Bluray 720p – Quality – Channel Myanmar
Channel Myanmar

Bluray 720p

Alpha (2018) 7.0
Alpha (2018) Imdb Rating 7/10 , Rotten Tomatoes 80% ရရှိထားတဲ့ အသစ်စက်စက်Drama Mysteryကားကောင်းလေးတစ်ကားကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းလေးနာမည်ကတော့ Alpha (2018) ပဲဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကို တောင့်တနေတဲ့ ပရိသတ်ကြီးအဖို့ လုံးဝအကြိုက်တွေ့စေမှာပါ။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင် ကေဒါဆိုတဲ့ ကောင်လေးဟာ ကိုယ်ရှင်သန်ဖို့ သူများကိုသတ်ဖြတ်ရမယ်ဆိုတာကို လက်မခံနိုင်တဲ့ စိတ်သဘောထားနူးညံ့သူတစ်ဦးပါ။ ဒါပေမယ့် သူနေထိုင်ရာအချိန်က အသက်ရှင်ဖို့ရုန်းကန်လှုပ်ရှားရတဲ့ ဥရောပရဲ့ လွန်ခဲ့သောနှစ်ပေါင်းနှစ်သောင်းခန့်ကအချိန်ပါ။ တစ်နေ့မှာ သူတို့မျိုးနွယ်စု ဆောင်းတွင်းရိက္ခာရှာဖို့ ကေဒါရဲ့ အဖေဖြစ်သူ မျိုးနွယ်စုအကြီးအကဲနဲ့ အမဲလိုက်ထွက်ရပါတော့တယ်။ အမဲလိုက်နေစဉ်အတောအတွင်းမှာပဲ ကေဒါတောင်စောင်းပေါ်ကပြုတ်ကျပြီး ကျောက်ဆောင်တစ်ခုပေါ်မှာတင်ကာသတိလစ်သွားပါတော့တယ်။ ဖခင်ဖြစ်သူလဲ မကယ်နိုင်ပဲ ကျန်ရှိနေတဲ့လူမျိုးစုအတွက် ကေဒါကိုထားခဲ့လိုက်ရပါပြီ။ စိတ်ထားနူးညံ့သူကေဒါ ဘယ်လိုဆက်အသက်ရှင်မလဲ? ကြမ်းတမ်းလှတဲ့တောနက်ကြီးမှာသူဘယ်လိုရှင်သန်ရပ်တည်မလဲ? သူရဲ့ နူးညံ့တဲ့စိတ်ထားကရော သေရေးရှင်ရေးနဲ့ ကြုံလာတဲ့အခါ ဆက်လက်နူးညံနိုင်ပါ့မလားဆိုတာ ရင်တစ်ဖိုဖိုနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ဘဝခွန်အားတွေပါ ပေးစွမ်းနိုင်တဲ့ ကားကောင်းလေးဆိုလဲ မမှားပါဘူး။ ဒီလိုကားကောင်းလေးကိုCMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ Alpha (2018)ပါ။   (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ ...
7.0
IMDB: 7.0/10 10,427 votes
movie

Alpha (2018)

2018
Bluray 720p
The Darkest Minds (2018) 5.5
The Darkest Minds (2018) မြို့တစ်မြို့မှာ ကလေးတွေ အကြောင်းရင်းမရှိ အရုပ်ကြိုးပြတ်လဲကျသေဆုံးရာကနေ ဒီဇာတ်လမ်းဟာ စတင်ပါတယ်... ရောဂါရှာမရ ဘာကြောင့်ရယ်မှန်းမသိ သေဆုံးသွားတဲ့ ကလေးအရေအတွက်ဟာများသထက်များလာပေမယ့် တစ်ဖက်မှာတော့အသက်ရှင်ကျန်ခဲ့တဲ့ကလေးတွေလဲရှိနေပါသေးတယ်။ မိဘများရဲ့ ပူဆွေးသောကတွေကိုလျစ်လျူရှုပြီး အစိုးရကအာရုံစိုက်တာကတော့ ရှင်ကျန်ခဲ့တဲ့ကလေးတွေရဲ့ ခံနိုင်ရည်နဲ့ ထူးခြားတဲ့စွမ်းရည်တွေကိုပါပဲ။ ရှင်ကျန်ခဲ့တဲ့ကလေးတွေမှာ စွမ်းရည်တွေရှိတယ်လို့ အစိုးရကသိပြီးတဲ့နောက် ကလေးတွေကို ကုသကာကွယ်ဆေးပေးခန်း အမည်ခံ အကျဉ်းစခန်းတွေမှာဖမ်းဆီးချုပ်နှောင်ထားပါတော့တယ်။ ဒီအကျဉ်းစခန်းကို အသက်၁၀နှစ်ပြည့်မွေးနေ့ပြီးနောက်တစ်ရက်မှာပဲ အဖမ်းဆီးခံလိုက်ရတဲ့ ကလေးလေးနာမည်ကတော့ ရူဘီ ဒေလီပါပဲ။ သူမတူရှားပါးလှတဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး အစွမ်းကြီးမားသူဆိုရင် သတ်ပစ်တဲ့အကျဉ်းစခန်းမှာ သူဘယ်လိုရုန်းကန်အသက်ရှင်မလဲ? အဲ့ဒီစခန်းကနေထွက်ပြေးဖို့ကြိုးစားပေမယ့် အောင်မြင်ပါ့မလား? အကျဉ်းစခန်းမှာလဲ ကလေးတွေချုပ်နှောင်ခံထားရပေမယ့်အပြင်လောကမှာရော ဘာတွေဖြစ်ပျက်ကုန်ပြီလဲ? အသက်ငယ်ငယ်ရူဘီလေး ဒီအခက်အခဲတွေကို သူမရဲ့ သူမတူတဲ့စွမ်းရည်တွေနဲ့ကျော်ဖြတ်လို့ရောအောင်မြင်နိုင်ပါ့မလား? ဆိုတာ စိတ်ဝင်တစားဇာတ်လမ်းရဲ့အဟုန်မှာလိုက်ပါစီးမျောအဖြေရှာကြည့်ပါ။ ဒီလို စွမ်းအားတွေပိုင်ဆိုင်ထားတဲ့လူငယ်လေးတွေတစ်ယောက်ဆီမှာ ကိုယ်ပိုင်အဆင့်သတ်မှတ်ချက်ဆိုတာရှိပါတယ်.... အဲဒါတွေကတော့ အပြာရောင် အစိမ်းရောင် အ၀ါရောင်ဟာ သာမာန်စွမ်းအားသာရှိကြပြီးတော့ အနီရောင်နဲ့လိမ္မော်ရောင်ကတော့ ရှားပါးလွန်းတဲ့ စွမ်းအားမျိုးဖြစ်ပြီးတော့ အန္တရာယ်အရှိဆုံး သတ်မှတ်ချက်တွေဖြစ်ပါတယ်.. ဒါပေမယ့် ရူဘီလေးကတော့ လိမ္မော်ရောင်အစွမ်းကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်... ဒီကားဟာ X Men ကားနဲ့ဆင်တူပုံစံဖြစ်ပြီးတော့ စွမ်းအားရှင်ကလေးငယ်တွေရဲ့အစွမ်းတွေကိုလည်း စိတ်ဝင်စားဖွယ်မြင်ရမှာဖြစ်ပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ မငြီးမငွေ့ကြည့်ရှုရမှာတော့အာမခံပါတယ်။ သဲထိတ်ရင်ဖို ဇာတ်လမ်းဆန်းဆန်းလေးတွေကိုကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်တွေအတွက်ကတော့ အကြိုက်ဖြစ်စေမှာပါ။ ဇာတ်လမ်းကိုပေါ့သွားမှာစိုးရိမ်ကာ အညွှန်းကိုတတ်နိုင်သမျှ အကျဉ်းချုံးထားတဲ့အတွက် အညွှန်းဖတ်ကြည့်ရုံနဲ့မသိနိုင်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို ဒေါင်းလော့ဆွဲကြည့်ရှုနိုင်ဖို့အတွက် ...
5.5
IMDB: 5.5/10 5,943 votes
movie

The Darkest Minds (2018)

2018
Bluray 720p
Stealth (2005) 5.0
Stealth (2005) နည်းပညာတွေတိုးတက်လာတဲ့ ခေတ်မှာ လူနဲ့လုပ်ဆောင်သောအရာတွေကို စက်တွေအစားထိုးပြီးလုပ်ဆောင်လာကြပါပြီ.... အထူးသဖြင့် စစ်မြေပြင်တိုက်ပွဲတွေမှာ လူသားစစ်သားတွေ အသေကြေနည်းပါးအောင်လျော့ချဖို့အတွက် အသုံးပြုလာကြပါတယ်... ဒီထဲမှာမှ ရေတပ်စစ်သဘောင်္င်္အုပ်စုတစ်ခုမှာ အသံထက်မြန်အောင် မောင်းနှင်နိုင်တဲ့ ဂျက်လေယာဉ်အုပ်စုတစ်ခုရဲ့ ၄ ယောက်မြောက်အဖွဲ့ဝင်အဖြစ် လူသားကဲ့သို့အသိဥာဏ်ရှိတဲ့ မောင်းသူမဲ့တိုက်လေယာဉ်တစ်စင်းကို အသုံးပြုဖို့အတွက် အကြောင်းဖန်လာပါတော့တယ်.... EDI လို့အမည်ပေးထားတဲ့ စွမ်းအားမြင့်မောင်းသူမဲ့လေယာဉ်ဟာ  အနာဂါတ်စစ်ပွဲတွေမှာ စိုးမိုးနိုင်ဖို့အတွက် ဖန်တီးထားတာဖြစ်ပြီးတော့ သူ့အတွက်လိုအပ်တဲ့တိုက်ခိုက်ရေးအချက်လက်တွေကို  ထည့်ပေးလိုက်ရုံနဲ့ သူကိုယ်တိုင် ရှာဖွေဝင်ရောက်နိုင်စွမ်းလည်းရှိပါတယ်.... တခြားတိုက်လေယာဉ်တွေနဲ့မတူတာကတော့ သူဟာ လူသားတစ်ယောက်နီးပါး ခံစားတတ်ပါတယ်... သို့ပါသော်ငြားလည်း သူဟာ လူသားတွေဖန်တီးတီထွင်ထားတဲ့ စက်ပစ္စည်းတစ်ခုသာဖြစ်ပါတယ်... စက်ပစ္စည်းတစ်ခုဖြစ်တာကြောင့် နည်းပညာပိုင်းအခက်ခဲတွေရှိတယ်လို့ မထင်စေလိုပါဘူး...ဘာလို့လဲဆိုတော့ သူဟာ အမိန့်ကိုတိကျစွာလိုက်နာနိုင်ပါတယ်... ဒါကြောင့်လည်း စစ်ဆင်ရေးတစ်ခုမှာ ချပေးလိုက်တဲ့အမိန့်တစ်ခုကို တိကျစွာလိုက်နာဆောင်ရွက်နေရင်းကနေ  သူ့ရဲ့တွဲဖက်လေယာဉ်မှုးသုံးယောက်လုံး ကံကြမ္ပာဆိုးကျရောက်ဖို့စတင်လာပါတော့တယ်.... အသေးစိတ်ကိုတော့ ကိုယ်တိုင်ကြည့်ရင်းခံစားကြပါ... ဒီကားရဲ့ထူးခြားချက်ကတော့ မြန်မာဆိုတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံလည်းပါနေတာပါပဲ... ကားတိုင်းကားတိုင်းမှာ ကိုယ့်နိုင်ငံပါနေရင်ပဲလူတိုင်းကကြည့်ချင်နေကြပါပြီ... Rating 5 ၂၀၀၅ ခုနှစ်ကထွက်ထားတဲ့ကားမို့အထင်မသေးစေချင်ပါဘူး... ဇာတ်ကားတစ်ကားရဲ့ကောင်းကွက်ဆိုးကွက်တွေကို ကြည့်သူတွေကပဲ ဆုံးဖြတ်ပေးလိုက်ကြပါဦး...... ကားကောင်းလေးတစ်ကားလို့ထင်မြင်မိပါတယ်......   File Size : (951MB) and (277 MB) Quality : BluRay 720p Running Time : 2h 01 min Format : Mp4 Genre :  Action , Sci-Fi , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated ...
5.0
IMDB: 5.0/10 48,812 votes
movie

Stealth (2005)

2005
Bluray 720p
Fun Size (2012) 5.4
Fun Size (2012) ရမ်ဆိုတဲ့မိန်းကလေးဟာ အသက်အများကြီးငယ်တဲ့ကောင်လေးနဲ့တွဲနေတဲ့သူ့အမေရယ်၊ အစအနောက်အရမ်းသန်ပြီး သူ့ကိုခနခနဒုက္ခပေးနေတဲ့ သူ့ရဲ့မျောက်လောင်းမောင်လေးအဲလ်ဘတ်နှင့်အတူနေထိုင်နေရတဲ့သူပါ... သူ့မိသားစုကိုစိတ်ကုန်နေတာကြောင့် အထက်တန်းပြီးတာနဲ့ သူတို့နဲ့ဝေးရာ နယူးယောခ့်တက္ကသိုလ်ကိုသွားရောက်တက်ရောက်ဖို့ စိတ်ကူးထားပါတယ်... သူ့ကို သူတို့ကျောင်းရှိ အေရွန်ရိုင်လီဆိုသည့် ပေါ်ပြူလာအဖြစ်ဆုံးကောင်လေးက ဟောလိုးဝင်းနေ့မှာကျင်းပမယ့် သူ့ရဲ့ပါတီပွဲကိုလာဖို့ဖိတ်ကြားထားပါသေးတယ်... သူလဲ ဟောလိုးဝင်းပါတီပွဲမှာ ဒိုရိုသီအနေနဲ့ဝတ်ပြီးတက်ရောက်ဖို့အတွက်ပြင်ဆင်ထားပါတယ်... ဒါပေမယ့်လဲ ပွဲနေ့မှာ သူ့အမေက ရမ့်ကို အဲလ်ဘတ်ကိုထိန်းထားခိုင်းပြီး သူ့ရည်းစားနဲ့အတူအပြင်ထွက်သွားပါတော့တယ်... ရမ်လဲစိတ်ပျက်ပျက်နဲ့သူ့မောင်လေးကိုခေါ်ပြီး အပြင်ဘက်ထွက်လာရမှာတော့ ကံဆိုးစွာနဲ့ အဲလ်ဘတ်ကိုပျောက်သွားတာကြောင့် ရမ့်အနေနဲ့ သူ့အမေပြန်မလာခင်မှာ အဲလ်ဘတ်ကိုတွေ့အောင် ရှာရတော့မှာပါ... ကဲ ဒါဆို သူနဲ့သူ့သူငယ်ချင်းတွေ အဲလ်ဘတ်ကိုရှာပုံတော်ဖွင့်ပုံနဲ့ အဲလ်ဘတ်ဘယ်လိုပျောက်သွားတယ်ဆိုတာကိုတော့ ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး   File Size : (742 MB) and (299 MB) Quality : BluRay 720p Running Time : 1hr 26 min Format : Mp4 Genre :  Adventure ,Comedy Subtitle ...
5.4
IMDB: 5.4/10 12,450 votes
movie

Fun Size (2012)

2012
Bluray 720p
The Scorpion King: Quest for Power (2015) 4.2
The Scorpion King: Quest for Power (2015) ဒီကားကတော့ Scorpion King ဇာတ်ကားတွေရဲ့ ၄ ကားမြောက်ဇာတ်ကားဖြစ်ပါတယ်... ဒီဇာတ်ကားမှာတော့ ကင်းမြှီးကောက်ဘုရင်ကြီးလို့လူသိများကြတဲ့ မက်သားရက်ဟာ သေဆုံးသွားပြီဖြစ်တဲ့ မှော်ဆရာကြီးတဖြစ်လဲ ဘုရင်ကြီးဖြစ်တဲ့ ဘုရင်အာခမန်ရဲ့ သရဖူကို အန္တရာယ်တွေကြားထဲကနေ စွန့်စားပြီးတော့ သွားယူမှာပဲဖြစ်ပါတယ်.... ဒီသရဖူဟာ လှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေပြီးတော့ ၀ှက်ထားတဲ့ မေးခွန်းတွေကိုဖြေနိုင်မှသာရှိတဲ့နေရာကိုသိနိုင်မှာပါ... နောက်ပြီးတော့ အဲနေရာကလည်း အန္တရာယ်တွေပြည့်နေတဲ့နေရာတစ်ခုပါ... ဒီတော့ ကင်းမြှီးကောက်ဘုရင်ကြီး မက်သားရစ် ဘယ်လိုသွားမလဲ ဒီကားထဲမှာကော ဘယ်လိုမိန်းမချောလေးတွေပါမလဲဆိုတာ ကြည့်လိုက်ရအောင်လား ဒီကားလေးဟာ အက်ရှင်ကားတွေကြိုက်တဲ့လူတွေအတွက် စိတ်ကျေနပ်မှု့တစ်ခုဖြစ်စေမှာဖြစ်ပြီးတော့ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကြည့်ရှု့နိုင်ပါတယ်...   File Size : (901 MB) and (315 MB) Quality : BluRay 720p Running Time : 1hr 45min Format : Mp4 Genre : Action , Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Crisis A Arrow Team Encoded by Moe Myint Lwin  
4.2
IMDB: 4.2/10 2,225 votes
movie

The Scorpion King: Quest for Power (2015)

2015
Bluray 720p
Christopher Robin (2018) 7.7
Christopher Robin (2018) Trailerတွေထွက်ကတည်းက အားလုံးစိတ်ဝင်စားစွာ စောင့်မျှော်ခဲ့ရတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို Channel Myanmarပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ အားလုံးရဲ့ အချစ်တော် Winnie the Pooh နဲ့ သူ့ရဲ့ သူငယ်ချင်းလေး Christopher Robin တို့အကြောင်းရိုက်ကူးထားတဲ့ Christopher Robin (2018) ပါ။ ကာတွန်းဇာတ်ကောင်ကိုရိုက်ထားတာက ဘာများအထွေအထူးကောင်းစရာရှိမလဲလို့ မေးချင်မေးပါလိမ့်မယ်။ ဒါပေမယ့် ဒီကားလေးက ဇာတ်လမ်းအရရော ဇာတ်ဆောင်အရရော သူပေးချင်တဲ့ Theme အရရော တော်တော်လေးအဓိပ္ပါယ်ရှိပြီး မပျင်းမရိကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။ Imdb Rating 7.7/10 Rotten Tomatoes 71%တောင်ရရှိထားတာမို့ ဒီလိုညွှန်းထားတာပိုရာမကျပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်လောက်တင်ဆက်ပေးလိုပါသေးတယ်။ အားလုံးပဲသိကြတဲ့အတိုင်း Winnie the Poohနဲ့ ခရစ္စတိုဖာရော်ဘင်တို့ဟာ အတူသွားအတူကစားရင်းအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဒါပေမယ့် လောကရဲ့ ထုံးစံအတိုင်း ဆော့ကစားနေရုံနဲ့ပြီးမသွားတဲ့ အတွက် ခရစ္စတိုဖာရော်ဘင်တစ်ယောက် တောထဲကသူ့သူငယ်ချင်းတွေနဲ့ခွဲကာ လန်ဒန်မှာကျောင်းသွားတက်ရပါတော့တယ်။ အဲဒီလိုနဲ့ အလုပ်တွေအရမ်းကြိုးစားကာ မက်ဒီလင်းန်ဆိုတဲ့သမီးလေးတောင်ရရှိနေတဲ့ အရွယ်ရောက်လာပါပြီ။ ကလေးဘဝကသူအရမ်းချစ်ရတဲ့သူငယ်ချင်းတွေကိုလဲ မေ့ပစ်လိုက်ပါပြီ။ တစ်နေ့မှာတော့ Poohတစ်ယောက် သူ့သူငယ်ချင်းတွေအကုန်လုံးတောထဲမှာပျောက်သွားလို့လိုက်ရှာရင်း ခရစ္စတိုဖာရော်ဘင်ဆီကိုဆန်းကြယ်စွာရောက်ရှိလာပါတော့တယ်။ Poohကတော့သူအရမ်းချစ်ရတဲ့ ခရစ္စတိုဖာရော်ဘင် ...
7.7
IMDB: 7.7/10 18,917 votes
movie

Christopher Robin (2018)

2018
Bluray 720p
The Spy Who Dumped Me (2018) 6.4
The Spy Who Dumped Me (2018) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "The Spy who dumped me"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်... ဒီကားလေးမှာ အွန်ဒရေးနဲ့ မော်ဂန်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့ စပိုင်ဆန်ဆန်နဲ့စွန့်စားခန်းတွေကို ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.... အွန်ဒရေးဆိုတဲ့ ကောင်မလေးဟာ သူသိပ်ချစ်ရတဲ့ ချစ်သူနဲ့ပြတ်ပြီးနောက်ပိုင်းမှာ သူ့ချစ်သူက စပိုင် သူလျိုတစ်ယောက်ဆိုတာ သိခဲ့ပါတယ်... အဲဒီသူ့ချစ်သူစခဲ့တဲ့ ဇာတ်လမ်းနောက်တွဲကိစ္စတွေဟာ ချစ်သူဖြစ်တဲ့ သူမဆီကိုပါရောက်လာပါတော့တယ်... သူမဆီကိုရောက်လာတော့ သူမရဲ့သူငယ်ချင်းဖြစ်တဲ့ မော်ဂန်ပါ ပါဝင်ပတ်သက်လာရတော့တာပေါ့.... ဒီလိုနဲ့ သူမတို့နှစ်ယောက် ဒီအရှုပ်ဇာတ်လမ်းတွေကြား အပစ်အခတ်သတ်ဖြတ်မှု့တွေကြားမှာ ဘယ်လိုအူကြောင်ကြောင်နဲ့စွန့်စားခန်းတွေ လုပ်ကြမလဲဆိုတာ ရယ်ရယ်မောမောနဲ့ ကြည့်ရမှာဖြစ်ပါတယ်.... Rating 6.3  ရရှိထားပြီးတော့ စပိုင်ဇာတ်လမ်း အက်ရှင်ပုံစံတွေ ဟာသဆန်ဆန်ရယ်မောရတာကို ကြိုက်တဲ့ လူတွေအတွက်ကတော့ ဒီဇာတ်လမ်းလေးထဲက စာသားအများစုက  သင်တို့ကို စိတ်ကျေနပ်မှု့ပေးစွမ်းနိုင်မှာဖြစ်ပါတယ်.... အားလုံးပဲကြည့်လိုက်ရအောင်လား....   File Size : (747 MB) and (305 MB) Quality : BluRay 720p Running Time : 1hr 57min Format : Mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle ...
6.4
IMDB: 6.4/10 12,063 votes
movie

The Spy Who Dumped Me (2018)

2018
Bluray 720p
Beauty and The Beast (2017) 7.7
Beauty and The Beast (2017)   ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့ မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်း အင်မတန်ကြောက်စရာကောင်းတဲ့ အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင် ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကို စင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။ အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။ အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူ Belle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။ Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကို ရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီး Emma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evans နဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ :) (အညွန်းကိုတော့ ဓာတ်ရှင်မှကူးယူဖော်ပြပါတယ်..) Quality…..BluRay 720p Duration…..02:09:00 Format…Mp4 File Size…(927 MB , 424 MB) Encoder…..Moe Myint Lwin Translator…..May Thazin Myint Download with Yoteshin Link Download ...
7.7
IMDB: 7.7/10 98,473 votes
movie

Beauty and The Beast (2017)

2017
Bluray 720p
Children of Men(2006) 7.9
Children of Men(2006) Children of Men(2006) IMDb....7.2,,,,,Rotten.....92% ဒီကားက ဇာတ်လမ်းဇာတ်ကွက်ဆန်းပြားသလို IMDbနဲ့RTကလည်း အမြင့်ဆုံးအနေအထားလောက်မှာရှိတယ်... လူသားတို့တွင် ကလေးမရနိုင်တော့သည်မှာ ၁၈ နှစ်ပင် ရှိပြီဖြစ်သည်။ ကမ္ဘာကြီးသည်လည်း ပြဿနာပေါင်းများစွာနှင့် ဖြစ်နေပြီး အင်္ဂလန်သို့ ရွှေ့ပြောင်းဝင်ရောက်လာသော ဒုက္ခသည်မှာလည်း အင်မတန်များနေသည်။ အင်္ဂလန်ကလည်း ဒုက္ခသည်များကို လက်မခံနိုင်၊ ရှိပြီးသား ဒုက္ခသည်များကိုလည်း ဖိနိပ်လေသည်။ ဖိနိပ်မှုကို မခံနိုင်သူများကလည်း တော်လှန်ရေးကြိုးစားနေကြသည်။ ထိုအချိန်တွင် ဒုက္ခသည် ကောင်မလေးတွင် ကိုယ်ဝန်ရှိလာသည်။ နေ့စေ့လစေ့။ ထိုကိုယ်ဝန်ကို နိုင်ငံရေးအရအသုံးချချင်သူများလည်း ရှိလာသည်။ ထိုသူများလက်မှ လွတ်ပြီး လုံခြုံရာသို့ ကိုယ်ဝန်သည်မလေး မည်သို့မည်ပုံ သွားမည်ဆိုသည်ကို စိတ်လှုပ်ရှားဖွယ် ခံစားလှည့်ပါဟု ရုပ်ရှင်ကြည့်ပရိသတ်ကို ဖိတ်ခေါ်အပ်ပါသည်။ ဒီကားထဲက အဓိက သရုပ်ဆောင်မင်းသားကြီး Clive Owen ကိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Ye Pye Soneပဲဖြစ်ပါတယ်... File Size : (900 MB) and (366 MB) Quality : Blu-Ray 720p Format…mp4 Duration…01:49:00 Genre :  Drama , Sci-Fi , Thriller Subtitle : Myanmar ...
7.9
IMDB: 7.9/10 410,058 votes
movie

Children of Men(2006)

2006
Bluray 720p
Teen Bride (2017) 8.4
Teen Bride (2017) ပုံပြင်ထဲကမင်းသားလေးနဲ့မင်းသမီးလေး ပျော်ရွှင်စွာပေါင်းဖက်သွားကြလေသတည်းဆိုရင် Happy Endingလို့ဆိုကြတယ်။ ဒီလိုပျော်ရွှင်စွာပေါင်းဖက်ပြီး နောက်ပိုင်းဘယ်သူမှစိတ်မဝင်စားကြတော့ပေမယ့် လစ်လျူရှုထားလို့တော့မဖြစ်ဘူးမလား? ဒီဇာတ်လမ်းလေးထဲမှာလဲ ဒီလိုပါပဲ။ မျက်နှာသစ်တာကအစ အိပ်ယာဝင်အဆုံး အိမ်ဖော်တွေ အိမ်တော်ထိန်းတွေက လိုက်လုပ်ပေးတဲ့ မင်းသမီးလေး "ကာရင်"... ပုံပြင်ထဲကမင်းသားလေးတစ်ပါးနဲ့ ပုံပြင်ဆန်ဆန်တွေ့ဆုံပြီး တစ်သက်လုံးပျော်ပျော်နေသွားမယ်ဆိုပြီးအမြဲအိပ်မက်နေပေမယ့် အသက်၁၆နှစ်ပြည့်မွေးနေ့မှာ မိဘတွေရဲ့ စီစဉ်မှုနဲက လက်ထပ်လိုက်ရတဲ့အခါ...... သူမမျှော်လင့်ထားသလို ပုံပြင်ဆန်ဆန်ပျော်စရာဘဝလေးဖြစ်လာနိုင်ပါ့မလား? အစစအရာရာပြည့်စုံနေတဲ့ဘဝကနေ သျှောင်နောက်ဆံထုံးပါ ခင်ပွန်းဖြစ်သူနောက်ကိုလိုက်သွားရတဲ့အခါ ဘာတွေဖြစ်လာမှာလဲ? စတဲ့မေးခွန်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ချစ်စရာဂျပန်ကားလေးနာမည်က Teen Bride (2018)ပါ။ မင်းသားလေးကလဲ ချစ်ဖို့ကောင်း၊ မင်းသမီးလေးကလဲချစ်ဖို့ကောင်းတာမို့ ချစ်ဖို့ကောင်းလှတဲ့ ဒီဇာတ်လမ်းလေးကို ချစ်ဖို့ကောင်းတဲ့CMပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။   File Size : (827 MB) and (285 MB) Quality : BluRay 720p Format…mp4 Duration…104 mins Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by  Aye Mon Kyaw Encoded by Moe Myint Lwin
8.4
IMDB: 8.4/10 18 votes
movie

Teen Bride (2017)

2017
Bluray 720p
Taxi Driver(1976) 8.3
Taxi Driver(1976) Taxi Driver(1976) IMDb...8.3,,,,,Rotten.....98% ဒီကားရဲ့ Rating တွေကတော့ မြင်တဲ့အတိုင်းပါပဲ....သူတို့ဆီမှာလည်း ကျွန်တော့်တို့မြန်မာကားတွေလိုပဲထင်တယ်...ကားသစ်တွေက အရင်လို သိပ်အားစရာ  မကောင်းဘူး...ကျွန်တော်ပဲ စိတ်ထင်နေလို့ပဲလား..မသိ...ဒီကားက တော့ ကျွန်တော်တို့မမွေးခင်ကထဲက ထွက်ရှိခဲ့ပါတယ်..သို့ပေမယ့်လည်းပေါ့လေ... မရိန်းစစ်ထွက်တစ်ဦးဖြစ်သူ ထရာဗစ်တစ်ယောက်  ညဘက်တက်စီဒရိုင်ဘာ အလုပ်ကိုလုပ်နေတယ်....သူဟာ ညဘက်လည်းအိပ်မပျော်တတ်တဲ့သူဆိုတော့ ညလုံးပေါက်ကားမောင်းနေတယ်...နေရာစုံကိုရောက်သလို လူအမျိုးမျိုးကိုလည်းသူတွေ့နေရတယ်. မြို့ပြရဲ့စိတ်ပျက်စရာလူတွေနဲ့ အခြေအနေဆိုးတွေ သူမတွေ့ချင်ဘဲတွေ့နေရတယ်...သူ့အလုပ်က ကားမောင်းတယ်..သူသိပ်သဘောကျတဲ့ ကောင်မလေးတစ်ယောက်ကို သွားငေးတယ်.....ဒီလိုနဲ့ နေ့စဉ်ဖြတ်သန်းပြီးနောက်မှာ ဒီစိတ်ပျက်စရာတွေကို အတတ်နိုင်ဆုံးပြုပြင်ဖို့ သူဆုံးဖြတ်လိုက်တယ်....ကဲသူဘာတွေဆက်လုပ်မလဲ... ကိုင်း ကားဟောင်းအလန်းတွေ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်လိုက်ပါဦးဗျ...ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး  Robert De Niro ကြီးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Zuel Khant Thwin ပဲဖြစ်ပါတယ်.... File Size : (1GB) and (347 MB) Quality : Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Zuel Khant Thwin Encoded by Phyo Pyae
8.3
IMDB: 8.3/10 604,481 votes
movie

Taxi Driver(1976)

1976
Bluray 720p
Jurassic World: Fallen Kingdom (2018) 6.4
Jurassic World: Fallen Kingdom (2018) အားလုံးသိကြတဲ့ Jurassic World:Fallen Kingdom ဟာ စပိန်ဒါရိုက်တာ J.A Bayona က ရိုက်ကူးထားတာဖြစ်ပြီး စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်.... ဒီကားဟာ ဒိုင်နိုဆောတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Jurassic Park ဇာတ်လမ်းတွေရဲ့  ၅ ကားမြောက်ဖြစ်ပြီးတော့ Jurassic World (2015) ရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်... Rating 7.8 ရရှိထားတဲ့ကားတစ်ကားဖြစ်ပါတယ်... Jurassic World ပျက်စီးသွားပြီးသုံးနှစ်အကြာမှာ ထိုအပန်းဖြေစခန်းဆောက်လုပ်ထားတဲ့ ကျွန်းမှာမီးတောင်ပေါက်ကွဲမှု့ကြောင့် ဒိုင်နိုဆောများမျိုးတုန်းရတော့မယ့် အခြေနေကိုရောက်လာပါတယ်.. အစိုးရဘက်ကလည်း ပြည်သူတွေအတွက် ဒါကိုမျက်ကွယ်ပြုလိုက်ပေမယ့် ဒုတိယဒိုင်နိုဆောတွေမျိုးတုန်းတော့မယ့် အခြေနေကို ကယ်တင်မယ့်သူများပေါ်လာပါတယ်... ဒါကတော့ Jurassic World (2015) မှာစတင်ပါလာတဲ့ Owen Grady နဲ့ Claire Dearing တို့ရဲ့ကယ်ဆယ်ရေးအစီစဉ်ပဲဖြစ်ပါတယ်.. သူတို့ဖန်တီးထားခဲ့တဲ့ ဒိုင်နိုဆောများကို သူတို့ကိုယ်တိုင်ကယ်ဆယ်ရမှာဖြစ်ပြီးတော့ ဒီဒိုင်နိုဆောတွေထဲမှာလည်း များပြားလှတဲ့ အရိုင်းကောင်တွေရှိနေတဲ့အတွက် သူတို့ဘယ်လိုကယ်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်.... နောက်ပြီးတော့ Jurassic World (2015) မှာ T-Rex ရဲ့ Raptor DNA တွေစုပြီးပေါင်းစည်းထားတဲ့ မျိုးစပ်အကောင်တစ်ကောင် ပါဝင်ခဲ့သလို ဒီကားမှာလည်း မျိုးစပ်အကောင်တစ်ကောင်ပါဝင်လာမှာဖြစ်ပါတယ်... အဲဒီအကောင်ကိုတိုက်ခိုက်ဖို့အတွက်လေ့ကျင့်ပေးထားတာဖြစ်ပြီးတော့ Raptor ရဲ့ DNA ကိုအခြေခံပြီး ဖန်တီးထားတဲ့အတွက် အသိဥာဏ်ကြွယ်ဝမှု့အပိုင်းမှာ လူနဲ့တန်းတူညီမျှပါတယ်... Jurassic World (2015) ...
6.4
IMDB: 6.4/10 116,570 votes
movie

Jurassic World: Fallen Kingdom (2018)

2018
Bluray 720p
The Scorpion King (2002) 5.5
The Scorpion King (2002) The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ် ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။ The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။ စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်း ငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။ အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ ကင်းမြီးကောက်ဘုရင် ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အာနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်၏ စစ်တပ်ကြီးကိုဦးဆောင်ကာ ပို၍ရက်စက် ကြမ်းကြုတ်သော စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။ ...
5.5
IMDB: 5.5/10 114,880 votes
movie

The Scorpion King (2002)

2002
Bluray 720p
Kick-Ass 2 6.6
Kick-Ass 2 ဒီ Hero ကားလေးကိုတော့ အားလုံးနဲ့မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်... ၂၀၁၀ ကထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့  ၃ နှစ်အကြာမှာပြန်လည်ထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်... နောက်ပြီးတော့ ဒီ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... ( သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ... ဘာလို့လဲဆိုတော့ သူ့အမေကိုသူမတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့  အကြီးမားဆုံးရာဇ၀တ်မှု့ကို ကျူးလွန်ကြတော့မှာပါ... ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးဝတ်တော့တာမဟုတ်ပါဘူး... Kick Ass 1 မှာတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှု့တွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် သူတို့ရဲ့စံပြကြီး Kick Ass လိုမျိုးမျက်နှာဖုံးတပ်လိုက်တာနဲ့ သူတို့ကိုယ်သူတို့အားအင်တွေ ရှိလာကြမယ်ဆိုတာ သူတို့ကိုယ်တိုင်ယုံကြည်နေကြလို့ပါ.... (သူရဲကောင်းဆိုတာလက်ရုံးရည်မရှိလည်း နှလုံးရည်ရှိလည်းရတယ်ဆိုသလိုပေါ့..) နောက်ပြီးတော့ Kick Ass 1 မှာ ၁၃ နှစ်သာသာပဲရှိနေသေးတဲ့ ...
6.6
IMDB: 6.6/10 226,119 votes
movie

Kick-Ass 2

2013
Bluray 720p
Scorched Earth (2018) 5.4
Scorched Earth (2018)   အခုမိတ်​ဆက်​​ပေးချင်​တဲ့ဇာတ်​ကားက​တော့ Scorched earth ဆိုတဲ့ ၂၀၁၈ ထွက်​ အက်​ရှင်​ကား​လေးပါ ဒီကား​လေးကို​တော့ တခြားအက်​ရှင်​ကား​တွေနဲ့ မတူဘဲ တစ်​မူထူးခြားတဲ့ ဇာတ်​အိမ်​​လေးနဲ့ တည်​​ဆောက်​ထားပါတယ် တိမ်​ပြိုမှုလို့​ခေါ်တဲ့ သဘာဝဒဏ်​​ကြောင့်​ ​ဂေဟစနစ်​တစ်​ခုလုံး ပျက်​စီး​နေချိန်​ပါ အဲအချိန်​မှာ အသက်​ရှင်​ဖို့အတွက်​ လူ​တွေက ​လေနဲ့ ​ရေကို အပူတပြင်းလိုအပ်​​နေကြပါတယ်​ ပတ်​ဝန်းကျင်​​လေထုကလည်း အဆိပ်​သင့်​​နေတဲ့အတွက်​ ရှူလို့မရပါဘူး ​ငွေသတ္ထုနဲ့သန့်​စင်​လိုက်​မှ ရှူလို့ရပါတယ်​ ဒီအခါ ​လေ​ရေ ရှားပါးမှု​ကြောင့်​ ခိုးဆိုးလုယက်​မှု​တွေ များပြားတဲ့ကာလပါ အဲ လို အပြစ်​သား​တွေကို ဖမ်းဖို့ အစိုးရအာဏာပိုင်​​တွေက ဆု​ကြေး​ကြေငြာပြီး ဖမ်းကြပါတယ်​ ဒီလို​ဆု​ကြေးကို ရဖို့ အပြစ်​သားဖမ်းမုဆိုး​တွေ အလုအယက်​ကြိုးစားကြတဲ့အထဲမှာမှ ​ဂေ့ဆိုတဲ့ အမျိုးသမီးဟာ ထူးချွန်​တဲ့ မုဆိုးတစ်​​ယောက်​ပါ တစ်​​နေ့​တော့ တစ်​နယ်​ထူ​ထောင်​ပြီး မင်းမူ​သောင်းကျန်း​နေတဲ့ လူဆိုးတစ်​​ယောက်​ကိုဖမ်းဖို့ ​ဂေ့ကကြိုးစားပါ​တော့တယ်​ သူဘယ်​လိုကြိုးစားလဲဆိုတဲ့ လှည့်​ကွက်​​လေး​တွေနဲ့ အက်​ရှင်​အလန်းစား ပစ်​ခန်းခတ်​ခန်း​တွေကို​တော့ ပရိသတ်​ကြီး အား​ပေးကြည့်​ရှုကြပါဦးဗျာ​   Quality - ...
5.4
IMDB: 5.4/10 1,231 votes
movie

Scorched Earth (2018)

2018
Bluray 720p
The Mummy (2017) 5.7
The Mummy (2017)   အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်း ဆောင်ပါဝင်ထားတာ ဖြစ်ပြီးအ    ရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသ လဲဆိုတာ စိတ်ဝင်စားစရာပါ။ ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံ ကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ ယနေ့ခေတ်လန်ဒန်မြို့မြင် ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ  သူရဲ ကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အ ရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာ ရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။  အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသ မီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအ ကုန်လုံး ...
5.7
IMDB: 5.7/10 39,917 votes
movie

The Mummy (2017)

2017
Bluray 720p
Raw (2016) 7.1
Raw (2016)   အခုတကားကတော့စောင့်မျှော်နေကြတဲ့သူတွေအတွက်ရောHorrorကားကြိုက်တဲ့သူတွေအတွက် ပါအူယားစေမယ့်၂၀၁၇မတ်လထွက်ကားလေးလာပါပြီ။ ဂျက်စတင်ဆိုတဲ့ကောင်မလေးဟာမွေးကတည်းနေအသားနဲ့ဓာတ်မတည့်တဲ့အတွက်သတ်သတ်လွတ်ပဲ စားတဲ့သူဖြစ်ပါတယ်။သူတို့တမိသားစုလုံးသတ်သတ်လွတ်စားကြတာပါ။ ဒါပေမယ့်အဲဒါတွေအားလုံးဟာတိရိစ္ဆာန်ကုဆရာဝန်ကျောင်းရောက်တဲ့ပထမအပတ်တွင်းမှာပဲပြောင်းလဲသွားခဲ့ပါတယ်။ ကျောင်းရဲ့ထူးဆန်းတဲ့ကြိုဆိုမှုကြောင့်ဂျက်စတင်တယောက်အသားကိုစစားလိုက်ရပါတယ်။ အဲဒီကနေစပြီးအသားစားချင်တဲ့အာသီသဖြစ်နေခဲ့တာပါ။ နောက်တော့အခန်းဖော်အဆွယ်ကောင်းမှုနဲ့သူအသားညှပ်ပေါင်မုန့်စစားရင်း နောက်တော့အသားစိမ်းတွေကိုပါစမ်းစားကြည့်လာပါတော့တယ်။ ဒီလောက်နဲ့တင်ရပ်မသွားသေးပါဘူး။ တနေ့ကျောင်းမှာအရင်ကျောင်းတက်နှင့်တဲ့သူ့အစ်မဆီသွားရင်းမတော်တဆဖြစ်ပြီးသူ့အစ်မလက်ချောင်းပြတ်သွားပါတယ်။ ထိတ်ထိတ်ပြာပြာနဲ့ဖြစ်နေရင်းသူ့အစ်မလက်ကိုကိုက်မိပါတယ်တော့တယ်။ အဲဒီကနေစပြီးလူသားကိုပထမဆုံးစစားတော့တာပါပဲ။ ကြည့်ရင်းကြည့်ရင်းနဲ့အူယားလာစေတဲ့ကားလေးဖြစ်ပါတယ်။ ၁၈+တွေကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေပါတဲ့အတွက်မိသားစုနဲ့မကြည့်သင့်ပါဘူး။ ဆိုတော့ဂျက်စတင်တယောက်သူ့အာသီသကိုဆက်ထိန်းနိုင်မလား။ အဲဒီကနေတဆင့်သူ့မိသားစုနဲ့ဘယ်လိုဆက်နွယ်နေသလဲ။ ဘာလျို့ဝှက်ချက်တွေရှိနေသလဲ။သူ့အစ်မကရောသူ့ကိုကူညီပေးမှာလား။ ပိုဆိုးစေမှာလား။ ဘာတွေကွယ်ဝှက်ထားတာရှိမလဲဆိုတာကတော့ဇာတ်ကားလေးမှာဆက်လက်ရှုစားလိုက်ပါဦးဗျာ။   (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်ကတော့ Thura Zarni Aung  ပါ )     File Size : (750 MB) and (300 MB) Quality : 720p Bluray Running Time : 1hr 39minutes Format : Mp4 Genre : Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated By Thura Zarni Aung Encode By Thanhtike Zaw
7.1
IMDB: 7.1/10 15,266 votes
movie

Raw (2016)

2016
Bluray 720p
Alien: Covenant (2017) 6.7
Alien: Covenant (2017)   ဒီတစ်ပတ်ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ကိုတော့ သည်းထိတ် ရင်ဖိုစိတ်ကူးယဉ် သိပ္ပံအက်ရှင် ကား Alien:Covenant ကို ညွှန်းဆိုလိုက်ပါတယ်။ ၂၀၁၂ က ထွက်ခဲ့တဲ့ Prometheus ဇာတ်ကားရဲ့ အ ဆက်အဖြစ် ထွက်ရှိလာတဲ့ ဂြိုဟ် သားရုပ်ရှင်စီးရီးဖြစ်ပြီး ဒါရိုက်တာရစ်ဒလေစကော့ရဲ့ လက်ရာဖြစ် ပါတယ်။ Covenant ဆိုတဲ့ ယာဉ်ပျံ ကြီးပေါ်က အဖွဲ့သားတွေဟာ အာကာသ ဟင်းလင်းပြင် အစွန်အ ဖျားက ဂြိုဟ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဘယ်သူနဲ့မှ မထိတွေ့ရသေးတဲ့ ကောင်းကင် ဘုံတစ်ခုလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကတော့ သက်ရှိ ရယ်လို့ ဘာမှမတွေ့ရတဲ့ အမှောင်ထုလွှမ်းနေတဲ့ အန္တရာယ် ကမ္ဘာ ကြီးတစ်ခုပါ။ အဲဒီဂြိုဟ်ပေါ်ကို ဆင်းပြီး လေ့လာကြတဲ့အခါမှာ ပျက်စီး နေတဲ့ အင်ဂျင်နီယာယာဉ်ပျံတစ် ခုကို ခြေရာခံမိခဲ့ကြပါတယ်။ နောက်တော့ ယာဉ်ပျံပေါ်က လူတချို့က ဂြိုဟ်သားရောဂါပိုး မတော်တဆ ကူးစက်ခံခဲ့ရပြီး အဲဒီလူတွေထဲကနေ ဂြိုဟ်သား ...
6.7
IMDB: 6.7/10 99,279 votes
movie

Alien: Covenant (2017)

2017
Bluray 720p
Baahubali 2: The Conclusion (2017) 8.7
Baahubali 2: The Conclusion (2017)   ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။ အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ဒရာဟာ သာမန်လူတစ်ဦးပုံစံနဲ့ ချဉ်းကပ်ကာ မင်းသမီးရဲ့နိုင်ငံကို ကက်တာပါးနဲ့အတူ လိုက်သွားခဲ့ ...
8.7
IMDB: 8.7/10 45,678 votes
movie

Baahubali 2: The Conclusion (2017)

2017
Bluray 720p

Genres