Channel Myanmar

Action

Indiana Jones and the Kingdom of the Crystal Skull (2008) 6.2
Indiana Jones and the Kingdom of the Crystal Skull (2008) Indiana Jones and the Kingdom of the Crystal Skull (2008)IMDb Rating (6.2) / Rotten Tomatoes (77%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ ...
movie

Indiana Jones and the Kingdom of the Crystal Skull (2008)

2008
4K HEVC
Indiana Jones and the Last Crusade (1989) 8.2
Indiana Jones and the Last Crusade (1989) Indiana Jones and the Last Crusade (1989)IMDb Rating (8.4) / Rotten Tomatoes (84%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ...
movie

Indiana Jones and the Last Crusade (1989)

1989
4K HEVC
Indiana Jones and the Temple of Doom (1984) 7.6
Indiana Jones and the Temple of Doom (1984) Indiana Jones and the Temple of Doom (1984)IMDb Rating (7.5) / Rotten Tomatoes (77%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ ...
movie

Indiana Jones and the Temple of Doom (1984)

1984
4K HEVC
Indiana Jones and Raiders of the Lost Ark (1981) 8.4
Indiana Jones and Raiders of the Lost Ark (1981) Indiana Jones and Raiders of the Lost Ark (1981)IMDb Rating (8.4) / Rotten Tomatoes (93%)++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ ...
movie

Indiana Jones and Raiders of the Lost Ark (1981)

1981
4K HEVC
Message from the King (2016) 6.4
Message from the King (2016)  ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Black Pantherမင်းသားChadwick Boseman သရုပ်ဆောင်ထားတဲ့ action crime drama movieလေးပဲဖြစ်ပါတယ်....။နောက်ပြီး ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့လေသံ၊ စကားပြောဟန်ဟာBlack Pantherရဲလေသံနဲ့တူတူပဲလို့ အင်တာဗြူးတစ်ခုမှာဖြေသွားဖူးပါတယ်...။ဒီတော့ Black Pantherတစ်ဖြစ်လဲ မင်းသား Chadwick Bosemanရဲ့သရုပ်ဆောင်ပုံကို အလွမ်းပြေ ကြည့်ရှုလို့ရမယ့်ကားလေးဖြစ်ပါတယ်...။ညီမဖြစ်သူကိုရှာပုံတော်ဖွင့်တဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပြီးမင်းသား Chadwickကလည်း စူပါဟီးရိုးသရုပ်မဟုတ်ဘဲ လူကောင်းတစ်ယောက်၊ကြေကွဲနေတဲ့ အစ်ကိုတစ်ယောက်ရဲ့သရုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်ပြသွားပါတယ်...။ ဇာတ်လမ်းအကျဥ်းကတော့...ဂျက်ကော့ဟာ ညီမဖြစ်သူဘီယန်ကာကိုရှာဖို့အတွက်နဲ့ ‌အာဖရိကကနေလော့စ်အိန်ဂျယ်လစ်ကိုတက်လာပါတယ်...။သူသိတာဆိုလို့ ညီမဖြစ်သူက သူ့အကူအညီလိုနေတယ်၊ပျောက်ဆုံးနေတယ်...ဆိုတာကလွဲပြီး ကျန်တာနတ္ထိပါ...။အဲ့လိုကနေ တစ်စပြီးတစ်စသိအောင် စုံစမ်းရင်းနဲ့ ညီမဖြစ်သူပျောက်ဆုံးရတာဟာမသမာသူလူတစ်စုရဲ့လက်ချက်ဖြစ်မှန်းသိသွားတဲ့အခါမှာတော့...ဘုရင်ကြီးရဲ့ ရာဇသံက ဘာဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရှုလို့ရပါပြီ...။ File size…2.81GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Message from the King (2016)

Beyond the Edge (2018) 5.5
Beyond the Edge (2018)  မိုက်ကယ်ဆိုတဲ့ လူတစ်ယောက်ကသူများတွေမသိအောင် အကွက်တွေရွှေ့ပြီးလိမ်လည်လှည့်ဖျားပြီး ပိုက်ဆံတွေရအောင်လုပ်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလဲ ကာစီနိုတစ်ခုဆီက ပိုက်ဆံအများကြီးရဖို့အတွက် အဲ့ဒီကာစီနိုမှာ အလုပ်သမားအနေနဲ့သုံးလလောက်ဝင်လုပ်ခဲ့ပြီး အချိန်ကျလာတဲ့အခါမှာတော့ သူ့ရဲ့မဟာအစီအစဉ်ကြီးကို အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ အားလုံးအဆင်ပြေ ချောမွေ့နေပြီးနောက်ဆုံးကျမှပဲ ပါးစပ်နားရောက်နေတဲ့ ထမင်းလုတ်ပုတ်ချခံရသလို သူ့ပိုက်ဆံတွေအားလုံးလဲ တခြားသူတစ်ယောက်ဆီပါသွားပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အကြောင်းကိုသိသွားတဲ့ ကာစီနိုပိုင်ရှင်ကလဲ နရင်းတွေအုပ်ပြီးတော့ သူဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံ ငါးသန်းကိုတစ်ပတ်အတွင်းပြန်တောင်းပါတော့တယ်။ ဒီလိုနဲ့ အစီအစဉ်တွေသေချာချပြီး လုပ်ခဲ့တဲ့မိုက်ကယ်တစ်ယောက် သူဘယ်လို သူများလှည့်စားတာခံလိုက်ရတာလဲဆိုတာကိုစုံစမ်းကြည့်တဲ့အခါမှာတော့ သွေးရိုးသားရိုးမဟုတ်ပဲ သဘာဝလွန်စွမ်းအားတွေကြောင့်ဆိုတာကိုသိခဲ့ရပါတယ်။ဒီလိုနဲ့မိုက်ကယ်လဲ တစ်ပတ်အတွင်းသူပြန်ပေးရမဲ့ ပိုက်ဆံတွေပြန်ရဖို့အတွက် အဲ့လိုမျိုးသဘာဝလွန်စွမ်းအားတွေရှိတဲ့ လူတွေနဲ့ပေါင်းပြီး အဖွဲ့တစ်ခုဖွဲ့လိုက်ပြီး ပိုက်ဆံတွေကိုပြန်ရအောင်ကြိုးစားတဲ့ပုံကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.76GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Beyond the Edge (2018)

Spartan (2004) 6.5
Spartan (2004)  စကော့ဟာ ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့တပ်သားအသစ်တွေကို လေ့ကျင့်ပေးတဲ့ စစ်ရေးနည်းပြတစ်ယောက်ပါ...။တစ်နေ့မှာတော့ ကောင်မလေးတစ်ယောက်ပြန်ပေးဆွဲခံရတဲ့ အမှုမှာသူလည်းပါဝင်စုံစမ်းပေးဖို့ အမိန့်ကျလာပါတယ်...။ပြန်ပေးဆွဲသွားတဲ့အကြောင်းအရင်းက လူကုန်ကူးဖို့၊လိင်လုပ်သားအဖြစ်အတင်းအကြပ်စေခိုင်းဖို့ပါ...။ဒါပေမဲ့ ပြန်ပေးသမားတွေမသိတာ ဒီကောင်မလေးဟာ အစိုးရအရာရှိကြီးတစ်ယောက်ရဲ့သမီးဖြစ်နေရော....။ဒီတော့ ပြန်ပေးသမားတွေ မသိခင် ကောင်မလေးကို ပြန်ကယ်မယ့်တာဝန်ဟာစကော့ခေါင်းပေါ်ကျရောက်လာပြီး...စကော့တစ်ယောက် ဘယ်လိုစုံစမ်းထောက်လှမ်းကယ်ထုတ်မလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ....။ File size…1.86GB / 655MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 46m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Spartan (2004)

Mob Land (2023) 5.5
Mob Land (2023) Mob Land (2023)မင်းသားကြီး John Travolta ပါဝင်ထားပြီး မူးယစ်ဆေးစွဲသူတွေ ဆေးရောင်းတဲ့ လူဆိုးဂိုဏ်းတွေနဲ့ မသမာသူတွေ ကြီးစိုးနေတဲ့ မြို့အကြောင်းအခြေတည်ထားတဲ့ Action ရုပ်ရှင်သစ်တစ်ကားပါ။ယခင်က ပြိုင်ကားမောင်းသမားဖြစ်ခဲ့တဲ့ ရှယ်ဘီဟာ ဇနီး သမီးလေးနဲ့အတူ မြို့ငယ်လေးမှာ အခြေချခဲ့ပါတယ်။ သူ့အလုပ်က မြို့လေးနဲ့မအပ်စပ်တဲ့အတွက် သူတို့မိသားစုက အဆင်ပြေလှတယ်ရယ်တော့မဟုတ်ပါဘူး။ ယောက်ဖဖြစ်သူ ထရေးနဲ့ အသိ ရဲမှူးဘိုဒီတို့ကလည်း မကြာခဏလာလည်ကြပါတယ်။ဇနီးနဲ့သမီးလေး ဆွေမျိုးတွေဆီခဏသွားတဲ့အခါ ထရေးက ဆေးရောင်းသမားတွေဆီက ငွေကို ဓားပြတိုက်ဖို့ လာဆွယ်ပါတယ်။ ရှယ်ဘီက မလုပ်ချင်ပေမယ့် ငွေလိုနေတာရော ထရေးအဆွယ်ကောင်းတာကြောင့်ရော သဘောတူလိုက်ပါတယ်။အစီအစဉ်ဆွဲတုန်းကတော့ အဆင်ချောပေမဲ့ လက်တွေ့မှာ ထင်သလိုမဖြစ်လာဘဲ ထရေးက လူသတ်မိတဲ့အခါ...သူတို့ဓားပြတိုက်မိတာက မာဖီးယားဂိုဏ်းက ငွေတွေဖြစ်ပြီး အရှုပ်တွေဆက်တိုက်ဖြစ်လာတဲ့အခါ...ထရေးတို့ကို လက်စားချေဖို့ မာဖီးယားဂိုဏ်းက လူ လိုက်လာတဲ့အခါ...ရှယ်ဘီကရော ဘယ်လို ပြစ်မှုတွေ ဆက်လုပ်ရဦးမလဲ သူတို့ကျူးလွန်ခဲ့တဲ့အပြစ်အတွက် ဘာတွေပြန်ပေးဆပ်ရမလဲဆိုတာ စိတ်၀င်စားဖွယ် အားပေးရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune ...
movie

Mob Land (2023)

2023
The White Storm 3: Heaven or Hell ( 2023 ) 6.3
The White Storm 3: Heaven or Hell ( 2023 ) The White Storm ရဲ့တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားမှာတော့ အရင်ဇာတ်ကားကမင်းသားကြီးဖြစ်တဲ့ Louis Kooတစ်ယောက်ပဲပြန်ပါလာပြီး မင်းသားကြီး Aaron Kwok နဲ့ Sean Lau တို့ထပ်ပါဝင်လာပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာ မရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်း ရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကို တင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေ အိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက် မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့ အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon  Encoded by LK
movie

The White Storm 3: Heaven or Hell ( 2023 )

Meg 2: The Trench (2023) 6.0
Meg 2: The Trench (2023)  မင်းသား ဂျေဆန်စတက်သန်ရဲ့ ငမန်းကား ဒုတိယပိုင်းလာပါပြီ။ဒီအပိုင်းက ပထမဆုံးငမန်းကားလောက် ငမန်းအရသာမပေးတဲ့အတွက်rating နည်းပြီး ရုံဝင်ငွေနည်းနေပေမဲ့ အက်ရှင် ဟာသကားအဆင့်အနေနဲ့ဆိုဖျော်ဖြေမှုပေးနိုင်တဲ့ ကားကောင်းလို့ ပြောလို့ရပါတယ်။ ဂျေဆန်နဲ့အတူတရုတ် မင်းသား ဝူကျင်းလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကျောက်မင်ဟာ သမုဒ္ဒရာထိန်းသိမ်းရေးနဲ့လေ့လာရေးအဖွဲ့ကြီးကိုတည်ထောင်ထားတဲ့သူဖြစ်ပါတယ်။ ဂျိုးနက်ဖမ်းမိခဲ့တဲ့ မက်ဂါလိုဒန်ငမန်းပေါက်စလေးကိုလည်း မွေးထားပေးတဲ့သူပါပဲ။ အဲဒီအဖွဲ့အစည်းကနေပင်လယ်ရေအောက် ပေ ၂၅၀၀၀ ကျော်ကို သွားဖို့ ယာဉ်တွေနဲ့ ဝတ်စုံတွေတီထွင်ပြီး ကျောက်မင်နဲ့ဂျိုးနက်တို့ ရေနက်တူးမြောင်းကြီးထဲကို လေ့လာရေးခရီးအတူထွက်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ခရီးလမ်းက မချောမွေ့ဘဲမက် ငမန်းတွေနဲ့တွေ့ ယာဉ်တွေပျက် ရန်သူတွေတွေ့ပြီး အသက်ရှင်ဖို့ ရုန်းကန်ကြရတဲ့အခါ... File size… 5GB/2.35 GB /  1.01 GB Quality…WEB-DL 4K HEVC./1080p 5.1 CH /  720p Format…mp4 Duration….1h 56m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Meg 2: The Trench (2023)

4K HEVC
Highwaymen (2004) 5.6
Highwaymen (2004)  မော်လီဟာ သူငယ်ချင်းဖြစ်သူ အဲလတ်စ်နဲ့ကားမောင်းပြီး အိမ်ပြန်နေချိန်မှာ ကားတစ်စီးက သူတို့ကိုအချက်ပြပြီးကျော်သွားလိုက်တယ်။ ခဏအကြာ လှိုဏ်ခေါင်းထဲ အဝင်မှာ ကားမတော်တဆဖြစ်မှုတစ်ခုကိုတွေ့လိုက်ရတယ်။ ဒဏ်ရာရသူတွေကူညီဖို့အတွက် သူငယ်ချင်းနှစ်ယောက် အပြင်ထွက်လိုက်ကြတယ်။ မော်လီကို ဒဏ်ရာရသူတွေကိုကြည့်ခိုင်းထားပြီး အဲလတ်စ်ကတော့ လမ်းပေါ်တက်ပြီး အကူအညီတောင်းတဲ့အခါကားတစ်စီးက အဲလတ်စ်ကို တမင်ဝင်တိုက်ပြီးသတ်လိုက်တယ်။ ဖြစ်ရပ်အစအဆုံးကို မြင်သွားတဲ့ မော်လီကိုထပ်တိုက်မယ်အလုပ်မှာ လူတစ်ယောက်ရောက်လာတဲ့  အတွက် ထွက်ပြေးသွားတယ်။ နောက်တော့ရဲတွေရောက်လာပြီးမော်လီကိုကယ်ဆယ်ပေးလိုက်ကြတယ်။စိတ်ဒဏ်ရာရသွားတဲ့မော်လီဟာ ကားတိုက်ခံရပြီးကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့သူတွေကိုစိတ်သက်သာရာရအောင် ကုစားပေးတဲ့သင်တန်းကိုတက်နေချိန်မှာခရေးဆိုတဲ့လူတစ်ယောက်ကမော်လီနဲ့စကားလာပြောတယ်။ကားတိုက်ပြီးထွက်ပြေးတဲ့သူကို သူသိကြောင်း ၊နောက်တစ်ခါထပ်လာလိမ့်ဖြစ်ကြောင်း ၊တရားခံကိုရဲတွေမဖမ်းပေးနိုင်‌ပေမယ့် သူကူညီနိုင်ကြောင်းပြောပြတဲ့အခါ မော်လီလည်းခ‌ရေးနဲ့ အတူလက်တွဲပြီး အလုပ်လုပ်ဖို့လက်ခံလိုက်တယ်။ ဒီလိုနဲ့မော်လီနဲ့ ခရေးတို့ တရားခံကိုဘယ်လိုအခက်အခဲ‌တွေနဲ့ဖမ်းမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.57GB / 562MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Highwaymen (2004)

The Girl from Monday (2005) 5.5
The Girl from Monday (2005)  ဒီဇာတ်ကားလေးကတော့ အနာဂတ်ကိုစိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့စိတ်ဝင်စားစရာဇာတ်ကားလေးပါ။ စတော့ရှယ်ယာတွေအနေနဲ့ ပိုက်ဆံကိုမလှဲလှယ်ကြတော့ဘဲ လူတွေကိုလှဲလှယ်တဲ့အချိန်‌ကို ရောက်သွားပါပြီ။ လူတွေဟာ ပိုက်ဆံလိုမျိုးနေရာကိုရောက်သွားပြီး တစ်ယောက်ချင်းစီရဲ့တန်ဖိုးကိုတော့ လိင်ဆက်ဆံတဲ့အကြိမ်ရေနဲ့သတ်မှတ်ပါတယ်။ လိင်ဆက်ဆံမှုများလေ တန်ဖိုးမြှင့်လာလေလေပါ။လူတွေဟာ လိင်မှုဆက်ဆံတာကို သူတို့တန်ဖိုးမြှင့်အောင်ပဲလုပ်ကြပြီးတော့အချစ်တွေ၊ ကြင်နာမှုတွေ၊ နူးညံ့မှုတွေကို ရှာမတွေ့နိုင်တော့ပါဘူး။အဲဒီဈေးကွက်ကို Triple M ဆိုတဲ့မာတီမီဒီယာကုမ္ပဏီတစ်ခုကနေထိန်းချုပ်ပြီးတော့လူတွေကို အမြဲမော်နီတာကနေ စောင့်ကြည့်နေတာဖြစ်ပါတယ်။Jack ဆိုတဲ့သူဟာ အဲဒီကုမ္ပဏီမှာ အမှုဆောင်အရာရှိတစ်ဦးဖြစ်ပါတယ်။သူဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဆီစီးလ်ကိုသ‌ဘောကျမိနေပေမဲ့ သူနဲ့ဆက်ဆံရေးတစ်ခုကိုထူထောင်ဖို့ တွေဝေနေပါတယ်။ ဒါပေမဲ့ ဆီစီးလ်ဟာ ဝီလီယံဆိုတဲ့သူနဲ့တရားမဝင်လိင်ဆက်ဆံမိခဲ့တဲ့အတွက် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံလိုက်ရပါတယ်။ဒါကြောင့် ဆီစီးလ်နဲ့ဝီလီယံဟာ ဒီစနစ်ကိုဆန့်ကျင်ဖို့ကြိုးစားကြပါတော့တယ်။  File size…1.67GB / 757MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 24m Genre ….. Action , Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie

The Girl from Monday (2005)

The Cat Returns (2002) 7.1
The Cat Returns (2002) The Cat Returns (2002) ===================Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့် ချစ်ဖို့ကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင် ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့ ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့ fiction ဆိုပြီး fan theory လည်းရှိပါတယ်။ အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးက ဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့ scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။ File size…1.5GB  / 763MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

The Cat Returns (2002)

2002
Standoff (2016) 6.1
Standoff (2016)  The Matrixထဲက မောဘီးယပ်စ်ကြီး Laurence Fishburneနဲ့ actionမင်းသားကြီးThomas Janeတို့ အဓိကပါဝင်သရုပ်ထားပြီးလူဆိုးနဲ့လူကောင်းနှစ်ဦးသား ထိပ်တိုက်ရင်ဆိုင်တာကိုတွေ့ရမယ်ဇာက်ကားကောင်းလေးပါ...။ ဇာတ်လမ်းအကြောင်းကတော့ လူသူဝေးတဲ့ တောအရပ်ကအိမ်လေးတစ်လုံးမှာပဲဇာတ်လမ်းတည်ထားပါတယ်...။အိမ်အပေါ်ထပ်နဲ့ အောက်ထပ်ကြား၊ သူသေကိုယ်သေ အကုန်ချရင်းပြီး ကစားရတဲ့ပွဲပေါ့...။အောက်ထပ်မှာက ကြေးစားလူသတ်သမား...။ သူ့ရည်ရွယ်ချက်က အိမ်အပေါ်ထပ်ကကောင်မလေးကို သတ်ချင်တာ...သတ်မှဖြစ်မယ့်အကြောင်းအရင်းကလည်း သူ့မျက်နှာကို မြင်သွားလို့...။ဒါပေမဲ့ သူကြမ်းချင်တိုင်း တက်ကြမ်းလို့မရအောင် ကောင်မလေးကိုကာကွယ်ပေးနေတဲ့သူတစ်ယောက်ရှိနေပါတယ်...။သူကတော့ အိမ်အပေါ်ထပ်မှာစောင့်ပြီး ကောင်မလေးကို ကာကွယ်ပေးနေတဲ့ စစ်ပြန်ကြီးပါပဲ....။ဇာတ်လမ်းplotရဲ့ မိုက်တဲ့အချက်က ဒီစစ်ပြန်ကြီးဟာ ကြေးစားလူသတ်သမားကိုကျည်တစ်တောင့်တည်းနဲ့ စိတ်ဓာတ်ဗျူဟာခင်းပြီး တစ်ကားလုံးရင်ဆိုင်တာပါပဲ...။အများကြီးမညွှန်းတော့ပါဘူး...အက်ရှင်ခန်းတွေ၊ cgiတွေ ဘာမှမပါဘဲ သိပ်ကြည့်လို့ကောင်းတဲ့Crimeကားမို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ကားပါ...။ File size…933MB / 381MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Standoff (2016)

The Island (2023)
The Island (2023)  Actionကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီနှစ်အတွင်းမှာထွက်ရှိထားတဲ့ အသစ်စက်စက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိက ကျွန်းတစ်ကျွန်းပေါ်မှာတည်ထားတာပဲဖြစ်ပါတယ်။ညီဖြစ်သူ အသတ်ခံလိုက်ရပြီးနောက်မှာ LAPD ရဲတစ်ယောက်ဖြစ်တဲ့ မာ့ခ်က သူ့ရဲ့ကြီးပြင်းရာဇာတိဖြစ်တဲ့ ကျွန်းပေါ်ပြန်သွားခဲ့ပါတယ်။သူ့ညီအတွက် လက်စားချေဖို့ပြင်ဆင်ရင်း သူတို့ရဲ့ကျွန်းက အရင်လို အေးချမ်းတဲ့နေရာမဟုတ်တော့ဘဲ ဂိုဏ်းသားတွေရဲ့ လက်ဝါးကြီးအုပ် အနိုင်ကျင့်ခံနေရမှန်းသိသွားတဲ့အခါမှာ ညီအတွက်ရော ကျွန်းကိုပါ ကာကွယ်ရင်း လက်စားချေတာကို ကြည့်ရမှာပါ။ စိတ်လှုပ်ရှားစရာ အက်ရှင်ကားကောင်းရှာနေတဲ့သူဆို အံကိုက်ပါပဲ။အက်ရှင်ကားမို့လို့ ဇာတ်လမ်းအလှည့်အပြောင်းတွေအများကြီးနဲ့ဆိုတော့ အများကြီးမညွှန်းတော့ပါဘူး။ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။ File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Leonie  
movie

The Island (2023)

VII XII (Tujuh-Dua Belas) (2023)
VII XII (Tujuh-Dua Belas) (2023) ဒီတစ်ခါမှာတော့ Action, Adventure, Crime movie လေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးကဝောာ့ မလေးရှားမှာ ကလေး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းဝယ်တဲ့အဖွဲ့ သောင်းကျန်းနေတဲ့အချိန်ကို ရိုက်ကူးထားတာဖြစ်ပါတယ် အဒမ်ဆိုတဲ့ကောင်လေးဟာ အဖေရော အမေရော တစ်ခါတည်း ဆုံးရှုံးလိုက်ရပါတယ် သူ့အဖေရဲ့ သေတမ်းစာအရ သူဟာ အ‌မွေတွေအကုန်လုံးကိုရရှိသွားပြီး သူ 18 နှစ်မပြည့်ခင်အထိ သူ့ဒေါ်လေး ဆာဖီယာရဲ့ အစောင့်အရှောက်အောက်မှာနေရမှာပါတစ်ရက်မှာတော့ အဒမ်တစ်ယောက် လမ်းမှာ လူဆိုးတွေပြန်ပေးဆွဲခံလိုက်ရတဲ့အပြင် ဆာဖီယာကိုလည်း ရဲတိုင်ရင် အဒမ်သေမယ်လို့ ခြိမ်းခြောက်သွားပါသေးတယ် သူ့အဒေါ် ဆာဖီယာဟာဆိုရင်လည်း သာမာန်လူတစ်ယောက်တော့မဟုတ်ပါဘူး ကိုယ်ခံပညာရှင် အားကစားသမားတစ်ယောက်ပါ ဒီလိုနဲ့ ဆာဖီယာတစ်ယောက် ပြန်ပေးဆွဲသမားတွေလက်ထဲက တူလေး အဒမ်ကို လိုက်ကယ်ပါတော့တယ် သူ့ရဲ့တူလေးကို ကယ်တင်နိုင်သွားမှာလား ဆာဖီယာတစ်ယောက် ဘယ်လို‌အခက်အခဲတွေကြုံလာရမလဲဆိုတာကတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.3 GB)/(726 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

VII XII (Tujuh-Dua Belas) (2023)

Atlantis: Milo’s Return (2003) 5.0
Atlantis: Milo’s Return (2003) Atlantis Milo’s Return (2003) Genre – Animation, Action, Adventure၂၀၀၁ ခုနှစ်တုန်းက Disney ကနေ ထွက်ရှိပြီးလူကြိုက်များခဲ့တဲ့ Atlantis The Lost Empire ရဲ့အဆက်ရုပ်ရှင် ဖြစ်ပါတယ်။ဒီကားလေးမှာတော့ ပထမကားတုန်းက အဖြစ်အပျက်တွေပြီးတော့မိုင်လိုကလည်း အတ္တလန်တစ်မှာ ကီဒါနဲ့ အတူနေနေကြပါတယ်ကီဒါကလည်း ဘုရင်မ အဖြစ်ကို ရောက်ရှိနေပါပြီ။အဲဒါနဲ့ နှစ်ယောက်သားအတူတူ ပုံဆောင်ခဲစွမ်းအင်ကိုအသုံးချပြီး သူတို့မြို့လေးကို ပြန်ပြုပြင်တည်ဆောက်လျက်ရှိပါတယ်။ဒီလိုနဲ့ တစ်နေ့ကျ ပထမကားတုန်းက မိတ်ဆွေဟောင်းတွေဖြစ်တဲ့မစ္စတာဝှစ်မောတို့ ဗင်နီတို့ သြဒရီတို့ မိုးလ်တို့ အတ္တလန်တစ်ကိုရောက်လာကြပြီး ကုန်းမြေကမ္ဘာမှာ အတ္တလန်တစ်နဲ့ ဆက်နွယ်နေနိုင်လောက်တဲ့အန္တရာယ်တွေကျရောက်နေပြီ ဖြစ်လို့ အတ္တလန်တစ်ကျွမ်းကျင်သူမိုင်လို့ကို လာ အကူအညီတောင်းကြပါတော့တယ်။ဒီလိုနဲ့ ဘုရင်မဖြစ်နေတဲ့ ကီဒါကပါ ဒါကလည်း သူ့အဖေ လက်ထက်တုန်းကစနက်တွေ ကင်းရဲ့လား သံသယဖြစ်မိတာကြောင့်အတူလိုက်ပါမယ်ဆိုပြီး အုပ်စုလိုက် ခရီးထွက်ခဲ့ကြတဲ့အခါမှာတော့ရန်စွယ်ဟာ တစ်ခုတည်း မဟုတ်ပဲ ၃ ခုလောက် ဖြစ်နေပြီးအကုန်လုံးက ကမ္ဘာပျက်လောက်တဲ့အထိ ဆိုးဝါးနေခဲ့တော့မိုင်လိုတို့တသိုက် ...
movie

Atlantis: Milo’s Return (2003)

2003
Metro (2013) 6.4
Metro (2013) Metro (2013) ============ IMDb Rating - 6.4/10 Action, Drama, Thriller၂၀၁၃ လောက်ကထွက်ခဲ့တဲ့ မက်ထရိုဆိုတဲ့ ရုရှားကားကောင်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်လောက်ထဲက ဆောက်လုပ်ခဲ့တဲ့ မော်စကိုမြေအောက်ရထားလှိုင်ခေါင်းကြီး တစ်ခုရှိပါတယ်။ မော်စကိုမြစ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်ပြီး၊ စစ်တွင်းက ဘန်ကာတွေလည်းရှိနေပါတယ်။ရန်သူတွေကိုရေလွှမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ထား ခဲ့တာဖြစ်ပြီး ယနေ့ခေတ်မှာတော့ ပြည်သူသုံးရထားလမ်းအဖြစ်ပဲ ဆက်လက်သုံးစွဲနေပါတယ်။ ဒါပေမယ့် ငလျင်လှုပ်သွားတာကနေ တစ်ဆင့် မော်စကိုမြစ်ရေနဲ့ လှိုင်ခေါင်း ချိတ်ဆက်ထားတဲ့နေရာက ပျက်စီးသွားပြီး ရေတွေ ဝင်လာပါတယ်။ ရထားတွဲမှာပါသွားတဲ့ လူ တွေလည်းပိတ်မိကုန်ပြီး သူစိမ်းတွေဆိုပေမယ့် အချင်းချင်း ကူညီ ရိုင်းပင်းရင်း ရှင်သန်ရုန်းကန်ကြတာကိုကြည့်ရမယ့် ဇာတ်လမ်း ကောင်းတစ်ခုဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(2.66 GB) / (1.25 GB) Quality............BLU-RAY 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, Thriller Translator......Thiha Yan Naing Encoder..........SWM
movie

Metro (2013)

2013
Kolai (2023) 7.0
Kolai (2023) Kolai (2023)တစ်နေ့ရုံးတွင် စုံထောက်မလေး ဆန်ဒယာထံသို့ လူသတ်မှုတစ်ခုအကြောင်း သတင်းပေးပို့သဖြင့် သွားရောက်စုံစမ်းစစ်ဆေးရန်ထွက်လာခဲ့သည်သေဆုံးသူကောင်မလေးမှာ အောင်မြင်ကျော်ကြားလှပချောမောလှသော မော်ဒယ်မလေး လိုင်လာဖြစ်သည် သူကလေးမှာ သေဆုံးနေသည့်တိုင် ပစ်ရက်စရာမရှိ လှပကျော့ရှင်းနေသည့်အပြင် ပြုံးပြုံးလေးနှင့်ပင် သေဆုံးနေသည်ကိုတွေ့ရှိရလေသည်စုံထောက်မလေး ဆန်ဒယာအတွက် ပိုခေါင်းစားရသည်မှာ လိုင်လာသေဆုံးသောတိုက်ခန်းလေးမှာ အချိန်ပြည့် အစောင့်များရှိသည့်အပြင် စီစီတီဗီများတပ်ဆင်ထားသည့် အိမ်ရာတစ်ခုဖြစ်သည့်အပြင် သေဆုံးချိန် အလောင်းကိုတွေ့ချိန်၌ အခန်းတွင်းမှ သော့ခတ်ထားခြင်းပင်ဖြစ်သည်ဆန်ဒယာတစ်ယောက် ဉာဏ်မမှီတော့သဖြင့် သူ့ရဲ့အနားယူသွားသောဆရာ ဗီနာရိခ်ကို လှမ်းပင့်ရပါတော့သည် ဆရာဗီနာရိခ်က ခေသူမဟုတ် မပေါ်သည့်အမှုမရှိ မြေလျှိုးနေတဲ့ တရားခံရှိရင်တောင် သူ့လက်ကလွတ်ရိုးမရှိ ရ အောင်ဖော်ထုတ်ဖမ်းဆီးခဲ့သည် ဆားပုလင်းဗီနာရိခ်ပင်ဖြစ်လေသည်သပွတ်အူထက်ပင်ရှုပ်ထွေးလှသော အမှုကြီးကို ဆရာသမားက တစ်ရစ်ချင်းစီရှင်း ဘယ်လိုဖော်ထုတ်ပြမလဲ မော်ဒယ်မလေးကိုသတ်ခဲ့တာ အချစ်ကြောင့်လား ငွေကြေးကြောင့်လား ရန်ငြိုးတွေလား စသည်ဖြင့် အကွက်စေ့စေ့ကြည့်ရှုရမဲ့အပြင် ဆရာမင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေလို အစကအဆုံး မထတမ်းကြည့်ချင်လောက်အောင် စိတ်ဝင်စားဖို့ ကောင်းတာမို့ CM ပရိတ်သတ်ကြီးရှေ့မှောက် အရောက်ပို့ပေးလိုက်ပါတယ်ဒီဇာတ်ကားကို စုံထောက်ဗီနာရိခ်အဖြစ် ဦးဆောင်ပါဝင်ထားတာက သူတောင်းစားကားထဲက မင်းသားပဲဖြစ်ပြီး မင်းသမီးလေးကလည်း တက်သစ်စချစ်စဖွယ်ကောင်မလေးမို့ cast ပိုင်းမှာလည်း စိတ်မျက်စေရပါဘူးဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie

Kolai (2023)

2023
4K HEVC