Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shin Goo
7.4
Going by the Book (2007)
Going by the Book (2007) ************************* အကောင်းဆုံးထဲမပါပေမယ့် ၂ မိနစ်ခြားတစ်ခါ ရယ်ပြီး တစ်ကြိမ်ကို ၅၈ စက္ကန့် လောက်ရယ်ရစေမယ် ဒီကားကြည့်နေရင်း စင်ကာပူကိုကျော်မည်နှင့် ထူးဆန်းသော မြေအောက်မြို့တော်ကြီး ဇာတ် လမ်းလိုခွီကနဲ ခွီကနဲ ဖြစ်သွားစေမယ့် ကားပါ။ "- လက်ဝှေ့ချန်ပီယံနဲ့ ဝူရှုးချန်ပီယံ ဖိုက်ရင် ဘယ်သူနိုင်မလဲ " ဒီကားကို ၂၀၀၇ ခုနှစ် အောက်တိုဘာမှစပြသခဲ့ပြီး တစ်ကားလုံးကို ၁၀၂ မိနစ်ကြာမြင့်ပါတယ်။ IMDb Rating 7.4 ၊ AsianWiKi 93 ရရှိထားပါတယ်။ CJ Entertatinment ကထုတ်လုပ်ထားပြီး ကိုရီးယား ဘာသာစကားပြောရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာ ကန်ဒေါ်လာ ၁၄ သန်းကျော်ရရှိခဲ့ပါတယ်။ ဒီကားစတင်ပြသတဲ့ အပတ်မှာ ဝင်ငွေအကောင်းဆုံး ကားအဖြစ်ရပ်တည်ခဲ့ပါတယ်။ ဒီကားမှာ ဆုတွေရထားတာတော့မတွေ့ရှိပါဘူး။ ဒီဇာတ်လမ်း ရဲ့ script က တော်တော်လေးကောင်းပါတယ်။ script ကောင်းလို့ ကြည့်ရတာ ပိုပြီးအရသာရှိသွားတာပါ။ sex အသားပေးဟာသ ၊ လူငယ်တွေဘဲနားလည်နိုင်တဲ့ ဟာသ၊ စူပါဟီးရိုးတွေ ကို သောက်တစ်လွဲပြန်ရိုက်ထားတဲ့ ဟာသ အချစ်ဟာသ ဒီလိုဟာသတွေနဲ့ ...
movie
Going by the Book (2007)
2007
7.6
Christmas in August (1998)
Christmas in August ( 1998 )သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ...
movie
Christmas in August (1998)
1998
6.9
Forbidden Dream(2019)
Forbidden Dream(2019)Historical ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၉ က ထွက်ရှိထားတဲ့ ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ် ...ဒီဇာတ်ကားလေးမှာတော့ ဂျိုဆွန်းဟာ တရုတ် မင် အင်ပါယာရဲ့ လက်အောက်ခံ အဖြစ် ရှိနေတုန်းက အချိန်ကို ရိုက်ကူးပြသထားတာပါ..ဇာတ်လမ်းအကျဉ်း.......ဂျန်ယောင်ရှီ ဟာ အရည်ချင်းရှိတဲ့ အမတ်တစ်ယောက်ဖြစ်ပြီး ဘုရင်နဲ့ နှစ် ၂၀ကြာသူငယ်ချင်း သံယောဇဥ် ရှိသူပါ...လူတန်းစားမခွဲတတ်တဲ့ ဆယ်ဂျုံဘုရင်ကြီးက အစေခံတစ်ယောက်ဖြစ်တဲ့ ဂျန်ယောင်ရှီရဲ့ တီထွင်နိုင်စွမ်းကိုသဘောကျပြီး အမတ်နေရာ ပေးခဲ့ပါတယ်...အဲ့နောက်မှာ ဂျန်ယောင်ရှီနဲ့ တူတူ တီထွင်မှုမျိုးစုံစတင်ပါတော့တယ်...သူတို့တီထွင်မှုကို မြောင်နိုင်ငံက သိသွားတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါ...ဒီကားကကိုးရီးယားရဲ့အထင်ကရမင်းသားကြီးဖြစ်တဲ့ Min-sik Choi ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်...ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းတဲ့အပြင် ဒိတ်ဒိတ်ကျဲမင်းသားကြီးဖြစ်လို့ကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (1.02 GB) and (523 MB) Quality : FHDRip 720p Format…mp4 Duration…01:30:00 Genre : History ...
movie
Forbidden Dream(2019)
6.8
Postman to Heaven (2009)
[Unicode]အခုCMကနေထပ်တင်ပေးမယ့်Koreaကားလေးကတော့ မင်းသမီးချော Han Hyo Joo ပါတဲ့ Postman to heaven ဆိုတဲ့ကားလေးပါ ကားလေးကအေးအေးလေးဆိုပေမယ့် romantic ဖြစ်ပြီး မိုးအေးအေးနဲ့ကြည့်လို့ကောင်းတာပါနော်သေလွန်ပြီးကောင်းကင်ဘုံရောက်သွားမယ့်လူတွေဆီ ကျန်ရစ်သူတွေက ပို့သမျှစာတွေကို မင်းသားနဲ့မင်းသမီးက ပို့ပေးဟန်ဆောင်ကြတဲ့ကားလေးပါ နောက်ဆုံးပိုင်းမှာလည်း supriseလေးတစ်ခုပါတဲ့ကားလေးပါ ။[Zawgyi]အခုCMကနေထပ်တင်ပေးမယ့်Koreaကားလေးကတော့ မင်းသမီးချော Han Hyo Joo ပါတဲ့ Postman to heaven ဆိုတဲ့ကားလေးပါ ကားလေးကအေးအေးလေးဆိုပေမယ့် romantic ဖြစ်ပြီး မိုးအေးအေးနဲ့ကြည့်လို့ကောင်းတာပါနော်သေလွန်ပြီးကောင်းကင်ဘုံရောက်သွားမယ့်လူတွေဆီ ကျန်ရစ်သူတွေက ပို့သမျှစာတွေကို မင်းသားနဲ့မင်းသမီးက ပို့ပေးဟန်ဆောင်ကြတဲ့ကားလေးပါ နောက်ဆုံးပိုင်းမှာလည်း supriseလေးတစ်ခုပါတဲ့ကားလေးပါ ။ Translated by Hnin Wut Yi Encoded by NAL
movie
Postman to Heaven (2009)
7.1
Shoot Me In The Heart ဇာတ်ကားကတော့ Director : Je-Yong Mun ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့ Korean Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 7.1/10 Box office - US$2.6millionဒီဇာတ်ကားထဲမှာဆိုရင် မင်းသား Lee Min-ki နှင့် Yeo Jin-goo တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။"တစ်ချို့လူတွေက ရူးလို့ အရူးဆေးရုံ(အရူးထောင်)ရောက်လာပေမယ့် တစ်ချို့ကတော့ အရူးဆေးရုံ(အရူးထောင်)ကို အပို့ခံလိုက်ရတာကြောင့် တကယ်ရူးသွားကြပါတယ် "***ဇာတ်လမ်းအညွှန်း***Soo-myung နဲ့ Seung-Min ဆိုသော အရူးနှစ်ကောင်ဟာ အရူးဆေးရုံ(အရူးထောင်)မှာ မထင်မှတ်ပဲတွေ့ကြတာကနေ ဇာတ်လမ်းစထားပါတယ်။Soo-myung ကတော့ သူအသက် ၁၉နှစ်အရွယ်တုန်းက သူ့အမေကိုယ်ကိုကိုယ်သတ်သေတာကို မြင်ခဲ့ရတဲ့စိတ်ဒဏ်ရာကြောင့် ရူးသွားတဲ့အပြင် ကတ်ကြေးမြင်တိုင်း ကြောက်နေရပါတယ်။ ဒါပေမယ့် Seung-Min ကတော့ လူကောင်းနီးပါးပါ။ သူက Paraglider Champian တစ်ဦးဖြစ်ပြီး မိသားစုပြဿနာကြောင့်မထင်မှတ်ဘဲ အရူးဆေးရုံ(အရူးထောင်) ကို ရောက်လာခဲ့ရပါတယ်။Soo-myung က အရင်တုန်းကတော့ ဆေရုံမှာသာ ပျော်ပြိးဆော့နေပေမယ့် Seung-Min ရောက်လာတဲ့အခါမှာတော့ အပြောင်းအလဲကြီးဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ Seung-Min က ထိုအရူးဆေးရုံ(အရူးထောင်)မှ ထွက်ပြေးဖို့ကြိုးစားနေလို့ပါပဲ။ ထိုနောက် Soo-myung ကပါ အတူတူထွက်ပြေးဖို့ ပြောလာခဲ့မှာဆိုရင်တော့.... ထိုအရူးနှစ်ကောင် ထိုအရူးဆေးရုံ(အရူးထောင်)မှ ဘယ်လိုလွတ်အောင် ကြံကြမလဲ... တစ်ခြားအရူးတွေကရော သူတို့နှစ်ယောက်ကို လွတ်မြောက်အောင် ဘယ်လိုဘယ်လိုကူညီပေးကြမလဲ...ဒီဇာတ်ကားထဲမှာဆိုရင်တော့ သူတို့အရူးနှစ်ယောက်ရဲ့ အလွဲလွဲအချော်ချော်ဟာသတွေ ...
movie
Shoot Me in the Heart (2015)
2015
7.0
Daddy You, Daughter Me (2017)
ဒီကားလေးကတော့ အဖေနဲ့သမီး ၇ရက်တာ စိတ်ပြောင်းသွားတဲ့အကြောင်းလေးကို ဂျပန်ဝတ္တုတစ်ပုဒ်ကိုမှီငြမ်းပြီး ရိုက်ကူးထားတာပါ။ ဖခင်နဲ့ဆယ်ကျော်သက်အရွယ်သမီးကြားက ဆက်ဆံရေးကိုရိုက်ကူးထားတဲ့အတွက် ပျင်းစရာကြီးလို့တော့မထင်နဲ့နော်။ စိတ်ချင်းပြောင်းသွားတဲ့ အဖြစ်အပျက်လေးကို ဟာသလေးများနဲ့ ရယ်မောစရာရိုက်ကူးတင်ဆက်ထားတဲ့ Drama,comedyကားလေးမို့ အရမ်းကိုရယ်ရပါတယ်။ ဒိုယွန်း(Jung So Min)ကစာကျက်ဖို့ပဲပြောနေတဲ့အဖေ(Yoon Je Moon) နဲ့အဆင်မပြေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ အဘိုးအိမ်ကနေပြန်တဲ့လမ်းမှာ သားအဖနှစ်ယောက်စကားများကြရင်း နေရာချင်းလဲချင်တဲ့အကြောင်းပြောမိကြပါတယ်။ သူတို့ရဲ့စိတ်ဆန္ဒတွေကို ဆုတောင်းပြည့်သစ်ပင်ကြီးအောက်မှာပြောမိလို့ သူတို့စကားတွေဟာ အတည်ဖြစ်လာခဲ့ပါတယ်။ ဆက်ဆံရေးအဆင်မပြေပေမယ့် ၇ရက်အတွင်းရန်မဖြစ်မှ ပုံမှန်ခန္ဓာပြန်ရမယ်ဆိုတဲ့အဖိုးရဲ့စကားကြောင့် သားအဖနှစ်ယောက်သင့်သင့်မြတ်မြတ်နေကြရင်းဆယ်ကျော်သက်ကောင်မလေး ဒိုယွန်းတစ်ယောက် သူ့အဖေခန္ဓာကိုယ်နဲ့ ကုမ္ပဏီကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲ??? ဒိုယွန်းရဲ့ခက်ခဲလှတဲ့စာတွေကိုရော ဖခင်ဝန်းဆောင်းထယ်တစ်ယောက် အဆင်ပြေပြေပြေကျက်မှတ်နိုင်ပါ့မလား??? သမီးကိုသူ့ထက်ပိုချစ်တဲ့သူရှိလာမှာစိုးရိမ်နေတဲ့ ဖခင် ဝန်းဆောင်းထယ်တစ်ယောက် ဒိုယွန်းကြိတ်ကြိုက်နေရတဲ့ စီနီယာနဲ့အဆင်ပြေပါ့မလား??? စတဲ့ဇာတ်ဝင်ခန်းလေးတွေကို ဟာသပြကွက်လေးနဲ့ဖော်ပြထားပြီး ဖခင်နဲ့သမီးအကြားဆက်ဆံရေးကို ပေါ်လွင်အောင်ဖော်ပြထားတဲ့အတွက်အနှစ်သာရရှိတဲ့ကားလေးပါ။ ဒါ့အပြင် ဟန်ဆောင်အနမ်းဆိုတဲ့ကားလေးနဲ့ ပရိသတ်ရင်ခွင်ထဲရောက်လာတဲ့ မင်းသမီး Jung So Min ရဲ့ကားလေးမို့ So Min Fanတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ (ဘာသာပြန်သူကတော့ ကြာဖြူလွင်ပါ)File Size : (850 MB) and (330 MB) Quality : ...
movie
2017
6.4
Bluebeard (2017)
movie
Bluebeard (2017)
2017