Channel Myanmar

New releases (2024)

Content at random


Movies

SEE ALL
Spring(2014) 6.7
Spring(2014)  ဒီဇာတ်ကားလေးကတော့ အချစ်ကားတွေ အဖြစ်မှန်လို ထိတ်လန့်စရာတွေကို ကြိုက်တတ်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အီဗန်ဆိုတဲ့ ကောင်လေးတစ်ယောက်က ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့ အီတလီကို ခရီးနှင်လာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေး လူးဝစ်နဲ့ တွေ့ဆုံကြတဲ့ သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်နယ်မြို့လေးရဲ့ အလှအပလေးတွေ ခံစားရင်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေ ဘယ်လိုဘယ်ပုံဖြစ်လာလည်းဆိုတာကြည့်ရင်းနဲ့ အီဗန်က လူးဝစ်ရဲ့ လျှို့ဝှက်ချက်ကြီးကို သိသွားတဲ့အချိန်မှာ ဘာတွေဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရမှာပဲ ဖြစ်ပါတယ်ရိုက်ချက်အလှတွေနဲ့ တမူထူးခြားတဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ဒီဇာတ်ကားလေးက ကြည့်ပြီးရင် ခေါင်းထဲမှာ စွဲကျန်နိုင်စေမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် File size…1.52GB / 560.2MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ..... Horror , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Spring(2014)

Shazam! Fury of the Gods (2023) 6.5
Shazam! Fury of the Gods (2023) Shazam! Fury of the Gods (2023)ရှဇမ်းရဲ့ ဒုတိယမြောက်ရုပ်ရှင်လာပါပြီ။ ပထမရုပ်ရှင်ရဲ့အဆက်အတိုင်းပါပဲ။ ပထမရုပ်ရှင်ရဲ့ ဒါရိုက်တာက David F. Sandberg ပါပဲ။ ရှဇမ်းလူကြီးအဖြစ်တော့ Zachary Levi ပဲ ပါဝင်ထားပေမဲ့ ကလေးသရုပ်ဆောင်အဖြစ်တော့ အသက်နည်းနည်းကြီးတဲ့ Asher Angel က ပါဝင်ထားပါတယ်။ စူပါဟီးရိုးမမ အလန်းအဖြစ် Grace Caroline Currey ပါပါတယ်။ ပထမကားထက် ဟာသတွေပိုများပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အပမ်းပြေကြည့်ရှုဖို့သက်သက် ဖန်တီးထားတာပဲဖြစ်ပါတယ်။ မိသားစုပညာပေးကားလေးဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဂရိနတ်ဘုရားတွေနဲ့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ရှဇမ်းတို့ကို စွမ်းအားတွေပေးခဲ့တဲ့ မှော်တောင်ဝှေးဟာ ဂရိနတ်ဘုရားတွေရဲ့ အစွမ်းတွေကိုခိုးယူထားပြီး နတ်ဘုရားလောကကို မှော်အစွမ်းတွေမရှိတော့အောင် ဖန်တီးခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှဇမ်း (၂၀၁၉) မှာ ဘီလီဘတ်ဆန်က ချိုးပစ်လိုက်တဲ့နော်က နတ်ဘုရားတွေ ကမ္ဘာပေါ်ကို ဆင်းလာနိုင်ပြီး သူတို့ရဲ့အစွမ်းတွေကို ပြန်ယူဖို့ ထိပ်တိုက်တွေ့ကြတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, ...
movie

Shazam! Fury of the Gods (2023)

2023
4K HEVC
Bridget Jones’s Baby (2016) 6.5
Bridget Jones’s Baby (2016) Bridget Jones's Baby (2016)~ IMDb - 6.5/10, RT - 78%, Meta - 59% ~ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က‌ တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်‌နေခဲ့ပါတယ်။အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘ‌တွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ...
movie

Bridget Jones’s Baby (2016)

2016
Kon-Tiki(2012) 7.2
Kon-Tiki(2012)  Genre - Adventure, Biography IMDB - 7.2/10 ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ ...
movie

Kon-Tiki(2012)

Congo (1995)
Congo (1995) ၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ ‘Congo’ ရုပ်ရှင်ကတော့ Oscar-nominated producer & director ကြီး Frank Marshall ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာဆိုရင်ဖြင့်E.T. the Extra-Terrestrial, The Sixth Sense, The Goonies, Jurassic World, Indiana Jones ရုပ်ရှင်အချို့နဲ့Back to the Future trilogy ၃ကားလုံးလည်း ပါဝင်တာဖြစ်တဲ့အတွက် တော်တော်လေးမခေတဲ့ ဒါရိုက်တာတစ်လက်လို့ ဆိုရမှာပါ။ဒါရိုက်တာကြီးရဲ့ ညွှန်ကြားမှုအောက်မှာတော့ ဒေါက်တာ Karen Ross အဖြစ် The Truman Show နဲ့ Love Actually ရုပ်ရှင်များမှ မင်းသမီးကြီး Laura Linney. The Lake House မှ Dylan Walsh. Ghostbusters ရုပ်ရှင်များမှ Ernie Hudson နဲ့ Home Alone ပရိသတ်တွေဆို တော်တော်လေးမစိမ်းကြမယ့် မျက်နှာပိုင်ရှင် Tim Curry တို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်File size…(2.0 GB)/(1.7 GB)/(890 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Action, Adventure, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Keith M
movie

Congo (1995)

Autumn Sonata (2017) 5.2
Autumn Sonata (2017) Autumn Sonata ( 가을 우페국) (2017) ===========================၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး အဓိပ္ပာယ်အပြည့်နဲ့ လှပတဲ့ ကိုရီးယားဇာတ်ကား‌ဟောင်းလေး ဖြစ်ပါတယ်။ အဆို တော်သရုပ်ဆောင်မင်းသမီး BoA နဲ့အတူ မင်းသား Lee Hak Joo တို့အဓိက ပါဝင်ထားပါတယ်။ကိုယ့်‌ မွေးရပ်မြေ မြို့လေးနဲ့ သဘာဝတရားကို ချစ်မြတ် နိုးပြီး သင်္ခါရတရားကို သေချာနားလည်ထားတဲ့ ရင့်ကျက် တဲ့ ၂၉ နှစ်အရွယ် မမ "ဆူရွန်း"နဲ့  သူ့နောက်အမြဲ တကောက် ကောက်လိုက်နေတဲ့ ၂၆ နှစ်အရွယ် မောင်လေး "ဂျွန်းလေး" တို့ရဲ့ ကြည်နူးဖွယ်ဇာတ်လမ်းလေး...• အင်ဆူရွန်း အဖြစ် BoA • ဂျွန်းလေး အဖြစ် Lee Hak Jooဇာတ်အလှည့်အပြောင်းတွေနဲ့ ပရိတ်သတ်ကြီးကို ရင်ထဲထိ စေမယ့် ရသတစ်ခုခု ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။ ဇာတ်ရှိန်ပျက်မှာစိုးလို့ ဒီကားလေးကိုတော့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူးနော်...ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြဖို့ အကြံပေးချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်)File Size..........(1.22 GB) / ...
movie

Autumn Sonata (2017)

2017
Serena(2014) 7.0
Serena(2014) Serena(2014)************မင်းသားကြီးBradley Cooperနဲ့ မမJennifer Lawrenceတို့အဓိကသရုပ်ဆောင်ထားတဲ့ Dramaကားလေးပါ။ဂျော့်ဟာ ရည်မှန်းချက်ကြီးတဲ့ သစ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတစ်‌နေ့မှာတော့ ဆရီနာကို မြင်မြင်ချင်းချစ်ခင်သွားပြီး တွေ့တွေ့ချင်းပဲလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဆရီနာကလည်း သစ်လုပ်ငန်းရှင်တစ်ဦးရဲ့သမီးဖြစ်တာနဲ့အညီ ဂျော့်နဲ့လက်တွဲခဲ့ပြီးနောက်မှာ သူ့စီးပွားရေးကိုပါဦးစီးနိုင်လာပါတယ်။ အချစ်စစ်တို့မည်သည် ရိုးရှင်းဖြောင့်ဖြူးမနေပါဘူး..တကယ်တော့ သူတို့ (၂) ဦးလုံးမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီးအဲ့ဒီအရာတွေပေါ်လာတဲ့အခါမှာတော့ သူတို့ဘယ်လိုဆက်ဖြတ်သန်းကြမလဲ.. ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရိုက်ကွင်းလှလှတွေနဲ့ လိုက်ဖက်လှတဲ့မမJennifer Lawrenceတို့စုံတွဲကို တစ်ဝကြီးထိုင်ကြည့်နိုင်ပါပြီ။File Size :(1.9GB) and (700MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:49:00 Genre :History, Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Serena(2014)

Romancham(2023)
Romancham(2023) Romancham (2023) IMDb 8.1 ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့သရဲခေါ်ဘုတ်ပြားကတစ်ဆင့် ဝိညာဥ်ဆင့်ခေါ်ခဲ့မိတဲ့သူငယ်ချင်း၇ယောက်... ငယ်စဉ်ကလေးဘဝကတုန်းက သရဲခေါ်နည်းပေါင်းစုံကစားဖူးကြမှာပါ ဘောပင်နဲ့ခေါ်တာ ဘုတ်ပြားပေါ် ဖယောင်းတိုင်တို့၊ဖန်ခွက်တို့နဲ့ခေါ်တာမျိုးတို့ပေါ့ဒီဇာတ်ကားထဲမှာလည်း စစချင်းမှာ ကိုမာကြောင့်ဆေးရုံမှာလှဲနေရတဲ့ ဂျီဘင်ဆိုသူရှိပါတယ် သူဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲမမှတ်မိဘူးပေါ့ နောက်ကြောင်းပြန်ရရင်တော့ သရဲခေါ်ဘုတ်ပြားကနေစမှာပါ တစ်အိမ်တည်းမှာအတူစုနေကြတဲ့သူငယ်ချင်း၇ယောက်ရှိပါတယ် ငှားရမ်းခကို အတူတူစုခံပြီး ညနေဘက်တိုင်း ဘော်လီဘောကစားကြတဲ့ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတစ်သိုက် ...သူတို့ထဲကတစ်ယောက်က ကစားနည်းပျင်းလာလို့ဆိုပြီး သရဲခေါ်ကစားနည်းဆော့ခဲ့ရာမှ ကမောက်ကမဖြစ်ကြရမဲ့သူတို့ဘဝတွေ... ဇာတ်လမ်းကြည့်ရင်းနဲ့ကိုဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်အသည်းတစ်ယားယားဖြစ်နေမှာပါပဲရှင် File size…2.21GB / 889MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~BpL~ Yunni
movie

Romancham(2023)

Murder Mystery 2 (2023) 5.7
Murder Mystery 2 (2023) Murder Mystery 2 (2023) =================== IMDb Rating - 5.7/10နာမည်ကြီး မင်းသား Adam Sandler နဲ့ မင်းသမီး Jennifer Aniston တို့ အဓိကသရုပ်ဆောင်ရိုက်ကူးထားတဲ့ Mystery Murder 2 ပြန်လာပါပြီ။ ဇာတ်​လမ်းကတော့ ​​တစ်ကားလုံး ရယ်စရာဟာသတွေနဲ့ တစ်လွဲတွေကို တွေ့မြင်ရမယ့် Mystery, Comedy Genre ပဲ ဖြစ်ပါတယ်။Nick Spitz နဲ့ Audrey Spitz တို့ သူတို့ စုံထောက်လုပ်ငန်းမှာ အလွဲတွေချည်းလုပ်ပြီး ဒေဝါလီခံလုနီးပါးအချိန်မှာ သူတို့ရဲ့ သူငယ်ချင်း ဘီလီယံနာသူဋ္ဌေးဆီက မင်္ဂလာဆောင်ဖိတ်တာကို ခံလိုက်ရတယ်။ သူတို့လည်း လက်ခံလိုက်ပြီး ဥရောပကို ခရီး ထွက်လာကြတာပေါ့။ ရောက်လည်းရောက်ရော ဘီလီယံနာ သူဋ္ဌေးရဲ့ အပျံ့စားဧည့်ခံမှုတွေကြောင့် ပျော်နေချိန်မှာပဲ မကြာ လိုက်ပါဘူး၊ ပြဿနာအကြီးကြီးတက်တော့တာပဲ။ သတို့သား ဘီလီယံနာသူဋ္ဌေးကို မင်္ဂလာဆောင်မှာ ပြန်ပေးဆွဲခံလိုက်ရပါ တယ်။အဲဒါကြောင့်Nick နဲ့ Audrey လည်း စုံထောက်တွေအဖြစ် တရား ခံကိုရှာဖွေဖို့ သံသယဝင်သူတွေကို စစ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီ သံသယဝင်ခံရတာက Nick ...
movie

Murder Mystery 2 (2023)

2023
Das Boot(1981) 8.4
Das Boot(1981) Genre - War,Drama IMDB - 8.4/10 ဒုတိယကမ္ဘာစစ်ရဲ့ စစ်မျက်နှာပြင်မှာ ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းရှိတဲ့အလျောက် ဒီလို ရေငုပ်သင်္ဘောအကြောင်း ရိုက်ထားတာ တော်တော်ကိုရှားတယ် ပြောရမယ်။ မှတ်မိသလောက်ဆို ၂၀၀၀ ခုနှစ်က U-571 ရယ် ထွက်ထားတာ သိပ်မကြာသေးတဲ့ Greyhound တို့ပဲ ရှိမယ်ထင်တယ်။ ပြီးတော့ ဂျာမန်စစ်ကားထုံးစံအတိုင်း ဝါဒဖြန့်မပါပဲ သဘာဝကျကျ ဖြတ်သန်းရတာမျိုးပဲ ကြည့်ရှုရမှာပါ။ ပြောလို့သာပြောတာ WW2 မှာ ဂျာမန်ရေငုပ်သင်္ဘောတွေက အမဲလိုက်မြေခွေးတွေဆိုတဲ့ နာမည်ပြောင်အတိုင်း ပင်လယ်ပြင်တွေမှာ မဟာမိတ်သင်္ဘောတွေကို တစ်စီးတည်းနဲ့ အုပ်လိုက်တွေကို အမဲလိုက်တာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ မင်းသားကြီး တွန်ဟမ့်သရုပ်ဆောင်ထားတဲ့ Grey Hound မှာ ဥပမာအနေနဲ့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကားမှာကျ ဒီဂျာမန်ရေငုပ်သင်္ဘောသားတွေရဲ့ လက်တွေ့ဘဝ၊ အခက်အခဲ၊ သေရေးရှင်ရေး ကြိုးပမ်းရပုံတွေကို အမြင်တစ်မျိုးနဲ့ ပြန်ခံစားရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ စစ်သတင်းထောက် ဗိုလ်လေးတစ်ယောက်က ...
movie

Das Boot(1981)

Murder Mystery (2019) 6.1
Murder Mystery (2019) Murder Mystery (2019) =================၂၀၁၉ထွက်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင် ထားတဲ့ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကိုစလိုက်ရအောင်ဗျာ ... နယူးယောက်က  စုံထောက်စာမေးပွဲကိုခဏခဏကျတဲ့ ရဲအရာရှိတစ်ယောက်နဲ့ သူ့မိန်းမ ကအိမ်ထောင်သက် ၁၅နှစ် ပြည့်မှာ ဇနီးသည်ရဲ့အလိုဆန္ဒကိုလိုက်လျောသော အားဖြင့် မင်္ဂလာဦးပေးထားခဲ့တဲ့ ဥရောပခရီးထွက်ဖို့ဖြစ် လာခဲ့ပါတယ်။ လေယာဉ်ပေါ်‌ရောက်တော့ ကယ်ဗန်ဒစ်ချ် ဆိုတဲ့လူတစ်ယောက်နဲ့ရင်းနှီးသွားတယ်။ စကားတွေ ပြော ဖြစ်ရင်းနဲ့ သူ့ဦးလေးဘီလီယံနာ အဖိုးကြီးမင်္ဂလာဆောင် ဂုဏ်ပြုပွဲလုပ်တဲ့အပန်းဖြေသင်္ဘောကိုခေါ်လို့လင်မယား နှစ်ယောက်လိုက်သွားတာပေါ့။ညဖက်ရောက်တော့အခန်းထဲမှာအဖိုးကြီးရဲ့မိသားစုတွေ မိတ်ဆွေရှေ့မှာ အဖိုးကြီးက သူ့ဇနီးသည်ငယ်ငယ်လေးကို သူပိုင်ဆိုင်သမျှ ဘီလီယံနာ ၇၀ လုံးလွှဲပေးဖို့လက်မှတ် ထိုးခါနီး ရုတ်တရက်မီးပြတ်ပြီး အဖိုးကြီးအသတ်ခံလိုက် ရတယ်။ ဇာတ်လမ်းကအဲ့ကနေစတော့တာပဲ . . .ဒါနဲ့ ရဲလင်မယားနှစ်ယောက်က သံသယရှိတဲ့လူတွေကို စုံစမ်းကြတယ်၊ သူတို့သံသယရှိတယ်လို့ထင်တဲ့သူတွေက လည်း တစ်ယောက်ပြီးတစ်ယောက်သေသွားကြတယ်။ ဘယ်လိုအလွဲလေးတွေနဲ့လိုက်စုံစမ်းကြမလဲဆိုတာ ရယ် စရာတွေကြည့်ရင်းရင်းအပန်းဖြေရင်းကြည့်ကြမယ်ဗျာIMDB rating 6.1ရထားတဲ့ ဟာသ ကားလေးမို့အားပေးကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုတင်မျိုးလွင် ပါ)File Size : (800 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 1h 37min Format : Mp4 Genre : ...
movie

Murder Mystery (2019)

2019
My Imaginary Country(2022) 7.1
My Imaginary Country(2022) My Imaginary Country(2022)*************************** ၀၁၉ ခုနှစ် အောက်တိုဘာလရဲ့ လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့တာကစလို့ လူထုအုံကြွမှုဖြစ်စေခဲ့တဲ့၂ နှစ်ကြာတဲ့ ချီလီနိုင်ငံရဲ့ တော်လှန်ရေးကို ရိုက်ပြထားတဲ့ Documentary ဇာတ်ကားဖြစ်ပါတယ်။ရထားစီးခကို တိုးပြီး ကောက်ခံတဲ့ လို့ ကျောင်းသားလူငယ်တွေ မကျေမနပ်ဖြစ်ကာအဓိကရုဏ်းဖြစ်ရာကစလို့ နှစ်ကြာရှည် ဖိနှိပ်ခံ အမြတ်ထုတ်ခံနေရတဲ့ ပြည်သူလူထုဟာတစ်စည်း တစ်လုံးတည်း လမ်းမတွေပေါ်ထွက်ကာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးစနစ်ကို ဆန္ဒပြ ဖော်ထုတ်ခဲ့ကြတယ်။အစပိုင်းမှာတော့ ရဲတွေရဲ့ မျက်ရည်ယိုဗုံးတွေ နံပါတ်တုတ်နဲ့ ရိုက်တာတွေ ကျည်ဆန်အတုနဲ့ ပစ်တာတွေကို ကြုံခဲ့ရပြီးလူဦးရေ ၄၀၀ ကျော် မျက်စိကို ထိခိုက်ပြီး အမြင်အာရုံ ပျောက်ခဲ့ရတယ်။ ဒီလိုနဲ့ တော်လှန်ရေး အရှိန်အဟုန်ဟာ တိုးလာပြီး ပြည်သူလူထုဘက်က ဒိုင်းတွေကာ ခဲတွေပေါက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့ကြရတယ်။ဖိုဝါဒီနဲ့ အမျိုးသမီးအခွင့်အရေးတွေကို ဖိနှိပ်ခံထားရတဲ့ အမျိုးသမီးလေးတွေ အိမ်ရှင်မတွေဟာလည်းဒယ်အိုးကို တီးပြီး လမ်းမတွေပေါ် ထွက်လာကြတယ်။ အဲ့ဒီနောက်စစ်တပ်က ...
movie

My Imaginary Country(2022)

Love So Divine(2004) 6.7
Love So Divine(2004) Love So Divine(2004)*******************ဂင်ဂျူရှစ်ဆိုတဲ့လူငယ်လေးဟာ ခရစ်ယာန်ဘာသာကို အထူးယုံကြည်သက်ဝင်ပြီးကျန်ရှိတဲ့သက်တမ်းတစ်လျှောက်ကိုလည်း မွန်မြတ်တဲ့ ဖာသာတစ်ဦးအဖြစ်နဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတဲ့ သူတစ်ဦးပါ... ဒါ့ကြောင့် ခရစ်ယာန်ကျောင်းတော်မှာလည်း ကျင့်ဝတ်တွေကိုသေချာလိုက်နာပြီး စာတွေလည်း အရမ်းကြိုးစားခဲ့ပါတယ်... ဒီလိုနဲ့ သူနေတဲ့ ခရစ်ယာန်ကျောင်းတော်ကြီးက ဖာသာကြီးရဲ့ သမီးဖြစ်သူဟာအမေရိကားမှာ စာသင်ပြီး ကျောင်းပိတ်လို့ပြန်လာခဲ့ပါတယ်... ကောင်မလေးဟာ အမေရိကားမှာကျောင်းတက်လာတဲ့ခေတ်လူယ်ပီပီခေတ်ဆန်ပွင့်လင်းပြီး အရာရာကိုစူးစမ်းတဲ့သူတစ်ဦးပေါ့ ...ဒီလိုကောင်မလေးနဲ့ ရှေးရိုးစွဲ ဘာသာရေးသာ ပထမလို့ ယူဆထားတဲ့ လူငယ်လေးနဲ့တွေ့တဲ့အခါမှာတော့....File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:45:00 Genre : Romance , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lin Encoded by Phyo Pyae
movie

Love So Divine(2004)

The Dead Zone (1983)
The Dead Zone (1983) The Dead Zone 1983 Imdb 7.2/10 rotten tomatoes 88% 1979 ခုနှစ်က ထွက်ရှိခဲ့တဲ့ Stephen King ရဲ့  လက်ရာတစ်ခုဖြစ်တဲ့ The Dead Zoneကိုအခြေပြုပြီးရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအသွားက‌တော့ ဂျွန်နီစမစ်ဆိုတဲ့ ကျောင်းဆရာတစ်ယောက်ဟာ ယာဥ်မတော်တဆမှုကြောင့် ၅နှစ်ကြာ ကိုမာဝင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုမာကနေ ပြန်လည်သတိရလာတဲ့အခါမှာ သူ့မှ ာ လူတွေကို ထိလိုက်တာနဲ့ အဲ့လူရဲ့အနာဂတ်ကိုမြင်နိုင်တယ်ဆိုတာကိုသိခဲ့ရတယ် သူဟာသူ့ကိုယ်သူစစချင်းမယုံကြည်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ‌‌တော့လူတွေကိုကူညီဖို့ပြုလုပ်လာခဲ့တယ် သူဟာ ဂရက်ဂ်စတေးလ်ဆန်လို့ခေါ်တဲ့ မဲရွေးဝင်ခံနေတဲ့ အမတ်တစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာပဲ ဂျွန်နီတစ်ယောက်ဘယ်လိုဆုံးဖြတ်ချက်တွေချခဲ့လဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ‌တော့ Johnny Smithအဖြစ် အော်စကာဆုရှင် Christopher Walkenက သရုပ်ဆောင်ထားပြီးတော့  Johnny Smithရဲ့ ရည်းစားအဖြစ်အဖြစ်Brooke Adamsမှပါဝင်သရုပ်ဆောင်ထားသလို အမတ် Greg Stillsonအဖြစ် Martin Sheenမှပါဝင်သရုပ်ဆောင်ထားပါတယ်တယ်File size…(2 GB)/(1.3 GB)/(600 Mb) Quality….Webrip ...
movie

The Dead Zone (1983)

The Man with Two Brains (1983)
The Man with Two Brains (1983) ဇာတ်လမ်းအကျဥ်းကတော့ ဇနီးသည်ကွယ်လွန်ထားလို့ ပူပူနွေးနွေး မုဆိုးဖိုဖြစ်နေတဲ့ ဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ဦးဟာ မိန်းမလှလေး တစ်ယောက်ကို ကားနဲ့တိုက်မိပြီး အဆိုပါမိန်းမ‌လှ‌လေးက‌ ဦးခေါင်းဒဏ်ရာရသွားလို့ သူကိုယ်တိုင်တီထွင်ထားတဲ့ ဦးခေါင်းခွဲစိတ်နည်းနဲ့ အသက်ကယ်ပေးလိုက်ပါတယ်။ ဇာတ်လိုက်ကျော် ဦးနှောက်ခွဲစိတ်ဆရာဝန်ဟာ မိန်းမလှလေး သတိရလာတဲ့နောက်မှာ သူမရဲ့ စရိုက်မှန်ကိုမသိဘဲ ချစ်မိသွားပြီး လက်ထပ်လိုက်ပါတော့တယ် ။ ပျားရည်ဆမ်းခရီးအနေနဲ့ ဩစတြီးယားနိုင်ငံကို ခရီးထွက်သွားပြီး ထူးဆန်းတဲ့ဆရာဝန်တစ်ယောက်နဲ့ စကားစပ်မိရာက‌နေ ထူးဆန်းတဲ့ လူသတ်မှုတွေအကြောင်း ၊ အသတ်ခံရတဲ့ သူ့သူငယ်ချင်းဆရာဝန်အကြောင်း‌ သိရှိခဲ့ရတဲ့အပြင် စကား‌ပြောတတ်တဲ့ ဦးနှောက်တစ်လုံးနဲ့ပါ တွေ့ဆုံခဲ့ပါ‌တော့တယ်။ ဒါ့အပြင် သူ့ဇနီးရဲ့ စရိုက်မှန်တွေကို သိသွားပြီးနောက်မှာ ဘယ်လိုတွေ ဆက်လက်ဖြေရှင်းမလဲဆိုတာကတော့ .... IMDb rating 6.4 ရရှိထားပြီး ထေ့လုံး၊ ငေါ့လုံး၊ ဟာသလေး‌တွေပါ ညှပ်ထည့်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ခန္ဓာကိုယ်ဗလာအသားပေးပြကွက်တွေနဲ့ လိင်ပိုင်းဆိုင်ရာစကားလုံးတွေ ပါဝင်တာကြောင့် အသက် 18 နှစ်အောက် ကလေးတွေ ...
movie

The Man with Two Brains (1983)

Nanny Dearest (2023)
Nanny Dearest (2023) အသက်ငယ်ငယ်လေးနဲ့ သမီး‌လေးမွေးထားတဲ့ တေလာတစ်ယောက် ပိုက်ဆံရဖို့အတွက် မမျိုးဥလှူဒါန်းမှုလုပ်ခဲ့ပြီး အိမ်ပြန်လာတဲ့အချိန်မှာ သူ့ကောင်လေးရဲ့မတော်တဆလုပ်ရပ်ကြောင့် မွေးကင်းစသမီးသေဆုံးသွားတာကိုသိလိုက်ရပါတယ်။ ဒီလိုနဲ့တေလာလည်းစိတ်လွတ်သွားပြီး သူ့ကောင်လေးကို သ-တ်လိုက်မိတဲ့အတွက် ထောင်ဆယ်နှစ်ကျသွားပါတော့တယ်။ ဆယ်နှစ်အကြာ တေလာတစ်ယောက်ထောင်ကပြန်လွတ်လာတဲ့အချိန်မှာ သူ့သမီးလေးကိုပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့ ထောင်ထဲမှာတုန်းကသိခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီကိုယူပြီး သူရဲ့မမျိုးဥကို လက်ခံခဲ့တဲ့ မိသားစုနောက်ကို ပြန်လိုက်ရှာခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့မမျိူးဥကိုလက်ခံခဲ့တဲ့မိသားစုကိုရှာတွေ့ပြီး အဲဒီမိသားစုထဲကို ဝင်လို့ရအောင်လုပ်ရင်း သူ့ရဲ့သမီးနားကိုကပ်ဖို့ကြိုးစားတဲ့အခါမှာ သူ့သမီးအနားမှာနေသွားနိုင်မလား၊ လက်ခံခဲ့တဲ့မိသားစုက‌ ရော သူဘယ်သူလဲဆိုတာကို သိသွားမလား၊ သူ့သမီးရဲ့ အမေဖြစ်ခွင့်ရမှာလား၊ ဘယ်လိုအရှုပ်ထုတ်တွေလုပ်မိမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။File size…(2.1 GB)/(875 GB)/(490 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT
movie

Nanny Dearest (2023)

The Passengers of the Night (2022) 7
The Passengers of the Night (2022) The Passengers of the Night (2022)၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ IMDb 7 ရထားပါတယ်။ ၁၉၈၀ ခုနှစ် ဝန်းကျင်ကာလကို အခြေခံထားပြီးတော့ ပြင်သစ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးလေးနဲ့ ဇာတ်လမ်းထဲကို မျောသွားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Elisabeth ဟာ ခင်ပွန်းသည်ကထားသွားတော့ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်နဲ့ ဘဝကို တစ်ကိုယ်တည်း ရုန်းကန်ရပါတော့တယ်။ အလုပ်မလုပ်ဘဲ အိမ်ရှင်မအလုပ်ပဲလုပ်လာခဲ့တော့ အလုပ်ရှာရခက်နေပါတယ်။ နောက်ဆုံးမှာ ညပိုင်းရေဒီယိုထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုမှာ အလုပ်ဝင်လို့ရသွားတော့ Talualah ဆိုတဲ့ အိမ်ခြေရာမဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံလို့ သနားပြီး အိမ်ကိုခေါ်သွားခဲ့ပါတယ်။ မိသားစုကို တစ်ကိုယ်တည်းတာဝန်ယူရတဲ့ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအပေါ် ကာကွယ်စောင့်ရှောက်ပေးတဲ့အပြင် သွေးမတော်သားမစပ် Talualah ကိုလည်း ကူညီစောင့်ရှောက်ပေးတဲ့ Elisabeth ရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့မိသားစုရဲ့ ဘဝဖြတ်သန်းပုံကို လှလှပပရိုက်ပြထားပြီး အေးအေးငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်လို့ ပြင်သစ်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p ...
movie

The Passengers of the Night (2022)

2022
Palm Trees and Power Lines (2022) 6.5
Palm Trees and Power Lines (2022) Palms tree and Power Line (2022)Rotten Tomatoes 90%, IMDb Rating 6.7 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။၁၈+ကားလိုမျိုးမဟုတ်ပေမယ့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ကြောင်း ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။လီယာဟာ အိမ်ထောင်ကွဲနေတဲ့ အမေဖြစ်သူနဲ့ အတူနေထိုင်တဲ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ အမေဖြစ်သူရဲ့ ရည်းစားများမှု ပြဿနာကြောင့် အိမ်မှာနေထိုင်ရတာလည်း အဆင်မပြေလှဘူးဖြစ်နေပါတယ်။ ဒီလိုနဲ့ နွေရာသီတစ်ခုမှာတော့ လီယာဟာ သူ့သူငယ်ချင်းတွေ၊ သူ့အမေနဲ့ ကင်းကွာသလိုဖြစ်ပြီးတော့ တွမ် ဆိုတဲ့ အသက် ၃၀ ကျော် လူတစ်ယောက်နဲ့ ဆုံစည်းဖြစ်ပါတယ်။ လီယာလည်း သူ့အဆင်မပြေမှုတွေရဲ့ ထွက်ပေါက်အဖြစ် တွမ် ကို အသုံးပြုပါတော့တယ်။ ဒါပေမယ့် နောက်ကြောင်းကိုလည်း ရှင်းရှင်းမသိရတဲ့ တွမ်ဟာ အသက် ၁၇ နှစ်အရွယ် လီယာကို ဘာကြောင့် ချဉ်းကပ်ရတာလဲ၊ သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေမလဲဆိုတာ အများကြီး မညွှန်းတော့ဘဲ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ခံစားလိုက်ပါဦး။အညွှန်း ...
movie

Palm Trees and Power Lines (2022)

2022
Faraaz (2023) 4.6
Faraaz (2023) Faraaz 2022 IMDb 4.6/10 Action/Thrillerဒီဇာတ်ကားဟာ 2016ခုနှစ် ဘင်္ဂလားဒေ့ရှ်က ကော်ဖီဆိုင်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ မတူညီတဲ့ဘဝတွေကို ဖြတ်သန်းနေရတဲ့ လူငယ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ တချို့ကတော့ နောင်ရေးအတွက် ပိုပြီး ကောင်းမွန်တဲ့အလားအလာတွေကို ဖန်တီးနေရချိန်မှာ တချို့လူငယ်လေးတွေကတော့ ကိုယ်ယုံကြည်ရာတစ်ခုအတွက် ဘဝတွေကိုစတေးပြီး စွန့်စားနေကြပါတယ်။အဲဒီနေ့က ဒါကာမှာ သာမန်နေ့ရက်လေးတစ်ရက်ဖြစ်နေခဲ့ပေမယ့် ရုတ်တရတ်ဆိုသလို အကြမ်းဖက်အဖွဲ့ဝင်တွေက ကော်ဖီဆိုင်တစ်ခုကို ဝင်စီးလိုက်ကြပါတယ်။ အဲဒီအဖွဲ့ကလူငယ်လေးတွေကတော့ သူတို့ယုံကြည်ရာ ကိုးကွယ်ရာဘာသာအတွက် မှန်ကန်မယ်လို့ထင်‌တဲ့အရာကို လုပ်နေခဲ့ကြတာပါ။ ဒါပေမဲ့ ကော်ဖီဆိုင်ထဲမှာ ရှိနေတဲ့ ဘဝအမျိုးမျိုးနဲ့လူတွေကရော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားမလို့ စိတ်လှုပ်ရှားစွာနဲ့ ဆက်ပြီး ကြည့်ရှုပေးကြပါဦး။ File size…1.42GB /  614MB Quality…1080p NF  WEB DL / 720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Thaik San ~ Cherry
movie

Faraaz (2023)

2023
Bangkok Love Story (2007) 5.8
Bangkok Love Story (2007) Bangkok Love Story (2007)ထိုင်းရုပ်ရှင်တွေထဲ Thai queer Film တွေရဲ့ နေရာယူမှုကလည်း တော်တော်ကြီးမားတယ်လို့ ပြောလို့ရပါတယ်။ 1985ထွက်ခဲ့တဲ့ The Last Songဟာ ပထမဆုံး ထိုင်း queer Film ဖြစ်ခဲ့ပြီး သူ့အနီးအနား ခုနှစ်တွေမှာ Tortured Love (1987)နဲ့ I Am a Man (1987)တို့ဆက်လက်ထွက်ရှိခဲ့ပြီး ဒီသုံးကားကို Thai queer cinemaရဲ့ first waveလို့ သတ်မှတ်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်းတော့ New Wave ခေတ် ၂၀၀၀ဝန်းကျင်လောက်မှ ထပ်ထုတ်ခဲ့ကြပုံပါပဲ။ ကြားထဲသိပ်မတွေ့ရတော့ဘူး။ ဒီဘက်နှစ်တွေမတိုင်ခင်အထိလည်း အရမ်းအများကြီးထုတ်ခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။ Bangkok Love Storyဟာ ၂၀၀၀ကျော်ဝန်းကျင်က သိပ်အများကြီးမရှိခဲ့တဲ့ ထိုင်း Queer Filmကားကောင်းတွေထဲက တစ်ကားပါပဲ။ ဒါပေမဲ့လွယ်လွယ်နဲ့ ထုတ်ခဲ့ရတာတော့မဟုတ်ပါဘူး။ Pre-productionကာလမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကန့်ကွက်ခြင်းခံခဲ့ရသလို ဆင်ဆာနဲ့ ပတ်သက်ပြီး အခက်အခဲတွေလည်း တွေ့ခဲ့တယ်။ ယောက်ျားချင်းကြိုက်တဲ့ကားပေမဲ့ ကနွဲ့ကလျတွေမပါဘဲ ခပ်ကြမ်းကြမ်း၂ပွေ ကြိုက်တဲ့ကားဖြစ်နေတာ့ သရုပ်ဆောင်၂ယောက်က ...
movie

Bangkok Love Story (2007)

2007
No content available

Genres

Archives