WEB-DL 720p – Quality – Channel Myanmar
Channel Myanmar
WEB-DL 720p
Gully Boy(2019) 8.5
Gully Boy(2019) Gully Boy(2019) IMDb...8.4 အခုမိတ်ဆက်ပေးမဲ့ Gully Boy ဆိုတဲ့ ရုပ်ရှင်ကတော့ အသက် ၂၂ နှစ်အရွယ် မူရတ်ဆိုတဲ့ မွတ်ဆလင် ကောင်လေးအကြောင်းကို ရိုက်ပြထားတာပါ.... သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီး သူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်..... ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်..... မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်... သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကို သူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာ ဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်.... တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ နှစ်အရွယ်ကတည်းကနေ သစ္စာရှိရှိတွဲလာတဲ့ သူဌေးသမီး ဆရာဝန်မလေးပါ သူ ဂီတအလုပ်တွေ လုပ်တဲ့အချိန်မှာ အဆင်ပြေပါ့မလား သူတို့ ...
8.5
IMDB: 8.5/10 9,733 votes
movie
Gully Boy(2019)
2019
WEB-DL 720p
Long Lost(2018) 5.5
Long Lost(2018) Long Lost(2018) လူငယ်လေးတစ်ယောက်ဟာ  ထူးထူးခြားခြား ငယ်စဉ်ကထဲက ကွဲကွာခဲ့တဲ့ အဖေတူမအေကွဲဖြစ်တဲ့အကိုတစ်ယောက်ထံမှ အဆက်အသွယ်ရလာတယ်... သူ့နေတဲ့အိမ်ကို လာခဲ့ဖို့ပေါ... ဒီလူငယ်လေးဟာ အကိုဖြစ်သူခေါ်လေတော့ ခရီးဝေးလွန်းလှပေမယ့် လည်း သွားခဲ့တယ်.. သူရောက်သွားတဲ့အခါမှာ အကိုဖြစ်သူမှာ အံအားသင့်စရာအချက်တွေပိုင်ဆိုင်နေတာတွေ့ရတယ်.. ဘုဂလန့်အပြောအဆိုတွေ၊ခန့်မှန်းရခက်လောက်အောင် ပိုင်ဆိုင်မှုတွေ၊ချမ်းသာမှုတွေရှိသလို၊ တစ်ချို့အပြုအမူတွေကလည်း သူ့အမြင်မှာအတော်ဆန်းပြားနေတာတွေ့ရတယ်... ပြီးတော့ အကိုဖြစ်သူနဲ့အတူနေတဲ့ ခပ်လှလှမိန်းမလှလေးရဲ့ အပြုအမူအနေအထိုင်တွေဟာလည်း သူ့အတွက် အံအားသင့်စရာဖြစ်နေပါတယ်... ဒီလိုနဲ့အချိန်အတော်ကြာပြီးနောက်မှာတော့ အားလုံးဟာ သူ့ကိုခေါ်ပြီး အရုပ်သဖွယ်ပြုမူနေသလိုဖြစ်နေတာကြောင့် ကောင်လေးဟာ ရုန်းထွက်ဖို့ကြိုးစားပါတော့တယ်... ဒီလိုရုန်းထွက်ဖို့ကြိုးစားစဉ်မှာပဲ သူမမျှော်လင့်ထားတဲ့နောက်ကွယ်က ဇာတ်ရှုတ်ကြီးကိုလည်း တွေ့ရှိသွားပါတယ်.. ကိုင်းသူ့ကိုဘာကြောင့်ခေါ်တာလဲ...ဘာရည်ရွယ်ချက်နဲ့လဲ......နောက်ကွယ်ကဇာတ်ရှုတ်ကြီးကရောဘာများဖြစ်မလဲ.. ခံစားကြည့်လိုက်ပါဦး...   File Size : (853 MB) and (320 MB) Quality : WEB-DL 720p, Format…mp4 Duration…01:34:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myo Khant Maung Encoded by Phyo Pyae
5.5
IMDB: 5.5/10 3500 votes
movie
Long Lost(2018)
WEB-DL 720p
Locating Silver Lake(2018) 6.5
Locating Silver Lake(2018) Locating Silver Lake(2018) IMDb....6.5 "ဒန်နီကယ်ဟာ ကောလိပ်ပြီးရင် အယ်အေကို ရည်းစားဖြစ်သူနဲ့ တူတူသွားပြီး အခြေချမယ်လို့ တွေးထားပေမယ့် ဘွဲ့ယူတဲ့နေ့မှာတင် သူ့ရဲ့အစီအစဉ်တွေဟာ ရေစုန်မြောသလိုဖြစ်သွားတယ်... သူ့ကောင်မလေးက ဒန်နီယယ်ရဲ့ လက်ရှိဘ၀ဟာ အယောင်ဆောင်စာရေးဆရာဖြစ်လေတော့ သူမကို ကျေနပ်အားရစေမှုမရှိတဲ့အပြင် အယ်အေဆိုတာကလည်း သူ့အိပ်မက်မဟုတ်ဘူးဆိုပြီး ဘွဲ့ယူတဲ့နေမှာတင် ဖြတ်လိုက်လို့ပါပဲ....  တခြားသူတွေအားလုံးပျော်နေပေမယ့် ဒန်နီယယ်တစ်ယောက်ကတော့ ဗလာကျင်းနေတဲ့ နှလုံးသားတစ်ခုကို တုန်ယင်ချိနဲ့စွာထွေးပိုက်ရင်း ဆို့နင့်ကြေကွဲနေလေရဲ့..... သူရဲ့လှပတဲ့စိတ်ကူးယဉ်အနာဂတ်ကို မျက်နှာတစ်ချက်မပျက်ပြောဆိုဖျက်ဆီးခဲ့တဲ့ မိန်းမလှလေးတစ်ယောက်အကြောင်းကိုတွေးရင်းဒန်နီယယ်ဟာ ကျောင်းတော်ကြီးက ထွက်ခွာခဲ့လေရဲ့.... ဒန်နီယယ်တစ်ယောက်အချစ်စစ်နဲ့တွေ့မလား....တကယ့်စာရေးဆရာတစ်ယောက်အဖြစ် ရအောင်ကြိုးစားသွားမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရင်းခံစားကြည့်လိုက်ပါဦး.. IMDb..6.5ရရှိထားတဲ့ Drama ကားကောင်းလေးမို့ ကြည့်ကြပါလို့ညွှန်းဆိုပါရစေ... File Size : (900 MB) and (374 MB) Quality : WEB-DL 720p, Format…mp4 Duration…01:50:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
6.5
IMDB: 6.5/10 1500 votes
movie
Locating Silver Lake(2018)
2018
WEB-DL 720p
Brothers’ Nest(2018) 6.5
Brothers’ Nest(2018) Brothers' Nest(2018) IMDb - 6.5,,,,Rotten..91% ခပ်ဆန်းဆန်းလေးပါပဲ...Thriller/Comedy ကားလေးပါ...ရယ်လည်းရယ်ရမယ် သည်းထိပ်ရင်ဖိုလည်းဖြစ်မယ်ပေါ့....Plot Twist တွေနဲ့ အတော်ဆွဲဆောင်မှုရှိတယ်....ဇာတ်ကားတစ်ကားလုံးမှာ လူငါးယောက်ရယ် မြင်းတစ်ကောင်ရယ် အိမ်တစ်လုံးရယ် ကားနှစ်စီးရယ်ပဲပါတယ်... ကိုင်း... ဇာတ်လမ်းက ညီအစ်ကို နှစ်ယောက်က စတယ်...သူတို့ရဲ့ ပထွေးကို မကျေနပ်လို့ နိဂုံးချုပ်ပစ်ဖို့ကြိုးစားနေကြတာ.. .အဲ့လိုလုပ်ဖို့ကို Plan တွေအကျအနချပြီးလုပ်တဲ့ ဆရာကြီးညီအစ်ကိုနှစ်ယောက်ပေါ့... အဓိကဇာတ်ဆောင် ညီအစ်ကိုနှစ်ယောက်အဖြစ် တကယ့်ညီအစ်ကိုတွေဖြစ်တဲ့ Clayton Jacobson နဲ့ Shane Jacobson တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်... ရှုစားကြည့်ပါဦး... File Size : (850 MB) and (313 MB) Quality :WEB-DL 720p, Format…mp4 Duration…01:42:00 Genre :  Comedy, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
6.5
IMDB: 6.5/10 712 votes
movie
Brothers’ Nest(2018)
2018
WEB-DL 720p
The Brave (2019) 6.5
The Brave (2019) The Brave(2019) IMDb...6.5 Albanian မြို့ဟာ   မူးယစ်ဆေးတွေနဲ့ ဂန်းစတားတွေကျက်စားရာမြို့... မြို့ရဲ့အဓိကစီးပွားရေး ဟာ မူးယစ်ဆေးလိုဖြစ်နေတယ်.. မူးယစ်ဆေးတွေရဲ့ အဓိက ကြိုးကိုင်သူကို အစိုးရဘက်က ဖမ်းချင်ပေမယ့်လည်း သက်သေမခိုင်လုံလို့ ဖမ်းဆီးရခက်နေတယ်... ရဲဘက်နဲ့အစိုးရပိုင်းကလူတွေကလည်း မူးယစ်ဂိုဏ်းနဲ့မကင်းသလို အဖွဲ့တောင့်လွန်းတဲ့ သူတို့ကြောင့် လူနည်းစုလိုဖြစ်နေတဲ့ ရဲဝန်ထမ်းကောင်းတွေအတွက် အချိန်ကုန်လူပင်ပန်းတာပဲအဖတ်တင်နေသလိုပါပဲ... သို့ပေမယ့် ဒီအခြေအနေတွေကိုပြင်ဆင်ပြီး မူးယစ်အဖွဲ့ကို ဖမ်းဆီးနိုင်ဖို့ အထူးစုံထောက်အရာရှိတစ်ဦးနဲ့ အထူးအေ့ဂျင့်တစ်ဦးနဲ့ပူးပေါင်းမိတဲ့အချိန်မှာတော့... ကိုင်း မူးယစ် အက်ရှင် မှုခင်းကားတွေသဘောကျတဲ့သူတွေအဖို့ကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ... File Size : (900 MB) and (313 MB) Quality : WEB-DL 720p, Format…mp4 Duration…01:40:00 Genre : Action, Crime, Thriller | Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae
6.5
IMDB: 6.5/10 3200 votes
movie
The Brave (2019)
2019
WEB-DL 720p
The Highwaymen(2019) 7.1
The Highwaymen(2019) The Highwaymen(2019) IMDb...7.1 တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်.... မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်... သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ၀ှက်ထားတဲ့ လက်နက်များဖြင့် ထောင်စောင့်များကို သတ်ဖြတ်ကာ  သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်... ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ.... ဒါတွေအားလုံးရဲ့အဓိက တရားခံက ၀ရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်.. တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇ၀တ်သား အပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာ ခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်.. ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်... နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂) ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်...ရှေးယခင်က ရိန်းဂျိန်းတွေဟာ ဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့် ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်.. ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်... ကိုင်း သူတို့ ဖမ်းမိနိုင်မလား....ဒီရာဇ၀တ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ... ခံစားကြည့်လိုက်ပါဦး...မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့် အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်... File Size : (1GB) and (357MB) Quality : ...
7.1
IMDB: 7.1/10 11,589 votes
movie
The Highwaymen(2019)
2019
WEB-DL 720p
Silence Snow ( 2019 )
IMDB: /10 votes
movie
Silence Snow ( 2019 )
WEB-DL 720p
A Vigilante(2018) 6.0
A Vigilante(2018) A Vigilante(2018) IMDb...6.0,,,,Rotten...90% မိန်းမတစ်ယောက်အတွက် ကိုယ်ရဲ့ အရင်းနှီးဆုံးလူသား ကိုယ့်ကို အချစ်ဆုံးလို့မှတ်ယူထားတဲ့လူ ကိုယ့်ကလေးတွေရဲ့ အဖေ ကိုယ့်ယောကျာ်းရဲ့ လူမဆန်စွာအနို်င်ကျင့်ခံရတာထက် ဆိုးတာ မရှိလောက်ပါဘူး။ ကိုယ် ယုံကြည်ထားတဲ့ လူတစ်ယောက်ရဲ့ ဒီလိုအပြောင်းအလဲဆိုတာလည်း လက်ခံဖို့ ခက်ပါတယ်။ ဒီလိုနဲ့ပဲ ဒီအိမ်တွင်းအနိုင်ကျင့်ခံရမှုတွေက မလွတ်မြောက်နိုင်ကြဘူးပေါ့။ ဒီရုပ်ရှင်က အိမ်တွင်းအနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီးတွေရဲ့ အကြောင်းပါပဲ။ Vigilante (စေတနာဝန်ထမ်း) ဆိုတဲ့ ဇာတ်ကားရဲ့ နာမည်အတိုင်းပါပဲ အိမ်တွင်း အနိုင်ကျင့်မှုကို မတရားခံနေရတဲ့ အိမ်ထောင်ရှင်မတွေကို ကယ်နေတဲ့. စေတနာ့ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကတော့ ဒီလို မလွတ်မြောက်နိုင်တဲ့ ဣတ္ထိယတွေကို နာမည်ဝှက် ရုပ်ဖျက်ရင်း ကယ်တင်ပေးရင်း အမျိုးသမီးနဲ့ အမျိုးသားတွေကြား အခက်အခဲတွေ ရှင်ဆိုင်ရတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ဖြေရှင်းနည်းတွေကို ပညာပေးရိုက်ပြထားတဲ့ဇာတ်ကားပါ.. မင်းသမီးကြီး Olivia Wilde အဓိကသရုပ်ဆောင်ထားပြီ IMDb..6.0နဲ့ Rotten 90%ရရှိထားလေတော့ ခံစားကြည့်လိုက်ပါဦး... File Size : (850 MB) and (309 MB) Quality :WEB-DL 720p, Format…mp4 Duration…01:30:00 Genre :  Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by WiRa Aung Encoded by Phyo Pyae
6.0
IMDB: 6.0/10 84 votes
movie
A Vigilante(2018)
2018
WEB-DL 720p
Nancy Drew and the Hidden Staircase(2019) 5.8
Nancy Drew and the Hidden Staircase(2019) Nancy Drew and the Hidden Staircase(2019) Nancy Drew လို့ဆိုလိုက်တာနဲ့ သွက်လက်ချက်ချာပြီး သတ္တိရှိတဲ့ ကလေးစုံထောက်မလေးကို ပြေးမြင်မိကြမှာပါ။ သူမအကြောင်းရေးသားထားခဲ့တဲ့ ဝတ္တုတွေဟာလဲ အထူးကျော်ကြားအောင်မြင်ခဲ့သလို ဇာတ်လမ်းပြန်လည်ရိုက်ကူးခဲ့ရာမှာလဲ အောင်မြင်ခဲ့ပြန်ပါတယ်။အခုလဲ အားလုံးရဲ့ အချစ်တော် Nancy Drew ကို ခေတ်အမြင် ခေတ်အသွင်နဲ့ ကြည့်ရှုခံစားနိုင်ဖို့ရာ လောလောလတ်လတ်ထွက်ရှိလာတဲ့ Nancy Drew and The Hidden Staircase (2019)ကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Imdb Rating 5.8/10 နဲ့ Rotten Tomatoes 70%တော်ရရှိထားတဲ့ ဟောဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကိုလဲ တင်ပြလိုပါသေးတယ်။ မိခင်ဖြစ်သူကွယ်လွန်သွားတဲ့နောက်မှာ နန်စီဒရူးနဲ့ သူမဖခင်ဖြစ်သူတို့ ရေးဗားဟိုက်စ် ဆိုတဲ့ မြို့လေးကိုရွေ့ပြောင်းလာပါတယ်။ အဲဒီမြို့လေးမှာဖြစ်နေတာကတော့ Twin Elms ဆိုတဲ့အိမ်မှာ သရဲအကြီးအကျယ်ခြောက်တာပါပဲ။ အရာရာမှာစပ်စပ်စုစုနဲ့ ထက်မြက်တဲ့ နန်စီဒရူးအဖို့တော့ ရေငတ်တုန်းရေတွင်းထဲကျသလိုပါပဲ။ အဆိုပါ သရဲခြောက်တဲ့ပြဿနာကို နန်စီဒရူးတစ်ယောက် မနေနိုင်မထိုင်နိုင်ဝင်ပါရင်း ဘာတွေဆက်ဖြစ်မလဲ? သူဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ပေါ့ပေါ့ပါးပါးစုံထောက်ကားလေးတွေကိုကြည့်ရှုသူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့် Nancy Drew ...
5.8
IMDB: 5.8/10 3200 votes
movie
Nancy Drew and the Hidden Staircase(2019)
2019
WEB-DL 720p
Finding Steve McQueen(2018) N/A
Finding Steve McQueen(2018) Finding Steve McQueen(2018) IMDb....6.3 ဒီဇာတ်​ကား​လေးက​တော့ အ​မေရိကန်​ နိုင်​ငံက "United California" ဘဏ်​​ဖောက်​ထွင်းခံရမှုကို အ​ခြေခံရိုက်​ကူးထားတဲ့ ဖြစ်​ရပ်​မှန်​ဇာတ်​လမ်း​လေးပဲဖြစ်​ပါတယ်​။ ဇာတ်​လမ်းအစမှာ FBI က SteveMcQueenဆိုတဲ့ လူတစ်​​ယောက်​ကို အသည်းအသန်​ လိုက်​ရှာ​နေပြီး တစ်​ဖက်​မှာလည်း SteveMcQueen က သူ့ကို FBI က ဘာ​ကြောင့်​ အလိုရှိ​နေရတယ်​ဆိုတဲ့အ​ကြောင်း သူ့​ကောင်​မ​လေးကို ရှင်းပြ​နေပုံနဲ့ စတင်​ထားပါတယ်​။ အ​မေရိကန်​သမ္မတ Nixon ရဲ့ တရားမဝင်​လုပ်​ငန်း​တွေမှာသုံးဖို့ ဘဏ်​မှာထား ထားတဲ့ ရန်​ပုံ​ငွေကိုမှ ​ဖောက်​ထွင်းဖို့ ကြံစည်​ခဲ့တဲ့ ဓားပြအဖွဲ့အ​ကြောင်းကို ရိုက်​ကူးထားတာပဲ ဖြစ်​ပါတယ်​။ ​ငွေဖြူ မဟုတ်​တာ​ကြောင့်​ သူတို့ကို အ​ရေးယူလို့ မရ​လောက်​ပါဘူးဆိုတဲ့ အကြံနဲ့ ဓားပြတိုက်​ခဲ့ကြ​ပေမယ့်​လည်း အစိုးရဖက်​က စုံစမ်းစစ်​​ဆေး​ရေး​တွေကို ပြင်းပြင်းထန်​ထန်​ လုပ်​လာတဲ့အခါမှာ​တော့ ဘယ်​လို​မျိုး စိတ်​ဝင်​စားစရာ အ​ကြောင်းအရာ​တွေ ဖြစ်​လာမလဲဆိုတာက​တော့ ရုပ်​ရှင်​ကိုပဲ ဆက်​လက်​ခံစားကြည့်​လိုက်​ကြပါ​နော်​... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumi ပဲဖြစ်ပါတယ်... File Size : (850MB) and (306 MB) Quality : ...
N/A
IMDB: N/A/10 N/A votes
movie
Finding Steve McQueen(2018)
2019
WEB-DL 720p
The Seven Swords ( 2019 ) 5.5
The Seven Swords ( 2019 ) သိုင်းကားကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ် ဟိုးအရင်တုန်းက နတ်မျက်လုံးနဲ့မိစ္ဆာမျက်လုံးဆိုတဲ့စွမ်းအားကြီးတဲ့ ဓါတ်လုံး၂လုံးရှိပါတယ်..စိန်တောက်ဂိုဏ်းဟာ နတ်မျက်လုံးကိုရပြီး လောကကြီးကိုကြီးစိုးစဉ်ကာလမှာပဲ မိစ္ဆာမျက်လုံးဟာပျောက်ကွယ်နေတယ် တနေ့ မိစ္ဆာမျက်လုံးကိုလူတစ်ယောက်ပိုင်ဆိုင်သွားတဲ့အခါမှာတော့ စိန်တောက်ဂိုဏ်းဟာ နတ်မျက်လုံးအစွမ်းနဲ့ဒီလူကိုထိန်းချုပ်ပါတော့တယ် ဒါကြောင့်မို့ အဲ့လူဟာ ထျန်းစန်းတောင်ရဲ့ ရတနာဓါး ၇ လက်ကို ပြည့်အောင်ရှာပြီး စိန်တောက်ဂိုဏ်းကိုလည်းဖြိုခွဲမယ်..လောကကြီးကိုလည်း ကြီးစိုးမယ်ဆိုတဲ့အကြံနဲ့ဓါးတွေကိုလိုက်ရှာပါတော့တယ် တဖက်မှာလည်း လွီဘုရင်ရဲ့ရတနာသိုက်ရှိတဲ့ လျို့ဝှက်အမိန့်စာကို ရထားခဲ့တဲ့ဝူကျွမ်းဂိုဏ်းကို နိမ်နင်းခဲ့ပေမယ့် သူတို့ရှာနေတဲ့အရာက နတ်သမီး လျိုယိဖန်းဆီကိုရောက်သွားခဲ့ပါတယ် တဖြေးဖြေးဆက်နွယ်မှုတွေကိုဖေါ်ထုတ်ပြီးစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်   Translated & Review By Phyo Zaw
5.5
IMDB: 5.5/10 100 votes
movie
The Seven Swords ( 2019 )
2019
WEB-DL 720p
A.I. Rising (2018) 7.1
A.I. Rising (2018) နည်းပညာတွေ တိုးတက်လာခဲ့တဲ့ခေတ်မှာ AI လို့ ခေါ်တဲ့ Artificial Intelligence (အသိဥာဏ်အတု) ဟာလည်း တိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။ AI ကို စက်ရုပ်တွေမှာ အများစု အသုံးချလာကြပါတယ်။ ဒီတော့ တိုးတက်လာတဲ့ အသိဥာဏ်အတုဟာ မှတ်ဥာဏ်တင်မဟုတ်ဘဲနဲ့ ခံစားတတ်တဲ့နှလုံးသားပါ ရှိလာခဲ့မယ်ဆိုရင်.... အဲ့လိုမျိုး စဉ်းစားဖူးပါရဲ့လား????? စက်ရုပ်နဲ့လူနဲ့ ချစ်ကြတဲ့ ဇာတ်လမ်းတွေ အရင် ရှိခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းကလည်း စက်ရုပ်မလေးနဲ့ အာကာသယာဉ်မှူးကြီးရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အချစ်ဆိုတာ ချစ်နေရုံနဲ့ မပြီးပါဘူး။ ရမ္မက်ကလေးကည်း ပါပါသေးတယ်။ လူနှစ်ယောက် တွယ်တာနှောင်ငြိတာဟာ မထူးဆန်းပေမယ့် စက်ရုပ်နဲ့လူနဲ့ ငြိတွယ်ခဲ့တဲ့အခါ..... စက်ရုပ်ကို လူသားထင်ပြီး ချစ်ခင်စုံမက်လာခဲ့တဲ့အခါ..... တိုးတက်လာတဲ့ စက်ရုပ်ရဲ့ အသိဥာဏ်ဟာ မှတ်သားတတ်ရုံတင်မဟုတ်ဘဲ ခံစားတတ်လာတယ်ဆိုတာ ဟုတ်ပါ့မလား? အာကာသယာဉ်မှူးကြီး စက်ရုပ်မလေးကို လူအဖြစ် ဖန်တီးအသက်သွင်းချင်လာခဲ့တဲ့အခါ..... သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းခရီးဟာ သာယာဖြောင့်ဖြူးပါ့မလား????? ဒီဇာတ်လမ်းမှာ ကျွန်တော်သဘောကျတာတစ်ခု ရှိပါတယ်။ ယောက်ျားနဲ့မိန်းမကြားက အချစ်၊ သံယောဇဉ် နဲ့ ရမ္မက်ကို တွေးစရာဖြစ်အောင် ရိုက်ပြသွားနိုင်တဲ့ ဇာတ်ကွက်တချို့ပါပါတယ်။ ကြည့်ကြည့်ပါဗျာ။ သိပ္ပံအချစ်ဇာတ်လမ်းလေးဆိုတော့ မရိုးရပါဘူး။ IMDB 6.4 ရထားပြီးတော့ ဆုပေါင်း (၈)ဆုတိတိ ရရှိထားပါတယ်။ တစ်ခုတော့ သတိပေးထားပါရစေဦး။ တချို့ဇာတ်ကွက်တွေကိုတော့ ၁၈ ယောက် ပြည့်မှ ကြည့်ကြပါလို့။ ဇတ်လမ်းကို Myo Nyunt & Thit ...
7.1
IMDB: 7.1/10 1,270 votes
movie
A.I. Rising (2018)
2018
WEB-DL 720p
Manikarnika: The Queen of Jhansi (2019) 7.1
Manikarnika: The Queen of Jhansi (2019) Manikarnika ( သို့မဟုတ် )စစ်ပွဲတို့၏ သခင်မ ============================ " ကျောထက်မှာ သားကို ပိုးလို့ ၊ လက်ဖဝါးမှာလည်း ဓားကို ဆုပ်လို့ " ဤမြင်ကွင်းသည် မြင်နေကြ ရှုခင်းမဟုတ်။ လှပစွာ စုက်ချက်ထွင်းထားသည့် ပန်းချီကား ဟုလည်း မဆိုနိုင်။ သို့ပင် နှစ်လိုဖွယ် ကောင်းလှသည်။ ဤသည်ကားတိုက်ခိုက်ရေး အသွင်မှ ထင်းလင်းလာသည့် ပုံရိပ်ဖြစ်သည်။ ထိုအချိန်ဝယ် ရှိရင်းစွဲ စန္ဒကူး ရနံ့ တို့လည်း သင်းပျံ့ မည် မထင်။ ရဲရဲစွေး ပေကျံနေသော သွေးညီနံ့ တလိမ်းလိမ်း ဖြင့်သာ ထုံလွှမ်းနေပေလိမ့်မည်။ သူမ၏ ကျောထက်မှ သား သည် တိုင်းပြည် ၏ အသက် ဖြစ်သည်။ သူမ လက်ဖဝါးတို့သည် နူးညံ့စွာ တည်ရှိရမည့်အစား ရဲရင့်လှသည်။ ထို့နှင့် သွေးကြော အမျှင် တန်းတို့ သည်လည်း အညံ့မခံလိုသော စိတ်တို့ ကို လစ်ဟနေသည်။ ထိုအချိန်တွင် တိုင်းသူ့ပြည်သား တို့သည် သူမအတွက် အသက်ပင် စွန့်ပစ်ရပါစေ။ ပေးဆပ်ဖို့ ...
7.1
IMDB: 7.1/10 4,387 votes
movie
Manikarnika: The Queen of Jhansi (2019)
2019
WEB-DL 720p
Mirage(2018) 7.6
Mirage(2018) Mirage(2018) IMDb....7.8 ၁၉၈၉ ခုနှစ်.... နီကိုဆိုတဲ့ကောင်လေးက ဂစ်တာတီးသီချင်းဆိုဝါသနာတဲ့ကောင်လေး... နီကိုဟာ ဂစ်တာတီးသီချင်းဆိုတဲ့အချိန် ဗွီဒီယိုမှတ်တမ်းလေးတွေတင်ထားလေ့ရှိတယ်.... တစ်နေ့သူဂစ်တာတီးနေတုန်း အိမ်နီးနားချင်း မိသားစုဆီကနေ ဆူညံသံတွေကြားလွန်းတော့ ကလေးပီပီ စူးစမ်းချင်စိတ်ကြောင့်  သွားကြည့်မိတယ်...သွားကြည့်မိတာ နီကိုအတွက် တကယ့်မဟာအမှားပါပဲ..သူအိမ်ထဲကိုရောက်တဲ့ ယောက်င်္ကျားဖြစ်သူမှ သူ့မိန်းမကို ဓားနဲ့ထိုးသတ်တာကိုတွေ့လိုက်ရပါတယ်.. နီကိုတစ်ယောက် ကြောက်လန့်တကြားအိမ်အပြင်ထွက်ပြေးတဲ့အချိန် ကံဆိုးစွာပဲ ကားတိုက်ခံရပြီးဆုံးပါးသွားတယ်... သူ့ရဲ့ အခန်းလေးထဲမှာတော့ ဗီဒီယိုကင်မရာလေးတစ်လုံး TVတစ်လုံးနဲ့ သီချင်းမှတ်တမ်းတိပ်ခွေပေါင်းများစွာကျန်ခဲ့လေရဲ့..... ဒီTV ၊ကင်မရာ နဲ့ တိပ်ခွေတွေကပဲဒီဇာတ်ကားရဲ့အလှည့်အပြောင်းလို့ဆိုရမယ်... နောက်နှစ်ပေါင်း (၂၅)နှစ်ကြာတော့ နီကိုအသက်ရှိစဉ်ကနေခဲ့တဲ့အိမ်ကို မိသားစုတစ်စုပြောင်းလာတယ်.. အဲ့ဒီမိသားစုဟာ ဒီတိပ်ခွေနဲ့ တီဗွီ ကင်မရာတို့ကိုတွေ့ရှိပြီးနောက်မှာတော့.... တကယ့်ကပ်ဆိုးကြီးကျရောက်သလိုဖြစ်သွားတယ်... ဒီကားက စပိန်ဇာတ်ကားဖြစ်ပြီး အလှည့်အပြောင်း များလွန်းတဲ့ဇာတ်ကားလို့တောင်ဆိုရမယ်ထင်တယ်.. ဇာတ်လမ်းကိုနိဒါန်းလေးပျိုးနေတဲ့ မိနစ်(၂၅)မိနစ်လောက်အထိသာ သာမန်လို့ထင်ရပေမယ့် အဲ့ဒီနောက်ပိုင်းတော့ ကြည့်ရှုတဲ့သူဟာ "ဟာ" ခနဲတောင်ရေရွတ်မိမယ်ထင်တယ်...Tempo ကျသွားတာမရှိသလောက်ပဲ...  မထင်မှတ်ထားတဲ့ဇာတ်အိမ်တွေ plot twist တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်...sci-fi thriller အပြင် Drama လေးတွေပါ ရောနှောထားတယ်... ဇာတ်လမ်းက အတော်ဆွဲဆောင်မှုရှိတဲ့ကားမို့ စပွိုင်လာရှောင်ပြီးဒီလောက်ပဲပြောပါရစေ... ဒီကားက ခင်ဗျားတို့ထင်ထားတာထက်ပိုကောင်းနေလိမ့်မယ်..... စကားမစပ် ပရော်ဖက်ဆာလို့ ကျွန်တော်တို့ သိခဲ့တဲ့ ဘဏ်ဓားပြကြီးပါဝင်ထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ...
7.6
IMDB: 7.6/10 608 votes
movie
Mirage(2018)
2018
WEB-DL 720p
Fall in Love at First Kiss ( 2019 ) 6.2
Fall in Love at First Kiss ( 2019 ) အသစ်ထွက် ဒီဇာတ်ကားလေးဟာ ဂျပန် manga series ဖြစ်တဲ့ "Itazura na Kiss" ရဲ့ Remake Version ဖြစ်ပါတယ်..Romance ကြိုက်သူတွေအတွက်တော့ကားကောင်းပါပဲ ကောင်မလေးဟာ နုံအပြီးစာညံ့တဲ့ကောင်မလေး သူဟာ ကျောင်းရဲ့အတော်ဆုံးကောင်လေးကိုသဘောကျလွန်းလို့ မိန်းကလေးတန်မဲ့ချစ်ခွင့်ပန်ခဲ့ပေမယ့် ငြင်းပယ်ခြင်းကိုခံလိုက်ရပါတယ် ဒါပေမယ့်လည်း ကောင်မလေးက လက်မလျော့ခဲ့ပါဘူး တနေ့မှာတော့ ကံကြမ္မာဖန်လာတော့ ကောင်မလေးအိမ်ဟာ ငလျင်ကြောင့်ပျက်ဆီးသွားတာမို့ ကောင်လေးအိမ်မှာ အကြောင်းဖန်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆုံဆည်းနိုင်ကြပါ့မလား..ဇာတ်ကားတခုလုံးကို ရိုမန့်ဆန်ဆန် ကြည်နူးစွာခံစားရမှာပဲဖြစ်ပါတယ်   Translated & Review By Phyo Zaw
6.2
IMDB: 6.2/10 57 votes
movie
Fall in Love at First Kiss ( 2019 )
2019
WEB-DL 720p
Shocking Kung Fu Of Huo’s ( 2019 )
Shocking Kung Fu Of Huo’s ( 2019 ) ဖိုက်တင်ကားကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးနဲ့ တင်ဆက်ပေးလိုက်ပါတယ် အမှန်အကန်ဖိုက်ပြီး စိတ်ဝင်စားမှုအပြည့်နဲ့ စောင့်ကြည့်ရမယ့်ကားပဲဖြစ်ပါတယ် ( ဂျင်းမဟုတ် :3 ) ဇာတ်လမ်းအညွန်းကတော့ သိုင်းလောကရဲ့အရှုပ်တော်ပုံတော့မဟုတ်ဘူး ကွန်ဖူးလောကရဲ့ အရှုပ်တော်ပုံလို့ပဲဆိုရမယ်..ရှန်ဟိုင်းမှာ အနောက်တိုင်းသားတွေလာပြီးတော့ တရုတ်ကွန်ဖူးကို ကင်မရာရိုက်ပီး ခိုးဖို့ပြင်တဲ့ခေတ်လို့ပဲပြောရမလား တရုတ်ကွန်ဖူးကိုလှောင်ပြောင်နေတဲ့ခေတ်လို့ပဲပြောရမလားပဲ ဒီလိုခေတ်ကိုအခြေခံထားတဲ့ဇာတ်ကားပါပဲ လက်သီးနက်ပြိုင်ပွဲလို့ တင်စားထားတဲ့ ပြိုင်ပွဲမှာ တရုတ် ကွန်ဖူးပညာရှင်တွေ တောက်လျောက်ရှုံး သေဆုံးကြရတယ် တစ်နေ့မှာတော့ ဒါတွေကိုပြန်အဖတ်ဆယ်နိုင်မယ့် သူရဲကောင်းတစ်ယောက်ထွက်ပေါ်လာခဲ့တယ်..အနက်ရောင်မိစ္ဆာဆိုတဲ့ သူရဲကောင်းတစ်ဦးပါပဲ...ဒါပေမယ့် အနက်ရောင်မိစ္ဆာဆိုတဲ့နာမည်နဲ့ ပြိုင်ခဲ့သူတွေဟာ တစ်ယောက်တည်းမဟုတ်ဘူး ဘယ်၂ယောက်ရှိခဲ့တာလဲ...ဘာကြောင့်ဒီလိုလူတွေပြောင်းလဲနေတာလဲ တကယ်လို့များ အနက်ရောင်မိစ္ဆာ၂ယောက်ချကြမယ်ဆိုရင်ရော ဘယ်သူများနိုင်မှာလဲ ? နားရှုပ်သွားပြီလား မပူပါနဲ့ ကြည့်ရတာတော့လုံးဝမရှုပ်တဲ့အပြင် စိတ်ဝင်စားမှု အပြည့်နဲ့ ဆက်လက်ကြည့်ရှုနိုင်ပါတယ် ဇာတ်လမ်းရဲ့ ၃ ပုံ ၂ပုံက တိုက်ပွဲတွေနဲ့ပဲပြည့်နေတာပါ   Translated & Review By Chu Chu Encoded By LK
IMDB: /10 votes
movie
Shocking Kung Fu Of Huo’s ( 2019 )
WEB-DL 720p
Triple Threat(2019) 7.8
Triple Threat(2019) Triple Threat(2019) IMDb....7.5 Ong Bak မင်းသား တိုနီဂျား၊ The Raid ရဲ့ မင်းသား Iko Uwais နဲ့ ထိုက်ချိမင်းသား တိုက်ဂါးချန်း တို့ ပူးပေါင်းပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကို တင်ပေးထားပါတယ်။ ဗီလိန်နေရာမှာတော့ ဘွိုင်ကာ မင်းသားကြီး စကော့ အက်ဒ်ကင်း ပါဝင်ထားတာမို့ ဘယ်လောက်ကြမ်းကြမလဲ ပြောဖို့မလိုလောက်တော့ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ရာဇဝတ်မှုတွေ မြင့်တတ်နေတဲ့ မဟာဂျာယာမှာ လူဆိုးဂိုဏ်းတွေနှိမ်နင်းရေးအတွက် အကြီးအကျယ်လာလှူဒါန်းတဲ့ တရုတ်မလေး ထန်းရှောင်ရှန်းကို ကော်လင်တို့ ကြေးစားအဖွဲ့က လုပ်ကြံဖို့ကြိုးစားတာမှာ ဟို ဂျပုသုံးကောင်နဲ့ တွေ့တာပါပဲ ။ သူတို့ သုံးယောက်နဲ့ ကော်လင်တို့က အရင်ကတည်းက ရန်ငြိုးရှိသူတွေပီပီ အတိုးရော အရင်းရော ပေါင်းပြီးဆပ်ကြပါတယ်။ အကျဉ်းပြောရရင်တော့ ချတဲ့ကားပါ။ ချပါတယ် အားတိုင်း။ သေနတ်ရှိရင်တောင် ဘေးချပြီး ချပါတယ်။ တွေ့ရာနေရာမှာ အားတိုင်းချပါတယ်။ ကြည့်ရင်းနဲ့ ကြည့်တဲ့သူပါ ချချင်နေလိမ့်မယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်...   File Size ...
7.8
IMDB: 7.8/10 281 votes
movie
Triple Threat(2019)
2019
WEB-DL 720p
The Ferry Man Manjusaka ( 2018 ) 6.4
The Ferry Man Manjusaka ( 2018 ) Imdb 6.4 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် စန်းချီးဆိုတဲ့ မုံ့ဖော် ( ငရဲပြည်အ၀င်မှာစစ်ဆေးသူ ) အသစ်လေး တစ်ယောက်ဟာ ငရဲအမှုထမ်း ကျောက်လီကိုသံယောဇဉ်တွယ်နေမိတယ် ဒါပေမယ့် သူမဟာ ငယ်စဉ်ကတည်းက ၀ိညာဉ် ၇ ခုရှိရာကနေ တစ်ခုနှုတ်ယူခံထားခြင်းကို ကြုံတွေ့ထားရတဲ့ကောင်မလေး ဒါကြောင့်မို့လည်း သူဟာ မလှမပဖြစ်နေရတဲ့အပြင် နုံအအ နဲ့ပေါ့..အဲ့အတွက်ကြောင့်လည်း ကျောက်လီက သူ့ကိုလုံးဝ စိတ်မ၀င်စားဘူးဖြစ်နေပါတယ်. ဒီလိုနဲ့တနေ့မှာ သူမ ဘ၀ထဲကို ချန်စိမ်းဆိုတဲ့ကောင်လေး တစ်ယောက်ရောက်လာတဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲ လျို့ဝှက်ချက်တွေဘာလဲဆိုတာတော့ ကိုယ်တိုင်သာ ဆက်လက်ကြည့်ရှုပါ   Quality : WEB-DL Translated By Phyo Zaw Review By Phyo Zaw Encoded By PHOENIX
6.4
IMDB: 6.4/10 votes
movie
The Ferry Man Manjusaka ( 2018 )
WEB-DL 720p
Welcome to Acapulco(2019) 5.0
Welcome to Acapulco(2019) Welcome to Acapulco(2019) ရင်ခုန်စိတ်လှုပ်ရှားစရာအက်ရှင် ဇာတ်ကားလေးတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၁၉ ထဲမှာ ထွက်ရှိထားတဲ့ Welcome to Acapulco ဆိုတဲ့ ဇာတ်ကားသစ်လေး တင်ဆက်ပေးပါမယ် နယူးယောက်က ဂိမ်းတွေကို ဒီဇိုင်းရေးတဲ့ ပရိုဂရမ်မာလေးတစ်ယောက်ဟာ အလုပ်ကိစ္စနဲ့ နယူးမက္ကဆီကိုကို သွားဖို့ လေဆိပ်မှာ လေယာဉ်စောင့်နေရင်း မိတ်ဆွေတစ်ဦးနဲ့မထင်မှတ်ဘဲတွေ့ပြီး သောက်ကြစားကြရင်း ရေချိန်လွန်သွားခဲ့ပါတယ်… အမူးလွန်ပြီးသတိပြန်ရလာချိန်မှာ သူဟာလေယာဉ်ပေါ်ရောက်နေပြီးဖြစ်ပြီးတော့ သူစီးလာခဲ့တဲ့ လေယာဉ်ဟာ နယူးမက္ကဆီကိုမဟုတ်ဘဲ အရင်မက္ကဆီကိုကိုဖြစ်နေပါတယ်…လေယာဉ်မှားစီးလာပြီပေါ့… ဒါကြောင့် နယူးမက္ကဆီကို ကို ပြန်စီးဖို့ လေယာဉ်လက်မှတ်ဝယ်သော်လည်း နောက်နေ့မှ လက်မှတ်ရမှာဖြစ်တဲ့အတွက် ရောက်ရာအရပ်မှာပဲ တစ်ရက်လောက်နေဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့ ဘာကြောင့်မှန်းမသိတဲ့ အကြောင်းကိစ္စတစ်ခုကြောင့် အက်ဖ်ဘီအိုင်တွေ စီအိုင်အေတွေ လူဆိုးဂိုဏ်းတွေ စုပြုံ ပြီး အမဲလိုက်သလို  သူ့နောက်ကို လိုက်ကြပါတော့တယ် …. ဘာကြောင့်များဖြစ်မလဲ ..သူ့အသက်ဘေးက နေလွတ်ပါ့မလား... ဘယ်လိုတွေရုန်းထွက်မလဲ...သူ့နောက်ကိုရော အဖွဲ့ပေါင်းများစွာက ဘာဖြစ်လို့လိုက်နေတာလဲ...ကိုယ်တိုင်ပဲ...ကြည့်ရှုခံစားတော်မူကြပါ.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size : (850 MB) and ...
5.0
IMDB: 5.0/10 5000 votes
movie
Welcome to Acapulco(2019)
2019
WEB-DL 720p
Never Grow Old(2019) 5.5
Never Grow Old(2019) Never Grow Old(2019) IMDb...5.5,,,,,Rotten..100% အလွန်အေးချမ်းသာယာလှတဲ့ နယ်စပ်မြို့လေးတစ်မြို့ရှိတယ်.... ဒီအေးချမ်းမှုတွေဟာ ဒတ်ခ်ျအဲလ်ဘတ် နဲ့ သူ့လူတွေ ရောက်လာတဲ့အချိန်မှာတော့ ကမ္ဘာပျက်သလိုဖြစ်ကုန်တယ်.. ဒတ်ခ်ျအဲလ်ဘတ်တို့အဖွဲ့ဟာ သူတို့ကိုဆန့်ကျင်သူအားလုံးကို သေနတ်နဲ့ပစ်သတ် တဲ့အပြင်  မြို့နေလူထုအပေါ်မှာလည်း လုပ်ချင်တိုင်းလုပ်နေတယ်... မည်သို့ပင်ဆိုစေကာ မူ  ဒီမြို့ရဲ့ သုဘရာဇာ ပတ်ထရစ် တိတ် ကတော့ လူသတ်မှုတွေများလာတာနဲ့အမျှ အလုပ်အကိုင် အဆင်ပြေသလိုတောင်ဖြစ်လာတယ်.... သူကိုယ်တိုင်လည်း လူရမ်းကားဝရမ်းပြေးတွေနဲ့ အပေါင်းအသင်းဖြစ်သွားခဲ့တယ်... ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့မိသားစုပါ အန္တရာယ်ရှိလာတဲ့အခါ လူရမ်းကားတွေလက်ကနေ သူ့မိသားစုကို ကြိုးစားကယ်တင်ပုံတွေကို ရင်တထိတ်ထိတ် နဲ့ ကြည့်ရှုခံစားရမဲ့ အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်..   File Size : (850 MB) and (316 MB) Quality : WEB-DL 720p, Format…mp4 Duration…01:40:00 Genre :  Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
5.5
IMDB: 5.5/10 3500 votes
movie
Never Grow Old(2019)
2019
WEB-DL 720p