Exit print mode Print Data A+ A- Undo all

Trust No One: The Hunt for the Crypto King (2022)

Trust No One: The Hunt for the Crypto King (2022)Trust No One: The Hunt for the Crypto King (2022)

Synopsis:

Trust No One: The Hunt for the Crypto King (2022)
====================================
Cryptocurrency…. ၂၀၀၈ ခုနှစ်ဟာ စတင်​ပေါ်​ပေါက်ခဲ့တဲ့

Currencyတစ်ခုဟာ ဆယ်စုနှစ်​​ကျော်ကြာ ၂၀၁၇၊ ၂၀၁၈မှာ

ပဲ ကမ္ဘာ့ Financial stream တစ်ခုလုံးကို အကြီးအကျယ်

ရိုက်ခတ်​လာတဲ့ digital currencyတစ်ခုဖြစ်လာပါပြီ၊ ကိုယ့်

ရဲ့ပိုင်ဆိုင်မှုကို ​ငွေသားအ​နေနဲ့ သိမ်း​နေစရာမလို၊ ဘဏ်​တွေနဲ့

ဇယားရှုပ်စရာမလိုတဲ့အပြင် ကိုယ်investထားတဲ့coinတန်ဖိုး

ဟာ ​​ရွေးချယ်မှု မှန်သ​လောက် အဆ ရာနဲ့ချီပြီး ဈေးမြောက်

သွားနိုင်တဲ့ မက်လုံး​ကြောင့် Investor​တွေ၊ အလွယ်လမ်းနဲ့

သူ​ဌေးဖြစ်ချင်သူ​တွေ တဟုန်ထိုးစိတ်ဝင်စားလာတဲ့ နယ်ပယ်

​​ပေါ့၊ ဒီလိုမနူးမနပ်လူသစ်​တွေ များလာတာနဲ့အမျှ scammer

လို့​ခေါ်တဲ့ အွန်လိုင်းလူလိမ်​တွေလည်း များစွာ​ပေါ်လာပါတယ်၊

ဒီDocumentaryက​ crypto​လောကမှာ အ​တော်ကိုပွဲ​ဆူခဲ့တဲ့

Scammer တစ်​ယောက်အ​ကြောင်း ဖြစ်ရပ်မှန်မှတ်တမ်းပါ၊

က​နေဒါရဲ့အကြီးဆုံးCrypto exchangeဖြစ်တဲ့QuadrigaCX

ဟာ Investor​တွေရဲ့ keyကို နံပါတ် ၆၄ လုံးအထိ ထား​ပေးတဲ့

အတွက် သိပ်ကိုယုံကြည်စိတ်ချရပါတယ်ဆိုတဲ့ exchangeပါ၊
Investor​တွေက

လည်း အဆိုပါkey​တွေကို ကုမ္ပဏီပဲတာဝန်ယူ

သိမ်းဆည်း​ထားဖို့ တောင်းဆိုခဲ့ပါတယ်၊ ဒီkey​တွေကိုသိနိုင်တဲ့

တစ်ဦးတည်း​သောသူက​​တော့ Founder Gerry Cotten ပါ၊

၂၀၁၇​လောက်မှာ coinတစ်ပြားကို ​ဒေါ်လာ၁၇,၀၀၀နှုန်း​အထိ

တက်သွားတဲ့ Bitcoinတန်ဖိုးဟာ ၂၀၁၈မှာ တရုတ်နဲ့ ကိုရီးယား

ရဲ့ banခံရမှုနဲ့ ကြုံလာနိုင်တာ​​ကြောင့် ​​ဈေးထက်ဝက်​ကျော်ထိုး

ဆင်းသွားပါတယ်၊ Investor​တွေကလည်း အရှုံး​ပေါ်မှာ စိုးလို့

ရတဲ့​ဈေးနဲ့ အစုလိုက်အပြုံလိုက် withdrawlကြလို့ exchange

​တွေ အ​တော်အထိနာသွားပါတယ်၊ ဒီထဲမှာ QuadrigaCXလည်း

အပါအဝင်ပါပဲ၊ Withdrawl request​​တွေများလွန်းလို့ အလျင်

မီ​အောင် မထုတ်​ပေးနိုင်တဲ့ ပြဿနာ​တက်​နေချိန် Founderဖြစ်

သူ Gerry Cottenဟာ ရုတ်တရက်ကြီးဆုံးပါးသွားပါတယ်၊ သူဆုံးပါးသွားချိန်
မှာ QuadrigaCX ထဲမှာရှိတဲ့ ရင်းနှီးမြုပ်နှံ​​​ငွေ

စုစု​ပေါင်းက အ​မေရိကန် ​ဒေါ်လာသန်း၂၅၀တိတိပါ၊

Cryptoရဲ့ သ​ဘောအတိုင်း key​ရှိတဲ့သူကပဲ coin​တွေသုံးစွဲနိုင်

တဲ့အခါ Key​တွေကို သိတဲ့တစ်ဦးတည်း​​သော Gerry ​သေဆုံး

သွားလို့ Investor​တွေအ​နေနဲ့ တစ်​နေ့ တစ်မနက်တည်းမှာနဲ့ပဲ

Coin​တွေဆုံးတဲ့ ဘဝ​ရောက်သွားပါ​တော့တယ်၊ ​ဒေါ်လာ သန်း

၂၅၀ဆိုတဲ့ပမာဏဟာ အလွန်များတာမလို့ Gerryကသေဆုံးမှု

အတုလုပ်ပြီး ထွက်​ပြေးသွား​သလား၊ သူ့မိန်းမကပဲ Gerryကို

ပြန်သတ်ပြီး key​တွေကိုဖြောင်လိုက်​​လေသလားဆိုတဲ့ သို့​လော

သို့​လောမေးခွန်း​တွေ တန်းစီထွက်လာပါတယ်၊ ဒီDocuမှာတော့ အဆိုပါ​

မေးခွန်း​တွေကို အတွင်းကျကျလိုက်လံ စုံစမ်း​ဖော်ထုတ်

ထားတာပဲဖြစ်ပါတယ်၊

File size…786MB / 383MB
Quality…1080p NF WEB DL AAC 5.1CH / 720p
Format…mp4
Duration….1h 30m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by JimX



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
N/A
Director
Luke Sewell
Release Date
30 March 2022
Rated
TV-MA
Runtime
1h 30min
Country
USA
Popularity
196.469
Status
Released
ID IMDb.com
tt15479902
IMDB Rating
6.4
IMDB votes
1.6k
ID Themoviedb.org
946327
TMDb Rating
5.7
TMDb votes
19