Channel Myanmar

Walter Hill

Trespass (1992) 6.3
Trespass (1992)  ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးရှိတဲ့ကြည့်ပျော်ရှုပျော် Action ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။1992 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDB လည်း 6.3/10 ရထားပါတယ်။ ဇာတ်လမ်းအားဖြင့် ဒွန် နဲ့ ဗင့်(စ်)ဆိုတဲ့ မီးသတ်သမားနှစ်ယောက်ဟာမီးလောင်နေတဲ့ တိုက်ခန်းတစ်ခုကို ဝင်ကယ်ဆယ်ရေးလုပ်ရင်းသေခါနီးအဖိုးကြီးတစ်ယောက်ဆီကနေ ရတနာမြေပုံတစ်ခုရရှိခဲ့ပါတယ်။သေချာစုံစမ်းကြည့်တဲ့အခါ အဲ့ဒီအဖိုးကြီးဟာ လွန်ခဲ့တဲ့နှစ်(၅၀)ကဘုရားကျောင်းတစ်ခုကိုဓားပြတိုက်ခဲ့တဲ့သူဖြစ်ပြီး ဒေါ်လာသန်းချီတန်တဲ့ တိုက်ရာပါ ရွှေသားပစ္စည်းတွေကို ဖွက်ထားတဲ့သူဖြစ်နေပါတယ်။ဒါနဲ့ပဲ ဒွန် နဲ့ ဗင့်(စ်)တို့ဟာ အဖိုးကြီးရဲ့ မြေပုံမှာပါတဲ့ အဆောက်အဦးအဟောင်းကြီးဆီကို ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ ချီတက်ခဲ့ပါတော့တယ်။တစ်ဖက်မှာလည်း ဆေးရောင်းတဲ့ လူမဲဂိုဏ်းတစ်ဂိုဏ်းဟာ ဂိုဏ်းထဲကသစ္စာဖောက်တစ်ယောက်ကိုရှင်းဖို့အတွက် အဆိုပါ အဆောက်အဦးဟောင်းကြီးကိုပဲ ရွေးချယ်ထားပါသေးတယ်။ ဒီလိုနဲ့ ရွှေရှာဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တဲ့ ဒွန်နဲ့ ဗင့်(စ်)ဟာ မမျှော်လင့်ဘဲလူသတ်မှုတစ်ခုရဲ့မျက်မြင်သက်သေတွေ ဖြစ်လာပါတယ်။တစ်ဖက်ဂိုဏ်းကလည်း သူတို့လည်ပင်းကို ကြိုးကွင်းစွပ်နိုင်မယ့် ဒွန် နဲ့ ဗင့်(စ်)ကို အပျောက်ရှင်းဖို့ ကြိုးစား၊ဒွန် နဲ့ ဗင့်(စ်)ကလည်း အသက်ရှင်ဖို့ ရုန်းကန်နဲ့ဒီဇာတ်ကားဟာ မထင်မှတ်ထားတာတွေနဲ့ ကြွတက်လာပါတော့တယ်။လူနည်းနည်း၊သေနတ်တွေများများ၊အဆောက်အဦးဟောင်းကြီးတစ်ခုနဲ့ရွှေထည်ပစ္စည်းတွေပါတဲ့ ...
movie

Trespass (1992)

Dead for a Dollar (2022) 4.9
Dead for a Dollar (2022) Dead for a Dollar (2022)Christoph Waltz နဲ့ Willem Dafoe တို့လို Legend ကြီး ၂ယောက်ကို တွဲမြင်ရမယ့် Western ကားလေးပါ။ Western Thriller ကားမို့ Western ကား ကြိုက်တဲ့လူတွေ အကြိုက်တွေ့ကြမှာပါ။ 79 ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာလည်း ပြခဲ့ပါသေးတယ်။Waltz က အလိုရှိလူဆိုးတွေကို ဖမ်းပြီး သတ်ပြီး ဆုကြေးရယူနေတဲ့ ဆုကြေးစားပါ။ တစ်နေ့ကျ သူ့ကို သူဌေးတစ်ယောက်က အလုပ်တစ်ခုအပ်လာပါတယ်။ တပ်ပြေးတစ်ကောင်က သူ့မိန်းမကို ပြန်ပေးဆွဲပြီး ဟိုဘက်နယ်စပ်ခေါ်သွားပြီး ပြန်ပေးငွေတောင်းလာလို့ပါ။ ဒီလိုနဲ့ သူဌေးကောင်က Waltz ကို ငှားပြီး သူ့မိန်းမကို သွားပြန်ခေါ်ခိုင်းပါတယ်။ တပ်ပြေး ဘယ်မှာနေလဲသိတဲ့ တပ်ပြေးရဲ့ သူငယ်ချင်းကိုလည်း အဖော်ထည့်ပေးလိုက်ပါတယ်။ ဟိုရောက်တော့ တပ်ပြေးက ဟိုက တစ်မြို့လုံးကို ပိုင်တဲ့ လူဆိုးတွေနဲ့ ...
movie

Dead for a Dollar (2022)

2022
Red Heat (1988) 6.1
Red Heat (1988) Red Heat (1988)အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆို‌တော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။အခုတင်ဆက်မယ့်ကားက‌တော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ဇာတ်လမ်းအကျဉ်း‌ကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ...
movie

Red Heat (1988)

1988
The Assignment (2016) 4.5
The Assignment (2016) ဒီကားလေးကိုစကြည့်ဖြစ်တာကဇာတ်လိုက်မင်းသမီးကို ကြိုက်လို့ပေါ့ဗျာ... အားလုံးသိကြတဲ့အတိုင်း Fast & Furious က လက်တီ ဆိုတဲ့ ခပ်ကြမ်းကြမ်းကောင်မလေးအဓိကပါဝင်ထားတဲ့ဇာတ်ကြမ်းကားပါ... ဒီလိုနဲ့စကြည့်ဖြစ်ခဲ့တယ်ဆိုပါတော့ဗျာ.... ကြည့်နေရင်းနဲ့  မင်းသမီးရဲ့ဇာတ်ကောင်အနေထားကိုကြိုက်သွားတယ်ဗျ.... ဘာလို့လဲဆိုတော့ ဒီကားမှာ သူမဟာအရင်ကားတွေနဲ့လုံးဝကွဲထွက်ပြီး  ယောကျာင်္းလေးကြေးစားလူသတ်သမား တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားရလို့ဖြစ်ပါတယ်.... သူမရဲ့ ခပ်ကြမ်းကြမ်းပင်ကိုယ်ပုံစံနဲ့ဆိုရင်တော့တကယ့်ကို ကွက်တိဖြစ်မယ့် ဇာတ်ကောင်သရုပ်ပေါ့ဗျာ... ဒီလို ခပ်ကြမ်းကြမ်းကြေးစားယောကျာင်္းသားတစ်ယောက်ကို  ဆေးသိပ္ပံဆရာဝန်တစ်ယောက်က ကလဲ့စားချေတဲ့အနေနဲ့ မိန်းမတစ်ယောက်ဘ၀ကို လုံးဝပြောင်းလဲခွဲစိတ်ပေးလိုက်ပါတယ်..... အဲဒီမှာ သူ့ကိုဒီလိုဘ၀မျိုးဖြစ်အောင်လုပ်လိုက်တဲ့ ဆရာဝန်ကိုသတ်ဖို့အတွက် ဆရာဝန်ရဲ့နီးစပ်ရာလူတွေကို တစ်ယောက်ချင်းစီလိုက်သတ်ပြီး ရှာတာကနေစတော့တာပါပဲ.... အဲလိုမျိုးကောင်မလေးတစ်ယောက်ကယောကျာင်္းတစ်ယောက်လိုကြမ်းကြမ်းတမ်းဘယ်လိုတွေ သတ်ဖြတ်မလဲ....ဘယ်လိုကလဲစားချေမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရမှာပဲဖြစ်ပါတယ်.... ဒီကားမှာ မိသားစုနဲ့ကြည့်လို့အဆင်မပြေတဲ့အခန်းတချို့ပါတယ်ဆိုတာ ထပ်ပြီးတော့လည်းပြောပြပါရစေ....Quality…..BluRay 720p Duration…..01:35:00 Format…Mp4 File Size…(748 MB , 318  MB) Translator…..Soe Kyaw Kyaw San Encoder…..Moe Myint LwinDownload with Yoteshin Link Download with Openload Download with Openload (Small Size)   
movie

The Assignment (2016)

Undisputed (2002) 6.2
Undisputed (2002)   ထောင်တွင်းသတ်ကွင်းတွေအစပြုခဲ့ရာဇာတ်ကားတစ်ကားပါ။ နာမည်ကြီးကမ္ဘာ့ဟဲဗီးဝိတ်ဘောက်ဆင်ချန်ပီယံ ဂျော့ဂ်ျအိုက်စ်မန်းချိန်ဘာတစ်ယောက် မုဒိန်းမှုနဲ့စွပ်စွဲခံလိုက်ရပြီး ကန္တာရထဲမှာဆောက်ထားနဲ့ ဆွိဝါတာအကျဉ်းထောင်ကိုပို့ဆောင်ခြင်းခံလိုက်ရပါတော့မယ်။ ဆွိဝါတာအကျဉ်းထောင်ထဲမှာ ချန်ပီယံတစ်ယောက်ရှိနှင့်ပြီးသားကို ချိန်ဘာတစ်ယောက်သိရှိသွားပြီးနောက်မှာတော့ ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်မအောင်းနိုင်ဘူးဆိုတဲ့စကားအတိုင်း ချန်ပီယံရာထူးကိုလုကြပါတော့တယ် အဆုံးသတ်မှာ ဘယ်သူက တကယ့်ချန်ပီယံဖြစ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပါ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Ye Man Aung ပဲဖြစ်ပါတယ်)File Size : 752 MB Quality : Bluray 720P Running Time : 1hr 34minutes Format : Mp4 Genre : Action, Crime, Drama Translator : Ye Man Aung Encoder :Thanhtike Zaw 
movie

Undisputed (2002)

2002