Channel Myanmar

Michelle Arthur

The Number 23 (2007)
The Number 23 (2007)  ဟာသ သရုပ်ဆောင် Jim Carreyလို့ ပြောလိုက်ရင် သူ့ရဲ့ပြောင်မြောက်လှတဲ့ ဟာသဉာဏ်နဲ့ သရုပ်ဆောင်စကေးတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ Jim Carrey ရိုက်နေကြ Comedy ပုံစံမဟုတ်ဘဲ ပုံမှန်နဲ့ကွဲထွက်တဲ့ Thriller/Mystery ပုံစံလေး ရိုက်ကူးထားပါတယ်။ Personally အရ ပြောရရင် ဇာတ်လမ်းရော သရုပ်ဆောင်တွေရော 10/10 ပါပဲနော်။ကျွန်တော်တို့ လူတွေတိုင်းမှာ ကိုယ်စီ အယူသီးတဲ့ နံပါတ် ရှိကြပါတယ်။ ဥပမာ ကမ္ဘာလုံး အယူသီးကြတဲ့ ၁၃ဆိုရင် ကံမကောင်းတဲ့နံပါတ်၊ ၇ကတော့ ကံကောင်းစေတဲ့ နံပါတ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ၁၃၊ ၂၅၊ ၂၇ ဆိုရင် ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နံပါတ်တွေလို့ အယူသီးလေ့ရှိပါတယ်။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ဝေါတာ စပဲရိုးက တိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ တစ်ယောက်ပါ။ သူက အက်ဂက်သာလို့ ခေါ်တဲ့ ...
movie

The Number 23 (2007)

Thin Ice (2011) 6.2
Thin Ice (2011)  IMDB - 6.2 , Rotten Tomatoes - 70 %ဇာတ်ညွှန်းတောင်သိပ်ဖတ်မနေပဲ ဒေါင်းကြည့်လိုက်ပါလို့ ပြောလိုက်ချင်ပါတယ်။ရှည်ရှည်ဝေးဝေးမပြောတော့ဘူး။ ဇာတ်လမ်းအကျဉ်းကတော့မက်ကီက လိုင်စင်ရအာမခံ အရောင်းသမားတစ်ယောက်ပါ။ဒီနှစ် အာရူဘာကိုအပန်းဖြေခရီးထွက်ရမယ့် ပထမဆုကို ကုမ္ပဏီကပေးမယ့်အတွက်ဒီဆုရရေး သူ့အရေးဖြစ်နေပါတယ်။ တစ်နေ့ ဟိုတယ်မှာ သူဟောပြောပွဲလုပ်ပြီးနောက်မှာသူ့ဟောပြောပွဲကိုလာတက်တဲ့ ဘော့ဘ်ကို ကုမ္ပဏီမှာ သူကြိတ်ပြိုင်နေတဲ့ဖီးလ်ပီတာ လက်အောက်မှာမလုပ်စေချင်တဲ့အတွက် ကော်မစ်ရှင်ခ ပိုပေးမယ်ဆိုပြီးဆွဲစိလိုက်ပါတယ်။ဘော့ဘ် ကလည်းအရမ်းဝမ်းသာသွားပြီးတော့လက်ခံလိုက်တယ်။နောက်တော့ ဘော့ဘ်က ပိုက်ဆံချမ်းသာတဲ့ လယ်သမား အဖိုးကြီးတစ်ယောက်ကပိုင်ဆိုင်မှုအာမခံလုပ်ချင်နေကြောင်း မစ်ကီကိုပြောပြတယ်။ အစပိုင်းမယုံသလိုနဲ့နောက်ပိုင်းမှာ အဖိုးကြီးရဲ့ ပိုင်ဆိုင်မှုတွေကိုတစ်ခုပြီးတစ်ခုသိလာတော့ မရရအာင်အာမခံလုပ်ခိုင်းလိုက်တယ်။အဖိုးကြီး အာမခံလုပ်ပြီးနောက်မှာ မထင်မှတ်ထားတဲ့အရာတွေတစ်ခုခုပြီးတစ်ခုဖြစ်လာပါတော့တယ်။  File size…1.37GB / 669MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Thin Ice (2011)

Mission: Impossible III (2006) 6.9
Mission: Impossible III (2006) 2828Mission: Impossible III (2006)=======================IMDb Rating 6.9/10ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့်လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ...ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ...ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by d3mon
movie

Mission: Impossible III (2006)

2006
4K HEVC
The Terminal (2004) 7.4
The Terminal (2004) ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ ...
movie

The Terminal (2004)

2004
4K HEVC
Battleship (2012) 5.8
Battleship (2012) Battleship(2012)က Action,Adventure,Sci-Fi အမျိုးအစား သိပ္ပံအက်ရှင်ဇာတ်ကားတွေထဲမှာတော့ တော်တော်ကို မိုက်တယ်ပြောရမယ့်ဇာတ်ကားပါပဲ... သရုပ်ဆောင်တွေကလဲ John Carter ဇာတ်ကားထဲက မင်းသား Taylor Kitsch, အဆိုတော် Rihanna , မင်းသားကြီး Liam Neeson ,မင်းသမီးချော Brooklyn Decker တို့အပြင် အခြားဇာတ်ပို့ဇာတ်ရံအများအပြားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ရုံတင်ဝင်ငွေ $303 million ထိ ရရှိခဲ့တာမလို့ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့....စတုန်းဟော်ပါဟာ လူငယ်ပီပီ ပျော်ရာရွှင်ရာ ပေါက်ကရ နေထိုင်တတ်တဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ပါ ... တစ်နေ့တော့ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကိုကြိုက်မိရာကနေ သူ့အစ်ကိုဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ရေတပ်ထဲဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ရာကနေ နှစ်စဉ် ကျင်းပနေကျ နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။အဲ့ဒီလေ့ကျင့်ခန်းဆင်းနေစဉ်မှာပဲ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေ သူတို့ပတ်ဝန်းကျင်မှာပေါ်ထွက်လာခဲ့ပါတယ်။ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေကြတဲ့ မြောက်ကိုးရီးယားဘက်ကလဲ မဟုတ်ပါဘူး။ ပိုပြီးထူးဆန်းတာက အဲ့ဒီယာဉ်တွေနားမှာ ဟော်ပါတို့ရဲ့ရေတပ်က ရေဒါတွေ အလုပ်မလုပ်ပါဘူး...ဒီလိုနဲ့ ပြင်ပအဆက်အသွယ်မရဘဲ ...
movie

Battleship (2012)

2012
4K HEVC
[James Bond] GoldenEye (1995) Golden Eye 7.2
[James Bond] GoldenEye (1995) Golden Eye  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..သူ့ရဲ့ ဘွန်းဇာတ်ကား ၄ ကားထဲမှာ Rating အမြင့်ဆုံးဇာတ်ကားဖြစ်ပြီး လူသတ်မှုအများဆုံး ဘွန်းဇာတ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ဇာတ်ကားပါ...Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..IMDb Rating (7.2/10) ရရှိထားပါတယ်…။  File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie

[James Bond] GoldenEye (1995) Golden Eye

HEVC 1080p 5.1
Fun with Dick and Jane(2005) 6.1
Fun with Dick and Jane(2005) Fun with Dick and Jane(2005) IMDb....6.1 Jim Carrey ကားတွေဟာ ဟာသပြကွက်တွေဖန်တီးရင်း လူ့သဘော သဘာဝ တွေကို အကောင်းမွန်ဆုံးဖန်တီး တင်ဆက်ပေးထားတာကြောင့် ကမ္ဘာကျော်ပြီးလူကြိုက်များတာအားလုံးလည်းအသိပါ... ... ဒီဇာတ်ကားမှာတော့ Jim Carrey ဟာ  Dick ဆိုတဲ့နာမည်နဲ့သရုပ်ဆောင်ထားပြီး သူဟာ ဂလိုဘိုဒိုင်းဆိုတဲ့ ကုမ္ပဏီတစ်ခုမှာ ၁၅ နှစ်ကြာ ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ပါ... သူ့မှာ Jane ဆိုတဲ့ ဇနီးဖြစ်သူ နဲ့အတူ သားလေးအပါအဝင် မိသားစု သုံးယောက်ရှိပါတယ်. . Dick ဟာ သူ့ ကုမ္ပဏီမှာ ဒုဥက္ကဠ ရွေးခံရတဲ့အချိန်မှာပဲ ပြဿနာတွေစပါတော့တယ်... ဒုဥက္ကဌရာထူးတိုးပြီမို့ ဇနီးကိုလဲ အလုပ်ထွက်ခိုင်းခဲ့ပါတယ်... သူ့ရဲ့လစာနဲ့ တစ်မိသားစုလုံးကိုထောက်ပံ့နိုင်ပြီလို့ သူကတွက်ထားတာကိုးး.... ကံဆိုးတာက မကြာခင်မှာပဲ ဂလိုဘိုဒိုင်းကုမ္ပဏီရဲ့ CEO Jack ဟာ ရှယ်ယာတွေကို ရောင်းပြီး ကုမ္ပဏီကြီး ပြိုလဲခဲ့ပါတယ်. ..Dick အပါအဝင် ဂလိုဘိုဒိုင်းက ဝန်ထမ်းအားလုံး ဒုက္ခရောက်ခဲ့ပါတယ်... အလုပ်လက်မဲ့ ဖြစ်သွားတဲ့ Dick ဟာ ...
movie


2005
Happy Feet (2006) 6.4
Happy Feet (2006) Happy Feet (2006) Won 1 Oscar. Another 19 wins & 26 nominations IMDb - 6.4/10_____Rotten - 76%  Happy Feet ကို 90Kids တွေ မှတ်မိအုံးမှာပါ သီချင်းမဆိုတက်ပေမယ့် အက ကျွမ်းကျင်တဲ့ ပင်ဂွင်း ငှက်ကလေး ရဲ့ စွန့်စားခန်း ခရီးစဉ်တစ်ခုကိုပေါ့ ဒီ Animation ရုပ်ရှင်ဟာ လူတော်တော်များများကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး အသိပညာတွေ ပေးပါတယ် ကျနော် ကိုယ်တိုင် ဒီဇတ်ကားရဲ့ နောက်ဆုံးတစ်နေရာမှာ ရင်ထဲ ဆို့နင့်ပြီး မျက်ရည်ကျလောက်အောင် ဝမ်းသာမိဖူးတယ် (ငယ်ငယ်တုန်းကပါ) :D ဇတ်လမ်းလေး အစ မှာတော့ ပင်ဂွင်းတွေ ဟာ ဖူးစာဖက် ရရှိဖို့ သီချင်းအဆိုကောင်းရပါတယ် ပင်ဂွင်းမ ကို ပိုးပန်းဖို့ ပင်ဂွင်းအထီးတွေက သီချင်းဆိုပြရတယ် မကြိုက်ရင် ပင်ဂွင်းမ ချေတာ ခံရမှာ ဖြစ်ပြီး အသံ ပါဝါ ကောင်းကောင်း နဲ့ ခံစားချက် ကောင်းကောင်းနဲ့ ညို့ငင်စွာ သီချင်းဆိုတက်တဲ့ ဘဲကြီး (ပင်ဂွင်းအထီး) တွေကတော့ စော်ကြည်ဘဲ တွေပါပဲ.... ဒီလိုနဲ့ နာမည်ကျော် အဆိုကောင်း အသံကောင်းတဲ့ ပင်ဂွင်း အထီး နဲ့ ...
movie

Happy Feet (2006)

2006
The Disaster Artist (2017) 7.4
The Disaster Artist (2017) The Disaster Artist (2017) IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ.....သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ...
movie

The Disaster Artist (2017)

2017