Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Douglas Booth
7.8
Loving Vincent (2017)
[Unicode]သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်...။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်..ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ...ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်....။ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။" လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်" ဆိုတဲ့ ပန်းချီဆရာ...ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ...
movie
Loving Vincent (2017)
2017
7.0
The Dirt (2019)
Bohemian Rhapsody တို့လို Rock Star တို့လို Lords of Chaos တို့လိုRock ဂီတဆိုင်ရာ ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက်၂၀၁၉ ခုနှစ်ထဲထွက်ရှိထားတဲ့ the Dirt ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် …IMDb – 7/10 တောင်ရရှိထားတဲ့ ဇာတ်ကားလေးပါThe Dirt ဇာတ်ကားဟာ ၁၉၈၀ ပတ်ဝန်းကျင်မှာ စတင်ကျော်ကြားခဲ့တဲ့အမေရိကန် ဟဲဗီးမက်တယ် ဂီတတီးဝိုင်းတစ်ခုဖြစ်တဲ့ Motley Crue တီးဝိုင်းရဲ့ဟောလိဝုဒ်လမ်းမတွေထက်ကနေ နိုင်ငံတကာ စင်မြင့်တွေထက်ကို ရောက်ရှိလာပုံတွေကိုဝိုင်းတော်သားတွေက ကိုယ့်အကြောင်း ကိုယ်ပြောပြနေတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါ …Motley Crue တီးဝိုင်းဟာ မြန်မာ Rock ပရိသတ်တွေနဲ့လည်း မစိမ်းပါဘူး …မျိုးကြီးရဲ့ ကျောက်စာများ…ဇော်ဝင်းထွဋ်ရဲ့ သွေးတိတ်တေး စတဲ့ ...
movie
The Dirt (2019)
2019
6.3
Mary Shelley (2017)
CM ပရိတ်သတ်တွေအတွက် မင်းသမီးချောလေး Elle Fanning အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ "Mary Shelly" ဆိုတဲ့ ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်...Elle Fanning ကတော့ "Maleficent" ဇာတ်လမ်းမှာ Angelina Jolie နဲ့အတူ Aurora မင်းသမီးလေးနေရာက သရုပ်ဆောင်ခဲ့သူပါ...အညွှန်းလေးကို ဖတ်ကြည့်ပါဦး...အညွှန်း- Mary Shelly ဆိုတဲ့ နာမည်ကိုတော့ ရင်းနှီးတဲ့လူတွေ နည်းကြမှာပါ...ဒါပေမဲ့ Frankenstein ဆိုရင်တော့ သည်းထိတ်ရင်ဖို ဇာတ်လမ်းကြိုက်သူတိုင်း ရင်းနှီးကြမှာပါ...Frankenstein ဆိုတာကတော့ လူကောင်ကြီးကြီး ချုပ်ရိုးတွေနဲ့ရုပ်ဆိုးဆိုး သတ္တဝါကြီးဖြစ်ပါတယ်...Victor Frankenstein ဆိုတဲ့ သိပ္ပံပညာရှင် တီထွင်ခဲ့တဲ့ သတ္တဝါကြီးပါ...ဒီ Frankenstein ဝတ္တုကို Mary Shelly ဆိုတဲ့ စာရေးဆရာမ ရေးသားခဲ့တာဖြစ်ပါတယ်...ဒီဇာတ်လမ်းဖြစ်လာပုံကလဲ Mary ရဲ့ ကိုယ်တွေ့ဘဝကို အခြေခံထားတာပါ...Victor Frankenstein တီထွင်ခဲ့တဲ့ သတ္တဝါကြီးက လူတွေရဲ့ အပယ်ခံ အစွန့်ပစ်ခံ ...
movie
Mary Shelley (2017)
2017
6.4
The Limehouse Golem (2016)
လန်ဒန်မြို့ Limehouseအရပ်မှာ ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်လာတယ်။သူက သူသတ်ထားသူတွေရဲ့သွေးနဲ့ နံရံတွေပေါ်မှာ စာရေးထားခဲ့တယ်။သူကို လန်ဒန်သူတွေ ခေါ်ကြတာကတော့ ဂိုလန်တဲ့ ဟိုရှေးတုန်းက မကောင်းဆိုးဝါးတစ်ကောင်ပေါ့။စကော့တလန်ရုံးတော်ရဲ့ အရာရှိ Kildareက ဒီအမှုကို လက်လွှဲယူခဲ့ရတယ်။ (အမှန်တော့ ဂျင်းထည့်ခံလိုက်ရတာ)Kildare ဒီအမှုကို လိုက်ရင်း စာကြည့်တိုက်ထဲက စာအုပ်တစ်အုပ်ကို ဖတ်မိလိုက်တော့ အဲ့စာအုပ်က လူသတ်သမား ဒိုင်ယာရီရေးထားတဲ့ စာအုပ်ဖြစ်နေတယ်။အဲ့စာအုပ်ထဲမှာ နောက်ဆုံးရေးထားတာက စက်တင်ဘာ၂၄ရက်တုန်းကပဲ။စာကြည့်တိုက်က စာအုပ်ဌားတာမဟုတ်ဘဲ စာဖတ်ရုံပဲဆိုတော့ ဒီစာအုပ်ကို ဘယ်သူကိုင်လဲ ဖတ်လဲဆိုတာ အစရှာမရတော့ စက်တင်ဘာ၂၄တုန်းက ဘယ်သူတွေရှိခဲ့တာလဲဆိုတော့ ယောက်ျားလေး၎ယောက် စာကြည့်တိုက်မှာ ရှိနေခဲ့တယ်။သူတို့ထဲက ဘယ်သူက ဂိုလန်လဲ???ဒါမှမဟုတ် ဂိုလန်က တစ်ခြားတစ်ယောက်လား??? Watch in The Limehouse Golem (ဘာသာပြန်သူကတော့ Neve Luna ပါ) File Size : (830 MB) and (290 MB) Quality : ...
movie
2016