Channel Myanmar

Dwayne Boyd

Parental Guidance (2012) 6.0
Parental Guidance (2012)  အာတီဟာ အသက် ၄၅ နှစ်အရွယ် ဘေ့စ်ဘောအားကစားပွဲတွေရဲ့ နောက်ခံအသံတင်ဆက်သူတစ်ယောက်ပါ။ သူဟာ အလုပ်ကို ချစ်လို့လုပ်တဲ့လူစားမျိုးဖြစ်ပေမဲ့လည်း အာတီတစ်ယောက် Facebook လေးတောင်မသုံးတတ်လို့ဆိုပြီး အလုပ်ကနေအထုတ်ခံလိုက်ရပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့သမီးဖြစ်သူက ကလေးတွေကိုထိန်းပေးဖို့ အကူအညီတောင်းတော့ အာတီတို့လင်မယားနှစ်ယောက် ကလေးတွေထိန်းပေးဖို့သွားပါတော့တယ်။ အမေရိကန်မိသားစုတွေဆိုပေမဲ့လည်း မတူညီတဲ့မျိုးဆက်တွေကြားထဲက မိဘအုပ်ထိန်းမှုပုံစံတွေနဲ့ သွန်သင်ဆုံးမတဲ့ပုံစံတွေကလလည်း ကွာခြားနေတော့ အာတီတို့လင်မယားနှစ်ယောက် သူ့မြေး၃ကောင်နဲ့ ဘယ်လိုဘယ်ပုံစခန်းသွားကြမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေဟာဆိုရင်လည်း ကလေးသရုပ်ဆောင်ကအစ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ကြဖူးထားကြပြီး IMDb 6.0 ရရှိထားတဲ့ အမေရိကန် မိသားစုဟာသ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပြေကြည့်ရှုဖို့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mako
movie

Parental Guidance (2012)