Trust No One: The Hunt for the Crypto King (2022)
====================================
Cryptocurrency…. ၂၀၀၈ ခုနှစ်ဟာ စတင်ပေါ်ပေါက်ခဲ့တဲ့
Currencyတစ်ခုဟာ ဆယ်စုနှစ်ကျော်ကြာ ၂၀၁၇၊ ၂၀၁၈မှာ
ပဲ ကမ္ဘာ့ Financial stream တစ်ခုလုံးကို အကြီးအကျယ်
ရိုက်ခတ်လာတဲ့ digital currencyတစ်ခုဖြစ်လာပါပြီ၊ ကိုယ့်
ရဲ့ပိုင်ဆိုင်မှုကို ငွေသားအနေနဲ့ သိမ်းနေစရာမလို၊ ဘဏ်တွေနဲ့
ဇယားရှုပ်စရာမလိုတဲ့အပြင် ကိုယ်investထားတဲ့coinတန်ဖိုး
ဟာ ရွေးချယ်မှု မှန်သလောက် အဆ ရာနဲ့ချီပြီး ဈေးမြောက်
သွားနိုင်တဲ့ မက်လုံးကြောင့် Investorတွေ၊ အလွယ်လမ်းနဲ့
သူဌေးဖြစ်ချင်သူတွေ တဟုန်ထိုးစိတ်ဝင်စားလာတဲ့ နယ်ပယ်
ပေါ့၊ ဒီလိုမနူးမနပ်လူသစ်တွေ များလာတာနဲ့အမျှ scammer
လို့ခေါ်တဲ့ အွန်လိုင်းလူလိမ်တွေလည်း များစွာပေါ်လာပါတယ်၊
ဒီDocumentaryက cryptoလောကမှာ အတော်ကိုပွဲဆူခဲ့တဲ့
Scammer တစ်ယောက်အကြောင်း ဖြစ်ရပ်မှန်မှတ်တမ်းပါ၊
ကနေဒါရဲ့အကြီးဆုံးCrypto exchangeဖြစ်တဲ့QuadrigaCX
ဟာ Investorတွေရဲ့ keyကို နံပါတ် ၆၄ လုံးအထိ ထားပေးတဲ့
အတွက် သိပ်ကိုယုံကြည်စိတ်ချရပါတယ်ဆိုတဲ့ exchangeပါ၊
Investorတွေက
လည်း အဆိုပါkeyတွေကို ကုမ္ပဏီပဲတာဝန်ယူ
သိမ်းဆည်းထားဖို့ တောင်းဆိုခဲ့ပါတယ်၊ ဒီkeyတွေကိုသိနိုင်တဲ့
တစ်ဦးတည်းသောသူကတော့ Founder Gerry Cotten ပါ၊
၂၀၁၇လောက်မှာ coinတစ်ပြားကို ဒေါ်လာ၁၇,၀၀၀နှုန်းအထိ
တက်သွားတဲ့ Bitcoinတန်ဖိုးဟာ ၂၀၁၈မှာ တရုတ်နဲ့ ကိုရီးယား
ရဲ့ banခံရမှုနဲ့ ကြုံလာနိုင်တာကြောင့် ဈေးထက်ဝက်ကျော်ထိုး
ဆင်းသွားပါတယ်၊ Investorတွေကလည်း အရှုံးပေါ်မှာ စိုးလို့
ရတဲ့ဈေးနဲ့ အစုလိုက်အပြုံလိုက် withdrawlကြလို့ exchange
တွေ အတော်အထိနာသွားပါတယ်၊ ဒီထဲမှာ QuadrigaCXလည်း
အပါအဝင်ပါပဲ၊ Withdrawl requestတွေများလွန်းလို့ အလျင်
မီအောင် မထုတ်ပေးနိုင်တဲ့ ပြဿနာတက်နေချိန် Founderဖြစ်
သူ Gerry Cottenဟာ ရုတ်တရက်ကြီးဆုံးပါးသွားပါတယ်၊ သူဆုံးပါးသွားချိန်
မှာ QuadrigaCX ထဲမှာရှိတဲ့ ရင်းနှီးမြုပ်နှံငွေ
စုစုပေါင်းက အမေရိကန် ဒေါ်လာသန်း၂၅၀တိတိပါ၊
Cryptoရဲ့ သဘောအတိုင်း keyရှိတဲ့သူကပဲ coinတွေသုံးစွဲနိုင်
တဲ့အခါ Keyတွေကို သိတဲ့တစ်ဦးတည်းသော Gerry သေဆုံး
သွားလို့ Investorတွေအနေနဲ့ တစ်နေ့ တစ်မနက်တည်းမှာနဲ့ပဲ
Coinတွေဆုံးတဲ့ ဘဝရောက်သွားပါတော့တယ်၊ ဒေါ်လာ သန်း
၂၅၀ဆိုတဲ့ပမာဏဟာ အလွန်များတာမလို့ Gerryကသေဆုံးမှု
အတုလုပ်ပြီး ထွက်ပြေးသွားသလား၊ သူ့မိန်းမကပဲ Gerryကို
ပြန်သတ်ပြီး keyတွေကိုဖြောင်လိုက်လေသလားဆိုတဲ့ သို့လော
သို့လောမေးခွန်းတွေ တန်းစီထွက်လာပါတယ်၊ ဒီDocuမှာတော့ အဆိုပါ
မေးခွန်းတွေကို အတွင်းကျကျလိုက်လံ စုံစမ်းဖော်ထုတ်
ထားတာပဲဖြစ်ပါတယ်၊
File size…786MB / 383MB
Quality…1080p NF WEB DL AAC 5.1CH / 720p
Format…mp4
Duration….1h 30m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by JimX
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။