Channel Myanmar

New releases (2024)

Content at random


Movies

SEE ALL
Light (2024)
Light (2024)  ပရိသတ်ကြီးအတွက် သည်းထိပ်ရင်ဖို အာကာသ ဇာတ်လမ်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် low-budget ဆိုပေမယ့် ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ပျော်မှာပါအနာဂတ်ကာလဂြိုဟ်တွေမှာ လူသားတွေ ရပ်တည်နေထိုင်နိုင်တဲ့အချိန်မှာ အမည်မသိ ဂြိုဟ်တစ်ခုပေါ်မှာ ယာဥ်တစ်စင်းပျက်ကျနေတယ်Tallie ဆိုတဲ့ မိန်းမငယ်လေးက နောက်ထပ်အသက်ရှင်ကျန်သူ Niu ဆိုတဲ့ မိခင်တစ်ယောက် ရှိနေတာကို သိလိုက်တဲ့အခါ မြူဆိုင်းကာ အမှောင်ဖုံးနေတဲ့ နေရာမှာအလင်းရောင်က သူတို့အတွက် အန္တရာယ်ဖြစ်နေတာပါ သိသွားပါတယ်သတ္တဝါတစ်မျိုးက အလင်းရောင်ကို အာရုံခံပြီး တိုက်ခိုက်နေတာပါပဲ... အမှောင်ကနေ သူတို့တစ်ယောက်နဲ့ တစ်ယောက် ဆုံနိုင်မှာလား Niu ရဲ့ သားလေးကိုရော ရှာတွေ့နိုင်ပါ့မလားနောက်ကွယ်က လျှို့ဝှက်ချက်က ဘာများဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Science Fiction, Horror, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Light (2024)

In Dreams (2023)
In Dreams (2023)  ဒီကားကတော့ Psychological, Thriller ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်းကတော့ အယ်လ်မာဟာ ငယ်စဉ်ကတည်းက စိတ်ရောဂါအခံရှိတာမို့လို့ ဆယ်ကျော်သက်အရွယ်ကတည်းက ဆေးတွေအမြဲသောက်ရတာပါ။ ဒီလိုနဲ့ သူအရွယ်ရောက်လာတဲ့အချိန် တစ်ရက်မှာတော့ သူ့အဖိုးဟာ အသတ်ခံလိုက်ရပါတယ်။ သူ့မိဘတွေမရှိတော့ကတည်းက သူ့ကိုစောင့်ရှောက်ခဲ့တာဟာ အဖိုးပဲရှိတာမို့လို့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေဟာ ပိုပြီးဆိုးရွားလာ‌တာပေါ့။ ဒါ့ကြောင့်ပဲ သူနဲ့ သူ့ရဲ့ခင်ပွန်းဟာ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက် ငယ်ဘဝကအမြဲသွားခဲ့တဲ့ ရေကန်ငယ်နားက အိမ်တစ်လုံးကိုအနားယူဖို့သွားပါတယ်။အဲဒီမှာ သူမသိခဲ့တာကတော့ သူ့အဖိုးဆုံးခဲ့ရခြင်းရဲ့ အကြောင်းအရင်းက အဲဒီနေရာအထိကိုလိုက်ပါလာခဲ့တာပါ။ ဒီတော့ ဘာတွေ‌ဆက်ဖြစ်မလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(964 MB)/(434 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

In Dreams (2023)

Fatum (2023)
Fatum (2023)   ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် စပိန်စကားပြော crime,drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်....ဒီရုပ်ရှင်ကဆုတစ်ဆုရရှိထားပြီး ဇကာတင်ဆုငါးခုရရှိထားပါတယ်...ဇာတ်လမ်းကတော့ မိသားစုနှစ်ခုအပေါ်အခြေခံပြီးရိုက်ကူးထားပါတယ်....ပထမမိသားစုကတော့ လောင်းကစားသမား ဆာဂီယိုနဲ့လစ်ဒီယာတို့ပါ...ဆာဂီယိုကလောင်းကစားမပြတ်နိုင်တဲ့အတွက်လစ်ဒီယာကကွဲချင်နေတာပါ...တစ်ရက်ကျဆာဂီယိုကသားနဲ့သမီးကိုလိုက်ပို့ရင်း နောက်ဆုံးအနေနဲ့ဘောလုံးပွဲလောင်းဖို့သွားခဲ့ပါတယ်...ဒါကိုလစ်ဒီယာသိသွားပြီးသူမလည်းလောင်းကစားရုံကိုရောက်ရှိလာပါတယ်....သူတို့လင်မယားချင်းပြဿနာတက်ပြီး ဆိုင်ထဲကပြန်ထွက်ဖို့အလုပ်မှာပဲ လောင်းကစားဆိုင်ထဲကိုဓားပြတွေဝင်လာပြီး ဓားပြတိုက်ပါတော့တယ်....နောက်မိသားစုတစ်စုကတော့ ရဲအရာရှိပါဘလိုတို့မိသားစုပါ...ပါဘလိုရဲ့သားလေးဟာနှလုံးအစားထိုးကုသဖို့လိုအပ်နေသူပါ....အဲ့တော့ခုနကဓားပြတိုက်တဲ့နေရာကဓားစာခံတွေကိုကယ်ထုတ်ဖို့ပါဘလို‌လည်းရောက်ရှိလာခဲ့ပါတယ်... ရုပ်ရှင်ရဲ့နာမည်ကတော့ fate ကံကြမ္မာလို့အမည်ရပါတယ်...ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှူကြပါခင်ဗျာ..... File size…(1.4 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Crime, Thriller, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Fatum (2023)

3 Bed, 2 Bath, 1 Ghost (2023)
3 Bed, 2 Bath, 1 Ghost (2023)  အန်နာက အိမ်ခြံမြေအကျိုးဆောင်လိုင်စင်ကို ရတာမကြာသေးဘဲ မိသားစုစီးပွားရေးဖြစ်တဲ့ သူမဖခင်ရဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှာ ဝင်လုပ်ပါတယ်။ ပထမဆုံးအလုပ်အနေနဲ့ သူမရဲ့ဖခင်က သက်တမ်းကြာပြီဖြစ်တဲ့ အိမ်ကြီးတစ်အိမ်ကို ပြင်ဆင်ရောင်းချဖို့အတွက် တာဝန်ပေးလိုက်ပါတော့တယ်။ သူမအနေနဲ့ ထိုအိမ်ကြီးကို ၂ ပတ်အတွင်း ပြင်ဆင်ရမှာဖြစ်ပြီး အိမ်ကို ရောင်းထုတ်ရမှာပါ။ အိမ်ကြီးကိုထိန်းသိမ်းထားပေမယ့် လူမနေတာ နှစ်ပေါင်း ၇၀ နီးပါးလောက်တော့ရှိနေပါပြီ။ ငါးကြိမ်တိတိ အိမ်ကို ရောင်းဖို့ပြင်ဆင်ကြော်ငြာခဲ့ဖူးပေမယ့် တစ်ခါမှရောင်းမထွက်ပါဘူး။အန်နာအနေနဲ့ ထိုအိမ်ကို ရောက်ရောက်ချင်းနေ့မှာပဲ ရူဘီဘိတ်ကာလို့ခေါ်တဲ့ အိမ်ပိုင်ရှင်သရဲကို တွေ့လိုက်ရပါတော့တယ်။ ရူဘီက ၁၉၂၀ ပြည့်နှစ်တွေမှာ ခေတ်ဆန်ပြီးရေပန်းစားသူတစ်ယောက်ဖြစ်ကာ သူမရဲ့ ၂၅ နှစ်ပြည့်မွေးနေ့မှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကြာသည်အထိ သူမရဲ့အိမ်ကြီးမှာပဲ နေထိုင်ကာ သူမကို ဘယ်သူကမှ မမြင်တွေ့ဖူးပါဘူး။ အန်နာက သူမကို ပထမဆုံးမြင်တွေ့သူဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်နွယ်မှုမျိုးရှိနေမှာလဲ။ ရူဘီကရော ဘာလို့ နှစ်ပေါင်း ၁၀၀ ကြာလောက်တဲ့အထိ ...
movie

3 Bed, 2 Bath, 1 Ghost (2023)

Knox Goes Away (2024)
Knox Goes Away (2024)  Knox goes away ဆိုတဲ့ကားလေးကတော့ 2023 မှာထွက်ရှိထားပြီး နာမည်ကြီးမင်းသား Michael Keaton နဲ့ James Marsden တို့ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ကြေးစားလူသတ်သမားတစ်ယောက်က သူဟာရူးသွပ်ပြီးမှတ်ဉာဏ်ပျောက်တဲ့ရောဂါကို ခံစားနေရကြောင်းမထင်မှတ်ထားစွာသိရှိလိုက်ရပါတယ်။ဘဝကိုအထီးကျန်စွာဖြတ်သန်းနေခဲ့တဲ့သူမလို့ သူလုပ်စရာရှိတဲ့ကိစ္စတွေလုပ်ပြီးရင် အဝေးကိုအေးဆေးပဲထွက်သွားလိုက်တော့ဖို့စီစဉ်ထားခဲ့ပေမယ့် အဆက်သွယ်ပြတ်နေတာကြာပြီတဲ့ သားဖြစ်သူက ပြဿနာရှာမိပြီး သူ့ကိုလာရှာအကူအညီတောင်းတဲ့အခါ သူဟာရူးသွပ်နေတဲ့ရောဂါလက္ခဏာကိုအန်တုလို့ အသိစိတ်မပျောက်ခင် သားဖြစ်သူကိုကူညီကယ်တင်ရဖို့ဖြစ်လာခဲ့ပါတော့တယ်။ File size…(1.3 GB)/(698 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

Knox Goes Away (2024)

Man of the House (2005)
Man of the House (2005)  တက္ကဆက်မြို့က အမှုတခုအကြောင်းအပေါ်အခြေခံထားပြီး မှုခင်းဆန်ဆန်ဇာတ်အိမ်မျိုးကိုမှ ဟာ‌သ‌‌လေးတွေနှောထားတဲ့ ဇာတ်ကားလေးပါ၊ဒီကားမှာ မင်းသားကြီး Tommy Lee က ရိန်းဂျားတပ်ဖွဲ့က ဆာဂျင် ရိုလန်ရှက်ဖ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး တာဝန်ကလွဲပြီး ဘာကိုမှမသိတဲ့ ရှေးရိုးစွဲ ဘုကလန့်လူကြီးတ‌ယောာက်ပါ၊တဖက်မှာလည်း ဘဝကိုပေါ့ပေါ့ပါးပါးနဲ့နေတတ်တဲ့ Cheerleaders ကောင်မလေး၅ယောက်က မထင်မှတ်ဘဲ လူသတ်မှုတခုကို မျက်မြင်‌‌တွေ့လိုက်ရပြီး အမှုရဲ့အရေးကြီးတဲ့ သက်သေတွေဖြစ်လာခဲ့ပါတယ်၊ဒီမျက်မြင်သက်‌သေကောင်မလေးတွေကိုကာကွယ်ဖို့တာဝန်က ရှက်ဖ်တယောက်အ‌ပေါ်ကျလာပါ‌‌တော့တယ်၊အကျင့်စာရိုက်ချင်းမတူတဲ့ ရှက်ဖ်နဲ့ကောင်မလေး‌တွေ တွေ့ကြတဲ့အခါမှာ အဆင်ပြေကြပါ့မလား၊ ရှက်ဖ်တယေက်က‌ကော ကောင်မလေးတွေ အ‌ဆုံးထိကာကွယ်‌ ပေးသွားပြီး လူသတ်သမားကိုဖမ်းမိသွားမလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပါ File size…(1.8 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thway 
movie

Man of the House (2005)

The Beat That My Heart Skipped (2005)
The Beat That My Heart Skipped (2005)  သောမတ်စ်ဆေယာဟာ ပီယာနိုတီးရာမှာပါရမီပါတဲ့လူတစ်ယောက်ပါ ဒါပေမဲ့ သူ့အမေဆုံးသွားပြီးကတည်းက ပီယာနိုမတီးဖြစ်ခဲ့တော့ပဲ သူ့အဖေရော့ဘတ်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ အိမ်ခြံမြေရောင်းဝယ်ရေးအလုပ်ကိုပဲလုပ်ကိုင်ခဲ့ပါတယ် သူတို့လုပ်တဲ့အလုပ်ဆိုတာကလည်း ဖြူဖြူစင်စင်သန့်ရှင်းရှင်းမဟုတ်ဘဲ ဒုစရိုက်ဆန်ပါတယ်တစ်ရက်မှာ သူ့အမေရဲ့မန်နေဂျာအဖြစ်လုပ်ကိုင်ခဲ့သူ မစ္စတာဖော့ခ်စ်နဲ့ပြန်လည်တွေ့ဆုံပြီး ဖော့ခ်စ်က တွမ်မှာပါရမီပါတာကိုသိတာကြောင့် လူရွေးပွဲဝင်ပြိုင်ဖို့ကမ်းလှမ်းခဲ့ပါတယ် မိခင်ဆုံးသွားပြီးကတည်းက ပီယာနိုမတီးဖြစ်တော့တဲ့ တွမ်တစ်ယောက် နှစ်တွေအကြာကြီးနေမှပီယာနိုပြန်တီးရတဲ့အခါ သူ့ကိုအနီးကပ်လေ့ကျင့်ပေးဖို့ဆရာမလေးတစ်ယောက်ကိုငှားရပါတော့တယ်တွမ်တစ်ယောက် ဒုစရိုက်ဆန်တဲ့အလုပ်ကိုစွန့်လွှတ်ပြီး အေးဆေးသာယာစွာပဲ ပီယာနိုလေးတီးရင်းဖြတ်သန်းမယ်ကြံကာမှ သူ့အဖေရဲ့ကိစ္စတွေလိုက်ဖြေရှင်းပေးရတဲ့အခါ...... File size…(2 GB)/(988 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Music, Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

The Beat That My Heart Skipped (2005)

The Child (2005)
The Child (2005)  Dardenne brothers ရိုက်ကူးခဲ့တဲ့ ပြင်သစ်စကားပြော ဘယ်လ်ဂျီယံရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဘရူနိုနဲ့ ဆိုနီယာတို့က အလုပ်ရယ်လို့ မယ်မယ်ရရမရှိဘဲ ဘ၀ကိုကြုံသလိုဖြတ်သန်းနေတဲ့ စုံတွဲလေးတစ်တွဲ။ သူတို့တွေ အတူနေရင်း ကလေးလေးတစ်ယောက်ရလာရော။ကလေးအတွက် စရိတ်စကရော နေရာထိုင်ခင်းပါ အဆင်မပြေတဲ့အဆုံး ဘရူနိုတစ်ယောက် ကြံမိကြံရာကြံရင်း ရက်သားကလေးလေးကို မွေးစားဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောင်းစားလိုက်မိတယ်။ ဒီမှာပဲ သူတို့စုံတွဲ စကားတွေများကြပြီး ပြဿနာတွေကြီးထွားလာခဲ့ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

The Child (2005)

Monster (2023) 5.0

Monster (2023)

Wishmaster (1997) 5.8
Wishmaster (1997) Genre – Fantasy, Horrorမီးခွက်စောင့်ဘီလူး ဂျင်နီနဲ့ တောင်းဆု ၃ ဆိုတာ ကျွန်တော်တို့တွေနဲ့သိပ်မစိမ်းတဲ့ ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။အာလာဒင်တို့ရှိမယ် ဟိုးအရင်တုန်းက မီးခွက်စောင့်ဂျင်နီမလေးဇာတ်လမ်းတွဲတွေ ရှိကြမယ်။ ဒါပေမဲ့ ဒါတွေဟာ အနောက်တိုင်းကပြန်လည်မွမ်းမံထားတဲ့ ချစ်စရာ ရယ်မောစရာ ဇာတ်ကောင်လေးပါ။တကယ့် အာရေဗျကျမ်းစာတွေအရ ဂျင်ဆိုတဲ့ နတ်ဆိုးဟာတမန်တော်တွေနဲ့ ခေတ်အပြိုင် တည်ရှိခဲ့တဲ့ နတ်ဆိုး ဖြစ်ပြီးကမ္ဘာမြေကို ပျက်သုဉ်းသွားနိုင်အောင်ထိ လုပ်နိုင်စွမ်းရှိပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ တကယ်ကို ဆိုးသွမ်းရက်စက်ပြီးယုတ်မာကောက်ကျစ်တဲ့ ဂျင်နတ်ဆိုးပဲ ပါဝင်ပါတယ်။ဆု ၃ ဆုတောင်းရတာတော့ မှန်ပါတယ် ဒါပေမဲ့ တောင်းဆုတွေကိုဖြည့်ပေးတဲ့နေရာမှာ တကယ်ဖြည့်ပေးပေမဲ့လည်း လှည့်ကွက်တွေ ရှိနေပါတယ်။နောက်ပြီး ၃ ဆုမြောက်တောင်းပြီးသွားတဲ့အချိန်ဆို သူ့အနေနဲ့ကမ္ဘာပေါ်ကို တံခါးပွင့်လာပြီး အုပ်စိုးလို့ရနိုင်တဲ့ အခြေအနေထိ ရောက်သွားမှာပါ။ ဇာတ်လမ်းအရ ပြောရမယ်ဆို ရှေးခေတ်ပါရှားခေတ်တုန်းက၃ ဆု ပြည့်မြောက်တော့မယ့်အချိန် မှော်ဆရာတစ်ပါးကြောင့်ဂျင်ဟာ မဟူရာကျောက်နီထဲကို ပိတ်လှောင်ခံလိုက်ရပါတယ်။ဒီလိုနဲ့ ၂၀ ရာစုကို ရောက်လာခဲ့ချိန်မှာတော့ ဒီ မဟူရာကျောက်ကိုမင်းသမီးက ...
movie

Wishmaster (1997)

Wishmaster 2: Evil Never Dies (1999) 5.1
Wishmaster 2: Evil Never Dies (1999) Genre – Fantasy, Horrorဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ဒုတိယကား ရောက်လာပါပြီ။ဒီကားထဲမှာလည်း အနုပညာပြခန်းကို ပန်းချီကားခိုးသူ ၂ ယောက်ကြောင့်ရုပ်ထုထဲကနေ မဟူရာကျောက် ပြန်ထွက်လာပြီး ဂျင်တစ်ယောက်လူ့ပြည်ကို နောက်ထပ်တစ်ခါ လွတ်မြောက်လာပြန်ပါတယ်။ ဒီကားထဲမှာတော့ သူ့ကို နိုးထပေးတဲ့လူကို ဆုတောင်း ၃ ဆုမဖြည့်စည်းပေးခင် လူတွေရဲ့ဝိဉာဉ် ၁၀၀၁ ခုကိုအရင်လိုက်ပြီး စုဆောင်းရဦးမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဂျင် တစ်ဖြစ်လဲ ဒဲမရက်စ်ကြီးတစ်ယောက်အကျဉ်းထောင်ထဲကိုဝင်ပြီး ဝိဉာဉ်တွေ ရဖို့အတွက်ထောင်သားတွေကို ဘယ်လိုမွှေဦးမလဲ၊ ဘယ်လိုဆုတောင်းတွေနဲ့ဘယ်လိုသေကြဦးမလဲ၊ မင်းသမီးအနေနဲ့ရော ဒီတစ်ခေါက်ဂျင်ကို တားဆီးနိုင်ပါ့မလား စသဖြင့် သွေးထွက်သံယိုအသတ်အဖြတ်တွေကို ခံစားကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။ ပထမကားမှာ လူချဉ်စရာကောင်းလောက်အောင်လူယုတ်မာရုပ်ကြီးနဲ့ ဂျင် (ဒဲမရက်စ်) နေရာကိုသရုပ်ဆောင်ပေးခဲ့တဲ့ Andrew Divoff ကပဲ ဒီကားမှာပြန်လည် သရုပ်ဆောင်ပေးထားပါတယ်။အဓိကဇာတ်ကောင်နေရာကတော့ တခြားမင်းသမီး ဇာတ်ရုပ်ပြောင်းသွားခဲ့ပြီပဲ ဖြစ်ပါတယ် ခံစားလိုက်ကြပါဦး။ File size…   2 GB / 883 MB Quality… WEB ...
movie

Wishmaster 2: Evil Never Dies (1999)

Wishmaster 3: Beyond the Gates of Hell (2001) 3.5
Wishmaster 3: Beyond the Gates of Hell (2001) Genre – Fantasy, Horrorနတ်ဆိုးကြီးဂျင် သို့မဟုတ် ဆုတောင်းသခင်ကြီးရဲ့ တတိယကား ဖြစ်ပါတယ်။ဒီကားမှာတော့ တက္ကသိုလ်ကျောင်းတစ်ခုတည်းမှာ အခြေခံထားတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘနှစ်ပါးကို ကားမီးလောင်ပြီးဆုံးရှုံးထားတဲ့ ကျောင်းသူလေး ဒိုင်ယာနာဟာ ပရော်ဖက်ဆာဖြစ်သူနဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို ဖွင့်ကြည့်ရာကနေထုံးစံအတိုင်း ဂျင်ဟာ နိုးထလာခဲ့ပါတော့တယ်။ ဒီတော့ အရင်ကားတွေအတိုင်းပဲ နိုးထပေးတဲ့လူကိုဆု ၃ ဆု ဖြည့်ပေးမယ်ဆို ကမ္ဘာကို သိမ်းပိုက်နိုင်မှာ ဖြစ်တဲ့အတွက်ဒိုင်ယာနာ့နောက်ကို လိုက်ပြီး ချစ်ခင်တဲ့လူတွေကိုသတ်ဖြတ်ကာ ဆုတောင်း ၃ ခု ပြည့်ဖို့အတွက် ဖိအားလိုက်ပေးတဲ့အခါမှာတော့….။ ဒီကားမှာတော့ ရှေ့ ၂ ကားတုန်းက ဘဲကြီး သရုပ်မဆောင်တော့ပဲနတ်ဆိုးဂျင်နေရာ နောက်တစ်ယောက်ပြောင်းသွားလို့ကြည့်ရတာ ဖီးလ်နည်းနည်းကျဲပါတယ်။ ဇာတ်လမ်းပိုင်းမှာလည်း မဆီမဆိုင်တွေ လျှောက်ထည့်ပြီးတခြားကားတွေကို မမှီတာ တွေ့ရပါတယ်။နောက်ပြီး ဒီကားမှာ ခါတိုင်းလို အသတ်အဖြတ်တွေအပြင်ကိုယ်လုံးတီးခန်းတွေပါ ပါဝင်တဲ့အတွက် ကြည့်ရှုမယ်ဆို သတိချပ်စေလိုပါတယ်ဗျ။ File size…   4.4 GB / 1.3 GB Quality… WEB DL 1080p ...
movie

Wishmaster 3: Beyond the Gates of Hell (2001)

Wishmaster: The Prophecy Fulfilled (2002) 4.0
Wishmaster: The Prophecy Fulfilled (2002) Genre – Fantasy, Horrorဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ၄ ကားမြောက်နဲ့ နောက်ဆုံးကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အရင် ၃ ကားလုံးမှာ မဖြစ်ဖူးတဲ့တတိယမြောက်ဆုတောင်း ပြည့်တဲ့ထိ ပါဝင်တာကို မြင်ရမှာပါ။ဒါပေမဲ့လည်း အခက်အခဲလေးတော့ ရှိနေပါတယ်ဒါကတော့ ဂျင်ဘဲကြီးဟာ ဒီကားထဲမှာ လူသားဆန်လာပြီးကောင်မလေးကို ချစ်ကြိုက်သွားမိခဲ့တာပဲ ဖြစ်ပါတယ်။ ထားပါ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆိုလီဆာနဲ့ ဆမ်ဆိုတာ သိပ်ချစ်ကြတဲ့ စုံတွဲလေးပါဒါပေမဲ့ ဆမ်တစ်ယောက် ဆိုင်ကယ်မတော်မဆဖြစ်ပြီးအောက်ပိုင်းသေရာကနေ ဒီအတွဲလေးကအရင်တုန်းကလို ချစ်ဇောဟုန်တွေ မပြင်းထန်တော့ပဲဆမ်လည်း အရက်သမားဖြစ်ပြီး လီဆာတစ်ယောက်ပဲအမှုနိုင်ဖို့ မိတ်ဆွေရှေ့နေ ဗာဒယ်နဲ့အတူ ပူးပေါင်း ကြိုးစားနေပါတယ်။ ပြဿနာတွေမှာ ဒီရှေ့နေလည်း ပါပါတယ်သူကလည်း လီဆာလေးကို အခွင့်ရရင် ရသလို စားချင်နေတဲ့ကြောင်ဖားကြီးပါ တစ်ရက်ကျ ကြောင်ဖာကြီးလုပ်ဖို့လက်ဆောင်ဝယ်ပေးရာကနေ ထုံးစံအတိုင်း ဂျင်ကို နိုးထစေခဲ့ပါတယ်။ ဒီလိုနဲ့ ခါတိုင်းလိုပဲ လူတွေကို ဆန္ဒတွေထုတ်ဖော်ပြဿနာတွေပေးပြီး သူ့မျိုးနွယ်ဂျင်တွေကိုကမ္ဘာပေါ်ခေါ်နိုင်မလား ချစ်မိသွားတဲ့ လူသားမလေးနဲ့အဆင်ပြေအောင်နေမလားဆိုပြီး ဂျင်ဇိုးကြီးတစ်ယောက်ဗြာတွေများပြီး ပြဿနာတက်ရတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကိုယ်လုံးတီးတွေ ...
movie

Wishmaster: The Prophecy Fulfilled (2002)

Krishnamma (2024) 6.4
Krishnamma (2024) Krishnamma (2024) "ပုရွက်ဆိတ်များ"ရီဗျူးကောင်းတွေ ရထားတဲ့ တေလဂူး အက်ရှင်ဇာတ်လမ်းအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် တေလဂူးအက်ရှင်ဆိုတဲ့အတိုင်း နုရွနေမှာမဟုတ်ဘဲ အောက်ခြေလူနေမှုဘဝတွေကို မြင်တွေ့ရမယ့်ကားပါမြေကြီးထဲ ခန္ဓာကိုယ်မြှုပ်ထားခံရပြီး ခေါင်းတစ်ခုတည်းပေါ်နေတဲ့ အလောင်းတစ်လောင်း -- တစ်ခေါင်းလုံး သကာရည်တွေအလောင်းခံထားရပြီး ပုရွက်နီအပြုံလိုက်တက်နေတဲ့ လူသတ်မှုတစ်ခုအစကပြန်ကောက်ရရင် ရွာတစ်ရွာမှာ မိဘမဲ့ သူငယ်ချင်းသုံးယောက်ရှိတယ် ရှီဗာ၊ ကိုတီနဲ့ ဘာဒရာရယ်... ပေါ့ပေါ့နေ ပေါ့ပေါ့စား တွယ်တာစရာဆိုလို့ ဘာမှမရှိတဲ့ မိဘမဲ့တွေ သူတို့အလုပ်က အသေးစားဒုစရိုက်လေးတွေ အရောင်းအဝယ်လေးတွေ လိုက်လုပ်မယ် ပြီးရင် အရက်သောက်မယ် ဒါပဲ... သူများတကာလို မိသားစုဘဝကို လိုချင်ပေမယ့် သူတို့အချင်းချင်းပဲ ညီအစ်ကိုလို မိသားစုဝင်လို သဘောထားကြတယ်ဒီလိုကနေ ဒုစရိုက်လောကထဲက ရုန်းထွက်ဖို့လုပ်ပေမယ့် ရုန်းမထွက်နိုင်ပဲ ရှုပ်ထွေးတဲ့ အမှုတစ်ခုထဲ တွန်းပို့ခံလိုက်ရချိန်မှာတော့ ...ဘာတွေဆက်ဖြစ်မှာလဲ ပုရွက်ဆိတ်လို သူတို့ဘဝတွေကို တန်ဖိုးမရှိသလို သဘောထားခဲ့တဲ့ လူကို ပုရွက်တွေကိုက်ပြီး အသက်ဆုံးရအောင် ရက်ရက်စက်စက် လက်စားချေတဲ့ ဇာတ်လမ်းတစ်ပုဒ် ဘယ်လိုဖြစ်လာလဲဆိုတာ ပရိသတ်ကြီးကပဲ ရှုစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie

Krishnamma (2024)

2024
Sweet Dreams (2024) 5.4
Sweet Dreams (2024) Sweet Dreams (2024) ================ IMDb - 5.4/10လမ်းမှားရောက်နေတဲ့သူအားလုံးဟာ အရင်တစ်ချိန်က ကောင်း ကောင်းမွန်မွန်ဘ၀ကို ပြန်ရဖို့ အိမ်မက်လှလှလေးမက်မိတာ သ ဘာ၀ပါပဲ။ မော်ရစ် တစ်ယောက်ဟာ အရက်စွဲနေတာကြောင့် မူးယစ်ဆေးဖြတ်တဲ့သူတွေစုနေတဲ့ Sweet Dreams ဆိုတဲ့ ဂေ ဟာကိုရောက်လာပါတယ်။ ဂေဟာမှာက မူးယစ်သေစာအမျိုး မျိုးစွဲလမ်းနေတဲ့ လူတန်းစားအမျိုးမျိုးရှိနေပြီး ရောက်ခါစမှာ တော့ မော်ရစ် တစ်ယောက် လိုက်လျောညီထွေစွာနေနိုင်ဖို့ရုန်း ကန်ရပါတယ်။သူတို့တွေဟာ အပျော်တမ်း ဆော့ဖ်ဘောကစားကြလေ့ရှိပြီး တစ်နေ့မှာတော့ ဂေဟာရဲ့ငွေကြေးအခက်အခဲကြောင့် ဒေါ်လာ ရှစ်သောင်းရရှိမယ့် ပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ကြပါတယ်။ အဲဒီအခါ မှာတော့ မော်ရစ် ဟာ မထင်မှတ်ဘဲ သူတို့ဂေဟာရဲ့ ဆော့ဖ် ဘောအသင်းကို နည်းပြလုပ်လိုက်ရပါတယ်။ အားကစားကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တဖြည်းဖြည်းနဲ့ နားလည်မှု၊ နွေးထွေးမှုတွေရှိလာကြပုံတွေ... မော်ရစ်တစ်ယောက်သူချစ်ရတဲ့ သမီးလေးနဲ့ ပြန်တွေ့ရဖို့နဲ့ သူ့ရဲ့အရင်အောင်မြင်ခဲ့တဲ့ဘ၀ကို ရရှိဖို့ ပြန်လည်ကြိုးစားပုံတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(2.16 GB) / (920 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, ...
movie

Sweet Dreams (2024)

2024
The Legend of Yang Jian ( 2024 ) 5.7
The Legend of Yang Jian ( 2024 ) ဒီဇာတ်ကားလေးကတော့ တရုတ်ပြည်မှာနာမည်ကြီး တန်ခိုးကြီးနတ်မင်းတစ်ပါးဖြစ်တဲ့ယန်ကျန်နတ်မင်းရဲ့ လူ့ဘဝတုန်းကအကြောင်းလေးကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ : လူ့ပြည်မှာကောင်းကင်နဲ့မြေကြီးကိုတောင်ခွဲနိုင်တယ်ဆိုတဲ့ ဖန့်ကူပုဆိန်တစ်လက်ရှိပါတယ် ။ အဲဒီပုဆိန်က ကောင်းတဲ့လူ လက်ထဲရောက်ရင်တော့ လောကသားတွေအတွက် အကျိုးရှိမှာဖြစ်ပြီးတော့ မကောင်းတဲ့သူရဲ့လက်ထဲမှာဆိုရင်တော့ တော်တော်လေး ဒုက္ခများစေမဲ့အရာလည်းဖြစ်ပါတယ် ။အဲဒါကြောင့် အဲဒီဖန့်ကူပုစိန်ထဲက ဖန့်ကူနှလုံးကို နတ်မင်းကြီးဖုရှီးက ထုတ်ယူပြီးတော့ မျိုးနွယ်စုနှစ်ခုကိုကာကွယ်စောင့်ရှောက်စေခဲ့ပါတယ် ။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ယန်ကျန်ဟာ သူတို့ကျင်းရှားဂူမှာအတော်ဆုံးတပည့်လည်းဖြစ် ဆရာဖြစ်တဲ့သူကလည်း သူ့ကိုယုံကြည်တာမို့ ဆရာတံခါးပိတ်မကျင့်ကြံခင်မှာ သူ့ကို ဓားစံအိမ်ကဖန့်ရှင်းနှလုံးကိုကြည့်ရှု‌ကာကွယ်ထားဖို့တာဝန်တစ်ခုပေးခဲ့ပါတယ် ။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းတဲ့ယန်ကျန်ဟာ သတိလက်လွတ်နေရင်းနဲ့ ဖန့်ကူနှလုံးဟာလည်း အခိုးခံလိုက်ရပါတော့တယ် ။အပြစ်ရှိစိတ်နဲ့ယန်ကျန်ဟာ သူ့တာဝန်သူကျေပွန်စေရမယ်ဆိုပြီး ဖန့်ကူနှလုံးကိုခိုးသွားတဲ့သူနောက်ကိုလိုက်ရင်းနဲ့ သူ့ရဲ့စွန့်စားခန်းစာတင်ခဲ့ပါတော့တယ် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : History , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie

The Legend of Yang Jian ( 2024 )

Zara Hatke Zara Bachke (2023) 6
Zara Hatke Zara Bachke (2023) Zara Hatke Zara Bachke (2023) အိမ်ကလေးတစ်အိမ်IMDb - 6.5/10ဒီနေ့မှာတော့ ဘောလီးဝုဒ်ရဲ့ ထိပ်တန်းနာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ castတွေကတော့ ဆာရာအလီခန်းနဲ့ ဗစ်ကီတို့ဆိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်တော့ပါဘူး။ တခြားနာမည်ကြီးcastတွေလည်း ပါတဲ့အပြင် ဆုတွေလည်းရထားတဲ့ ဇာတ်ကားမို့ သေချာပေါက်ကြည့်ရှုရမယ့်ကားလေးပါ။ ဒါ့အပြင် ဘတ်ဂျက် ၄၀ကုဋေသုံးထားတာကို Box office ၁၁၆ ကုဋေ ပြန်ရထားတဲ့ဇာတ်ကားလေးပါ။ကာပူနဲ့ ဆိုမူယာတို့ဟာ မိဘတွေအိမ်မှာနေကြတဲ့ဇနီးမောင်နှံပါ။ တစ်ရက်တော့ နေစရာအိမ်မရှိလို့ သူတို့အိမ်ပေါ်တက်လာတဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူကြောင့် သူတို့အခန်းကိုပေးလိုက်ရပြီး ဧည့်ခန်းမှာ အိပ်ဖို့ဖြစ်လာခဲ့တယ်။ ပြီးရင်လုပ်သမျှ အပြစ်ပြောနေတဲ့ ယောက်ျားရဲ့ အဒေါ်ဖြစ်သူကြောင့် ဆိုမူယာဟာ စိတ်ကျဥ်းကျပ်နေခဲ့ပါတယ်။ ကျောင်းဆရာမ ဆိုမူယာ နဲ့ ယောဂဆရာကာပူတို့ဟာ ရသမျှ ငွေလေးနဲ့ ကွန်ဒိုဝယ်ဖို့လုပ်တော့လည်း ဘတ်ဂျက်နဲ့ မကိုက်ပြန်ပါဘူး။ ဒီလိုနဲ့အလုပ်ကနေ ပြည်သူ့အိမ်ရာစီမံကိန်းအကြောင်း ကြားလာတဲ့ဆိုမူယာဟာ ယောက်ျားကို အဲဒီမှာ အိမ်ဝယ်ဖို့ တိုက်တွန်းတော့တယ်။ ဒါပေမဲ့ယောက်ျားဖြစ်သူကတော့ အိမ်မဝယ်ဘဲ မိဘအိမ်မှာပဲ ဆက်နေချင်နေပါတယ်။ဒီလိုနဲ့ သဘောထားမကိုက်ကြတဲ့နှစ်ယောက်သား အဆင်ပြေသွားမလား။ သူတို့ရဲ့အိပ်မက်အတိုင်း အိမ်ပိုင်လေးရှိလာမှာလား။ ဘာပြဿနာတွေ ကြုံလာမှာလဲဆိုတာကို အိမ်ထောင်ရေးမှာ ကြုံရတတ်တဲ့ ...
movie

Zara Hatke Zara Bachke (2023)

2023
Blood Hangs In The Coffin ( 2024 ) 5.6
Blood Hangs In The Coffin ( 2024 ) တာ့မင်ပြည်မှာ အကျင့်ပျက်ချစားနေတဲ့ တုန်းချန်စစ်တပ်နဲ့ညွှန်းကြားရေးမှူးတစ်ဦးရှိပါတယ် ။ သူကရုံး‌တော်ကတခြားအမတ်တွေနဲ့ပေါင်းပြီ းလာဘ်စားကြတာကြောင့် ပြည်သူတွေလည်း အခွန်အခတွေများပြီး ဆင်းရဲဒုက္ခတွေကြုံရတာပေါ့ ။ဒီလိုအကျင့်ပျက်ချစားမှုတွေကို ဖူအိမ်‌တော်က သခင်ကြီးဖူကသေချာစုံစမ်းပြီး အမှုမှာပါဝင်နေတဲ့အမတ်တွေနဲ့နာမည်ကိုချရေးပြီး မင်းကြီးဆီတင်ပြဖို့လုပ်ပါတော့တယ် ။ဒါပေမဲ့ မထင်မှတ်ထားဘဲ တုန်းချန်စစ်တပ်တွေဆီကနေ လုပ်ကြံခံရပြီး အငယ်ဆုံးသမီးလေးတစ်ယောက်တည်းရှင်သန်လွတ်မြောက်ခဲ့ပါတယ် ။ညွှန်ကြားရေးမှူးဟာ သူတကယ်လိုချင်တဲ့နာမည်စာရင်းကိုမရလိုက်တဲ့အပြင် လူတစ်ယောက်ကပါလွတ်သွားတော့ ဒေါသထွက်ပြီး အခေါင်းတစ်ခုကို ဖူအိမ်မှာပဲ ဖူအိမ်ကအိမ်သား၃၄ယောက်ရဲ့ခေါင်းတွေထည့်ပြီးချိတ်ဆွဲစေခဲ့ပါတယ် ။နှစ်၂၀ကြာပြီးတဲ့အချိန်မှာတော့ ညွှန်းကြားရေးမှူးက မတော်တဆ သူတစ်အိမ်လုံးအပြတ်ရှင်းခဲ့တဲ့ဖူအိမ်ကိုပြန်ရောက်လာချိန်မှာတော့... သူသတ်ခဲ့တဲ့ဖူအိမ်ဆိုတာကိုမှတ်မိပါ့မလား လွတ်သွားတဲ့ကလေးကရော သူ့ကိုရန်သူအဖြစ်သဘောထားနေအုံးမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးဖြစ်လို့ စောင့်ကြည့်ပေးဖို့‌မမေ့ပါနဲ့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Blood Hangs In The Coffin ( 2024 )

Remember (2024)
Remember (2024) သေရာပါ မှတ်ဉာဏ် (၂၀၂၄)ထီဟာ မွေးရာပါ မှတ်ဉာဏ် စွမ်းဆောင်ရည် မြင့်မားလွန်းတဲ့လူတစ်ယောက်ပါ။ထီတို့မိသားစုဟာ ကားမတော်တဆမှုကြောင့် အမေနဲ့အစ်ကိုကို ဆုံးရှုံးခဲ့ပြီး အဖေဖြစ်သူဟာ အယ်ဇိုင်းမားရောဂါ ဖြစ်သွားပါတယ် တစ်နေ့မှာတော့ သူ့အဖေဟာအလုပ်ကနေအပြန် အလောင်းတစ်လောင်းကိုတွေ့ရာကနေ လူသတ်မှုနဲ့စွဲချက်တင်ခံလိုက်ရပါတယ်ထီဟာ သူ့အဖေအပြစ်ကင်းကြောင်းသက်သေပြဖို့ အရမ်းတော်တဲ့ရှေ့နေထွတ်စဖွန်ကိုငှားချင်ခဲ့ပါတယ် ဒါပေမယ့် ငွေမက်တဲ့ ရှေ့နေထွတ်စဖွန်ဟာ သူ့ကိုလွယ်လွယ်နဲ့မကူညီပေးခဲ့တဲ့အတွက် မှတ်ဉာဏ်ကောင်းတဲ့ ထီဟာ လောင်းကစားရုံတခုမှာသွားပြီး ပိုက်ဆံရှာနိုင်ခဲ့လို့ ရှေ့နေငှားနိုင်ခဲ့ပေမဲ့ ထီရဲ့အဖေကတော့ ရှေ့နေငှားမှ ထောင်လုံးလုံးကျသွားခဲ့ပါတယ်။ထီကတော့ ရှေ့နေတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့မှတ်ဉာဏ်ကို အသုံးချပြီးတော့ သူ့အဖေ ထောင်ကနေလွတ်ဖို့ အမှုပြန်လိုက်နိုင်မလား ဆိုတာကတော့ “သေရာပါမှတ်ဉာဏ်”ဇာတ်လမ်းတွဲမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ပါနော်အညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Law, Mystery, Romance Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. ...

Remember (2024)

We Are (2024)
We Are (2024) သူငယ်ချင်းထက် ပိုသော (၂၀၂၄)BL CP နာမည်ကြီးတွေထဲကတစ်တွဲဖြစ်တဲ့ Pond-Phuwinရဲ့ကားသစ်ဖြစ်တဲ့ ကျောင်းသားကားblသစ်လေးထွက်ရှိလို့လာပြန်ပါပြီ။ Fish upon the sky ကနေစလို့ Never let me go အထိ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့သူတို့ ဒီကားလေးမှာရော ဘယ်လိုတွေရိုကြချိုကြဦးမလဲ ဆိုတာကို CMနဲ့အတူ ရှုစားပေးကြပါဦး။ကျွန်တော်တို့ဘဝမှာ အပူအပင်ကင်းကင်းနဲ့ အပျော်ရဆုံးအချိန်တွေလို့ပြောရင် အရင်ဆုံးတွေးမိတာ အထက်တန်းကျောင်းသားဘဝဖြစ်ပြီး ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုနဲ့ စိတ်ကစားခဲ့ဆုံးအချိန်ကာလကတော့ တက္ကသိုလ်ကျောင်းသားဘဝပါပဲ။အခုဒီကားလေးထဲမှာမြင်ရမှာကလည်း ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ဆယ်ကျော်သက်ဘဝကျွတ်ခါစ မြီးကောင်ပေါက်တစ်သိုက်အကြောင်းပေါ့။ ကျောင်းသားဘဝရဲ့ အခက်ခဲဆုံးလို့ထင်ခဲ့တဲ့ ပညာသင်ကြားချိန်တွေ၊ ပင်ပန်းလှပါပြီဆိုတဲ့ စာမေးပွဲ‌တွေ၊ အချိန်ဘယ်လောက်ပဲမပေးနိုင်ဘူးပြောပြော သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာတွေ၊ နောက်ဆုံးအနေနဲ့ ချန်လှပ်ထားခဲ့လို့မရတာကတော့ အဖြူရောင်သံယောဇဉ်ကနေ အရောင်ပြောင်းစပြုလာတဲ့ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုရမှာပါ။တခြားBLတွေနဲ့မတူတာကတော့ Side CPအတွဲတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အဆင်လေးတွေချည်းသက်သက်စုထားတဲ့စီးရီးလေးဆိုတော့ အောက်မေ့လွမ်းဆွတ်ဖွယ် တက္ကသိုလ်ကျောင်းသားဘဝလေးကို အဆင်ငမ်းရင်း ပြန်တမ်းတလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

We Are (2024)

2024
Two Worlds (2024)
Two Worlds (2024) ကမ္ဘာနှစ်ခု (၂၀၂၄)ကမ္ဘာခြားတဲ့ချစ်ခြင်းလေးလာပါပြီနော် ခရမ် ရဲ့ချစ်ရသူ ဖူဖာ အသတ်ခံရပြီးတဲ့နောက်မှာ ခရမ်ဟာအမှတ်မထင် ကမ္ဘာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်အဲဒီတစ်ဖက်ကမ္ဘာမှာတော့ ထိုင် ဆိုတဲ့ကောင်လေးနဲ့ ခရမ် ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ချစ်သူတွေဖြစ်နေပါတယ်ဒါပေမဲ့ ခရမ် က ထိုင် အဖေသတ်လို့ သေခဲ့ပြီးပါပြီ ဒါပေမဲ့ တစ်ဖက်ကမ္ဘာကနေရောက်လာတဲ့ သူ့ရဲ့သေသွားတဲ့ချစ်သူနဲ့တူနေတဲ့ ခရမ် ကို ထိုင် တစ်ယောက် အမှတ်မထင် ပြန်မြင်လိုက်ရတဲ့အခါ ...ကမ္ဘာနှစ်ခုခြားနေတဲ့ချစ်သူနှစ်ယောက် ဒီကမ္ဘာမှာရော ရေစက်ပြန်ဆုံကြမလားဆိုတာကို အတူစောင့်ကြည့်လိုက်ရအောင်လားရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Noe တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator .....  Shin, Cali, Noe Encoder ..... Aaron720pEpisode 01 - Userdrive ...

Two Worlds (2024)

2024
My Precious The Series (2024)
My Precious The Series (2024) မြတ်နိုးရတဲ့ အဖိုးတန်လေး (၂၀၂၄)ကျောင်းတော်ကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အလွမ်းပြေစေဖို့အတွက် Teen dramaထဲမှာ လျှမ်းလျှမ်းတောက်‌ အောင်မြင်ခဲ့တဲ့ You are the apple of my eyesရဲ့ thai remake version‌ ဖြစ်တဲ့ My Precious ဆိုတဲ့ ထိုင်းရုပ်ရှင်ကားလေးက စီးရီးအနေနဲ့ ထွက်ရှိလာပါပြီ။ Bad Buddyထဲက Ohmနဲ့ Nanonအပြင် Dangerous romance ထဲက ဟိုက်ပါလေးChimonနဲ့ Only friendsထဲက စားဘဲလေးNeoကိုပါ ဗရုတ်သုတ်ခသူငယ်ချင်းတစ်စုအဖြစ် မြင်တွေ့ရမှာပါ။အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်က‌တော့ အားကျတတ်ကြ‌ပေမဲ့ အချိန်တွေကြာတဲ့အထိ အတန်း‌ဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့ အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။ တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆို‌တဲ့ သူငယ်ချင်း ၅ ယောက်ဟာ အတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ဗရုတ်တစ်သိုက်ပါ။ ဒီထဲမှာမှ မနိုင်စိန်ကတော့ ခေါင်းဆောင်ကြီး တုန် ပေါ့။တစ်နေ့မှာ တုန်တို့အဖွဲ့က ထုံးစံအတိုင်း ...

My Precious The Series (2024)

2024
Law-less (2024)
Law-less (2024) ဥပဒေမရှိတဲ့ ဥပဒေသား (၂၀၂၄)P’Leeကိုတော့ အချစ်ဇာတ်ကားတွေနဲ့ အကျွမ်းတဝင်ရှိကြမှာပါ ဒီတစ်ခါမှာတော့ P’Leeနဲ့P’Namtanတိုရဲ့ မြင်နေကြနဲ့မတူတဲ့ မာဖီးယား typeမျိုးကို ကြည့်ကြရမှာပါ ပရီဖတ်ဟာ အမေဖြစ်သူ မာဖီးယားတချိုသတ်တာခံရလိုက်ရတာကို ကိုယ်တိုင်မြင်ခဲ့ပါတယ် ဝင်းဟာ မိခင်ကိုဆုံးရှုးခဲ့သော်လည်းအာဏာပိုင်တွေလက်ထဲက ဥပဒေကို မဆန့်ကျင်နိုင်ခဲ့ပါဘူး ဒါကြောင့်လည်း အမေ့အတွက်လက်စားချေမဲ့စိတ်နဲ့ ရှေ့နေဖြစ်ဖိုကြိုးစားခဲ့ပါတယ် ရှေ့နေဖရောင်နဲ့ရင်းနှီးခဲ့ပြီးနောက်မှာ ဥပဒေမဲ့တဲ့အာဏာရှင်တွေကို ဘယ်လိုတိုက်ထုတ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ “ဥပဒေမရှိတဲ့ ဥပဒေသား”ဇာတ်ကားမှာ ကြည့်ရှုလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တိုပဲ ဖြစ်ကြပါတယ်။Genre..... Action, Drama Quality…. 1080p | 720p File size… 250MB | 700MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake ...

Law-less (2024)

2024
BEGINS ≠ YOUTH (2024) [Complete]
BEGINS ≠ YOUTH (2024) [Complete] BEGINS ≠ YOUTH (2024)**********************အပိုင်း (၁ မှ ၁၂) စ/ဆုံး ဒီ Seriesကတော့ ARMY တွေအားလုံးသိကြတဲ့ BTS UniverseSave Me webtoon ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Story line ကိုတော့ Save Me MV မှာတွေ့ဖူးကြမှာပါ။အခက်အခဲကိုယ်စီရှိကြတဲ့ လူငယ်လေး ၇ ဦးလွှတ်တော်အမတ်ရဲ့သားတစ်ယောက်လည်းဖြစ် ရုပ်ရည်ကလည်းကြည့်ကောင်းအားလုံးအမြင်မှာပြီးပြည့်စုံတဲ့ဘဝကြီးပိုင်ဆိုင်ထားရတဲ့ကောင်လေးဆိုပေမဲ့လက်တွေ့မှာ ဘဝကြီးကို အဖေပုံသွင်းတဲ့အတိုင်းနေထိုင်ရပြီးတော့ကိုယ့်ခံစားချက်ကိုထုတ်ဖော်ခွင့်မရတဲ့ Kim Hwan၊စကားသိပ်မပြောပေမဲ့ နွေးထွေးတဲ့စိတ်ထားရှိတဲ့ကောင်လေး Min Ceinအမေက သူ့အတွက်အရာရာဆိုပေမဲ့ လူတိုင်းက အမေ့ကိုသတ်ပြီးအိမ်ကိုမီးရှို့ကောင်ဆိုပြီး ​ဆိုးဝါးတဲ့ကောလာဟလတွေဖြန့်ကြတယ်။ဒီလိုကြုံတွေ့ရတဲ့သူ့အတွက် စိတ်သက်သာရာရစေတာ ပီယာနိုတီးခြင်းပါပဲ။အကကရတာနှစ်သက်ပြီး အကောင်းမြင်စိတ်ရှိတဲ့ Jung Hosu ကတချိန်တည်းက ကစားကွင်းထဲမှာ ပစ်ထားခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။တာဝန်ယူစိတ်အပြည့်အဝရှိတဲ့ Kim Dogeonဆင်းရဲတဲ့မိသားစုကြောင့် စောစောစီးစီးရင့်ကျက်သူဖြစ်လာတဲ့ခဲ့တဲ့သူကျောင်းစာတစ်ဖက် အလုပ်တစ်ဖက်လုပ်နေပေမဲ့လည်းကျောင်းစာမှာလည်းအမြဲတမ်းအမှတ်ကောင်းကောင်းရနေသူ၊တောက်ပတဲ့အပြုံးလေးရှိတဲ့ Park Haruငယ်ငယ်တုန်းဖြစ်ခဲ့တဲ့ အကြောက်တရားကြောင့်သူ့ကိုယ်သူဘယ်သူလဲဆိုတာအမြဲတမ်းမေးခွန်းထုတ်နေတတ်ပြီးတော့မိသားစုတွေနဲ့အလိမ်အညာစကားတွေနဲ့ ကာကွယ်ခံထားရတဲ့သူပဲဖြစ်ပါတယ်။အရက်သမားအဖေနဲ့အတူတူနေရတဲ့ကောင်လေးတစ်ချိန်တုန်းက ကြင်နာနွေးထွေးခဲ့တဲ့အဖေဖြစ်ပေမဲ့မိခင်ဖြစ်သူ ထွက်သွားပြီးနောက်ပြောင်းလဲလာတဲ့အခါ..တစ်ချိန်က ကြင်နာတဲ့အဖေ ပြန်ဖြစ်ဖို့ မျှော်လင့်နေသေးတဲ့ Kim ...

BEGINS ≠ YOUTH (2024) [Complete]

2024
Club Friday Season 16 : Hot Love Issue, Young Love (2024)
Club Friday Season 16 : Hot Love Issue, Young Love (2024) ဖူးသစ်စ အချစ် (၂၀၂၄)မိုနစ်ရဲ့ မိဘတွေက အိမ်ထောင်မကွဲကြရုံတမယ် နေ့စဉ်နဲ့အမျှ ရန်ဖြစ်နေကြပြီး သမီးဖြစ်သူကိုလည်း ဂရုမစိုက်ပေးဘဲ ပိုက်ဆံပေးထားရင်ပြည့်စုံပြီပဲလို့ပဲသတ်မှတ်ထားကြတာဖြစ်သလိုကျောင်းမှာလည်း မိုနစ်ကို ခင်မဲ့သူငယ်ချင်းတစ်ယောက်မှမရှိဘဲ လိုက်နှောက်ယှက်တဲ့သူတွေ အနိုင်ကျင့်တဲ့သူတွေပဲရှိပါတယ်။ ဒီလိုနဲ့ စာဂျပိုးလေးမိုနစ်တစ်ယောက်က အပေါင်းအသင်းမရှိ အားနေစာပဲဖတ်နေရင်း လိုင်းပေါ်မှာ သူနဲ့အကြိုက်တူ ဝါသနာတူတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ခင်သွားကြပါတယ်။တစ်ယောက်အ‌ေကြာင်းတစ်ယောက် အတွင်းကျကျမသိကြဘဲ နှစ်ယောက်စကားစမြည်ပြောကြရင်း ပိုပိုပြီးရင်းနှီးလာလို့ အပြင်မှာတွေ့ဖို့ပါ ဆုံးဖြတ်လိုက်တဲ့အခါ.... ဒီလိုမျိုးလိုင်းပေါ်ကခင်မင်မှုကနေ ဘယ်လိုမထင်မှတ်ထားတဲ့အရာတွေဖြစ်လာမှာလဲ.....မိုနစ်တစ်ယောက် သူ့ရဲ့အွန်လိုင်းသူငယ်ချင်းနဲ့ ဘယ်လိုရှေ့ဆက်ဖြစ်သွားမှာလဲ.... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုချင်ရင်တော့ Club Friday Season 16: Young Love ဆိုတဲ့ဇာတ်ကားလေးကို အားပေးကြည့်ရှုနိုင်ပါတယ်။အညွှန်းကိုတော့ Kim က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kim, Su Myat, Blue တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 550MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Encoder ..... Aaron720p Episode 01 ...

Club Friday Season 16 : Hot Love Issue, Young Love (2024)

2024
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်းသစ် (၈၄) အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ အရမ်းကြွေခဲ့ရတဲ့ မယ်မယ် Lee ...

In Cold Blood (2024)

2024
Under the Bridge (2024) 8.742
Under the Bridge (2024)  Crime , Biography ကို Rating 7.3 နဲ့အတော်လေး မြင့်တဲ့အထဲမှာပါပါတယ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး လီယိုနာဒိုနဲ့တွဲရိုက်ထားတဲ့ Killer of the Flower Moonမင်းသမီးကြီး Lily Gladstone ဦးဆောင်ပါဝင်ထားပါတယ်...ဇာတ်လမ်းအညွန်းကိုပြောရရင်... ကနေဒါက ဗစ်တိုးရီးယားဆိုတဲ့ မြို့ငယ်လေးမှာ စပါတယ် မြို့လေးက မိဘမဲ့နဲ့အိမ်ရာမဲ့တွေအရမ်းများတဲ့ မြို့ငယ်လေးပါ...ဒီမြို့ငယ်လေးကို ရွှေ့ပြောင်းနေထိုင်သူအများစုနေထိုင်ကြပါတယ် အဲဒီထဲကမှ အိန္ဒိယကနေ ပြောင်းလာတာ မျိုးဆက် ၂ ဆက်ရှိပြီဖြစ်တဲ့ ဆူမန်...မန်ဂျီးတို့မိသားစုရှိပါတယ်ရီနာဟာ သူတို့မိသားစုမှာ တစ်ဦးထဲသောသမီးဖြစ်ပြီး မိသားစုကအရမ်းချစ်သလောက် သူကတော့ မိဘမဲ့ဂေဟာက လူမိုက်တွေနဲ့ပေါင်းပြီး Cool Kid ဖြစ်ချင်နေသူပေါ့...ကျောင်းမှာလည်း အရမ်းနှိမ်ခံရတဲ့အတွက် ကလေးလူမိုက်ဂိုဏ်းထဲဝင်မိလိုက်ပါတယ်...တစ်နေ့သူ့ကိုပါတီဆိုပြီး ဖိတ်လိုက်တာက တကယ်တော့ သူ့သေတွင်းဖြစ်မှန်းမသိဖြစ်နေခဲ့ပါတယ်....အုပ်စုဖွဲ့အနိုင်ကျင့်ခံရပြီး သေဆုံးသွားတဲ့ ရီနာရဲ့အမှုဟာ ဗစ်တိုးရီးယားက ရဲတွေ အာရုံစိုက်စရာဖြစ်လာပါတယ်....ရီနာရဲ့ လူသတ်တရားခံကို ရှာဖွေဖော်ထုတ်ဖို့အတွက် အရင်က ရန်ဘက်ဟောင်းတွေဖြစ်ခဲ့ဖူးတယ် ရဲမေ ကန်ဘန့်လန်နဲ့ ဂျာနယ်လစ်ရေဘက်ကာတို့ရဲ့ တာဝန်ဖြစ်လာပါတယ်( အညွှန်းနဲ့ ...
8.742
TMDb: 8.742/10 31 votes
tv

Under the Bridge (2024)

2024
Knuckles (2024) 7.729
Knuckles (2024)  Sonic the Hedgehog ထဲက နက်ကယ်လေးရဲ့ spin-off series ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက် ထွက်ရှိမယ့် Sonic 3 မတိုင်ခင် အလွမ်းပြေအနေနဲ့ ကြည့်ရှုနိုင်ဖို့ ပူပူနွေးနွေးတင်ဆက်ပေးလိုက်ပါတယ်။ဒီ miniseries လေးမှာတော့ Sonic ရဲ့ ဘော်ဒါကြီး ဂွကျသူ အနီရောင် အီခစ်ဒ်နာလေး နက်ကယ်က ဝိတ်ကို အီခစ်ဒ်နာ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးမှာပဲဖြစ်ပါတယ်။ ဝိတ်အဖြစ် Adam Pally နဲ့ နက်ကယ်အဖြစ် Idris Elba ကပဲ အသံသရုပ်ဆောင်ထားတာဖြစ်ပြီး အပိုင်း ၆ ပိုင်းထွက်ရှိထားပါတယ်။နက်ကယ်က ကမ္ဘာမြေကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရင်းနဲ့ ဝိတ်ကို အစ်ခစ်ဒ်နာ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးလိုက်ပါဆိုတဲ့ သူ့အကြီးအကဲရဲ့စကားကို လိုက်နာရင်း မစ်ရှင်အသစ်ကို ပြီးမြောက်အောင် လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကိစ္စတွေက ထင်သလိုမဖြစ်ဘဲ နက်ကယ့်ရဲ့အစွမ်းတွေကိုယူပြီး ရောင်းစားချင်တဲ့ အေးဂျင့်အဖွဲ့က သူတို့ကို ဒုက္ခပေးဖို့ ...
7.729
TMDb: 7.729/10 120 votes
tv

Knuckles (2024)

2024
Crooks (2024) 6.6
Crooks (2024)  Netflix ရဲ့ Rating 7 နဲ့ နောက်ဆုံးထွက်ဂျာမန်ဇာတ်လမ်းတွဲဖြစ်ပါတယ်.. ရှေးဟောင်း ဒင်္ဂါးပြားတစ်ပြားကို လိုက်လုကြရင်းနဲ့ ဖြစ်လာတဲ့ ဂိုဏ်းးစစ်ပွဲတွေကြားက ဘဝနဲ့ အက်ရှင် ဒရမ်မာပိုင်းကို ကောင်းကောင်းရိုက်ပြထားပါတယ်မိသားစုနဲ့အတူဘဝကိုအေးဆေးဖြတ်သန်းနေတဲ့ ချာလီဟာ လူကောင်းတော့မဟုတ်ပါဘူး အရင်က အိမ်တွေကို ခိုးဝင်အလစ်သုတ်မှုနဲ့ထောင်ကျဖူးပါတယ်...နောက်ပိုင်းထောင်ကထွက်လာပြီး သူကျွမ်းကျင်တဲ့ သော့ပညာနဲ့ သော့ဖျက်ပညာရှင်လုပ်နေပြီး ဘယ်သော့မဆို ဖျက်ပြနိုင်တဲ့ သော့ဝိဇ္ဇာတစ်ယောက်ပါတစ်နေ့ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းက ယူရိုသန်းချီတန်တဲ့ မီးခံသေတ္တာတစ်ခုကို ဖျက်ဖို့တာဝန်မှာ ချာလီဟာ အဓိက အရေးပါသူဖြစ်လာတဲ့အခါမှာတော့ အေးချမ်းနေတဲ့ ချာလီရဲ့ဘဝဟာက ဒီမီးခံသေတ္တာထဲက သန်းချီတန်တဲ့ပစ္စည်းတွေကို လိုက်လုနေတဲ့ ဂိုဏ်းစစ်ပွဲကြီးမှာ ပါဝင်ရပါတော့တယ်...( အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.3 GB)/(685 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:07:00 Genre...Action, Adventure, Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha ...
6.6
TMDb: 6.6/10 23 votes
tv

Crooks (2024)

2024
Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် ( ၃၉ )  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 ...

Su ji And U ri (2024)

2024
The Brave Yong Soo Jung (2024) 10
The Brave Yong Soo Jung (2024) The Brave Yong Soo Jung (2024) ****************************** အပိုင်းသစ် (၁၀)ဇာတ်လမ်းအညွှန်းယုံးဆူဂျောင်းက ဖျတ်လတ်တက်ကြွတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ ဟုမ်းရှော့ပင်းအစီအစဥ်တင်ဆက်သူအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။သူမရဲ့ရိုးသားပြီးကြိုးစားတဲ့စိတ်လေးကြောင့်လည်း အမျိုးသမီးပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ထားရသူပါ။ဒါပေမဲ့ သူမရဲ့နေ့စဥ်ဘဝမှာတော့ အဲဒီလိုမဟုတ်ဘဲ ကောင်လေးတစ်ယောက်ကို ကြိုက်မိပြီဆိုရင် အကြည့်ချင်းလည်းမဆုံရဲသလို ခံစားချက်တွေကိုလည်းမဖော်ထုတ်ပြတတ်ပါဘူး။အဲဒါကြောင့်ပဲ သူမရဲ့ဘဝက ရိုမန့်တစ်ဆန်ဖို့အမြဲခက်ခဲနေတတ်ပါတယ်။သူမကတော့ မာဆောင်းလုပ်ငန်းစုရဲ့ ဂျူဝူဂျင်ဆိုတဲ့ကောင်လေးကို ကြိတ်ပြီးသဘောကျနေတာပါ။ယောအွီဂျူဆိုတဲ့ကောင်လေးကတော့ ဥာဏ်ရည်မသန်စွမ်းတဲ့အမေဖြစ်သူနဲ့ အတူတူနေပြီး ဆင်းရဲတဲ့ဘဝကြားကနေ အလုပ်ကြိုးစားနေတဲ့သူလေးဖြစ်ပါတယ်။သူ့ဘဝအတွက်အရေးအကြီးဆုံးကတော့ သူ့အမေပျော်ရွှင်ရဖို့ပါ။တစ်နေ့မှာတော့ သူက မာဆောင်းလုပ်ငန်းစုရဲ့ ဒုတိယမြောက်မြေးဖြစ်နေတာကို သတင်းကြေညာမှုကနေ တဆင့်သိလိုက်ရပါတယ်။ဒီလိုနဲ့ပဲ ယုံးဆူဂျောင်းနဲ့စတင်ပြီး ပတ်သတ်မိသွားပါတော့တယ်။ချွဲဟယ်ရာကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲလောဘကြီးနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ တစ်စုံတစ်ခုကို လိုချင်ပြီဆိုရင် လမ်းခရီးမှာဘယ်အရာတွေပိတ်ပင်နေပါစေ မရရတဲ့နည်းနဲ့ သူ့အပိုင်ဖြစ်အောင်လုပ်တတ်သူပါ။ဒီလိုနဲ့ ယုံးဆူဂျောင်းနဲ့ ချွဲဟယ်ရာအကြား ဘယ်လိုပဋိပက္ခတွေဖြစ်လာမလဲ၊လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းအကြားမှာရော ဘယ်လိုရှုပ်ထွေးနက်နဲမှုတွေနဲ့ ရင်ဆိုင်သွားရမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့ကနေ သောကြာနေ့အထိ တစ်ဝကြီးကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။အဓိကဇာတ်လိုက်မင်းသမီးတွေအနေနဲ့ကတော့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ The Second Husband ထဲက Uhm Hyun-Kyung, Live your Own life ထဲက Lim Ju-Eun တို့က သရုပ်ဆောင်ထားပြီး မင်းသား ...
10
TMDb: 10/10 1 votes
tv

The Brave Yong Soo Jung (2024)

2024
Dhevaprom (2024)
Dhevaprom (2024) ထည်ဝါခမ်းနား ချစ်ပုံပြင်များ (၂၀၂၄)လအွန်ကျန်၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။ အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူ‌ထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ "အာဈနာချက္ကရာလည်ဆွဲ" ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။ အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။ အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။ ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ... တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့...ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ Action Romance Drama အပြင် Mystery‌ လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary ...

Dhevaprom (2024)

2024
Chief Detective 1958(2024)
Chief Detective 1958(2024) Chief Detective 1958(2024)*************************အပိုင်းသစ်( ၉) ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့Drama လေးကတော့Chief Detective 1958 ပဲဖြစ်ပါတယ်။ ဒီ Drama ဟာ 1971ကနေ 1989အထိကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequelဇာတ်လမ်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Taxi Driver မင်းသားလို့ပြောလိုက်ရင်မသိသူမရှိတဲ့ မင်းသား Lee Je Hoonနဲ့ Reply 1988 ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေရင်းနှီးပြီးသားအတည်ပေါက်နဲ့နောက်တဲ့မင်းသား Lee Dong Hwi တို့အပြင် အခြားသောနာမည်ရသရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာတော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအခါမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေဖြစ်တဲ့Jongnamရဲစခန်းရဲ့ခွေးရူးလို့ခေါ်ကြတဲ့ Kim Sang-sun ...

Chief Detective 1958(2024)

2024
My Stand-In (2024)
My Stand-In (2024) အဖြည့်ခံပန်းလေးတစ်ပွင့် (၂၀၂၄)ဝိဉာဉ်ကူးပြောင်းနေတဲ့ ဇာတ်လမ်းတွေ ရေပန်းစားနေချိန်၊ ဒီတစ်ခါမှာတော့ ထိုင်းဝိဉာဉ်ကူးပြောင်းခြင်း ဇာတ်လမ်းတွဲတွေ ယူဆောင်ပေးလို့လာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့... လူစားထိုးစတန့်သမား ဂျိုးတစ်ယောက် ရိုက်ကွင်းမှာ မတော်တဆဖြစ်ပြီး ချောက်ကမ်းပါးစွန်းက ပြုတ်ကျသေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက သူပြန်သတိရလာချိန်မှာ သူနဲ့နာမည်တူဂျိုးဆိုတဲ့ ကောင်လေးခန္ဓာကိုယ်ထဲ ရောက်နေတာပါပဲ။ ဒီလိုနဲ့ သာမန်ဘဝကို နေထိုင်ရင်း အရင်ဘဝက ရေစက်ဆုံခဲ့တဲ့သူတွေနဲ့ တစ်ကွေ့ ပြန်ဆုံပြန်ပါတယ်။ အတိတ်ဘဝက မှတ်ဉာဏ်တွေ သယ်ဆောင်ထားတဲ့ ဂျိုးတစ်ယောက် ဒီမှတ်ဉာဏ်တွေနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ။ ရေစက်ဟောင်းတွေကို ဘယ်လို ပြင်ဆင်ဖို့ လုပ်မလဲဆိုတာကို သိချင်စိတ်အပြည့်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Blue, Laris M တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. ...

My Stand-In (2024)

2024
The Escape of the Seven: Resurrection (2024) 6.8
The Escape of the Seven: Resurrection (2024) The Escape of the Seven: Resurrection (2024)********************************************အပိုင်းသစ် (၁၅) အားလုံးစောင့်မျှော်နေတဲ့ The escape of seven ရဲ့Season-2 ပြန်လည်ရောက်ရှိလို့လာပါပြီ။Cast တွေကတော့ S1 ကအတိုင်း Uhm Ki Joon၊ Hwang Jung Eum၊ Lee Joon၊Lee Yoobiစတဲ့ မင်းသားမင်းသမီးတွေက အဓိကပြန်လည်ပါဝင်ထားပါတယ်။ဘိုဘယ် မတော်တဆမှုကနေတစ်ဆင့် လက်စားချေမှုစတင်ခဲ့ကာသွေးကြွေးနဲ့အဆုံးသတ်ခဲ့ပြီးတော့ Do Hyuk က တရားခံဖြစ်လာပြီးသူ့ဘဝကိုဆုံးရှုံးခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။Do Hyuk က Matthew ရဲ့ ပုံစံအစစ်အမှန်ကို လူတိုင်းကိုချပြပြီးလက်စားချေဖို့ဒေါသတကြီးနဲ့ပြန်ရောက်လာခဲ့ကာ Kang Ki Tak နဲ့Medusa လို့အမည်ရတဲ့လူထူးဆန်းတစ်ယောက်က Do Hyuk ကိုကူညီဖို့ပေါ်လာခဲ့တယ်။Matthew က သူရဲ့ကိုယ်ရေးရာဇဝင်အတုနဲ့ တစ်လောကလုံးကိုလှည့်စားနေတာကို ရပ်မဲ့ပုံမပေါ်သလို သူရဲ့လက်စားချေမှု ပြီးမြောက်ဖို့အတွက်Do Hyuk ရဲ့အဖေဖြစ်သူ သူ့ဘဝနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့ Saungchan ...
6.8
TMDb: 6.8/10 18 votes
tv

The Escape of the Seven: Resurrection (2024)

2024
23.5 (2024)
23.5 (2024) ၂၃.၅ ဒီဂရီ တိမ်းစောင်းနေတဲ့အချစ် (၂၀၂၄)အုန်ဆာ/ အတ် အဖြစ် Milk pansa ဆန်း အဖြစ် Love Pattraniteဇာတ်လမ်းအကျဉ်းIntrovert တစ်ယောက်ဖြစ်ပြီး လူတွေအမြင်ကို အရမ်းဂရုစိုက် ရှက်တတ်တဲ့ အုန်ဆာဆိုတဲ့ ကောင်မလေးတစ်ယောက်က ဆယ်တန်းနှစ်မှာတော့ သူ့ဇာတိ ဖူးခက်ကနေ ဘန်ကောက်ကို ကျောင်းပြောင်းလာတက်ခဲ့ရတယ်အုန်ဆာ့လို အေးတဲ့သူတစ်ယောက် အိမ်၊ကျောင်း၊သူငယ်ချင်းအသစ်နဲ့တွေ့ရတာ မတူညီတဲ့ စကြဝဠာကြီး တစ်ခုကို ရောက်သွားသလိုပါပဲဒါပေမဲ့ အုန်ဆာက စကြဝဠာသစ်ကြီးရဲ့ နေမင်းကြီးဖြစ်တဲ့ ဆန်းဆိုတဲ့ သွက်လက်ချစ်စရာကောင်းတဲ့ ကောင်မလေးကိုတွေ့ပြီး သဘောကျသွားချိန်မှာတော့ IG မှာ follow ခဲ့ပါတော့တယ်အုန်ဆာနဲ့ ဆန်းတို့ စကားစပြောရာက အုန်ဆာက သူ့ကိုယ်သူ နေမင်းကြီးကို ၂၃.၅ ဒီဂရီတိမ်းစောင်းရင်း လှည့်ပတ်နေတဲ့ ကမ္ဘာကြီး(အတ်) လို့ မိတ်ဆက်လိုက်ရာက ဆန်းက သူ့ကို ယောက်ျားလေးလို့ ထင်သွားခဲ့ပါတော့တယ် ရှက်တတ်တဲ့ အုန်ဆာ တစ်ယောက် ဆန်းကို သဘောကျတဲ့ ခံစားချက်တွေကို ဖွင့်ပြောနိုင်ပါ့မလား ဆန်းကရော စကားပြောနေခဲ့တဲ့ အတ်က ယောက်ျားလေးမဟုတ်ဘဲ အုန်ဆာဆိုတာ သိသွားမှာလား ချစ်စရာမိန်းမပျိုလေးနှစ်ယောက်ကြားက သူငယ်ချင်းကနေ ...

23.5 (2024)

2024
Joy of Life (Season 2) 7.8
Joy of Life (Season 2) 2019 နှစ်ကုန်ကနေ 2020 နှစ်ဆန်းအထိ ထုတ်လွှင့်ခဲ့တဲ့ Joy Of Life Season 1 ရဲ့ အဆက်ဖြစ်တဲ့ Season 2 ကိုတော့ ဒီနေ့မှာ စကြည့်ရတော့မှာပါနော်ဒီ Season 2 မှာတော့ Season 1 တုန်းက ယန်ပင်းယွင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Xiao Zhan နဲ့ ယဲ့လင်အာနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Han Jiu Nuo က လွဲလို ကျန်တဲ့ဇာတ်ကောင်တွေအားလုံးက Season 1 က အတိုင်း ပြန်ပါလာတာမို အရင် Season 1 တုန်းကလို ရသအပြည့်နဲ့ ကြည့်ရဦးမှာပါဇာတ်လမ်းအညွှန်း အရင် Season 1 ရဲ့ ဇာတ်သိမ်းပိုင်းမှာ မင်းသား ၂, မင်းသမီးကြီးနဲ မင်းအိမ်တော်တို ပူးပေါင်းသွားတဲ့အပြင် ဖန့်ရှန်ကို သူတိုဘက်တော်သားဖြစ်အောင် သိမ်းသွင်းဖိုဖန့်ရှန်ရဲ့ ဆရာဖြစ်သူ ဖေ့ကျဲ့, ထန်ကျစ်ကျင်းရဲ့ သားလေးအပြင် ဖန့်စစ်ကျယ်တိုနဲ့ အကျပ်ကိုင်ပြီး ...
7.8
TMDb: 7.8/10 51 votes
tv

Joy of Life (Season 2)

2019
I-LAND S2-N/α (2024)
I-LAND S2-N/α (2024) I-LAND S2-N/α (2024)************************အပိုင်းသစ် (၅) 2020 ခုနှစ်မှာ ENHPYEN ဆိုတဲ့ Boy Group တစ်ခုမှာပွဲဦးထွက်ခွင့်ရဖို့အတွက် ​​ယောင်္ကျား​​လေး  ၂၃​ယောက်က ပြိုင်ပွဲဝင်ခဲ့ကြပါတယ်။အခု ၄နှစ်ကြာပြီးချိန် ၂၀၂၄ခုနှစ်မှာတော့ မိန်းက​လေး​တွေရဲ့ အလှည့်ပဲ ဖြစ်ပါတယ်။ဒီထဲက နောက်ဆုံးရွေးချယ်ခံရတဲ့ ၇ ယောက်သာ ပွဲဦးထွက်ခွင့်ရမှာဖြစ်ပါတယ်။I-Land N/α လို့​ခေါ်ဆိုကြတဲ့ I-Land 2 ဟာ Mnet က​နေ ဦး​ဆောင်ကျင်းပတာဖြစ်ပြီးပရိုဂျူဆာ​တွေအဖြစ် TEDDY, BIGNABG Taeyang , 24 , VVN , Monika နဲ့ Lee Jung တို့ပါဝင်ထားပြီး Storyteller အဖြစ် Song Kang ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။I-Land မှာ ကျန်ခဲ့ရမယ့် သူ​တွေကို trainee​ အချင်းချင်းနဲ့ ပရိုဂျူဆာ​တွေက vote ​ပေးနိုင်တဲ့အပြင်ပရိတ်သတ်ကလည်း Vote ​​ပေးလို့ရဦးမှာပဲ ဖြစ်ပါတယ်။​နောက်ဆုံးအချိန်ထိ ...

I-LAND S2-N/α (2024)

Genres

Archives