Channel Myanmar

Gina Carano

Terror on the Prairie (2022) 6.7
Terror on the Prairie (2022) Terror on the Prairie (2022) ဂျပ်ဘ်မက်အယ်လစ်စတာဟာ တစ်ချိန်ကခွဲထွက်ရေးဝါဒီစစ်သားတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ မွန်တာနာကိုမိသားစုနဲ့အတူပြောင်းရွှေ့နေထိုင်ရင်းခြံလုပ်ငန်းနဲ့အသက်မွေးနေပါတယ်။ ဇနီးဖြစ်သူဟတ်တီက သူ့အတိတ်နောက်ကြောင်းကိုသိပေမယ့် အပြည့်အဝမဟုတ်ပါဘူး။ ဒါပေမဲ့လည်း တစ်နေ့မှာတော့ ဂျပ်ဘ်ရဲ့ အတိတ်တွေဟာ ကပ္ပတိန်နဲ့ သူ့ဓားပြတွေအသွင်နဲ့ သူတို့ဆီကိုပြန်လည်ခြောက်လှန့်ဖို့ရောက်ရှိလာပါတော့တယ်။ အဲ့ဒီအချိန်ဟာ ဂျပ်ဘ်မြို့ကိုတက်သွားချိန်၊ အိမ်မှာ ဇနီးသည်မိန်းမသား ဟတ်တီနဲ့ လူမမယ်ကလေးနှစ်ယောက်ပဲ ရှိနေချိန်ဖြစ်ပါတယ်။တစ်ချိန်က စစ်ပြန်တွေ၊ အခုချိန်မှာ ဓားပြအဖြစ် အသက်မွေးနေတဲ့ လက်နက်အပြည့်အစုံ ယောက်ျားရင့်မာတစ်အုပ်ကို သူတို့ ဘယ်လိုရင်ဆိုင်တွန်းလှန်ကြမလဲ?Western ရုပ်ရှင်တစ်ခုကို ခေတ်ပေါ် home invasion thriller ဇာတ်ကားတွေလိုမျိုး suspense တွေ လှည့်ကွက်တွေအပြည့်နဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Alias ပါ။)File Size : 1.6GB, 670MB & 334MB Quality : 1080p WEBRip, 720p WEBRip & 480p Format : mp4 Duration ...
movie

Terror on the Prairie (2022)

2022
Deadpool (2016) 8.0
Deadpool (2016) ကဲ . . . cmပရိတ်သက်တို့တွေမျှော်လင့်နေတဲ့ နွေရာသီရဲ့နေ့လေးတစ်နေ့ရောက်လာပါပြီ။ အခုတင်ပေးမယ့်ကားလေးကို ပရိတ်သတ်များအချိန်တော်တော်ကြာအောင်မျှော်လင့်တောင်းဆိုစောင့်စားခဲ့ကြသလို ကျွန်တော်တို့ CM Team တစ်ခုလုံးလည်းမျှော်လင့်စောင့်စားနေခဲ့ကြတာပါပဲ။ ဒီနေ့ကတော့ Deadpool Day of Channel Myanmar လို့ပဲ ပရိတ်သက်ကြီးသိထားပေးပါ။ Marvel ကားတွေထဲမှာမှ IMDb rating 8.0/10 ထိတောင်ရယူနိုင်ခဲ့ပါတယ်။(မြန်မာနိုင်ငံရဲ့ရုံတွေမှာတင်ပြသွားတုန်းလို ဆင်ဆာလုံးဝမဖြတ်ထားပါဘူး။)Deadpool Review ************** မျက်နှာပြောင်လှတဲ့ Deadpool ရုပ်ရှင်က ဇာတ်လမ်းစ စာတန်းထိုးကတည်းကကို ပြောင်ပါတယ်။ ဇာတ်လမ်းပြီး စာတန်းထိုးပြီးတဲ့ထိပါပဲ။ ညစ်တီးညစ်ပတ် ဟာသတွေ၊ မျက်နှာပြောင်နေတာတွေက ကြည့်တဲ့လူကို ရုပ်ရှင်တစ်ကားလုံး မပျင်းရအောင် လုပ်ထားနိုင်တယ်။ ညစ်တီးညစ်ပတ်ဟာသ ဆိုတာ အပြောသာဆိုးတာ တကယ်ဆိုမြန်မာကားတွေထဲမှာ ဒီလိုဟာတွေက ကလေးတောင်သိတဲ့ ဟာသတွေပါ။ ဒါပေမဲ့ Deadpool ထဲက joke တွေတော်တော်များများက ကျွန်တော်တို့ နားမလည်ပါဘူး။ သူတို့ပြောတာနားမလည်တာရယ် တချို့ဟာတွေက သူတို့ နိုင်ငံမှာပဲ ရှိလောက်မဲ့အကြောင်းတွေဖြစ်နေလို့ပါ။မင်းသား ...
movie

Deadpool (2016)

2016
4K HEVC
Haywire(2011) 7.0
Haywire(2011) Haywire(2011)အညွှန်း******************ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.. မင်းသမီးကတော့ Deadpool တို့ The Mandalorian တို့ထဲကမင်းသမီးချောလေး Gina Carano ပါဗျာ...တစ်ချိန်က MMA Fighter တစ်ယောက်ဖြစ်ခဲ့တဲ့မင်းသမီးလေးဆိုတော့ဒီလိုတစ်ကိုယ်တော် ကြမ်းဟဲ့ ရမ်းဟဲ့ဆိုတဲ့ကားမျိုးကျ မိုက်မိုက်မိုက်ပေါ့ဗျာ...ဇာတ်လမ်းအကျဉ်းကတော့ မရိန်းတပ်သားတစ်ယောက်ဖြစ်တဲ့ မယ်လိုရိကိန်းဟာအရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကိုကယ်ဖို့အတွက် ပုဂ္ဂလိကုမ္ပဏီတစ်ခုကငှားရမ်းတဲ့အတွက်သွားရောက်ဆောင်ရွက်ပေးခဲ့ပါတယ်...ဒါပေမဲ့ သူ့ကိုအလိုမကျသူတစ်ယောက်ရဲ့အကွက်ကျတဲ့စီစဉ်မှုတွေအောက်မှာ သူဟာ လူသတ်သမားရယ်လို့ ဝရမ်းထုတ်ခံရပြီးသူ့နောက်ကိုလည်း ကြေးစားလူသတ်သမားတွေလိုက်လံသတ်ဖြတ်လာတဲ့အခါမှာတော့အက်ရှင်အသားပေးကားမို့ ရုပ်ရှင်ပရိသတ်တွေကော MMA ပရိတ်သတ်တွေကော အကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ်..File Size :(1.89GB)(0.98 GB) and (385 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:33:00 Genre : Action ,Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

Haywire(2011)

Daughter of the Wolf (2019) 5.4
Daughter of the Wolf (2019) စစ်တပ်မှာတာဝန်ထမ်းဆောင်နေသော ကလယ်ရာဟာတစ်နေ့သူ့အဖေဆုံးပါးသွားသည်ကိုသိရှိပြီးအိမ်သို့ပြန်လာခဲ့ပါတယ်...သို့သော်လဲတစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို အိမ်ပြန်ရောက်ပြီးဘယ်လောက်မှမကြာခင်မှာပဲ သူ့သားချာလီပြန်ပေးဆွဲခံလိုက်ရပါတယ်...ပြန်ပေးဆွဲသမားများထဲမှတစ်ယောက်ရဲ့အကူအညီနဲ့သူ့သားနောက်ကိုခြေရာခံလိုက်လာသော ကလယ်ရာတစ်ယောက် အောင်မြင်နိုင်ပါ့မလား...ပြန်ပေးဆွဲသမားတွေရဲ့ရယ်ရွယ်ချက်အစစ်အမှန်ကရောဘာဖြစ်မလဲ...ကလယ်ရာ့စီမှာဖမ်းဆီးခံထားရတဲ့ပြန်ပေးဆွဲသမားကရောကလယ်ရာ့ကိုဘာကြောင့်ကူညီခဲ့ရတာလဲ...ဒီကားမှာသားကိုချစ်လွန်းလှသောမိခင်မိန်းမသားတစ်ယောက်ချမ်းအေးလွန်းလှသည့်နှင်းများဖုံးလွှမ်းရာဒေသမှာအချိန်မရွေးထွက်လာရန်ပြုနိုင်သောနှင်းတောင်ဝံပုလွေများကိုအံတုရင်ဆိုင်ပုံများကိုတွေ့မြင်နိုင်မှာပါ File Size : (826 MB) & (301 MB)Quality :Web-DL 720pRunning Time :1 hr 28 minFormat : Mp4Genre : Action , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie


2019
Blood and Bone (2009) 6.7
Blood and Bone (2009)   ဟုတ်ပါတယ်...Undisputed II ထဲမှာ ကျွန်တော်တို့ရဲ့ အချစ်တော် လက်ဝှေ့ကျော် Yuri Boyka ရဲ့ ခြေထောက်ကို ချိုးသွားတဲ့ကောင်ပဲဗျ။ ဒီ Blood and Bone ဇာတ်ကား ထဲမှာတော့ လမ်းဘေး တိုက်ပွဲတွေမှာ ပွဲတိုင်းနိုင်တဲ့ Bone နေရာကနေသရုပ်ဆောင်ထားတယ်ဗျ။ IMDB 6.7 ထိရရှိထားတဲ့ Action ကားလေးပါ။ Fight Scene တွေက Boyka လောက်မကောင်းဘူးလို့ထင်ပေမဲ့ သူ့ဟာလေးနဲ့သူတော့ မဆိုးဘူးဗျ။ IMDB 6.7 ကလည်း အလကားပေးထားတာတော့မဖြစ်နိုင်ပါဘူး။ဇာတ်လမ်း အကျဉ်းကတော့ လမ်းဘေးလက်ဝှေ့ပွဲတွေမှာ ထောင်ထွက် Bone တစ်ယောက် နေရာရအောင် လုပ်ယူလာပြီး လမ်းပေါ်က ဘုရင်လို့တင်စားလောက်တဲ့ James ဆိုတဲ့ လူဆိုးခေါင်းဆောင်ဘေးက ကောင်မလေး Angelaနားကပ်လို့ရအောင် ကြိုးစားရင်း ဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာကို Action , Fighting အရသာအပြည့်နဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( ...
movie

Blood and Bone (2009)

2009
Scorched Earth (2018) 5.4
Scorched Earth (2018)  အခုမိတ်​ဆက်​​ပေးချင်​တဲ့ဇာတ်​ကားက​တော့ Scorched earth ဆိုတဲ့ ၂၀၁၈ ထွက်​ အက်​ရှင်​ကား​လေးပါ ဒီကား​လေးကို​တော့ တခြားအက်​ရှင်​ကား​တွေနဲ့ မတူဘဲ တစ်​မူထူးခြားတဲ့ ဇာတ်​အိမ်​​လေးနဲ့ တည်​​ဆောက်​ထားပါတယ် တိမ်​ပြိုမှုလို့​ခေါ်တဲ့ သဘာဝဒဏ်​​ကြောင့်​ ​ဂေဟစနစ်​တစ်​ခုလုံး ပျက်​စီး​နေချိန်​ပါ အဲအချိန်​မှာ အသက်​ရှင်​ဖို့အတွက်​ လူ​တွေက ​လေနဲ့ ​ရေကို အပူတပြင်းလိုအပ်​​နေကြပါတယ်​ ပတ်​ဝန်းကျင်​​လေထုကလည်း အဆိပ်​သင့်​​နေတဲ့အတွက်​ ရှူလို့မရပါဘူး ​ငွေသတ္ထုနဲ့သန့်​စင်​လိုက်​မှ ရှူလို့ရပါတယ်​ ဒီအခါ ​လေ​ရေ ရှားပါးမှု​ကြောင့်​ ခိုးဆိုးလုယက်​မှု​တွေ များပြားတဲ့ကာလပါ အဲ လို အပြစ်​သား​တွေကို ဖမ်းဖို့ အစိုးရအာဏာပိုင်​​တွေက ဆု​ကြေး​ကြေငြာပြီး ဖမ်းကြပါတယ်​ ဒီလို​ဆု​ကြေးကို ရဖို့ အပြစ်​သားဖမ်းမုဆိုး​တွေ အလုအယက်​ကြိုးစားကြတဲ့အထဲမှာမှ ​ဂေ့ဆိုတဲ့ အမျိုးသမီးဟာ ထူးချွန်​တဲ့ မုဆိုးတစ်​​ယောက်​ပါ တစ်​​နေ့​တော့ တစ်​နယ်​ထူ​ထောင်​ပြီး မင်းမူ​သောင်းကျန်း​နေတဲ့ လူဆိုးတစ်​​ယောက်​ကိုဖမ်းဖို့ ​ဂေ့ကကြိုးစားပါ​တော့တယ်​ သူဘယ်​လိုကြိုးစားလဲဆိုတဲ့ လှည့်​ကွက်​​လေး​တွေနဲ့ အက်​ရှင်​အလန်းစား ပစ်​ခန်းခတ်​ခန်း​တွေကို​တော့ ပရိသတ်​ကြီး အား​ပေးကြည့်​ရှုကြပါဦးဗျာ​ Quality - ...
movie

Scorched Earth (2018)

2018
Kickboxer: Retaliation (2018) N/A
Kickboxer: Retaliation (2018) ၂၀၁၈ခုနှစ်ထွက်အက်ရှင်ကားမှ အက်ရှင်ကားဖြစ်တဲ့အတိုက်အခိုက်တွေ မွေထိုင်းဘက်စုံတိုက်ခိုက်ရေးဇာတ်ကားတွေကို ကြိုက်နှစ်သက်သူများအတွက်စိတ်ကြိုက်တွေ့စေမယ့်ကားလေးပါ။ဒီကားမှာတော့ ကာ့ဒ်တစ်ယောက် ထိုင်းကိုဘယ်တော့မှပြန်မလာတော့ဘူးဆိုပြီး ဆုံးဖြတ်ထားခဲ့ပေမယ့် MMA ကမ္ဘာ့ချန်ပီယံပွဲအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုပြန်လည်ခြေချရပါတော့တယ်။ခဏတာတိမ်းရှောင်ခွင့်ရခဲ့ပေမယ့် ထိုင်းကိုပြန်လာမိတာနဲ့ ယခင် အတိတ်ကရာဇ၀င်ကြွေးတွေဆပ်ဖို့အကြောင်းဖန်လာပါတော့တယ်။  ဘယ်လိုမှရှောင်တိမ်းလို့မရတော့တဲ့ အခါမှာတော့ မွန်ကွတ်ဆိုတဲ့ လူသန်ကြီးကိုအနိုင်ယူနိုင်မှဖြစ်တော့မယ်ဆိုတဲ့အခါမှာတော့ လက်ဝှေ့ကျော်ကြီး မိုင်တိုင်ဆန်၊ ဘောလုံးအကျော်အမော်ကြီး ရိုနယ်ဒင်ဟို၊ နာမည်ကျော်မင်းသားကြီးဗန်ဒိန်းတို့ရဲ့ ရောသမမွှေလေ့ကျင့်ပေးမှုတွေနဲ့အတူ ကာ့ဒ်တစ်ယောက်ကြွေးရှင်းနိုင်မလား။တစ်ခါတည်းဇာတ်သိမ်းသွားမလားဆိုတာတော့ အက်ရှင်ကားပရိသတ်တွေကိုယ်တိုင်ပဲ ဇာတ်ကားလေးကိုဆက်ကြည့်လိုက်ပါဦး  File Size : (900 MB) and (330 MB) Quality : WEBRip 720p Running Time : 1hr 50min Format : Mp4 Genre :Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEBRip.x264-ZMG Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

Kickboxer: Retaliation (2018)

2018