How To Download – Channel Myanmar
Channel Myanmar

How To Download

Channel Myanmar မှ Video Download နည်းများ

(နမူနာဒေါင်းပြထားတဲ့ Video တွေကိုအောက်ဆုံးမှာသွားကြည့်လို့ပါတယ်။)
==============================================================

www.channelmyanmar.org ကိုသွားပါ။

ကိုယ်ဒေါင်းချင်တဲ့ဇာတ်ကားကိုရွေးပါ။

 

(ဒီမှာတစ်ခုသတိပေးချင်တာက ဖုန်းတို့ဘာတို့ဆို Ads Block ခံထားရင် Download လို့မရပါဘူး…ဒါကြောင့် မိမိဖုန်း Browser ရဲ့ setting ထဲဝင်ပြီး Ads Block ကိုပိတ်ထားလိုက်ပါ။)

 

အညွှန်းနဲ့ Movie Info တွေရဲ့အောက်မှာ Download Server ဆိုတာတွေတွေ့ရပါမယ်။

နှစ်သက်ရာ Download Server ကိုရွေးပြီး နှိပ်လိုက်ပါ။

နှိပ်တာနဲ့ adfly ဒါမှမဟုတ် tinylink ကိုရောက်သွားပါမယ်…

adfly ဆို ၅ စက္ကန့်စောင့်ပြီး ညာဖက်အပေါ်ထောင့်က Skid Ad ဆိုတာကိုနှိပ်ပါ။

Tinylink ဆို သူဖြည့်ခိုင်းတဲ့ စာလုံးလေးတွေ ရိုက်ထည့်ပြီး click here to continue ဆိုတာနှိပ်.. ၇ စက္ကန့်စောင့်ပြီး Get Link ဆိုတာနှိပ်လိုက်ရင် ရပါပြီ။

 

ဒါဆိုရင် Movie တင်ထားတဲ့ Server ကိုရောက်သွားပါ့မယ်။

မရောက်ဘဲ တခြားဟာတွေတက်လာရင် back key နှိပ်ပြီးထွက်လိုက်ပါ။

(အင်တာနက်မယ် Download လုပ်မယ်ဆို မှတ်ထားဖို့တစ်ခုက မဆိုင်တာတွေတက်လာတာနဲ့

ဖုန်းနဲ့ဆို ချက်ချင်းနောက်ပြန်ဆုတ်ပါ။ PC နဲ့ဆို တက်လာတာကိုပိတ်ပစ်ပါ။ ဒါမဖြစ်မနေလုပ်ရမယ့်အလုပ်ပါ။)

ဖုန်းတွေတစ်ခုနဲ့တစ်ခုမတူလို့ ကိုယ့်ဖုန်းမှာ Skid ad နှိပ်လို့အဆင်မပြေဘူးဆိုရင် တခြား Browser တစ်ခုခုကို ပြောင်းသုံးပါ။(ဥပမာ-Chrome Browser)

 

Movie တင်ထားတဲ့ Server မျိုးစုံရှိပါတယ်။

Gdrive, Openload , Megaup , Soliddrive , Streamango, ClickNupload စသည်ဖြင့်မျိုးစုံတွေ့ရပါမယ်။

ဘာနဲ့ဖြစ်ဖြစ် ကြော်ငြာတက်လာရင် Back Key နှိပ်ပြီး ဒေါင်းလို့ရပါတယ်။

Gdrive ဆိုရင် ကိုယ့် Gmail ကို Myandrive မှာ SignUp လုပ်ထားပါ။ ဒေါင်းခါနီးကျ Myandrive ကို Sign in လုပ်ပြီး ကိုယ့် Gdrive ထဲ Save ပြီးဒေါင်းလိုက်ယုံပါပဲ။

(Gdrive မှာ save လို့မရတော့ဘူးပြရင် gdrive မှာ free space ကုန်သွားလို့ပါ..အဲ့ဒါဆို ကိုယ့် Gdrive ထဲကိုယ်ဝင်ပြီး မလိုတာတွေ ဖျက်လိုက်ပါ…Trash ထဲလဲထပ်ဝင်ပြီးဖျက်လိုက်ပါ..ဒါဆို နောက်ထပ်ပြီး save and download လို့ရပါပြီ။)

Openload တို့ ဘာတို့ဆို Download ကိုနှိပ်တာနဲ့ ကြော်ငြာတွေတန်းစီတက်လာပါမယ်…နောက်ပြန်ဆုတ်ပြီး နောက်တခါ Download ကိုနှိပ်ရင် ဒေါင်းလို့ရပါပြီ။

(pCloud,Yoteshin Link တွေကတော့ အခုသိပ်မသုံးတော့လို့ ဒေါင်းလို့ရမည်မဟုတ်ပါ။)

 

Android ဖုန်းဖြင့်ဒေါင်းနည်း

 

 

iOS ဖြင့်ဒေါင်းနည်း

 

 

အဆင်ပြေကြပါစေ။

~ Channel Myanmar Admin Team ~