Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jake Ryan
Kane (2023)
အိတ်ဘ်ဟာ ဂိုဏ်းစတား သူဌေးတစ်ဦးပါ။ ဘန်နီကတော့ အိတ်ဘ်ရဲ့ ဒရိုက်ဘာတယောက်ပါ။ အိတ်ဘ်ဟာ ဖရန်ကီလို့ခေါ်တဲ့ မိတ်ဆွေဟောင်းတဦးနဲ့ ဂိုဏ်းစစ်ပွဲကိုဆင်နွှဲနေပါတယ်။အိတ်ဘ်ဟာ Dissociative Identity Disorder (DID) လို့ခေါ်တဲ့ ပင်ကိုစရိုက်ပေါင်းစုံကစဉ့်ကလျားဖြစ်တဲ့ဝေဒနာကိုခံစားနေရသူတဦးပါ။အိတ်ဘ်ရဲ့ ပင်ကိုစရိုက်တွေထဲမှာမှ ကြောက်စရာအကောင်းဆုံးပင်ကိုစရိုက်က "ကိန်း"ဖြစ်ပြီးတော့ ဖရန်ကီနဲ့ချိန်းဆိုတဲ့နေ့မှာ ကိန်းဟာ လူသတ်သမားပင်ကိုစရိုက်ကိုပြောင်းလဲသွားတဲ့အခါမှာတော့ ဒရိုက်ဘာ ဘန်နီပြောပြတဲ့ အိတ်ဘ်တို့ရဲ့ ဂိုဏ်းစတား စာရင်းရှင်းပွဲ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.1 GB)/(580 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Kane (2023)
5.5
The Innkeepers (2011)
ဒီဇာတ်လမ်းလေးရဲ့ အကျဥ်းချုပ်ကတော့ ပိတ်သိမ်းခါနီးဟိုတယ်တစ်ခုမှာ နောက်ဆုံးတစ်ပတ်တာဝန်ကျနေတဲ့ ဝန်ထမ်းနှစ်ယောက်ရဲ့အဖြစ်အပျက်လေးပေါ့။ ကလဲနဲ့ လုခ်ဆိုပြီးရှိတယ်။ နှစ်ယောက်စလုံးက ပရလောကနဲ့ပက်သက်ပြီးတော့ဝါသနာလည်းထုံတယ် websiteဖန်တီးပြီးတော့ ငွေရှာချင်တဲ့သဘောလည်းပါတာပေါ့ ဒီလိုနဲ့ မဆက်သွယ်သင့်တဲ့အရာတွေကိုဆက်သွယ်မိတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့...။ jump scareနည်းနည်းပါတယ် အရမ်းကြောက်စရာကောင်းတဲ့သရဲကားမျိုးတော့မဟုတ်ဘူး။ တစ်ကားလုံးမှာ လုခ်ရဲ့ attitudeက entertainingဖြစ်တယ် နောက်ပိုင်းမှာ သွေးထွက်သံယိုပုံတွေပါလို့ 1 hrကျော်ရင်အစားစားရင်းကြည့်ဖို့မသင့်တော်ပါဘူး ဇာတ်လမ်းကိုအပြည့်သိချင်ရင်တော့ ကြည့်ရတာအားရမှာမဟုတ်ဘူး ကိုယ်တိုင်ဇာတ်လမ်းကိုတွေးယူရတဲ့ cliffhanger typeရုပ်ရှင်ပါFile size…(1.3 GB)/(621 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie
The Innkeepers (2011)
7.8
Moonrise Kingdom (2012)
ဒီတစ်ခေါက်တော့ တစ်ခါထက်မကကြည့်ချင်ရလောက်တဲ့ Moonrise Kingdom လို့ခေါ်တဲ့ Comedy, Drama, Family ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၆၀ခုနှစ်တွေကိုနောက်ခံထားထားတဲ့ ၁၂နှစ်အရွယ်လူငယ်စုံတွဲရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ အပယ်ခံမိဘမဲ့ကင်းထောက်ကောင်လေးက ဆူဇီဆိုတဲ့ကောင်မလေးနဲ့ ရင်ဘတ်ချင်းတူလို့ စာတွေအပြန်အလှန်ရေးရင်း တစ်နေ့ သူတို့အတူ ထွက်ပြေးခဲ့ကြပြီး ကျွန်းရဲ့ယခင်မူလနေထိုင်ခဲ့တဲ့လူတွေအတိုင်း ခြေရာခံရယလျှောက်သွားခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေနဲ့ စွန့်စားခန်းတွေကို တွေ့ရမှာပါ။ ဒီဇာတ်လမ်းကိုကြည့်ရင်း လူငယ်ဘဝရဲ့ တဇွတ်ထိုးအကျင့်တွေနဲ့ နောက်ဆံမတင်းပဲ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချခဲ့တာတွေဟာ ချစ်စရာကောင်းနေခဲ့ပြီး အနှစ်သာရပြည့်ဝတဲ့အမှားတွေဟာလည်း နောက်ထပ်အခွင့်အရေးရဖို့ ထိုက်တန်နေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်တော့ IMDb မှာ 7.8/10 ထိရထားပြီး Rotten Tomatoes 93% ထိရထားတာပါ။ ဒါ့အပြင် ဒီဇာတ်ကားဟာဆိုရင် ဒါရိုက်တာ Wes Anderson ရဲ့ လက်ရာကောင်းတွေထဲက တစ်ကားဖြစ်ပြီး Gotham Independent Film Award for Best Feature ဆုရရှိကာ အဓိကလူငယ်သရုပ်ဆောင်တွေဟာလည်း ...
movie
Moonrise Kingdom (2012)
2012
7.0
Asteroid City(2023)
Asteroid City(2023)******************* ဒီကားကတော့ တွမ်ဟန့်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဆရာကြီးဝက်စ်အန်ဒါဆန်ရဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Wes Anderson ဟာ ရုပ်ရှင်ငါးကားနဲ့တင်အော်စကာ ဆန်ကာတင် ၇ ခု ရခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ထူးခြားတဲ့ အရေးအသားနဲ့ရိုက်ချက်အလှအပတွေကြောင့်ပါ။ Isle of Dogs, The Grand Budapest Hotel, Moonrise Kingdom တို့ကိုတော့အတော်များများသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ သူ့ရိုက်သမျှထဲမှာ နာမည်ကျော်သရုပ်ဆောင်အများဆုံးပါပဲ။Jason Schwartzman, Scarlett Johansson, Tom Hanks, Jeffrey Wright,Tilda Swinton, Bryan Cranston, Edward Norton, Adrien Brody,Steve Carell, Hong Chau, Willem Dafoe စတဲ့ ဒိတ်ဒိတ်ကျဲတွေ စုပြီးပါဝင်ထားပါတယ်။စကားလက်အနေနဲ့ အရှေ့ပိုင်းဗလာအခန်းကို ရိုက်ရတာ ပြဿနာမရှိပေမဲ့ ဒါရိုက်တာကြီးကတော့အတော်ရှက်လို့ မျက်နှာပူစရာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ဒီရုပ်ရှင်မှာ ...
movie
Asteroid City(2023)
6.6
Streamline (2021)
IMDb Rating (6.6) / Rotten Tomatoes (90%)ငယ်ငယ်တုန်းက ပီတာပန်မင်းသားလေး Levi Miller တစ်ယောက် အရွယ်ရောက်လာပါပြီ...ဟွင်းဟွင်းဒီဇာတ်ကားမှာတော့ သူ့ရဲ့လူပျိုဖော်ဝင်စ လေးနက်တဲ့ သရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာပါ...ဇာတ်ကားကတော့ အားကစားနဲ့ မိသားစုဒရမ်မာ ဇာတ်ကားလေးပါ..ဘင်ဂျမင်လိန်းဆိုတဲ့ ၁၅ နှစ်အရွယ်ကောင်လေးဟာ အိုလံပစ်ပြိုင်ပွဲတွေအထိ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရည်မှန်းခံထားရတဲ့ အလားအလာရှိတဲ့ တက်သစ်စ ရေကူးသမားလေးတစ်ယောက်ပါ။ဒါပေမယ့် သူ့အဖေတစ်ယောက် ထောင်ကလွတ်လာတဲ့အခါမှာတော့မိသားစုတွင်းက အဆင်မပြေမှုတွေကြား သူရုန်းထွက်နိုင်မလားဆိုတာ...။ဒါရိုက်တာ Tyson Wade Johnston ရဲ့ ပွဲဦးထွက်လက်ရာဆိုပေမယ့်ဝေဖန်ရေးဆရာတွေအကြိုက်တွေ့စေခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ File size…(1.4 GB)/ (800 MB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie
Streamline (2021)
6.3
Savage (2019)
Savage 2019 ---------------- လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က နယူးဇီလန်မှာရှိခဲ့တဲ့လူမိုက်ဂိုဏ်းတွေရဲ့ဇာတ်လမ်းကို ကျောရိုးယူရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်လိုက်ဖြစ်တဲ့ဒန်နီကို ကလေးဘဝ၊ လူငယ်ဘဝ၊ လူကြီးဘ၀ ဆိုပြီးသာမန်ကလေးလေးကနေ လူမိုက်ဂိုဏ်းရဲ့ဆရာကြီးဖြစ်လာသည်အထိ ဒီကားထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီခေတ်ကနယူးဇီလန် လူမိုက်ဂိုဏ်းတွေရဲ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်သာအောင် တင်ဆက်ရိုက်ပြထားနိုင်တဲ့ဇာတ်ကားတစ်ကားပါ။ အားကြီးသူ စားစတမ်းခေတ်မှာ "Savage"(အရိုင်းအစိုင်း) ဂိုဏ်းအဖွဲ့သားဖြစ်တဲ့ ဒန်နီတစ်ယောက်ဘယ်လိုဘဝအချိုးအကွေ့တွေကြောင့် လူမိုက်ဖြစ်လာသလဲ၊ အာဏာ/သူငယ်ချင်း/မိသားစု ကြားအားပြိုင်မှုမှာ ဒန်နီတစ်ယောက်နောက်ဆုံးဘယ်အရာကိုရွေးခြယ်သွားလဲဆိုတာကို အစ၊ အလယ်၊ အဆုံး အချိတ်အဆက်မိမိတင်ဆက်သွားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြည့်ပျော်ရှုပျော်ဇာတ်ကားတစ်ကားဖြစ်မှာပါ။ လူမိုက်ဂိုဏ်းကားပီပီ တစ်ကားလုံး မိုးမွှန်အောင်ဆဲနေတဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ကြောင်းထပ်လောင်းပြောပါရစေ။ Translated by : Hein Min HtunEncoded by : YKQuality : 1080p Blu-Ray and 720pFile size : 1.7GB and 793MBDuration : 1h 40minSubtiles : Myanmar (Hardsub)
movie
Savage (2019)
2019
8.0
Uncut Gems(2019)
Uncut Gems(2019)IMDb....8.0,,,,,Rotten..93%(unicode)ကျောက်ရိုင်းတုံး သို့မဟုတ် မသွေးရသေးတဲ့ ကျောက်ပေါ့ ဒီကျောက်တစ်တုံးပတ်မွှေတာနဲ့တင်တိုင်လည်နေတဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ဟော၀ပ်ရပ်တနာ Click ကားနဲ့နာမည်ကြီးခဲ့တဲ့မင်းသားကြီးAdam Sandler ကိုမြင်ရမှာပါ အဲ့ဘဲကြီးကားတွေဆိုကတည်းက လုံး၀ ပြဿနာပေါင်းစုံနဲ့ မရိုးရတဲ့ကားတွေပဲဖြစ်တယ်ဆိုတာကို အားလုံးလည်း သိကြမှာပါ...ဒီကားမှာလည်း တချိန်လုံးပြဿနာတက် ကွိုင်တက်တိုင်တွေပတ်နေတာကိုမြင်ရမှာပါ ...လက်၀တ်ရတနာဆိုင်ရှင်ဟော၀ပ်ရပ်တနာတစ်ယောက် အီသီယိုးပီးယားက ရောင်ပြေးရွဲကျောက်လေးတစ်လုံးရလာချိန် အဲ့ကျောက်နဲ့ဘယ်လိုတွေ အရှုတ်အထွေးတွေ ဖြစ်မလဲကြည့်ရမှာပါ.....ကြည့်ရင်းကြည့်ရင်း ကိုယ်တိုင်ပါ တိုင်ပတ်သလိုဖြစ်လာပါလိမ့်မယ်... လောင်းကစားဝါသနာအိုးကြီးဖြစ်တဲ့ဟောဝပ် အိမ်ထောင်ရေးလူမှုရေးနဲ့စီးပွါးရေး သုံးရပ်လုံးမှာပြဿနာအလီလီတက် သူ့ကိုဆိုဘယ်သူမှမယုံကြည်ချင်ဖြစ်လောက်အောင် ကံကလဲမျက်နှာသာမလိုက်ခဲ့ပါဘူးမျက်နှာသာလိုက်တဲ့ခါကျပြန်တော့လဲ မမျှော်လင့်ထားတဲ့ဘယ်လို ကိစ္စတွေထပ်ဖြစ်မလဲကတော့ပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်ကြည့်ပါ IMDbမှာ8ရထားပြီးRottenTomatoesမှာ93%နဲ့လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ဘ၀မှာအမြဲအဆင်ပြေနေတဲ့ CM ပရိတ်သတ်တွေအနေနဲ့ ရသမြောက်စွာ အရှုတ်အထွေး တွေပြည့်နေတဲ့ ဒီကားကို လွန်စွာမှ သဘောကျလိမ့်မယ်လို့ ညွှန်းဆိုလိုက်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing နဲ့ Aye Mon Kyaw တို့ပဲဖြစ်ပါတယ်....File Size : (1.04 GB) and (409 MB) Quality : Blu-Ray ...
movie
Uncut Gems(2019)
7.5
Inside Llewyn Davis (2013)
Inside Llewyn Davis (2013) IMDb - 7.5/10_____Rotten - 92% ဂရင်းဝှစ်ရွာလေးရဲ့ 1960 ကာလကိုအခြေံထားတာပဲဖြစ်ပါတယ် Folk ဂီတပညာရှင်လူဝိန်ဒေးဗစ်အကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ဇာတ်ဝင်သီချင်းတွေနဲ့တင်ကြည့်ရတန်စေမယ့်ဇာတ်လမ်းဖြစ်ပါတယ် ဂျက်စတင်တင်ဘားလိတ်ခ်လည်းပါဝင်ထားတဲ့ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ် စိတ်အားတက်ကြွစေမယ့်ကားမျိုးထဲမပါပေမယ့် တကယ့်လက်တွေ့ဘဝကပြသနာတွေကိုတော့ မီးမောင်းထိုးပြထားသလိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ရှားရှားပါးပါးကားတစ်ခုပါ လူဝိန်းမှာ ပါရမီရှိပါတယ် ပိုက်ဆံမရှိပါဘူး သမီးရည်းစားကိစ္စမှာလည်းအဆင်မပြေသလို အတူတွဲဆိုနေကျပါတနာကလည်းကိုယ့်ကိုကိုယ်သတ်သေသွားပါတယ် မသေချာတဲ့အနာဂတ်ကိုသူဘယ်လိုရွေးချယ်သွားမလဲ ဘယ်လိုကျဆုံးမလဲဆိုတာကို Folk ဂီတသံစဉ်လေးတွေနဲ့အခုပဲကြည့်လိုက်ပါ File Size - 1.5 GB File Format - mp4 IMDb rating - 7.5/10 Quality - Blu-ray 1080p Running Time - 1h 44min Translated by Aye chansu Encoded by sithu
movie
Inside Llewyn Davis (2013)
2013
7.2
Eighth Grade (2018)
Eighth Grade (2018) IMDb - 7.4/10_____Rotten - 99% ဒီရုပ်ရှင်ကားဟာ ဆုပေါင်း ၆ ဆုလောက် ရထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဆုရဖို့ စကာတင် ၃ ခါ လောက် ရှိခဲ့ပါသေးတယ် အသက် ၁၃ နှစ်လောက်ပဲ ရှိသေးတဲ့ ကေလာဒေး ဆိုတဲ့ ၈ တန်းကျောင်းသူ ဆယ်ကျော်သက် ရဲ့ ဘဝ ဖြတ်သန်းမှု လေးကို ပုံဖော်ထားတာပါ ကေလာ မှာ သူ့ကို ချစ်ပေးမဲ့ အဖေသာ ရှိပြီး အမေ မရှိတော့ပါ ဒီတော့ ကာ တိုင်ပင်ရလောက်တဲ့ အနေအထားတစ်ချို့ အဖေဆီမှာ မရှိတဲ့ အတွက် အဖေက ဘယ်လိုပဲ အမေနေရာက ဂရုစိုက်စိုက် ကေလာ အတွက် တစ်ချို့ ကိစ္စတွေမှာ သင်ကြားပြသပေးမဲ့သူ မရှိပါဘူး ကေလာ ဟာ ရုပ်နည်းနည်းဆိုးပြီး ဗိုက်ပူပူ ခါးတုတ်တုတ် ကလေးမလေးပါ ဒါကြောင့် ကျောင်းမှာ သူဟာ အပယ်ခံလိုလို ဘာလိုလိုတွေ ဖြစ်ပြီး ကျောင်းရဲ့ ဆယ်လီတွေကြား သူ့ကိုကြိုက်မယ့် ကောင်လေးလဲ မရှိပါဘူး သူ့မှာ အဖော်ကောင်းဆိုလို့ သူပိုင်တဲ့ Youtube Channel လေး တစ်ခုရှိပါတယ် အဲ့ဒီမှာ သူတင်တဲ့ အကြောင်းအရာတွေက လူတစ်ယောက် ရဲ့ ...
movie
Eighth Grade (2018)
2018
7.9
Isle of Dogs (2018)
Isle of Dogs (2018) IMDb - 7.9/10_____Rotten - 90% ဒီဇာတ်လမ်းလေးအကြောင်းကို စမပြောခင် Animation ရဲ့ Graphic ပုံစံဟာ မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပါဘူးလို့ စကားဦးခံထားပါရစေဘာလို့လဲဆိုတော့ ဘာသာပြန်ဖို့စကြည့်တဲ့အချိန်မှာ မိမိကိုယ်တိုင်လည်း ဘယ်လိုကြီးလဲဆိုပြီး အတွေးဝင်မိလို့ဖြစ်ပါတယ်ဒါပေမယ့် ဒီကားဟာ IMDb 7.9 တောင်ရရှိထားပြီး အသံသရုပ်ဆောင်တွေကလည်း ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Scarlett Johnson တို့ Breaking Bad ကမင်းသားကြီး Bryan Cranston တို့ Bill Murray တို့ပါဝင်သရုပ်ဆောင်ထားကြဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူးကဲ ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင်လွန်ခဲ့တဲ့ ရာစုနှစ်ဆယ်စုစာတုန်းက ခွေးတွေဟာ လူတွေရဲ့ အမိန့်ကို နာခံတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြပါဘူးအဲ့အချိန်မှာ ခွေးမုန်းတီးရေးဝါဒီကိုဘာယားရှီမျိုးနွယ်တွေဟာ ခွေးတို့ိကို စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတော့တယ်အဲ့အချိန်မှာ ခွေးတွေဘက်က ရပ်တည်ပေးတဲ့ သူရဲကောင်းကလေးတစ်ဦး ပေါ်ပေါက်လာတာတော့တယ်ခွေးတွေကတော့ လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ်နောက်နှစ် နှစ်ဆယ်ကြာလာတဲ့အခါ ခွေးတုပ်ကွေးရောဂါပြန့်ပွားမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပါတယ်အဲ့အချိန်မှာ ခွေးမုန်းတီးတဲ့ ...
movie
Isle of Dogs (2018)
2018