Channel Myanmar

Crime

Medical Examiner Dr.Qin : Blood Wedding ( 2023 ) 5.9
Medical Examiner Dr.Qin : Blood Wedding ( 2023 ) မှုခင်းဆရာဝန်ဒေါက်တာချင်ရဲ့ သွေးမင်္ဂလာပွဲကွင်းဆက် လူသတ်မှုအကြောင်း ဇာတ်ကားလေးလာပါပြီ။ ဒီတစ်ခါမှာတော့ မှုခင်းဆရာဝန်ဒေါက်တာချင်နဲ့သူ့ရဲ့တွဲဖက်ရဲအရာရှိလင်ဟာ မင်္ဂလာပွဲမှာယဇ်ပူဇော်ပွဲအခမ်းအနားလိုအပြင်အဆင်နဲ့ သတို့သမီးသတ်ခံရတဲ့အမှုကိုစုံစမ်းရတာဖြစ်ပါတယ်။အဲဒီအမှုက လွန်ခဲ့တဲ့(၁၅)နှစ်တုန်းက သတို့သမီးသတ်ခံရတဲ့အမှုနဲ့ တစ်ပုံစံထဲဖြစ်နေလို့ အမှုတွဲပေါင်းပြီးစုံစမ်းနေတုန်းမှာပဲ နောက်ထပ်ပုံစံတူသတို့သမီးသတ်ခံရတဲ့အမှုကပေါ်လာပြန်တယ်။ ဒီအမှု(၃)မှုကိုအမှုတွဲပေါင်းပြီးစုံစမ်းနေတဲ့အချိန်အတွင်းမှာ ဒေါက်တာချင်ဟာမင်္ဂလာပွဲကျင်းပဖို့ပြင်နေပြီး သူ့ရဲ့မင်္ဂလာပွဲနေ့မှာ ကွင်းဆက်လူသတ်မှုထဲကအတိုင်းပစ္စည်းတွေကိုတွေ့ရတော့ သတို့သမီးကိုစိတ်ပူပြီးလိုက်ရှာတဲ့အချိန်မှာ သတို့သမီးဟာပျောက်နေပါတယ်......လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ လက်ရှိအမှု(၂)မှုကဒေါက်တာချင်တို့ ဘယ်လိုဖော်ကြမလဲ။ သေဆုံးခြင်းရဲ့နောက်ကွယ်ကအကြောင်းအရင်းတွေက ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရင်းတွေဖြစ်နေမလဲ ဆိုတာကိုဆက်ပြီးအဆုံးထိ ကြည့်ပြီး အဖြေကကိုယ်ထင်ထားတာနဲ့တူရဲ့လားဆိုတာကြည့်လိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Medical Examiner Dr.Qin : Blood Wedding ( 2023 )

Kill the Drug Lords ( 2023 ) 6
Kill the Drug Lords ( 2023 ) မူးယစ်ဆေးဝါးရောင်းဝယ်အသုံးပြုနေတဲ့ ဂိုဏ်းကြီးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့ ချင်းရုံနဲ့ ချင်းဟန့်ညီအကိုနှစ်ယောက်ဟာ အမှုအခင်းတွေကို ဖန်တီးပြီးတော့လုပ်ကြံသတ်ဖြတ်နေကြတဲ့သူတွေပါညီဖြစ်သူချင်းရုံ ဖန်တီးခဲ့တဲ့ အိမ်ခြံမြေပွဲစားရဲ့ယာဉ်တိုက်မှုနဲ့ ချင်းချန်ဆိုတဲ့လူတစ်ယောက်သေနတ်နဲ့ကိုယ်ဟာကိုယ်အဆုံးစီရင်သွားခဲ့တဲ့ အမှုအခင်းနှစ်ခုကို ရဲတပ်ဖွဲ့မှသံသယရှိနေပြီး အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားနေကြတယ်။အကိုဖြစ်သူချင်းဟန့်ရဲ့ လောကရဲ့ထိပ်ဆုံးကိုရောက်ချင်တဲ့လောဘနဲ့ ညီဖြစ်သူနဲ့ဘယ်လိုတွေ လက်တွဲပြီးတော့ အကောင်အထည်ဖော်ကြမယ်ဆိုတာနဲ့ ရဲမှုခင်းတပ်ဖွဲ့ကလဲ သူတို့ညီအကိုနှစ်ဦးရဲ့ ရာဇဝတ်မှုတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Action Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yinnwe Encoded by LK
movie

Kill the Drug Lords ( 2023 )

Big Momma’s House 2 (2006) 4.8
Big Momma’s House 2 (2006) Big Momma's House 2 (2006) ======================ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma's House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.0 GB) / (1.0 GB) Quality............BLU-RAY 1080p ...
movie

Big Momma’s House 2 (2006)

2006
Big Momma’s House (2000) 5.2
Big Momma’s House (2000) Big Momma's House (2000) =====================စုံထောက်မင်းသားက မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး အမှုလိုက်တဲ့ကားလို့ ကျွန်တော်တို့ငယ်ငယ်က သိခဲ့တဲ့ Big Momma's House ကို CM ပရိတ် သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Big Momma's House (1,2,3)ဆိုပြီး 3ကားရှိတဲ့ထဲက ဒါကတော့ (2000)ခုနှစ်မှာ ထွက်ခဲ့တဲ့ ပထမ ဆုံးကားဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်ကလည်း အရမ်းကြိုက်ခဲ့ရတဲ့ ငယ်ဘဝအမှတ်တရကားဖြစ်ပြီး ဒီကားက ကျွန်တော့်ထက် ၅နှစ်တောင် ကြီးပါသေးတယ်။ဇာတ်လမ်းအညွှန်းကတော့ FBIရဲဝန်ထမ်း မယ်လ်ကွန်ဟာ ထောင်ဖောက် ပြေးတဲ့အကျဉ်းသားကို ပြန်လိုက်ဖမ်းတဲ့မစ်ရှင်မှာ ထောင်ဖောက်အကျဥ်း သားရဲ့ ရည်းစားဟောင်းကောင်မလေးရှယ်ရီပီးယားစ်ရဲ့ ကွဲကွာနေတဲ့အဘွား ဖြစ်သူ (Big Momma-မေမေကြီး)ရဲ့အိမ်ကို စောင့်ကြည့်ရတဲ့တာဝန်ကိုယူ ရပါတယ်။ တစ်နေ့ မေမေကြီးမရှိခိုက် ရှယ်ရီက အိမ်ကိုပြန်လာမယ်ဆိုတဲ့ သတင်းကြောင့် မယ်လ်ကွန်က မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး မေမေကြီးနေရာ ဝင်နေလိုက်ပါတယ်။ အဲဒီနောက် အလွဲပေါင်းစုံနဲ့ မယ်လ်ကွန့်မစ်ရှင်ကြီး စတင်တော့တာပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.93 GB) / (939 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie

Big Momma’s House (2000)

2000
Freedomland (2006) 5.2
Freedomland (2006) Freedomland (2006) ================လူဖြူလူမည်းပြဿနာဆိုတာ ဟိုးအရင်ကတည်းကရှိခဲ့ပြီး အခုထိလည်း အနည်းနဲ့အများတော့ရှိကြပါတယ်။ လူမည်းတွေ အဓိကနေထိုင်တဲ့ ဒမ်ဆီ နဲ့ လူဖြူအဓိကနေထိုင်တဲ့ ဂန်နွန်တို့နယ်မြေနှစ်ခုကလည်း အဲ့ဒီအတိုင်းပါပဲ။ ဒမ်ဆီဘက်ကလည်း ဂန်နွန်ကိုသဘောမကျသလို ၊ ဂန်နွန်ဘက်ကလူကလည်း ဒမ်ဆီကိုမလိုလားကြပါဘူး။ ဒီနယ်မြေနှစ်ခုကို ဟန်ချက်ညီအောင်၊ ပြဿနာ မတက်အောင် ထိန်းပေးနေရတာ လူမည်းစုံထောက်ဖြစ်တဲ့ လိုရန်ဇို နဲ့ လူဖြူ စုံထောက်ဘော်ဘီတို့ပဲဖြစ်ပါတယ်။ပြဿနာကတော့ အသက်လေးနှစ်အရွယ် လူဖြူကလေး ကိုဒီ ပျောက်တဲ့အမှု ကနေစပါတယ်။ ကလေးအမေ ဘရန်ဒါက အလုပ်ကအပြန် ဒမ်ဆီမြို့ကိုဖြတ်ပြီး ဂန်နွန်မြို့ကိုပြန်ပါတယ်။ အဲ့ဒီမှာ ကားအလုခံရပြီး ကားထဲကလေးပါသွားပါတယ်။ အဓိကပစ်မှတ်ကတော့ လူမည်းရပ်ကွက်လို့ခေါ်လို့ရတဲ့ အမ်းစတောင်းအိမ်ယာ အနီးမှာဖြစ်သွားတာမို့ သာမာန်အမှုလိုက်တာနဲ့မတူပဲ လူမျိုးရေးတွေပါ ပါလာပါ တော့တယ်။ အဲ့ဒီကနေတစ်ဆင့် လူမျိုးရေးအဓိကရုဏ်းအထိ ဖြစ်မလာနိုင်အောင် လူမည်းစုံထောက်လိုရန်ဇို ကာကွယ်နိုင်ပါ့မလား၊ ကလေးပျောက်ရှာပုံတော်ဖွင့် နေရင်းနဲ့ ဘယ်လိုမျိုးမြှုပ်ကွက်တွေ ထပ်ပေါ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်း ဆုံးတဲ့အထိ ဆက်ပြီးကြည့်လိုက်ပါတော့နော်.... ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.21 GB) / (977 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 53Min Subtitle...........Myanmar ...
movie

Freedomland (2006)

2006
Control Zeta (2023) 5.1
Control Zeta (2023)  အချိန်တွေကို နောက်ဆုတ်လို့ရရင်ကောင်းသားကွာ ဒါဆိုရင်မင်းငါ့နားမှာရှိဦးမှာဆိုတဲ့ သီချင်းစာသားအတိုင်း အချိန်တွေကိုတကယ်နောက်ပြန်ဆုတ်လို့ရပြီး ကိုယ်ကယ်တင်ချင်တဲ့လူတွေကိုကယ်တင်လို့ရမယ် ကိုယ်လုပ်ချင်တာကိုလုပ်လို့ရတယ်ဆိုရင်တကယ်ကောင်းမှာပါပဲ။ဒါမှမဟုတ် အဲ့ဒါက တကယ်ရောကောင်းပါ့မလား။အဲ့ဒီအဖြေကိုတော့ IMDb Rating 5.5 ရရှိထားတဲ့ဒီ Control Zeta ဆိုတဲ့ဇာတ်ကားလေးထဲမှာတွေ့ရမှာပဲဖြစ်ပါတယ်။အချိန်တွေကိုနောက်ပြန်ဆုတ်ပြီး အသတ်ခံရမဲ့လူတွေ သေတော့မဲ့လူတွေကိုလိုက်လံကယ်တင်ပေးနေတဲ့ အချိန်တပ်ဖွဲ့တစ်ခုရှိပြီး ဂရေးဆိုတဲ့လူကတော့အဲ့ဒီတပ်ဖွဲ့ထဲက အတော်ဆုံးအချိန်အေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။အတော်ဆုံးဆိုပေမဲ့ သူ့အလုပ်သက်တမ်းမှာ သူမကယ်တင်နိုင်ခဲ့တဲ့သူတစ်ယောက်တော့ ရှိပါတယ်။အဲ့ဒါကတခြားတော့မဟုတ်ပါဘူးသူ့မိန်းမဖြစ်သူပါပဲ။ဘာလို့အဲ့လို မကယ်တင်နိုင်ခဲ့လဲဆိုတာကတော့ သူတို့အချိန်နောက်ပြန်သွားပြီးကယ်လို့ရတဲ့ အချိန်ကာလက ငါးနာရီပဲအကန့်အသတ်ရှိလို့ပါပဲ။အဲ့ဒီနောက်ပိုင်း သမီးဖြစ်သူနဲ့လဲ ကွဲကွာသွားခဲ့ပြီးအလုပ်ထဲမှာပဲစိတ်နှစ်နေခဲ့ပါတော့တယ်။ဒါပေမယ့် သူတို့ကယ်လို့မရအောင် လူတွေကိုသေဆုံးချိန်ငါးနာရီအတွင်း သူတို့မသိနိုင်အောင်လိုက်သတ်နေတဲ့ လူသတ်သမားတစ်ယောက်ပေါ်ပေါက်လာတဲ့အခါမှာတော့ ဂရေးနဲ့သူ့အဖွဲ့သားတွေ အဲ့ဒီလူသတ်သမားကိုလိုက်ရှာပြီး ဘာလို့အဲ့လိုလိုက်သတ်နေတယ်ဆိုတာကို အဖြေရှာကြပုံကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…1.58 GB / 742MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Control Zeta (2023)

The Corruptor (1999) 6.1
The Corruptor (1999)  ဖဲမင်းသားကြီး ချောင်ယွင်ဖတ်နဲ့ အက်ရှင်မင်းသားကြီး Mark Wahlbergတို့ပူးတွဲသရုပ်ဆောင်ထားတဲ့ ရဲစုံထောက်ကားဖြစ်တာမို့ မကောင်းမှာမပူရဘူးဗျ...။ဇာတ်လမ်းဇာတ်အိမ်ကိုတော့ နယူးယောက်က ရာဇဝတ်ဂိုဏ်းသားတွေခြေဆန့်ရာ တရုတ်တန်းမှာ ဇာတ်အိမ်တည်ထားပါတယ်....။ရဲသားတစ်ဦးဖြစ်တဲ့ ချန်းဟာ တရုတ်တန်းမှာတာဝန်ကျရင်း နေ့စဥ်ပဲလူမိုက်ဂိုဏ်းတွေရဲ့ နေ့စဥ်နယ်မြေလုမှုတွေ၊မူးယစ်ဆေးမှုတွေဒုစရိုက်မှုအစုံကို တိုက်ဖျက်နေရတယ်ပေါ့....မှန်မှန်ကန်ကန်နေထိုင်တာလည်းရှိသလို အခြေအနေအရ လူမိုက်တွေနဲ့တွဲဖက်ပြီး အမှုလိုက်ရတာလည်းရှိတဲ့ တရုတ်တန်းကရဲဘဝကို မြင်တွေ့ရမှာပါ...။ဒါကြောင့် ဇာတ်လမ်းနာမည်က The Corruptor(ချစားသူ)ဖြစ်နေတာပါ...။ဒါပေမဲ့ ဒီအခြေအနေတွေက တရုတ်တန်းကို လူဖြူရဲအရာရှိတစ်ယောက်တာဝန်ကျလာတဲ့အချိန်မှာပြောင်းလဲသွားပါတော့တယ်...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုလို့ရပါပြီ...။  File size…2.38 GB / 1 GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Corruptor (1999)

Dear Mr. Gacy (2010) 6.4
Dear Mr. Gacy (2010) Dear Mr. Gacy (2010) ================= IMDb Rating - 6.4/10စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့စိတ်ကို နားလည်ချင်ပါသလား၊ နားလည်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်း ပါတယ်။ စိတ္တဇလူသတ်သမားနဲ့မိတ်ဆွေဖြစ်ခဲ့တဲ့သူက အရိပ်လို လွှမ်းမိုးနိုင်ခဲ့တဲ့အကြောင်းတွေရဲ့ ဖြစ်ရပ်မှန်အချက်အလက်တွေကို သေချာရိုက်ပြထားတာပါ။အက်ဖ်ဘီအိုင်တောင်အဖြေမရှာနိုင်တဲ့ စိတ္တဇကွင်းဆက်လူသတ်သမား တစ်ယောက် ဂျွန်ဝိန်းဂေဆီ ကို ၁၈နှစ်အရွယ် ကောလိပ်ကျောင်းသား ဖြစ်တဲ့ ဂျေဆန်မော့စ် ကတော့ စိတ်ဝင်စားမိပါတယ်။ ကျောင်းမှာလည်း စာတော်တဲ့ မော့စ်က သူ့စာတမ်းအတွက် ဂေဆီ့အကြောင်းရေးဖို့ ဆုံး ဖြတ်ချက်ချခဲ့ပါတယ်။ အချိန်ကတော့ ဂေဆီကိုသေဒဏ်မပေးခင် ခြောက်လအလို...မော့စ်က ဂေဆီကိုချဉ်းကပ်ဖို့အတွက် စာတစ်စောင်ရေးခဲ့ပါတယ်။ လွယ်လွယ်နဲ့စာပြန်မလာတဲ့အတွက် ဂေဆီစိတ်ဝင်စားမယ့် ဂေးဆန် ဆန်ဓါတ်ပုံတွေပါ ထည့်ပြီး စာပို့လိုက်ပါတယ်။ ယောက်ျားလေး ၃၃ ယောက်ကို မုဒိန်းကျင့်လူသတ်ခဲ့တဲ့ ဂေဆီအတွက်တော့ ထောင်ထဲ နေရင်း မုတ်ဆိတ်ကိုပျားစွဲတော့တာပေါ့။ သိပ်မကြာခင်မှာ မော့စ် နဲ့ ဂေဆီတို့ စာအပြန်အလှန်ရေးဖြစ်ရင်း ဖုန်းပါပြောဖြစ်ခဲ့ကြပါတယ်။ဂေဆီ့အကြောင်းတွေကို တစ်ဖြေးဖြေးနားလည်လာခဲ့တဲ့ မော့စ် တစ် ယောက်၊ ဂေဆီ နဲ့သူက တစ်သားတည်းဖြစ်လာသလို ခံစားခဲ့ရပါတယ်။ အပြစ်တင်စိတ်တွေစိုးမိုးလာခဲ့တယ်။ ကြောက်စိတ်တွေပြင်းထန်လာခဲ့ တယ်။ မော့စ်ဆိုတဲ့ လူတစ်ယောက် တစ်ဖြေးဖြေးပျောက်ကွယ်လာတဲ့ အချိန် ဂေဆီ သေဒဏ်ပေးခံရတဲ့နေ့မှာတော့.... မော့စ် ...
movie

Dear Mr. Gacy (2010)

2010
Knuckle Girl (2023) 5.2
Knuckle Girl (2023) Knuckle Girl (2023)Alice in Borderland မှာ Ann အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ayaka Miyoshi ရဲ့ကားအသစ်ပါ။ ကိုရီးယားဒါရိုက်တာ ကိုရီးယားဇာတ်ညွှန်းရေးဆရာတွေက ရိုက်ကူးရေးသားထားပြီး ဂျပန်သရုပ်ဆောင်တွေ သုံးထားပါတယ်။ Korea Webtoon ကနေ ကိုရီးယားဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းပြန်ရေးထားတာမို့ ကိုရီးယားအငွေ့အသက်တော့ ရနေဦးမှာပါပဲ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ The Villainess တို့ Carter (2022) တို့လို ကိုရီးယားကားကိုမှ Non-stop Action ဆန်ဆန်ကားတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့သူဆိုတော့ ဒီကားမှာလည်း မင်းသမီး ဘယ်လောက်တောင် မနားတမ်းကြုံးရမလဲ မေးနေစရာတောင်မလိုလှဘူး။ဇာတ်လမ်းကတော့ ဒီလို။ အဖေရော အမေရောမရှိတော့ဘဲ အစ်မနဲ့ညီမပဲ အတူတူရုန်းကန်နေတဲ့ မိသားစုတစ်ခုရှိတယ်။ အမက ဒုစရိုက်နဲ့မကင်းတာတွေလုပ်ပြီး အန္တရာယ်ကြုံနေရတဲ့အချိန် ညီမက သူ့အစ်မကို ဒါတွေမလုပ်ဘဲ ဘောက်ဆင်သမားဖြစ်လာစေချင်ခဲ့တယ်။ သူ့ညီမ ဆန္ဒအတိုင်း သူ့အစ်မက သူ့ညီမကို ဦးလေးနဲ့အဒေါ်အိမ်ထားခဲ့ပြီး ဘောက်ဆင်လောကထဲ ...
movie

Knuckle Girl (2023)

2023
Paan Singh Tomar (2012) 8.2
Paan Singh Tomar (2012) Paan Singh Tomar (2012) ============== IMDb Rating (8.2/10) / Rotten Tomatoes (89%)ဒီရုပ်ရှင်ကားကြီးကတော့ မင်းသားကြီးအီရ်ဖားန်ခန်း Irrfan Khan အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပြီး မင်းသားကြီးနဝါ့ဇ်နဲ့အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ အီရ်ဖားန်ခန်းရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တကယ်ရှိခဲ့တဲ့ ပန်းဆင်းဂ်တိုမရ်ဆိုတဲ့ အိန္ဒိယစစ်သား အားကစားသမား သူပုန်ကြီးတစ်ယောက်ရဲ့အတုပ္ပတ္တိကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဘတ်ဂျတ်သန်းခုနစ်ဆယ်သာသုံးပြီးရိုက်ကူးခဲ့ပေမယ့် သန်းနှစ်ရာကျော်ပြန်ရခဲ့တဲ့ထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ပန်းဆင်းဂ်တိုမရ်ဆိုတာ အိန္ဒိယစစ်သားတယောက်ပါ။ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေကြားက အတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲတွေမှာ ခုနစ်ကြိမ်တိုင်ချန်ပီယံဆုဆွတ်ခူးခဲ့သူပေါ့။ ၁၉၅၈ အာဆီယံဂိမ်းမှာ အိန္ဒိယကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မိခင်နိုင်ငံက ထောက်ပံ့ပေးမှုအားနည်းတာရယ် လေ့ကျင့်တုန်းကပြိုင်ရတဲ့ဖိနပ်နဲ့ တကယ်တမ်းပြိုင်တော့စီးရတဲ့ဖိနပ်နဲ့မတူညီတာကြောင့်ဆုမရရှိခဲ့ပါဘူး။စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရင်း အသုံးမကျတဲ့အရာရှိက ပေးလာတဲ့အမိန့်ကိုတော့လက်မခံပါဘူးလို့ ဆိုဝံ့သူ။ သူထူးချွန်တဲ့ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ရင်း ရွှေတံဆိပ်ဆုတွေဆွတ်ခူးပေးခဲ့သူ။ သူဟာ ရှေ့တန်းထွက်ဖို့ အခွင့်အရေးဆုံးရှုံးတဲ့အခါ ရဲရဲတင်းတင်းပဲ သူထူးချွန်တဲ့ အားကစားကိုစွန့်လွှတ်ခဲ့ပေမယ့် သူ့ရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ဒီလိုနဲ့ အိန္ဒိယစစ်တပ်ကနေအငြိမ်းစားယူပြီး မိသားစုနဲ့အေးအေးချမ်းချမ်းတောင်ယာလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူတို့ရွာမှာမြေယာအငြင်းပွားမှုကနေ ပိုင်ရာဆိုင်ရာလူတစ်စုက အားနည်းသူတွေကို တရားလက်လွတ် ခြေလွန်လက်လွန်လုပ်ဆောင်လာတဲ့အခါ... နိုင်ငံအတွက်ကျရာတာဝန်တွေကို ထမ်းဆောင်ပေးခဲ့ပေမယ့် ...
movie

Paan Singh Tomar (2012)

The Day of the Jackal (1973) 7.8
The Day of the Jackal (1973) The Day of the Jackal (1973)~ IMDb - 7.8/10, Rotten Tomatoes - 90% ~ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ ...
movie

The Day of the Jackal (1973)

1973
Heart’s Motive (2023) 6.2
Heart’s Motive (2023) Return of the Condor Heroes (2006)ဇာတ်လမ်းတွဲ နာမည်ကျော်ခဲ့တဲ့မင်းသား Huang Xiao Mingရဲ့ မမAngelababy နဲ့ကွာရှင်းပြီးမှထွက်တဲ့ Comeback Movie လေးပဲဖြစ်ပါတယ်။Huang Xiao Ming ကအရမ်းတော်တဲ့ရှေ့နေတစ်ယောက်ဖြစ်သရုပ်ဆောင်ထားတာပါ။ (၆)နှစ်ကြာမှဥပဒေလောကထဲကိုပြန်ရောက်လာတဲ့သူဟာ ပထမဆုံးပြန်ကိုင်ရတဲ့အမှုဟာ အနှိပ်ခန်းကအထူးဝန်ဆောင်မှုပေးတဲ့ အနှိပ်သည်မတစ်ယောက်ဟာ သူ့ရဲ့ဖောက်သည်ကိုရိုက်သတ်ခဲ့တဲ့အမှုဖြစ်တယ်။အားလုံးကအနှိပ်သည်ကတရားခံဆိုပြီး တရားသေအမှုအဖြစ် သတ်မှတ်ထားတဲ့အချိန်မှာ အမှုဟာမရိုးရှင်းဘူးလို့သူသုံးသတ်ခဲ့ပါတယ်။ ဒီလိုနဲ့သူရဲ့အမှုသည်ဟာအပြစ်မရှိကြောင်းပြနိုင်ဖို့ကြိုးစားရင်း အမှန်တရားတွေဟာ ချည်မျှင်စဆွဲထုတ်သလိုတဖြည်းဖြည်းပေါ်လာပါတော့တယ်။သူ့ရဲ့(၆)နှစ်ကြာမှာလုပ်ငန်းခွင်ပြန်ဝင်ရတဲ့အမှုဟာအောင်မြင်မလား အမှန်တရားရဲ့နောက်ကွယ်မှာဘာတွေရှိမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Heart’s Motive (2023)

Ratham (2023) 8.6
Ratham (2023) Raththam (2023) "ဂျာနယ်ကျော် ဦးကူးမား" IMDb-8.6/10သူတောင်းစားကားတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ ဦးဆောင်ပါဝင်လာတဲ့ ဇာတ်ကားသစ်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။မင်းသားကတော့ သူ့ထုံးစံအတိုင်း အထာကျကျနဲ့ သရုပ်‌ဆောင်ချက်တွေ ပီပြင်တဲ့အပြင် အနုအကြမ်းအစုံရတာမို့ ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်မပျက်စေရမှာပါ။ဇာတ်လမ်းအစမှာ သူတို့မင်းသားအကြောင်း မကောင်းရေးလို့ လူမိုက်တစ်ယောက်က သတင်းတိုက်ထဲဝင်ပြီး သတင်း‌ထောက်ကို ဓားနဲ့ထိုးသတ်သွားပါတယ်။ ဒီလိုလိုကိစ္စတွေက သတင်းထောက်လောကမှာ ပါမွှားလေးပါ။သတင်းယူရတာ အန္တရာယ်ကြီးတဲ့အပြင် သတင်းရေးရတာလဲ အတိုက်အခိုက်ပေါင်းစုံ၊ အစိုးရ၊ လူမိုက်ဂိုဏ်း၊ ပြည်သူစတဲ့ ဘက်ပေါင်းစုံက ဖိအားများစွာနဲ့ပါ။အဲ့သတင်းတိုက်မှာ အယ်ဒီတာချုပ်အဖြစ် single father ကူးမားတစ်ဖြစ်လဲ ဗီဂျေးရဲ့သရုပ်ဆောင်ချက်အလန်းတွေနဲ့အတူ စတုတ္ထမဏ္ဍိုင်အကြောင်းကို အချစ်အလွမ်းအကြမ်း ရသစုံစွာတင်ဆက်ပေးထားတာမို့ ပရိသတ်ကြီးကြည့်ရှုခံစားနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.16GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by ...
movie

Ratham (2023)

2023
Tales From The Occult: Body and Soul ( 2023 ) 5.9
Tales From The Occult: Body and Soul ( 2023 ) Tales from the Occult : Body and Soulမှာ အပိုင်းသုံးပိုင်းခွဲထားပြီးတော့ သည်းထိတ်ရင်ဖိုဖြစ်ရတဲ့ ရုပ်ရှင်အမျိုးအစားပါ ဇာတ်လမ်းအစပိုင်းမှာတော့ မိန်းကလေးမော်ဒယ်တစ်ယောက်က ကုမ္ပဏီသူဌေးရဲ့ ထိပါးစော်ကားမှုကိုခံခဲ့ရပြီး မထင်မှတ်ပဲ ဆိုက်ကိုလူသတ်သမားလုပ်တဲ့ ဆံပင်ညှပ်ဆိုင်ထဲကိုဝင်ရောက်မိပြီး အသတ်ခံရခဲ့တယ်ဒုတိယအပိုင်းမှာတော့ နိုရာရဲ့ကြောင်ပေါပေါကိုသတ်ခဲ့တဲ့တရားခံကို တဖြည်းဖြည်းဖော်ထုတ်ပြီး နိုရာကိုယ်တိုင်ပြန်ပေးဆွဲခံခဲ့ရတဲ့ ထိတ်လန့်စရာမြို့ပြဒဏ္ဌာရီတစ်ခုပဲဖြစ်ပါတယ်တတိယအပိုင်းဖြစ်တဲ့သွားဆေးခန်းအမှုမှာတော့ လူတိုင်းသွားဆေးခန်းမှာ ကြုံတွေ့ရနိုင်တဲ့ ကြောက်လန့်စရာဖြစ်ရပ်တွေကို ရိုက်ကူးဖော်ပြထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းသုံးမျိုးမှာ ဘယ်လိုအမှုတွေဖြစ်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြတာပေါ့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Crime  Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie

Tales From The Occult: Body and Soul ( 2023 )

Jigarthanda (2014) 8.2
Jigarthanda (2014) Jigarthanda (2014) "ဘိုင်စကုတ်ဂန်းစတား" IMDb-8.2/10မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား "Jigarthanda double X 2023" မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာ‌‌တွေ့သွားတယ်။ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB  / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Saii~Yunni
movie

Jigarthanda (2014)

2014
My Lucky Stars (1985) 6.3
My Lucky Stars (1985)   ဒီတစ်ကားမှာတော့ မာဆယ် (ဂျက်ကီချန်း) နှင့် ရစ်ကီတို့ဟာ ရဲဌာနက သိမ်းဆည်းရမိတဲ့လက်ဝတ်ရတနာတွေကို ခိုးထုတ်ပြီးတော့ သစ္စာဖောက်ပြီး ဂျပန်ကိုရှောင်ပြေးသွားတဲ့ စုံထောက်တစ်ယောက်ကို ဂျပန်ထိ လိုက်ဖမ်းရပါတော့တယ်။ ဒါပေမဲ့ ဒီသစ္စာဖောက်စုံထောက်ဟာ ဂျပန်က စာခြောက်ရုပ်ဂိုဏ်းကို ဝင်ရောက်ခိုလှုံသွားတဲ့အတွက် သူတို့နှစ်ယောက်သား ဒီဂိုဏ်းနဲ့ ပတ်သက်ရပြီး ရစ်ကီတစ်ယောက်အဖမ်းခံရတဲ့အတွက် မာဆယ် (ဂျက်ကီချန်း) တစ်ယောက် ဟောင်ကောင်အထူးရဲတပ်ဖွဲ့ကို တပ်ကူတောင်းရပါတော့တယ်။မာဆယ်က ရဲမှန်းမသိသာဘဲ စိတ်ချယုံကြည်ရမယ့် သူ့ဘော်ဒါဖြစ်တဲ့ တုတ်ကြီးကို လွှတ်ပေးဖို့ အကူအညီတောင်းပါတယ်။ ဒီအချိန်မှာ တုတ်ကြီးက မာဆယ်သတင်းပေးလို့ ထောင်ကျနေတာဖြစ်လို့ မာဆယ်က တုတ်ကြီးကို တစ်ဖက်လှည့်နဲ့ ပြန်လွှတ်စေချင်တာပါ။ ဒီလိုနဲ့ တုတ်ကြီးကို လွှတ်ငြိမ်းခွင့်ပေးပြီး ဂျပန်သွားခိုင်းပါတော့တယ်။ ဒါနဲ့ တုတ်ကြီးကလည်း သူ့ဘော်ဒါရင်းတွေဖြစ်တဲ့ ပြောင်ကြီး၊ ဆန်ဒီ၊ ဂင်ရှင်း၊ ရာဝစ်တို့ကိုပါ ခေါ်သွားချင်တဲ့အတွက် ကြီးကြပ်ရေးမှူးလည်း ခွင့်ပြုလိုက်ပေမယ့် သူ့လက်ထောက်ကောင်မလေးပါထည့်လိုက်ပြီး တစ်ပြုံတမကြီး ဂျပန်လစ်ပါတော့တယ်။ ဒီအချိန်မှာ တုတ်ကြီးတို့အဖွဲ့ ...
movie

My Lucky Stars (1985)

First Sunday (2008)
First Sunday (2008) Rapper‌ လောကအပြင် ဟာသဇာတ်ကားတွေမှာ နာမည်ကြီးတဲ့ Ice Cubeရဲ့ နောက်ထပ် ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒူရွဲနဲ့ လီဂျွန်ဆိုက တကယ့်ဖွတ်ကျားနှစ်ကောင်။ အလုပ်မယ်မယ်ရရမရှိ ထောင်နဲ့တရားရုံးခဏခဏရောက် တရားသူကြီးကတောင်ဩချရတဲ့ ဘ၀မှာဘာရည်ရွယ်ချက်မှမရှိကြတဲ့ သူငယ်ချင်းတွေ။ ခပ်တုံးတုံး လီဂျွန်မွှေလာတဲ့ပြဿနာတခုကြောင့်ရော ဒူရွဲရဲ့သားဖြစ်သူကြောင့်ရော ငွေအပူတပြင်းလိုအပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက် ဒီတခေါက် ရွှေဉာဏ်တော်စူးရောက်လိုက်ကြတာကတော့ အနီးအနားက ဘုရားကျောင်းတခုရဲ့ ရန်ပုံငွေတွေကို ဓားပြတိုက်ဖို့ပါပဲ။ ဒါပေမယ့် သူတို့အစီအစဉ် စစပြီးချင်း စတက်တဲ့ ပြဿနာကတော့ သူတို့ထက် အရင်ဦးပြီး ပိုက်ဆံကို တယောက်ယောက်ကခိုးသွားတာပါ။ ဒူရွဲတို့ထက် ဘယ်သူကအရင်ခိုးသွားတာလဲ။ အဲ့သည်ငွေတွေကရော အခုဘယ်မှာလဲ။ ဘုရားကျောင်းက အဖွဲ့၀င်တွေရဲ့လက်ချက်လား။ အဆုံးမှာ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ မဟာအစီအစဉ်ကြီး ဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာကို ရယ်မောရင်းကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File size…  1.83 GB /  871 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre .....  Crime , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

First Sunday (2008)

2008
Are You Ok Baby? (2023) 8.8
Are You Ok Baby? (2023) Are You Ok Baby? (2023) မေမေ့ကလေးငယ်ယခုတစ်ခေါက်မှာတော့ IMDb Rating 9/10 ရရှိထားတဲ့ မိသားစုဒရမ်မာဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေအမျိုးမျိုးရှိတဲ့ကြားက မိခင်တစ်ယောက်က သူ့ကလေးအပေါ်မှာထားရှိတဲ့မေတ္တာတရားကတော့ ကြားဝင်နှောင့်ယှက်လို့မရတဲ့အရာတစ်ခုပါ။ ဒီလိုမျိုးပဲ ယနေ့ခေတ်မှာဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်ပေါက်လာပြီး လူထုကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖန်တီးစေပြီး ဆက်ဆံရေးတွေကြား ပြဿနာတွေကြား ကြားဝင်နှောင့်ယှက်တတ်တဲ့အရာတစ်ခုကတော့ ဆိုရှယ်မီဒီယာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ အချစ်ကို မှားယွင်းစွာနဲ့ ကိုးကွယ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်က ယောက်ျားကလည်းရှာမကျွေး၊ ကိုယ့်ကိုမှီခိုနေရတဲ့ အမေနဲ့ညီမလေးကလည်းရှိနေ‌တော့ မမွေးဖွားရသေးတဲ့ဗိုက်ထဲက အချစ်စုဘူးကို မွေးစားခိုင်းဖို့အတွက် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ကလေးအပေါ်မှာ မစွန့်လွှတ်နိုင်တဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာတရားလေးက ယှဉ်တွဲ‌လာတဲ့အခါ ....ကိစ္စတစ်ခုခုကိုဆို မကြီးကြီးအောင် ပုံကြီးချဲ့တတ်တဲ့ ဆိုရှယ်မီဒီယာသမားတွေကတော့ ‌ဒီလိုကိစ္စမျိုးတွေကို ပုံပြပြီး လူထု attention ရှာလို့ရအောင် ဒီကောင်မလေးဆီကို ချန်နယ်ပေါင်းစုံကနေ ဆက်သွယ်လာပါတယ်။ဒီလိုကနေ ဥပဒေကိစ္စတွေနဲ့ ရောထွေးလာပြီး ပြဿနာတွေက ပိုကြီးလာတဲ့အခါ မူလဦးတည်ချက်ဖြစ်တဲ့ ကလေးငယ်စောင့်ရှောက်ခွင့်ကိုရော ပြန်ရနိုင်ပါ့မလား ....မီဒီယာသမားတွေကရော ဘယ်လိုနည်းလမ်းပေါင်းစုံနဲ့ ဝင်မွှေကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင်ဒီဇာတ်လမ်းလေးကိုတော့ Dee~ ...
movie

Are You Ok Baby? (2023)

2023
Sound of the Police (2023) 5.6
Sound of the Police (2023) Sound of the Police (2023) ===================2020 တုန်းက အမေရိကန်ရဲတစ်ယောက်ရဲ့အကြမ်းဖက်ဖမ်းဆီးမှုကြောင့် အပြစ်မဲ့တဲ့ အမေရိကန်လူမည်းအမျိုးသား ဂျော့ဂ်ျဖလွိက်သေဆုံးမှုအကြောင်း ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြမယ်ထင်ပါတယ်။ အဲဒီတုန်းက "Black Lives Matter" လှုပ်ရှားမှုတွေ အတော်ကျယ်ပြန့်သွားခဲ့တာပါ။ အမေရိကန်ရဲတွေနဲ့ လူမည်းတွေကြားက ပဋိပက္ခဟာ အဲဒီအချိန်ကမှ စခဲ့တာမဟုတ်ပါဘူး။ ဖလွိက် မတိုင်ခင်က ဖလွိက်ပေါင်းများစွာရှိခဲ့သလို ဖလွိက်ကိစ္စအပြီးမှာလည်း ရပ်တန့် မသွားခဲ့ပါဘူး။ဒီရုပ်ရှင်ကတော့ ဒီမိုကရေစီထွန်းကားလှပါတယ်ဆိုတဲ့ အမေရိကမှာ လူဖြူ၊ လူမည်းတွေခွဲခြားဆက်ဆံမှုတွေ ခုထိရှိနေပြီး တရားဥပဒေစိုးမိုးရေးစနစ်ကပါ လူမည်းတွေကို ဖိနှိပ်ထားဆဲဆိုတာကို မီးမောင်းထိုးပြထားတဲ့ documentary ရုပ်ရှင်ပါ။ရုပ်ရှင်အစမှာ ၂၀၂၂ ခုနှစ်က ရဲအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ လူမည်း အမျိုးသားလူငယ် အမီရ်လော့ခ်ကို အစပြုပြီး လူမည်း‌တွေအပေါ် အမေရိကန်ရဲ တွေရဲ့ ခေတ်အဆက်ဆက်အကြမ်းဖက်မှုတွေ၊အသားအရောင်ခွဲခြားဘက်လိုက် မှုတွေ၊ ကလေးချင်းအတူတူ ကလေးလိုအမြင်မခံရဘဲ အကြမ်းဖက်ခံရတဲ့ လူမည်း ကလေးငယ်တွေအကြောင်း အကိုးအကား ဗီဒီယိုမှတ်တမ်းတွေနဲ့ တင်ဆက်ထား ပါတယ်။လူဖြူလူမည်းခွဲခြားမှု ဘယ်ကစသလဲပြောရရင် သမိုင်းကြောင်းအတော်ရှည်ပါ တယ်။ အမေရိကန်မှာ လူမည်း‌တွေကို ကျွန်ပြုထားတဲ့ ကျွန်စနစ်ထွန်းကားချိန် နှစ်ပေါင်းရာချီသမိုင်းကြောင်း ပြန်လှန်ရမှာပါ။ အမေရိကန်ပြည်တွင်းစစ်ဖြစ်စေ ခဲ့တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ Gone with ...
movie

Sound of the Police (2023)

2023
Gangster’s Paradise: Jerusalema (2008) 7.3
Gangster’s Paradise: Jerusalema (2008)   ဒီ​ဇာတ်ကားက ၂၀၀၈ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ တောင်​အာဖရိက​ရုပ်ရှင်​ဖြစ်​ပါတယ်။ ဇာတ်လမ်း​အမျိုးအစားက​ မှုခင်းဒရာမာအမျိုးအစားဖြစ်ပြီး​ တောင်​အာဖရိက​နိုင်​ငံ​ ဂျို​ဟန်​နက်​စ​ဘတ်​မြို့​မှာအခြေပြုထားပါတယ်။ ဒီရုပ်ရှင်​ကို​ ဘာလင်​ရုပ်ရှင်​ပွဲတော်မှာ စတင်​ပြသခဲ့ပြီး ဝေဖန်​သူတွေနဲ့ပရိသတ်တွေ အကြိုက်​တွေ့ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ လပ်ကီးကူနီးနီက ဆိုဝီတိုမြို့လေးမှာနေထိုင်တဲ့ ဆင်းရဲ​သား​တစ်ဦး​ဖြစ်ပါတယ်။ တက္ကသိုလ်​တက်​ဖို့ကျောင်းစရိတ်မရှိတာကြောင့်​ သူငယ်ချင်း​ဖြစ်​သူ​ ဇိတ်​ နဲ့အတူ ဒုစရိုက်​နယ်​ပယ်ထဲကိုခြေချမိရာကနေ နယ်ကျွံ​ပြီး​ ရာ​ဇဝတ်သားလုံးလုံးဖြစ်သွားပါတယ်။ ရဲလက်ကနေတိမ်းရှောင်ရင်း ဂျို​ဟန်​နက်စဘတ်မြို့ကိုရောက်ရှိခဲ့ပြီး မြို့​မှာရှင်သန်ဖို့ရုန်းကန်ရင်းနဲ့ နာမည်​ကျော်​ဂိုဏ်း​ခေါင်း​ဆောင်တစ်ဦး ဖြစ်​လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်း​အစမှာ လပ်ကီး​ကူနီးနီ​က​ ပစ်ခတ်​မှုတစ်ခုမှာ​ ဒဏ်ရာရ​ပြီးလဲနေချိန်​ ရဲတွေ​ဖမ်းဆီး​သွားတဲ့အခန်းက​ အစပြု​ထားပါတယ်။ အဲဒီ​နောက်​မှာ​ သတင်း​ထောက်​ထံမှာ သူ့ဘဝဇာတ်ကြောင်းကိုပြန်ပြောပြတဲ့ပုံစံမျိုး​ တင်ဆက်​ထားတာ ဖြစ်ပါတယ်။ ငယ်စဥ်က ပညာ​ထူးချွန်​ပေမဲ့​ ဆင်းရဲ​မွဲတေမှုကြောင့် ဒုစရိုက်​လောကထဲရောက်ခဲ့တဲ့ လပ်ကီး​တစ်ယောက်​ အဆုံးသတ်​မှာ​ ရဲလက်ကလွတ်မြောက်နိုင်ပါ့မလားဆိုတာကို​ ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်း​က​ တောင်​အာဖရိက​မှာ​ Apartheid စနစ်ပြိုလဲပြီး နယ်လ်ဆင်မင်ဒဲလားတို့ အာဏာရလာတဲ့​ ၁၉၉၄ နှောင်း​ပိုင်းမှာအခြေတည်ထားတာဖြစ်ပြီး လူဖြူ၊လူမည်း​ ပဋိပက္ခ​တွေ၊ လူမျိုး​ရေးခွဲခြားမှုတွေ၊ လက်နက်​ကိုင်​အရေးအခင်းတွေနဲ့အတူ တောင်​အာဖရိက​မြို့ကြီးတွေမှာ​ ဆင်းရဲ​ချမ်းသာကွာဟမှု၊ မူးယစ်​ဆေးနဲ့ ...
movie

Gangster’s Paradise: Jerusalema (2008)