးရိမ်သောကတွေကို သီချင်းတွေနဲ့ဖယ်ရှားပေးဖို့အတွက် " 𝙏𝙝𝙚 𝙎𝙚𝙖𝙨𝙤𝙣𝙨 " ဆိုတဲ့ ဂီတအစီအစဥ်လေးက𝗦𝗲𝗮𝘀𝗼𝗻 𝟱 နဲ့အတူ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။Season 5 မှာတော့ အဆို၊အက၊အရေး၊ Rap စွယ်စုံထူးချွန်ပြီးနာမည်ကြီး Hit songs များရဲ့ ပိုင်ရှင် 𝗭𝗜𝗖𝗢 က MC အဖြစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။"𝗧𝗵𝗲 𝗦𝗲𝗮𝘀𝗼𝗻𝘀: 𝗔𝗿𝘁𝗶𝘀𝘁 𝘄𝗶𝘁𝗵 𝗭𝗶𝗰𝗼 " ဆိုတဲ့ Season 5 မှာလည်းနာမည်ကျော်အနုပညာရှင်များရဲ့ သီချင်းပေါင်းများစွာကိုတစ်နေရာထဲမှာ နားဆင်ရမှာပဲဖြစ်ပါတယ်။【" ဘဝက တိုတောင်းပြီး အနုပညာက ထာဝရ။" ဂီတရဲ့ အရှေ့မှာ ငါတို့အားလုံးက အနုပညာရှင်တွေပဲ"】 ဆိုတဲ့Zico ရဲ့ သီချင်းစာသားထဲကလိုမျိုး သီချင်းများနဲ့ လိုက်ပါစီးမျောပြီးအနုပညာရှင်တစ်ယောက်ဖြစ်စေဖို့အတွက် Channel Myanmar ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Htoo ...
5.5
TMDb: 5.5/10 2 votes
tv

The Seasons S5: Zico’s Artist (2024)

2023

Genres

Archives