720p WEBRip – Quality – Channel Myanmar
Channel Myanmar

720p WEBRip

I Think We’re Alone Now(2018) 6.1
I Think We’re Alone Now(2018) I Think We're Alone Now(2018) Delက ကမ္ဘာမြေပေါ်မှာနောက်ဆုံးကျန်ခဲ့တဲ့လူတစ်ယောက်လို့ သူ့ကိုယ်သူထင်နေတဲ့လူတစ်ယောက်ပါ။ သူက လူသူဝေးရာမြို့ငယ်လေးတစ်မြို့မှာ စိတ်ကူးယဉ်ကမ္ဘာလေးဖန်တီးပြီးကျေနပ်နေသူတစ်ယောက်ပါ။ သူနေထိုင်တဲ့မြို့လေးဟာကပ်ဆိုးတစ်ခုကြောင့်တစ်မြို့လုံးကလူတွေသေဆုံးခဲ့တာပါ။ အဲ့ဒီမြို့မှာသူတစ်ယောက်တည်းနေထိုင်ရင်း သူ့ကိုယ်သူကမ္ဘာမြေကြီးရဲ့နောက်ဆုံးလူသားလို့ထင်နေချိန်မှာGraceဆိုတဲ့ ကောင်မလေးတစ်ယောက်သူ့ဆီကိုရောက်လာခဲ့ပါတယ်။ သူက Graceကိုသူ့ကမ္ဘာငယ်လေးဆီမှာမနေစေချင်ပါဘူး ထွက်သွားခိုင်းပေ့မယ့်Graceကဆက်နေခဲ့ပါတယ်။ လူတွေအားလုံးသေဆုံးပြီး ခြောက်ခြားစရာမြို့ပျက်မှာ သူတို့်နှစ်ယောက်ကထူးဆန်းတာတစ်ခုလုပ်ခဲ့ပါတယ်။ အဲ့ဒီလိုလုပ်နေတုန်းမှာ သူတို့ မမျှော်လင့်တာတွေ အံအားသင့်စရာကောင်းလောက်အောင်ကြုံခဲ့ရတယ်... ကိုင်း သူတို့ ဘာတွေကြုံလဲ ...ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး..ဒီကားထဲက အဓိက သရုပ်ဆောင်ကြီးကိုတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ...မင်းသမီးလေးကလည်း နင်းကန်လှလွန်းပါတယ်... ပြီးတော့ IMDb...5.6 နဲ့ Rotten ....63% လည်းရထားလေတော့  အတော်လေးအောင်မြင်တဲ့ကားလို့ဆိုရမှာပဲဖြစ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Amy Khine ပဲဖြစ်ပါတယ်... File Size : (860 MB) and (225 MB) Quality :720p WEBRip, Format…mp4 Duration…01:33:00 Genre :  Drama , Mystery , Sci-Fi  Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo ...
6.1
IMDB: 6.1/10 198 votes
movie

I Think We’re Alone Now(2018)

2018
720p WEBRip
Terrortory 2 (2018) 4.7
Terrortory 2 (2018) (ကြောက်တတ်သူများမကြည့်သင့်ပါ...) ဒီတစ်ခေါက်CMပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကတော့ Terrortory (2018)ကားလေးပဲဖြစ်ပါတယ်။ ဒီကားကတော့ Horror Thriller အမျိုးအစားဖြစ်ပြီးတော့ တော်တော်လေးကြည့်ကောင်းတဲ့ကားလေးပါလို့ညွှန်းရင်လဲမမှားပါဘူး။ သရဲကားကိုမှ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ထူးထူးဆန်းဆန်းလေးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ပြလိုပါသေးတယ်။ ဇာတ်လမ်းလေးက တောကြီးမျက်မည်းထဲမှာ အဖိုးကြီးတစ်ဦးနဲ့ လူတစ်ယောက်ဆုံမိရာကစပါတယ်။ သူတို့အချင်းချင်းစကားစမည်ပြောဆိုရာက ဒီတောအုပ်က သာမာန်တောအုပ်တစ်ခုမဟုတ်တဲ့အပြင် မကောင်းဆိုးရွားတွေလဲ အမျိုးအစားစုံစွာတည်ရှိနေကြောင်းကိုသိလာရပါတော့တယ်။ အဖိုးကြီးက တောထဲမှာကျင်လည်ကျက်စားသူပီပီ အန္တရာယ်တွေရှောင်ကွင်းသွားရင်း လူငယ်လေးကိုတောကြီးအကြောင်းပုံပြင်တွေပြောပြကာ ဇာတ်လမ်းကိုအရှိန်ယူပါတယ်။ အပြင်လောကနဲ့ဆက်စပ်နေတဲ့ ဒီဇာတ်လမ်းတွေက ပုံပြင်သက်သက်လား တကယ့်အဖြစ်အပျက်လား?အဖိုးကြီးကရော ဘာလဲ? ကောင်လေးကရောဘာလဲ? ဒီလိုမေးခွန်းပေါင်းများစွာတွေ ပုံပြင်ထဲကအဖြစ်အပျက်တွေ တောအုပ်ကြီးမှာ ချမှတ်ထားတဲ့စည်းကမ်းတွေ စတဲ့ထူးဆန်းမှူများစွာနဲ့ ကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။ သွေးထွက်သံယိုတွေ ဝတ်လစ်စလစ်တွေပါဝင်လို့ ကလေးငယ်များအနေနဲ့ မိဘညွှန်ကြားချက်နဲ့သာကြည့်သင့်ပါတယ်။ သရဲကားဆိုရင် ဖြဲခြောက်တာမျိုးကိုသဘောမကျပဲ ဇာတ်လမ်းဇာတ်အိမ်နဲ့ရှိတဲ့ကားမျိုးသဘောကျတယ်ဆိုရင်တော့ ဒီTerrortory (2018)ကားလေးကသင့်တော်မှာပါလို့ပဲ ညွှန်းလိုက်ပါတယ်။ File Size : (882 MB) and (304 MB) Quality : WebRip Format…mp4 Duration…1 hr 42 min Genre : Horror Subtitle : Myanmar Subtitle ...
4.7
IMDB: 4.7/10 35 votes
movie

Terrortory 2 (2018)

2018
720p WEBRip
Black 47(2018) 7.0
Black 47(2018) Black 47(2018) IMDb.....7.0 ဒီကားလေးကတော့ အိုင်ယာလန်နိုင်ငံမှာအငတ်ဘေးကြီးကျရောက်တဲ့ကာလကိုအခြေပြုရိုက်ကူးထားတဲ့ ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ IMDb rating 7.0 အထိရရှိထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံမှာအငတ်ဘေးကျရောက်ပြီး သီးနှံလည်းမဖြစ်ထွန်း အနာရောဂါတွေနဲ့ လူတွေများစွာသေကျေပြီး အင်္ဂလန်၊ အမေရိကစတဲ့ဒေသတွေဆီကို အိုင်းရစ်လူမျိုးတွေထွက်ခွာနေရတဲ့အချိန်မှာ ဗြိတိန်စစ်တပ်အတွက် ပြည်ပမှာတိုက်ခိုက်ပေးခဲ့တဲ့အိုင်းရစ်စစ်သည်တစ်ယောက်ရှိတယ်.. သူဟာ မိမိနေရပ်ကိုပြန်လာချိန်မှာ ဒီလိုစိတ်ထိခိုက်စရာအဖြစ်အပျက်တွေကိုမြင်တွေ့လိုက်ရတဲ့အပြင် သူ့ရဲ့မိသားစုတွေနဲ့အခြားအိုင်းရစ်လူမျိုးတွေ ဗြိတိန်ရဲ့ဖိနှိပ်မှုတွေခံနေရတာ သတ်ဖြတ်ခံရတာတွေကိုပါ တွေ့မြင်လိုက်ရတော့ သူ့မိသားစုနဲ့ သူ့လူမျိုးအတွက်တစ်ကိုယ်တော်အာခံတိုက်ခိုက်လက်စားချေတော့တာပါပဲ။ Action/Drama ကားကြိုက်တဲ့သူတွေအတွက် စိတ်မပျက်စေမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်... File Size : (850 MB) and (303 MB) Quality :720p WEBRip, Format…mp4 Duration…01:40:00 Genre : Action , Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Phyo Pyae
7.0
IMDB: 7.0/10 1652 votes
movie

Black 47(2018)

720p WEBRip
Hold the Dark(2018) 5.8
Hold the Dark(2018) Hold the Dark(2018) သားရဲ တိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့ ဝံပုလွေတစ်ကောင်ရဲ့ နေထိုင်မှုပုံစံဟာ ကျွန်တော်တို့အမြင်မှာတော့ ရက်စက်ကြမ်းယုတ်နေတယ်...တစ်ခုတော့ရှိတော့ ၀ံပုလွေတစ်ကောင်ရဲ့ နှလုံးသားကို ကျွန်တော်တို့တစ်ခါမှမြင်အောင် မကြည့်ခဲ့ကြသလို ဖေးမစာနာစရာလိုတယ်လို့လည်း တစ်ခါမှ မစဉ်းစားခဲ့ကြဘူး.... ဝတ္ထုအနေနဲ့ အောင်မြင်ခဲ့တဲ့ Hold the Dark ကိုရုပ်ရှင်အဖြစ်အသက်သွင်းထားတဲ့ Hold the Dark (2018) ဇာတ်ကားဟာ ၀ံပလွေတွေနဲ့ အဓိက ဇာတ်အိမ်တည်ထားတယ်... Medora Sloaneဆိုတဲ့အမျိုးသမီးမှာ သိပ်ချစ်ရတဲ့ သား(၃)ယောက်ရှိတယ်...ကံဆိုးစွာပဲ ဒီသားလေးတွေဟာ ၀ံပုလွေဆွဲလို့ အသက်ဆုံးရှုံးသွားတယ်... မိခင်ဖြစ်သူအတွက် ၀ံပလွေတွေဟာ နာကျဉ်းစရာ စက်ဆုတ်စရာပေါ့... အမေဖြစ်သူဟာ ၀ံပုလွေကို အမုန်းကြီးမုန်းလေတော့ ၀ံပုလွေအကြောင်းကိုလေ့လာနေသူစာရေးဆရာလည်းဖြစ် မုဆိုးလည်းဖြစ်တဲ့ Russell Core ကို အကူအညီတောင်းတယ်..အဲ့ဒါကတော့ ၀ံပုလွေတွေကိုလက်စားချေ သတ်ဖြတ်ပေးဖို့ပါပဲ... Russell တစ်ယောက် ဝံပုလွေရှာပုံတော်ဖွင့်ရင်း ဘာတွေဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး...ဒီကားက ရှုံထောင့်စုံကနေ ကြည့်ရှုသူကို ဆွဲခေါ်သွားရင်း တွေးစရာလေးတွေပေးသွားတဲ့ကားလေးလည်းဖြစ်ပါတယ်... ဇာလမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်... File Size : (850 MB) and (376 MB) Quality : ...
5.8
IMDB: 5.8/10 5915 votes
movie

Hold the Dark(2018)

2018
720p WEBRip
The Teacher’s Diary 7.9
The Teacher’s Diary ဒီထိုင်းဇာတ်ကားလေးကိုကြည့်ပြီး တွေးစရာတွေများသွားခဲ့ပါတယ်။ ပထမဆုံးပြောချင်တာက ဒီဇာတ်ကားမှာ ရိုက်ချက်တွေတော်တော်ငြိမ်ပါတယ်။ လှုပ်ရှားမှုတိုင်း ပြကွက်တိုင်းမှာ အသက်ဝင်အောင်ရိုက်ကူးထားနိုင်ပါတယ်။ ကိုယ်တိုင် ထဲထဲဝင်ဝင်လိုက်ကြည့်နေရသလိုမျိုး ငြိမ်ငြိမ်လေးရိုက်ကူးထားပါတယ်။ ဇာတ်လမ်းသဘောလေးကလဲ ကြည်နူးလွမ်းမောဖွယ်ရာပါ။ ဆရာ/ဆရာမတွေရဲ့ မေတ္တာနဲ့ ကလေးလေးတွေရဲ့ဖြူစင်မှုကိုပေါင်းစပ်ပြထားပါတယ်။ စာအုပ်တစ်အုပ်ကို အခြေခံလို့ သံယောဇဉ်တရားကိုပုံဖော်သွားတာ Edit Frame တွေလှပလွန်းပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီး တွေးမိတာကတော့ ဒီလိုဇာတ်လမ်းမျိုး ၊ရှုခင်းမျိုး ၊ရိုက်ကွင်းမျိုး မြန်မာနိုင်ငံမှာ ရှိလို့ရိုက်ကူးဖြစ်ခဲ့မယ်ဆိုရင်တောင် ဒီလိုရသမျိုးပါအောင် မြန်မာ့ရုပ်ရှင်ဖန်တီးသူတွေ လုပ်နိုင်ပါ့မလားလို့ပါ။ ဇာတ်လမ်းကတော့ မြန်မာဇာတ်ကားတွေမှာတွေ့နေကြ ဇာတ်လမ်းမျိုးလေးပါပဲ။ ဒါပေမယ့် မြန်မာဇာတ်ကားနဲ့လုံးဝမတူတာကတော့ တင်ဆက်ပုံပါ။ ငြင်သာလွန်းပါတယ်။ လုံးဝကိုနစ်မြောသွားမိပါတယ်။ IMDb Rating (8/10) ရရှိထားတာ မလွန်လွန်းပါဘူး။ မိသားစုနဲ့အေးအေးဆေးဆေးခံစားကြည့်ရှုကြဖို့ ထိုက်တန်တဲ့ဇာတ်ကားဖြစ်ပါတယ်။ (မြန်မာစာတန်းထိုးကိုတော့ မယွန်းစန္ဒီ(Meoww Meoww) မှကိုယ်တိုင်ဘာသာပြန်တင်ဆက်ထားတာပါ။)   File size...(900MB) Quality...WEB-DL 720pFormat...mp4 Duration....01:44:37 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
7.9
IMDB: 7.9/10 1,355 votes
movie

The Teacher’s Diary

2014
720p WEBRip
Mandy (2018) 7.8
Mandy (2018) နာမည်ကျော် မင်းသားကြီး နီကိုးလက်စ် ကေ့ဂ်ျ  အကြာကြီးပျောက်နေပြီးမှ ပြန်ပေါ်လာတဲ့ ရုပ်ရှင်ကားလို့ပဲ ပြောရမလား မင်းသားကြီးကို လွမ်းနေတဲ့သူတွေ အတွက် အကောင်းဆုံး သရုပ်ဆောင်ထားပေးပါတယ် ဒီ Mandy ဆိုတဲ့ ရုပ်ရှင်ကားဟာ ဘာသာရေး အစွန်းရောက် တဲ့ ပုံစံမျိုးကို ပြသထားပြီး သွေးထွက်သံယို အခန်းတွေ ၊ ညစ်ညမ်းတဲ့ အခန်းတွေ အတော်များများ ပါဝင်လို့ နှလုံးရောဂါ ရှိသူများ ကလေးသူငယ်များ မကြည့်သင့်ပါ မိသားစု အတူ ကြည့်ရှုရန် မသင့်တော်ပါ ဇတ်လမ်းကို ၁၉၈၃ ခုနှစ် ၀န်းကျင် ပုံစံဖန်တီးထားပြီး ရဒ် နဲ့ မန်ဒီ ဆိုတဲ့ လင်မယား ၂ ယောက် ဟာ လူတွေ နဲ့ ဝေးတဲ့ နေရာတစ်ခုမှာ အိမ်လေး ဆောက်ပြီး ပျော်ပျော်ရွှင်ရွှင် နေကြတာပေါ့... ဒါပေမယ့် တစ်ရက်မှာတော့ ရဒ် ရဲ့ အမျိုးသမီး မန်ဒီ ကို ဘာသာရေးအစွန်းရောက် ခေါင်းဆောင် တစ်ဦးက လမ်းတစ်နေရာမှာ ဖြတ်ခနဲ မြင်ပြီးနောက် မနေနိုင် မထိုင်နိုင်တွေ ဖြစ်ပြီး သူ့ အနား ခေါ်ထားချင်တာနဲ့ လူသတ် သမား အုပ်စု ကို ရဒ် နဲ့ မန်ဒီ တို့ဆီ လွှတ်ပြီး ဖမ်းခိုင်းပါတော့တယ်...   XP Powerbank များကို  —-> ဒီနေရာ မှာ ဈေးသက်သာစွာဝယ်နိုင်ပါပြီ။ ရဒ် ...
7.8
IMDB: 7.8/10 967 votes
movie

Mandy (2018)

2018
720p WEBRip
Mute (2018) 5.5
Mute (2018) Mute ဇာတ်​ကားဟာ2018မှာ Netflix filmကထုတ်​​လုပ်​ခဲ့တဲ့ Sci-Fi - Drama ဇာတ်​ကားတစ်​ကားဖြစ်​ပါတယ်​။ Mute ဇာတ်​ကားကို Warcraft(2016) ကိုတာဝန်​ယူရိုက်​ကူးခဲ့တဲ့ Director Duncan Jonesကရိုက်​ကူးထားပြီး​တော့ IMDb rating-5.4/10 ရရှိထားတဲ့ ဇာတ်​ကားဖြစ်​ပါတယ်​။ ဇာတ်​လမ်းအကျဉ်းက​တော့ ငယ်​စဉ်​က အက်​စီးဒင့်​တစ်​ခု​ကြောင့်​စကားမ​ပြောနိုင်​​တော့တဲ့ Leo ဆိုတဲ့သူတစ်​​ယောက်​ သူ့ဘဝကိုနားလည်​​ပေးတဲ့တစ်​ဦးတည်း​သောချစ်​သူ Naadirah နဲ့အတူ ဘားတစ်​ခုမှာ အရက်​စပ်​တဲ့သူအဖြစ်​ လုပ်​ကိုင်​ရင်း ဘဝကို​ပျော်​ရွှင်​စွာနဲ့ ဖြတ်​သန်း​နေခဲ့ပါတယ်​။ သူ့ရဲ့ချစ်​သူ ​ထူးဆန်းစွာ ​ပျောက်​ဆုံးသွားချိန်​မှာ​တော့ Leo တစ်​​ယောက်​ သဲလွန်​စ​တွေ​လိုက်​ရှာပြီး သူ့ချစ်​သူကိုပြန်​​ရှာ​တွေ့ဖို့ကြိုးစားရင်​ ဂိုဏ်းဆန်​ဆန်​ အဖွဲ့​တွေနဲ့ ပက်​သက်​မိသွားတဲ့အချိန်​မှာ​တော့... ‌Mute ဇတ်​ကားက ဇာတ်​အိမ်​ကို 2052ခုနှစ်​ အနာဂါတ်​သိပ္ပံ​လောကကို အ​ခြေခံထားပြီး​တော့ ဂျာမဏီနိုင်​ငံ ဘာလင်​မြို့မှာ ဇာတ်​အိမ်​တည်​ထားပါတယ်​။ Sci-fi အမျိုးအစားဖြစ်​သည့်​အား​လျော်​စွာ​ခေတ်​လွန်​ နည်းပညာ အသုံးအ​ဆောင်​ပစ္စည်း​တွေနဲ့ ဖက်​ရှင်​​တွေက ကြည့်​ရူ့သူပုရိတ်​သတ်​ကို တမျိုးဆန်း​စေမှာပါ   File Size : (950 MB) and (400 MB) Quality ...
5.5
IMDB: 5.5/10 1,198 votes
movie

Mute (2018)

2018
720p WEBRip

Genres