Channel Myanmar

Ken Howard

J. Edgar (2011) 6.5
J. Edgar (2011) J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)  File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

J. Edgar (2011)

Michael Clayton (2007) 7.2
Michael Clayton (2007)  အော်စကာဆုကို ထိုင်ထိုက်တန်တန်ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားကတော့ Crime, Mystery, Thriller အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်‌ဆောင်ဖြစ်သူ မိုက်ကယ်ကလေတွန်ဟာဆိုရင် အကြွေးနွံနစ်နေတဲ့ fixer တစ်ယောက်ပဲဖြစ်တယ်။ သု့အလုပ်က သူများအရှုပ်တွေကို ရှင်းပေးဖို့ပဲဖြစ်ပြီး တရားခွင်ရှေ့နောက်တစ်ယောက်မဟုတ်။ဒါပေမဲ့ မိုက်ကယ်က သူ့ရဲ့လက်ရှိအသက်မွေးဝမ်းကျောင်းကို စိတ်ကုန်လာပြီး သူ့အစ်ကို တင်မီနဲ့ ဘားဖွင့်ခဲ့ပေမဲ့လဲ ဆေးစွဲနေတဲ့ တင်မီကြောင့် အကြွေးပဲတင်သွားခဲ့တယ်။ နောက်ဆုံး ကိုင်ရတဲ့အမှုက အလုပ်က စီနီယာဖြစ်သူ အာသာအီဒင်ရဲ့ ကေ့စ်။ အာသာက လယ်ယာဓာတုကုမ္ပဏီ U/North ရဲ့ ဒေါ်လာ ၃ ဘီလီယံတန် Action Lawsuit တစ်ခုတည်းကို ကိုင်တွယ်နေတာ ၆ နှစ်ရှိပြီဆိုပေမဲ့ အီဒင်က စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးပုံမှန်သောက်နေရတဲ့သူတစ်ယောက်။ တစ်ရက် ဆေးပုံမှန်မသောက်မိဘဲ ကိစ္စကို အ‌န္တရယ်တောထဲ ပို့မိသွားခဲ့တယ်။ မိုက်ကယ်ဟာ အရှုပ်တွေကို ရှင်းပေးနေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို သတ်ဖို့ကြိုးစားခဲ့ပြန်ပါရော.....ဘယ်သူများဖြစ်နိုင်မလဲ? File ...
movie

Michael Clayton (2007)

Clear and Present Danger (1994) 6.9
Clear and Present Danger (1994) Clear and Present Danger (1994)~ IMDb - 6.9/10, Rotten Tomatoes - 81% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲ​တွေရဲ့တတိယကားဖြစ်ပြီး အက်ရှင်ခန်း​တွေလည်း ပိုကြမ်းလာပါတယ်။ ဒုတိယကားဖြစ်တဲ့ Patriot Games က မင်းသားကြီး Harrison Ford ပဲ ဂျက်ရိုင်ယန်အဖြစ် ပါဝင်ထားသလို မင်းသားကြီး Willem Dafoe ကလည်း အ​ရေးပါတဲ့​နေရာက ပါဝင်ထားပါတယ်။ဒီဇာတ်လမ်းက အ​မေရိကန်နဲ့ ​ကိုလံဘီယာ မူးယစ်ရာဇာ​​တွေကြား ပဋိပက္ခ​တွေကို ဇာတ်လမ်းဆင်ထားတာပါ။ အ​မေရိကန်သမ္မတရဲ့ နိုင်ငံ​ရေးမိတ်ဖက်တစ်ဦးကို မူးယစ်ရာဇာကြီး အက်စကို​ဘေတိုက သတ်ဖြတ်လိုက်တဲ့အတွက် အ​မေရိကန်အစိုးရဘက်က နိုင်ငံ​​တော်လုံခြုံ​ရေးကို ထိပါးမှုဆိုတဲ့ ​ခေါင်းစဉ်နဲ့ အဲဒီမူးယစ်ရာဇာနဲ့ ဂိုဏ်းကို ချေမှုန်းဖို့ လုပ်​ဆောင်ပါ​တော့တယ်။ဒါ​ပေမဲ့ ဒီဂိုဏ်းကို​ချေမှုန်းဖို့က တိုင်းတပါးမှာ လျှို့ဝှက်စစ်ဆင်​ရေးအဖြစ်နဲ့ပဲ ​ဆောင်ရွက်လို့ရတာ​ကြောင့် အစိုးရအ​နေနဲ့ သူတို့ဘက်ကို ပြန်အမှုမပတ်​အောင် ​ကြေးသားစစ်သား​တွေကို ...
movie

Clear and Present Danger (1994)

1994
Rambo (2008) 7
Rambo (2008) Rambo (2008)ဆီဗက်စတာ စတားလုံးရဲ့‌အကျော်ကြားဆုံးဇာတ်ကောင်၂ခုထဲက တစ်ခုဖြစ်တဲ့ ရမ်ဘိုကားတွေကို အက်ရှင်ကား ဖန်‌တွေအတော်များများ သဘာကျကြပါတယ်။ တိုက်ခန်းခိုက်ခန်းတွေလည်း ကြမ်းသလို စတားလုံးကြီးချတာလည်း အားရစရာကောင်းတာကိုး။ ဒီကားဟာလည်း Rambo-4 လို့ဆိုရအောင် လုံးဝ အကြမ်းပတမ်းတစ်ကားထဲမှာ အပါအဝင်ပါပဲ။ ရှယ်ကြမ်းပါတယ်။မြန်မာပြည်နယ်စပ်နဲ့ထိုင်းနယ်စပ်တို့မှာရိုက်ကူးထားပြီး မြန်မာပြည်အကြောင်းတချို့တလေ ထည့်သွင်းဖော်ပြထားတာကြောင့် မြန်မာထိုင်းသရုပ်ဆောင်တချို့လဲပါဝင်ထားပါတယ်။ဒီကားရထားတဲ့ IMDb rating 7 ကလည်း လူပေါင်း နှစ်သိန်းကျော်ကနေ ရထားတာဆိုတော့ ကြည့်ရအတော် အားရဖို့ကောင်းပါလိမ့်မယ်။ ရိတ်တင် သိပ်မကောင်းနေရင်တောင် ဇာတ်ကားရဲ့ ဇာတ်လမ်းကြောင့်၊ ရမ်ဘိုကြီး ရှယ်ကြမ်းပြ ရမ်းပြ သတ်ပြထားတဲ့သူတွေကြောင့် ဘယ်လိုပဲဆိုဆို အတော်လေးကို ဝမ်းသာပီတိ ဂွမ်းဆီထိ ကြည့်ရ ဖီးလ်ရှယ်ရှိမယ့်ဇာတ်ကားပါပဲ။Size - 2.7GB, 1.01GB Quality - Blu-ray 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 32Min Genre ...
movie

Rambo (2008)

2008
The Judge (2014) 7.4
The Judge (2014) The Judge (2014)_____IMDb - 7.4/10  ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်..ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်..ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီး ကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်..kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ…Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ..သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ..သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်..တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်..ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေ့ါ..ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ..ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ..ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး ...
movie

The Judge (2014)

2014