Channel Myanmar

Daniel Stamm

Prey for the Devil (2022) 5.2
Prey for the Devil (2022) ဒီကားကတော့ The Exorcist လိုပဲ နတ်ဆိုးနှင်တဲ့ ရုပ်ရှင်မျိုးပါ။ Conjuring လိုမျိုး အလွတ်တန်းမဟုတ်ဘဲ ကတ်သလစ်ဘုရားကျောင်းရဲ့ အဖွဲ့အစည်းစနစ်နဲ့ လုပ်ဆောင်ပုံတွေကို တွေ့ရမှာပါ။ကတ်သလစ်ဘုရားကျောင်းဟာ မိစ္ဆာနှင်သင်တန်းတွေ ပေးနေပြီး အမျိုးသားဘုန်းတော်ကြီးတွေပဲ တက်ရောက်ခွင့်ရှိတဲ့နေရာပါ။ ဒါပေမဲ့ စစ္စတာအန်းဟာ မိစ္ဆာနှင်တဲ့ဘာသာရပ်ကိုအထူးစိတ်ဝင်စားပြီးတော့ ပထမဆုံးအမျိုးသမီးအဖြစ် လုပ်ခွင့်ရရေး ကြိုးပမ်းနေတဲ့သူပါ။သူ့မှာ သမားရိုးကျမဟုတ်တဲ့ မိစ္ဆာနှင်နည်းစိတ်ကူးတွေရှိပြီး အဓိကအားဖြင့် မိစ္ဆာထက် ပူးကပ်ခံရသူကို နားလည်အောင်လုပ်ဖို့ မြင်အေင်ကြည့်ဖို့ အားသန်သူဖြစ်ပါတယ်။ ရှေးရိုး မိစ္ဆာနှင်နည်းတွေနဲ့ ယုံကြည်ရာအတိုင်းလုပ်မယ့် စစ္စတာအန်းတို့ကြားမှာ အငြင်းအခုန်တွေဖြစ်နေရင်းနဲ့ သာမန်နည်းတွေနဲ့ ဘယ်လိုမှ နှင်လို့မရတဲ့ နတ်ဆိုးပူးကပ်မှုတွေကို ကြုံလာရတဲ့အခါ ဘယ်လိုဆက်ပြီးရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်စားစရာပြသထားပါတယ်... File size…1GB / 459MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson
movie

Prey for the Devil (2022)

2022
13 Sins (2014) 6.3
13 Sins (2014) 13 Sins (2014) IMDb - 6.3/10_____Rotten - 65%  အဆင့် ၁၃ ခုပါတဲ့ ရက်ရက်စက်စက် ကစားပွဲတစ်ခု .. တစ်ဆင့်နိုင်တိုင်း ငွေတွေ အများကြီးပေးတယ် ။ ၁၃ ဆင့်လုံးနိုင်ရင်တော့ သန်းကြွယ်သူဌေး ဖြစ်ပြီပဲ ။ ခိုင်းသူက ဖုန်းနဲ့ ကြံကြံဖန်ဖန် ခိုင်းတယ် ၊ လုပ်ရသူက ခက်ခက်ခဲခဲ အရူးတစ်ယောက်လို လုပ်ရတယ် ။ အဲလစ် ဘရန်ဒယ် ... အလုပ်ကပြုတ် ၊ ညီဖြစ်သူက ဉာဏ်ရည်မမှီ ၊ မိန်းမက တစ်ဘက်နဲ့ ငွေကြေးမပြေလည်ဘူး ။ ဘရန်ဒယ်က ငွေလိုတော့ ကစားပွဲကို ဝင်ကစားမိတယ် ။ ကစားပွဲကြောင့် တစ်ဆင့်အောင်တိုင်း ပြစ်မှုအကြီးစား ကျုးလွန်မိတာအကြိမ်ကြိမ် ။ ဘရန်ဒယ် ၁၃ ဆင့်လုံး အောင်ပါ့မလား ။ သူနဲ့ အတူ ဘယ်သူတွေ ကစားနေမလဲ ။  (ဘာသာပြန်သူကတော့ ကိုဝေလင်းကျော်ပါ)   File Size : (700 MB)  Quality ...
movie

13 Sins (2014)

2014