Channel Myanmar

Todd Farmer

My Bloody Valentine (2009) 5.4
My Bloody Valentine (2009) My Bloody Valentine (2009) =====================ဟောလိုးဝင်းနဲ့လိုက်မယ့် အတော်အသင့် ခြောက်ခြားစရာ ရုပ်ရှင်တစ်ကားကို ရွေးကြည့်မယ်ဆိုရင် My Bloody Valentineက မဆိုးတဲ့ကားပါပဲ။SuperNaturalရဲ့ Dean Winchester , Jesen Ackelesရဲ့ Box Officeမှာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်တယ်။ SuperNatural အစောပိုင်းကာလနဲ့ ခပ်ဆင်ဆင်အရသာလိုချင်တဲ့ Dean ပရိတ်သတ်တွေအတွက် အကြိုက်တွေ့မယ့် ကားမျိုးလည်းဟုတ်တယ်။တစ်ခုရှိတာက ဒီရုပ်ရှင်က Slasher filmပါ။ ပြောရရင်တော့ ‌‌ချွန်ထက်တဲ့လက်နက်တွေနဲ့ ခန္ဓာကိုယ်ကို ဟက်တက်ခွဲ လူသတ်‌တာတွေပြတဲ့ Horror Filmတစ်မျိူးပါပဲ။ အရမ်းကြီးတော့ ကြောက်ဖို့မကောင်းလှပါဘူး။ ခေါင်းကို ကိတ်မုန့်ခွဲသလို ပါးစပ်ကနေ ဂေါ်ပြားထိုးစိုက်ပြီး လှီးပစ်တာလောက်ပဲပါပါတယ်။အားနည်းချက်ကတော့ တရားခံကိုထင်ယောင် ထင်မှားဖြစ်အောင် ပတ်ပြပြီး Plot twistလေး ထည့်ထားပေမယ့် ဇာတ်ကြောင်းအရ တရားခံကသိသာလွန်းနေတာပါပဲ။ တရားခံကို ဖုံးဖို့ အားစိုက်မကြိုးစားဘဲ ဒီအတိုင်းရေလိုက်ငါးလိုက်လေး ထားလိုက်ရင် ဒီကားရဲ့ Ratingက ဒီထက်ပိုကောင်းသွားမှာပါ။ Box officeမှာ အောင်မြင်တယ်ဆိုတော့ အများစုတော့ ကြိုက်ကြပုံပါပဲ။Jesen ...
movie

My Bloody Valentine (2009)

Don’t Kill It (2016)
Don’t Kill It (2016)  Don't Kill It အဲ့ဒါကိုမသတ်ပါနဲ့။ဒီဇာတ်ကားနာမည်ကအဲ့ဒါပါ။ဘာကိုမသတ်ရမှာလဲ။ဘာလို့မသတ်ရမှာလဲ။သိချင်ရင်တော့ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ ချီကရီခရိခ်ဆိုတဲ့နယ်မြို့သေးသေးလေးမှာ လူသတ်မှုတွေအများကြီးဖြစ်ပေါ်နေခဲ့ပါတယ်။လူသတ်မှုက တစ်ယောက်ချင်းစီသတ်တာမျိုးမဟုတ်ပဲတစ်ခါတစ်ခါသေရင် သုံးလေးယောက်အစုလိုက်အပြုံလိုက်ပါပဲ။အဲ့ဒါကဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒေသခံရဲတွေကလဲ မသိကြသလိုလူသတ်သမားကိုလဲ မဖမ်းနိုင်ကြပါဘူး။ဒီလိုနဲ့အဲ့ဒီမြို့ကိုရောက်နေတဲ့မကောင်းဆိုးဝါးမုဆိုးက ရဲစခန်းကိုသွားပြီးတော့ ဒီလူသတ်မှုတွေကမကောင်းဆိုးဝါးကြောင့် ဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒါပေမယ့်ဘယ်သူမှမယုံတဲ့အတွက် ထောင်ထဲအထည့်ခံလိုက်ရပြီးတော့ အဲ့ဒီမြို့လေးမှာငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့ FBI ကအေးဂျင့်ပီးယာ့စ်က သူပြောတဲ့အတိုင်းဖြစ်နေတာကိုမြင်လိုက်ရမှ လာထုတ်ပေးခဲ့ပါတယ်။အဲ့ဒီလိုလူသတ်မှုတွေဖြစ်အောင်လုပ်နေတဲ့မကောင်းဆိုးဝါးက တခြားမကောင်းဆိုးဝါးတွေလိုမဟုတ်ပဲနဲ့ သူပူးကပ်ထားတဲ့ခန္ဓာကိုယ်ကို သတ်တဲ့ခန္ဓာကိုယ်ထဲကို ပြောင်းရွှေ့တတ်တဲ့မကောင်းဆိုးဝါးပါ။အဲ့ဒါကြောင့် အဲ့ဒီမကောင်းဆိုးဝါးကို မသတ်ရမှာကိုမသိပဲနဲ့ လူတွေကသတ်မိနေတော့မကောင်းဆိုးဝါးက တစ်ယောက်ပြီးတစ်ယောက်ကိုပူးကပ်နေပါတော့တယ် ။ ဒီလိုနဲ့မကောင်းဆိုးဝါးမုဆိုးနဲ့အေးဂျင့်ပီးယာ့စ်တို့ပူးပေါင်းပြီးတော့ အဲ့ဒီမကောင်းဆိုးဝါးကိုမသတ်ပဲနဲ့ဘယ်လိုနှိမ်နင်းမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 583MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 23m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie

Don’t Kill It (2016)

Cheap Thrills (2013) 6.7
Cheap Thrills (2013) IMDB 6.7/10 ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့Craig Daniels (ခရေ့ဂ်ဒန်နီရယ်စ်) ဆိုတဲ့လူတစ်ယောက်ကအလုပ်ပြုတ်လို့ စိတ်ညစ်ပြီး ဘားမှာအရက်သွားသောက်တော့သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်သူ Vince (ဗင့်စ်) ရယ်ပိုက်ဆံအရမ်းချမ်းသာတဲ့ လင်မယားနှစ်ယောက်နဲ့ တွေ့မိတယ်။ထူးဆန်းတာက ယောကျာ်းဖြစ်တဲ့သူက အပျော်အဖြစ်နဲ့သူတို့နှစ်ယောက်ကို အရမ်းလွယ်တဲ့ challenge တွေလုပ်ခိုင်းပြီးငွေအများကြီးပေးတာပဲ။ဒါပေမဲ့ သူတို့မသိခဲ့တာကတော့ အဲဒီလင်မယားနှစ်ယောက်ဟာအကြံတစ်ခုနဲ့လုပ်နေတယ်ဆိုတာကိုပဲ။ဘယ်လိုမျိုးအကြံနဲ့ သူတို့ဒါကိုလုပ်နေတယ်ဆိုတာကိုတော့CM ပရိသတ်များ ကိုယ်တိုင်ကြည့်ရှုရင်းခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ File size…  1  GB /  458 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Cheap Thrills (2013)

2013