Channel Myanmar
Molly Shannon
Osmosis Jones (2001) 6.3
Osmosis Jones (2001)  ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ဇာတ်ကားလန်းလန်းလေးတွေကြည့်ချင်ရင်ဒီကားလေးကလည်း ကြည့်သင့်တဲ့အထဲပါသဗျ...။ဒါအပြင် ဇာတ်လမ်းပုံစံလေးက ရဲနှစ်ယောက်အမူလိုက်ကားဆိုတော့"Rush hour"ဇာတ်ကားတွေလို vibeမျိုးလေးလည်း ခံစားရမှာအသေအချာပါပဲ...။ဇာတ်လမ်းအကြောင်းပြောရရင် ဖရန့်ဆိုတဲ့လူတစ်ယောက်ရှိတယ်...။သူက ကျန်းမာရေးလည်းမလိုက်စား အစားအသောက်လည်းမဆင်ခြင်ဖြစ်ကတတ်ဆန်းနေတဲ့လူပေါ့....။အဲ့လိုနေချင်သလိုနေလို့ ခန္ဓာကိုယ်ထဲဝင်လာသမျှ ရောဂါပိုးတွေကိုတိုက်ဖျက်ပေးရတာကတော့ ကိုယ်တွင်းကသွေးဖြူဥလေးတွေပါ...။အိုစမိုစစ် ဂျုန်းဆိုတာ ဖရန့်ရဲ့ ကိုယ်တွင်းမြို့တော်ကြီးထဲက ရောဂါတွေကိုတိုက်ဖျက်ပေးရတဲ့ ရဲသားသွေးဖြူဥလေးတစ်ကောင်ဖြစ်ပါတယ်....။တစ်နေ့မှာတော့ ထုံးစံအတိုင်း အဆင်အခြင်မဲ့တဲ့ ဖရန့်ကြောင့် ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေထပ်ဝင်လာပြီး အအေးမိသလို ခေါင်းကိုက်သလိုလိုဖြစ်လာပါတယ်....။ဒီအခြေအနေကို ဖြေရှင်းဖို့ အိုစမိုစစ် ဂျုန်းတစ်ယောက် အခွင့်အရေးရလာတဲ့အခါမှာတော့....။ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာ ဒီအိုင်ဒီယာဆန်းဆန်းလေးနဲ့ရုပ်ရှင်ကားလေးထဲမှာကြည့်ရှုလို့ရပါပြီ....။  File size…2.12 GB / 836 MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 35m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Osmosis Jones (2001)
Never Been Kissed (1999) 6
Never Been Kissed (1999) Never Been Kissed (1999)~ IMDb - 6/10, Rotten Tomatoes - 55% ~ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်‌နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ...
movie
Never Been Kissed (1999)
1999
Talladega Nights: The Ballad of Ricky Bobby (2006) 6.6
Talladega Nights: The Ballad of Ricky Bobby (2006)    အနောက်တိုင်း Comedy movie တွေကို 2k vibe နဲ့ ခံစားချင်သူတွေအတွက် 2006 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ရစ်ကီဘော်ဘီလို့ခေါ်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျကို ရိုက်ပြထားတာဖြစ်ပြီး အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရစ်ကီဘော်ဘီဟာ ပြိုင်ကားမောင်းရတာကို အရူးအမူးစွဲလမ်းတဲ့ ရိစ်ဘော်ဘီလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ရင်သွေးဖြစ်ပြီး သူဟာလည်းအဖေ့သွေးအပြည့်ပါတဲ့အပြင် ငယ်ငယ်ကဖခင်ဖြစ်သူပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် လူငယ်အရွယ်မှာပဲ NASCAR ရဲ့ ပြိုင်ကားလောကထဲကိုရောက်လာပြီး ကမ္ဘာ့နံပါတ်တစ်နေရာကို စောစောစီးစီးယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့အောင်မြင်မှုတွေကို ခံစားလို့မဝသေးခင်အချိန်မှာပဲ ဂျွန်ဂျရတ်ဒ်လို့ခေါ်တဲ့ ပြင်သစ်လူမျိုး ပြိုင်ကားမောင်းသမားတစ်ယောက် NASCAR ကိုရောက်ရှိလာချိန်မှာတော့ သူဟာအရှုံးတွေနဲ့ရင်ဆိုင်ရပြီး သူ့ဘဝဟာလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုနဲ့ တစ်ချိန်ကအတော်ဆုံးပြိုင်ကားမောင်းသမား ရစ်ကီဘော်ဘီဟာ စုတ်ပြတ်သတ်နေတဲ့သူ့ဘဝထဲကရုန်းထွက်ပြီး အတော်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက IMDB rating 6.6 အထိရရှိထားပြီး အားကစားနဲ့ပတ်သက်တာတွေ ကြည့်ချင်သူတွေ ဟာသကားကြိုက်တဲ့သူတွေအတွက်ကတော့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(2.4 GB)/(1.3 ...
movie
Talladega Nights: The Ballad of Ricky Bobby (2006)
The Little Hours (2017) 5.8
The Little Hours (2017) The Little Hours (2017)IMDb - 5.8ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးက အလယ်ခေတ်ပိုင်းက အီတလီစာရေးဆရာ Giovanni ရဲ့The Decameron ဆိုတဲ့ စာအုပ်၊ ၁၀ရက်လို့ အဓိပ္ပာယ်ရပြီးပြောရရင် “ဆယ်ရက်ဆယ်ညပုံပြင်များ”ပေါ့၊ ဒီထဲကနေမှ တတိယနေ့က ဇာတ်လမ်းကိုအခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ဆိုတော့ အလယ်ခေတ်ပိုင်း ၁၃၄၇ ခုနှစ်ပိုင်းကို ဇာတ်အိမ်တည်ထားပါတယ်။အဲလက်ဇန်းဒါး၊ ဖာနန်ဒါ၊ ဂျင်နာဗာ ဆိုတဲ့ စစ္စတာလေး သုံးယောက်ဟာသူတို့ကိုယ်ပိုင်စိတ်ကူး၊ရည်ရွယ်ချက်တွေကိုယ်စီနဲ့ဘုရားကျောင်းတစ်ခုမှာ နေနေကြတယ်။တစ်နေ့တော့ ခရီးသွားရင်း ဖာသာတွမ်မာစ်ဆိုဟာမက်ဆက်စ်တို ဆိုတဲ့ လူငယ်လေးနဲ့ တွေ့ဆုံတယ်။မက်ဆက်စ်တိုဆိုတာက အရှင်ဘရူနိုရဲ့ရဲတိုက်မှာ အမှုထမ်းနေစဉ်အရှင့်ရဲ့မိန်းမနဲ့ဖောက်ပြန်တာမိသွားလို့ ထွက်ပြေးလာခဲ့ရသူပါ။သနားတတ်တဲ့ဖာသာက မက်ဆက််စ်တိုကို ဘုရားကျောင်းကိုခေါ်သွားပေးမယ်၊ ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်၊မက်ဆက်စ်တိုဟာ ဆွံ့အနားမကြား တစ်ယောက်အဖြစ် ဟန်ဆောင်ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ ဆွံ့အနားမကြားအဖြစ် မက်ဆက်စ်တိုတစ်ယောက်ဘုရားကျောင်းမှာ စစ္စတာလေးတွေနဲ့ ဘာတွေဆက်ကြုံတွေ့ရမလဲပေါ့။ယောကျ်ားမိန်းမအကြား သဘာဝတရား၊ လိင်ကိစ္စတွေကန့်သတ်ထားတဲ့နယ်ပယ်တစ်ခုမှာ ဖြစ်တတ်တဲ့သဘာဝတွေ၊ပျင်းရိဖွယ်ဘဝကနေ လွတ်မြောက်ဖို့ လူငယ်သဘောသဘာဝလက်တည့်စမ်းမှုလေးတွေကို ဟာသရောပြီးသဘာဝဆန်ဆန်ရိုက်ကူးထားပါတယ်။စစ္စတာလေးတွေရဲ့ လုပ်ရပ်လေးတွေကို ရယ်ရင်း အံ့ဩရင်းရသစုံခံစားရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။စစ္စတာလေး သုံးယောက်အဖြစ် ...
movie
The Little Hours (2017)
2017
A Good Person (2023) 7.0
A Good Person (2023) A Good Person (2023) =============== IMDb Rating - 7.0/10Nathan နဲ့ Allison တို့က စေ့စပ်ထားပြီး တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြတဲ့ ပျော်ရွှင်စရာ စုံတွဲတစ်တွဲပါ။ ဒါပေမဲ့ Allison မောင်းလာတဲ့ကား ယာဥ်တိုက်မှုဖြစ်သွားပြီး မကြာခင် ယောင်းမတော်ရမယ့် Nathanရဲ့အစ်မ Mollyနဲ့ သူ့ခင်ပွန်းဟာ ဆုံးပါးသွားခဲ့တယ်။ အဲ့ကြေကွဲစရာ အဖြစ် အပျက်ကြီးအပြီးမှာလည်း ကျန်ခဲ့သူတွေရဲ့ဘဝဟာလည်း ပူဆွေးမှုတွေနဲ့ ပျက်ဆီးသွားခဲ့ရတယ်။Danielက သူ့သမီးMolly ဆုံးသွားပြီးနောက်ပိုင်း သူ့ရဲ့မြေး မလေး Ryanကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်ပေး နေခဲ့တယ်။ Allison ရဲ့ တောက်ပနေတဲ့အနာဂတ်လည်း ထို ကားတိုက်မှုအပြီး အရာအားလုံး ပျက်ဆီးသွားပြီး သူ့အမှား အတွက် လိပ်ပြာမလုံ ခံစားနေခဲ့ရတယ်။ Allison နဲ့ Danielတို့ ပြန်လည်တွေ့ဆုံတဲ့အခါမှာတော့ သူတို့အချင်းချင်းကြား ခွင့် လွှတ်မှု၊ ခင်မင်မှုတွေပေါ်လာပြီး လူကောင်းတစ်ယောက်ဖြစ် အောင် ဘယ်လိုကြိုးစားမလဲဆိုတာကို ခံစားချက်ထိထိမိမိ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။IMDb rating 7.0 ထိ ရထားပြီး Traumaတွေကို ကျော်ဖြတ် ဖို့ ကြိုးစားနေသူနှစ်ဦးရဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝပညာပေး ဇာတ်လမ်း ကောင်းတစ်ပုဒ်ပဲ ...
movie
A Good Person (2023)
2023
Serendipity (2001) 6.8
Serendipity (2001) Serendipity (2001) ============== IMDb Rating - 6.8/10ခရစ်စမတ် ရာသီ နယူးယောက်မြို့တော်မှာ..ဂျိုနာသန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ..ဆာရာ ဆိုတဲ့ ကောင်မလေး တစ်ယောက်ကို Bloomingdale ဆိုတဲ့ department store တစ်ခုမှာ စတွေ့ခဲ့မိပါတယ်။သူတို့နှစ်ယောက်ဟာ ကတ်ရှ်မဲ လက်အိပ်အနက်ကလေး တစ်စုံ တည်းကို ဝယ်ဖို့ ပြိုင်တူဆုပ်ကိုင်မိခဲ့တာ..။နှစ်ယောက်လုံးမှာ သက်ဆိုင်သူ ကိုယ်စီရှိတော့ စကားအပြန်အလှန်ပြောရင်း လက် ဆုံကျပြီး ဆိုင်ကလေး တစ်ဆိုင်မှာအတူထိုင်ဖြစ်ကြတယ်ဆိုပါ တော့..။ ဆိုင်ကလေးရဲ့ နာမည်က Serendipity 3 ပါ။ အပြင်မှာ တကယ်လဲရှိပါတယ်။ကိုယ်တွေ အင်းလျားလမ်းမှာတောင်နာမည်လေးခပ်ဆင်ဆင် တစ်ခု ရှိတယ် Serenity လေ။ (Serenity ကို 'သက်ငြိမ်' လို့နာမည်ပေးခဲ့ ဖူးတယ်၊ အရင်တုန်းက အင်းလျားလမ်းမှာသင်္ကြန်မဏ္ဍပ် လက်မှတ် ဝယ်ရင် ဒီဘက်ကနေ ဟိုဘက်ထိလျှောက်ခဲ့ဖူး။အခုတော့ အဲဒီဆိုင် လေးထာ၀ရပိတ်သွားခဲ့ပါပြီ)( Serendipity ကိုတကယ်တမ်း အဓိပ္ပါယ်ဆိုရမယ်ဆိုရင် မမျှော်လင့်ပဲ ရတနာသိုက်ကြီးကိုရှာတွေ့တယ်ဆိုတာမျိုး၊ထပ်ပြီးရှင်းရမယ်ဆိုရင်တော့ ရှာမနေပဲနဲ့ အခုမှ ကိုယ့် လက်တွဲဖော်အစစ် ဖူးစာကိုရှာတွေ့သွားတာလို့ ဆိုလိုချင်ဟန်ရှိတယ်)။ ခုနက စကားအတိုင်းပြန်ကောက်ရရင် ဆာရာက သူ့ဘဝရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းပြောပြဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက် ဟာ စားသောက်ဆိုင်မှာ ကျန်နေခဲ့တဲ့ ...
movie
Serendipity (2001)
2001
Spin Me Round (2022) 5.1
Spin Me Round (2022) နာမည်ကြီးမင်းသမီးနှစ်ယောက်ဖြစ်တဲ့ Alison Brie(Community) နဲ့ Audrey Plaza(Parks and rec) တို့ရဲ့ romatic comedy thriller ပေါင်းစုံထားတဲ့ ကားလေးပါ။ Tuscan Grove လို့ခေါ်တဲ့ စားသောက်ဆိုင်ခွဲတစ်ခုရဲ့မန်နေဂျာဖြစ်သူ Amber ဟာ ကုမ္ပဏီရဲ့အီတလီသို့ အလည်အပတ်ခရီးမှာ လိုက်ပါဖို့ရွေးချယ်ခံရပါတယ်။တခြားဆိုင်ခွဲမန်နေဂျာတွေနဲ့အတူ အီတလီက ဈေးပေါတဲ့ဟိုတယ်တစ်ခုမှာနေရပြီး ကုမ္ပဏီကပြုလုပ်တဲ့ပျင်းစရာအစီအစဉ်တွေအတိုင်း နေရပါတယ်။ဒါပေမဲ့ ချမ်းသာ၊သဘောကောင်းပြီးဆွဲဆောင်မှုရှိတဲ့ သူဌေးနဲ့တွေ့အပြီးမှာတော့ Amber တစ်ယောင်ကြည်နူးပြီး ဘေးက၀န်းရံလာတဲ့ ပုံမှန်မဟုတ်တဲ့ အန္တရာယ်တွေကို သတိမထားမိတာကြောင့် ထင်မထားတဲ့စွန့်စားခန်းတွေဖြစ်လာရပါတော့တယ်။ ထင်ထားသလိုသာမာန် rom com မဟုတ်တဲ့ကားလေးပါ။ ခေါင်းဆောင်မင်းသမီးနှစ်ယောက်အပြင် Alessandro Nivola,Molly Shannon တို့လည်းပါ၀င်ထားပါတယ်။File size…(1.86GB)/(944MB)/(437MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comdey Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
Spin Me Round (2022)
My Boss’s Daughter (2003) 5.0
My Boss’s Daughter (2003) My boss's daughter (2003) ===================မိုးအေးအေးနဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Comedy, Romance ကားနဲ့ မိတ်ဆက်ပေးပါရစေ......တွန်ဆိုတဲ့ ရိုးသားကြိုးစားတဲ့ ဖိုးသခွားတစ်ယောက်က အလုပ်မှာ သူ့ဆရာရဲ့သမီး လီဆာ ကို ကြိတ်ကြွေနေပါတယ်။ တစ်ရက်ကျတော့ လီဆာက သူငယ်ချင်းပါတီသွားချင်လို့ တွန်ကို သူ့အဖေ တေလာရဲ့ အိမ်ကို စောင့်ပေးဖို့ အကူအညီတောင်းပါတယ်။ တွန်ကလည်း လီဆာနဲ့ အနေနီးဖို့အတွက် အိမ်စောင့်ပေးဖို့ကို သဘောတူခဲ့ပါတယ်။လီဆာ့အဖေ တေလာက အလုပ်မှာရော အိမ်မှာပါ စည်းစနစ်ကြီးတဲ့ သူတစ်ယောက်ပါ။ တွန်တစ်ယောက် အိမ်စောင့်နေတဲ့ညမှာပဲ ဗရုတ် သုတ်ခတွေဖြစ်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ပါ့မလား လီဆာနဲ့ရော အမြန်ဆုံး နီးစပ်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး...... Comedy, Romance ကားလေးဖြစ်ပြီး . အတော်လေးကြည့်ကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.62 GB) / (750 MB) / (500 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Parris Encoder..........SWM 
movie
My Boss’s Daughter (2003)
2003
Marie Antoinette(2006) 7.0
Marie Antoinette(2006) Marie Antoinette(2006) အညွှန်း****************************IMDb...7.0၁၇ ရာစုမှာ ပြင်သစ်တော်လှန်ရေးဖြစ်ခဲ့ပြီး တော်လှန်ရေးမဖြစ်ခင် နောက်ဆုံးစိုးစံခဲ့တဲ့ ဘုရင်မက မာရီအန်တွီနက်ပါပဲသူကတော့ တခြားသူမဟုတ်ပါဘူး ‘ပေါင်မုန့်မရှိရင် ကိတ်မုန့်စား’ ဆိုပြီး ရာဇဝင်တွင်မယ့် စကားကိုဆိုခဲ့တဲ့သူပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာ သူ့ကိုဗဟိုပြုပြီး ရိုက်ကူးထားတာဖြစ်ပြီးspiderman မင်းသမီးဟောင်း Christen Dunst ပါဝင်ထားပါတယ်မာရီတစ်ယောက် အမျိုးသမီးပင် ဖြစ်လင့်ကစားပြင်သစ်နန်းတွင်းမှာ ဝင်ဆန့်အောင်ကြိုးစားရပုံတွေထီးနန်းဆက်ခံမယ့်သားတော်မွေးစေချင်တဲ့ ဖိအားတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ...File Size :(2.1GB)(1.1GB) and (239MB) Quality : Blu-Ray 1080p5.1Ch, 720P Format…mp4 Duration…02:03:00 Genre : , Drama ,Biography , History Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Marie Antoinette(2006)
Hotel Transylvania: Transformania (2022) 6.7
Hotel Transylvania: Transformania (2022) အားလုံးချစ်တဲ့ ပါပါ ဒရက်ကူလာတို့ ပြန်လာပါပြီ။ ဒီတစ်ခေါက်တော့ ဒရက်ကူလာဟာ အနားယူပြီး သူ့ဟိုတယ်ကို သူ့သမီး မေးဗစ် နဲ့ သားမက် ဂျွန်နီကို လွှဲပေးခဲ့ချင်ပေမဲ့ ဂျွန်နီရဲ့ ပေါက်ကရ စိတ်ကူးတွေကို ကြောက်တာကြောင့် ဟိုတယ်ကို မွန်းစတားမဟုတ်တဲ့ လူသားတွေ ဆက်ခံခွင့်မရှိဘူးဆိုပြီး လိမ်ပြောလိုက်ပါတယ်။ အဲဒါကြောင့် ဂျွန်နီဟာ ဗန်ဟဲဆင်းရဲ့ အကူအညီနဲ့ မွန်းစတားအဖြစ် ပြောင်းလဲလိုက်ပေမဲ့ တလွဲတွေဖြစ်ပြီး ဒရက်ကူလာနဲ့ မိတ်ဆွေတွေပါ မတော်တဆ လူသားတွေ ဖြစ်ကုန်ပါတယ်။ ဒါကြောင့် အရင်အတိုင်းပြန်ဖြစ်အောင်လုပ်ပေးနိုင်မယ့် အရာကို ရှာဖို့ လူသားဒရက်ကူလာ နဲ့ မွန်းစတား ဂျွန်နီတို့တွေ ဘယ်လိုစွန့်စားခန်း‌တွေ ဖွင့်ကြမလဲဆိုတာFile size…1.6 GB / 823 MB Quality….Webrip 1080p / 720p  Format…mp4 Duration….01:038:00 Genre...Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….LK , Mr.Anderson Translated by ...
movie
Hotel Transylvania: Transformania (2022)
How the Grinch Stole Christmas (2000) 6.2
How the Grinch Stole Christmas (2000) How the Grinch Stole Christmas (2000) ငယ်ငယ်ကတော့ ခရစ္စမတ်နားနီးတဲ့ အပတ်မှာ ပုတက်တို့ Kidzone တို့လို ကာတွန်းစာစောင်တွေမှာ ခရစ္စမတ်ဇာတ်လမ်းလေးတွေ ထည့်တာကို ဖတ်ရင်း၊ Casper, Mickey Mouse, Winnie the Pooh တို့ရဲ့ ခရစ္စမတ်ကာလကားလေးတွေ၊ A Christmas Carol တို့ Home Alone တို့ Grinch တို့လို ခရစ္စမတ်ကားလေးတွေကြည့်ရင်း ဖြတ်သန်းဖူးခဲ့ကြတယ်မို့လား။ ခရစ္စမတ်ဟာ ကျွန်တော်တို့နဲ့ မဆိုင်ပေမဲ့ မစိမ်းလှပါဘူး။ဒီဇာတ်လမ်းကတော့ ငယ်ဘ၀ကခရစ္စမတ်ကိုရော ငယ်ဘ၀ကိုရော Nostalgia ဖြစ်စေမယ့် ဇာတ်လမ်းပါ။၂၀၀၀ခုနှစ်မှာထွက်ခဲ့တာဆိုတော့ ကျွန်တော်တို့ငယ်ငယ်က ခရစ္စမတ်ကားတွေရဲ့ အရသာအတိုင်းပါပဲ။ ခရစ္စမတ်ကားလေးပေမဲ့ မင်းသားက ဂျင်ကာရေး ဖြစ်တဲ့အပြင် ဆာအန်သိုနီဟော့ကင်းကလည်း Narrator အဖြစ် နောက်ခံစကား‌ပြောပေးထားတယ်။ ဒါရိုက်တာကတော့ ၂၀၀၂မှာ A Beautiful Mind ရုပ်ရှင်နဲ့ ...
movie
How the Grinch Stole Christmas (2000)
2000
Evan Almighty (2007) 5.4
Evan Almighty (2007) Evan Almighty (2007) =============ကမ္ဘာဦးအစမှာ အဖြစ်အပျက်တစ်ခု ဘုရားသခင်လက်ထက်မှာ ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ ခရစ်ယာန် သမ္မာကျမ်းကဆိုပါတယ်။ အကျင့်ပျက် အကုသိုလ်တွေနဲ့ ဆိုးသွမ်းလာတဲ့ လူသားတွေအပေါ် ဘုရားသခင်က ကြီးမားတဲ့အပြစ်ပေးခဲ့တယ်။ လူသားတွေဟာ ကြီးမားတဲ့ရေလွှမ်းမိုးမှုကြီးအောက်မှာ သေကြေပျက်ဆီးသွားပြီး လူသားမျိုးနွယ် ချုပ်ငြိမ်းရမယ့်အဖြစ်ကို ရင်ဆိုင်ခဲ့ရတာပေါ့။ဒါပေမယ့် နောဧဆိုတဲ့ လူသားတစ်ယောက်ကိုတော့ ဘုရားသခင်က အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ကမ္ဘာကြီးကို restart ချတဲ့ပုံစံနဲ့ ရွေးချယ်ခံရတဲ့ လူသားတွေ တိရိစ္ဆာန်မျိုးစိတ်တွေကို ကယ်တင်နိုင်ဖို့ ကြီးမားတဲ့ အာ့ခ် လှေကြီးတစ်စင်း တည်ဆောက်ရန်အတွက် နောဧကို ဘုရားသခင်က သတိပေးခဲ့တယ်။ နောဧက ဇနီးတစ်ယောက် သားသုံးယောက်နဲ့ လှေကြီးကိုတည်ဆောက်ပြီး လူသားများနဲ့ တိရိစ္ဆာန်မျိုးစိတ်တစ်ခုမှာ အဖိုအမ တစ်စုံစီကို ရေလွှမ်းမိုးမှုကြီးကနေ ကယ်တင်နိုင်ခဲ့တယ်။အဲဒီလိုအဖြစ်မျိုး ယနေ့ကာလမှာ ထပ်မံပေါ်ပေါက်လာဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ရေလွှမ်းမိုးမှုကြီးက ဘုရားသခင်ရဲ့ အမျက်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘဲ လူသားတွေရဲ့ အမှားကြောင့်ဖြစ်ပေါ်လာတာပါ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တဲ့ ...
movie
Evan Almighty (2007)
2007
Bad Teacher (2011) 5.6
Bad Teacher (2011) Title ကိုက Bad Teacher ဆရာမအဆိုးလေးတဲ့။Poster ပေါ်မှာလဲ  Eat me ငါ့ကိုစားပါတွေရော.. She doesn't give an "F." တွေရောနဲ့  R-Rated ဇာတ်ကားလေးပါ။မင်းသမီးက ကင်မရွန်းဒိုင်ယာ့ဇ်..သူ့စတိုင်နဲ့ ဆရာမအဆိုးလေးဆိုတော့ ကွက်တိပေါ့...မင်းသားက အဆိုတော် ဂျက်စတင်တင်းဘားလိတ်...အူကြောင်ကြောင်နဲ့လိုက်တယ်..မင်းသားကြီး Jason Segel လဲပါသေးတယ်...သူကတော့အတည်ပေါက်နဲ့နောက်တတ်သူပေါ့။ဇာတ်လမ်းလေးကတော့ ...ဆရာမလေး ကင်မရွန်းဒိုင်ယာ့ဇ်ဟာ အပျင်းလဲထူသလို အရည်အချင်းလဲမရှိတဲ့အပြင်ခြူစားဖို့ကြံစည်ပြီး စေ့စပ်ထားတဲ့ သူဌေးသားလေးရဲ့ စွန့်ပစ်ခြင်းကိုပါခံလိုက်ရသူပါ...ဒါနဲ့ဘူနေတုန်းမှာပဲ...သူ့လိုပူပူနွေးနွေးလမ်းခွဲထားတဲ့ ကျောင်းဆရာ ဂျက်စတင်တင်းဘားလိတ်နဲ့ဆုံပြီးဆွဲစားဖို့ထပ်ကြံပြန်တယ်...ပုရိသတစ်ယောက်ကိုဆွဲဆောင်ဖို့မှာနို့ပြားရင် အဆင်မပြေဘူးဆိုပြီး ရင်သားအစားထိုးကုသဖို့ကြံစည်ရာကနေဘာတွေဆက်ဖြစ်ကြမလဲဆိုတာ....။  File size…(1.7 GB)/ (999 MB)/ (500 MB) Quality…BluRay Unrated 1080p /720p / 480p Format…mkv Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie
Bad Teacher (2011)
Promising Young Woman (2020) 7.4
Promising Young Woman (2020) Promising Young Woman အညွှန်းကတ်စီ ရဲ့ဘဝမှာ အရာရာတိုင်းက ထင်ထားသလို မဟုတ်ပါဘူးသူမဟာ လှသလောက် ဉာဏ်နီဉာဏ်နက်များပြီး ကလိမ်ကကျစ်လည်း ကျပါတယ်သူမဟာ ညဘက်ရောက်ရင် ကလပ်မှာ ယောက်ျားတွေကိုအမူးလွန်ချင်ယောင်ဆောင်ပြီး လှည့်ဖြားတတ်တဲ့ မိန်းမတစ်ယောက်ပါတစ်ချိန်က အရမ်းစာတော်တဲ့ ဆေးကျောင်းသူလေးက ဒီလိုဘဝမျိုးကို ဘယ်လိုများ ရောက်လာတာလဲ?တစ်ချိန်က စိတ်ဒဏ်ရာဖြစ်စေခဲ့တဲ့ အဖြစ်ဆိုးကို သူရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလားPromising Young Woman 2020 ဟာ 92% tomatometer ရထားပြီးIMDB score 7.4 ရထားတဲ့ ထိတ်လန့်သဲဖို ကားကောင်းတစ်ကားပဲဖြစ်ပါတယ်အပြင်ပန်းမှာ အချစ်ဟာသကားယောင် ဆောင်ထားပေမယ့်လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ဒဏ်ရာအကြောင်းနက်နက်နဲနဲ ရိုက်ကူးပြထားတဲ့ ကားကောင်းလေးပဲဖြစ်ပါတယ် Translated by : Htet Wai LwinEncoded by : YKQuality : 720 p WEBSCRFile Size : 1.2GbDuraion .1h 53minSubtitle ...
movie
Promising Young Woman (2020)
2020
The Layover (2017) 4.6
movie
The Layover (2017)
2017
Horse Girl (2019) 5.9
Horse Girl (2019) ဆာရာဆိုတဲ့လူမှုဆက်ဆံရေးညံ့ပြီးတစ်ယောက်တည်းနေလေ့ရှိတဲ့သူမကအနုပညာနဲ့လက်မှုပစ္စည်းတွေကြိုက်ပြီးမြင်းစီးရတာနဲ့သဘာဝလွန်ဇာတ်ကားတွေကြည့်တာကို ဝါသနာပါလှသူပါ ။သူမရဲ့လက်တွေ့ဘဝ ကို ရောယှက်ရှုပ်ထွေးစေတာကတော့သူမရဲ့ ရှင်းလင်းပြတ်သားတဲ့ အိပ်မက်ဆိုးတွေကပဲဖြစ်ပါတယ် ။အိပ်မက်ဆိုးတွေကိုအိပ်မက်လို့မယူဆပဲထူးခြား ဆန်းကြယ် ဇာတ်ကားတွေအကြည့်လွန်နေတဲ့သူမကအိပ်မက်ထဲကအရာတွေက အိပ်မက်မဟုတ်ပဲအပြင်မှာ အမှန်တကယ်ရောက်ရှိနေတယ်လို့ယူဆတဲ့သူမ အတွေးအခေါ်က မှန်ကန်နေလားဒါမှမဟုတ် သူမ ကိုယ်တိုင်က ရူးကြောင်ကြောင်ဖြစ်နေတာလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပါ IMBD-5.9 ရရှိထားပြီးMystery,Drama ဇာတ်ကား အမျိုးအစားပဲဖြစ်ပါတယ်........ File Size : ( 975 MB , 310 MB ) Quality : WEB-DL 720p Running Time : 1 hr 43 min Format : Mp4 Genre : Drama , Mystery Subtitle : Myanmar Subtitle ...
movie
Horse Girl (2019)
Jay and Silent Bob Reboot (2019) 5.9
Jay and Silent Bob Reboot (2019) Jay နဲ့ Silent Bob ဆိုတာကတော့ အပြင်မှာတကယ်ရှိတဲ့ဆေးသမား ၂ ယောက်ကို အခြေပြုပြီး Kevin Smith ကဖန်တီးထားခဲ့တဲ့ဇာတ်ကောင်တွေပါသူတို့ကို Bluntman နဲ့ Chronic လို့လည်းသိထားကြပါတယ်...ဒီ Reboot မတိုင်ခင် သူတို့ Universe အတိုင်းဇာတ်ကားပေါင်းများစွာထွက်ရှိထားပါသေးတယ်...ဒီ Reboot ထဲမှာတော့ တကယ့်အပြင်က Jay နဲ့ Bob တို့တစ်တွေသူတို့နာမည်တွေကိုလုယူပြီး ရုပ်ရှင်ရိုက်မယ့်Kevin Smith ကိုတားကြမှာဖြစ်ပါတယ် ​Comedy ရသအပြည့်အဝနဲ့ အတူChris Hemsworth, Ben Affleck, Matt Damon နဲ့နောက်ဆုံး Stan Lee ပါ Cameo အဖြစ်ပါဝင်ထားကြတာမို့လို့ကြည့်ကောင်းပါတယ်လို့ လက်တို့လိုက်ရင်းစကားအသုံးအနှုန်းကြမ်းတာလေးတော့သတိပြုစေချင်ပါတယ်လို့... File Size : ( ...
movie
Jay and Silent Bob Reboot (2019)
Sextuplets (2019) 4.4
Sextuplets (2019) ဒါကတော့Netflixက လက်တလောပူပူနွေးနွေး ထွက်ရှိထားတဲ့ ဟာသကားလေးတစ်ကားပါ။မိဘအရင်းတွေဘယ်သူမှန်းမသိတဲ့လူတစ်ယောက်အတွက်တော့ကိုယ့်မိဘတွေကဘယ်သူလဲ ဘာလို့ကိုယ့်ကိုစွန့်ပစ်ခဲ့တာလဲမောင်နှမတွေကရောဘယ်သူတွေလဲအခုအချိန်မှာအရမ်းချမ်းသာပြီးအောင်မြင်နေကြပြီလားလို့ တွေးနေမိမှာပါပဲ။ဒီကားမှာတော့ မိဘအရင်းတွေကိုမသိပေမယ့်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပြီး ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်နဲ့အိမ်ထောက်ကျကာ မကြာခင်ဖခင်ဖြစ်တော့မယ့်အယ်လန်တစ်ယောက် သူ့ကလေးမမွေးခင်လေးမှာပဲသူ့အမေကိုရှာဖို့အကြောင်းဖန်လာပါတော့တယ်။နောက်တော့ Sextuplets ဆိုတဲ့အတိုင်းပဲသူတို့ကိုသူ့အမေကခြောက်မြွာပူးမွေးခဲ့မှန်းသိသွားတဲ့အချိန်မှာတော့အမေနဲ့နေတဲ့သူ့အမြွာညီတစ်ယောက်နဲ့အတူနောက်မောင်နှမတွေကိုလိုက်ရှာဖို့ဖြစ်လာပါတော့တယ်။သူ့မောင်နှမတွေကောင်းကောင်းမွန်မွန်ရှိနေမယ်လို့ထင်ထားပြီးမိသားစုတွေပြန်လည်ပေါင်းစည်းချင်နေတဲ့အယ်လန်တစ်ယောက်သူ့ခရီးစဉ်မှာ ဘယ်လိုပေါက်ကရအလွဲတွေနဲ့ တွေ့ကြုံရမလဲဆိုတာကိုတော့ဒီဟာသကားလေးမှာ တစ်ချိလုံးခွီပြီး ကြည့်ရှုရမှာပါ။ File Size : (933 MB , 300 MB)Quality :  WEB-DL 720pRunning Time : 1 hr 37 minFormat : Mp4Genre : ComedySubtitle : Myanmar Subtitle (Hard Sub)Translated ...
movie
Sextuplets (2019)
2019
Private Life (2018) 7.2
Private Life (2018) "အံဝင်​ခွင်​ကျ ဆု​တောင်းသမျှ ပြည့်​စုံ​အောင်​ဘယ်​ဘုရားမှ မစွမ်းနိုင်​ဘူး" ဆိုသလိုသိပ္ပံပညာ​တွေ ဘယ်​​လောက်​ပဲ တိုးတက်​တိုးတက်​ လူ​တွေရဲ့ အလိုဆန္ဒ​တွေကိုလုံးဝဥသုံ ဖြည့်​ဆည့်​နိုင်​စွမ်း မရှိပါဘူး။ဖန်​ပြွန်​သ​န္ဓေအစရှိသဖြင့်​...ဘယ်​လိုနည်းပညာ​တွေ​ပေါ်​ပေါ်လူသားရဲ့ လိုအပ်​ချက်​တို့အတွက်​လစ်​ဟာတဲ့ သဘာဝ တရား​တော့ ကျန်​တာပါပဲ။စာ​ရေးဆရာနဲ့ ပြဇာတ်​ဒါရိုက်​တာလင်​မယားနှစ်​​ယောက်​ဟာအသက်​အ​တော်​လွန်​မှ က​လေးရဖို့ကြိုးစားကြပါသတဲ့။ယောကျာ်းဘက်​က လိုအပ်​ချက်​ရှိလိုက်​မိန်းမဘက်​က လိုအပ်​လျက်​ရှိလိုက်​နဲ့က​လေးမရနိုင်​ပဲပိုးသားကုန်​ ​မောင်​ပုံ​စောင်းမတက့်​ဖြစ်​​နေကြရသတတ်​။အလိုဆန္ဒနဲ့ ပက်​သက်​ရင်​​မျှော်​လင့်​ချက်​နဲ့ ဇွဲ​လျှော့နိုင်​ခဲ့တဲ့လူသားတို့ရဲ့ ဘာသာ သဘာဝတစ်​ပါးသူရဲ့ မမျိုးဥကို ​ယောကျာင်္းရဲ့သုတ်​နဲ့​ရောပြီးမိန်းမက ကိုယ်​ဝန်​​ဆောင်​ဖို့ မျိုးဥ အလှူရှင်​ရှာရင်းညီရဲ့ မယားပါသမီး တူမ​လေးရဲ့မျိုးဥကို သုံးဖို့ ဖြစ်​လာခဲ့ပါတယ်​တဲ့။ဒီလိုနဲ့...ဥတစ်​လုံးကို အ​ကြောင်းပြုရင်းမိသားစုနှစ်​ခုကြားထဲကDrama တစ်​ချို့ဖြစ်​တည်​ခဲ့ပါသတဲ့။ဖန်​ပြွန်​သ​န္ဓေအ​ကြောင်း သိသင့်​သ​လောက်​သိရမဲ့ ကားဖြစ်​သလို...သားသမီးယူုခြင်း မယူခြင်းနဲ့ ပက်​သက်​ပြီးအမြင်​တစ်​ခု ထည့်​​ပေးသွားတဲ့Netflixရဲ့ ပညာ​ပေးကား​လေး ဖြစ်​ပြီးR rate ရထားတဲ့အတွက်​၁၈နှစ်​​အောက်​ မကြည့်​ရပါသတတ်​။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ဆရာအူးဝီရ ပါ) File Size : (950 MB) and (390 MB) Quality : NF WEB-DL 720p Running Time : ...
movie
Private Life (2018)
2018
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264 6.3
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264 Blu-Ray 1080p 5.1 CH x264 Hotel Transylvania 3: Summer Vacation (2018) IMDb - 6.3/10_____Rotten - 62%   သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန်  ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့  ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ဒရက်အလစ်မှာ  အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် ...
movie
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264
2018