Channel Myanmar

Michelle Ruff

Spider-Man: Across the Spider-Verse (2023) 9.1
Spider-Man: Across the Spider-Verse (2023) IMDb 9.1 အထိရသွားပြီး အားပေးမှုတွေအပြည့်ရနေတဲ့ကာတွန်းကားလာပါပြီ။ ဒါကတော့ 2018 တုန်းက Spider-Man:Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်းစပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါမြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကားတွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။ မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင်စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကို စောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင်စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံကစပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။ File size… 1.93 GB , 4.21 GB , 5.16 GB Quality…Web-Dl  4k / 1080p ...
movie

Spider-Man: Across the Spider-Verse (2023)

2023
4K HEVC
Night at the Museum: Kahmunrah Rises Again (2022) 5
Night at the Museum: Kahmunrah Rises Again (2022) Night at the Museum: Kahmunrah Rises Again (2022)သင်ဟာ Night at the museumရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ ငယ်ငယ်က ပြတိုက်တွေသွားလည်တဲ့အခါ ဒီအရုပ်တွေများ ညဘက်ဆိုရင်အသက်ဝင်လာပြီး လျှောက်သွားနေမလားလို့ တွေးမိမှာပါပဲ။ ၂၀၀၆ ခုနှစ်မှာ ပထမဆုံးစတင်ထွက်ရှိပြီး ပရိသတ်တွေရဲ့အသဲနှလုံးကို ဖမ်းစားခဲ့တဲ့ ဒီရုပ်ရှင်လေးက ၂၀၀၉နဲ့ ၂၀၁၄မှာ live action sequelအသီးသီးထွက်ရှိခဲ့ပြီးတော့ နောက်ဆုံးရုပ်ရှင်ကတော့ animationသီးသန့်အနေနဲ့ ပွဲထုတ်ထားပါတယ်။၂၀၂၂ animationမှာတော့ Night at the museum sequelတလျှောက်မှာ အပွဲပွဲနွှဲလာခဲ့တဲ့ လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကြီးကိုစွန့်ခွာလို့ တိုကျိုပြတိုက်ကို ပြောင်းရတာနဲ့ အစချီထားပါတယ်။ဒါပေမဲ့ လာရီနဲ့ပွဲတိုင်းကျော်ခဲ့တဲ့ ပြခန်းထဲကရဲဘော်တွေကတော့ လာရီနေရာမှာမှာ အစားထိုးဝင်လာတဲ့ ညစောင့်တိုင်းကို အမျိုးမျိုးခြောက်လွှတ်နေကြတာပေါ့။ ရဲဘော်တွေကိုလည်း ဖျောင့်ဖျလို့မရ ကြီးလေးတဲ့တာဝန်ကြီးကို တခြားသူကိုလွှဲအပ်ခဲ့ရမှာကိုလည်း စိတ်မချပြန် နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ပြတိုက်ကြီးကိုလည်း သံယောဇဉ်မပြတ်တဲ့လာရီတစ်ယောက် တက်ဒီပြောသလိုပဲ သားဖြစ်သူ နစ်ခ်ဒေလီကို သူ့နေရာအစားဝင်ခိုင်းဖို့ တွေးနေတော့တာပေါ့။တစ်ဖက်မှာတော့ ဘာလုပ်လုပ် တလွဲတချော်နဲ့တိုင်ပတ်နေပြီး ချစ်သူကောင်မလေးကိုပါ ဖွင့်မပြောရဲတဲ့အထိကို ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်ကောင်လေး နစ်ခ်ဒေလီကတော့ သူ့ရဲ့ဘဝကြီးကို အကြီးအကျယ်စိတ်ပျက်နေသူလေးပါ။ ဒါကိုအဖေဖြစ်သူလာရီက ...
movie

Night at the Museum: Kahmunrah Rises Again (2022)

2022
Epic (2013) 6.0
Epic (2013) 2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊ epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့ တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့ ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ သူတို့ဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…1.7GB /  900MB Quality…1080p BluRay /  720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Epic (2013)

2013
The Bob’s Burgers Movie(2022) 7.1
The Bob’s Burgers Movie(2022)  ဟာသရုပ်ရှင် ကြိုက်တဲ့သူတွေအတွက် ဒီနှစ်ထွက် animated movie အသစ်စက်စက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2011 လောက်ကတည်းကစပြီး ထုတ်လွှင့်နေဆဲဖြစ်တဲ့ နာမည်ကြီး Bob's Burgers animated series ရဲ့ တစ်ကားပြီး ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။Series အကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင် ဘော့ဘ်နဲ့ လင်ဒါတို့ လင်မယားနှစ်ယောက်က ဘာဂါဆိုင်ဖွင့်ထားတာ။ သူတို့မှာ တီနာ ဂျင်း လူးဝစ်ဆိုတဲ့ ကလေးသုံးယောက်ရှိတယ်။ သူတို့မိသားစုက နည်းနည်းဂေါက်စီတော့နိုင်တယ်။ ပြီးတော့ ပြဿနာတစ်ခုခုဖြစ်လိုက်တိုင်း သူတို့မိသားစုပါတယ်။ မိသားစုလိုက်ကို စွန့်စားခန်းဖွင့်ကြတာ။ ဒါက series အကြောင်းပေါ့။အခု ရုပ်ရှင်က သူတို့စွန့်စားခန်းတွေထဲကတစ်ခုအကြောင်းရိုက်ထားတာပါ။ series မကြည့်ဖူးလည်း ခွီလို့ရအောင် ရိုက်ထားတာမို့ ရှုစားလို့ရပါတယ်ခင်ဗျာ။ (ရုပ်ရှင်မှာ ခေတ်စကားတွေ အရမ်းသုံးထားတော့ အတတ်နိုင်ဆုံး ကြိုးစားဘာသာပြန်ပေးထားပါတယ်။ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးပါလို့File size…(1.18GB)/(711MB)/(361MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Comedy ...
movie

The Bob’s Burgers Movie(2022)

Paws of Fury: The Legend of Hank (2022) 6.5
Paws of Fury: The Legend of Hank (2022) Paws of Fury: The Legend of Hank (2022) ဆမ်မြူရယ် ဂျက်ဆန်ကြီး ဆာမူရိုင်းအဖြစ် အသံသရုပ်ဆောင်ထားတဲ့ ကာတွန်းရုပ်ရှင်အသစ်ထွက်လာပါပြီ။ အတော်ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ကြောင်အမတ်ကြီး အစ်ကချူဟာ ကြောင်ရှိုးဂန်းကြီးကို ဖားဖို့အတွက် နန်းတော်ကြီးတစ်ခု တည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့ ရှုခင်းမှာ ရှေးဟောင်းကြောင်မြို့လေးတစ်ရွာပိတ်နေလို့ အဲဒီရွာကို ရှင်းပစ်ဖို့ ဘယ်သူမှမသိအောင် ကြောင်နင်ဂျာတွေ လွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်ပါတယ်။အဲဒီအတွက် အဲဒီကာကာမူချိုမြို့သားတွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်းကြောင်ကြီးဆီက ဆာမူရိုင်းတစ်ယောက် တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်ကြီးက အဲဒီတာဝန်ကို အစ်ကချူကိုပဲ ပြန်ပေးလိုက်တာမို့ အစ်ကချူ ကိုယ့်ရှုးကိုယ်ပတ်ပါတော့တယ်။ဒါပေမဲ့ ကြောင်ယုတ်မာ အစ်ကချူက ဆာမူရိုင်းအရမ်းဖြစ်ချင်လို့ ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို ဖမ်းထားရာကနေလွှတ်၊ ဆာမူရိုင်းဘွဲ့ ချက်ချင်းပေးပြီး ကာကာမူချိုမြို့လေးကို ကာကွယ်ဖို့ တာဝန်ပေးလိုက်ပါတော့တယ်။ရည်ရွယ်ချက်ကတော့ အဲဒီမြို့က ကြောင်တွေက ခွေးကိုမုန်းလို့ ခြောက်ချက်ကုတ်ပြီး သတ်လိုက်ရင် သူက အရေးယူဖို့ပါပဲ။ ...
movie

Paws of Fury: The Legend of Hank (2022)

2022
Mr. Peabody & Sherman ( 2014 ) 6.8
Mr. Peabody & Sherman ( 2014 ) Zawgyi*******ဒီ Animation လေး ရဲ့ IMDb ကတော့ 6.8 ပဲဖြစ်ပါတယ်အထင်တော့မသေးလိုက်ပါနဲ့..Mr. Peabody ဟာ ခွေးတစ်ကောင်ဖြစ်ပေမယ့်သူဟာ တကယ့်ကို Genius .အတတ်ပညာ အစုံအလင် တတ်တယ်လူကောင်လေးဖြစ်တဲ့ ရှာမန်ကိုတောင် သူက ပြန်ပြီးမွေးစားထားလိုက်သေးတယ်သူ့ရဲ့ အထူးခြားဆုံး တီထွင်မှု တစ်ခုကတော့ ဝေးဘက် လို့ခေါ်တဲ့အချိန်ခရီးသွားစက်ပါပဲ..တရက် ရှာမန်ကျောင်းစတက်ရင်း နဲ့ပန်နီဆိုတဲ့ကောင်မလေးနဲ့ရန်ဖြစ်ပြီးတဲ့နောက်မှာတော့ပန်နီရော ပန်နီ မိဘတွေရော Mr.Peabody အိမ်ကိုရောက်ရှိလာပါတော့တယ်အဲ့ကနေဘာတွေဆက်ဖြစ်ကြမယ်ဆိုတာဆက်လက်ကြည့်ရှုပာဒီဇာတ်ကားလေးဟာ သမိုင်းရဲ့ဖြစ်စဉ်အမှန်တွေပေါ်မှာလည်းဟာသသဘောလေးနှောပြီးရိုက်ကူးထားလို့ သဘောကျမိမှာအမှန်ပါပဲ Unicode*******ဒီ Animation လေး ရဲ့ IMDb ကတော့ 6.8 ပဲဖြစ်ပါတယ်အထင်တော့မသေးလိုက်ပါနဲ့..Mr. Peabody ဟာ ခွေးတစ်ကောင်ဖြစ်ပေမယ့်သူဟာ တကယ့်ကို Genius .အတတ်ပညာ အစုံအလင် တတ်တယ်လူကောင်လေးဖြစ်တဲ့ ရှာမန်ကိုတောင် သူက ပြန်ပြီးမွေးစားထားလိုက်သေးတယ်သူ့ရဲ့ အထူးခြားဆုံး တီထွင်မှု တစ်ခုကတော့ ဝေးဘက် လို့ခေါ်တဲ့အချိန်ခရီးသွားစက်ပါပဲ..တရက် ရှာမန်ကျောင်းစတက်ရင်း နဲ့ပန်နီဆိုတဲ့ကောင်မလေးနဲ့ရန်ဖြစ်ပြီးတဲ့နောက်မှာတော့ပန်နီရော ပန်နီ မိဘတွေရော Mr.Peabody ...
movie

Mr. Peabody & Sherman ( 2014 )

2014
Madagascar: Escape 2 Africa (2008) 6.6
Madagascar: Escape 2 Africa (2008) Madagascar: Escape 2 Africa (2008) IMDb - 6.6/10_____Rotten - 64%  ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်Adventure comedy အမျိုးအစား ကာတွန်းကားလေးပါမာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ်သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါတိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ်သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က ...
movie

Madagascar: Escape 2 Africa (2008)

2008
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264 6.3
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264 Blu-Ray 1080p 5.1 CH x264 Hotel Transylvania 3: Summer Vacation (2018) IMDb - 6.3/10_____Rotten - 62%   သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန်  ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့  ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ဒရက်အလစ်မှာ  အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် ...
movie

Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264

2018
Hotel Transylvania 3: Summer Vacation (2018) 6.3
Hotel Transylvania 3: Summer Vacation (2018) Hotel Transylvania 3: Summer Vacation (2018) IMDb - 6.3/10_____Rotten - 62%   သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန်  ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့  ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ဒရက်အလစ်မှာ  အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် သင်ဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။သည်တစ်ခါတော့ ရှေးဟောင်းရေ ...
movie

Hotel Transylvania 3: Summer Vacation (2018)

2018
Over the Hedge 2006 6.7
Over the Hedge 2006 ကဲပါ ဒီတစ်ခေါက် အူတက်နေအောင် ရယ်ရပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ဆောင်းခို သတ္တ၀ါ လေးတွေ ရဲ့ အစားအစာ ရှာဖွေတော်မူခန်း ကို တင်ဆက်ပေးချင်ပါတယ် DreamWorks Animation ရဲ့ ထုတ်ကုန် ဆိုရင် ပြောနေစရာမလိုအောင် ကောင်းပြီးသားမှန်း သိမှာပါ ဇတ်လမ်းပုံစံကတော့ လိပ်ကလေး တစ်ကောင် ဦးဆောင်တဲ့ ဆောင်းခို အဖွဲ့ဟာ တစ်ခုသော နွေရာသီမှာ သူတို့ အသိုက်ကနေ ထွက်လာကြပြီး ကျန်တဲ့ ဆောင်းရာသီ အတွက် အစာရှာဖွေခြင်း လက်ရှိရာသီ အတွက် အသက်ရှင် နေထိုင်ရေး အတွက် ကြိုးပမ်းမှု များကို စတင်လုပ်ဆောင်ပါတော့တယ် ဒါပေမယ့် သူတို့ မသိလိုက်တာက သူတို့ ဆောင်းခိုနေစဉ် ကာလ အတိုလေးမှာပဲ သူတို့ တောအုပ်လေးကို ကွပ်လပ်လေး တစ်ခုအဖြစ် အလယ်ဗဟိုထားပြီး မြို့သေးသေးလေး တစ်ခု ဆောက်လုပ်လိုက်တာပါပဲ ဒီတော့ သူတို့ အတွက် အစာရေစာ ရှားပါးသည့် အပြင် လူသားတွေ ရဲ့ သက်ဖြတ် နှိမ်နှင်းမှု ကိုလဲ ခံရနိုင်ပါတယ် ဒီတော့ ဘယ်လိုလုပ်ကြမလဲ ? အဲ့ဒီအချိန်မှာပဲ လူတွေ ကို လှည့်စားပြီး အစာရှာနည်းသင်ပေးမယ့် ကြောင်လည်ပတ်ကား တောကြောင် တစ်ကောင် သူတို့ မိသားစုလေးထဲ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလို့ ...
movie

Over the Hedge 2006

2006
Whiplash (2014) 8.5
Whiplash (2014) Whiplash (2014) IMDb - 8.5/10_____Rotten- 94%Won 3 Oscars. Another 91 wins & 144 nominations.   ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့….အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ...ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့...ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့..တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်….  ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်..ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့…ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ...
movie

Whiplash (2014)

2014