Channel Myanmar

New releases (2024)

Content at random


Movies

SEE ALL
Bad Romance: The Vicky White Story (2023) 6.1
Bad Romance: The Vicky White Story (2023)  စိတ်ဝင်စားစရာကောင်းသလို ဝမ်းနည်းစရာလည်းကောင်းတဲ့ ဖြစ်ရပ်မှန်ဒရာမာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားနာမည်ကိုBad Romance : The Vicky White Story လို့ပေးထားပြီးလက်ရှိ IMDb Rating 6.1 ရရှိထားပါတယ်။ဒီဇာတ်ကားကိုကြည့်လိုက်ရတာက Suicide Squad ထဲကဟာလေကွင်းနဲ့ ဂျိုကာကို အပြင်ဘ၀မှာ တကယ်လက်တွေ့မြင်လိုက်ရသလိုမျိုး Feeling ကိုတောင်ခံစားရစေပါတယ်။ဒီဇာတ်ကားကို ကေစီ၀ှိုက်ဆိုတဲ့ပုဒ်မကြီးများစွာနဲ့ထောင်ဒဏ်တစ်သက်တစ်ကျွန်းနီးပါး ကျသင့်ခံထားရတဲ့အကျဉ်းသားထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ၂၀၂၂ ခုနှစ်ကဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီကားလေးက ဘာလို့ဒရာမာဖြစ်ရပ်မှန် ဇာတ်ကားဖြစ်နေရလည်းဆိုတော့ အထက်မှာပြောခဲ့တဲ့ ကေစီဆိုတဲ့အကျဉ်းသား ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တာသူ့ရဲ့ထောင်ဖောက်  အရည်အချင်းတွေကျွမ်းကျင်လို့ မဟုတ်ဘဲနဲ့အချစ်ဆိုတဲ့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးလက်နက်ကိုအသုံးချပြီး လွတ်မြောက်လာလို့ပဲဖြစ်ပါတယ်။ဒီလိုမျိုးတွေဘယ်လို ဖြစ်လာခဲ့ရတာလဲဆိုရင်တော့ ကေစီနဲ့ သူယာယီထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင်ကအမျိုးသမီးအရာရှိဗစ်ကီနဲ့ တွေ့ရာကနေ စပြောရမှာပါပဲ။ဗစ်ကီဆိုတာကတော့ အရင်ယောက်ျားဖြစ်သူနဲ့ ကွာရှင်းထားပေမဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် အမြဲတမ်းသွားသွားကြည့်ပေးနေပြီး ထောင်နဲ့အိမ်နဲ့ပဲ လည်ပတ်နေတဲ့ပျင်းစရာဘ၀ကြီးကို ပိုင်ဆိုင်ထားရတဲ့အသက် ၅၀ ကျော်အမျိုးသမီးအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ကေစီကဗစ်ကီ့ကို တွေ့ကတည်းကမြင်မြင်ချင်း ကြွေဆင်းသွားခဲ့ပြီးတောက်လျှောက်ကြူပါတော့တယ်။ဗစ်ကီကလည်း အဓိပ္ပာယ်မရှိတဲ့ဘ၀ကြီးမှာ နေရတာကိုစိတ်ကုန်နေတဲ့သူဖြစ်တဲ့အတွက်သူတို့ နှစ်ယောက်ကြားမှာ အဆင့်တစ်ဆင့်တက်သွားဖို့ဆိုတာမကြာခဲ့ပါဘူး။ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက ...
movie

Bad Romance: The Vicky White Story (2023)

Dazed and Confused (1993) 7.6
Dazed and Confused (1993)  ဒီရုပ်ရှင်က ၁၉၇၆ ခုနှစ် မေလ ၂၈ ရက်မှာ အော်စတင်၊ တက္ကဆက်ဒေက အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းစာသင်နှစ် နောက်ဆုံးရက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ IMDb 7.6 , Rotten Tomatoes 93% အထိရထားပါတယ်။ဒီရုပ်ရှင်မှာ ဇာတ်လိုက်အုပ်စုတစ်ခုတည်းနဲ့ ဇာတ်လမ်းသွားတစ်ခုတည်းနဲ့မဟုတ်ဘဲ ကွဲပြားတဲ့ လူငယ်အုပ်စုတွေနဲ့ ဇာတ်ကောင်တွေရဲ့ ဆက်စပ်ထားတဲ့ ဇာတ်လမ်းတွေကို အဓိကထားပြီး ရိုက်ကူးထားတာပါ။ ဥပမာအနေနဲ့၊ နိုင်ငံတကာတန်း လူမိုက် စီနီယာကျောင်းသားတွေရဲ့ အကြမ်းဖက် သောင်းကျန်းကြတာတွေ၊ အားကစားသမားဖြစ်ပေမဲ့ ဘီယာသောက် ဝိ‌သောက် ပျော်ပါးရတာနှစ်ခြိုက်တဲ့ ဘောလုံး (ဘေ့စ်ဘော) ကစားသမားကျောင်းသားတစ်ယောက်နဲ့ အသင်းအတွက် အပျော်အပါးကိစ္စတွေကိုစွန့်လွှတ်ဖို့ရာ စာချုပ်ရေးထိုးဖို့ တိုက်တွန်းနေတဲ့ သူ့နည်းပြအကြောင်း၊ အရင်က အပျော်အပါးကိစ္စတွေကို လုပ်လေ့မရှိ‌ခဲ့ပေမဲ့ ဒီညနေရောက်တော့မှ ပါတီတစ်ခုကိုတက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ အထက်တန်းနှစ်က သိပ္ပံစာဂျပိုး ဂိသူငယ်ချင်းတစု၊ အထက်တန်းပထမနှစ်ကို စတက်ခါစမှာပဲ စီနီယာတစ်အုပ် ...
movie

Dazed and Confused (1993)

The Babadook (2014)
The Babadook (2014) Genre – Drama, Horror, Mystery IMDB – 6.8/10ဒီကားလေးက ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Psychological horror/Mystery အမျိုးအစား ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။Horror ကားကောင်းတွေရှားတဲ့အနေအထားမှာ လွန်ခဲ့တဲ့၁၀နှစ်လောက်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးကတော့ ဟော်ရာဖန်တွေကို အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းကတော့ အမ်မီလီရာဆိုတဲ့အမျိုးသမီးဟာ Single Mom တစ်ဦးဖြစ်ပြီး သူ့သားလေး ဆမ်မြူရယ်ကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်နေတာပါ။ သူ့အမျိုးသားကတော့ သူ့သားဖြစ်သူ ဆမ်မြူရယ်မွေးတဲ့နေ့မှာပဲ ကားမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ အမ်မလီရာဟာ ၇နှစ်ကျော်ပြီးဖြစ်ပေမဲ့ အဲဒီဆုံးရှုံးမှုကို လက်ရှိအချိန်အထိ ကြေကွဲတမ်းတနေသေးတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ သူ့သားလေးဖြစ်တဲ့ ဆမ်မြူရယ်က မျက်လှည့်ကို အရမ်းစိတ်ဝင်စားပြီး မကောင်းဆိုးဝါးတွေကိုလည်း ယုံကြည်တတ်တဲ့ကလေးတစ်ယောက်ပေါ့။တစ်ညမှာ မိခင်ဖြစ်သူက သားဖြစ်သူကို အိပ်ရာဝင်ပုံပြင်ဖတ်ပြရင်း "မစ္စတာဘာဘာဒေါ့ခ်"လို့ ခေါ်တဲ့စာအုပ်ကိုဖတ်ပြမိခဲ့တယ်။ အဲဒီညကနေစပြီး သူတို့သားအမိနှစ်ယောက်ရဲ့အိမ်မှာ ကြောက်စရာအဖြစ်အပျက်တွေ ဇယ်ဆက်သလိုပဲ ဆက်တိုက်ပေါ်ပေါက်လာခဲ့တော့တယ်။ဇာတ်လမ်းရဲ့အသက်ကတော့ သားအမိနှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ချစ်ခြင်းမေတ္တာလို့ပဲပြောရမယ်။ သရုပ်ဆောင်မင်းသမီး Essie Davis ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အတော်ပြောင်မြောက်တယ်။ ခင်ပွန်းသည်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ဒဏ်ရာရပြီးကြေကွဲနေတဲ့ဇနီးသည်၊ သားဖြစ်သူကအရမ်းဆိုးပြီး ထိန်းရခက်ပေမဲ့လည်း အချစ်မလျော့တဲ့မိခင်နေရာကနေ သရုပ်ဆောင်ထားတာက အတော်မိုက်ပြီး ရင်ထဲထိစေမှာအသေအချာပါပဲ။ထိတ်လန့်ခြောက်ခြားစရာအဖြစ်အပျက်တွေနဲ့ ကြည်နူးစရာချစ်ခြင်းမေတ္တာတို့ကို အချိုးကျပေါင်းစပ်လိုက်တဲ့အခါမှာ သိပ်ကိုလှပကောင်းမွန်တဲ့ Emotionally Investing ဖြစ်စေမယ့် ဟော်ရာကားတစ်ကားထွက်ပေါ်လာတော့တယ်။File size…    1.3 GB /  637 ...
movie

The Babadook (2014)

All Tied Up (1993) 4.5
All Tied Up (1993) Genre – Comedy, Crime၉၀ ဝန်းကျင်က အချောအမောတွေကို အမြင်တစ်မျိုးနဲ့ ပြန်ပြီးကြည့်ရှုရမယ့် ဟာသရိုမန့်စ်ကားလေး ဖြစ်ပါတယ်။ဘရိုင်ယန်ဆိုတဲ့ဘဲက အယ်အေကသတင်းစာတိုက်တစ်ခုက စာရေးဆရာ ဆော်ကြည်ဘဲတစ်ယောက်ပေါ့ဗျာ ဘားကနေ ဆော်ပေါင်းစုံကို သမပြီး ပတ်စားခဲ့လို့ မှတ်စုစာအုပ်နဲ့ပါ မှတ်ထားရတဲ့အထိရှိတယ်။ဒါပေမဲ့လည်း ဒီဘဲမှာ လင်ဒါဆိုတဲ့ချစ်သူလေးတစ်ယောက်ရှိတယ် သူ့ကိုတော့ Playboy ဘဝကို စိတ်ကုန်ပြီး အတည်တကျ လက်ထပ်ယူဖို့ ဆန္ဒရှိတော့ စေ့စပ်လက်စွပ်လေး ဝယ်ထားပြီး ခရီးက ပြန်လာရင် ခွင့်ပန်မယ်ဆိုပြီး ကြံထားတာပေါ့လေ။ဒီလိုနဲ့ တစ်ညကျ သူ့ဘော်ဒါ ဂေါ်မစွံဘဲကြီးကို ဆော်လေးတစ်ပွေနဲ့ ချိတ်ပေးလိုက်ရာက ဒီဆော်လေးက သူ့ဘော်ဒါနဲ့တင် အားမရပဲ သူ့ဆီကိုပါ အိမ်ကူးလာပါတယ်။ ဒါပေမဲ့ လိမ်မာသွားတဲ့ ဘရိုင်ယန်တစ်ယောက်ကတော့ စားဘဲကြီးမလုပ်ခဲ့ပဲ လိမ်လိမ်မာမာနဲ့ ကောင်မလေးကို ဒီတိုင်း ပြန်အိပ်ခိုင်းလိုက်ပါတယ်။မနက်ကျတော့ ညအချိန်မှ ခရီးကပြန်လာရမယ့် ချစ်သူလင်ဒါက မနက်စောစော စပရိုက်စ်တိုက်ဖို့ ရောက်ချလာပြီး ဘရိုင်ယန့်ကို ဆော်တစ်ပွေနဲ့ တွေ့လိုက်တဲ့အခါမှာတော့ စိတ်ကောက်ပြီး သူ့ဘော်ဒါ ၂ ယောက်ဆီ ပြန်သွားတဲ့အခါ ဘရိုင်ယန်တစ်ယောက် လိုက်ချော့တော့ မယ်မင်းကြီးမ ၃ ယောက်သား ပူးပေါင်းပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ဘရိုင်ယန့်ကို ဖမ်းဆီးကြိုးတုပ် အိမ်မှာ ဖမ်းထားလိုက်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပဲ ...
movie

All Tied Up (1993)

Mai (2024) 6.9
Mai (2024)  ၂၀၂၄ မတ်လ ၂၂ ရက်ကထွက်ရှိထားတဲ့ Mai ဆိုတဲ့ဗီယက်နမ်ရုပ်ရှင်ဟာ Romance ၊ Drama အမျိုးအစားဖြစ်ပြီးဗီယက်နမ်ရုပ်ရှင်ထုတ်လုပ်ရေး၊ ရုပ်ရှင်ရိုက်ကူးရေးနဲ့တည်းဖြတ်ရေးအပိုင်းတွေမှာ အရည်အသွေးထိပ်တန်းအဆင့်ရှိတဲ့ရုပ်ရှင်ဖြစ်ပါတယ်။Mai အဖြစ်သရုပ်ဆောင်တဲ့မင်းသမီးရဲ့ချောမောလှပမှုနဲ့တင်ကြည့်ရတာတန်တဲ့အပြင် ဇာတ်ကောင်အားလုံးကလည်းသရုပ်ဆောင်ပိုင်နိုင်စွာနဲ့ ဇာတ်လမ်းကိုသရုပ်ဖော်သွားတာမြင်တွေ့ရပါတယ်။ဘဝမှာအရွယ်နဲ့မလိုက်အောင် ဒုက္ခတွေအများကြီးကြုံတွေ့ခဲ့ရတဲ့ဗီယက်နမ်အမျိုးသမီးငယ်လေးရဲ့ဘဝကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************တိုက်ခန်းတစ်ခုကိုပြောင်းလာတဲ့မိုင်ဆိုတဲ့မိန်းကလေးကိုအိမ်နီးချင်းတွေက အသားလွတ်မကောင်းမြင်နေကြသလိုအလုပ်ထဲမှာလည်း မနာလိုမုန်းတီးခံရတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ အနှိပ်ခန်းတစ်ခုမှာအလုပ်လုပ်တဲ့မိုင်ဟာ သိပ်မကြာခင်မှာ အိမ်နီးချင်းဒွန်းဆိုတဲ့ကောင်လေးနဲ့ချစ်မိသွားပြီး မိုင်နဲ့ဒွန်းဟာ အသက် ၇ နှစ်ကွာဟတဲ့ချစ်သူတွေဖြစ်လာခဲ့ပါတယ်။ အရင်ကပွေရှုပ်ခဲ့တဲ့ဒွန်းဟာ မိုင်မှာရှုပ်ထွေးတဲ့အတိတ်ရှိခဲ့တာတောင် မိုင်နဲ့ပဲလက်ထပ်ချင်တဲ့အထိမိုင်ကိုစွဲလမ်းသွားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒွန်းက မိုင်ကိုမိခင်နဲ့ပေးတွေ့ဖို့ အိမ်ခေါ်သွားချိန်မှာတော့ ဒွန်းရဲ့မိခင်ဟာမိုင်နဲ့ညီအစ်မတွေလိုရင်းနှီးတဲ့ မိုင်ရဲ့ဖောက်သည်တစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ချမ်းသာတဲ့မိသားစုမွာ အလိုလိုက်ခံရပြီးကြီးပြင်းလာတဲ့ဒွန်းဟာ မိသားစုကိုဆန့်ကျင်ပြီး မိုင်ကိုလက်တွဲသွားနိုင်မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.69GB  / 804MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 11m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Mai (2024)

Challengers (2024)
Challengers (2024)  ဒါကတော့ အားကစား အခြေပြု သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဒရာမာ ရုပ်ရှင်ပါ။ မင်းသမီးကတော့ စပိုက်ဒါမန်း တို့ Greatest Showman, Dune တို့နဲ့ လူသိများတဲ့ Zendaya ပါပဲ။ ဒီရုပ်ရှင်ထဲ ကလေးတွေ အမြင်မသင့်တော်တာတွေ ပါတာ‌တော့ သတိပေးထားချင်ပါတယ်။ဇာတ်လမ်းအကျဉ်း နာမည်ကျော်တင်းနစ်ကစားသမား အာ့ ဒေါ်နယ်ဆင်ဟာ အသက်အရွယ်ရလာပြီး ရှုံးပွဲတွေ များလာရာကနေ ယူအက်စ်အိုးပင်းချန်ပီယံ ဖြစ်လာဖို့ ပြန်ကြိုးစားနေတဲ့ သူပဲဖြစ်ပါတယ်။ သူ့ရဲ့ မိန်းမ တာရှီဒေါ်နယ်ဆင်ကတော့ အရင်က တင်းနစ်လူငယ်ပါရမီရှင်ဖြစ်ခဲ့ပေမဲ့ ဒဏ်ရာကြောင့် အနားယူလိုက်ရပြီး အာ့ ရဲ့ နည်းပြအဖြစ်ပဲ လုပ်ပေးနေတော့တာ ဖြစ်ပါတယ်။ သူတို့လင်မယား ကမ်းဘက်ဖို့ ကြိုးစားတဲ့ပြိုင်ပွဲမှာ နောက်ဆုံးဖြတ်ကျော်ရမှာက တာရှီရဲ့ ရည်းစားဟောင်း၊ အာ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဟောင်း ပက်ထရစ်စဖိုက်ပဲ ဖြစ်နေပါတယ်။ သူတို့သုံးယောက် အတိတ်က ဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ တင်းနစ်ကွင်းထဲမှာ ဘယ်လို ဆက်ဖြေရှင်းကြမလဲဆိုတာကို ပြထားတာပါပဲ။ ...
movie

Challengers (2024)

4K HEVC
Zhou Gong Subdues Demons ( 2024 ) 5.6
Zhou Gong Subdues Demons ( 2024 ) ကောင်းကင်နဲ့မြေကြီးစတင်ဖြစ်တည်လာတဲ့အချိန်မှာ ယင်နဲ့ယန်ဓာတ် ၂မျိုးလည်းပေါက်ဖွားလာခဲ့ပါတယ် ။ ယင်ဓာတ်က အရှေ့အရပ်ကိုသွားပြီး နတ်မျိုးနွယ်တွေကိုမွေးဖွားစေသလို ယန်ဓာတ်ကလည်း အနောက်အရပ်ကိုသွားပြီး မိစ္ဆာနဲ့မကောင်းဆိုးဝါးတွေကိုမွေးဖွားလာစေခဲ့ပါတယ် ။နတ်မျိုးနွယ်တွေနဲ့မိစ္ဆာတွေဟာ ရေနဲ့မီးလို အစဉ်တိုက်ပွဲတွေဖြစ်နောတာကြောင့် ဘိုးဘေးဟုန်ကျွင်းဟာ လူဘုံ ၊ နတ်ဘုံ နဲ့မိစ္ဆာဘုံဆိုပြီး သုံးလောကခွဲခြားလိုက်ပြီး ကောင်းကင်ကိုးဘုံရဲ့ထိပ်ဆုံးတောင်ထွဋ်မှာ ရွှမ်ထျန်းနတ်ဓားကိုစိုက်ပြီး လောကကြီးကို ငြိမ်းချမ်းစေခဲ့ပါတယ် ။နှစ်ပေါင်းများစွာကြာတော့ နတ်ဓားမှာလည်း ဓားဝိညာဉ်ရှလာခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ မိစ္ဆာဘုရင်ကလည်း ဓားကိုနုတ်ယူဖို့ကြံစည်လာတဲ့အချိန် နတ်မင်းကြီးထိုက်ယိနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပြီး ဓားကိုပါထိခိုက်စေခဲ့ပါတော့တယ် ။အဲဒါကြောင့်နဲ့ ဓားခန္တာကပျက်စီးသွားပြီး ဓားဝိညာဉ်နဲ့ ဓားအိမ်ဝိညာဉ်ကလည်း လူပြည့်ကိုကျဆင်းသွားခဲ့ပါတော့တယ် ။ မိစ္ဆာဘုရင်ကြီး ဓားဝိညာဉ်ကိုဘယ်လိုလိုက်ရှာမလဲ ဓားဝိညာဉ်နဲ့ ဓားအိမ်ဝိညာဉ်ကရော လူ့ဘုံမှာ အချင်ချင်းမှတ်မိပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Zhou Gong Subdues Demons ( 2024 )

[21+]Somebody calm my pain[PRED-351 ]
[21+]Somebody calm my pain[PRED-351 ] ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ မဟေသီလေးနာမည်ကတော့ Yamagishi Aika လို့ အမည်ရပါတယ်....မင်းသမီးတစ်ယောက်လို ဆွဲဆောင်မှုရှိပြီး ချောမောလှပတဲ့မျက်နှာထား သမင်မျက်လုံးလို ညို့နိုင်တဲ့မျက်ဝန်းတစ်စုံနဲ့ကောင်မလေးဟာ သရုပ်ဆောင်နေရာမှာလည်း မခေလှပါဘူးဖြူဖွေးဝင်းမွတ်တဲ့အသားအရေနဲ့အတူ ကြော့ရှင်းတဲ့ဘော်ဒီလှလှလေးကိုပါ ရှုစားကြည့်ရှုရင်း အိမ်မက်ထဲကကောင်မလေးအဖြစ် စိတ်ကူးယဉ်နိုင်မှာပါ ဒီဇာတ်လမ်းလေးထဲမှာလည်း ရုပ်ရည်ချောမောတဲ့မန်နေဂျာမမတစ်ယောက် လျှို့ဝှက်စွာနဲ့ပဲ ဟိုကိစ္စကို စိတ်တအားသန်နေတဲ့အခါ တစ်ညတာအဖော်လေးတွေ ရှာစားတဲ့ပုံကို ရသမြောက်စွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size… 2.5GB / 1.1GB Quality…WEB RIP Decencored 1080p / 720p Format…mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Andrew Mason
movie

[21+]Somebody calm my pain[PRED-351 ]

Sharathulu Varthisthai (2024)
Sharathulu Varthisthai (2024) Sharathulu Varthisthai 2024 (ပိရမစ်စနစ်MLM) IMDb - 7.4/10Honeymoon Express သရုပ်ဆောင် Chaitanya Raoရဲ့ ပညာပေးကားလေးပါ။ ဒီနေ့ခေတ်မှာ ရေပန်းစားတဲ့ ခေါင်းပုံဖြတ်အမြတ်ကြီးစား၊ ထိပ်ပိုင်းကလူတွေပဲ ကြီးပွားပြီး အောက်ခြေကလူတွေဒုက္ခပင်လယ်ဝေရတဲ့ Chain networking business ခေါ် Multi-Level Marketing (MLM) အကြောင်းပညာပေးကားလေးပါ။ချီရမ်ဂျီဗီက အစိုးရဝန်ထမ်း၊ သားကြီး။သူ့အောက်က မောင်နှမနှစ်ယောက်နဲ့ အမေမုဆိုးမကြီးကို ရှာကျွေးနေရတဲ့သူ။ သူ့ပခုံးပေါ်က တာဝန်ကလေးလွန်းလို့ အိမ်ထောင်ပြုမယ့်အကြောင်း မစဥ်းစားရဲသေးတဲ့သူပေါ့။ ညီနဲ့ညီမအခြေကျမှ သူ့ဆီမှာလည်းတင့်တောင်းတင့်တယ်ဖြစ်မှ လက်ထပ်မယ်စဥ်းစားထားတဲ့သူပါ။ သူကငယ်တုန်းက ပညာသိပ်မတတ်ပေမယ့် စာဖတ်တယ်။ လေ့လာတယ်။ ဒီလိုနဲ့ သူတို့လူလတ်တန်းစားနေရာကို MLMစီးပွားရေးတစ်ခုက ရောက်လာရော။ အဲဒီစီးပွားရေးကလည်း ပေါ့ပေါ့သေးသေးမဟုတ်ဘူး။ သူတို့ရပ်ရွာရဲ့ အားကိုးခံယုံကြည်ရတဲ့ ရွေးကောက်ခံအမတ်ကိုယ်တိုင် အာမခံပြီးသူကိုယ်တိုင် ပါဝင်ထားတဲ့စီးပွားရေးဖြစ်နေရော။ အဲဒီတော့နေရာတစ်ခုလုံးက လူတွေပါလိုက်ကြတာသောက်သောက်လဲ။ ဒါပေမယ့်ချီရမ်ဂျီဗီကတော့မပါဘူး။ စိတ်မယိုင်ဘူး။ ကျန်လူတွေပါ မပါဖို့ဆွယ်လိုက်သေးတယ်။ ဒီလိုသူမယုံကြည်တဲ့ စီးပွားရေးကို သူ့ရဲ့ချစ်ရသူလေးနဲ့ အမေ ဖြစ်သူက ယုံကြည်ပြီးမန်ဘာဝင်လိုက်တဲ့အခါ..... ဘာတွေဆက်ဖြစ်မလဲ။ လူလတ်တန်းစားတွေရဲ့ဘဝကို မြင်ရမယ့်အပြင် MLMစနစ်ကြောင့် အောက်ခြေကမန်ဘာဝင်တွေရဲ့ဘဝ ဘယ်လိုဖြစ်သွားလဲ ကွက်ကွက်ကွင်းကွင်းမြင်ရမယ့် ဒီဇာတ်လမ်းလေးကို CMမှာ ...
movie

Sharathulu Varthisthai (2024)

End of the World ( 2018 ) 5.7
End of the World ( 2018 ) ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီးတော့ Auroras ဥတ္တရအလင်းတန်းတွေကို ဝင်ရိုးစွန်းဒေသတွေတင်မှာမကဘူး ဥရောပအလယ်ပိုင်း အမေရိကန်နိုင်ငံအလယ်ပိုင်းဒေသနဲ့ ဩစတေးလျတိုက်နဲ့ နယူးဇီလန်တို့မှာပါမြင်ရလာတဲ့ Trendလေးအမီ (၂၀၁၈)ကထွက်ထားတဲ့ဒီကားလေးကိုတင်ပေးလိုက်ပါတယ်။ဒီ Auroras တွေဟာ နေပေါ်မှာဖြစ်ပေါ်တဲ့ အလွန်ပြင်းထန်တဲ့မုန်တိုင်းကြောင့်ဖြစ်လာတာဖြစ်တယ်။ ယခု (၂၀၂၄)ခုနှစ်ဟာ နှစ်(၂၀)အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်း ကမ္ဘာကိုရိုက်ခတ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေမုန်တိုင်းပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ Corona Mass Ejection (CME)ရဲ့အားဟာအရမ်းပြင်းတဲ့အခါ ကမ္ဘာလေထုကိုပါသက်ရောက်သွားပြီး ရာသီဥတုတွေဖောက်ပြန်ကာ သဘာဝကပ်ဘေးတွေကျရောက်လာတဲ့အကြောင်းကိုရိုက်ထားတာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်အမေနဲ့ စစ်တပ်ထွက်အဖေတို့ဟာ သားနဲ့သမီးကို သဘာဝကပ်ဘေးကနေအစွမ်းကုန်ကြိုးစားပြီး သူရဲကောင်းဆန်ဆန်ကာကွယ်သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Low Budget ကားဖြစ်လို့Effectတွေသိပ်မကောင်းလှပေမယ့် solar flares တွေ solar storms တွေအကြောင်း ဗဟုသုတတွေရပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Science Fiction Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by ...
movie

End of the World ( 2018 )

The Theory of Everything (2014) 7.7
The Theory of Everything (2014) The Theory of Everything (2014) Imdb - 7.7 / Rotten Tomatoes 80%ဒီဘက်​ခေတ်​ရဲ့ အကြီး​ကျယ်​အခမ်းနားဆုံး သိပ္ပံပညာ​ရှင်တွေထဲကတစ်ဦးအဖြစ် လူသိများကြတဲ့ သီအိုရီရူပဗေဒပညာရှင် Stephen​ Hawking ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ Hawking ရဲ့ တက္ကသိုလ်​ကျောင်းသားဘဝကစလို့ နာမည်​ကျော်​သိပ္ပံပညာ​ရှင်ဖြစ်​လာတဲ့အထိ သူ့ရဲ့​ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Hawking​ အဖြစ်​သရုပ်ဆောင်​ထားတဲ့ Eddie Redmayne က ဒီ​ဇာတ်​ကားနဲ့ပဲ အော်​စကာဆုကိုရရှိခဲ့ပါတယ်။Stephen Hawking​ ရဲ့ Biopic ရုပ်ရှင်​ဖြစ်ပေမဲ့ နားလည်​ဖို့ခက်ခဲလွန်းတဲ့ Black Hole သီအိုရီတွေ Quantum​ တွေကိုအသားပေးထားတာမဟုတ်ဘဲ Hawking နဲ့ ဇနီး​ဖြစ်သူ​ Jane တို့အကြားက ချစ်​ခြင်း​မေတ္တာ​တရားတွေ၊ သံယောဇဉ်​အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ Hawking​ ခံစား​နေရတဲ့ Motor Neuron ရောဂါ​ကို နှစ်​ဦး​သား​အတူရင်ဆိုင်ပြီး ဘဝကို​ရှင်သန်​ရှာဖွေခဲ့ကြပုံကို တင်ဆက်​ထားတဲ့ ကြည်​နူး​ဆွတ်ပျံ့​ဖွယ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင် ...
movie

The Theory of Everything (2014)

2014
Foil (2023) 5.0
Foil (2023)  ကျောင်းသားဟောင်းတွေ့ဆုံပွဲကို မသွားဖို ဆုံးဖြတ်ပြီးကန္တာရထဲက ထူးဆန်းထွေလာအမည်တွင်တဲ့နေရာတစ်ခုဆီကို သွားကြည့်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဖို စွန့်စားခန်းထွက်လာကြတဲ့ရက်စ်နဲ့ ဒက်စ်တာဟာ လမ်းတစ်ဝက်မှာပဲမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ဒီလိုနဲ့ သူတိုဟာ ဂြိုဟ်သားပန်းကန်ပြားပျံက ကျလာတဲ့အရာတစ်ခုလို မှတ်ယူနိုင်တဲ့ ခဲပတ်စက္ကူစကို တွေ့လိုက်တဲ့အခါမှာ သူတိုရဲ့ကြားမှာ ဘယ်လို သဘောထားကွဲလွဲမှုတွေရှိလာမလဲ..စွန့်စားခန်းဟာလည်း ဘယ်လို အလှည့်အပြောင်းရှိလာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…3.35GB/ 866MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Foil (2023)

Irena’s Vow (2023) 6.2
Irena’s Vow (2023)  စစ်ကားကြီးတွေက ပျင်းစရာကောင်းလွန်းလို့မကြည့်ချင်ပါဘူးဆိုတဲ့ သူတွေအတွက် စိတ်ဝင်စားသွားစေရမယ်လို့ အာမခံတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်စဉ်တုန်းက ဂျာမန်ဒရာမာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်စစ်ကားတွေလိုမျိုး စစ်တိုက်နေတာပဲ မဟုတ်ဘဲနဲ့တကယ့် ဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကိုပြန်လည် ရိုက်ကူးထားတဲ့အတွက် ကွဲထွက်နေပြီးကြည့်လို့ကောင်းမှာတော့ အသေအချာပါပဲ။ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေကအပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျူးတွေရဲ့ အမျိုးသမီးသူရဲကောင်းအီရယ်နာဂွတ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ အီရန်နာရဲ့ဇာတ်ကြောင်းဆိုတဲ့အတိုင်း Irena's Vow ဖြစ်ပြီး IMDb Rating 6.2အထိရရှိထားပါတယ်။အီရန်နာရဲ့ ဇာတ်ကြောင်းကိုစပြောရရင်တော့ ၁၉၃၉ ခုနှစ်စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန်နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံးလွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာအတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာကစိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်းအဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်ကသူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီးနိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင်ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကိုအီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကိုသူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ...
movie

Irena’s Vow (2023)

Battle Over Britain (2023)
Battle Over Britain (2023)  ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၀ဂျူလိုင်ကနေအောက်တိုဘာအတွင်းမှာဖြစ်ခဲ့တဲ့ဗြိတိသျှတော်ဝင်လေတပ်တော် (RAF- BritishRoyal Airforce) နဲ့ နာဇီဂျာမနီတို့ရဲ့အင်အားကြီးလေတပ်ကြီး Luftwaffe တို့ကြားက လေကြောင်းတိုက်ပွဲတွေကိုအခြေပြုထားတဲ့စစ်ကားကောင်းတစ်ကောင်းပဲ ဖြစ်ပါတယ်..အဲဒီခေတ်အခါက နာဇီတို့အင်အားကြီးတယ်ဆိုတာကျွန်တော်တို့လို ဒုတိယကမ္ဘာစစ်ပြီးမှမွေးလာတဲ့သူတွေတင်မဟုတ်ပါဘူး အဲဒီတုန်းကရင်ဆိုင်ခဲ့ကြရတဲ့ မဟာမိတ်များကလည်း ဒီနာဇီတွေဟာ သူတို့ထက် လက်နက်အင်အားအဆမတန်သာလွန်တယ် ဥရောပတိုက်တစ်ခုလုံးကိုအမှုန့်ချေနိုင်တဲ့အထိ စစ်အင်အားကြီးမားတာကိုသိကြပါတယ်..လေတပ်မှာလည်းဒီလိုပါပဲ လေးဆတစ်ဆလောက်အင်အားနည်းပါးလှတဲ့ ဗြိတိသျှတော်ဝင်လေတပ်တွေဟာ ဂျာမန်တွေကိုအပြင်းအထန်ခုခံခဲ့ရပါတယ်ဒီနေရာမှာ ဇာတ်လမ်းမကြည့်ခင်သမိုင်းအကျဉ်းပြောပြရရင်ဒီနာဇီတွေရဲ့စစ်ဆင်ရေးဟာ သူတို့ရဲ့ဗြိတိသျှကျွန်းဆွယ်ကိုကျူးကျော်မဲ့ operation Sealion မစခင် အရေးပါတဲ့ဆိပ်ကမ်းတွေ စစ်ရေးပစ်မှတ်တွေ ကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ်နောက်ပိုင်းမှာ နိုင်ငံရေးအဆောက်အအုံတွေ အရပ်သားဧရိယာတွေကိုပါပစ်မှတ်ထားခံလာရပြီး ဗြိတိသျှတော်ဝင်လေတပ်ကိုလည်း လေကြောင်းမှာအသာစီးရဖို့ ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ် ဒီအတွက်ဗြိတိသျှတွေဖက်ကနေSpitfire and Hurricane တို့လိုလေယာဉ်တွေနဲ့အပြင်းအထန်ခုခံခဲ့ပါတယ် (ဒီဇာတ်ကားထဲမှာတော့ Spitfire တွေပဲပါ)ကျန်တဲ့သမိုင်းကိုတော့ spoilဖြစ်မှာစိုးလို့မပြောတော့ပါဘူးထိုစဉ်အချိန်အခါက ပြင်းထန်တဲ့လေကြောင်းတိုက်ပွဲတွေလေသူရဲကောင်းတွေရဲ့ ရင်ဆိုင်ရတဲ့အဖြစ်အပျက်တွေကိုဒီဇာတ်ကားမှာ တဝကြီးကြည့်ရှူခံစားရမှာပါ.... File size…991MB / 464MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. War Subtitle….Myanmar Subtitle (Hard ...
movie

Battle Over Britain (2023)

Frontiers (2023) 5.6
Frontiers (2023)  ကိုယ်ချစ်ရတဲ့လူတွေ လောကကြီးထဲကထွက်ခွာသွားရရင်သူတို့မရှိတော့တာကိုစိတ်ထဲကသိနေပေမဲ့ မသိစိတ်ထဲမှာသူတို့ကိုဆက်ရှိနေစေချင်သေးတဲ့ အခါမှာတော့ ထင်ယောင်ထင်မှားတွေဆိုတာဖြစ်လာတတ်ပါတယ်။အခုတင်ဆက်ပေးမဲ့ IMDb Rating 5.6 ရရှိထားတဲ့Frontiers ဆိုတဲ့ဇာတ်ကားလေးမှာလည်းအဲ့လိုအစွဲအလမ်းကြီးမှုတွေကို ဒရာမာ သည်းထိပ်ရင်ဖိုလေးတွေနဲ့ပေါင်းစပ်ပြီးရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီရန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က စိုက်ပျိုးမွေးမြူရေးခြံကြီးတစ်ခုမှာ သမီးလေးနဲ့အတူ နေထိုင်နေသူဖြစ်ပါတယ်။ဒါပေမယ့် သိပ်မကြာခင်ကပဲ သူမရဲ့အဖေဆုံးပါးသွားတာကြောင့်စိတ်ဒဏ်ရာတွေကို ခံစားနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။အိမ်မှာ တစ်ခါတစ်လေ တကယ်မရှိတဲ့အရာတွေကိုမြင်နေတွေ့နေကြားနေရပြီး အဖေဖြစ်သူပြန်လာတယ်လို့ထင်နေတဲ့အတွက် သူ့ညီမတွေက သူ့ကိုအကူအညီပေးဖို့အတွက် သူတို့ကိုပစ်ပြီးဖလော်ရီဒါကို ထွက်သွားတဲ့အမေဖြစ်သူကို လှမ်းခေါ်လိုက်ကြပါတော့တယ်။ဒီလိုနဲ့ အမေဖြစ်သူရောက်လာပြီး သေတမ်းစာကိစ္စတွေဘာတွေစီစဉ်ပြီးသူတို့နဲ့ ရက်ပိုင်းလောက် အတူတူနေပေးခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီကြားထဲမှာ အမေရိကန်ထောင်ကနေလွတ်မြောက်လာတဲ့ ထောင်သားနှစ်ယောက်ကသူတို့နေထိုင်ရာ ကနေဒါနယ်စပ်ကို ဝင်ရောက်လာတယ်ဆိုတဲ့သတင်းတွေလဲကြားနေရတဲ့အခါမှာ ဒီရန်းတစ်ယောက်ကြုံတွေ့နေရတာတွေက သူ့စိတ်ကူးတွေလား တကယ့်အဖြစ်အပျက်တွေလားဆိုတာကို ကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… 1.19GB / 532MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Frontiers (2023)

(18+) Vampires (1998) 6.1
(18+) Vampires (1998)  ဒါရိုက်တာ John Carpenter ရိုက်ကူးထားတဲ့ 1998 ခုနှစ်ထွက် သွေးစုပ်ဖုတ်ကောင် ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်ဆိုရင် သွေးစုပ်ဖုတ်ကောင်တွေကို ကြက်သွန်ဖြူကြောက်ပြီး လင်းနို့အဖြစ်လည်းပြောင်းနိုင်တဲ့အပြင် လက်ဝါးကပ်တိုင်ကိုကြောက်တဲ့ မကောင်းဆိုးဝါးတွေအဖြစ် ဖန်တီးပုံဖော်ကြပေမဲ့ ဒီရုပ်ရှင်ရဲ့ သွေးစုပ်ဖုတ်ကောင်တွေကတော့ နေရောင်ခြည်နဲ့ သစ်သားချောင်း နှလုံးထဲထိုးစိုက်ခံရမှာကိုပဲ ကြောက်ကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ - ဂျက်ခ် ခရိုး ဦးဆောင်တဲ့ သွေးစုပ်ဖုတ်ကောင်အမဲလိုက်အဖွဲ့ဟာ သွေးစုပ်ဖုတ်ကောင်အသိုက်တစ်ခုကိုဝင်ရှင်းရင်း ကျေးကျွန်တွေအကုန် ရှင်းလိုက်နိုင်ပေမဲ့ သခင်ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ အဲဒီနေ့ ည သူတို့တည်းနေတဲ့ မိုတယ်မှာ အောင်ပွဲခံနေတုန်းမှာပဲ သူတို့ရှာမတွေ့ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် သခင်တိုက်ခိုက်တာခံလိုက်ရလို့ တစ်ဖွဲ့လုံးအသတ်ခံလိုက်ရပြီး ဂျက်ခ်နဲ့ သူ့ရဲ့တွဲဖက် မွန်တိုယာပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဂျက်ခ်လည်း သူနဲ့တွေ့ဖို့ ဗာတီကန်ကနေ လွှတ်လိုက်တဲ့ ကာဒီနယ် အယ်ဘာနဲ့တွေ့ပြီး သူ့အဖွဲ့တစ်ဖွဲ့လုံးကို သတ်သွားတဲ့ သွေးစုပ်ဖုတ်ကောင်က ယန် ဗဲလက်ခ်လို့ခေါ်တဲ့အပြင် ပထမဆုံးသွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကိုပါ သိလိုက်ရတဲ့အခါမှာတော့ ဒီ‌ဗဲလက်ခ်ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်သခင်က ဘာလို့ဒီလောက် စွမ်းအားကြီးနေရတာလဲ၊ သူ့ရဲ့ရည်ရွယ်ချက်အစစ်ကတော့ ...
movie

(18+) Vampires (1998)

The Ruins (2008) 5.9
The Ruins (2008)  ၂၀၀၈ ခုနှစ်ကထွက်ရှိထားတဲ့ Thriller ရုပ်ရှင်ကားတစ်ကားပါ။ အမေရိကန် Thriller တွေရဲ့ Logic အတိုင်းပဲ မသွားသင့်တဲ့နေရာကိုသွားမိလို့၊ မစပ်စုသင့်တဲ့အရာတွေကိုစပ်စုမိလို့ ဒုက္ခနဲ့ လှလှတွေ့ကြတဲ့ အမေရိကန် ခရီးသွား သူငယ်ချင်း အုပ်စုတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပျောက်ဆုံးပျောက်ကွယ်သွားတဲ့ မာယာလူမျိုးတွေရဲ့ ကျောင်းဆောင်ဟောင်းကြီးတွေကို ကျောထောက်နောက်ခံထားပြီးရိုက်ကူးထားတာဖြစ်လို့ ရှေးဟောင်း မာမီဆန်ဆန် ရုပ်ရှင်မျိုးကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာ အပျင်းပြေမှာစေမှာပါ။အေမီတို့ သူငယ်ချင်းအုပ်စုဟာ မက္ကဆီကိုကို အပန်းဖြေလာရင်း မက်သီးယပ်စ်ဆိုတဲ့ ဂျာမနီလူမျိုးတစ်ယောက်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ မက်သီးယပ်စ်က သူ့ရဲ့အစ်ကိုဖြစ်သူကိုရှာဖို့ မာယာလူမျိုးတွေရဲ့​ ရှေးဟောင်းကျောင်းဆောင်ကိုသွားရှာဖို့ပြောရင်း တောကြီးမျက်မဲထဲက ကျောင်းဆောင်ပျက်ကြီးဆီကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ ရိုးရာမပျက် မသွားသင့်တဲ့ နေရာဆို သွားရမှကျေနပ်တဲ့ လူငယ်တစ်အုပ်စု ဘယ်လိုမျိုးဒုက္ခတွေ၊ ကြောက်မက်ဖွယ်ရာကိစ္စတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲ? ကျောင်းဆောင်ထဲမှာ ဘယ်လိုအရာတွေက သူ့တို့ကို စောင့်ကြိုနေမလဲ? ဒီလိုဒုက္ခတွေကနေ ဘယ်လိုကြံစည်လွတ်မြောက်လာကြမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦးခင်ဗျာသွေးထွက်သံယိုမြင်ကွင်းတွေပါတဲ့အတွက် ကြောက်တတ်သူများနဲ့ ရောဂါအခံရှိသူများ မကြည့်ကြဖို့ သတိပေးပန်ကြားအပ်ပါတယ်ခင်ဗျာ File ...
movie

The Ruins (2008)

[21+] Innocent New Female Employee-Kokoro Asano (SSIS-992-Decensored)
[21+] Innocent New Female Employee-Kokoro Asano (SSIS-992-Decensored) Kokoro Asano ဆိုတဲ့ JAV မင်းသမီးလေးကတော့ ဒီလောကနဲ့မလိုက်ဖက်အောင် လှပပျိုမြစ်သူဖြစ်ပါတယ်။ဝိုင်းစက်တဲ့မျက်ဝန်းနဲ့မျက်နှာကျလေးတွေက မြင်သူရင်အေးစရာလေးပါ။SSIS-992-Decensored  ဒီဇာတ်လမ်းကတော့ JAV တွေမှာမြင်နေကျ ဘောစ့်နဲ့ဝန်ထမ်းကောင်မလေး ဇာတ်လမ်းမျိုးဖြစ်ပြီးDecensored Version နဲ့မလို့ Kokoro Asano ပရိတ်သတ်တွေကျေနပ်ကြမှာပါ။JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။File Size : (2.5 GB) & (1.1 GB) Quality : HD-Rip Decensored 1080p & 720p Running Time : 02:00:18 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Eren Encoded ...
movie

[21+] Innocent New Female Employee-Kokoro Asano (SSIS-992-Decensored)

The Professional Bridesmaid (2023) 6.2
The Professional Bridesmaid (2023)  2023 မှာထွက်ရှိခဲ့တဲ့ The Professional Bridesmaid ဆိုတဲ့Romance/Comedyဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။မက်ဂီဟာ ပရော်ဖက်ရှင်နယ် သတို့သမီးအရံဆိုတဲ့ လက်ထပ်မင်္ဂလာပွဲတွေမှာ သတို့သမီးဖြစ်သူစိတ်ဖိစီးမှုမရှိအောင် သူငယ်ချင်းအနေနဲ့ရော သတို့သမီးအရံတစ်ယောက်အနေနဲ့ပါ အစစအရာရာလိုက်ဖြည့်စည်းပေးရတဲ့အလုပ်လုပ်ကိုင်သူပါ။ တစ်နေ့တော့ မီဒီယာအာရုံစိုက်မှုများတဲ့ မြို့တော်ဝန်သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကို ကိုင်တွယ်ရပါတော့တယ်။မြို့တော်ဝန်ဖြစ်သူကလည်း ဘာအလွဲအချော်မှမဖြစ်ဖို့အတန်တန်မှာထားပြီး ပွဲမှာ ရင်းနှီးသွားတဲ့ သတင်းထောက်လူချောလေးဟင်နရီပေါ် ခံစားချက်တွေရှိလာတဲ့အခါ လက်ထပ်ပွဲကအလွဲတွေတစ်ဖက် သူ့ရဲ့အကြောင်းစုံကိုဟင်နရီသိမှာစိုးရတာတစ်ကြောင်းနဲ့ မက်ဂီတစ်ယောက်ဘယ်လိုရုန်းကန်ရမလဲဆိုတာ ရယ်စရာအလွဲလေးတွေနဲ့ ရှုစားလိုက်ကြပါဦး File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

The Professional Bridesmaid (2023)

A Picture of Her (2023) 6.7
A Picture of Her (2023)  ဝါရှင်တန်က အဖေ့ရဲ့ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်တဲ့ ဘတ်သ် ဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာတော့ အယ်လ်အေမြို့က သူ့ရဲ့အဒေါ် ခြေထောက်ကျိုးသွားတာကြောင့် အဒေါ်ကို ပြုစုပေးဖို့အတွက် မြို့ပေါ်ကိုတက်လာခဲ့ပါတယ်။အယ်လ်အေမြို့က လယ်သမားဈေး တစ်ခုမှာ လျှောက်ကြည့်နေတုန်း ဘတ်သ်ကို ဂျိတ်ဆိုတဲ့ ဓါတ်ပုံဆရာတစ်ယောက်က တွေ့သွားပြီး ဓါတ်ပုံလှမ်းရိုက်ခဲ့ပါတယ်။ အဲ့ဒီရိုက်လိုက်တဲ့ ဓါတ်ပုံဟာ မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါဖို့ရွေးချယ် ခံလိုက်ရပြီးမှာတော့ ဘတ်သ်ဟာ လူအများကြားမှာ နာမည်ကြီးလာခဲ့ပါတယ်။ဒီနောက်မှာတော့ ဘတ်သ်ဟာ သူ့ရဲ့ဓါတ်ပုံကို အခွင့်မရပဲ ရိုက်လိုက်တဲ့ ဓာတ်ပုံဆရာရဲ့ သရုပ်မှန်ကို လိုက်လံရှာဖွေပါတော့တယ်။ ဒီလိုရှာဖွေနေချိန်အတွင်းမှာ ဘတ်သ်နဲ့ ဂျိတ် တို့ရဲ့ အချစ်ဇာတ်လမ်းလေး ပေါက်ဖွား လာတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(855 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

A Picture of Her (2023)

Lovely Runner (2024)
Lovely Runner (2024) Lovely Runner (2024)**********************အပိုင်းသစ် (၁၃) ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ အခုနွေရာသီမှာ စိတ်အပန်းပြေစေမယ့်Youth Drama လေးဖြစ်တဲ့ "Lovely Runner" ဇာတ်လမ်းတွဲကိုဘာသာပြန်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လတ်တလော ပရိသတ်အချစ်ကိုရထားတဲ့မင်းသားချော Byeon Woo-seok က ပွဲဦးထွက်ကတည်းကတဟုန်ထိုးအောင်မြင်လာခဲ့တဲ့ ထိပ်တန်းအနုပညာရှင်ရူဆွန်းဂျယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးExtraordinary You ဇာတ်ကားနဲ့ လူသိများလာခဲ့တဲ့မင်းသမီးချော Kim Hye-yoon ကတော့ ရူဆွန်းဂျယ်ရဲ့အမာခံပရိသတ် အင်ဆိုးလ်အဖြစ် ပါဝင်ထားပါတယ်။အမြဲဖန်သားပြင်ပေါ်မှာ ပြုံးရွှင်နေပြီး အပူပင်ကင်းပုံပေါ်တဲ့ရူဆွန်းဂျယ်ရဲ့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတဲ့သတင်းကြောင့်အမာခံပရိသတ်ဖြစ်တဲ့ အင်ဆိုးလ်တစ်ယောက် ဝမ်းနည်းပူဆွေးသွားရပါတော့တယ်။ဒီလိုနဲ့တစ်နေ့ အံ့ဩဖွယ်ကောင်းစွာ အင်ဆိုးလ်တစ်ယောက်လွန်ခဲ့တဲ့၁၅နှစ်ကိုပြန်ရောက်သွားခဲ့ပြီး အသက်၁၉နှစ်အရွယ်သာမန်လူရူဆွန်းဂျယ်နဲ့ ပြန်ဆုံတွေ့ခဲ့တဲ့အခါမှာတော့....ချစ်ရတဲ့သူရဲ့ကံကြမ္မာဆိုးကို ကူညီဖယ်ရှားပေးရင်းနဲ့အခက်ခဲတွေကြားကနေဖြစ်ပေါ်လာမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့အိုင်ဒေါနဲ့ဖန်ကြားက အချစ်ဇာတ်လမ်းလေးကို တနင်္လာနဲ့အင်္ဂါနေ့တွေမှာချန်နယ်မြန်မာမှာ ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကိုတော့ DoubleM မှ ရေးသားထားပါတယ်။) Aired: Apr 8, 2024 - May 28, 2024 Aired On: Monday, Tuesday Genres: Music, Comedy, Romance, Fantasy Duration: 70 mins Episodes: 16 Original ...

Lovely Runner (2024)

2024
Practice Daughter
Practice Daughter CM ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ မင်းသားလည်းချော မင်းသမီးလေးတွေကလည်းလှလှလေးနဲ့ မျက်စိပဒါသဖြစ်ဖွယ်ကောင်းပြီး ဇာတ်လမ်းလေးကပါ တမူထူးခြားတဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -အမတ်ချုပ်ကြီးရဲ့ သမီးလေးဖြစ်တဲ့ မေယွိရှန့်နဲ့ သူခိုးမလေးရှောင်သိုကျစ်တို နှစ်ဦးဟာ အကျင့်စရိုက်ရော ဂုဏ်ဒြပ်အဆင့်အတန်းပါ အလွန်ကွာခြားပါတယ် ။ဒါပေမဲ့ မမျှော်လင့်ထားဘဲ ‌တစ်နေ့မှာ ခန္တာကိုယ်ချင်းလဲသွားကြပြီး ခန့်မှန်းမရတဲ့ကိစ္စတွေလည်းအများကြီးဖြစ်လာခဲ့ပါတော့တယ် ။သူတို၂ယောက်ခန္တာကိုယ်ပြန်လဲသွားမလား မလဲခင်မှာရော ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို ဒီဇာတ်ကားလေးကို အဆုံးထိကြည့်ရှုပေးဖို မမေ့ပါနဲ့နော် ။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK===================================== Ep 1 (720p) - ...

Practice Daughter

2024
Joy of Life (Season 2) 7.8
Joy of Life (Season 2) 2019 နှစ်ကုန်ကနေ 2020 နှစ်ဆန်းအထိ ထုတ်လွှင့်ခဲ့တဲ့ Joy Of Life Season 1 ရဲ့ အဆက်ဖြစ်တဲ့ Season 2 ကိုတော့ ဒီနေ့မှာ စကြည့်ရတော့မှာပါနော်ဒီ Season 2 မှာတော့ Season 1 တုန်းက ယန်ပင်းယွင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Xiao Zhan နဲ့ ယဲ့လင်အာနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Han Jiu Nuo က လွဲလို ကျန်တဲ့ဇာတ်ကောင်တွေအားလုံးက Season 1 က အတိုင်း ပြန်ပါလာတာမို အရင် Season 1 တုန်းကလို ရသအပြည့်နဲ့ ကြည့်ရဦးမှာပါဇာတ်လမ်းအညွှန်း အရင် Season 1 ရဲ့ ဇာတ်သိမ်းပိုင်းမှာ မင်းသား ၂, မင်းသမီးကြီးနဲ မင်းအိမ်တော်တို ပူးပေါင်းသွားတဲ့အပြင် ဖန့်ရှန်ကို သူတိုဘက်တော်သားဖြစ်အောင် သိမ်းသွင်းဖိုဖန့်ရှန်ရဲ့ ဆရာဖြစ်သူ ဖေ့ကျဲ့, ထန်ကျစ်ကျင်းရဲ့ သားလေးအပြင် ဖန့်စစ်ကျယ်တိုနဲ့ အကျပ်ကိုင်ပြီး ...
7.8
TMDb: 7.8/10 51 votes
tv

Joy of Life (Season 2)

2019
Running Man 8.2
Running Man Running Man အပိုင်းသစ် (705)   Running Man ဆိုတာကတော့ ...... တောင်ကိုရီးယားနိုင်ငံမှာသာမက ဥရောပနိုင်ငံများပါမကျန် လူသိများတဲ့ ရသစုံလင် Reality Show အစီအစဥ်တစ်ခုဖြစ်ပါတယ်… အောင်မြင်ကျော်ကြားတဲ့ Hollywood အနုပညာရှင်တွေ၊ ကိုရီယားနာမည်ကြီး အဆိုတော်၊သရုပ်ဆောင်များစွာနှင့်အတူ နာမည်ကြီးအထင်ကရနေရာတွေမှာ မစ်ရှင်တွေပြီးမြောက်အောင် ယှဥ်ပြိုင်ကြရမှာပါ… ယူဂျယ်ဆော့၊ဂျီဆော့ဂျင်၊ကင်ဂျုံးဂု၊ဂန်ဂယ်ရီ၊ဆောင်းဂျီဟို၊ ဟားဟား၊လီဂွမ်ဆူ၊ဆောင်းဂျွန်ကီ၊လစ်ဇီ တို့နှင့် ပွဲထွက်ရိုက်ကူးခဲ့ပါတယ်.. ထို့နောက် ရိုက်ကူးရေးအပိုင်း (၄၀) ကျော်လောက်မှာ ဆောင်းဂျွန်ကီ နှင့် လစ်ဇီတို့မပါဝင်တော့ပဲ ကျန်အဖွဲ့ဝင် (၇)ဦးဖြင့်ဆက်လက် ရိုက်ကူးရာ (Running Forever) “7012” ဆိူပြီးကျော်ကြားခဲ့ပါတယ်… အပိုင်း(၃၂၄) ပြီးနောက် ဂယ်ရီထွက်သွားပြီးနောက်အပိုင်း(၃၄၆) တွင် ဂျင်ဆိုမင်းနှင့် ယောင်းဆယ်ဂျန်းတိူ့နှင့် ယနေ့ချိန်ထိဆက်လက်ရိုက်ကူးလျက်ရှိပါတယ်… Channel Myanmar အနေနဲ့ကတော့ လက်ရှိ အပိုင်း ၅၃၃ ကနေ စပြီး တင်ပေးသွားပါမယ်။ အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ Running Man ပရိတ်သတ်များ စောင့်မျှော်ကြပါဦးဗျာ File Size - 1GB Quality - 1080P Subtitle - Myanmar (Hardsub) Translator - August, Jerrica, MTA, ...
8.2
TMDb: 8.2/10 57 votes
tv

Running Man

2010
Men In love
Men In love Hu Yi Tian နဲ့ Liang Jie ရဲ့ လူငယ်အချစ်ဇာတ်လမ်းလေးလာပါပြီ။ စည်းကမ်းကြီးပြီး ဝီရိယရှိပြီးကြိုးစားတဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်တဲ့ ယဲ့ဟန်ဟာ ချစ်စရာကောင်းပြီးကပျက်ကချော်နိုင်တဲ့အားကစားဆရာမလေးလီရှောင်းရှောင်းကို တိုက်တိုက်ဆိုင်ဆိုင် အခက်အခဲတွေကနေကူညီပေးမိတယ်။ အတိတ်ကအဖြစ်အပျက်တွေကြောင့် အချစ်ဆိုတဲ့အဆင့်ထိသွားဖိုခက်ခဲနေကြတယ်။ စိတ်အားထက်သန်ပြီးတော့တည့်တိုးဆန်တဲ့ မဂ္ဂဇင်းထုတ်ဝေသူ ရွှကျားချန်ဟာ အရင်တုန်းကလက်တွဲလုပ်ဖူးတဲ့ မော်ဒယ်ထုံယီဝမ်နဲ့ပြန်ဆုံခဲ့တယ်။သူတိုနှစ်ယောက်ဟာ အချစ်ရေးနဲ့အလုပ်အကိုင်ကို မျှတနိုင်ဖိုကြိုးစားနေကြတယ်။ သူတို(၄)ယောက်ရဲ့ပတ်သက်မှုက ရှောင်းရှောင်းကကျားချန်ကိုတိတ်တခိုးချစ်နေမိတဲ့အတွက် ရှုပ်ထွေးလာပြီးစစ်သပ်မှုတွေနဲ့ပြည့်လာခဲ့တယ်။ ယဲ့ဟန်ဟာရှောင်းရှောင်းအားငယ်နေချိန်မှာ အမြဲစောင့်ရှောက်ပေးခဲ့တော့နောက်ဆုံးမှာ ရှောင်းရှောင်းကယဲ့ဟန်ရဲ့အချစ်ဒဏ်ရာတွေပျောက်သွားအောင်လုပ်ပေးနိုင်သွားပါတယ်။ အဲဒီအချိန်မှာပဲ ကျားချန်နဲ့ယီဝမ်ကစမ်းစစ်မှုတွေကိုကျော်ဖြတ်နိုင်သွားခဲ့တယ်။ လူငယ်စုံတွေလေးတွေကြုံတွေ့တတ်တဲ့အခက်အခဲတွေနဲ့ အချစ်အကြောင်းကိုဖော်ကျူးထားတဲ့ ဒရာမာလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ ...

Men In love

2024
The Fable (2024) 8
The Fable (2024) The Fable IMDb - 9.1/10၂၀၁၉ခုနှစ်မှာ Live action အနေနဲ့ထွက်ခဲ့တဲ့ The Fableဆိုတဲ့ မန်ဂါဟာ အခုဆိုရင် Anime seriesအနေနဲ့ ထွက်ရှိလို့လာပါပြီ။မြေအောက်လောကမှာ ကျွမ်းကျင်သူဖြစ်ပြီး အကုန်လုံးက နာမည်ကြားတာနဲ့ ကြောက်ရသူ။ အားလုံးက သူ့ကို ဖာဘယ်လို့နာမည်ပေးထားပါတယ်။ သူဟာဆိုရင် လေ့ကျင့်မှုပေါင်းများစွာနဲ့အတူ ကြေးစားလူသတ်သမားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ အကုန်လုံးကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ဒီလိုနဲ့ အလုပ်တွေ အရမ်းလုပ်ရလွန်းတဲ့အတွက် ဘော့စ်ဖြစ်သူဟာ ဖာဘယ့်ကို တစ်နှစ်လောက် သာမာန်ဘဝနဲ့ ဇာတ်မြှုပ်နေဖို့ခိုင်းပါတော့တယ်။ ဒီလို ဇာတ်မြှုပ်တဲ့နေရာမှာ သူတို့နဲ့အရင်က အလုပ်လုပ်ခဲ့တဲ့ပါတနာဖြစ်တဲ့ ယာကူဇာဂိုဏ်းရဲ့ အရိပ်အောက်မှာသွားနေရတဲ့အခါမှာတော့ .....၆စက္ကန့်နဲ့တင် ရန်သူကိုအပြတ်မှောက်အောင်လုပ်နိုင်တဲ့ ဖာဘယ်တစ်ယောက် သာမာန်ဘဝမှာ ဘယ်သူ့ကိုမှ မသတ်မိအောင် ဘယ်လိုနေမလဲ ... သူတို့သွားနေတဲ့ ဂိုဏ်းက ပြဿနာတွေကြားထဲရော ဘယ်လိုတွေရောက်သွားဦးမလဲ ... ဆိုတာတွေကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ပဲ ဖြစ်ပါတယ်)File Size – 300MB(Appx;)@EpisodeQuality – 1080p WEB DLDuration ...
8
TMDb: 8/10 1 votes
tv

The Fable (2024)

2024
Dark Matter (2024) 7.866
Dark Matter (2024) Dark Matter (2024) Genre- Drama, Sci-fi, Thriller IMDB – 7.4/10Foundation, Invasion, See, Monarch နဲ့ Severance တို့လို Sci-fi စီးရီးကောင်းတွေချည်း ထုတ်လုပ်ပေးခဲ့တဲ့ Apple Tv ကနေ နောက်ထပ် Sci-fi, Thriller စီးရီးကောင်းတစ်ခု အသစ်ထွက်လာခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်တုန်းက စာရေးဆရာ Blake Crouch ရေးသားပြီး အောင်မြင်ခဲ့တဲ့ Dark Matter စာအုပ်ကို ဒီနာမည်အတိုင်း ပြန်လည်ပုံဖော်ထားတာ ဖြစ်တဲ့အပြင် စာရေးဆရာကိုယ်တိုင် ဒီ စီးရီးအတွက် ပြန်လည်ရေးသားပေးခဲ့တာလည်း ဖြစ်ပါသေးတယ်။သရုပ်ဆောင်တွေမှာဆိုလည်း နာမည်ကြီးမင်းသား Joel Edgerton နဲ့ ၉၀ ကာလမှာ အရမ်းကိုလှပခဲ့ပြီး အခုထိတောင် Trend ဖြစ်နေသေးတဲ့ ချောမောလှပနေသေးတဲ့ အန်တီ Jennifer Connelly တို့ ဖြစ်နေလို့ မကောင်းမှာတော့ စိတ်မပူရပါဘူး ဒါ့အပြင် နှစ်ယောက်လုံး သရုပ်ဆောင်ချက်တွေကလည်း Chemistry မိလွန်းပါတယ်။ နောက်ပြီး ...
7.866
TMDb: 7.866/10 41 votes
tv

Dark Matter (2024)

2024
Highway Love (2023) 7
Highway Love (2023) Highway love 2023 အမြန်လမ်းပေါ်ကရင်ခုန်သံIMDb-7.5/102022ခုနှစ် Ishq Expressမှာ chemiမိမိနဲ့ အစွမ်းကုန်ချစ်ပြသွားတဲ့ Gayatriနဲ့Ritvikတို့ရဲ့ comeback rom-com mini seriesလေးဖြစ်တဲ့ Highway loveကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီစီးရီးလေးမှာရော ဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲဆိုတာ ရှုစားကြပါဦး။သစ္စာရှိတဲ့အချစ်ကို ပန်းပိတောက်နဲ့တင်စားကြမယ်ဆိုရင်တော့ အချစ်စစ်ဆိုတာကို နှင်းဆီတစ်ပွင့်နဲ့ ကျွန်တော်ကတော့ တင်စားချင်ပါရဲ့။ အဆင်းရောအချင်းနဲ့ပါ ပြည့်စုံသလို အချိန်မရွေး နေရာမရွေး ပွင့်လန်းတတ်သလို အဆူးလေးတွေနဲ့လည်း ဝေဒနာပေးတတ်တယ်မဟုတ်ပါလား။တက်တက်ကြွကြွနဲ့ ကိုယ့်အားကိုယ်ကိုးပုဆိန်ရိုးမလေး အင်နာယာတစ်ယောက် ဘဲနဲ့လတ်လတ်ဆတ်ဆတ်လမ်းခွဲပြီး ပူပူနွေးနွေးexလေးက အမြန်လမ်းမပေါ်မှာ ထားရစ်ခဲ့တာ ခံရပါတော့တယ်။ ဖုန်းအားကလည်းမရှိတော့လို့ တိုင်ပတ်နေတုန်း ဘီးပေါက်သွားလို့ ကားဘီးလဲဖို့အရေး ဟိုနားကိုင်ရမလို ဒီနားကိုင်ရမလိုနဲ့ ဗျာများနေတဲ့ကိုလူချောကိုသွားတွေ့ပါတော့တယ်။ကားဘီးမလဲတတ်တဲ့ ကိုလူချောဒွန်ဒွန်ကို အင်နာယာကပဲ ကားဘီးလဲပေးပြီး ဒွန်ဒွန်ရဲ့ကားနဲ့ပဲ မြို့ထဲကိုလိုက်လာတာပေါ့။ သိပ်ကိုရိုးအေးပြီး ရိုးရှင်းတဲ့ဘဝမှာပဲနေခဲ့တဲ့ဒွန်ဒွန်ဟာ ရဲရင့်ပြီး စွန့်စားခန်းတွေကိုနှစ်သက်တဲ့အင်နာယာရဲ့ ဘဝအကြောင်းတွေနားထောင်ရင်း ခပ်မိုက်မိုက်မိန်းကလေးကို သဘောကျမိသွားတဲ့အခါ...လုံးဝပုံစံကွဲထွက်နေတဲ့သူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့အချစ်တစ်ခုက ရေရှည်ဖြစ်တည်နိုင်မလား။ အာလူးကြော်နဲ့ဘာဂါလိုပဲ တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်ဖြည့်ပေးမယ့် legendaryအတွဲအစပ်ဖြစ်သွားမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ Yunniတို့ပဲဖြစ်ပါတယ်)File Size – 500MB(Appx;)@EpisodeQuality ...
7
TMDb: 7/10 6 votes
tv

Highway Love (2023)

2023
Fire Country Season 2 8.342
Fire Country Season 2 Fire country (2024) Season 2မီးသတ်သမားတွေရဲ့ဘဝကို အခြေခံရိုက်ကူးထားတဲ့ Fire Country season 1 က ၂၀၂၂ခုနှစ်မှာ rating ကောင်းကောင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီလမှာ season 2 ထွက်ရှိလို့လာပါပြီ။Season 1မှာ အဓိကဇာတ်ကောင် Bode က သူ့အတိတ်ကနေ ထွက်ပြေးနေသူတစ်ယောက်ဖြစ်ပြီး သူ့ဇာတိမြို့ကို ရောက်ရှိသွားတယ်လေ။ ထောင်ကျရင်း လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ သရီးရော့ခ် အကျဉ်းသားမီးသတ်တပ်ဖွဲ့မှာ လုပ်အားပေးခဲ့တယ်။ (season 1မကြည့်ရသေးရင် CM မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။)အခု season 2 မှာတော့ Bode ဟာ ထောင်ထဲပြန်ရောက်နေပါတယ်။ အကြောင်းရင်းက သူ့သူငယ်ချင်း ဖရက်ဒီအစား အပြစ်ဝန်ခံပေးရင်း အစားထောင်ကျခံနေတာပါ။ သူ့မိဘတွေ ဗင့်စ်နဲ့ရှာရွန်ကတော့ သူတို့သား ထောင်ကျတာအတွက် စိတ်မကောင်းဖြစ်နေကြရပါတယ်။ “Bode ဟာ ထောင်ထဲမှာ ဘယ်လိုရှင်သန်နေလဲ။ သူ့ဘဝအတွက် ရှင်သန်ရတဲ့အဓိပ္ပာယ်ဟာ ဘာဖြစ်မလဲ။ အတ်ဂျ်ဝါးတားမြို့ဆီကိုရော သူပြန်ရောက်လာနိုင်မလား။”ပေါ့လူတွေဟာ အသက်ရှင်သန်ဖို့အကြောင်းရင်း ပျောက်ဆုံးရတဲ့အခါ ဘဝကိုလက်လျှော့ကျောခိုင်းတတ်ကြတယ်။ ထို့နည်းတူပဲ အသက်ရှင်သန်ဖို့အကြောင်းရင်းတစ်ခုလေးကို ...
8.342
TMDb: 8.342/10 73 votes
tv

Fire Country Season 2

2022
Level 9 Chairman (2024)
Level 9 Chairman (2024) The Chairman Of Class 9 **************************အပိုင်းသစ် (၇+၈)တက်သစ်စ သရုပ်ဆောင်သစ်တွေ ပါဝင်ရိုက်ကူးထားတဲ့ mini drama လေးနဲ့ မိတ်ဆက်ပေးပါမယ် လူငယ်သရုပ်ဆောင်သစ်တွေထဲကမှ Queen of Tearsမှာ ဘဲ့ဟျွန်းဝူရဲ့ ဆယ်ကျော်သက်အရွယ်ကို သရုပ်ဆောင်ထားတဲ့ Moon Sung Hyunက main leadအဖြစ် ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်း ----------------အထက်တန်းဒုတိယနှစ် ကျောင်းသားဆိုးလေး နာအီဆူက သူ့အဘိုးချန်ထားခဲ့တဲ့ နာမည်ကြီး ဘာဟယ်အထက်တန်းပုဂ္ဂလိဂကျောင်းရဲ့ ဥက္ကဌအသစ် ဖြစ်လာပါတယ် နာအီဆူ တစ်ယောက် လူတိုင်း အားကျရတဲ့ဘဝမှာ နေထိုင်နေရပေမယ့် အဘိုးဖြစ်သူကို အမြင်မကြည်တဲ့အတွက် သူ့အဘိုး တန်ဖိုးထားရတဲ့ ဘာဟယ်အထက်တန်းကျောင်းကို ဖျက်ဆီးပစ်ဖို့ရောက်လာခဲ့ပါတယ်အဆိုးအဆာလေးဖြစ်တဲ့ နာအီဆူတစ်ယောက် ဘာဟယ်ကျာင်းရဲ့ ဂုဏ်ဆောင် ကျောင်းသားဥက္ကဌလေးနဲ့ ရင်းနှီးကျွမ်းဝင်သွားပြီးတဲ့နောက် အချိန်ကြာလာတာနဲ့အမျှ ချစ်ပန်းလေး ဖူးပွင့်လာပါတော့တယ်ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးပါနှောတဲ့ ကျောင်းသားကားလေးဖြစ်တဲ့အတွက် အပန်းပြေကြည့်နိုင်ဖို့ တင်ဆက်ပးလိုက်ပါတယ်Drama: The Chairman of Class 9 Genres: Action, Romance, Youth, Drama Country: South Korea Episodes: 12 Aired: Apr 29, ...

Level 9 Chairman (2024)

2024
The Tattooist of Auschwitz (2024) 8.344
The Tattooist of Auschwitz (2024)  CM ပရိသတ်ကြီးကို ဒီတစ်ခါ The Tatooist of Auschwitzဆိုတဲ့ mini series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားကို World on Fire Series (2019)၊Little mermaid (2023) လူသိများလာခဲ့တဲ့ သရုပ်ဆောင်ကောင်းမင်းသားချော Jonah Hauer-King ခေါင်းဆောင်ပြီးရိုက်ကူးထားတာပါ။၂၀၂၄ မေ ၂ ကမှ စတင် ထွက်ရှိထားပြီး IMDB နဲ့ RottenTomatoes တို့မှာ review ကောင်း များစွာ ရထားတဲ့အပိုင်း (၆) ပိုင်းပါ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံမှာ ဂျာမန်နာဇီတွေကြီးစိုးနေစဉ်အခါက အက်ရှ်ဝဇ်မှာ ဂျူးလူမျိုးတွေကိုချွေးတပ်စခန်းတွေဖွင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့အချိန်ကိုနောက်ခံထား ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဂျူးမိသားစုတွေ တစ်အိမ်ထောင်ကို တစ်ယောက် အလုပ်စခန်းတွေ သွားရမယ်ဆိုပြီး အမိန့်စာကျလာချိန်မှာ အစ်ကိုနဲ့အဖေကို မသွားစေချင်ခဲ့တဲ့ လာလီတစ်ယောက် သူကိုယ်တိုင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ရထားပေါ်ကနေ ...
8.344
TMDb: 8.344/10 16 votes
tv

The Tattooist of Auschwitz (2024)

2024
Beauty and Mr. Romantic (2024)
Beauty and Mr. Romantic (2024) Beauty and Mr.Romantic (2024) *******************************အပိုင်းသစ် (၁၈)ဒီဇာတ်လမ်းကတော့ Family Drama/Romance အမျိုးအစားဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ My ID is Gangnam Beauty ထဲက အလှလေး Lim SooHyang နဲ့ Young Lady and Gentleman ထဲက ဦးလေးကြီး Ji HyunWoo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်း -------------------Park Dora (Lim SooHyang)က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး ကိစ္စတစ်ခုကြောင့် သူ့ရဲ့အောင်မြင်မှုတွေရပ်တန့်သွားဖို့ အကြောင်းဖန်လာပါတော့တယ်Go PilSeung (Ji HyunWoo) ကတော့ ဒရမ်မာစီးရီးလေးတွေကို ဖန်တီးပေးနေတဲ့ တက်သစ်စ ဒါရိုက်တာလေးတစ်ယောက်ပါဒီလိုနဲ့ နှစ်ယောက်သားအလုပ်အတူတွဲလုပ်ဖို့ ဖြစ်လာကြပြီးနောက် ဒါရိုက်တာလေး Go PilSeung က မင်းသမီးလေး Park Dora ကို သဘောကျမိသွားရင်းကနေ ထိပ်တန်း A-list မင်းသမီးတစ်ယောက်အဖြစ် ဘယ်လိုပြန်ဆွဲတင်ပေးသွားမလဲဆိုတာကို ဟာသနှောပြီး ရင်ခုန်စွာနဲ့ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းတွဲအညွှန်းကိုတော့ Hsu Pyae Pyae Aung ...

Beauty and Mr. Romantic (2024)

2024
Demon Slayer: Kimetsu no Yaiba -Season4 8.671
Demon Slayer: Kimetsu no Yaiba -Season4 Demon Slayer: Kimetsu no Yaiba – To the Hashira Training S4ဟာရှီရာလေ့ကျင့်ရေးဆိုတဲ့အတိုင်းပဲ ပြီးခဲ့တဲ့Season မှာ ဟာရှီရာ ၂ယောက်နဲ့အတူ အထက်အဆင့်မိစ္ဆာ၂ကောင်ကို ဆော်ခဲ့တဲ့ တန်ဂျီရိုတို့အဖွဲ့ကို ပိုပြီး သန်မာစေလာစေဖို့ အတွက် ဟာရှီရာတွေအကုန်လုံးက သူတို့ကျွမ်းကျင်တဲ့အပိုင်းတွေကို အပြင်းအထန်လေ့ကျင့်ပေးကြမှာဖြစ်ပြီး ဟာရှီရာတွေကလည်း ပြီးခဲ့တဲ့တိုက်ပွဲအတွင်း ခန်ရိုဂျီနဲ့တိုခီတိုမှာပေါ်ထွက်ခဲ့တဲ့ အမှတ်အသားထွက်ပေါ်လာအောင်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ်။နေရောင်ဒဏ်ခံနိုင်သွားတဲ့ နဲဇူကို ကို မူဇန်ကလည်း သူ့လူတွေကိုအသုံးချပြီးတော့ ဘယ်လိုရအောင်ခေါ်ထုတ်မှာလဲ။မိစ္ဆာနှိမ်နင်းရေးတပ်ဖွဲ့ကရော ဘယ်လိုမျိုးအင်အားတောင့်တင်းအောင် လေ့ကျင့်ရေးတွေလုပ်ဆောင်မလဲဆိုတာ ဒီ Season မှာကြည့်ရှုရမှာဖြစ်ပါတယ်။File Size – 650MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 29 minute (@Episode)Total Episodes:12EpsSubtitle – Myanmar HardsubFormat – Mp4Genre : Animation, Action & Adventure, Sci-Fi & FantasyTranslator – Zwe ~ ...
8.671
TMDb: 8.671/10 6000 votes
tv

Demon Slayer: Kimetsu no Yaiba -Season4

2024
Star Trek: Discovery (2017) 7.15
Star Trek: Discovery (2017)  ကျွန်တော်တို့တွေ Strange New World ဇာတ်လမ်းတွဲထဲမှာ ကလင်းဂွန်နဲ့ ဖယ်ဒရေးရှင်းတို့ ဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်းကို ခဏခဏ ကြားခဲ့ရပါတယ်။ ဒီ Discovery ထဲမှာတော့ အဆိုပါစစ်ပွဲကြီး ဘယ်လိုကနေ စဖြစ်လာတာလဲဆိုတာကို ရှုစားရမှာပါ။ အမှန်တော့ SNW ဆိုတာက Discovery ရဲ့ Spinoff ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ အများသိတဲ့ မင်းသမီးကြီး Michelle Yeoh နဲ့ ဟယ်ရီပေါ်တာကားထဲက လူးရှပ်မာဖွိုင်သရုပ်ဆောင် Jason Isaacs တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး SNW cast တွေကိုလည်း ရံဖန်ရံခါ တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Star Trek The Original Series မစခင်က အချိန်နဲ့ Prime Timeline ကိုပဲ အခြေခံထားပါတယ်။ ဒါ့အပြင် Star Trek ရဲ့ ဇာတ်လိုက်ကျော်ကြီး ...
7.15
TMDb: 7.15/10 1539 votes
tv

Star Trek: Discovery (2017)

2017
Dhevaprom (2024)
Dhevaprom (2024) ထည်ဝါခမ်းနား ချစ်ပုံပြင်များ (၂၀၂၄)လအွန်ကျန်၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။ အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူ‌ထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ "အာဈနာချက္ကရာလည်ဆွဲ" ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။ အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။ အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။ ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ... တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့...ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ Action Romance Drama အပြင် Mystery‌ လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary ...

Dhevaprom (2024)

2024
Blank The Series (2024) 7
Blank The Series (2024) နှလုံးသား ကွက်လပ် (2024)GL နှစ်လို့ ပြောရမယ့် ၂၀၂၄ ခုနှစ်မှာ အပြိုင်အဆိုင်ထွက်ကြမယ့် GL seriesတွေကိုကျော်တက်ပြီး Blankက ပွဲဦးထွက် ထွက်ရှိလို့လာပါပြီ။ အသက်ကွာတဲ့ပြဿနာ ဘာညာကွိကွလေးတွေရှိနေပေမဲ့ GAP the seriesရဲ့စာရေးဆရာရဲ့ လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် GAPနဲ့ဆက်စပ်မှုရှိတာကြောင့် အတော်စိတ်ဝင်စားခံနေရတဲ့GL seriesဆိုလည်းမမှားပါဘူး။မျိုးကြီးရိုးကြီးက ဆင်းသက်လာတဲ့ နန်းတော်မှာနေတဲ့ခွန်နွန်ဆိုတဲ့မိန်းကလေးဟာ အဘွားဖြစ်သူရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ကြီးပြင်းခဲ့ရသူပေါ့။ မြင့်မြတ်တဲ့မျိုးရိုးကနေ ဆင်းသက်လာသူပီပီ သူ့နဲ့ထိုက်တန်တဲ့သူမရှိဘူး၊ ဘယ်သူ့ကိုမှမချစ်တော့ဘူးဆိုပြီး မင်္ဂလာပွဲကနေ ထွက်ပြေးလို့ တစ်ကိုယ်တည်းတောက်ပဖို့ ရွေးချယ်ခဲ့တဲ့သူ...အေးခဲနေတဲ့ ခွန်နွန်ရဲ့နှလုံးသားကို တံခါးလာခေါက်တာကတော့ ချစ်ဖို့‌ကောင်းတဲ့အမူအရာနဲ့ နွေးထွေးတဲ့နှလုံးသားနဲ့ ဆွေးရိပ်ထင်‌နေတဲ့မျက်ဝန်းပိုင်ရှင် ကလေးမလေးတစ်ယောက်၊ အားနွန်ကိုမှချစ်တာပါဆိုပြီး တဖွဖွပြောပြီး ပက်ကျိလေးလို တွယ်ကပ်နေတဲ့သူ...ရေခဲရိုက်နှလုံးသားနဲ့ ရင်မခုန်တော့ပါဘူးဆိုတဲ့ မမကြီး၊ လူကပ်တာကိုမကြိုက်တဲ့ တစ်ကိုယ်တည်းနေရတာပျော်တဲ့မမက မနူးမနပ်ကလေးမလေးကိုမှ အကြင်နာတွေပိုပြီး ရင်ခုန်မိတဲ့အခါ...အသက်ကွာဟချက် မျိုးရိုးမြင့်အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေကြား ဒီအမျိုးသမီး‌လေးနှစ်ယောက်ကြားမှာ ပေါက်ဖွားလာမယ့်အချစ်ဇာတ်လမ်းကို Faye-yokoအတွဲက ဘယ်လိုchemistryမိမိပုံဖော်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Mary, Khaing, Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... ...
7
TMDb: 7/10 votes
tv

Blank The Series (2024)

2024
The Atypical Family (2024)
The Atypical Family (2024) The Atypical Family (2024)*****************************အပိုင်းသစ် (၆) အားလုံးစောင့်မျှော်နေကြတဲ့ မင်းသား Jang Ki-Yong ရဲ့comeback drama လေးလာပါပြီ။ဒီ fantasy-romamce ကားလေးမှာတော့ Jang Ki-Yong,Unlockedထဲက Chun Woo-Hee, Gyeongseong Creature ထဲကClaudia Kim တို့အပြင် ဝါရင့်သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းBok Gwi-Joo (Jang Ki-Yong) တို့ မိသားစုဝင်တွေကသဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားကြသူတွေပါ။Bok Gwi-Joo ကတော့ မိသားစုဝင်ထဲမှာအချိန်ခရီးသွားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ သူ့စွမ်းအားက အတိတ်က ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပဲသွားလို့ရပြီး အတိတ်ကိုတော့ ပြန်ပြင်ဆင်လို့မရနိုင်ပါဘူး။အတိတ်ကို ပြန်သွားနိုင်ပေမဲ့ ဘာကိုမှ ထိတွေ့လို့မရသလိုအတိတ်ကသူတွေကလည်း သူ့ရဲ့ ဖြစ်တည်မှုကို မမြင်ရတာကြောင့်တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါ ခံစားလာရပြီး သူ့ရဲ့စွမ်းအားတွေပျောက်ဆုံးသွားပါတော့တယ်။ပျံနိုင်စွမ်း၊ နိမိတ်ပြအိပ်မက်မြင်နိုင်စွမ်းစတဲ့ သဘာဝလွန်စွမ်းအားတွေရှိတဲ့Gwi-Joo ရဲ့ မိသားစုဝင်တွေလည်းပဲ ယနေ့ခေတ်ရောဂါတွေဖြစ်တဲ့အိပ်မပျော်တဲ့ရောဂါ၊ အကြောက်လွန်ရောဂါနဲ့ စမတ်ဖုန်းစွဲလန်းနေမှုတွေကြောင့်စွမ်းအားတွေ ပျောက်ဆုံးသွားကြပါတော့တယ်။အဲဒီလိုနဲ့ တစ်နေ့ Do Da-Hae (Chun ...

The Atypical Family (2024)

2024
The Midnight Romance in Hagwon(2024)
The Midnight Romance in Hagwon(2024) The Midnight Romance in Hagwon(2024)***************************************အပိုင်းသစ် (၄) Queen of tears ကားပြီးသွား​​တော့ ဒီတစ်ခါမှာလည်း Romance နဲ့.melodrama ​လေးတစ်ကားဖြစ်တဲ့ The Midnight Romance in Hangwon ဆိုတဲ့ကား​လေးကို တင်ဆက်​​ပေးသွားပါမယ်မင်းသားကတော့The Worst of Evil မှာ ဗီလိန်အ​နေနဲ့ပါဝင်တဲ့ Wi Ha Joon နဲ့Work of love ကားထဲက မင်းသမီး Jung Ryeo Wonတို့ ပါဝင်သရုပ်​ဆောင်ထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း ------ Seo Hye Ji က Daechi Academyရဲ့ လုပ်သက် ၁၄နှစ်ရှိပြီဖြစ်တဲ့နာမည်ကြီး ကိုရီးယားဘာသာစကားနည်းပြဆရာမတစ်​ယောက်ပါ ...သူမက ယှဥ်ပြိုင်လိုစိတ်များပြီး ဘယ်​တော့မှ အနိုင်မခံ အရှုံးမ​ပေးတတ်တဲ့သူပါ...Lee Joon Ho က​တော့ ကုမ္ပဏီကြီးတစ်ခုက​နေ နှုတ်ထွက်ပြီးသူပညာသင်ခဲ့တဲ့​ကျောင်းဖြစ်တဲ့ Daechi Academyဆီကို နည်းပြဆရာအဖြစ် ၁၀နှစ်အကြာမှာ ...

The Midnight Romance in Hagwon(2024)

2024
Baby Reindeer (2024) 7.786
Baby Reindeer (2024)  အခုတလော Interမှာရော မြန်မာနိုင်ငံမှာရော ရေပန်းစားနေတဲ့ Netflix ကနေ ထွက်ရှိထားတဲ့ Baby Reindeer လို့ခေါ်တဲ့ ဖြစ်ရပ်မှန်စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးရဲ့ထူးခြားချက်တစ်ခုက Donny နေရာကို အပြင်က တကယ့်နစ်နာသူ victim ဖြစ်တဲ့ Richard Gadd ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Victim ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ စီးရီးဖြစ်နေတာကြောင့် ဇာတ်လမ်းမှာပါဝင်တဲ့ နောက်ယောင်လိုက်ခံရတာတွေ၊ စိတ်ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေကို တခြားစီးရီးတွေထက် နက်နက်ရှိုင်းရှိုင်း ပိုပြီးခံစားရစေမှာပါ။ဇာတ်လမ်းလေးကတော့ ဒွန်နီဒန်းက မိမိအိပ်မက်ဖြစ်တဲ့ လူရွှင်တော် အလုပ်ကို အကောင်ထည်ဖော်ဖို့ လန်ဒန်ကို လာခဲ့သူလေးပါ။ ဒွန်နီက လူရွှင်တော်ဖြစ်ဖို့ကြိုးစားရင်း ငွေလေးဝင်အောင် ဘားတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဒွန်နီ ဘားမှာ အလုပ်လုပ်နေတုန်း မာသာလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ဆိုင်ထဲဝင်လာပါတယ်။ ဒွန်နီကလည်း သူ့ရဲ့ဝမ်းနည်းပင်ပန်းနေတဲ့ပုံသဏ္ဍာန်ကို သနားသွားပြီး အလကားတိုက်လိုက်ပါတယ်။ ဒီလို အလကားတိုက်လိုက်ရာကနေ မာသာ တစ်ယောက် ဒွန်နီ့ကို ...
7.786
TMDb: 7.786/10 365 votes
tv

Baby Reindeer (2024)

2024
A Gentleman in Moscow (2024) 9
A Gentleman in Moscow (2024) A Gentleman in Moscow (2024) Genre – Drama, History, Thriller IMDB – 6.4/10Obi-wan နေရာက သရုပ်ဆောင် အင်္ဂလိပ်မင်းသားကြီး Ewan McGregor ခေါင်းဆောင်ပါဝင်ထားတဲ့ ၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီးအသစ် ဖြစ်ပါတယ်။ တကယ့်အပြင်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြီးပေါ် မူတည်ပြီး ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကြောင်း မပြောခင် ဒီ အဖြစ်အပျက်အကြောင်း အရင်ရှင်းပြချင်ပါတယ်။၁၉၁၇ ခုနှစ် ရုရှားနိုင်ငံမှာ အောက်တိုဘာတော်လှန်ရေး၊ ဘော်ရှီဗစ်တော်လှန်ရေး စသဖြင့်အမည်တွေနဲ့ လူသိများကြတဲ့ ကွန်မြူနစ် အစိုးရကို ဖြစ်လာစေတဲ့ လူထုတော်လှန်ရေးကြီးတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အစာရေဆာတွေ ရှားပါးပြီး ဆင်းရဲချမ်းသာ ကွာဟမှု အလွန်ကြီးမားနေတဲ့အချိန် လီနင်ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူနဲ့ စစ်တပ်ပူးပေါင်းပြီး ဇာဘုရင်အုပ်ချုပ်ရေးကို နန်းချကာ ပထမဆုံး ကွန်မြူနစ်အစိုးရ ဖြစ်လာခဲ့ပါတော့တယ်။အခု ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီတော်လှန်ရေးကြီးအပြီးမှာ ကွန်မြူနစ်ပါတီက အထက်တန်းလွှာ လူကုံထံတွေကို ကွပ်မျက်ဖိနှိပ်သုတ်သင်နေတဲ့အချိန်ပေါ့ဗျာ။ မြို့စားမင်း အလက်ဇန္ဒား ...
9
TMDb: 9/10 2 votes
tv

A Gentleman in Moscow (2024)

2024

Genres

Archives