Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Prabhakar
5.5
Skanda (2023)
Skanda (2023) ===============================တော်တော်များများ တောင်းဆိုနေကြတဲ့ တေလဂူးစကားပြော Tollywood ရုံတင်အက်ရှင်ကား ခပ်မိုက်မိုက် ကားသစ်လေးတစ်ကားကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်အစမှာတော့ နိုင်ငံတကာထိ လူသိခံရတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ မတရားစွပ်စွဲချက်တွေကို ခေါင်းငုံ့ခံရင်း ကြိုးမိန့်ချခံထားရကာ သမီးဖြစ်သူကလည်း အကြောင်းတစ်ခုကြောင့် ကိုမာဝင် သတိလစ်နေခဲ့ပါတယ်။အဲဒီလိုဖြစ်ရတာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေနဲ့အကွက်ရွှေ့နေကြတဲ့ ပြည်နယ်ဝန်ကြီးတွေရှိနေပြီး သူတို့တွေကလည်း သားရေးသမီးရေးကိစ္စတွေကြောင့် အချင်းချင်း လှည့်ပတ်တိုက်ခိုက်နေကြပါသေးတယ်။အဲဒီလို တစ်စစီပြန့်ကြဲနေတဲ့ ဇာတ်ကောင်တွေကြားထဲကို တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်ရှိတဲ့ ယောင်္ကျားဘသား ဇာတ်လိုက်မင်းသား ဝင်လာချိန်ကစပြီး ဇာတ်လမ်းဟာ တဖြည်းဖြည်းပုံပေါ်လာခဲ့ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ရုံတင်ချိန်တုန်းကလည်း အထိုက်အလျောက်အောင်မြင်ခဲ့ပြီး မင်းသမီးလေးတွေကလည်း တော်တော်လှကြတာမလို့ တောင်ပိုင်းအက်ရှင်ကြိုက်သူတွေအတွက် နှစ်နာရီကျော် အချိန်ပေးရတန်လောက်မယ့် ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…4.5GB / 2.09GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard ...
movie
Skanda (2023)
2023
Thalainagaram (2023)
Thalainagaram (2023)ကြမ်းမှရမ်းမှကြိုက်တဲ့ဘော်ဒါတို့အတွက် လူမိုက်ကြီးသုံးယောက်ဗိုလ်လုပွဲချန်နိုင်းမြို့တစ်ခွင် ဩဇာညောင်းဆိပ်ကမ်းကုန်အဝင်အထွက်ကနေ တရားမဝင် ဒုစရိုက် ငွေဝင်လုပ်ငန်းအကုန် လက်ဝါးကြီးအုပ်ထားသူတွေ ရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန်ကြပြီး ဘယ်သူနစ်နာသွားလဲဆိုတာတောင် ရဲတွေမလိုက်နိုင်တဲ့ထိ စွမ်းကြတဲ့ဇိုးကြီးသုံးယောက်ဟာ ချန်နိုင်းတစ်ခွင် ဩဇာညောင်းရုံတင်အားမရကြတော့သုံးယောက်စင်ပြိုင်လိုဖြစ်နေကြတာလည်းမကြိုက်တစ်ယောက်နဲ့တစ်ယောက်ဒေါက်ဖြုတ်ဖို့ အကွက်ချောင်းနေကြသူတွေတစ်ချိန်ကဂန်းစတားဖြစ်ခဲ့ဖူးတဲ့သူ ခုချိန်အားလုံးနဲ့ဝေးရာကို နေချင်သူကိုမှ သူတို့သုံးယောက်စစ်ပွဲထဲဆွဲထည့်မိချိန်မှာတော့..... (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Cherry ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.43GB / 1.01GB Quality…1080p WEB DL /720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Cherry ~ Zwe ~ Yunni
movie
Thalainagaram (2023)
2023
7.4
Rudrangi (2023)
Rudrangi (2023) IMDb-7.4/10လူတစ်ယောက်ရဲ့ အတ္တမာန အလိုလောဘတွေကြောင့် အပြစ်မရှိတဲ့ ချစ်သူတွေ နစ်နာကြတာ ရှေးရှေးတုန်းတည်းက ဆိုပါတော့။ ရူဒရန်ဂီနဲ့ မာလက်ရှ်ဆိုတာ ကလေးဘ၀ကတည်းက အဘိုးကိုယ်တိုင် လက်ထပ်ပေးခဲ့တာ။အသိအမှတ်ပြုတဲ့ သဘောလောက်ပေါ့။ဘီးမ်ရောဝ်ဆိုတာ နယ်တွေသိမ်း မိန်းမတွေနဲ့ပတ်ပြီးပျော်ပါးနေတဲ့သခင်တစ်ယောက်။ ဘူဂျန်ဂါရောဝ်နဲ့က အာဏာလုဘက် အပြိုင်တွေ။နှစ်ယောက်စလုံးက ဆိုးသွမ်းတဲ့သခင်တွေ။ တယောက်နဲ့ တယောက်သူသေကိုယ်သေ အပြိုင်သတ်ဖို့ကြိုးစားနေကြတာ။အဲဒီလိုဆိုးဝါးလှတဲ့သခင်တွေနဲ့ သွားပတ်သက်မိတဲ့ မာလက်ရှ်တစ်ယောက် သခင်နှစ်ယောက်ကြားက အရှုပ်တော်ပုံကြီးမှာ ဘယ်လောက်ထိပါဝင်ပတ်သက်မိသွားမလဲ သူ့သခင်လို့သတ်မှတ်ခဲ့တဲ့ ဘီးမ်ရောဝ်က ရူဒရန်ဂီကိုတက်မက်စိတ်နဲ့ ရေရှားပါးလိုအပ်နေတဲ့ရွာလေးကိုအသုံးချပြီး ရူဒရန်ဂီကိုတစ်ညတာပိုင်ဆိုင်ခွင့် တောင်းဆိုလာတဲ့အခါမှာတော့ မာလက်ရှ်တစ်ယောက် ချစ်ရတဲ့ရူဒရန်ဂီကိုရော ကာကွယ်နိုင်ပါ့မလား။ အချစ်နဲ့သက်သေတည်ကြတဲ့ အပြစ်မဲ့သူအများစုနဲ့ဘက်ကပဲ အနိုင်ယူမလား။ အာဏာပါဝါရှိတဲ့လူတွေကပဲ ကြီးစိုးခြယ်လှယ်သွားနိုင်မလား။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunni~Cherry~Moonတို့ပဲဖြစ်ပါတယ်) File size…3GB / 1.57GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni~Cherry~Moon
movie
Rudrangi (2023)
2023
5.8
DJ: Duvvada Jagannadham (2017)
DJ Duvvada Jagannadham (2017)အခုတစ်ခါ တင်ဆက်ပေးမယ့်ကားလေးကတော့ စတိုင်ကျတဲ့ မင်းသားချောလေး အက်လူးအရ်ဂျွန်ရဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် မင်းသမီးအနေနဲ့ကလည်း ဆွဲဆောင်မှုအပြည့်ရှိပြီး ချစ်စရာမျက်နှာလေးနဲ့ ပူဂျားဟစ်ဂဒေလေးဆိုတော့ မိုက်ပြီပေါ့နော်...ဇာတ်လမ်းကိုပြောရမယ်ဆိုရင် မင်းသားက ငယ်ငယ်လေးကတည်းက မတရားမှုမြင်ရင် လက်ပိုက်ကြည့်မနေနိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားကို တွေ့တိုင်း သတ်ပစ်ချင်လောက်အောင် မုန်းတီးနေတဲ့သူ ဖြစ်ပါတယ်...သူ့ အဖိုးရဲ့ပြောစကားကို မှတ်သားထားပြီး ဤကမ္ဘာမြေပေါ်ကနေ ရာဇဝတ်သားရှင်းလင်းရေးစစ်ဆင်ရေးကို ရဲအရာရှိတစ်ယောက်နဲ့ပူးပေါင်းပြီး လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်...ဒီစစ်ဆင်ရေးမှာ သားကောင်ဖြစ်ရတဲ့ ရာဇဝတ်သားတွေကတော့ အသက်ရှင်လမ်းမရှိဘူးပေါ့...မိသားစုက ဧည့်ခံကျွေးမွေးရေးလုပ်ငန်းလုပ်တော့ လူတွေအမြင်မှာ သူဟာ ပုဏ္ဍားမျိုးရိုးတစ်ယောက်ဖြစ်ပြီး အရမ်းကိုအပြစ်ကင်းစင်တဲ့ လူသားတစ်ယောက်ပေါ့နော်...ဒီလိုနဲ့ လူထောင်ချီရဲ့ငွေတွေကို လိမ်လည်အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်နဲ့ ငြိစွန်းလာခဲ့တယ်...ဟိုကလည်း ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူစားမျိုး သူ့လမ်းမှာနှောင့်ယှက်လာတဲ့လူမှန်သမျှကို အပြတ်ရှင်းပစ်တဲ့ လူစားမျိုး...ကဲ..သူတို့နှစ်ဦးထိပ်တိုက်တွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ....။ File size…2.8GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 32mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
DJ: Duvvada Jagannadham (2017)
2017
5.1
Aaraattu (2022)
Aarattu(2022)2022ခုနှစ်ထွက် Aaraattuဆိုတဲ့ ကားလေးကိုCM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့ မူသာလက်ကိုတာဆိုတဲ့ ရွာလေးမှာရှိတဲ့မြေနေရာတစ်ခုကို ငှားရမ်းလိုက်တဲ့ နေရန်တင်ကာရာဂိုပန်ဆိုတဲ့လူတစ်ယောက်နဲ့ ရွာမှာ ရေလွှမ်းမှုဖြစ်တုန်းကရွာကိုကူညီဖို့ရောက်လာတဲ့ အကြီးအကဲတစ်ယောက်နဲ့လူလေးယောက်ကြားထဲက ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ရွာမှာ ရှိနေခဲ့တဲ့ မာသာရီဆိုတဲ့ လူတစ်ယောက်ပိုင်ဆိုင်တဲ့ ရေလွှမ်းနေတဲ့မြေကိုအစိုးရက စိုက်ပျိုးရေးလုပ်ခိုင်းတာမို့ အကျိုးအမြတ်ဖြစ်အောင်လုပ်ချင်တဲ့မာသာရီဟာ ဂိုပန်ကို မြေဖို့ဖို့အတွက် လူငှားလိုက်ပါတော့တယ်။စီးပွားရေးသမား၊ အလုပ်သာဖြစ်မယ်ဆို ဘယ်သူ့မျက်နှာကိုမှ မငဲ့တဲ့ဂိုပန်ဟာ အဲဒီမြေကို အခွန်ဦးစီးဌာနမှူးဆီမှာ ငါးမွေးမြူရေးအတွက်တောင်းရမ်းပါတော့တယ်။ငွေရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားက တင်းမာမှုတွေ၊ အကျိူးစီးပွားကိုပဲကြည့်တဲ့လူတွေကြားမှာရိုးသားတဲ့ရွာသူရွာသားတွေနဲ့ သာယာပြီး နေထိုင်ချင်စဖွယ်ကောင်းတဲ့ရွာလေးကရော တောင့်ခံထားနိုင်ပါ့မလား။ အဲဒီအပြင် ဒီရွာကို ရောက်လာခဲ့တဲ့ဂိုပန်ဟာရော ဒီတိုင်းရောက်လာခဲ့တာလား၊ သူဖုံးကွယ်ထားတဲ့အတိတ်တစ်ခုခုရှိနေတာလားဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲဆက်ကြည့်လိုက်ကြပါဦးနော်။ IMDb 5.3ရထားတဲ့ကားကောင်းလေးဖြစ်ပြီး ရိုက်ကူးထားသူကတော့ ဒါရိုက်တာB. Unnikrishnanပဲဖြစ်ပါတယ်။ အခုပဲ CM ပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ File size…3.4GB / 1.6GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 47mins Subtitle….Myanmar Subtitlte ...
movie
Aaraattu (2022)
2022
8.2
Hero (2022)
Hero (2022)IMDb-8.2/10အာဂျွန်ဆိုတဲ့လူငယ်လေးတစ်ယောက်က ဇာတ်လိုက်မင်းသား(ဟီးရိုး) ဖြစ်ဖို့အိမ်မက်တွေနဲ့ပြည့်နေတဲ့လူငယ်လေးတစ်ယောက်ပေါ့ အာဂျွန်နဲ့ ဆာ့ဘူတို့က ချစ်သူတွေပါဆလင်းဘိုင်ဆိုတဲ့ လူဆိုးဂိုဏ်းချုပ်ကြီးဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို ရှေးဟောင်းသေနတ်တစ်လက်နဲ့ပစ်သတ်လိုက်ပြီး အဲ့ဒီသေနတ်ကို ဟိုင်ဒရာဘတ်မြို့ထဲက သူ့ရဲ့ကျေးစားလူသတ်သမား တစ်ယောက်ဆီကိုပို့ပေးလိုက်တယ်။ သူ့ရဲ့ရန်သူတော်ကြီးတစ်ယောက်ကို သတ်ခိုင်းဖို့ပေါ့။တစ်ချိန်တည်းမှာပဲ လှချင်ခန့်ချင်တဲ့ အာဂျွန်တစ်ယောက်က ဆံပင်ကျွတ်နေလို့ တီဗီမှာတွေ့တဲ့ဆံပင်ခေါင်းလိမ်းဆီကို အွန်လိုင်းကနေမှာလိုက်ရာကနေ သူ့အိမ်ရောက်လာတဲ့ပါဆယ်ထုပ်ထဲမှာကခေါင်းလိမ်းဆီမဟုတ်ဘဲ အဲ့ဒီရှေးဟောင်းသေနတ်ဖြစ်နေခဲ့ပါတယ်။ ကဲ အာဂျွန်တစ်ယောက်အဲ့ဒီသေနတ်တစ်လက်နဲ့ဘယ်လိုပြဿနာတွေရင်ဆိုင်ရဦး မလဲ။ သူ့သမီးနဲ့ကန့်ကွက်နေတဲ့လျှို့ဝှက်တဲ့ အာဂျွန့်ယောက္ခမကြီး ကကော ဒီအမှုအခင်းတွေနဲ့ ဘယ်လိုပတ်သတ်မှုရှိနေမလဲ။IMDb Rating 8.2/10 ရထားတဲ့ ဟာသ စွန့်စားခန်း ဇာတ်ကားကောင်းလေးမလို့လက်မလွတ်တမ်းကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ် File size…3.06GB / 1.4GB / 500MB Quality…1080p WEBDL AAC 5.1CH / 720p / 360p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM & Eliza
movie
Hero (2022)
2022
7.8
Akhanda (2021)
Akhanda 2021 Drama/ Fantasy IMDb 7.9/10၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်ရုပ်ရှင်ကားကောင်းတွေထဲမှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်ကားလို့ပြောရလောက်အောင်ကိုရှယ်ကောင်းတဲ့တောင်ပိုင်းကားလေးပါ။ Box office မှာကုဋေ ၂၀၀ အထိဝင်ငွေကြမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယမြောက်ဝင်ငွေအကြမ်းဆုံးကားဆိုလည်း ဟုတ်တယ်ဗျ။Box Office မှာ ၂၀၂၁ ခုနှစ်မှာ ဒုတိယဝင်ငွေအများဆုံးဖြစ်ရတဲ့အကြောင်းကိုပြောပါဆို နာမည်ကြီးဝါရင့်သရုပ်ဆောင် Nandamuri ပါတာရယ်မင်းသမီးချောနှစ်လက်ဖြစ်တဲ့ Pragya နဲ့ Shamna တို့ပါတာကြောင့်လည်းပါတယ်ပေါ့ဗျာ။အဲလိုပြောလို့ Red Notice လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့ထိန်းသွားတဲ့ကားလားဆိုရင်တော့လည်း မဟုတ်ပြန်ဘူးဗျ။ ဇာတ်လမ်းဇာတ်ကွက်ကကုလားကားဆန်ဆန်ရိုက်ချက်တွေပါနေတာကလွဲရင်(ကုလားကားကိုးဗျ) ရှယ်ကိုကောင်းနေတာမျိုးဗျ။မျောပြီးကြည့်နေရင်းကြက်သီးထရလောက်တဲ့စကားမျိုးတွေထပြောလေ့ပြောထရှိတဲ့တောင်ပိုင်းကားတွေရဲ့ဗီဇကိုသိပြီးပြီဆိုရင်တောင် ဒီကားထဲက ကြက်သီးထစရာဇာတ်ဝင်စကားတွေကတစ်ခြားတွေနဲ့ကိုမတူတာအမှန်။ ကြည့်ရင်းမျောရင်း၊ မျောရင်းကြည့်ရင်းအဆုံးကိုဘယ်လိုရောက်လို့ရောက်သွားမှန်းမသိမယ့်ကားကောင်းမျိုးဗျ။ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် ရွှေကျေးညီနောင်ပေါ့ဗျာ။ကျေးညီနောင်နှစ်ကောင်ဟာ တစ်ကောင်က ကောင်းရာအရပ်ရောက်ပြီးကျေးလိမ္မာဖြစ်သွားပေမဲ့ တစ်ကောင်ကတော့ ဆိုးရာအရပ်ရောက်ပြီးကျေးမိုက်ဖြစ်သွားသလိုမျိုးပဲပေါ့။ ဒါပေမဲ့ မတူတဲ့အချက်ကတော့ဒီဇာတ်ကားထဲက ညီအစ်ကိုနှစ်ယောက်ကိုကျ မွေးကတည်းကဘုရားလူကြီးက နိမိတ်ဖတ်သွားတာပဲ။ ဒီတစ်ယောက်ဟာသဘာဝတရားနဲ့ တူလိမ့်မယ်၊ ဒီတစ်ယောက်ဟာ သဘာဝဘေးဆိုးနဲ့တူလိမ့်မယ်ဆိုပြီးသဘာဝတရားကိုချစ် သဘာဝဘေးဆိုးကို စွန့်ပစ်ခိုင်းခဲ့တာမျိုးပေါ့။ ဒီတော့ဗျာညီအစ်ကိုနှစ်ယောက်ထဲက သဘာဝတရားဖြစ်တဲ့တစ်ယောက်ကပြည်နယ်အုပ်ချုပ်ရေးမှူးချောချောလေးနဲ့ တစ်စခန်းသွားတော့မယ်အချိန်မှာသဘာဝဘေးဆိုးဖြစ်တဲ့တစ်ယောက်ကကျ ဘယ်လိုအရပ်ရောက်ပြီးဘယ်လောက်တောင်ဆိုးနေမယ် ညီအစ်ကိုနှစ်ယောက် ဘယ်လိုပြန်တွေ့ကြမယ်ဆိုတာမျိုးပေါ့။ဒီလိုသဘောတရားဇာတ်လမ်းတွေရှိပေမဲ့ ဒီကားလောက်တော့ ...
movie
Akhanda (2021)
2021
4.9
Pon Manickavel(2021)
Pon Manickavel (2021)ဒီတစ်ခေါက်မှာတော့ နာမည်ကြီးမင်းသား Prab Deva ရဲ့ အကြိမ် ၅၀ မြောက်သရုပ်ဆောင်မှုဖြစ်တဲ့ တမီးလ်ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေအရင်ဆုံး ဇာတ်လမ်းအကျဥ်းကို ကြည့်လိုက်ကြရအောင်ပွန် မာနီကယ်လ်ဗီဆိုသူက သေနတ်ပစ်တဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့သူဖြစ်ပြီးတော့ နိုင်ငံတကာလေ့ကျင့်ရေးသင်တန်းမှာလည်းရွှေတံဆိပ်ဆုရထားတဲ့ ထိပ်တန်း ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်ဒါမဲ့ ပွန်ဟာ အတိတ်က အမှုတစ်ခုကို စုံစမ်းပြီးတဲ့ချိန်မှာပဲ ရုတ်တရက် ရဲအလုပ်ကနေနှုတ်ထွက်ပြီးတော့ ရွာပြန်ပြီး နွားကျောင်းနေပါတော့တယ်ပွန့်လို ထိပ်တန်းရဲအရာရှိတစ်ဦးက ဘာအကြောင်းကြောင့်ဒီလိုနှုတ်ထွက်ခဲ့လဲဆိုတာကို ဘယ်သူမှလည်း မသိခဲ့ကြပါဘူးဒီလိုနဲ့ တစ်နေ့မှာ နာမည်ကြီး ဗဟိုရုံးကတရားသူကြီးတစ်ဦးသဲလွန်စ မကျန်အောင် ရက်ရက်စက်စက်ပစ်သတ်ခံရလိုက်ရပါတယ်ဒီအမှုကို စုံစမ်းဖို့အတွက် အထက်က မာနီကယ်လ်ဗီကို တာဝန်ပေးအပ်လိုက်တဲ့အခါ......ရွာပြန်နွားကျောင်းပြီး အထက်ကတာဝန်ပေးမှ အမှုပြန်စုံစမ်းတဲ့ ပွန်တစ်ယောက်လက်ဖက်ရည်လေးသောက်လိုက် မိန်းမနဲ့ အချိန်ဖြုန်းလိုက်နဲ့ အမှုကိုအေးဆေးစုံစမ်းနေပြန်တော့ ကျန်တဲ့ အဖွဲ့ဝင်တွေကလည်း သူ့ကို အမြင်မကြည်ကြတော့ပါဘူးအမှုစုံစမ်းနေရင်းမှာပဲ ဆက်တိုက်ဆိုသလို နာမည်ကြီးစုံထောက်တွေပါ အသတ်ခံနေရတဲ့အခါ.....ဒီအမှုတွေရဲ့ လူသတ်တရားခံက ဘယ်သူလဲ???အမှုတစ်ခုနဲ့ တစ်ခုရော ဘယ်လိုတွေဆက်စပ်နေတာလဲအတိတ်တုန်းက ပွန့်ကို ရဲအဖြစ်က ...
movie
Pon Manickavel(2021)
2020
8.0
Kodiyil Oruvan
နယ်ကရွာလေးတစ်ခုမှ ရွာလူကြီးနေရာကို မမျှော်လင့်ပဲ ရလာတဲ့ အမျိုးသမီးတစ်ယောက်ဟာရပ်ရွာကောင်းကျိုးအတွက် အလုပ်တွေ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ခေတ်ရယ် စနစ်ရယ်ကံမကောင်းအကြောင်းမလှတဲ့ အချင်းအရာ သူ့ဘက်မပါရင် အန္တရာယ်ပြုတတ်တဲ့ဒုစရိုက်သမား လူရမ်းကားတွေကြောင့် လင်ယောကျာ်းလဲသေ ကိုယ်တိုင်လည်းကိုယ်ဝန်ကြီးနဲ့ မီးရှို့သတ်ခံရတယ်။ ဒါပေမဲ့ သူ့သားလေးအတွက်အားဆက်တင်းရင်း အသက်ဆက်ခဲ့ပေမယ့် သူ့ဘဝကတော့ သေဆုံးသွားခဲ့ရပြီဒါ ဗီဂျေရာဂါဗန်ရဲ့ မိခင်အကြောင်းပါ သူ့အမေရဲ့ အသက်ဆက်ရှင်နေရတဲ့အကြောင်းပြချက်က သူ့သားအနေနဲ့ အရာရှိကြီးဖြစ်လာပြီး ရပ်ရွာဒေသကိုတိုးတက်အောင်လုပ်နေတာ မြင်ချင်လို့သူ့သားကလည်း တစ်ထောင်မှတစ်ယောက် တကယ့်လူလိမ္မာ လက်ရုံးရည်နှလုံးရည် ပြည့်ဝတဲ့သူ ဒါပေမဲ့ မြို့ပေါ်မှာ အစိုးရဝန်ထမ်းလုပ်ဖို့ စာမေးပွဲလာဖြေတဲ့အချိန်သူကတော့ ကလေးတွေစာသင်ပေးလိုက် ရပ်ကွက်ထဲ အမှိုက်ရှင်းလိုက်နဲ့ ကောင်းတာတွေပဲလုပ်နေပေမယ့် ကံကြမ္မာတစ်ပတ်လည်ပြီး လူဆိုးတွေနဲ့ သူရောရင်ဆိုင်ရတဲ့အခါမှာ....ဘာဆက်ဖြစ်မလဲ။ အလုပ်ရယ် ပညာရေးရယ် မိခင်ကိုပဲ စိတ်ထဲရှိတဲ့ ဗီဂျေရာ ဂါဗန်တစ်ယောက်ဘဝအမောတွေကို သူ့ဖြေဖျောက်ပေးချင်နေတဲ့ကောင်မလေးချောချောလေးကိုရော ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာဆက်လက်ကြည့်ရှုခံစားရဦးမှာပါ File size…2.23GB / 1.37GB Quality…True WEB DL 1080p / ...
movie
Kodiyil Oruvan
2021
8.3
Baahubali: The Beginning (2015) Bahubali
IMDb Rating (8/10) / Rotten Tomatoes (89%)မူရင်းအသံဖြစ်တဲ့ Telugu အသံနဲ့ International Cut Version ကို HEVC Encode နဲ့ပါ တင်ဆက်လိုက်ပါတယ်။ဗာဟုဘာလီဇာတ်ကားကတော့ Action, Adventure, History အမျိုးအစား ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန် သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး ...
movie
Baahubali: The Beginning (2015) Bahubali
2015
HEVC 1080p BluRay
7.4
Maryada Ramanna(2010)
Maryada Ramanna(2010) IMDb ratings : 7.4/10 Google Users:92%Budget ₹120 million Box Office ₹300–400 millionဒါရိုက်တာ S.S.Rajamouli ဆိုတာ တောင်ပိုင်းရုပ်ရှင်လောကထဲကို စဝင်ပါပြီဆိုကတည်းက ကားရိုက်ခပ်ကျဲကျဲနဲ့ အကောင်းဆုံးဖြစ်အောင်ပုံဖော်ရိုက်ကူးတတ်တဲ့ ဒါရိုက်တာတစ်ယောက်ပါ။ Eega(ယင်ကောင်ကလဲ့စား),Magadheera (နှစ်ဘဝကလဲ့စား) တို့လို ဇာတ်ကားတွေနဲ့ မြန်မာပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့ရုံမက Baahubali 1+2 တို့လို လက်ရာကောင်းပြီး ကမ္ဘာကျော်ခဲ့တဲ့ ဇာတ်ကားတွေကိုပါ ဖန်တီးမှုလက်ရာကောင်းမွန်စွာနဲ့ ကမ္ဘာကို ချပြခဲ့သူပါ။ကိုင်း ဒီလောက်ဆိုရင် မင်းသားလည်း မပါ ၊ မင်းသမီးကလည်း နာမည်မကြီးတဲ့ မင်းသမီးပဲ ပါတဲ့ ဒီဇာတ်ကားကို ဘာ့ကြောင့်တင်ဆက်ပေးလဲဆိုတဲ့အဖြေကို သိလောက်ပါပြီ။ဒီဇာတ်ကားထဲမှာ မင်းသားထက် ၊ ဟာသသရုပ်ဆောင် ဇာတ်ပို့ဇာတ်ရံအနေနဲ့သာ Telugu ပရိတ်သတ်တွေကြားမှာအမှတ်ရနေကြတဲ့ Sunil ကို Leading Role ထားပြီး ရိုက်ထားတာ....S.S.Rajamouli ရိုက်တဲ့ကားဆိုတော့ Sunil အတွက်မှတ်တိုင်တစ်ခု ဖြစ်စေခဲ့သလို စီးပွားရေးအရလည်း အောင်မြင်ခဲ့ပြီး ၊ ဘာသာစကားငါးမျိုးနဲ့ ...
movie
Maryada Ramanna(2010)