Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Wnendt
7.6
Sun and Concrete (2023)
Sun and Concrete (2023)~ IMDb rating - 7.6/10 ~"Sun and Concrete" ဆိုတဲ့စကားလုံးကို မြင်လိုက်ရင် တော်တော်များများက နေ နဲ့ ဘိလပ်မြေဆိုပြီးတော့ ထင်ကြမှာအမှန်ပါပဲ။ ဒါပေမဲ့ ဒီကားမှာတော့ ဂျာမနီနိုင်ငံက "နေရောင်အောက်က မြို့ပျက်လေး" တစ်မြို့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ဒီဇာတ်ကားဟာ ဆန်ခါတင်စာရင်း ၅ ခုထဲပါခဲ့တဲ့အပြင် မျက်နှာသစ်သရုပ်ဆောင်ဆုကိုပါရရှိထားပါတယ်။ ဒါ့အပြင် IMDb မှာ 7.6/10 နဲ့ 2023 မှာ ဂျာမန်ရဲ့ တတိယအကောင်းဆုံးဇာတ်ကားအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။ဒီဇာတ်ကားကိုတော့ ဆယ်ကျော်သက်သူငယ်ချင်းလေးယောက်ဖြစ်ကြတဲ့ လူးကတ်စ်၊ ဂျူးလိယက်စ်၊ ဂျီနိုနဲ့ ဆန်ချက်ဇ်တို့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ အကျဉ်းကိုပြောရမယ်ဆိုရင် လူးကတ်စ်တို့လေးယောက်ဟာ ဘာလင်မြို့ရဲ့ နူကိုလင်ရပ်ကွက်မှာ နေထိုင်ကြတာပေါ့။ သူတို့လေးယောက်ဟာ နေ့တိုင်း တုတ်၊ ဓား၊ ရန်ပွဲ နဲ့ မူးယစ်ဆေးတွေကြားမှာ ဘဝကြီးကိုရုန်းကန်နေရသူတွေပါ။ ဒါပေမဲ့ ...
movie
Sun and Concrete (2023)
2023
5.8
Wetlands(2013)
ဒီဇာတ်လမ်းထဲမှာတော့ ထူးခြားတဲ့ ၁၈နှစ်အရွယ် ဟယ်လင်ဆိုတဲ့ ကောင်မလေးက သူ့ဇာတ်ကြောင်းလေးကို ပြန်ပြောပြပေးနေတာပါ။ ငယ်ငယ်လေးတည်းက မိဘအုပ်ထိန်းမှုတွေထူးဆန်းတာရယ်၊ မိဘတွေ အဆင်မပြေဖြစ်တာတွေ ရန်ဖြစ်တာတွေ နောက်ဆုံးကွာရှင်းတာအထိ ကြုံတွေ့ဖူးထားတာရယ်နဲ့အခု ဟယ်လင်တစ်ယောက်ဟာ တကယ်ကို ထူးထူးခြားခြားနေထိုင်နေသူဖြစ်ပါတယ် (မိုက်မိုက်ရူးရူးနေတယ်လို့ပြောရင်ပိုမှန်မလား)။ သူ့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ်မှာ မသန့်ရှင်းတဲ့အရာတွေနဲ့ စမ်းသပ်မှုတွေလုပ်နေပြီး ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်သည့်အလျောက် သူ့ရဲ့လိင်ပိုင်းဆိုင်ရာအပေါ်မှာလည်းပုံမှန်လူတွေနဲ့မတူတဲ့ သဘောထားတွေ ရှိတဲ့သူပါ။ သူ့မှာ လိပ်ခေါင်းရောဂါလည်းရှိပြီး တစ်နေ့တော့ အမွေးရိတ်တာကနေ anal fissureလို့ခေါ်တဲ့ စအိုကအရေးပြားမှာ ပေါက်သွားပြီး ဆေးရုံရောက်သွားတယ်။ဆေးရုံမှာ သူ့မိဘတွေအတူ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးစားတာတွေ၊သူ့ရဲ့ သူနာပြုကောင်လေး ရော်ဘင်ကို ချစ်မိသွားတာလေးတွေကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းဟာ 2008 ခုနှစ်တုန်းက ဂျာမနီမှာ ထုတ်ဝေခဲ့တဲ့စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို“စာအုပ်တစ်အုပ်အနေနဲ့ဖတ်ဖို့ရော ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ရောကြည့်ရှုဖို့က မသင့်တော်ပါဘူး၊ ဝမ်းနည်းဖွယ်ရာလူ့အဖွဲ့အစည်းရဲ့ရောင်ပြန်သက်သက်ပြသခြင်းဖြစ်ပါတယ်”တဲ့။ ညစ်ညမ်းမှုတွေလိင်အသားပေးမှုတွေနဲ့ မိဘတွေကို ပြန်လည်ပေါင်းစည်းပေးချင်တဲ့ဆယ်ကျော်သက်လေးအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ပုံမှန်လူ့အဖွဲ့အစည်းမှာ တွေ့ရခဲတဲ့ ဆယ်ကျော်သက်လေးအကြောင်းကို“အို ဘယ်လိုကြီးလဲ …. Omg“ ဒါမျိုးတပြီး ကြည့်ရမယ့် ...
movie
Wetlands(2013)
6.0
The Sunlit Night(2019)
The Sunlit Night(2019)မိသားစုတစ်စုထဲမှာ လမ်းခွဲခြင်း၊ ကွာရှင်းခြင်း၊ လက်ထပ်ခြင်း သုံးမျိုးစလုံး တပြိုင်နက်ဖြစ်သွားတဲ့အချိန်မှာစိတ်ထွက်ပေါက်က ဘယ်ဟာဖြစ်လာမယ်ထင်မိပါသလဲ။ဝါသနာနဲ့ အသက်မွေးမှုအလုပ် ထပ်တူမကျခဲ့တဲ့ လူတစ်ယောက်ကရော ပျော်ရွှင်နိုင်ပါ့မလား။အဲဒီလို အိမ်တွင်းရေးပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့တိုင်ပတ်နေတဲ့ နယူးယောက်ကပန်းချီဝါသနာရှင်မလေး Frances၊ တရက်မှာတော့ အိမ်နဲ့ဝေးတဲ့နေရာဖြစ်ရင် ပြီးရောဆိုပြီး အာတိတ်ဒေသက အလုပ်တစ်ခုကို လက်ခံလိုက်ပါတယ်။ အဲဒီလို ကမ္ဘာ့အစွန်းဖျားဒေသတစ်ခုမှာ နောက်ထပ် အထီးကျန်သူတစ်ယောက်နဲ့ ဖူးစာဆုံရလိမ့်မယ်ဆိုတာ ဘယ်သူများကြိုသိခဲ့မှာလဲ။ဆုံးရှုံးခြင်းပန်းချီကားထဲက သူတို့ရဲ့ဘဝတွေက လိုက်လို့ပြေးနေတာလား ပြေးလို့လိုက်နေတာလား။...အစရှိတဲ့ အချိုးအကွေ့တွေနဲ့ ဘဝပန်းချီကားသစ်တစ်ချပ်ကို ဘယ်လိုတွေ ခြယ်မှုန်းကျမလဲဆိုတာချစ်ရာကောင်းအောင် ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ဆက်လက်ရှူစားကြည့်ကြပါဦး..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thit Htoo Zaw ပဲဖြစ်ပါတယ်...File Size : (800 MB) and (304 MB) Quality : WEB-DL 720p Format…mp4 Duration…01:46:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
The Sunlit Night(2019)
7.1
Look Who’s Back
2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ IMDB 7.2 ရထားတဲ့ဂျာမန် သရော်ဟာသ အမျိုးအစား ရုပ်ရှင်ကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ဒီရုပ်ရှင်ဟာ ၂၀၁၂ တုန်းက ဂျာမနီမှာ အုပ်ရေသန်းချီ ရောင်းချခဲ့ရပြီး နိုင်ငံပေါင်းများစွာက ဘာသာပြန်ဆိုခဲ့တဲ့ စာအုပ်တစ်အုပ်ကိုအခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရော စာအုပ်ဟာ နှစ်သက်သူ မနှစ်သက်သူများနဲ့ ဝေဖန်သံများ ဆူညံနေခဲ့တာပါ။ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးမှာ လူသိ်အများဆုံး လူတွေထဲက တစ်ယောက်အကြောင်းဖြစ်နေလို့ပါ။လက်ရှိခေတ်မှာ ဟစ်တလာ ပြန်ရှင်လာခဲ့တဲ့ အကြောင်းပါပဲ။ ဒီရုပ်ရှင်ထဲမှာ ၂၀၁၄ ခုနှစ် ဘာလင်မြို့မှာ ဟစ်တလာ ပြန်ရှင်လာခဲ့ပါပြီ။ဟစ်တလာရဲ့ ခေတ်သစ်ကမ္ဘာအပေါ် အမြင် နဲ့ သူ့ရဲ့ အံမဝင်မှုတွေကို ပြသထားတာပါ။ တီဗီအပေါ်အမြင် ကွန်ပြူတာနဲ့ အင်တာနင်အပေါ်အမြင် စသည်ဖြင့်ပေါ့။ဒါပေမယ့် ဟစ်တလာတစ်ယောက် အခြေအနေ အရပ်ရပ်ကို သုံးသပ်မိလာချိန်မှာတော့ သူရဲ့ မူလရည်မှန်းချက်တွေကို ပြန်ဖော်ဆောင်ဖို့ ဂျာမနီနိုင်ငံသားတွေကို တီဗီ ဖေ့ဘု ...
movie
Look Who’s Back
2015