Channel Myanmar

Bernard White

Alvin and the Chipmunks: The Squeakquel (2009)
Alvin and the Chipmunks: The Squeakquel (2009) ဒီဇာတ်ကားက Alvinတို့ ရှဉ့်​လေးသုံး​ကောင်ရဲ့ ဒုတိယ​မြောက်ဇာတ်ကား ဖြစ်ပါတယ်။ ​​​​ဒေ့ဗ်နဲ့တူတူ နယ်လှည့်​ဖျော်​ဖြေပွဲ​တွေလုပ်​နေရင်းထုံးစံအတိုင်း အယ်ဗင်​ကြောင့်ပဲ ​ဒေ့ဗ်တစ်​ယောက်မ​တော်တဆဖြစ်ပြီး ​ဆေးရုံရက်ရှည် တက်လိုက်ရတာ​ကြောင့်​အယ်ဗင်တို့သုံး​ကောင် ဒေ့ဗ်ရဲ့အ​ဒေါ်အိမ်မှာသွား​နေဖို့ ဖြစ်လာပါတယ်။ဖြစ်ချင်​တော့ အဲဒီအိမ်မှာ ​ဒေ့ဗ်ရဲ့တူ​တော်​မောင်လည်းရှိ​နေပြီး သူ့​ကြောင့်ပဲ အဲဒီအ​ဒေါ်ပါ ​ဆေးရုံတက်လိုက်ရချိန်မှာအယ်ဗင်တို့ဟာ ​ဒေ့ဗ်ရဲ့တူဖြစ်သူနဲ့ တူတူ​နေဖို့ ဖြစ်လာပါတယ်။​ဒေ့ဗ်​တောင် ထိန်းမနိုင်တဲ့ ရှဉ့်သုံး​​ကောင်ကို တူ​​ဖြစ်သူကလည်းထိန်းဖို့ အစီအစဉ်မရှိဘဲ ရှဉ့်သုံး​ကောင်ကို ​ကျောင်းတက်ဖို့ဆိုပြီးအထက်တန်း​ကျောင်းကို သွားတက်ခိုင်းလိုက်ပါတယ်။​ကျောင်းမှာလည်း ပြဿနာ​တွေ ရှာခဲ့တာ​ကြောင့် အယ်ဗင်တို့သုံး​ကောင်သား ​ကျောင်းနားမလား၊ ​ကျောင်းဂီတဌာန ရန်ပုံ​​ငွေရဖို့ ​ကျောင်း​​ပေါင်းစုံ အဆိုပြိုင်ပွဲမှာ ဝင်ပြိုင်​ပေးမလားဆိုပြီးအ​ပေးအယူ လုပ်ရတဲ့ အ​ခြေအ​​နေ​တွေ ​ရောက်ကုန်ပါတယ်။တစ်ဖက်မှာလည်း အယ်ဗင်တို့​ကြောင့် မွဲသွားတဲ့ producerကြီးက အခွင့်သာတိုင်း အယ်ဗင်တို့ကို လက်​စား​ချေဖို့အတွက်စောင့်​နေရင်း အယ်ဗင်တို့လိုပဲ သီချင်းဆိုတတ်တဲ့ ရှဉ့်မ​လေးသုံး​ကောင်က သူ့ဆီ​ရောက်လာခဲ့ပါတယ်။သူတို့အဖွဲ့ကို​တော့ချစ်ပက်တ်​လို့ ​ခေါ်ပါတယ်။Producerကြီး အီယန်က အဲဒီရှဉ့်မ​လေး​တွေကိုအသုံးချပြီး အဆိုပြိုင်ပွဲမှာ အယ်ဗင်တို့ကိုအနိုင်ရ​ဖို့ ကြံဖန်ပါ​တော့တယ်။သူကပဲ ပြန်လက်စား​ချေသွားနိုင်မလား၊အယ်ဗင်တို့ကပဲ အ​ကြွေးထပ်ယူသွားမလားဆိုတာကြည့်ရှုရမှာပါ။ File size…   2.6 ...
movie

Alvin and the Chipmunks: The Squeakquel (2009)

2009
It’s Kind of a Funny Story (2010) 7.1
It’s Kind of a Funny Story (2010)  2010က ထွက်ရှိခဲ့တဲ့ ဒီကားကို Ned Vizzini ရဲ့ နာမည်တူ နာမည်ကြီး စာအုပ်ကို ပြန်လည်ရိုက်ကူးထားပြီးတော့ မျက်နှာသိသရုပ်ဆောင်တွေလည်းပါ ပါတယ်။ Emma Robert, Viola Davis တို့လို နာမည်ကြီးတွေနဲ့ Zach Galifianakusတို့လို ဟာသသရုပ်ဆောင်မင်းသား Atypical Serieက ခေါင်းဆောင် မင်းသား Keir Gilchrist တို့လည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ Craigဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးက တစ်ညမှာ သေကြောင်းကြံစည်မယ့်အိမ်မက်ကနေ လန့်နို့လာပြီးတော့ သူ့အိမ်နဲ့ အနီးဆုံး ဆေးရုံမှာ သွားပြီး ပြခဲ့ပါတယ်။ သူ့အကြံအစည်ကတော့ ဆေးပဲ လိုချင်တာဆိုပေမယ့် ဆရာဝန်က သူ့ကိုဆေးရုံတင်ပစ်လိုက်ပါတယ်။ ဆေးရုံရဲ့ပေါ်လစီအရ အနည်းဆုံးဆေးရုံမှာ ငါးရက်ကတော့ မဖြစ်မနေ နေရတော့မှာပါ။ အစမှာတော့ ဆေးရုံကလူတွေနဲ့ သူတို့ရဲ့ထူးထူးဆန်းဆန်းပုံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ ခဲယဉ်းခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ဒါ့အပြင် Bobbyလို့ခေါ်တဲ့ လူကြီးတစ်ယောက်နဲ့လည်း ...
movie

It’s Kind of a Funny Story (2010)

The Scorpion King (2002) 5.5
The Scorpion King (2002) The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie

The Scorpion King (2002)

2002
Keeping Company (2021) 5.4
Keeping Company (2021) Keeping Company (2021) ~ IMDb - 5.6/10, Rotten Tomatoes - 80% ~ဦးဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ ဝေဖန်ရေးသမားတွေကြိုက်ကြတဲ့ ဟာသကားကောင်းတစ်ကားပေမဲ့ B အဆင့်ရုပ်ရှင်ပါ။ ဟာသကားကို သူတို့ဘာလို့ကြိုက်ကြလဲဆိုရင်တော့ ရယ်ရလို့ပေါ့ဗျာ။ သူ့တားဂတ်က ဒါပဲကိုး။ ဒါကြောင့်မို့ တခြားစီနီမာတွေ သရုပ်ဆောင်ကောင်းတွေ ဘာဘာညာညာ အလန်းဇယားတွေတော့ မမျှော်လင့်စေချင်ဘူး။ နည်းနည်းပါးပါး ရယ်ချင်ရင်တော့ ကြည့်လိုက်သင့်တဲ့ကားမျိုးပါပဲ။ ဝေဖန်ရေးသမားတွေတောင် ရိတ်တင် ၈၀ရာခိုင်နှုန်းပေးထားတယ်ဆို‌တော့ အတော်မဆိုးတဲ့ အခြေအနေမှာရှိတဲ့ကားမျိုး၊ ပြောရရင် Sitcom ကြည့်နေသလို သဘောတရားမျိုးပေါ့၊ ဒါပါပဲ။ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းလေး၊ အာမခံရောင်းတဲ့နှစ်ကောင် လူသတ်သမားအိမ် တံခါး သွားခေါက်တယ်။ သူတို့ကတော့ မသိပေမဲ့ အဲ့အိမ်က လူသတ်သမားက သတ်ရုံတင်မဟုတ် ချက်ပါစားတာဆိုတော့ အသတ်မခံရရုံတင်မဟုတ် ချက်ပါစားမခံရ‌အောင် ပတ်ပြေးရတယ်ပေါ့။ဟာသကားပေမဲ့ သူက Crime, Horror ဆိုတဲ့ Genre တွေလည်း ...
movie

Keeping Company (2021)

2021
Paulie Go! (2022) 5.2
Paulie Go! (2022)  Paulie Go (2022) ပေါ်လီ လို့ ခေါ်တဲ့ လူငယ်လေး က ငယ်ငယ်လေး ထဲ က ‌အပေါင်းအသင်း မရှိတဲ့ အပယ်ခံလေး တယောက်ပါ ဒါပေမဲ့ သူ က သိပ္ပံ ဝါသနာအိုးလေး ဖြစ်တာကြောင့် ငယ်ငယ် ထဲ AI ဉာဏ်ရည်တု နည်းပညာ နဲ့ ကွန်ပျူတာ သိပ္ပံကို အပြင်းအထန် လေ့လာ ခဲ့ပါတယ်သို့‌သော် လည်း သူ သိပ် တွဲ အလုပ်လုပ်ချင်တဲ့ ကမ္ဘာကျော် သိပ္ပံ ပါမောက္ခကြီး ဆီ က ငြင်းခံလိုက်ရချိန်မှာတော့ တယောက်တည်း အိမ်က မသိအောင် ပါမောက္ခကြီးကို လိုက်ရှာဖို့ မစ်နီဆိုးတားကို လူရှာပုံတော် ထွက်လာခဲ့ပါတယ် မစ်နီဆိုးတား ရောက်တော့ ရွယ်တူ အေဗရီ ဆိုတဲ့ ဂျစ်ကန်ကန်ကောင်မလေး နဲ့ တွေ့ပြီး ဘာတွေ အပေးအယူလုပ်လဲ ပေါ်လီ ‌နဲ့ အေဗရီ ...
movie

Paulie Go! (2022)

The Matrix Revolutions (2003) 6.8
The Matrix Revolutions (2003) Matrix သမိုင်းအကျဉ်း၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ ...
movie

The Matrix Revolutions (2003)

2003
4K HEVC
The Matrix Reloaded (2003) 7.2
The Matrix Reloaded (2003) Matrix သမိုင်းအကျဉ်း၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ ...
movie

The Matrix Reloaded (2003)

2003
4K HEVC