Web-DL 1080P – Quality – Channel Myanmar
Channel Myanmar

Web-DL 1080P

Mara N/A
Mara CM Fan တွေ အတွက် ကြောက်စရာ ည ကို ယူလာပါရစေ သင့်မှာ ညအိပ်မပျော်တဲ့ သူငယ်ချင်းတွေ ရှိခဲ့ရင် ဒီအောက်မှာ အရင်ဆုံး Mention ခေါ်ပေးပါ ဒီ ရုပ်ရှင်ကားက သူတို့ အတွက်ပါပဲ ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ အိပ်နေတုန်းဘီလူး စီးတယ် ဘာညာ ဆိုပြီး ယုံတမ်းပုံပြင်တစ်ခု ရှိတယ်မဟုတ်လား လူက အိပ်တ၀က်နိုးတ၀က် ဖြစ်နေတယ် မကောင်းတာ တစ်ခုခုက ဖြစ်လာတော့မယ် ဒါပေမယ့် လူက လှုပ်မရဘူး အော်မရဘူး ထွက်ပြေးမရဘူး ရုန်းမရဘူး ဒီလိုနဲ့ လွတ်မြောက်ခြင်းက အိပ်ရာက နိုးထခြင်းပါပဲ အကယ်၍ သင်အိပ်ရာက မနိုးခဲ့ရင်ရော ? ဒီဇတ်လမ်းမှာတော့ လူတစ်ချို့ ဟာ စိတ်ဝေဒနာ တစ်ခုကို ခံစားနေရပါတယ် ပထမ အဆင့်မှာ သင့်အိပ်မက်ထဲမှာ လှုပ်လို့မရဘူး ပြေးလို့မရဘူး ခန္ဓာကိုယ်က ရွေ့လျားမရဘူးလို့ အိပ်မက် မက်ပါလိမ့်မယ် ဒုတိယ အဆင့်မှာ သင့် အိပ်ရာပေါ်မှာ သင်နိုးလာပါလိမ့်မယ် ဒါပေမယ့် လှုပ်မရပါဘူး တစ်ယောက်ယောက်က တက်ခွထားသလို ဖြစ်နေပါလိမ့်မယ်...   XP Phone Charger များကို  ----> ဒီနေရာ မှာ ဈေးသက်သာစွာဝယ်နိုင်ပါပြီ။   အဲ့ဒီမှာ သင်ပထမဆုံး ကြိုးစားမှာက ဘေးဘီ ၀ဲယာကို ကြည့်ပါမယ် အဲ့ဒီမှာပဲ တံခါးကြားကနေ ဖြစ်ဖြစ် စားပွဲခုံအောက်ကနေ ဖြစ်ဖြစ် သင့်ကို ချောင်းနေတဲ့ မိန်းမ တစ်ယောက်ကိုစတွေ့ပါမယ် တတိယ အဆင့်ရောက်ခဲ့ပြီဆိုရင် ...
N/A
IMDB: N/A/10 N/A votes
movie

Mara

2018
Web-DL 1080P
Mousehunt (1997) 6.4
Mousehunt (1997) ဒီဇာတ်ကားကတော့ အမှန်အကန်ကိုရယ်ရမယ့် နာမည်ကြီးကြွက်ဇာတ်ကားပါ… ကြာခဲ့ပြီဆိုသော်ငြား ဘယ်အချိန်ပြန်ကြည့်ကြည့် ရယ်နေရတုန်းပါပဲ… ဟာသဇာတ်ကားဆိုပေမယ့် ဇာတ်လမ်းကလဲအနှစ်သာရပြည့်ဝပါတယ်… ချစ်ခြင်းမေတ္တာနဲ့ လူသားဆန်ဆန် အတ္တတွေအကြောင်းကို ကြွက်တစ်ကောင်နဲ့ ပုံဖော်ထားပါတယ်… အကြိုက်ဆုံးအခန်းကတော့ ဗီလိန်မင်းသားကြီး Christopher Walken ကြွက်လိုက်ဖမ်းတဲ့ ဇာတ်ဝင်ခန်းပါပဲ… တင်ဆက်ပုံကောင်းသလို တကယ့်ကြွက်အစစ်နဲ့ ရိုက်ကူးထားတာမို့ အခုခေတ်ဇာတ်ကားတွေလို Camera Effect တွေနည်းနည်းနဲ့ သဘာဝဆန်ဆန်ကြည့်ရှုရမှာပါ… မိသားစုနဲ့ကြည့်သင့်တဲ့ဇာတ်ကားပါ… ကလေးလေးတွေအတွက်တော့ Tom and Jerry ကိုအရှင်လတ်လတ်တွေ့ရသလိုခံစားရမှာပါ… (ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကို ကျွန်တော်ဂျီကျလို့ ကသာသားလေး (Kyaw Ye Aung) ကရေးသားပေးခဲ့ပါတယ်)
6.4
IMDB: 6.4/10 45,236 votes
movie

Mousehunt (1997)

1997
Web-DL 1080P
The Package (2018) N/A
The Package (2018) ကဲ Netflix ရဲ့ နောက်ထပ် ရုပ်ရှင်တစ်ခုကို ထပ်တင်ပေးလိုက်ပါပြီနော်... ဒီရုပ်ရှင်ကားကလဲ 18+ ပါပဲ 18+ ပေမယ့် ဟာသ ကားလေးမို့ အတော်ရယ်ရပါတယ် လိင်အင်္ဂါပုံတွေ ထင်ထင်ရှားရှားပြသပြီး သွေးထွက်သံယိုတွေ နဲ့ ညစ်ညမ်းစကားလုံးတွေ ပါတဲ့အတွက် မိသားစု နှင့် အတူမကြည့်သင့်ပါ ရုပ်ရှင် ရဲ့ ပုံစံကတော့ မိမနိုင် ဖမနိုင် လက်မြောက်ထားရတဲ့ ယောင်္ကျားလေး ၃ ယောက် မိန်းကလေး ၂ ယောက် ကျောင်းသား လူငယ်အုပ်စုဟာ အားလပ်ရက် အပန်းဖြေရန် တောအုပ်တစ်ခုထဲသို့ ခရီးထွက်ခဲ့ပါတယ်... စုံတွဲ တစ်ခုကတော့ Ex တွေဖြစ်ပြီး မတည့်လို့ လမ်းခွဲလိုက်ကြတာ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ FA ကောင်ပါ .... နောက်ထပ် ကောင်လေး နဲ့ ကောင်မလေး ကတော့ အမွှာတွေ ဖြစ်ပြီး အမွှာအကိုက ညီမဖြစ်သူကို FA ကောင် သူငယ်ချင်းနဲ့ အတင်းပေးစားဖို့ကြံစဉ်နေသူပဲ ဖြစ်ပါတယ်..     ဒီခရီးစဉ်မှာ သူ့ ညီမကို ဘွတ်ဖို့ သူငယ်ချင်းဖြစ်သူကို အတင်းစည်းရုံးခဲ့ပါတယ်... :P ဒီလိုနဲ့ စိတ်ဆိုးပြီး ကွဲနေတဲ့ Ex အတွဲလဲ ပြန်အဆင်ပြေစပြု အမွှာညီမ ကို FA ကောင်က ချိန်နေတာ အောင်မြင်ခါနီး အကို ဖြစ်သူက မူးမူးရူးရူး နဲ့ ရှုးသွားပေါက်ပါတယ်... ရူးပေါက်နေရင်း သူ့အိတ်ဆောင် ဓါးမြောင်လေး နဲ့ သေးတန်း ကို လိုက်ဖြတ်ပြီး ဆော့ကစားနေရင်း မတော်တဆ ငယ်ပါ ကို ဖြတ်မိသွားပါလေရော :3 အဲ့ဒီမှာတင်ပဲ အားလုံး အရေးကြီးကိစ္စတွေနောက်ထားပြီး ငယ်ပါ ပြတ်သွားသူ ရဲ့ ဖွားဖက်တော် လေးကို ညကြီး မှောင်မှောင်မှာ စမ်းတ၀ါးဝါး ...
N/A
IMDB: N/A/10 N/A votes
movie

The Package (2018)

2018
Web-DL 1080P
Game Over, Man! (2018) 5.4
Game Over, Man! (2018) ဒီတစ်ခါတော့ CM Fan တွေကို Netflix က ဟာသ ကားလေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒါပေမယ့် ကြိုသတိပေးချင်တာကတော့ 18+ အဆင့် R- Rated အဆင့်ပါ လိင်အင်္ဂါ ပုံတွေ အထင်းသား ပြထားတဲ့အပြင် သွေးထွက်သံယုံ အပြင်းစားတွေ နဲ့ လူကြီး နဲ့ ကလေး အတူတူ မကြည့်သင့်တဲ့ ဆဲဆိုတဲ့ အသုံးအနှုန်းတွေ အများကြီးပါဝင်တဲ့အတွက် အသက်မပြည့်သေးတဲ့ သူများ ၊ မိသားစု နဲ့ အတူကြည့်သော သူများ ကြည့်ရှုရန် မသင့်တော်ပါ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါ ဇတ်လမ်းပုံစံကတော့ ထောင့်မကျိုး အပျင်းထူ လူတွေနဲ့ အစေးမကပ် တဲ့ ဟိုတယ်တစ်ခုရဲ့ အခန်းရှင်း ၀ိတ်တာဘွိုင်း ၃ ယောက်နဲ့ ဇတ်လမ်း စထားပါတယ်... သူတို့ ၃ ယောက်က မကောင်းတဲ့ အကျင့်တစ်မျိုးစီ ရှိပြီး ဘာလုပ်လုပ် တလွဲတွေပဲ ဖြစ်နေပေမယ့် တူညီတဲ့ အကြံတစ်ခုတော့ ရှိပါတယ် အဲ့ဒါကတော့ ချမ်းသာချင်တဲ့ စိတ်ပါပဲ :P တစ်ရက်မှာတော့ သူတို့ ဟိုတယ် ကို VIP တစ်ယောက်လာတည်းပါတယ် အဲ့ဒီအတွက်လဲ ဟိုတယ်တစ်ခုလုံး တာဝန်တွေ ခွဲဝေယူရရင်း အလုပ်ရှုပ်နေတာပေါ့ အဲ့ဒီ VIP ကတော့ ...
5.4
IMDB: 5.4/10 16,938 votes
movie

Game Over, Man! (2018)

2018
Web-DL 1080P
Like Father (2018) 6.2
Like Father (2018) Like Father 2018 IMDb 6.1/10   ရေချယ်ဟယ်မစ်တန်က အလုပ်ကြိုးစားလွန်းတဲ့သူတစ်ယောက်ပါ   ခေါင်းထဲမှာအလုပ် အလုပ်ရာထူးတက်ရမယ်ဆိုတာကလွဲလို့   ကျန်တာသိပ်မ စဉ်းစားတတ်သူပါ ဘယ်လောက်ထိအလုပ်ကိုဦးစားပေးလွန်းလဲဆိုရင်   သူ့မင်္ဂလာပွဲဆင်နွှဲမယ့်နေ့မှာတောင် ဖုန်းတစ်လုံးနဲ့ညွှန်ကြားအလုပ်များနေသူပါ   သူ့သတို့လောင်းမှာဒီအကြောင်းကိုသိသွားတော့ သည်းမခံနိုင်တော့ပဲ မင်္ဂလာပွဲကိုဆက်မလုပ်နိုင်တော့ဘူးဆိုပါလေရော ရေချယ်မသိ ခဲ့တာက   သူ့မင်္ဂလာဆောင်မှာ သူမဖိတ်ခေါ်ထားတဲ့ဧည့် သည်တစ်ယောက်ရောက်နေတာကိုပါပဲ တစ်ခြားသူတော့မဟုတ်ပါဘူး သူနဲ့သူ့အမေကို နှစ်ပေါင်းများစွာပစ်ထားခဲ့ပြီး အလုပ်ကိစ္စတွေနဲ့ကမ္ဘာ ပတ်နေတဲ့သူမ အဖေ ဟယ်ရီဟယ်မစ်တန်ပါပဲ ဟယ်ရီတစ်ယောက်သူ့သမီးမင်္ဂလာဆောင်ကိုတိုးတိုးတိတ်တိတ်တက် ရောက်ခဲ့ပေမယ့် မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေကြောင့် ရေချယ်ကလဲသူ့ကိုမြင်သွားသလို သူကလဲသူ့သမီးလေးရဲ့ ပျက်စီးသွားတဲ့မင်္ဂလာပွဲလေးကိုစိတ်မကောင်းစွာကြုံတွေ့လိုက်ရပါတယ် ဒီနောက်မှာတော့ ငယ်ငယ်ထဲကပစ်သွားရမလားဆိုပြီး ဖခင်အပေါ်စိတ်နာနေတဲ့ ရေချယ်နဲ့ လောလောလတ်လတ်အသည်းကွဲနေတဲ့သမီးကို နှစ်သိမ့်ပေးချင်တဲ့ ဟယ်ရီတို့၂ယောက်က စုံတွဲတွေအတွက်သီးသန့် ခရီးစဉ်ဖြစ်တဲ့ ဇိမ်ခံသဘောင်္ကြီးပေါ်မူးမူးနဲ့ရောက်သွားကျရောဆိုပါတော့ (တကယ်က အဲ့ခရီးစဉ်ကရေချယ်နဲ့သတို့သားအိုဝင်တို့ ဟန်းနီးမွန်းထွက်ဖို့လုပ်ထားတဲ့ခရီးစဉ်ပါ) စုံတွဲတွေ လတ်လတ်ဆတ်ဆတ်လက်ထပ်ထားတဲ့ဇနီးမောင်နှံတွေကြား မတည့်အတူနေသားအဖ၂ယောက်ရောက်သွားတဲ့အခါမှာတော့.... Like Fatherက အဖေကိုအထင်လွဲစိတ်နာနေတဲ့သမီးနဲ့ အတိတ်ကအမှားတွေကိုပြင်ဆင်ဖို့ကြိုးစားနေတဲ့ဖခင်တို့ကြားက သံယောဇဉ် ချစ်ခြင်း မေတ္တာတို့အကြောင်းပေါ့ပေါ့ပါးပါးလေး တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ ဟာသလေးတွေလဲပါသလို မထင်မှတ်ထားတဲ့ ဇာတ်လမ်းပုံစံလေးတွေနဲ့သင့်ရဲ့အချိန်ကို ပေါ့ပေါ့ပါးပါးလေးကုန်ဆုံးစေပါလိမ့်မယ်... ဒီရုပ်ရှင်ကားကို Wai Zin မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
6.2
IMDB: 6.2/10 612 votes
movie

Like Father (2018)

2018
Web-DL 1080P
The Catcher Was a Spy 5.9
The Catcher Was a Spy ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကို ပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့် လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေ ရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေ သူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေ ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံ ဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင် ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့ ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာ ကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာ ထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာ ဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့ ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။ ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည် ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့ ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများက သတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာ ဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီး အားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည် မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA   ဖြစ်လာမယ့် Office of Strategic Service (OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေး ဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီး CIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန် ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြ လုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်း ဆွေမျိုးတွေရဲ့ အထောက်ပံ့ခံဘဝနဲ့ ...
5.9
IMDB: 5.9/10 606 votes
movie

The Catcher Was a Spy

2018
Web-DL 1080P
Tau (2018) N/A
Tau (2018)   ဒီရုပ်ရှင်ကားနာမည်က TAU ပါတဲ့ အဲ့ဒီ နာမည်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဒီရုပ်ရှင်ကို ကြည့်နေရင်းနဲ့ သင်ကိုယ်တိုင် သဘောပေါက်လာပါလိမ့်မယ် ရိုးအီ နေတဲ့ ရုပ်ရှင်အမျိုးစားတွေထဲကနေ သိပ္ပံရုပ်ရှင် ကောင်းကောင်း ကြည့်ချင်နေတယ်ဆို ဒီရုပ်ရှင်ကားက သင့်အတွက်ပါပဲ... ဖြစ်နိုင်ရင် ဒီရုပ်ရှင်ကားကို အညွှန်း မရေးချင်တော့ပါဘူး ဇတ်လမ်းရဲ့ ရသ ပျက်စီးသွားမှာ စိုးရိမ်မိပါတယ် ဇတ်လမ်းကိုတော့ သင်ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါတော့ သင်ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုလို့ အာမခံပါရစေ Netflix ရဲ့ ရုပ်ရှင်ကားတွေ ဘယ်လိုကောင်းတယ် ဘယ်လို တွေးစရာတွေ ပေးတယ်ဆိုတာ သင်လဲ သိနေလောက်ပါပြီ ဒီရုပ်ရှင်ကားဟာ  ဇတ်လမ်းအစထဲကနေ တန်ပို မြင့်ပေးထားလို့ ဘာတွေလဲ ဘာတွေလဲ ဆိုပြီး ကိုယ့်ဘာသာ ဆက်တွေးလိုက်မိတဲ့ အထိ စိတ်ကူးမိစေခဲ့တယ်... ဒီရုပ်ရှင်ကားမှာ သင် သိထားရမှာက မိန်းမချောလေး ဂျူလီယာ အိမ်ကြီးသခင်  အဲလစ် အိမ်စေကြီး ထောင်းစ် တို့ ပဲ ဖြစ်ပါတယ် ဒီ ၃ ယောက်က သင့်စိတ်ကို ဘယ်လို နိုးဆွပြီး ဇတ်သိမ်းထိ ခေါ်ဆောင် သွားမလဲဆိုတာ ဆက်လက်ကြည့်ရှု လိုက်ပါစို့.... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Hein That Naing ဖြစ်ပြီး ဘာသာပြန် အသစ်ဖြစ်ပါတယ် ထို့ကြောင့် အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါသော် နားလည်ဖြည့်၍ ကြည့်ရှုပေးကြပါလို့ :D   Thit San Khant     အစမ်းကြည့်ရှုရန်... 
N/A
IMDB: N/A/10 N/A votes
movie

Tau (2018)

2018
Web-DL 1080P
John Wick: Chapter 2 (2017) 8.1
John Wick: Chapter 2 (2017)   ဂျွန်ဝစ်ခ် ၂ မှာတော့ သူ့ရဲ့ကားကို လူဆိုးဂိုဏ်းဆိုကနေ မရရအောင် ပြန်လိုက်ယူတာကနေ စပါတယ်။ ကားပြန်ယူအပြီးမှာတော့ မူလရည်ရွယ်ချက်အတိုင်း အနားယူဖို့ အိမ်ပြန်လာပါတော့တယ်။ ဒါပေမယ့် အနားယူချိန်ဟာ မကြာခဲ့ပါဘူး။ သူအတိတ်က အနားယူခွင့်ရဖို့ လုပ်ပေးခဲ့တဲ့ နာက်ဆုံးအလုပ်ကို ကူညီပေးခဲ့တဲ့သူက သူ့အတွက် အလုပ်လုပ်ပေးဖို့ အကြွေးပြန်လာတောင်းပါတော့တယ်။ ဂျွန်ဝစ်ခ်ကို အကြပ်ကိုင်ပြီး လူသတ်ခိုင်းတဲ့အပြင် အလုပ်အပြီးမှာ ရှင်းပစ်ဖို့ပါ ကြိုးစားခဲ့ပေမယ့် ပန်လွတ်မြောက်သွားတဲ့ အချိန်မှာတော့ သိတဲ့အတိုင်းပဲ အဲ့ဘဲ အကြောင်း...... :3 :3 :3 (ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်) File Size : 800 MB/450 MB Quality : WEB Dl 720p Running Time : 2hr 2minutes Format : Mp4 Genre : Action, Crime, Thriller Translator : Littleneo Encoder :Thanhtike ...
8.1
IMDB: 8.1/10 84,660 votes
movie

John Wick: Chapter 2 (2017)

2017
5.1CHWeb-DL 1080P

Genres