Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jiang Wen
8.1
Rogue One: A Star Wars Story (2016)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Rogue One: A Star Wars Story (2016)
2016
4K HEVC
8.1
Hibiscus Town (1986)
Hibiscus Town (1986) ================ IMDb Rating - 8.1/10Hibiscus Town ဟာ ဟောင်ကောင် ထိုင်ဝမ် ပြည်မ သုံးခြမ်းပေါင်းက အကောင်းဆုံးရုပ်ရှင်တစ်ရာကို စာရင်းလုပ်ထားတဲ့ထဲက တစ်ကားအပါ အဝင်ဖြစ်တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ရိုက်ထားတဲ့ ဒါရိုက်တာက တရုတ် ပြည်မရဲ့ တတိယမျိုးဆက်ဒါရိုက်တာစာရင်းဝင် Xie Jin။ သူ့ကျန်တဲ့ကား တွေတော့ မကြည့်ဖူးပေမဲ့ ဒီကားအရတော့ အရောင်အသုံးတော့မတူပေ မဲ့ ဇာတ်တင်ဆက်ပုံတော့ ကျန်းရိမူနဲ့ တော်တော်လေး တူတယ်လို့တော့ ခံစားရတယ်။ တစ်ခုရှိတာက ကျန်းရိမူက မူရင်းဇာတ်ကို အမြဲချုံ့ပစ်တတ် ပေမဲ့ သူကတော့ အဲဒီလိုမဟုတ်လောက်ဘူး။ ကျန်းရိမူက ငါးဆက်မြောက် မျိုးဆက် သူက တတိယမျိုးဆက်ဆိုတော့ ကျန်းရိမူတို့ chen kaige တို့ ရိုက်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ နောက်ခံရုပ်ရှင်မျိုးတွေကို သူရိုက်တာ ပိုစောတာတော့ သေချာတယ်။ ကျန်းရိမူကို ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားမျိုးလို့တော့ ပြောလို့ရတယ်။ သူရိုက်တဲ့မူရင်းစာအုပ်က လည်း ဒီကားနဲ့ နာမည်အတူတူပဲ။ဇာတ်က ဘာဇာတ်လဲဆိုရင်တော့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ တရုတ်ပြည်က ရွာလေးတစ်ရွာကို နောက်ခံထားပြီး အဲဒီရွာလေးက ဘဝတွေ ဇာတ်တွေ ...
movie
Hibiscus Town (1986)
1987
7.3
Red Sorghum (1988)
Red Sorghum (1988)~ IMDb - 7.3/10, Rotten Tomatoes - 85% ~ကျန်းရိမူရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ တရုတ်စာရေးဆရာ Mo Yan ရဲ့ Red Sorghum ဝတ္တုထဲပါတဲ့ ဝတ္တုလတ်ငါးပုဒ်ထဲက ပထမ၂ပုဒ်ဖြစ်တဲ့ "Red Sorghum" နဲ့ "Sorghum Wine" ကို ပေါင်းပြီး ရိုက်ထားတယ်။ ဒီငါးပုဒ်လုံးက ဆက်တော့ဆက်နေပေမဲ့ တကယ်တမ်း စာရေးဆရာက မဂ္ဂဇင်းမှာ တစ်ပုဒ်ချင်းစီ ခွဲရေးခဲ့တဲ့ ဝတ္တုလတ်တွေဆိုတော့ ဝတ္တုလတ်၂ပုဒ်လို့ပြောရင်တော့ ပိုမှန်လိမ့်မယ်။ Red Sorghum ဟာ ကျန်းရိမူရဲ့ ပွဲဦးထွက်လက်ရာပေမဲ့ စီနီမာတိုဂရပ်ဖီကတော့ တော်တော်လေး ကြမ်းနေတာတော့ အံ့အားသင့်ဖို့ကောင်းတယ် ပြောရမလိုလို မဆန်းသလိုလိုပါပဲ။ ဘာလို့ဆို ကျန်းရိမူဟာ ဒီကားမရိုက်ခင် စီနီမာတိုဂရပ်ဖာအနေနဲ့ ရုပ်ရှင်လောကမှာ အသက်မွေးဖူးတဲ့လူမို့ပါပဲ။ ဒါပေမဲ့ ဆန်းတာက ဒီကားဟာ ...
movie
Red Sorghum (1988)
1988
6.5
The Curse of Turandot (2021)
ဒီဇာတ်ကားက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို အခြေခံပြီးရိုက်ကူးထားတာပါ။မင်းသမီး ထူလန်တော်ဟာ သူ့မွေးနေ့မှာ ခမည်းတော်ဘုရင်က ထူးဆန်းတဲ့လက်ကောက်သုံးခု အပါအဝင် လက်ဆောင်အများအပြားပေးလိုက်ပါတယ်.. ဒါပေမယ့် အဲဒီလက်ကောက်သုံးခုမှာပါဝင်တဲ့ မမြင်နိုင်တဲ့စွမ်းအားတွေကြောင့် မင်းသမီးဟာ အရောင်တွေကိုမခွဲခြားနိုင်တော့ဘဲ ထူးဆန်းတဲ့အပြုအမူတွေနဲ့ သီးသန့်ဆန်လာပါတော့တယ်။သူ၁၈ နှစ် မပြည့်ခင်မှာ ဒီလက်ကောက်သုံးခုရဲ့ ပဟေဠိသုံးခုကို မဖြေရှင်းနိုင်ရင် သူဟာနတ်ဆိုးဝင်စားသူအဖြစ် သတ်မှတ်ခံရပြီး သေဒဏ်ပေးခံရမှာပါ။ ဒါကြောင့် ဘုရင်ကြီးက သူ့သမီးအတွက် အဖြေရှာနိုင်တဲ့သူကို မင်းသမီးနဲ့လက်ထပ်ခွင့်ပေးမယ်လို့ တစ်နိုင်ငံလုံးကိုကြေငြာခဲ့တယ်။ဒီအချိန်မှာ မျက်လုံးအပြာရောင်ရှိတဲ့ မင်းသား ခါရာဖူဟာ မင်းသမီးထူလန်တော်ရဲ့ အလှအပမှာနှစ်မြောသွားတာကြောင့် မင်းသမီးလေးရဲ့အခက်အခဲတွေကို ဖြေရှင်းတိုက်ခိုက်ဖို့ စွန့်စားပါတော့တယ်။ဒဏ္ဍာရီပုံပြင်ကို အခြေခံရိုက်ကူးထားတာကြောင့် သဘာဝလွန်စွမ်းအားတွေနဲ့ Fantasy Romance အမျိုးအစားဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.8 GB) / (950 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie
The Curse of Turandot (2021)
6.5
Hidden Man ( 2018 )
အက်ရှင်ကြမ်းကြမ်းကြိုက်တဲ့သူတွေအတွက်Imdb 6.5 ရရှိထားတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်တရုတ်နိုင်ငံမှာဂျပန်တွေအုပ်စိုးစဉ်ကာလကျူးချန်းလုံဟာသူ့ကိုယ်ကျိုးအတွက်သူ့သူငယ်ချင်းကိန်းပိန်ရိလန်နဲ့ပူးပေါင်းပြီးသူ့ဆရာရဲ့စံအိမ်တော်ကိုဘိန်းစိုက်ဖို့တောင်းဝယ်ရာကနေတင်းမာမှုတွေဖြစ်လာပြီး သူ့ဆရာတစ်မိသားစုလုံးကိုသတ်ဖြတ်ပြီးမီးရှို့ခဲ့ပါတယ်..ဒီလိုမီးရှို့ခံရတဲ့ကြားထဲကနေသူ့ဆရာရဲ့တပည့်ငယ်လေးလီထျန်းရန်ဟာအမေရိကန်ဆရာဝန်Dr.Handalaရဲ့ကယ်တင်ခြင်းခံရပြီးအသက်ရှင်ခွင့်ရခဲ့ပါတယ်.သူဟာအမေရိကားကိုပို့ဆောင်ခြင်းခံရပြီးDr.Bruce Handalaဖြစ်လာခဲ့ပါတယ်..တစ်နေ့မှာတော့သူဟာတရုတ်ပြည်ကိုပြန်လာပြီးသူရဲ့ရန်သူတွေဖြစ်တဲ့ကျူးချန်းလုံနဲ့ကိန်းပိန်ရိလန်တို့ကိုကလဲ့စားချေဖို့အခွင့်ရလာတဲ့အခါ..ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ..လှည့်ကွက်မျိုးစုံနဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ..တရုတ်ပြည်ကိုဂျပန်အုပ်စိုးစဉ်ကာလရဲ့ပုံရိပ်တွေကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်..တိုက်ခိုက်ရေးခပ်ကြမ်းကြမ်းတွေလဲပါတာမို့အက်ရှင်ကြိုက်သူတွေအတွက်လည်းအကြိုက်တွေ့စေမှာပါ.. Translated & Review By Phyo ZawEncoded By LK
movie
Hidden Man ( 2018 )
2018
4.9
Oh My God (2015)
Oh My God… ဒီဇာတ်ကားလေးကတော့အချစ်ဟာသကားလေးဘဲဖြစ်ပါတယ်။ချန်မော့နဲ့ မော့ဟန်...လဲ့ရိနဲ့ မီဂါ တို့ကသူငယ်ချင်းချစ်သူစုံတွဲတွေဖြစ်ကြတယ်။အိမ်တစ်အိမ်တည်းမှာတူတူနေကြရာမှ မမျှော်လင့်တဲ့ပြသနာလေးတွေပေါ်ပေါက်လာပါတယ်။တစ်ရက်မှာကောင်းကင်ပေါ်မှကျလာတဲ့အစိုင်ခဲတစ်ခုကနေ ကလေးလေးတစ်ယောက်အဖြစ်ပြောင်းသွားပြီး သူတို့အတူနေတဲ့အိမ်ကိုရောက်လာပါတယ်။ကလေးလေးကိုပြုစုစောင့်ရှောက်ကျရင်း ရယ်မောပျော်ရွင်ဖွယ်ရာအလွဲလေးတွေနှင့်အတူ သူငယ်ချင်းအချစ် ၁၅ဝဝအချစ်တို့ကို ရယ်မောကြည်နူးဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။အဓိက casting အနေနဲ့ကတော့ အားလုံးသဘောကျကြတဲ့EXOအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Zhang Yixing (Lay), မင်းသား Cheney Chen, မင်းသမီး Li Xiao Lu, မင်းသမီး Jiang Wenတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Drama Listတွင် rating 7/10ရရှိထားသောဇာတ်ကားဖြစ်ပါတယ်။File size…(900 MB) and (410 MB) Quality…WEB Rip 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying
movie
Oh My God (2015)
2015
7.3
Let the Bullets Fly (2010)
Let the Bullet Fly (2010) ရုပ်ရှင်ဟာ ၂၀၁၀ခုနှစ်ကစတင်ဖြန့် ချိခဲ့တဲ့တရုတ်အက်ရှင်ဇာတ်ကားဖြစ်ပါတယ် IMDB အနေနဲ့ 7.3/10 ကိုရယူထားပြီး Rotten Tomato မှာတော့ 72%ပါ အဓိကဇာတ်ကောင်တွေအဖြစ်နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Chow Yun-fat(ချောင်ယွန်ဖတ်) Jiang Wen(ကျန်းဝမ်)တိုပါဝင်သရုပ်ဆောင်အားပြိုင်ထားပါတယ် ဇာတ်လမ်းကြာချိန်ကတော့ ၂ နာရီပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၀ပြည့်နှစ်အချိန်ကာလတရုတ်နိုင်ငံတွင်ကျာက်ပေါက်မာဓားပြကျန်းခေါင်းဆောင်တဲ့ဓားပြအဖွဲ့ ရှိခဲ့ပါတယ် တစ်နေ့ အရာရှိမင်းမာပန်းတယ်စီးနင်းလိုက်ပါလာသောရထားအားလုယက်မှုပြုရင်း ဓားပြဗိုလ်မှအရာရှိယောင်ဆောင်ကာအနီးနားရှိအယ်ချန်မြို့ လေးသို့ သွားရောက်ကာမြို့ ဝန်မင်းရာထူးရယူပြီးကြီးပွားချမ်းသာဖို့ ကြံစည်ပါတယ် သို့ သော်ထိုမြို့ တွင်ကြီးစိုးနေသော သူဌေးဟွမ်စစ်လန်နှင့်ရင်ဆိုင်ရပါတော့တယ် သူတို့ နှစ်ယောက်အပြန်အလှန် အကောက်ဥာဏ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရင်း ဘယ်လိုတွေဖြစ်ပျက်လာမလဲ ဘယ်သူရှုံးနိမ့်ပြီးဘယ်သူနိုင်သွားမလဲဆိုတာ........ အက်ရှင် ဟာသ ဒရာမာပေါင်းစပ်ထားသောဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် (ဘာသာပြန်သူကတော့ Kuran ပါ)File Size : (950 MB) and (480 MB) Quality : Bluray 720p Running Time : 2hr 12min Format ...
movie
2010